စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Showing posts with label ခံစားမှုအစုစု. Show all posts
Showing posts with label ခံစားမှုအစုစု. Show all posts

Monday, May 9, 2016

Myanmar Value & Identity

Free Hug Campaign ,
Valentine Day,
Mother Day,
Father Day
Teacher Day
ဒီလို အထိမ်းအမှတ်နဲ့ campaign တွေက
အနောက်ကနေ အရှေ့ အရှေ့ကနေ မြန်မာပြည်ထဲကို ကူးစက်ရောက်လာပါတယ်
တချို့ အထိမ်းအမှတ်တွေဟာ ကမ္ဘာ့တခြားအခြမ်းက ကိုးကွယ်တဲ့ဘာသာရေးနဲ့
ဆက်နွယ်တဲ့ ဓလေ့ထုံးစံ တွေကနေပေါက်ဖွါး ကူးစက်လာတာဖြစ်ပြီး၊
တစ်ချို့ အလေ့အထတွေက တခြားဒေသရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုကနေ
အခြေပြုကူးစက်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုရှယ်မီဒီယာ
ရုပ်ရှင်ဂီတ အနုပညာ စတဲ့ပရိတ်သတ်ပြည်သူကို
ဖမ်းစားနိုင်တဲ့ အနုပညာ ကဏ္ဌတွေ နဲ့
စီးပွါးရေးနဲ့ ဈေးကွက်ဖန်တီးမှု ချဲ့ထွင်မှုတွေက
ခေတ်နှင့်အညီ ပြောင်းလဲကြံဆ တိုးတက်လာမှုမရှိတဲ့အခါ၊
တစ်ခြားကဏ္ဌအသီးသီးကဲ့သို့ပင်
နောက်ဆုံးတွင်ကျန်ရစ်ခဲ့ကာ
ကဏ္ဌတိုင်းတွင် weak အဆင့်မဟုတ် poor အဆင့်ကျန်ရစ်ခဲ့ပြီး
Copy လုပ်သည် import လုပ်သည့်အဆင့်ပဲကျန်က
နေရာတကာ ကဏ္ဌအသီးသီးတွင် သူများ၏ ဈေးကွက်
သိမ်းပိုက်မှုကို ခံစားခဲ့ကြရပါသည်။

ကျနော်တို့၏ ဗုဒ္ဓဘာသာလူမျိုးများတွင်
 အနန္တော အနန္တ ကို
ပူဇော်ကြသော နေ့ထူးများရှိကြပါသည်။

အခါကြီးရက်ကြီးများတွင်ပါ။
ဆရာဆရာမများအား ပူဇေါ်ကန်တော့ပွဲများ ခေတ်အဆက်ဆက်
စဉ်ဆက်မပြတ်ရှိကြပါသည်။

အနောက်တိုင်းတွင် ဘယ်ဘာသာကိုးကွယ်သည်ဖြစ်စေ
ဤအလေ့အကျင့်နည်းကြပါသည်။
အပြုအမှုအားဖြင့် ဆရာဆရာမ မိဘ လူကြီးများအပေါ်
ချစ်ကြောက်ရိုသေမှု လေးစား ကိုင်းညွှတ်  မှု
နည်းကြပါသည်။
သူ့အလုပ် ကိုယ်အလုပ် သူတာဝန်ကိုယ်တာဝန်
လူတို့ ဘဝစက်ဝန်းထဲက ဖြစ်စဉ်တစ်ခုဟု ယူဆကြသလိုပါဘဲ။
ဆရာ နှင့်တပည့်ကြားကျေးဇူးခံ ကျေးဇူးစားရှိကြသည်ဟုလည်းယူဆကြပုံ ခံယူကြပုံမရပါ။
လင်မယားတွေ၊ လက်ထပ်၊ကွဲ၊ ကွာရှင်း၊ အတူနေ၊၊ ချစ်ကြ ကွဲကြရာတွင်လည်း ကောင်း၊
ကြုံသလို ကုတင်ပေါ်ရောက်သွားကြရာတွင်လည်း သိပ်အလေးထားပုံမရကြပါ။

မိဘ နှင့် သားသမီးကြားတွင် ၁၈နှစ်ပြည့်ပြီး ဆက်ဆံရေး၊ စောင့်ရှောက်ရေး တို့ဟာ
အရှေ့တိုင်းသားတွေ နှင့်ရော မည်သည့်ဘာသာ ကိုးကွယ်သည့်
 မြန်မာပြည်သားတို့နှင့်မဆို
ကွာခြားကြပါသည်။
မြန်မာပြည်သားတို့တွင် 
အိမ်ထောင်မှု ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး
 ဤသုံးခု ချက်မပိုင်လျင် နောင်ပြင်ရန် ခက်သည့်အမျိုး
ဆိုသည့် စကားကို အတော်အလေးထားကြပါသည်။

သို့သော် အနောက်တိုင်း ပုဂ္ဂိုလ် များသည်အရာရာကိုစံနစ်တကျလုပ်တတ်ကြပါသည်။
သူတို့တွင် parent day ဟုလည်းတနှစ်တရက်သတ်မှတ်ကြသည်။
valentine day ဟုလည်း တနှစ်တရက် သတ်မှတ်ကြသည်။
Mother day ဟုလည်း တနှစ်တရက်သတ်မှတ်လိုက်ကြသည်။
Father day ဟု တနှစ်တရက်သတ်မှတ်လိုက်ကြသည်။
Teacher day ဟု တနှစ်တရက်သတ်မှတ်လိုက်သည်။

ကျနော်တို့မြန်မာတွေကတော့ အခွင့်ကြုံတိုင်း ဘဝမှာ တရက်တစ်လ တစ်နှစ်
 ပညာသင်ပေးခဲ့သော ဆရာဆရာမ များကို ကန့်တော့တတ်ကြသည်
လေးစားကြသည် တွေ့တိုင်မြင်တိုင်း ဆက်သွယ်မှုလုပ်တိုင်း ဆရာ/မ ဟု
တသက်လုံး ရိုသေစွာ ဂါရဝပြု နှုတ်ဆက် ဦးပန်ကြသည်။

ဆရာ/မ ဖက်ကလည်း ဤအတိုင်းပင် တပည့်တပန်းအပေါ်
ဘဝတစ်လျောက် အဆက်ဆက် သံယောဇဉ် ကြီးကြသည်။

မိဘ နှင် သားသမီးကြားမှ သံယောစဉ်သည်လည်း စဉ်ဆက်မပြတ်
စီးဆင်းနေကြသည်ပင်ဖြစ်၍ ဤသို့ရှိရမည်ဟုယူဆကြသည်လည်းဖြစ်ပေသည်။

ချစ်သူရည်းစားထားခြင်း အိမ်ထောင်ပြုကြခြင်းတို့တွင်လည်း
တသက်လုံးကို ရည်ရွယ်ချစ်ကြသည်ဖြစ်၍
ချစ်သူရည်းစား အများစုကြားရည်းစားထားကြသည်မှာ အခုခေတ်တွင်
အနောက်တိုင်းကိုအားကျ ထည်လဲတွဲလာသည်များရှိလာကြမည်ဖြစ်သော်လည်း၊
ဘယ်သမီးရည်းစားမှ လက်ထပ်ဖို့မရည်ရွယ်သေးပါဘူး၊
ချစ်ရုံသက်သက်သာ စဉ်းစားသေးတယ်ဟု ဆိုလျင်ကြိုက်မည်မထင်ပါ။

ဒါကြောင့်မို့လဲ မြန်မာတို့တွင် ချစ်သူနေ့၊ မိဘနေ့၊ အမေနေ့၊ အဖေနေ့၊
ဆရာ/မများနေ့ စသည်ဖြင့် သတ်မှတ်ကြခြင်း မရှိခြင်းက
အချိန်တိုင်းရင်ထဲရှိနေရန်လိုအပ်သည်မို့ဟုယူဆပါသည်။

သဘောင်္သားများ၊ စစ်သားများ၊ နိုင်ငံရပ်ခြား အလုပ်သွားလုပ်ကြသူများ
 ကျေးဇူးအောက့်မေ့သတိရ ဖို့၊ အမိမေတ္တာခြုံလွှမ်း ဘေးဘယာကင်းဖို့
အမေ့ထမီစ များ ကိုယ်နဲ့မကွာ ယူဆောင်ကြသည့် ဓလေ့ ယုံကြည်မှုရှိကြပါသည်။
ဒါတွေဟာ ဘာသာတရားအဆုံးအမ ကြောင့်ထက် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဖြစ်သလို၊
မြန်မာလူမျိုးတို့၏ value များပါ။ Asian value , western value စသည်ဖြင့်
cultural value တွေရှိကြရာမှာ ဒါတွေဟာ မြန်မာ့ value , မြန်မာ့ Identity တွေပါဘဲ။

ကမ္ဘာကြီးပွင့်လင်းလာတဲ့ အချိန်မှာ မိမိတို့ value တွေမပျက်စီးပဲ မိမိတို့ value အပေါ်မှာ တခြားဒေသက
ကောင်းမွန်တယ်လို့ ကျနော်တို့လူ့အဖွဲ့အစည်းက လက်ခံတဲ့ positive value တွေပေါင်းစပ်
 ရောနှောမှုက ပြဿ       နာ တရပ်မဟုတ်ပေမယ့်

နောက်ကွယ်က ပါလာနိုင်တဲ့ negative value တွေပါ ပေါင်းထဲ့ခံမယ်မယ်ဆိုယင်
ကျနော်တို့ လူအဖွဲ့အစည်း value နဲ့ Identity တွေမှာ အနှုတ်ပြသွားနိုင်ပါတယ်။
ကျနော်ဖြစ်စေချင်ဆုံးကတော့ cultural နဲ့ပတ်သက်လာရင်
 နေရာတိုင်း ကဏ္ဌတိုင်းမှာ ကျနော်တို့ရဲ့ value နဲ့ identity ကိုသူတို့
အပေါ်ပေါင်းထည့်ရောနှောစေခြင်းက
သူတို့ရဲ့ value နဲ့ identity ကျနော်တို့အပေါ် ပေါင်းထည့်ရောနှေစေခြင်း
culture အရရော ဈေကွက်စီးပွါးရေးအရပါ ကိုယ့်တို့အတွက် တိုးတက်ဖွံ့ဖြိုး
လူရှေ့တိုးမယ့်အတွေးလို့ ခံယူမိပါတယ်။

Tuesday, April 5, 2016

ဈေးကွက်သင်္ကြန် ရိုးရာသင်္ကြန် ခေတ်လွန်သင်္ကြန် နှင့် အစိုးရ ကဏ္ဌ ကျနော့် အမြင် ကျနော့်အတွေး

မြန်မာတိုင်းရင်းသားအားလုံးတို့ဟာ နှစ်ပေါင်းရာကျော်အတွင်း
မိမိတို့၏ သဘာဝထွက်ကုန်ကြမ်းများအား ထုတ်ရောင်းခြင်း အပြင်
သူများ ယဉ်ကျေးမှု ဘာသာ အလေ့အကျင့် များသာ
မိမိတို့ထံစီးဝင်ခြင်းခံရပြီး  ဈေးကွက်ချဲ့ခံရခြင်းနှင့် အတူ
ဆက်စပ်ထုတ်ကုန်များကိုပါ  ကြိုက်နှစ်သက်ဝယ်ယူသုံးစွဲ
ဝတ်ဆင် စားသုံး ဈေးကွက် ချဲ့ထွင်ခြင်း ခံကြရပါသည်။

မိမိတို့တိုင်းရင်းသားသားအသီသီးတို့၏ unit ဖြစ်သည့်
ယဉ်ကျေးမှု ဓလေ့ထုံးစံ များ   နိုင်ငံတစ်ကာသို့
တစ်ခုမှ ထိုးဖေါက်ဈေးကွက်ချဲ့နိုင်ခြင်းမရှိခဲ့ပါ။

အာဖရိက မြူးဇစ်စတိုင်များ၊ လက်တင် မြူးးဇစ်စတိုင်များ
အနောက်တိုင်းတွင် ဈေးကွက်ရလာကြသည်။
ဥပမာ -Blue, reggae, Rap, Latin, Breakdance, Salsa, စသည်ဖြင့်
ထိုးဖေါက်နိုင်ကြပြီး အာရှမှ ထိုးဖေါက်နိုင်မှု အလွန်နည်းပါသည်။

ယခုအခါ ယဉ်ကျေးမှုထွန်းကားခြင်းအလွန်နောက်ကျခဲ့သည့်
ကိုးရီးယာယဉ်ကျေးမှုများဟာ
ယဉ်ကျေးမှုထွန်းကားမှု
အလွန်စောခဲ့ပါသည်ဆိုသော မြန်မာနိုင်ငံသို့
 ဈေးကွက်ချဲ့လာခြင်းကို အနောက်တိုင်းယဉ်ကျေးမှုနှင့်အပြိုင်
ခံနေကြရပါသည်။

ကျနော်တို့၏ unit ဖြစ်သော
တိုင်းရင်းသားအသီးသီးတို့၏ ယဉ်ကျေးမှုများကိုဖေါ်ထုတ်၍
ကမ္ဘာသို့ promote လုပ်ဈေးကွက်ချဲ့ထွင်ယင်း
ဆက်စပ်ရာ အစားအသောက်၊
အဝတ်အထည် အသုံးအဆောင် တို့ကိုပါ
 ဈေးကွက်စီးပွါးတစ်ခုအနေဖြင့်
ဝိုင်းဝန်းလုပ်ဆောင်သင့်ပေပြီ၊


ပဒေါင်း၊ ကယန်း လူမျိုးတိရဲ့ ဓလေ့ တခုဖြစ်တဲ့
လည်ပင်းမှာ ကြေးကွင်းစွပ်တဲ့ အလေ့အထကို
ကမ္ဘာလှည့် ခရီးသွားတွေ ကြည့်ရှု့စရာတစ်ခုအဖြစ်
ကမ္ဘာသိခရီးသွားလုပ်ငန်းရဲ့
 ဈေးကွက်ပေါ်ရောက်လာအောင်လုပ်နိုင်ခဲ့တာ
 မြန်မာယဉ်ကျေးမှု မြင့်တင်ရေးနဲ့ပတ်သက်ဆက်နွယ်သူတွေ၊
 မြန်မာ့ ခရီးသွား အေဂျင်စီတွေ မဟုတ်ဘဲ
ထိုင်းခရီးသွားဧဂျင်စီတွေနဲ့ ထိုင်းခရီးသွားဝန်ဆောင်မှု
 ဈေးကွက် ပရိုမိုးရှင်းလုပ်သူတွေရဲ့
 ဈေးကွက် ပရိုမို့လုပ်တတ်တဲ့ အသိနဲ့
ဒုက္ခသည် စခန်းမှာရောက်ရှိနေထိုင်ကြတဲ့
ကယန်း/ပဒေါင်းလူမျိုးတွေရဲ့ UNIT ဖြစ်တဲ့
ဓလေ့တစ်ခုကို  ဈေးကွက်ဖေါ်ဆောင်
အသုံးချတတ်တာကြောင့်ဖြစ်တယ်၊

ဒီတိုင်းရင်းသားတွေ ဟာ
ထိုင်းက တိုင်းရင်းသားတစ်မျိုးလား လို့
ကမ္ဘာလှည့် ခရီးသည်တွေ  ထင်ယောင်မှားစေတဲ့အထိ
 ဖြစ်အောင် promote လုပ်နိုင်ခဲ့ကြ ပါတယ်။

ဒီလိုပဲ ဆင်သတ္တဝါတွေပေါများမှု၊
အသုံးချမှု၊ တော်ဝင် တိရိစ္ဆာန်အဖြစ် သုံးစွဲမှု၊
စစ်ရေးစစ်ရာ တပ်ဖွဲ့အဖြစ်သုံးမှုတို့ကို၊
အိန္ဒိယ၊ရခိုင်၊ ဗမာ၊ထိုင်း
ပဒေသရာဇ်နိုင်ငံလက်ထက်တွေမှာ
အပြိုင်သုံးခဲ့ကြပေမယ့်၊
 မြန်မာပဒေသရာဇ်ဘုရင်တွေ
ဆင်ဖြူများစွာပိုင်ဆိုင်ခဲ့မှုအပေါ်
ယခုခေတ်ထိ ဂုဏ်ယူ ဝန့်ကြွားကြသော်လည်း

ယနေ့ခေတ်အချိန်အခါမှာ
ဆင်တွေ ကို လိမ်မာယဉ်ကျေးအောင်လုပ်ပြီး
သူတို့နိုင်ငံ၏ ရတနာတစ်ခုလားထင်ရအောင်
ပွဲထုတ် ဈေးကွက်သွင်းနိုင်သူဟာ
ထိုင်းတွေဖြစ်သွားပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာတို့နဲ့အတူ
ဘာသာမရွေး ဆင်နွဲခွင့်ရတဲ့ သင်္ကြန် ပွဲတော် ဟာ
 မြန်မာတို့ရဲ့ တစ်နိုင်ငံလုံး ခြိမ့်ခြိမ့်သည်းလုပ်ကြတဲ့
Unit ဖြစ်တဲ့ cultural festival တစ်ခုပါ ၊
ဒီလိုပွဲတော် မျိုးကို မိမိတို့ရဲ့ Signature  တစ်ခုအဖြစ် ထိမ်းသိမ်းပြီး
ကမ္ဘာ့ပရိတ်သတ်ဖေါက်သည်တွေ က
ဒီသင်္ကြန်ရဲ့ ဓလေ့ကို ပျော်ဝင်ကြိုက်နှစ်သက်တဲ့
ပွဲဖြစ်လာအောင်လုပ် ကြ ရာမှာ....
မိမိတို့ ဓလေ့ကိုသာ
သူတို့ကြိုက်နှစ်သက်လာအောင်....လုပ်ပေးရပါလိမ့်မယ်၊
ကိုယ့်ဓလေ့ကို သူတို့ကြိုက်အောင်
သူတို့ယဉ်ကျေးမှုဓလေ့တွေ ရောသွင်းလာပြီး
သူတို့ဂီတ သူတို့ဓလေ့ကို   ရောစပ်
Promote လုပ်ပေးနေစရာမလိုပါဘူး၊

ဒါပေမယ့်လဲ လူငယ်သဘာဝ ခေတ်မီတယ်ထင်တဲ့နည်းနဲ့
ဥပဒေဘောင်အတွင်းက ပျော်ပါးလိုမှုကိုလဲ
ပိတ်ပင်ရခက်နေပြန်ပါတယ်။

ကိုယ့်နိုင်ငံတိုးတက်ချမ်းသာစေချင်ယင်
- ကိုယ့်ဓလေ့တွေရဲ့ စိတ်ဝင်စား စရာအကာင်းဆုံးတွေကိုသာ
Export လုပ်နိုင်အောင်

- ကိုယ့်ဘာသာအယူဝါဒ လက်တွေ့ ကောင်းမွန်မှုတွေကို
 Export လုပ် ဈေးကွက်ကျယ်လာအောင်....
လက်ခံလာအောင်......
ဒီမှတဆင့် ဆက်နွယ်နေတဲ့
မိမိတို့ရဲ့ အသုံးအဆောင် များ
အစားအသောက်များကို
အချိုအငံအစပ်  ဈေးကွက်ကိုလိုက်ပြီး
အချော့အတင်းပြုပြင်
 ဈေးကွက်ရလာအောင်
Export လုပ်နိုင်အောင် ထိ
 ကြိုးစားကြသင့်ပြီဟု ယူဆပါတယ်။၊


သူများ ဓလေ့ထုံးစံ၊
အနေအထိုင်၊
အဝတ်အစားက အစ
သူများဟာတွေချည်း ခိုးကူးကြတော့..........

 ဒေါ်လာ ဘီလီယံချီတဲ့
လူ သန်း ၆၀ ဈေးကွက်ဟာ အမြဲအရှုံးနဲ့ပါဘဲ၊

သင်္ကြန်အတွက်သုံးစွဲ အကုန်အကျ ခံကြတဲ့
သင်္ကန်းအထည်စ၊ ကလေးရေပြွတ်၊
 မိန်းကလေးတွေ ဝတ်ဆင်ကြဖို့ ဝယ်ကြချုပ်ကြတဲ့
သုံးစွဲရာ ပစ္စည်းများရဲ့ ဘီလီယံချီ တန်ဘိုးရှိတဲ့
ရာခိုင်နှုန်းများစွာဟာ
အိမ်နီးချင်း တရုတ်နဲ့ ထိုင်းက ပျော်ပျော်ကြီးရောင်းပေးတဲ့
သွင်းကုန်များဖြစ်နေပါတယ်။
 ပြည်တွင်းဖြစ် အထည် လုံချည် ရက်လုပ်ငန်းတွေရဲ့
 ဈေးကွက်ဟာ ကျဉ်းမြောင်းလာပြီး၊
တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ထိုင်း၊အင်ဒိုနီးရှားထုတ်အထည်အလိပ်တွေနဲ့
 ခြုပ်ထည် ဘောင်းဘီ၊ အင်းကျီ၊
အဆင့်သင့်တွေက အစားထိုး နေရာယူလာတာကို
 ဈေးကွက် မကျူးကျော်အောင် ပြိုင်ဆိုင် ခုခံဖို့
အခုလို traditional ပွဲမျိုးမှာ အသင်းအဖွဲ့တွေက ကြီးမှူးလုပ်တဲ့ event တွေမှာ
 ပြည်တွင်းဖြစ်တွေကို ဝယ်ယူအားပေးသင့်ပါတယ်၊

 ကျနော်တို့နိုင်ငံရဲ့ခေတ်အဆက်ဆက်မှာ
လူတန်းစားတရပ်ဟာ ဥပဒေရဲ့ နောက်ကျောကနေ
မတရားချမ်းသာကြွယ်ဝလာကြကာ ရိုက်ထုတ်သမျှငွေကြေးရဲ့
ရာခိုင်နှန်းများစွာဟာ ဤလူတန်းစားတို့လက်ထဲ ရောက်ရှိနေခဲ့ပါတယ်။
အစိုးရတစ်ရပ်ရဲ့ တာဝန်ဟာ ဘားဂျတ်လိုငွေပြနေမှုကနေ
ပိုငွေပြလာအောင် နိုင်ငံတော်ရဲ့ ဝင်ငွေကောင်းလာအောင်
လုပ်ဆောင်ကြရာမှာ၊ နိုင်ငံခြားပို့ကုန်နှင့်အခွန်အပြင်၊ ပြည်တွင်းလှည့်ပတ်နေသော
ငွေကြေး လက်ပြောင်းလက်လွဲများကြားမှာ အခွန်မှန်ကန်စွာရလာစေရေး၊ ငွေကြေးကြွယ်ဝသူများ
 ပြည်တွင်းတွင်ဖြုန်းတီးနိုင်အားကောင်းအောင် မှန်ကန်တဲ့ အခြေအနေတွေ ဖန်တီးပေးရင်း
သူတို့ငွေကြေးစီးဆင်းမှုများ အစိုးရထံပြန်ဝင်လာအောင်
လုပ်ဆောင်နိုင်ဖို့လည်းတနည်းအရေးကြီးပေသည်။

 ပြည်သူတွေရဲ့အသံတစ်ချို့ ဆူညံလာတဲ့ ကိစ္စတစ်ချို့မှာ
စလုံးအစိုးရ ဖြေရှင်းလေ့ရှိတဲ့
နည်းလမ်းတစ်ချို့ကို ဥပမာပေးယင်း
တိုက်ရိုက်ပိတ်ပင်လိုက်တာလဲ မဟုတ်
 ပြဿ     နာလည်းဖြေရှင်းပေး
အစိုးရလည်း အမြတ်အမြဲရတဲ့နည်းမျိုး
တစ်ချို့ကို တင်ပြလိုပါတယ်။။

စလုံးအစိုးရရဲ့ အိတ်ထဲမထည့်ဘဲ
အခွန် ဘဏ္ဌာထဲ ပိုပို ဝင်လာအောင်လုပ်တဲ့
နည်းလမ်းတစ်ချို့ကို ဝေမျှချင်တာပါ
ဗဟုသုတ တစ်ခုပေါ့ဗျာ။

စလုံးအစိုးရဟာ ပြည်သူတို့ရဲ့အသံ နည်းနည်းညံ လာပြီဆိုရင်
သူ့ပြည်သူလဲ ငြိမ်သွားအောင် ကိုယ်လဲ အမြတ်ထွက်အောင်
နည်းလမ်းမျိုးကို ကနဦး သုံးကြည့်ပြီး အဖြေရှာတတ်ပါတယ်၊
အဲလိုဖြေရှင်းနည်းတိုင်းမှာ သူအတွက် ဝင်ငွေများများလာတာချည်းပါဘဲ၊

ပထမ ဥပမာ တစ်ခုက ဟိုးအယင်တုန်းက
စလုံးအစိုးရကျောင်းမှာတက်ကြတဲ့
 ကျောင်းသားတွေနဲ့ပတ်သက်ပြီး  ပြောရယင်

စလုံးနိုင်ငံသားတွေ နဲ့ အမြဲတန်းနေခွင့်ရ မိသားစုရဲ့
သားသမီးတွေဟာ ဟိုးတုန်းက
 ကျောင်းလခ အတူတူပါဘဲ

နိုင်ငံခြားသားအနေဖြင့် အုပ်ထိန်းသူ ဖြင့်
လာတက်တဲ့ ကျောင်းသားတွေ၊

တစ်ခြားအလုပ်လုပ်ခွင့်ပါမစ် တစ်ခုခုဖြင့်
မိသားစု နေခွင့်ရမိသားစုတွေရဲ့
သားသမီးတွေ အနေဖြင့်
 မူလတန်း အထက်တန်း အဆင့် တွေမှာ
 ကျောင်းလခဖိုး တွေဟာ
 စလုံးနိုင်ငံသားနဲ့ ပီအာတွေထက်
နဲနဲပိုပေးကြရပါတယ်။

ဒါကိုဘဲ အယင် စလုံးစီးပွါးရေး အရမ်းမကောင်းတော့ လို့
နည်းနည်းအခက်အခဲရှိလာတာရေ........

နိုင်ငံခြားသား အလုပ်လာလုပ်သူတွေ၊ ပီအာပေးတာတွေမှာ
အယင်လို
မလေးမျိုး နဲ့ မလေးတရုပ် လူမျိုးတွေသာမက၊
 မြန်မာ၊ သီရိင်္လကာ၊ အိန္ဒိယ၊  ပြည်ကြီး တရုတ်
ဘင်္ဂလားဒေ့်ရှ် နိုင်ငံသား
ပီအာတွေလဲများပြားလာတဲ့အခါ၊
စလုံနိုင်ငံသားတွေက ကျောင်းလခ တွေ ကို
ပီအာနဲ့ အခွင့်အရေးတူပေးနေရတာတွေပေါ်
မကျေမနပ် ပြောဆိုလာတာတွေရှိလာပါတယ်၊

အစိုးရကလည်း ရွေးကောက်နီးလာရင်
ဒီလို လူထုမကျေနပ်မှုတွေ ပွင့်အံလာမှု အပေါ်
ဂရုတစ်စိုက် စိတ်ကျေနပ်အောင် လုပ်ပေးတာတွေရှိရတာဘဲမို့

ကဲ ခင်ဗျားတို့ ပြည်သူတွေအတွက်ကျေနပ်အောင်
စလုံး၊ ပီအာ နဲို့င်ငံခြားသားမတူစေရဘူး
စိတ်ချဆိုတဲ့သဘောနဲ့ စလုံးလူမျိုးတွေ ကို
မူလပေးနေကျ နှန်းထားအတိုင်း ဆက်ပေးစေ၊
ပီအာ သားသမီးတွေက နှစ်ဆ ပေးစေ၊
နိုင်ငံခြားသားကျောင်းလာတက်သူတွေ
အလုပ်အကိုင်ခွင့်နဲ့နေတဲ့သူရဲ့
မှီခိုနဲ့နေပြီးကျောင်းတက်တဲ့ ခလေးတွေ ကို
 လေးဆ လောက် ကျောင်းလခ ထပ်မြှင့်ပါတယ်။

အဲတော့ အခွင့်အရေး ပီအာ နဲ့တန်းတူမို့
မကျေနပ်တဲ့ စလုံးပြည်သူအတွက် ဒုံရင်းဖြစ်ပေမယ့်
စလုံး ပြည်သူကအော်လို့ အဆင့်အတန်းမတူအောင်
ဖန်တီးပေးခံလိုက်ရတဲ့
 ပီအာ တွေ  အီးပီ၊ အက်စ်ပက်စ် မိသားစုတွေရဲ့
အိတ်ထောင်ထဲက ငွေတွေ စလုံးအစိုးရဆီ ပိုရောက်သွားရတာမို့၊
အော်ကြတဲ့ စလုံးပြည်သူတွေ တိုက်ရိုက်အကျိုးမခံစားရပေမယ့် ၊
 ဝင်ငွေပိုရလာတဲ့ အစိုးရအတွက်
ပြည်သူအတွက် ဘဏ္ဌာငွေ ပိုသုံးပြနိုင်တာမို့ ပိုလုပ်ပေးနိုင်
ပိုနံမည်ကောင်းရ တိုင်းပြည် ပိုချမ်းသာပေါ့ဗျာ၊

နောက်ဥပမာ တစ်ခုက နိုင်ငံငယ်လို့ ကားအစီးရေ ကန့်သက် ပေးသွင်းချင်တာကြောင့်
ကားသွင်းခွင့်ကို ဘာရှိမှညာရှိမှ၊ ဘာအလှုထဲ့မှ၊ နီးစပ်မှ ကန့်သက်အရေအတွက်အတ် ဦးစားပေးရတာမျိုးလည်းမဖြစ်အောင်
အစိုးရ ဘဏ္ဌာလဲ ပိုဝင်အောင် ကားပိုင်ဆိုင်ခွင့်သက်တမ်းကို ၁၀နှစ်ကန့်သပ်ထားပြီး
ပြည်ပမှ လစဉ် တင်သွင်းခွင့်ကားအရေအတွက်ကိုကန့်သတ်ရန် ကား
၁၀နှစ်ပိုင်ဆိုင်ခွင့်အသစ်လက်မှတ်ကို ကားအတန်းအစားအလိုက်
ဈေးပြိုင်စံနစ်နဲ့ရောင်းချတဲ့အခါကျတော့ ကားအဝယ်များတဲ့လတွေမှာ
ပိုင်ဆိုင်ခွင့်လက်မှတ် ဝယ်လိုအားများတာကြောင့်
ပိုင်ဆိုင်ခွင့်လက်မှတ် ကို  ဈေးပြိုင်ဝယ်ယူမှု ကြောင့်
 ဈေးမြင့်တက်ကာ အစိုးရဝင်ငွေမြင့်တက်သွားပါတယ်
ကားပိုင်ဆိုင်ဝယ်စီးလိုတဲ့လူက အစိုးရသတ်မှတ်ပေးထားတဲ့
အရေအတွက်ထက်များလာရင်
၁၀နှစ် ကားပိုင်ဆိုင်ခွင့်လက်မှတ်(COE) ဘိုးကို
ပိုပေး နိုင်တဲ့ လူဝယ်စီးဆိုတဲ့ စံနစ်ကျင့်သုံးတော့
 တိုင်းပြည်အတွက် ဝင်ငွေ ပိုကျန်တဲ့ သဘောပေါ့ဗျာ။

နောက်တစ်ခုက အိမ်ဈေးတွေ မတရားမြင့်တက်လာတော့ လက်ကြီးသမားတွေ ဈေးဝင်ကစားကြတာကြောင့်
 သူနိုင်ငံသား သာမန်ပြည်သူတွေ မဝယ်နိုင်တဲ့အထိဖြစ်သွားမှာ
 ဈေးကွက်အုပ်စီးခံရမှာစိုးလို့ဆိုပြီး
ဈေးကွက်တည်ငြိမ်အောင် ထိန်သိမ်းဖို့ဆောင်ရွက်ရာမှာ
ပထမအိမ်/အိမ်ခန်း ရှိပြီး ဒုတိယ အိမ်/အိမ်ခန်းဝယ်ယူလိုယင်
လက်ငင်းပေးချေရမည့်ငွေပမာဏ(down payment)ကို
ရာခိုင်နှန်းမြှင့်တင်ခြင်းသာမက၊
ဝယ်ရောင်းစာချုပ် တံဆိပ်ခေါင်ဖိုး
အခွန်(tax)ကို အဆမတန်မြှင့်တင်လိုက်ပါတယ်။
အဲဒီတော့ အိမ်ရောင်းအိမ်ဝယ်တစ်ခုဖြစ်တိုင်း
အစိုးရဝင်ငွေပိုကောင်းသွားပြီး ရောင်းသူရဲ့
အမြတ်တွေ အားလုံးပါသွားနိုင်တာဖို့
အိမ်/အိမ်ခန်းရောင်းဖို့ ဒါတွေထည့်စဉ်းလာရပါတယ်။

ဒါကို တတ်နိုင် ပေးနိုင်ရင် ရောင်းဝယ်ကြ
အစိုးရအတွက်အမြတ်ချည်းပဲ  ဆိုတဲ့နည်းနဲ့
 ဈေးကွက်ကို ထိန်းချုပ်လိုက်ပါတယ်။
တကယ့် ဝယ်ပြီးနေထိုင်မယ့်သူကလွဲပြီး
 ဈေးကစားကြမယ့် အိမ်ရာရင်းနှီးမြုပ်နှံ့သူတွေအတွက်
အခက်အခဲ အတားအဆီးအများကြီးဖြစ်သွားကာ
ပုဂ္ဂလိက အိမ်မြေတိုက်ခန်းဈေးကွက်နဲ့
 ပြည်သူ့အိုးအိမ် တိုက်ခန်းပြန်ရောင်းဈေးကွက်တွေ ကို
သိသက်စွာ ထိရောက်မှုရှိခဲ့ပါတယ်။

ယခုဖြစ်နေတဲ့ သင်္ကြန်ပြဿ      နာကို ဖြေရှင်းဖို့ရာမှာ
ကျနော့်အမြင်တစ်ခုကို ပြောရရင်
ခွင့်မပြုဟု ကြေငြာ မှာထက်
ဆူပါ စီးပွါး မဏ္ဌပ်ကြီးတွေ အတွက် ခွင့်ပြုမှုကို
အစိုးရ က မြို့နယ်တိုင်းမှာနေရာသတ်မှတ်ပေး၊
မဏ္ဌပ်အရေအတွက် သတ်မှတ်ပေး၍ ဈေးပြိုင်ပေးစေခြင်း။
စင်ရဲ့ပုံစံကအစ အစိုးရမှ ဆောက်ပေးတာ မဟုတ်ယင်၊
ပုံစံဒီဇိုင်းကို ကန့်သတ်ပေး၊
ပိုက်ရေ ကန်ရေ ဘယ်ကသုံးသုံး
ယာယီရေမီတာတတ်ဆင်စေကာ
 ရေကုဗ မည်မျှနှင့်အထက်သုံးစွဲယင်
ပိုကြီးလေးတဲ့နှန်းထားနဲ့ကောက်တာမျိုး
လုံခြုံရေးကို အစိုးရမှ စီစဉ်ပေး၍
ထိုအတွက် မဏ္ဌပ်မှ အစိုးရသို့ ငှားရမ်းခပေးသွင်းရ ခြင်း၊
စည်းမျှည်းစည်းကမ်းသတ်မှတ်ခြင်း၊
လူနေအိမ်ဝင်းများ နှင့်ရပ်ကွက်ထဲတွင် ဆူပါမဏ္ဌပ်လုပ်ခွင့်မပေးခြင်း၊
စီးပွါးဖြစ် မဏ္ဌပ်များ ဦးဆောင်တာဝန်ခံသူတို့၏
အသုံးစရိတ်ဝင်ငွေ ထွက်ငွေ မှတ်တမ်းများ စံနစ်တကျရှိရမည်ဖြစ်ပြီး၊
method statement, contingency , risk assessment တို့တင်ခိုင်းစေကာ
ဝင်ငွေခွန်ကောက်ခံနိုင်အောင် စံနစ်တစ်ကျရှိအောင် ကြပ်မတ်ပေးခြင်း၊


ရိုးရာယဉ်ကျေးမှုအတိုင်း လိုက်နာ ကျင်းပဆင်နွှဲကြမည့်
သင်္ကြန်မဏ္ဌပ်မျိုးကိုမူ ပါမစ်စည်းကမ်းလျော့ပေါ့ပေးကာ
မဏ္ဌပ်ဆု၊အကဆု၊ သံချပ်ဆုများ စီစဉ်ပြိုင်ဆိုင်စေခြင်း
ရေဖလားဖြင့်သာ ရေလောင်းစေခြင်း၊

စသည်ဖြင့် traditional Thungran ကို အစိုးရမှ
တစ်ဖက်တစ်လမ်းမှ ကူညီပန့်ပိုး စည်းကားအောင်
promote လုပ် subsidy လုပ်ပေးသလို၊
free style super မဏ္ဌပ် များကိုလည်း
မလုပ်ရဟုမပြောဘဲ လုပ်ခွင့်ကို တန်ဘိုးကြီးကြီး ပေးစေ
 တင်းတင်းကျပ်ကျပ် စည်းကမ်းကမ်း ဥပဒေ များဖြင့် ခွင့်ပြုကာ
အစိုးဝင်ငွေလည်း မြှင့်တင်စေသည့် နည်းမျိုးများဖြင့် လုပ်ဆောင်မှု မျိုးကို
ယခုနှစ် အချိန်လွန်သွား တော့ လုပ်ဆောင်၍
မရနိုင်တော့သော်လည်း........
 နောင်နှစ်များတွင်
စံနစ်တစ်ကျလည်းဖြစ်အောင်၊
ကမ္ဘာ့ခရီးသွားများအားဆွဲဆောင်နိုင်စရာ မိမိတို့၏ မူပိုင်
unit cultural new year water festival   ဈေးကွက်ကြီးတစ်ခု
 ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလျက်
အပြုသဘောဖြင့် မိမိအယူအဆအား တင်ပြလိုက်ရပါသည်။။

Monday, February 22, 2016

မြန်မာ့လေကြောင်းလေယာဉ်ပျက်ကျမှုမှတ်တမ်းများ


မကြာသေးခင်က Beechcraft 1900D 
အမျိုးအစားတပ်မတော်လေယာဉ်ပျက်ကျပြီးလေယာဉ်ပေါ်ပါ
အရာရှိ စစ်သည် ၅ဦးသေဆုံးသွားတဲ့သတင်း
ဝမ်းနည်းဘွယ်ဖတ်လိုက်ရပါတယ်။

ငယ်ငယ် တုန်းက STATE MEDIA ဖြစ်တဲ့ မြန်မာ့အသံ
ရေဒီယို ၊ ကြေးမုံ၊ လုပ်သား၊ ဗိုလ်တစ်ထောင်
သတင်းစာတွေ နဲ့ဘဲကြီးပြင်လာတော့
ထိန်းချုပ်အသိပေးတဲ့ သတင်းတွေမို့
သတင်းတွေက တစ်ခါတစ်ခါ ပြည်သူကြားထဲ
အပေါ်ယံသတင်းအဖြစ်သာ
သိရတာမျိုးဖြစ်နေခဲ့တာအများကြီးပါဘဲ။
လေကြောင်းကိုဘဲအဓိကအားကိုးပြီး
ရန်ကုန်ကတစ်ဆင့် ပြည်ဒေသ နဲ့
မြန်မာပြည်အနှံ့ ခက်ခဲစွာ ခရီးသွားလာရတဲ့
ရခိုင်ဒေသနေပြည်သူများအဖို့
လေယာဉ်ပျက်တယ်ဆိုတဲ့သတင်းတွေဟာ၊
အမြဲတုန်တုန်လှုပ် ကြောက်စရာသတင်းတွေပါဘဲ။

Aug 16, 1972 ကျနော် မူလတန်းကျောင်းသားဘဝ က
သတင်းဆိုးတစ်ခုဖြစ်ခဲ့တဲ့
သံတွဲလေဆိပ်အတက် ပင်လယ်ထဲ စက်ချို့ယွင်းထိုးကျကာ
အချိန်မှီသွားရောက်မကယ်ဆယ်နိုင်ခဲ့၍
ခရီးသည် ၂၈ဦး လေယာဉ်နှင့်အတူ ရေနစ်သေဆုံးခဲ့ကြကာ
ခရီးသည် ၂ဦးသာ
အိပ်ရာလိပ်ဖက်ကာရေကူးလွတ်မြောက် ခဲ့သည့်
(DAKOTA)ဒါကိုတာလို့ ခေါ်ခေါ်ကြတဲ့
DOUGLAS C47 လေယာဉ်ပျက်ကျမှုအပါအဝင်
ဒါကိုတာလေယာဉ်တွေ
ဟောင်းနွမ်းလာမှုစိတ်မချမှုတွေကြောင့်
FOKKER F27 တွေတော်တော်များများ
(အရေအတွက်အတိအကျမသိ)နဲ့
့F28 (call sign - XY-ADU, XY-ADV, XY-ADW ) သုံးစီး ကို
အသုတ်လိုက် ဝယ်ယူအစားထိုးခဲ့တာကြောင်း
နိုင်ငံခြားဝင်ငွေမည်မျှအကုန်အကျခံ၍
လုပ်သားပြည်သူများ ခရီးသွားလာရေး
အဆင်ပြေစေရန် နိုင်ငံတော်မှ ဝယ်ယူခဲ့ကြောင်း...........
အစရှိသည့် သတင်းတွေကို
လေကြောင်းအားကိုးရန်ကုန်သို့
ခရီးသွားလာနေရတဲ့ ကျနော်တို့
နိုင်ငံပိုင် သတင်းစာ ရေဒီယိုမှတစ်ဆင့်
သိမှတ်ခဲ့ရဖူးပါသည်။
နိုင်ငံတော်မှ
ဆိုတဲ့စကားနဲ့
ပြည်သူ့တွေအတွက်ဆိုတဲ့
စကားလုံးနှစ်ခုဟာ၊
ဘာကိုဆိုလိုတယ်ဆိုတာ၊
တနိုင်ငံလုံပြည်သူပိုင်လုပ်ခံထားရတဲ့
ဆိုရှယ်လစ်ခေတ်မှာကြီးပြင်းလာပြီး၊
အတန်းတစ်ချိန်လုံးလစ်
ရွေးရွေးကျက်တာ
က်ြကကန်း ဆန်အိုးတိုးလို့
ပြတဲ့ဆရာတောင် တစ်နှစ်လုံး
နှစ်ခါလောက်သာတွေ့ဘူးတဲ့....
နိုင်ငံရေးသိပ္ပံဆိုတဲ့ မသင်မနေရဘာသာမှာ
ဂုဏ်ထူးနဲ့အောင်ခဲ့ကျနော်
အမြင်တွေ အခုထိ မရှင်းသေးပါဘူး။

XY-ADW ရဲ့ စစ်တွေ လေဆိပ်နား ပျက်ကျမှုကို
အောက်ဖေါ်ပြပါ လင့်မှာ တွေ့ရပါလိမ့်မယ်။

တစ်ဖန်၊ မြောက်ဦး၊ပူတာအို ပလက်ဝတို့လို့ သွားလာမှုခက်ခဲ၊
လေယာဉ်ပြေးလမ်းရှည်နှင့် ခေတ်မှီ လေယာဉ်ထိမ်းသိမ်းရေးစံနစ်
မတတ်ဆင်နိုင်သေးသည့် မြို့ငယ်အချို့သို့ပြေးဆွဲရန်
ခရီးသည် ၈ဦးလောက်သာတင်နိုင်သည့်
Twin Otter လေယာဉ်များထပ်မံဝယ်ယူပြေးဆွဲခဲ့ရာ၊
ပျက်ကျမှုများဖြစ်ပွားတာကြားသိခဲ့ရပြီး၊ 
ထိုဒေသများ၏ ရာသီဥတု ကြမ်းတမ်းမှုများနှင့်
မကိုက်ညီ၍ဟု ယူဆ၍ ထင်ပါသည်။
Twin Otter များရေးဆွဲမှု များမကြာလိုက်ဘဲ
ရပ်နားလိုက်တာတွေ့ရပါသည်။
Fokker F27,F28 များမှာမူ ဆိုးဝါးသည့်
ပျက်ကျမှုသတင်းမတွေ့ရသလောက်မို့
မိမိတို့လည်း Burma Airway ကနေ
Myanmar Airway ဖြစ်သည့်ကာလ၊
မဆလ က နေ နဝတ ကာလ တစ်လျောက်
ခရီးသည်များအတွက် အသက်အာမခံ
ရှိမရှိ ရှိလဲ နှစ်ပြားတစ်ပဲဘဲရှိမှာဘဲဟု
သဘောထား ကာ အသက်အာမခံ
အက်ဆီးဒန့်အာမခံ၊ ဆေးရုံးတက်ရောက်ကုသမှုအာမခံ
ဆိုတဲ့စကားလုံးတွေဟာ
မြန်မာပြည်သူတွေနဲ့ မဆိုင်
မပတ်သက်သလိုဘဲနေထိုင်ကြီးပြင်းလာယင်း
ဒီလေယာဉ်၊ ဒီခရီးတွေကို
အကြိမ်ကြိမ်သွားရောက်နေခဲ့တာပါဘဲ။
 ဧရာဝတီကမ်းနဘေး အရေးပေါ်ဆင်းခဲ့ရတဲ့လေယာဉ်စက်ချို့ယွင်းမှုမှာ
 နောက်ဆုံးဆင်းသက်ချိန်ထိ ခရီးသည်တွေရဲလုံခြုံမှုကို ဦးစားပေးနေရတာမို့
အသက်တိမ်းပါးသွားခဲ့ရတဲ့  လေယာဉ်မယ်လေးလှိုင်ကို သီးချင်းတစ်ပုဒ် ဂုဏ်ပြုသီဆိုခဲ့တဲ့
အသံအင်မတန်ကောင်း  KEY အစုံနိုင်နိုင်နင်းနင်း ဆိုနိုင်တဲ့ပြည်သူချစ်တဲ့
အဆိုတော် လေယာဉ်မောင် ဦးစိန်လွင်(ပလေးဘွိုင်းဦးသန်းနိုင်ရဲ့အစ်ကိုရင်း) ဟာလဲ
လေယာဉ်ပျက်ကျမှုတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားရရှာပါတယ်။

ဒီ B3A လင့်ထဲက မြန်မာ့လေယာဉ်ပျက်ကျမှု သမိုင်းမှတ်တမ်းမှာ
ဒီပျက်ကျမှု တွေ ရှာတွေ့နိုင်ပါတယ်

မကြာသေးမီက ဒီ အောက်ဖေါ်ပြပါ
BAAA-acro ကိုဝင်ကြည့်မိတော့
F27 case တွေလဲ မနည်းပါလားလို့
တွေ့မြင်ရပါတယ်။

ကုန်းလမ်းခရီးအဓိက အမှီပြုသွားလာနေကြတဲ့
ဒေသတွေက ပြည်သူ အများစုက တော့
လေယာဉ်ခရီးစဉ်ဆိုတာနိုင်ငံခြားခရီးအတွက်သက်သက်ဟု
ထင်ကောင်းယူဆကောင်းယူဆနိုင်ပေမယ့်
အခုအချိန်ထိ လေယာဉ်ကလည်းနှောင့်နှေးတတ်၊
လေဆိပ်ကိုသွားရတဲ့ တက္ကစီခကအတူတူ
လက်မှတ် ဈေးကကျတော့လည်း စစ်တွေရန်ကုန်
တစ်နာရီသာသာ စီးရပေမယ့်၊
သုံးနာရီလောက်စီးရတဲ့ ရန်ကုန် စင်ကာပူ
လေကြောင်းခရီးလောက်နဲ့ အတူတူနီးနီး ပေးနေရတဲ့
ရခိုင်ပြည်မြောက်ပိုင်းနေပြည်သူတွေအတွက်က တော့
ခရီးသည်တွေရဲ့ အခွင့်အရေး၊အာမခံစံနစ်၊ လုံခြုံမှုမလုံခြုံမှုဆိုတာ
ခေါင်းထဲ မထည့်ဘဲ မိမိနှင့်မဆိုင်သည့်အရာအလား
သူတစ်ပါးအား ဝကွက်အပ်၍
နေ့စဉ်လေယာဉ်ခရီးစဉ်ရှိနေတာနဲ့၊
လေယာဉ်လက်မှတ် ဝယ်ယူ၍ ရနေသည်ကိုပင်
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား
ကျေးဇူးရှင်များကဲ့သို့ မေတ္တာပို့အမျှဝေ
ဆက်လက်မှတ်ယူနေကြရမည်ပင်ဖြစ်ပေသည်။

Monday, December 7, 2015

" ရွှေပုဇွန် နဲ့ လေကြောင်းရန်"

ဒီတစ်ခေါက်ခွင့်ပြန်တော့
 ရွှေပုဇွန်ဆိုင် ညနေ ၈နာရီလောက်တစ်ခေါက်ရောက်ဖြစ်တယ်
ဆိုင်အပြင်အဆင်၊ ကားပါကင်ပါဝင်မှု
ဆိုင်ပုံစံအခင်းအကျင်း သန့်ရှင်းမှုနဲ့
သူ့ရဲ့ဈေးနှန်းတွေကို ယှဉ်ကြည့်မယ်ဆိုယင်
သူ့ ဈေးနှန်းဟာ fair  ဖြစ်ပါတယ်၊

ကြက်သွန်တစ်ပိတ်သာ ၄၀၀၀ ကျော်၊
ငပျောသီးတစ်လုံး ၁၀၀၊
ပျားလိမ္မော် ၁၅~၂၀လုံးလောက် ၁၀၀၀ဈေးနှင့်
လမ်းဘေးဗျက်ထိုးရောင်းဈေးပေါက်ကာ.......
ဘာမှ စားကုန်ပစ္စည်းပြောလောက်အောင်
မထွက်သည့်မထွက်သော
ကမ္ဘာ့လူနေစရိတ်အမြင့်ဆုံးနှင့်
လူနေမှုအမြင့်ဆုံးရောက်နေသော
 စကာင်္ပူဈေးနှန်းများ၏ ၅၀% ကနေ ၇၅% လောက်
ကုန်ဈေးနှန်းတက်နေသော
အခြေခံစားကုန်အစုံထွက်ကာ
သယံဇာတစုံပေါများပါသည်ဆိုသော
 မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင်
ရွှေပုဇွန်အခင်းအကျင်းနှင့်ရွှေပုဇွန်ဈေးသည်
သင့်တင့်သက်သာတယ်ဟုပြောရမှာလို့
ခံစားမိပါသည်။

 နိုင်ငံတကာ Coffe chain, fast food chain များထက်သာကာ
  အအေး အပူ မုန့်မျိုးစုံနှင့်လေအေးပေး ဆိုင်ခန်းနှင့်၊
Starbucks , The Coffee Bean & Tea Leaf, KFC, Mc Donald တို့ထက်
ဆိုင်အပြင်အဆင်အဝန်းအဝိုင်းကောင်းပြီး
ပန်းခြံထဲထိုင်ကာ စားသုံးအပန်းဖြေ သုံးဆောင်ရန်
ပြင်ဆင်ထားပုံလည်းအထူးပြောစရာမရှိပါ။ 

ဂျပန်အလှမွေးငါးများ မွေးထားသော ကန်ကလေးများနှင့်
 landscaping များလုပ်ထားသည်က
ကျနော့ကို ဖမ်းစားမိသဖြင့်
အခန်းထဲမထိုင်ဘဲ ပန်းခြံထဲထိုင်ကြရန်
မဟေသီနှင့် သားကိုအဖေါ်ညှိကာ
ဆင်းသွားပြီးထိုင်မိပြီဆိုတာနှင့်
အခြေအနေနှင့်အချိန်အခါက
ကျနော့ဖက်တွင်မရှိကြောင်း
ငါးမိနစ်အတွင်းသဘောပေါက်ကာ၊
မိသားစုသုံးယောက် ဆိုင်ခန်းထဲ
ဝင် ပြေးခဲ့ရပါတော့သည်။

Drone တွေ
F16 တွေ
F111 တွေ
Mid29 တွေ နဲ့
IS တွေထင်သလားမသိ
ရုတ်တရက် အတိုက်ခံလိုက်ရတော့
ကျောင်းသားဘဝက ယင်းမာပင်တဝိုက်
ကွင်းဆင်းကြမယ်ဆိုတော့၂ပါတ်ကြိုက စပြီး
ကလိုရိုဖေါ့စ်လို့(အသံထွက်မှားရင်မှားနိုင်ပါတယ်)ခေါ်တဲ့
ငှက်ဖျားကာကွယ်ဆေးကို
 ပြန်ရောက်ပြီးနှစ်ပါတ်အထိ
 သောက်ခဲ့ရတာလို့မှတ်မိနေပါတယ်၊

အခုလဲ ဒီမလာခင် ၈လလောက်ကတည်းက
H-A, H-B ကာကွယ်ဆေး၊
ဒါအပြင် မဟေသီက Flu ကာကွယ်ဆေးတွေပါထိုးခဲ့တာပါဘဲ၊
ဒီလေကြောင်းရန်ကာကွယ်ဖို့က
တိုက်လေ လေယာဉ်မျိုးစုံ ဇီဝလက်နက်အမျိုးမျိုးနဲ့ဆိုတော့
သွေးလွန်တုတ်ကွေး(Dengue) အတွက်၊
ဆင်ခြေထောက်ရောဂါ(Elephantiasis)အတွက်၊
ငှက်ဖျား (Malaria) စသည့်
တိုက်ခိုက်မှုတွေအတွက်
Air defense shield system တွေ
တတ်ဆင်လာရမလားအောက်မေ့မိပါတယ်၊

ကျနော်ငယ်ငယ်က ငှက်ဖျားဒေသတစ်ခုဖြစ်တဲ့
စစ်တွေမှာကြီးပြင်းခဲ့သမို့
ဖျားလိုက်တိုင်း ကလိုရိုကွင်းနဲ့
မလွတ်ကင်းခဲ့သလို သူဒဏ်ကြောင့် ဘာမှစားမရ
အားအင်တွေ နှုတ် ခံခဲ့ကြရတာလဲ
အကြိမ်မနည်းခဲ့ပါဘူး၊
တစ်ကျောင်းထဲက
တစ်မြို့ထဲက ငှက်ဖျားပိုးဦးနှောက်ရောက်လို့
သေသွားကြတဲ့လူငယ်တွေ၊
ဘဝပျက်သွားကြတဲ့
လူငယ်တွေအကြောင်းလဲ
ခဏခဏကြားရင်းကြီးပြင်းခဲ့ရပါတယ်၊
ယခုအခါ ခြင်ထောင်မလိုတဲ့ အရပ်မှာ
 နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ကျနော်
ဒီလေကြောင်းတိုက်ခိုက်မှုဒဏ်
အလူးအလိမ့်ခံရပါတော့တယ်.....။

ဒီရွှေပုဇွန်ပိုင်ရှင်ဟာ သိန်းမြောက်မြားစွာတန်မြေကြီးပေါ်မှာ
 သိန်းမြောက် မြားစွာရင်းနှီးပြီး
အဆင့်မီဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ထားရာမှာ
ဝန်ထမ်းများအတွက်နေရာထိုင်ခင်း ကအစ
စနစ်တစ်လုပ်ဆောင်ပေးပြီး
 ဈေးနှန်းသင့်တင့်စွာရောင်းချနေရာမှာ၊
ဒီလေကြောင်းရန်ကို ဖြစ်နိုင်မယ်ဆိုယင်
ရတဲ့နည်းနဲ့ကာကွယ်ချင်မှာပါဘဲ၊

ဒါပေမယ့် သူတစ်ယောက်ထဲတိုက်မရဘဲ
Public ရန်သူအဖြစ်အစိုးရမှ မူဝါဒါများတိကျစွာချမှတ်၊
ဥပဒေသက်ရောက်မှုအပြည့်အဝရှိစေရန်ဆောင်ရွက်ကာ
ပြည်သူများကလည်း ပူးပေါင်းပါဝင်မှ အောင်မြင်မည့်
 လေကြောင်းရန်တစ်ခုဖြစ်သောကြောင့်
လက်မှိုင်ချနေရတာဘဲထင်မိပါရဲ့။

ထူးဆန်းတာက ဟိုးတုန်းက တိရိစ္ဆာန်ရုံနဲ့ အင်းလျားမှာပေါတဲ့
လူပိုက်ကောင်အချို့ကတော့ သူများတွေ ဗုံးခိုကျင်းဝင်နေချိန်မှာ
လေကြောင်းရန်မမူဘဲ၊
ခြံထဲက မှိုင်းမိနေကြတာလဲ တွေ့ကြရသပ ဗျာ၊
ဒီလောက်ဂေဟာပေါတဲ့ ခေတ်မှာ သူတို့မို့ခက်ရချည်ရဲ့ !!!!

ဘာပဲဖြစ်ဖြစ်
ပြည်ပရောက်ပြည်သူတစ်ယောက်အဖြစ်ဖြင့်
အခွန်လည်း ဆယ်နှစ်ကျော်
 ကျေပြွန်စွာထမ်းဆောင်ပေးခဲ့ပြီးပါပြီ၊
ဆန္ဒမဲလည်း စာရင်းအကြိမ်ကြိမ်ပျောက်ကာ
အခက်အခဲများကြားမှ မိမိမမြင်ဘူးသော
ဘာမှကို အကြောင်းမသိသော
NLD ၏ ဦးဝင်းမြင့်၊ ဦးသိန်းမြင့်၊
 ဒေါက်တာမြတ်ဥာဏစိုး စသည် တို့ကိုပေးဖြစ်ခဲ့ပြီ၊
မိမိတိုင်းရင်းသားအတွက် ANP ၏
 ဦးဇော်အေးမောင် အားပေးခဲ့ပြီးပြီ
ပြည်သူတစ်ယောက်အနေဖြင့်
 နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားယင်း
မြင်တွေ့သမျှ အဆင်မပြေမှုများကို
အပြုသဘောရေးသားနေမည်ဖြစ်သလို

 ခေတ်သစ် စံနစ်သစ်ကို ပြောင်းလဲဖို့
 မျှော်လင့်ချက်ကိုယ်စီနဲ့တက်ကြွနေကြတဲ့
အနိုင်ရ အမတ်လောင်းတွေနဲ့
နိုင်ငံတော်မှာမရှိမဖြစ်ဖွဲ့စည်းပေးထားတဲ့
institution ကြီးတွေပူးပေါင်းကာ......
အမြင်သစ်အတွေးသစ် အရည်အချင်းသစ်တွေနဲ့
အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ပြီး
နိုင်ငံတော်၏ မြို့နယ်ဒေသ အနှံ့
အဘက်ဘက်သောလေကြောင်းရန် ရေကြောင်းရန်၊
တို့မှ အ မြန်ဆုံးကာကွယ်စောင့်ရှောက်ကာ
ရေကြည်မြက်နု စိုပြေစိမ်းလန်းသော
 နိုင်ငံတစ်ခု တိုင်းပြည်တစ်ခု ကို
အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း
 မျှော်လင့်တောင့်တနေမိပါတယ်။

Wednesday, October 28, 2015

Mother-In-Law (Oldies Weekend Special) -Ernie K-Doe -

https://www.youtube.com/watch?v=dcFkUHvlf5A
https://www.youtube.com/watch?v=sclhVBsZiGo
 Karaoke version

https://www.youtube.com/watch?v=AoWV0ilLa2s

 မြန်မာ သီချင်း - ယောက္ခမ
 https://www.youtube.com/watch?v=G9x5gA-sj5k

ချွေးမတစ်ယောက်က ယောက္ခမ အတွက်ရည်စူးထားတဲ့ ဒီသီချင်းလဲ နားဆင်ကြည့်ပါအုန်း

 https://www.youtube.com/watch?v=-mLPMuSVxdk

ကမ္ဘာမှာ လူသားတိုင်းဟာ
အမေ အဖေနဲ့ပတ်သက်လာရင်
အဖေအမေ ကျေးဇူးဂုဏ်၊
သားသမီးပေါ်ထားတဲ့ အနစ်နာခံတဲ့  ချစ်မေတ္တာတွေကို
 ဖေါ်ကျူးပြီး ဆောင်းပါးတွေ၊ ဝထ္ထုတွေ ပုံပြင်တွေရေးသား
သီချင်းတွေသီဖွဲ့ပြီးဂုဏ်ပြုကြတယ်။

ဒါပေမယ့် အိမ်ထောင်ကျသူတိုင်းမှာ
မတော်မဖြစ်တော်လာရတဲ့
အိမ်ထောင်ဖက်ရဲ့အဖေအမေ
တော်စပ်ပုံအရ ယောက္ခမ/ထီး ဆိုတဲ့
ကိုယ်ကြင်ဖေါ်ရဲ့အဖေအမေဟာ
ကိုယ့်အဖေအမေလို့ဘဲသဘောထားကြရမှာဖြစ်သလို
တစ်ဖက်ကလဲ သမက် ချွေးမဟာ ကိုယ့်သားသမီး
လို့သဘောထားကြတာတွေလက်တွေ့လောကမှာ
အများကြီးရှိပါတယ်၊

ဒါကြောင့်မို့ အင်္ဂလိပ်တွေက
Parent in law,
Father in law,
Mother in law ,
Son in Law,
Daughter in law လို့ခေါ်ကြတာမလား။
ဒါပေမယ့် တကမ္ဘာလုံးကလူသားတွေဟာ
 အငြိမ့်က၊ သီချင်းစပ်ဆိုကြရင်
 ယောက္ခမ မကောင်းကြောင်း
သီချင်း စပ်ဆို ပျက်လုံးထုတ်ကြတာ ဘာလို့လဲ မသိဘူး။

ဒီ English oldies special song တစ်ပုဒ်လဲ
နားထောင်ကြည့်လိုက်ကြပါအုံး
ခင်ဗျားတို့ သဘောနဲ့
ဆန့်ကျင်ဖက်ဖြစ်ကြပါစေလို့မျှော်လင့်လျက်

ကျနော်ကတော့
 ယောက္ခမ/ထီး အားလုံးအား
အမြဲလေးစားချစ်ခင် ဂါရဝပြုလျက်ပါ။


Youtube ပေါ်က ဒီ သီချင်း ဗွီဒီယို နဲ့ပါတ်သက်တဲ့ Lyrics တွေရဲ့အောက်မှာဖေါ်ပြပေးထားတဲ့
comments အချို့ကိုကြည့်မယ်ဆိုယင် သူတို့တွေဟာ
သီချင်းအပေါ်မှာ သီချင်းလိုဘဲချစ်ခင်စွာ ခံစားကြကြောင်းသိနိုင်ပါလိမ့်မယ်။

MOTHER-IN-LAW
by Ernie K Doe
   
  CHORUS
C                                  Am 
mother-in-law, mother-in-law
Am     C                      Am   
mother-in-law, mother-in-law
   

Am  C                  Am     
 the worst person i know
Am         C                   Am 
mother-in-law, mother-in-law
Am C              Am 
 she worries me so
 Am          C                   Am 
 mother-in-law, mother-in-law
  

 Am                 F      
if she leave us alone
  F                       G                 
 we would have a happy home
  G                       C       
  sent from down below
 
 C                                   Am 
  mother-in-law, mother-in-law
  Am    C                      Am   
 mother-in-law, mother-in-law
   
   sin should be her name
   mother-in-law, mother-in-law
   to me they are about the same
   mother-in-law, mother-in-law
   
everytime i open my mouth
   then she tries to put me out
   how could she stoop so low
   
mother-in-law, mother-in-law
   mother-in-law, mother-in-law
   

SOLO

   i come home with my pay
   mother-in-law, mother-in-law
   she ask me what i made
   mother-in-law, mother-in-law
  
 she thinks her advice is a constitution
   if she would leave that should be the solution
   and don't come back no more
  
 my mother-in-law, mother-in-law.....

 Mother-in-Law


Toussaint

CAm
The worst person I know
G9CAm
Mother-in-law, mother-in-law
CAm
she worries me so
G9CAm
Mother-in-law, mother-in-law
CAm
If she leaves us alone
Dm7D7
we could have a happy home
D7G7
sent from down below
CAm
Mother-in-law, mother-in-law
G9CAm
Mother-in-law, mother-in-law
CAm
sin should be her name
G9CAm
Mother-in-law, mother-in-law
CAm
to me they're about the same
G9CAm
Mother-in-law, mother-in-law
CAm
every time I open my mouth
Dm7D7
she steps in, tries to put me out
Dm7G9
how could she stoop so low
CEmAm
Mother-in-law, mother-in-law
G9CEmAm
Mother-in-law, mother-in-law
CAm
come home with my pay
G9CAm
Mother-in-law, mother-in-law
CAm
she asks me what I make
G9CAm
Mother-in-law, mother-in-law
CAm
she thinks her advice is a contribution,
Dm7D7
but if she will leave that will be the solution
D7G7
and don't come back no more
CAm
Mother-in-law, mother-in-law
G9CAm
Mother-in-law, mother-in-law
CAm
sin should be her name
G9CAm
Mother-in-law, mother-in-law
CAm
to me they're about the same
G9CAm
Mother-in-law, mother-in-law
CAm
every time I open my mouth
Dm7D7
she steps in, tries to put me out
Dm7G9
how could she stoop so low
CEmAm
Mother-in-law, mother-in-law
G9CEmAm
Mother-in-law, mother-in-law

All Comments (51)
 

Wanted to know if your back to posting your amazing music? I know you said your sound card was not working... I enjoy all the original music like you have posted I would not change anything


+Jason Cruz Just shot a few records today. :)


We played this at my daughter's wedding, my new son in law and I danced to it with everyone having a blast and laughing! :)



Music used to be so cool.



Sounds funny now, to think that this was a number one hit, but it really was.  I'm 70 years old, and I know it was a really really big hit.


sounds like my mother yes im serious really its true


One of my favorites.


Number one song on the USS Midway, Far East Cruse 1961 ... brings back tons of memories. Thanks for postin'.



This is hilarious. Love it. 


I'm working on a song for my ex mother-in-law. It's called "Get off my porch, you fat old bitch!






Written by Allan Toussaint a genius from New Orleans


One of my favorites!


This is the old school Soul, as I knew it .{always called it the rougher Soul} but it still touches my soul.



Bass singer (Mother-inLaw) is Benny Spellman, who's big hit around the same time was "Lipstick Traces". And that's Dr. John (Mac Rebenack) playing the piano.

What a strange record! You put it down on the turntable to play "Wanted, 10,000.000 reward" but it plays Mother-In-Law instead. Look at 2:32 .

Also love the piano

Hi Phillip, this is a great classic by Ernie K-Doe, and it would be cool to hear the flip-side song on this 45 also...Friends, Lloyd.

Ha I posted a video of this song not that long ago. Nice clean copy!

Sounds good to me. Great song from Ernie, though Norn Nite doesn't list him in "Rock On". Thamks. I have it, but very old. What is the B side song that you want? I am a former DJ with about 5000 45's from 1950 to 1985 and 400+ albums, many originals. I play all on a 35 y/o JVC TT and Denon system, with over 40 y/o Magnaplaners, when those bramds were very new and still excellent in their sound. The system still sounds fantastic, as good as the day I got them. Rock on,. friend!

This is hysterical !! It was funny when were young but really did know too much about it;s implications but now, I'm rolling.

ONE OF THE BEST JUKE-BOX SONGS OUT THERE IN 1961.. EVERYBODY WAS SINGING THIS SONG.... )))

Love this! My Mom had me play it for my husband with a MEMO: "Never gonna be this kind" --LOL!! He had actually never heard it! WE LOVE IT! Bling Blinky of TEXAS is sharing it everywhere!

well.I still like that song a lot..came out year I graduated......from high school....

Important day to meet my son's girl friend today. Thank for sharing.

"Sin from down below" man tell me about it.


I have this single!!!!!! my old time favorite when I was 4 or something, haha! Now it sing just as good as them! yeah! love it!

@perryclouse1 Most of these were big records in their day. It was before my time but I remember my parents spinning these when I was a youngster.

i LOVE this tune!!! i got it BLASTING right now! :)