စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, May 9, 2016

နွမ်းဖတ်သွားတဲ့ အညတရပန်းများ

စိတ်မကောင်းစရာတစ်ခု ဒီနေ့ကြုံရတယ်၊
ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကလဲ ဒီအဖြစ်မျိုး နဲ့ခပ်ဆင်ဆင် အသက်ပါဆုံးရှုံးရတဲ့ အဖြစ်မျိုး ဖြစ်ခဲ့တယ်။
ဒါနဲ့ပါတ်သက်လို့ အစားမတော်တလုပ် အသွားမတော် တစ်လှမ်းဆိုတဲ့
 မြန်မာစကားနဲ့ဘဲနှိုင်းရမလားမသိပါဘူး။
စကာင်္ပူဆောက်လုပ်ရေးလောကထဲက ဖြစ်နေခဲ့ ဖြစ်နေဆဲ
 ဖြစ်နေအုန်းမယ့် ရင်နာစရာ အဖြစ်တွေထဲက
အသက်နဲ့ ဘဝတွေ ရင်းသွားကြရတဲ့ အဖြစ် အပျက်နှစ်ခုပါ။

ဒီအဖြစ်အပျက်နှစ်ခု မှာ ယူရမယ့်သင်္ခန်းစာက
ဘဝတစ်ခုဟာအချိန်မရွေး မမျှော်လင့်ဘဲ အဆုံးသတ်နိုင်သလို
တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတစ်ခုမှာ
ဥပဒေရဲ့လက်တံဟာဘယ်အထိတာသွားနိုင်သလဲဆိုတာ
သတိပြုသင်ခန်းစာယူကြဖို့ပါ။

ပထမတစ်ခုက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပါ။
စကာင်္ပူ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကြတဲ့အခါ၊
ဆောက်လုပ်ရေးစီမံကိန်း နယ်မြေထဲက မြေကြီးတွေအောက်မှာ
မသုံးတော့ Utilities တွေ အထူးသဖြင့် ဝါယာကြိုးကြီးကြိုးငယ်တွေ
ကို လုပ်ငန်းခွင်ထဲက ဝန်ထမ်းကြီးငယ်တို့တစ်ချို့ဟာ
ဆွဲထုတ်စုထားများလာတဲ့အခါစုရောင်းပြီး
လုပ်ငန်းငန်းခွင်ကလူတွေ စုပြီး လဘက်ရည်ဖိုးရှာ
သုံးစွဲပစ်လေ့ရှိကြသလို တစ်ယောက်ချင်းလဲ
လုပ်ဆောင်ကြတာမျိုးလဲရှိကြပါတယ်
ဒီနေရာမှာဖြတ်ပြောလိုတာက ဒီစွန့်ပြစ်မသုံးဘဲချန်ထားခဲ့တဲ့
မြေကြီးအောက်ကပစ္စည်းတွေဟာ အမှန်တစ်ကယ်တော့
ပိုင်ရှင်မဲ့မဟုတ်ပါဘူးဘူးနှစ်ဘယ်လောက်ကြာကြာ
မူလပိုင်ရှင် သို့မဟုတ်  သက်ဆိုင်ရာစွန့်ပစ်ခဲ့တဲ့
အစိုးရဌာနသို့မဟုတ်အစိုးရဌာန သို့မဟုတ် အစိုးရ ကသာ
ဥပဒေအရပိုင်သလို ဒီပစ္စည်းတွေကို
ငါတူးလို့ရတဲ့ပစ္စည်းငါ့ပစ္စည်းဆိုပြီးရောင်းခွင့်မရှိပါဘူး၊
သို့သော်တိုင်ကြားသူမရှိတော့လဲ
သက်ဆိုင်ရာဌာနတွေကလဲ လိုက်စစ်မနေတော့ကာ
ရောင်းနေကြစားသောက်နေကြတာပါဘဲ၊
တစ်ချို့လုပ်ငန်းခွင်တွေမှာတော့
တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။

အခု ဒီပြဿ     နာတက်ခဲ့ကြတဲ့ စီမံကိန်းမှာတော့
စီမံကိန်းဝန်ထမ်းတစ်ချို့ဟာ ဒီလို မျိုးတွေကို ဆွဲထုတ်ရောင်းပြီး
လဘက်ရည်ဖိုးလေးရှာနေကြသလို
အောက်ခြေအလုပ်သမားတွေကလဲ
အလုပ်လုပ်ယင်းတွေ့သမျှဝါယာအတိုအစလေးတွေကို
အထဲက ကြေးဝါယာကို စိတ်ရှည်လက်ရှည်ဆွဲထုတ်
1kg 2kg ရရင်စုမိရင် သွားရောင်းဖို့ ထုတ်ထားပြီး
မိမိအလုပ်လုပ်တဲ့နားကတစ်နေရာမှာ ဝှက်ထားလေ့ရှိကြပါတယ်
ဒီလိုဝှက်မထားရင် တစ်ခြားအလုပ်သမားတစ်ယောက်ယောက်တွေ့ပြီး
အဆင့်သင့်ရောင်းလိုက်မှာကို စိုးသကိုးဗျ။
ဒီလိုနဲ့ ကျနော်ကုပ္မဏီက D-wall လုပ်နေတဲ့ အမြန်ရထားလမ်းသစ် စီမံကိန်းတစ်ခုမှာ
ဒီ ကောင်လေးဟာ D-wall တူးတဲ့စက်မှာ မောင်းတဲ့ အော်ပရေတာကို
အကူအညီပေးရတဲ့ စကာင်္ပူမှာလုပ်တာလဲကြာပြီဖြစ်တဲ့ Banks-man တစ်ယောက်ပါ။
သူ့စက်ကြီးရွှေ့မယ်ဆိုရင် အော်ပရေတာကသူ့အကူအညီကို
ယူပြီး  စက်ရဲ့ရှေ့နောက်ဝဲယာ လမ်းကြောင်းရှင်းမရှင်း ကြည့်ပေးကူညီပေးရသလို
စက်က တူးနေစဉ်မှာလဲ၊ အော်ပရေတာအား လိုအပ်သလို ကူညီပေးရတဲ့သူပါ။
တစ်နေ့ သူ့ ညဂျူတီလုပ်ရတဲ့အလှည့် ည ၁၂နာရီ supper အတွက်နားချိန်မှာ
သူဟာ သူကောက်ပြီး စုထားတဲ့ ဝါယာစ အတိုအမွှားတွေ ကို
 နွှာပြီးအထဲကကြိုးတွေကိုဆွဲထုတ်
ပြီး စုကာ သူဝှက်ထားနေကျ သူ့တွဲလုပ်နေတဲ့ D-wall တူးတဲ့
 နောက်ဘက်အောက်ကိုဝင် စက်ရဲ့ ဘီးသွားချိန်းပြာနဲ့စက်ရဲ့ကိုယ်ထည်ကြားက
ဝင်ပြီးစက်ရဲ့ဘေးဖုံးဖွင့် သူ့ပစ္စည်းတွေဝှက်ပါတယ်။
ညကလဲညဖက်၊ စက်တွေရဲ့ကိုယ်ထည်တွေကို လည်း
ပတ်ပတ်လည် Noise reduction sheet/noise barrier sheet တွေ
တပ်ဆင်ကာထားတော့ သူဒီကြားထဲဝင်နေတာ ဘယ်သူမှ မမြင်မသိကြပါဘူး၊
သူကလဲ သူများမမြင်အောင်ဖွက်တာကိုး။

ဒါပေမယ့် operation လုပ်ယင် သူက signal ပြပေး
လမ်းရှင်းမရှင်းကြည့်ပေးရတဲ့ စက်မောင်းသူဟာ
ည ၁နာရီအလုပ်ပြန်စချိန်ရောက်ချိန်မှာ ဝန်ချီစက် က
ဝန်တစ်ခုမဖို့ သူ့စက်နဲ့မလွတ်တဲ့အတွက် နည်းနည်းလှည့်ရုံ လှည့်
 ပေးဖို့လာပြောတော့ သူ့ရဲ့ စက်နောက်လိုက်အလုပ်သမားလေးနောက်ဖက်က
စက်အောက်ကြားရောက်နေတာမသိဘဲ လှည့်ရုံဘဲဆိုပြီးလှည့်ပေးလိုက်တော့
ဟိုအလုပ်သမားဟာ စက်ကိုယ်ထည်နဲ့ ချိန်းဘီးလို့ပြောရမယ့်
crawler ကြားပွဲခြင်းပြီးသေဆုံးသွားရပါတယ်။

လူသေဆုံးမှုဖြစ်တဲ့ fatal accident မို့
ကုပ္မဏီ အနေနဲ့ရော စီမံကိန်းတာဝန်ရှိသူတွေကပါ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့
 လမ်းတံတားအာဏာပိုင်တွေ ဆီမှာ  ထိုက်သင့်သလို အရေးယူ ခံရ
စည်းကမ်းထိမ်းသိမ်းခံရ နောင် တံဒါကိစ္စတွေအထိ အကျိုးသက်ရက်မှု ၊ နိုင်ငံခြားသားငှားရမ်းခွင့်
ပမဏ အချိုး man/year အထိပါထိခိုက်မှာစိုးတော့ ဒီ အဖြစ်အပျက်ဟာ
အလုပ်နားချိန်  တားမြစ်ထားတဲ့ နေရာ ဘယ်သူ့မှမသိဘဲ မိမိဘာသာဝင်ရောက်၍
အများပိုင်ပစ္စည်းကိုရောင်းချရန် စုဆောင်းသိုဝှက်ရာက မတော်တစ်ဆဖြစ်ခြင်းအား ဝိုင်းဝန်းပေါ်လွင်အောင်ဖေါ်ထုတ်ပြလိုက်သည့်အတွက် မိမိတိုင်းပြည်တွင်ကျန်ရစ်သူမိသားစုအနေဖြင့်
ဘာအာမခံလျော်ကြေးမှမရဘဲ ဘုမသိဘမသိ မိမိလင်ယောကျာင်္း မိမိသားသမီးအားရပ်ဝေးတစ်နေရာ၌ ဆုံးရှုံးခံရကာ ကုပ္မဏီ ၏ သနားဂရုဏာဖြင့်ပေးသော ငွေကြေးဖြင့် ဖြေသိမ့်လိုက်ရပါသည်။


ယခု တစ်ခါဖြစ်တဲ့အဖြစ်ကလဲ ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ကနေ
အခု အမှုစီရင်ချက်ချလိုက်တာပါ။
စကာင်္ပူ ဆောက်လုပ်ရေးခွင်က မြန်မာလုပ်သားများလည်း သင်ခန်းစာ ယူနိုင်ဖို့ပါ။

စကာင်္ပူဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ တူးရင်းဆွရင်း မြေကြီးထဲက
 ကြေးတိုကြေးစ သံတိုသံစတွေ အမြဲပါလာတတ်သလို၊
လုပ်ငန်းခွင်ရဲ့သဘောအရ သံချီသံကွေး သံဖြတ် လုပ်ငန်းခွင်ကနေ
သံတိုသံစ ဖြတ်စဖြတ်နတွေ ပိုထွက်တတ်ပါတယ်။

စီမံကိန်းထဲ ပြန်လည်အသုံးချရန် မဖြစ်နိုင်တော့သည့် အဲဒီနှစ်မျိုးသောနည်နဲ့ရရှိလာတဲ့ သံတိုသံစများကို
scraps materials တွေအဖြစ် ပြန်ဝယ်ပြီးအရည်ကြိုလုပ်ငန်းတွေကို ပြန်သွင်းတဲ့
ကုပ္မဏီတွေဆီ ပေါက်ဈေးနဲ့  ပြန်လည်ရောင်းချကြပါတယ်။

ဤလိုရာင်းချကြရာမှာ စီမံကိန်းမြေကြီးထဲက ထွက်လာတဲ့ သံတိုသံစတွေကို
ဝန်ထမ်း တစ်ဦးချင်း၊ ဒါမှာမဟုတ်အားလုံးပေါင်းစပ်ကာ ရောင်းချရင်း ရလာသည့်ငွေကို စီမံကိန်းထဲမှာဘဲ
ဝိုင်းဝန်းစားသောက်လိုက်ကြတတ်ပြီး ဤကဲ့သို့သံတိုသံစကလည်း များများစားစား၊ ခဏခဏ မတွေ့တတ်ပါ။

ဒုတိယ တစ်မျိုးဖြစ်သည့် ဖြတ်စဖြတ်နသံတိုသံတွေကိုတော့ ကုပ္မဏီ အတော်အများများက
သံတိုသံစ ဝယ်သည့် ကုပ္မဏီကို ချိတ်ဆက်ထားကာ ထည့်မည့် scrap bin လာပို့ထားပြီး ထွက်သမျှကို
ထိုအထဲထည့်ထားပေးကာ ပြည့်လျင် ဖုန်းဆက်လိုက်ရုံဖြင့် လာယူသွားပြီး ပေးရမည့်ငွေကို ကုပ္မဏီသို့လွဲပေးခြင်းဖြင့်
ကိစ္စပြီးပါသည်။

စလုံးရှိ ကိုရီးယားကုပ္မဏီ တခု တွင်မူ ထိုသံတိုသံစများ ရောင်းချရငွေကို ကုပ္မဏီက မယူသလို၊
ထိုရောင်းချမှုအဝဝနဲ့ ရောင်းရငွေကို စီမံကိန်းတွင် လုပ်ကိုင်နေကြသော ကိုရီးယားလူမျိုးဝန်ထမ်းများသီးသန့်အတွက်
ဒင်နာစားကြသောက်ကြ သူတို့ဖါသာ လိုသလိုသုံးစွဲကြဖို့ စီမံကိန်းတာဝန်ခံပုဂ္ဂိုလ်ကို  မျက်နှာလွဲထားပါသည်။

ထိုပုဂ္ဂိုလ်နှင့် စီမံကိန်း စီမံပုဂ္ဂိုလ် တို့က ဝယ်သည့်ကုပ္မဏီနှင့်ချိတ်ဆက်ထားရာ
ထိုကုပ္မဏီမှာ သုံးလေး ငါး တန်ချိန်ဆန့်သည့်
ထိုသံပုံးကြီးပြည့်၍ လာရောက်ယူချိန်တွင် သူ့လက်အောက်မှ ယုံကြည်ရသည့်
အိန္ဒိယဝန်ထမ်းကလေး တစ်ယောက်ကို လိုက်ပါသွားခိုင်းကာ အလေးချိန်ခြင်း
 ငွေသားချေခြင်းကိုစောင့်ကြည့်စောင့်ယူခိုင်းပါသည်။
ရလာသည့်ငွေမှ ထိုဝန်ထမ်းကောင်လေးအား အသုံးစရိတ်နည်းနည်းပေး၍
ကျန်ရောင်းရငွေကတော့ သူတို့ကိုးရီးယား ဝန်ထမ်းများအတွက်
စားသောက်ကြဖို့ ရံပုံငွေပါဘဲ။

ဤအဖြစ်ထိ သူတို့၏ လုပ်ဆောင်မှုသည် ဥပဒေကို
 ကျော်လွှားလုပ်ကိုင်သည်ဟု သူတို့ကိုယ်တိုင်လဲမသိ
ဤဝန်ထမ်းကလေးလည်းမသိပါ။

ပြဿ      နာ  ကမည်ကဲ့သို့ စသနည်း ဆိုရပါမူ
သူတို့ဆက်သွယ်ရောင်းနေသောပုဂ္ဂိုလ်သည်
သူ့အားကန်ထုတ်ထားသော ကုပ္မဏီနံမည်ကိုဆက်လက်သုံးစွဲကာ
ဒီကိုးရီးယား ကုပ္မဏီမှ ဝယ်ယူပြီး တစ်ခြားကုပ္မဏီတစ်ခုသို့
တိတ်တဆိတ်သွင်းနေခြင်းပင် ဒါကို သိသွားသော သူ့အယင်ကုပ္မဏီမှ
သက်ဆိုင်ရာသို့တိုင်ကြားရာ လပ်စားမှု စုံစမ်းဖေါ်ထုတ်ရေးဌာနမှ စုံးစမ်းနေပြီကို မသိဘဲ
ကိုရီယားကုပ္မဏီမှ ထိုပုဂ္ဂိုလ်ထံ ဆက်လက်ရောင်းချနေရာ
ထိုအမှုထဲတွင် ပါဝင်ပါတ်သက်မှန်းကိုမသိဘဲ
ထိုဌာနမှ သူတို့စောင့်ရိုက်ထားသော ဗွီဒီယို၊ ဓါတ်ပုံအထောက်အထားများနှင့်တကွ
ပါဝင်ပတ်သက်သူများအား တစ်ဦးချင်းခေါ်စစ်ရာတွင်၊ အာမခံကြေး ဒေါ်လာ ၁၀၀၀ ခန့်ဖြင့်
လွှတ်းပေးထားသော ပါဝင်သူ ကိုးရီယားစီမံဝန်ထမ်းနှစ်ဦးလုံးအလုပ်မှ
ထွက်ခါ အပြီးပြန်ထွက်ပြေးသွားကြပါသည်။

အိန္ဒိယတွင် တနှစ်အရွယ်ကလေးနှင့် အိမ်ထောင်ကျတာ
တစ်နှစ်ကျော်သာရှိသေးသည့်
 မိမိလည်းမခံစား အထက်အရာရှိခိုင်း၍လုပ်သည်သာဖြစ်သဖြင့်
 မိမိကိုယ်ကို အပြစ်မရှိဟု ယူဆကာ မပြေးဘဲနေသော အိန္ဒိယဝန်ထမ်းလေးမှာ 
သံတိုသံစပို့စဉ် သူ့အားရောင်းချသူမှ တက်စီဖိုး
မုန့်ဖိုး  ဒေါ်လာငါးဆယ် တစ်ကြီမ်ပေးတာ ယူမိ၍
ဓါတ်ပုံ ဗွီဒီယို သက်သေရှိနေသဖြင့် ငြင်းမရဖြစ်ကာ
 ထောင် သုံးလကျ၍ အိန္ဒိယသို့ အပြီးပြန်သွားရကာ
မူခင်းမှတ်တန်းရှိသွးပြီးဖြစ်၍ စကာင်္ပူသို့ ပြန်လည်လာရောက်
အလုပ် လုပ်ခွင့် ရန် လွယ်ကူတော့မည်မဟုတ်ပါ။

ဒီနေရာတွင် ဥပဒေနှင့် ငြိစွမ်းမှုမှာ ဝယ်ယူသူ၏ ကုပ္မဏီနံမည်အလွဲသုံးစားမှုလုပ်
လိမ်လည်ဝယ်ယူရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှုတစ်ခုထဲ မဟုတ်ပါ၊
မိမိတို့ကိုယ်တိုင် ရောင်းရငွေ/ဝင်ငွေများအနေဖြင့် မည်သည့်ကုပ္မဏီ၊
မည်သည့်ပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်အောက်တွင်မှ
ဝင်ငွေစားရင်းပြလုပ်ဆောင်ခြင်းမျိုးမဟုတ်၍
စလုံး အခွန်ဘဏ္ဌာဌာန အာဏာပိုင် အောက်မှ
လုပ်ထုံးလုပ်နည်းဥပဒေနှင့်ငြိစွန်းနေပါသဖြင့်
မည့်သည့်အလကားရသည့်ပစ္စည်းကိုမဆို စာရင်းဖျောက်
 ရောင်းဝယ်သုံးစွဲ ဝင်ငွေမကြေငြာခြင်းသည် ဥပဒေနှင့်ငြိစွန်းကြောင်း
စလုံး၏ ဥပဒေ ပြဌာန်း ထားမှု နှင့် တရားဥပဒေ စိုးမိုးမှုကို
တနည်းနည်းဖြင့် အပိုဝင်ငွေရှာရင်း
မကြေငြာ မိကြသောသူများ၊
စကာင်္ပူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်လုပ်ကိုင်နေကြသူများအတွက်
ဗဟုသုတ ရစေလိုငြား ဘဝပျက်သွားရသော
ဤဝမ်နည်းဘွယ် အဖြစ်နှစ်ခုကို ရေးသားလိုက်ရပါသည်။

No comments:

Post a Comment