စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, July 11, 2016
" အနွမ်းပန်းတို့ အိမ်ပြန်ချိန် "
ထိုင်းပြည် တစ်လွှား
တရုတ်နယ်ကျော်သွား
မလေးကျွန်းဆွယ်တစ်လျား
စကာင်္ပူလဲရောက်နေကြသတဲ့လား
အို ပန်းအလှရောင်စုံတွေထဲမှာ
အရှေ့အနောက်
တောင်မြောက် အလယ်
ဒေသ အထွေထွေက
ဘယ်သူတွေ ပိုများနေသလဲ
ဝေခွဲ မနေချင်ပါဘူး.......။
နေမညိုမှီမှာ နွမ်း မကြွေ စေဖို့
အိမ်ပြန်ချိန် မသွေ
ရောက်ကြပါစေ သား။
Thursday, July 24, 2014
" ကမ္ဘာမြေဖျားနာနေတယ် မြန်မာပြည် တုပ်ကွေး မိနေတယ် "
" ကမ္ဘာမြေဖျားနာနေတယ် မြန်မာပြည် တုပ်ကွေး မိနေတယ် "
နိုင်ငံပေါင်းချုပ်အသင်းကြီးပျက်ခါနီး
ကမ္ဘာ့ရွာကြီးတစ်ရွာမှာ Crazy ဟစ်တလာနန်းတက်လို့
World War II ကြီး စခဲ့ရတယ်......
ကုလသမဂ္ဂကြီး ခြကြီးစားစားပြီးတော့
ဘာအစွမ်းမှ မရှိတဲ့အချိန်
ကမ္ဘာ့ရွာကြီးတစ်ရွာမှာ
Crazy ကြီးတစ်ကောင်နန်းရမိလို့
ကမ္ဘာပျက်ကိန်း ဆိုက်လာမှာလားလို့
ဗေဒင်ပြေးတွက်ကြည့်ရင် မှန်မလားဗျာ
ယတရာဖိုးကုန်မှာတော့ သေချာနေသလိုဘဲ ........
ဒီတော့ ခင်ဗျားတို့တွေ
စိတ်ပြေလက်ပျောက်ဖြစ်ဖို့
ကမ္ဘာကြီးငြိမ်းချမ်းရေးရဖို့
မာဆက်ကို သွားမိရင်တော့
ပိုလောင်ကျွမ်းမှာမို့
တရားဓမ္မနဲ့သာ ချွေးသိပ်ကြပါလို့
အမှန်ကိုဟောလိုက်ပရစေ။
နိုင်ငံပေါင်းချုပ်အသင်းကြီးပျက်ခါနီး
ကမ္ဘာ့ရွာကြီးတစ်ရွာမှာ Crazy ဟစ်တလာနန်းတက်လို့
World War II ကြီး စခဲ့ရတယ်......
ကုလသမဂ္ဂကြီး ခြကြီးစားစားပြီးတော့
ဘာအစွမ်းမှ မရှိတဲ့အချိန်
ကမ္ဘာ့ရွာကြီးတစ်ရွာမှာ
Crazy ကြီးတစ်ကောင်နန်းရမိလို့
ကမ္ဘာပျက်ကိန်း ဆိုက်လာမှာလားလို့
ဗေဒင်ပြေးတွက်ကြည့်ရင် မှန်မလားဗျာ
ယတရာဖိုးကုန်မှာတော့ သေချာနေသလိုဘဲ ........
ဒီတော့ ခင်ဗျားတို့တွေ
စိတ်ပြေလက်ပျောက်ဖြစ်ဖို့
ကမ္ဘာကြီးငြိမ်းချမ်းရေးရဖို့
မာဆက်ကို သွားမိရင်တော့
ပိုလောင်ကျွမ်းမှာမို့
တရားဓမ္မနဲ့သာ ချွေးသိပ်ကြပါလို့
အမှန်ကိုဟောလိုက်ပရစေ။
Subscribe to:
Posts (Atom)