စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)
Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts
Tuesday, April 19, 2016
သဇင် တွေ ဝေစေချင်ချိန် ယမ်းငွေ့တွေ လှိုင် နေခဲ့တဲ့ လခြမ်းမြေ
တိုက်ပွဲတွေဖြစ်တိုင်း
ကိုးကန့်၊ ကချင်၊ ရခိုင်၊ ပလောင် တွေဟာ
အဆဲအဆိုခံကြရပေမယ့်
အံ့သြစရာတစ်ခုက
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာ
အကြီးဆုံးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့
အခွင့်အရေးကို လွတ်လပ်ရေးလို့ ပြောင်းမရေးယုံတမယ်
ချုပ်ထိမ်းထား ရွေးကောက်ပွဲတောင်လုပ်မရတဲ့
ဝတပ်ဖွဲ့ ဝနယ်မြေကို မသိယောင်ဆောင်နေကြပြီး၊
ထိလဲ မထိရဲကြပါဘူး။
တပ်လောဘီနဲ့
ထောက်ခံသူတွေဟာလဲ ဝေဖန်ရေးတောင်
မလုပ်ကြပါဘူး။
ဒါဟာ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို
ယုံကြည်သူတွေအတွက်
Model တစ်ခုဖြစ်လာစေခဲ့ပါတယ်။
နိုင်ငံရေး အရ တောင်းဆိုမှုနဲ့
လက်နက်ကိုင်လှုပ်ရှားမှု ပဋိပက္ခတွေမှာရော
နိုင်ငံရေး အင်အားကြီးအုပ်စုနဲ့
လက်နက်ကိုင် အင်အားစုကြီးနှစ်ခုစလုံးတို့ ရဲ့ ထောက်ခံသူတွေဆီမှာ
အဆဲအဆို အခံရဆုံးဟာ
ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့
ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေဖြစ်နေတယ်၊
ရခိုင်နိုင်ငံရေး အင်အား စုတွေ နဲ့ လက်နက်ကိုင်အင်အားစုတွေဟာ
၂၀၀၈ ဖွဲ့စည်းပုံ ၂၀၁၀ ရွေးကောက်ပွဲ ကာလ တွေမှာ မှ
ပေါက်ဖွါးရှင်သန် တဖန်ရှင်သန်လာကြတာပါ။
တိုင်းသားလူမျိုးတိုင်းမှာ.....
၁) ခွဲထွက်လိုစိတ်ရှိသူ၊
၂) ဖယ်ဒရယ် နဲ့ တန်းတူအရေးကို လွတ်လပ်တဲ့
နိုင်ငံရေး အင်အားစု တည်ဆောက်၍
နိုင်ငံရေးနည်းဖြင့် လှုပ်ရှား ဆောင်ရွက်လိုသူ၊
၃) ဖယ်ဒရယ်ပြည်ထောင်စု တစ်ခုဖြစ်လာဖို့
ပြည်မ နိုင်ငံရေးအင်အားစုကြီးနှင့်
ပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်မှု တိုးတက်မှု တပြိုင်ရမည်ဟု ယုံကြည်သူ
၎) လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ လွတ်လပ်ရေး သို့မဟုတ်
ဖယ်ဒရယ်ကို ရယူတောင်းဆို နိုင်လိမ့်မည်ဟ ယုံကြည်သူ
၅) ဘာဘဲဖြစ်ဖြစ်တက်လာတဲ့အစိုးရ ငါ့အစိုးရဟုယုံကြည်သူ
စသည်ဖြင့် ကွဲပြားစွာ ယုံကြည်မှုရှိကြပါတယ်၊
၎) အုပ်စုက လွဲရင် ဘယ်အုပ်စုကပိုများသလဲဆိုတာ
ဒေသ တစ်ခုချင်းစီက ၂၀၁၅ ရွေးကာက်ပွဲ ရလဒ်ကိုကြည့်ရင်
အကြမ်းဖျင်း သိနိုင်ပါလိမ့်မယ်
လက်ရှိ ရခိုင်ပြည်နယ်မှာ အမျိုးသားရေးတက်ကြွသည့် ၂)အုပ်စုနှင့် ၄)အုပ်စု
အားကောင်းလာသည်ကို
လွန်ခဲ့သောနှစ်ပိုင်းအတွင်း သိသိသာသာ တွေ့မြင်လာရသည့်အပြင်
၂၀၁၅ ရွေးကောက်ပွဲအပြီး အုပ်စု ၂) နှင့် အုပ်စု ၃) ကို
ယုံကြည်ကြသူတို့အကြား အုပ်စုတိုက်ပွဲက
၂၀၁၂ ဘင်္ဂလီအရေးအခင်းအပြီး စုစည်းမိနေသော ရခိုင် အသိုင်းအဝိုင်းအကြား
အလွန်တရာ အက်ကြောင်းထင်စေခဲ့ကာ လူငယ်မျိုးဆက်သစ် ဒေသခံတို့ကြား
အုပ်စု(၄) သို့တွန်းပို့စေသလိုဖြစ်စေခဲ့ပါသည်။
၎င်းအပြင်
ဝတွေ တပ်အင်အားတိုးချဲ့နိုင်မှု
စီးပွါးရေး ကို မိမိတို့ဒေသအတွင်း
မိမိတို့ဘာသာစီမံ လုပ်ဆောင်နေကြမှု
ထိုအပေါ် မြန်မာစစ်တပ်ရော၊
မြန်မာ့နိုင်ငံရေးအင်အားစုရော
ဘယ်သူမှ ဝိုင်းဝန်းဆဲဆို မထိပါးရဲကြမှုတွေကို၊
မြင်နေရတဲ့ ပြည်နယ်တိုင်းရင်းသားလူငယ်တွေရဲ့စိတ်ထဲ
ခံစားချက်တွေ များများလာကာ
ပါးစပ်နဲ့စကားမပြောကြခင်
ဝ လူမျိုးတွေလို တူကြီးတစ်လက်
ပိုင်ဆိုင်ထားမှ လူရာဝင် လေးစားမှု ရှိလာလိမ့်မယ် ဆိုတဲ့
အတွေးအခေါ် အခင်းအကျင်းပါဘဲ။
ရခိုင်ပြည်နယ်ဟာ
တစ်ခြားပြည်နယ်တွေနဲ့နိုင်းရင်
လွတ်လပ်ရေး ရပြီးချိန်ကစလို့
မူဂျာဟစ်သောင်းကျန်းသူကလွဲယင်
ရခိုင်လက်နက်ကိုင်လှုပ်ရှား အခြေစိုက်မှုဟာ
ကွန်မြူနစ်ဝါဒကို ယုံကြည်သည့်လက်နက်ကိုင်တော်လှန်ရေး
မြန်မာပြည်တဝှမ်း အားနည်းသွားပြီးနောက်ပိုင်း
မရှိသလောက်ပါ။
ဘေးမှာကပ်ရပ်ရှိတဲ့
ဘင်္ဂလားဒေ့ရှ် သာ အိန္ဒိယနဲ့အတူ လွတ်လပ်ရေးယူရာက
အရှေ့အနောက်ပေါင်းပြီးလွတ်လပ်ရေးယူကြတယ်၊
တစ်ခါ ဘင်္ဂလားင်္ဒေ့ရှ်ဆိုပြီးခွဲထွက်ကြနေတဲ့အချိန်မှာ
ရခိုင်အများစုဟာ ဝန်ထမ်းဘဝနဲ့
ပြည်ထောင်စုထဲမှာ စီးဝင်နေကြတာ
နှစ်ပေါင်း ၆၀ကျော်ခဲ့ကြပါတယ်။
ဒီအတွင်း မွေးဖွါးနှုန်းမြင့်မှု၊
တရားမဝင်ဝင်ရောက်လာမှုကို မျက်ကွယ်ပြုခဲ့မှု၊
ရခိုင်ပြည်နယ်အတွင်းပိတ်လှောင်ထားမှုတို့ကြောင့်
ရခိုင်တိုင်းရင်းသားတွေဟာ ဒီဝန်ထုတ်ကြီးနဲ့
ဖိသတ်ခံရမယ် ဆိုတဲ့ စိုးရိမ်မှုနဲ့ အခွင့်အရေးတန်းတူတောင်းဖို့၊
ဖယ်ဒရယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ဖို့ဆိုတာ
မတောင်းဆိုရဲသလောက်ဖြစ်ကာ၊
တပ်မတော်နဲ့ အစိုးရဝန်ထမ်းအဖြစ် အများဆုံးဝင်ရောက်ထမ်းရွက်ယင်း၊
ဥပဒေ ဘောင်အတွင်းနေထိုင်လိုသူကသာ အများစုဖြစ်ခဲ့ပါတယ်။
အင်္ဂလိပ်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်
ဆိုရှယ်လစ်ခေတ်တောက်လျောက် ကိုကြည့်လိုက်ရင်
ရခိုင်လူမျိုးအများစု နဲ့ ရခိုင်ပညာတတ်တွေဟာ၊
မြန်မာ့တပ်မတော်၊ မြန်မာ့နိုင်ငံရေး နဲ့ ဝန်ထမ်းလောကမှာ
ပါဝင်ပူးပေါင်းမှုအရှိဆုံး တိုင်းသားလူမျိုးဖြစ်ကာ၊
ကျည်ဆံသံ သေနပ်ပစ်သံ အတိတ်ဆုံး ပြည်နယ် တစ်ခုပါ၊
ဒီလေးငါး ခြောက်နှစ်အတွင်း ရခိုင်လူငယ်တွေ ကြားထဲမှာ
ဘာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးအတွေးတွေ
ဝင်လာရသလဲ အားကောင်းလာရသလဲ၊
နယ်စီးပွါးရေးဖြစ်ဖြစ်မြောက်လုပ်
အားကိုး၍ ယုံကြည်၍ ရပ်တည်၍ မရတဲ့
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်နေ၍
အခြေချ ထူထောင်ရန် ခက်ခဲသည့်တိုင်အောင်
ကချင်ပြည်နယ်တွင်ထူထောင်၍ အင်အားစုစည်းမှုရှိလာကာ
ယခုအခါ ရခိုင်ပြည်နယ်တွင်း အခြေချရန်ကြိးစားလာယင်း
မည်သည့် အတွက်ကြောင့်
ယခုအခါ သေနပ်သံတွေ ဆူညံလာရသလဲ
သေချာစွာသုံးသပ်ကြည့်ရင်
ရခိုင်ပြည်နယ်ဟာ၊ တဖက်က လူမျိုးရေးအရ ဝါးမျိုလာတဲ့ဒဏ်အောက်မှာ
ခိုကိုးရာမဲ့ အရှုံးပေးရခါနီးလာပြီလားဆိုသည့် စိုးရိမ်စိတ်၊
( ဒါကြောင့်လဲ မိမိတို့ identity ကို ကုလားနဲ့ ဗမာကြားပျောက်ပြယ်
မသွားအောင်ထိန်းသိမ်းလိုကြတဲ့အတွက်
လူမျိုးချင်းသွေးသားအရမရောနှောရအောင်
ထိမ်းသိမ်းမှုမှာ ပိုမို Aggressive ဖြစ်မှုရှိခဲ့ပါတယ်၊
ဒါဟာ အာဏာမဲ့ အကာအကွယ်မဲ့နေတဲ့
အစိုင်အလာ ယဉ်ကျေးမှုရှိခဲ့တဲ့ လူမျိုးတမျိုးအတွက်
နောက်ဆုံး အကာကွယ်ဖြစ်နေတယ်လို့
ယုံကြည်နေကြတဲ့အတွက်
ဆိုတာ နားလည်မှုပေးရပါလိမ့်မယ်။)
နိုင်ငံရေး အာဏာ
ပါဝါ အာဏာ ကို ဆုပ်ကိုင်ထားသူ များ၏
လူမျိုးရေး ဘာသာရေး စီးပွါး နိုင်ငံရေး ပေါ်လစီ
ဈေးကစား လိုမှုအောက်မှာ ပြားပြားဝပ်ခံနေရပြီဟု မြင်လာခြင်း၊
မြန်မာနိုင်ငံ၏ အရှေ့ နှင့်မြောက်ဖက်တွင်၊
ဝ လက်နက်ကိုင်၊ ကချင်လက်နက်ကိုင်တို့၏
လွတ်လပ်နယ်မြေတည်ဆောက်နိုင်မှု
မိမိဖါသာ မိမိ ကိုယ်ပိုင်စီမံခွင့် တစိတ်တပိုင်း ရရှိလာခြင်းကို
model တစ်ခုအဖြစ်မြင်တွေ့နေရခြင်း၊
၂၀၁၂ ဘင်္ဂလီ အရးအခင်းဖြစ်လာမှု၊
ဆင်းရဲ မွဲတေ၊ အလုပ်အကိုင်ရှားပါး၊
သံယံဇါတ ထွက်ရှိမှုမှ အကျိုးခံစားခွင့်
မရှိမှုတို့ကိုတွေ့မြင်ကြားသိလာကြခြင်း
စသည်တို့က
လူငယ်အများစု၏ စိတ်တွင်
ခံစားနာကျင်မှုများကို များပြားစေလာသလို၊
ရခိုင်နိုင်ငံရေးအင်အားစုများ အစည်းပြေကာ
ဖြိုခွဲ ရိုက်ချိုးခံနေရမှုများ တိုင်းရင်းသားအချင်းချင်း
ဆဲဆိုအမုန်းပွါးလာရခြင်းများက ပိုများလာကာ
လူငယ် ဒေသခံ တို့ကြားတွင်
လက်နက်ကိုင်လမ်းစဉ်သည်သာ
နောက်ဆုံးအဖြေဆိုသော
လမ်းကြောင်း သို့တွန်းပို့ခံနေသလိုဖြစ်ယင်း
ရခိုင်လက်နက်ကိုင် အင်အားစုဟာ
ဤ နှစ်ပိုင်းအနည်းငယ်အတွင်း
ပေါ်ပေါက် အင်အားတိုးလာကာ
ရခိုင်တွင်စတင်အခြေချရန် ကြိုးစားယင်း
ရခိုင်ရိုးမ၏ သာယာလှသော
တောင်တန်းများပေါ်တွင် ယမ်းသံ ပေါက်ကွဲသံများ နှင့်
သွေးရောင်လွှမ်းလာရခြင်းကို
စိတ်မကောင်းစွာ တွေ့မြင်နေရပါသည်။
နောက်ထပ် နိုင်ငံရေး အင်အားစုများအား
နိုင်ငံရေးအင်အားကြီးများက အားအင်ချိနဲ့အောင်လုပ်
လက်နက်ကိုင် တပ်မတော်မှလည်း
လက်နက်ကိုင် အင်အားစုများအား အမြစ်ပြတ်ချေမှုန်း ပစ်မည်ဟု
သဘောထားဖြင့် ဆက်လက်သွားနေမည်ဆိုပါက
ယမ်းငွေ့သံများ၊ တောင်ဖက်မှ ကြားလိုက်၊
အရှေ့ဖက်မှ ကြားလိုက်၊ မြောက်ဖက်မှ ကြားလိုက်၊
အနောက်ဖက်မှ ကြားလိုက်နှင့် ကြားနေရမည်ဆိုပါက
မိမိ စိတ်တွင် လည်း ဆဲဆိုသံ သေနတ်သံများကိုငြိမ်း ငွေ့လာသဖြင့်
အောက်ပါ အတွေးများ ဝင်လာရပါသည်။
ငါ့တို့ အဖိုးတွေ အဘွားတွေ၊
ဘာဖြစ်လို့ ဘရူနိုင်းလို နောက်ချန်ပြီး ၁၉၈၂ မှာ
လွတ်လပ်ရေးမယူခဲ့ကြတာပါလိမ့်
ငါတို့တွေ ဘာဖြစ်လို့ ဘာသမိုင်းအစဉ်အလာမှမရှိတဲ့ စကာင်္ပူလို
မလေးနဲ့အတူ လွတ်လပ်ရေးယူပြီးမှ
၇နှစ်အကြာမှာ နိုင်ငံရေးနည်းဖြင့် ခွဲထွက်တောင်းဆိုခွင့်မရှိရတာလဲ၊
ဘာဖြစ်လို့ ပြည်ထောင်စုဆိုတဲ့ စကား၊
ညီနောင်တိုင်းရင်းသား ဆိုတဲ့စကား ထပ်တလဲလဲပြောပြီး၊
နှစ်ပေါင်းခြောက်ဆယ်ကျော် ဆဲဆိုနေ ငြင်းခုံနေကြရသလဲ၊
ဘာဖြစ်လို့ ပြည်ထောင်စုပြိုကွဲမယ်လို့ စိုးရိမ်ကြသလဲ၊
အမွေခွဲပြီး ကိုယ်စီးပွါးကိုယ်လုပ်ကြရင်း၊
မလေး၊ စကာင်္ပူ၊ ဘရူနိုင်းလို ကူးလူးဆက်ဆံ
ပြည်သူချင်း ချစ်ကြည်ရင်းနှီးစွာ အိမ်ခွဲ ဆင်းတဲ့
မောင်နှမတွေလို နေ၍ မရဘူးလား၊
ဘာကို စိုးရိမ်ကြသနည်း၊
မိသားစု ညီအစ်ကိုမောင်နှမတွေတောင် အချိန်တန်ခွဲကြရတာဘဲ၊
မိဘချမ်းသာတိုင်းလဲ သားသမီးတွေ အမွေမခွဲဘဲ
မနေနိုင်ကြဘူးဆိုတာ နားလည်ကြရပါလိမ့်
Globalization ကို တကယ်ယုံကြည်တယ်ဆိုရင်
တကမ္ဘာလုံး တနိုင်ငံထဲဖြစ်အောင် Merge လုပ်ကြည့်လို့
ရမလားအယင်တွေးကြည့်ပါ
ကျနောက ပိုတောင်ကြိုက်ပါသေးတယ်၊
လူတွေအားလုံးဟာ သောတာပန်အဆင့်ဖြစ်အောင်
ဘုရားသော်မှ မတတ်နိင်၍
လောဘဒေါသ မောဟ တွေနဲ့ရှုပ်ထွေးနေအုံးမည့်
လူဦးရေ အဆမတန်များပြားလာသည့် ကမ္ဘာကြီးမှာ
စီမံမှုကလည်း ညံ့ဖျင်း မသေချာ အခြေအနေမှာ
ရှိနေ တုန်း ဘဲ ဆိုရင်တော့
ပြည်ထောင်စု ဆိုတာ ခဏ မေ့လိုက်၍
စီးပွါးခွဲကြခြင်းက ပိုနိုင်နိုင် နင်းနင်း ရှိမလား၊
ဒါမှာ တော်တဲ့ ပြည်နယ်စံ၊
ညံ့တဲ့ပြည်နယ်ကျန်
ကိုယ့်အရည်အချင်း နဲ့ကိုယ်သွားကြခြင်းက
ဘဝ တန်ဖိုးပိုသိ၊
လောကဓံကို ရင်ဆိုင်၊
မိမိကိုယ်ကို ခိုင်မာအောင် ရပ်တည်ဖို့ကြိုးစားခွင့်ရ
လူဖြစ်လာကြနိုင်ပေလိမ့်မည်။
ပြည်ထောင်စုအတွင်းအတူတူနေကြမယ်ဟေ့လို့ ယုံကြည်ရင်
ဒီတိုင်းရင်းသားတွေမှာ ခွဲထွက်ပိုင်ခွင့်လည်းအပြည့်
ရှိတယ်ဆိုတာ လက်ခံယုံကြည်ပြီးမှ၊
ခွဲမထွက်အောင် ငါတို့အတူတူ
ဘယ်လိုတည်ဆောက်ကြမလဲ လို့
ရင်ဘက်နဲ့ ဆွေးနွေးကြရပါလိမ့်မယ်၊
ငါအကောင်းဆုံးလုပ်ပေးမှာ
ငါ့စကားနားထောင်ကြဆိုတာတာ
မူလတန်း အထက်တန်း စာသင်ခန်းက
ကျောင်းသားတွေကိုဘဲ
ပြော၍ ရပါလိမ့်မယ်၊
ဒီလိုပဲ သေနတ်ပြ ခြိမ်းခြောက်ထား၍လည်း
ရေရှည်သွား၍ မရသည့် သင်ခန်းစာ ရှိခဲ့ပြီးကြပါပြီ၊
လက်တွေ့ဘဝ နဲ့သာ ရင်ဘတ်ချင်းလေးစား
ရှေးစခန်းသွားကြရပေလိမ့်မည်။
Thursday, April 7, 2016
" Down grade လုပ်ပီးပါ "
၁၉၂၀ လောက်ကပင်
အင်္ဂလိပ်နဲ့ ဗမာကြား ဟုမ်းနဲ့ရူး တိမှာ
ဦးဥတ္တမလဲ အဆဲခံရ၊
ဦးမေအောင်လဲ အဆဲခံရ နှစ်ဖက်စလုံးက မလွတ်
ဆာပေါ်ထွန်းလေ့ သမိုင်းမှာ မှတ်တမ်းကောင်းမတင်ခံရ
အားလုံးပြည်ကြီးတစ်လုံးအတွက်အလုပ်လုပ်ခကတ်စွာ
ICS တိလဲတစ်ပုံ
ရွှေတံဆိပ်ရ ဦးချန်ထွန်းလေ့ပါယင့်
ဦးအောင်ဇံဝေ လဲ ရဲဘော်ကိုထွေးလောက်တောင်
သုံးမရခပိုင် ဖြစ်ခရကတ်စွာရေ
တိုင်းပြည်အရေးက ရခိုင်နယ်အရေးထက်အရေးကြီးရေ
ထင်ခကတ်စွာအယူအဆကြောင့်ဖြစ်တေ။
ယင်လူတိရာ ခေတ်အဆက်ဆက်
ရခိုင်အရေးကိုရာ စိတ်နှစ်လို့ ဦးဆောင်ခကတ်ကေ
ရခိုင်ပြည်အောက်ဆုံး နံပါတ် ၂ မှာရှိနီလီဖို့မထင်
အဂုတော့ကာ ရှိရေလူနဲ့
ဝန်ကြီးတောင်းလိုက် အဆဲခံရလိုက်
ဟိုတောင်းလဲအဆဲခံရ
ဒေတောင်းလဲ အဆဲခံရ
ကိုယ့်အချင်းချင်း လဲ ခွဲရေးတွဲရေးနဲ့ ထသတ်ကတ်
ကိုယ် ရန်ကုန်မှာနီ နိုင်ငံခြားမှာနီပြီးကေ
ငရို့လူတိလုပ်လို့မရပါသိဝေ သုံးမရကောင်တိ
လုပ်နီကတ်စွာရာလို့အထင်သေး
သူများလုပ်ပီးမှ အောင်မြင်ဖို့လို့ အထင်ကြီးရေ
လူတိကလဲဝင်လက်ညှိုးထိုး ဝင်ဆဲ
ဒေပိုင်နဲ့ ဆဲဂျီးဆဲနီကတ်လို့
မထူးဗျယ် ဖြစ်တေအတွက်
ရှိဆက် ဒေအတိုင်းနီလဲ
ဆဲနီကတ် မုန်းနီကတ်ရဖို့စွာဗျယ်
ဝ လူမျိုး တိ အဆဲခံရစွာ ကြားရရေ လို့ တခါလေ့ မရှိ မကြားဖူး၊
စလုံးက မလေးနဲ့
မလေးက မလေးတိ နဲ့ လဲ နိုင်ငံကွဲလခကေလေ့
ကကောင်းချစ်ကတ်လို့
ယူကတ်လိုက် ထိုကူး ဒေကူး
ကူးလိုက် လုပ်နီကတ်ယင့်
ကိုယ့်စီးပွားနဲ့ ကိုယ် အမွီခွဲထွက်မှ ရာ
မောင်နှစ်မ အချင်းချင်းတောင်ချစ်ကတ်စွာများရေ
ဆက်ပေါင်းနီကေလေ့ ဆင်းရဲရဲ ချမ်းသာသာ
ဆက်ဆဲနီကတ်ရဖို့စွာဗျယ် ဆိုစွာကို
နှစ်စ်ဖက် သဘောပေါက်ဖို့ကြိုးစားရဖို့ဗျယ်၊
စကာင်္ပူ၊ ဘရူးနိုင်းနိုင်ငံရို့ လူမျိုးတူကေလေ့၊
ရေမြေအခြေအနေ မတူရေ အတွက်
မိမိရို့ ကိုယ့်စွာကိုယ် ခွဲထွက် ထူထောင်ခြင်းက၊
အမုန်းဆက်မပွါးဘဲ နှစ်ဖက်စလုံးအတွက် တိုးတက်ဖို့
နဲ့ ညီအကိုနိုင်ငံတိပိုင် ဆက်လက်ချစ်ခင်နီနိုင်ဖို့လို့ ဆိုရေ
Strategy နဲ့ လီကွမ်ယူရို့ပိုင် နိုင်ငံရေးနီးနဲ့
ခွဲထွက်ခွင့်တောင်းလားမှ
အဆင်ပြေဖို့ဗျယ်ထင်ယင့်
ဖွဲ့စည်းပုံနဲ့ပြောနီကတ်ဖို့ဆိုကေ
လူမျိုးကြီးရှစ်ခု(လူမျိုးစု ၁၃၅စု) တိညှိလို့
ဖယ်ဒရယ် မိုဒယ်တစ်ခုဖြစ်လာအောင်စောင့်ဖို့က
ဘုရားနောက်တစ်ဆူပွင့်အောင်ရာ စောင့်ရဖို့လို့ထင်ဗျယ်
အေ ထီးအောက်က ဆက်နီလို့ မှေးလိုက်ကတ်စွာ
အကောင်းဆုံးထင်နီကတ်ကေ
ပါတီလဲ ဖွဲ့နီစရာမလိုဗျယ်
အမ်အယ်လ်ဒီ ထဲဝင်ကေဝင် မဝင်ကေ
ယင်းသူရို့ စစ်တပ်ထဲရာဝင်လီကတ်ဖိ
ရခိုင်စကား ရခိုင်စာလေ့
အခုထဲက ပြောနီဖို့မလိုဗျယ်
မဟုတ်လဲ အချိန်တစ်ခုကြာကေ
ပျောက်လီဖို့ဖြစ်တေအတွက်
ယင်းသူရို့စကားရာ ကျင့်ကတ်ဖိ
မဟုတ်ကေ တော့ ရခိုင်အချင်းချင်းလဲဆဲကတ်
ထိုသူရို့နဲ့လဲဆဲ ကတ်ရ
ဆဲချည်း ဆဲနီကတ်ရလို့
ပွဲလေ့ ပြီးလီဖို့ မဟုတ်ပျယ်
အေပိုင်ပြော လို့
နိုင်ငံရေးသမားမထင်ကတ်ပါကေ့ ရိုးရိုး ရခိုင်သားပါ
အမှားပါကေ တောင်းပန်ပါယင့်
အချိန်မကျသိမ့်ထင်ကေ တောင်းပန်ပါယင့်
2016~20 ကာလ
ပြည်နယ် model အသစ် ကတော့ကေ
ဒိုင်းခွက်ကြီးကိုင်လို့ ဇါပုံစံဖြစ်လာဖို့ လဲ ဆိုစွာ
ရခိုင်သားတိ ငြင်းခုံ ယင်း ပွဲကြည့်နီကတ်ရဖို့ဗျယ်ထင်ယင့်
ရုပ်ရှင်အကယ်ဒမီပီးပွဲမှာတော့ကေ
ဇါတ်ဆောင်နဲ့ ဇါတ်ပို့ ငြင်းကတ်ခုံကတ်တေကြားမှာ
မင်းသာနေတိုး ဇာတ်ဆောင်ဆု အကယ်ဒမီ မငြင်းဘဲ ရလိုက်တေ၊
ဒီမိုကရေစီရုပ်ရှင် ဇာတ်ဆောင် ဇါတ်ပို့ ငြင်းနီကတ်တေကြားမှာလေ့
လဆိုးနေရာကဆိုဆို လဘောနေရာက ပဲ ဖြစ်ဖြစ်
ဇါနီရာကပင်မဆို ဟီးရိုးနေရာကမဟုတ်ကေလေ့
ရခိုင်ပြည် အကယ်ဒမီ တစ်ဆုလောက်
ဇါတ်ဆောင်/ဇါတ်ပို့/ ဓါတ်ပုံ/ တစ်ခုခု
( ဇါတ်ညွှန်း၊ ဒါရိုက်တာ၊ဇါတ်ကားဆုတိ ကတော့ မဖြစ်နိုင်ထင်ပါယင့်)
ရနိုင်ပါဇီ လို့ မျှော်လင့်ရဖို့လား မသိဗျယ်
ပြည်နယ်ပီး ထားရေဆိုပီးကေ
ထိုတောင်းကေလေ့ဆဲ
ဒေတောင်းကေလေ့ဆဲ၊
အချင်းချင်းလေ့ဆဲနဲ့ အဆဲသံသရာကြားမှာ ဖပြားဝတ်နီဗျယ်၊
အစိုးရတိုင်းကတော့ကေ အချိန်မကျသိဂျီးဗျယ် ပြောခဂတ်စွာဗျယ်
၁၀နှစ်ပြည့်လို့ မကျေနပ်ကေ ခွဲထွက်ကတ်လို့
လက်ထဲအာဏာမရှိသိဘဲ ချင်း၊ ကချင်၊ရှမ်း ကို
ကျန်တိုင်းသားတိရှိမှောက်မှာ
ဂတိပီးခ ဝံ့ရေ ပြည်မခေါင်းဆောင်ဆိုလို့
ဦးအောင်ဆန်းတစ်ယောက်ရာရှိရေ၊
သူလဲ ဂတိတည်ဖို့မရခင်
ဘဝ ပြောင်းလားခရရေ၊
ယင်းနောက်ပိုင်းမှာ တစ်ယောက်လေ့
စကားအဖြစ်တောင် မပြောဝံ့
ရခိုင်သားတိလေ့ အဂုအချိန်မှာ
လီကွမ်ယူ ပိုင် ပြတ်ပြတ်သားသား လူမျိုးတူတူ မတူတူ
ရီမြေ အနေအထားအရ
ကိုယ့်စွာကိုယ် ထူထောင်ချင်လို့
ကိုယ့်စီးပွါး ကိုယ်လုပ်နိုင်ဖို့ယုံကြည်လို့
ခွဲထွက်ချင်ပါရေပြောခီကေ
ဆဲတောင်မက သနတ်နဲ့ဘာ အနက်ခံရဖို့လားလို့
ကြောက်စိတ်ဝင်နီကတ်ရရေခါ
ပြည်နယ်လေ့ မလိုချင်ပါဗျယ်၊
ရွီးကောက်ပွဲလဲ မလိုချင်ပါဗျယ်၊
ပြည်နယ်ဝန်ကြီးချုပ်လဲ မလိုချင်ပါဗျယ်
အဆဲလေ့ မခံချင်ပါဗျယ်၊
ရန်ကုန်မှာ အအီးဆဆီးနီရေ
ရခိုင်တိလေ့ ပြည်မသားတိဘားမှာ
အဆဲမခံရ အရှက်မရ ကတ်အောင်
ပြည်နယ်လဲမဟုတ် ရွီးကောက်ပွဲလဲ မဟိ၊
ဝန်ကြီးချုပ်လဲ ခန့်စရာ မလိုရေ ၂၀၀၈ စာအုပ်ထဲက
ဝ ဒေသ လောက်အဆင့်ဖြစ်တေ၊
ဝ ဒေသ နဲ့ တန်းတူညီမျှ ဝါဒဖြူစင်
ကိုယ်ပိုင်အုပ်ချုပ်ရေးဇုံရာ............. လျော့ပေါ့ပီးပါဖိလို့
တောင်းကတ်ရဖို့ဗျယ်လားမသိ။
Sunday, February 21, 2016
နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ - Twilight Over Burma
ဒီအကြောင်းကြားဖူးခဲ့ပေမယ့်
အသေးစိတ်မသိခဲ့ပါဘူး
စာအုပ်ဖတ်ဘူးမှာ သာ သိရပါတယ်၊
ခုတစ်ခါ သီချင်းလဲ ပေါ်လာတယ်
ရုပ်ရှင်အဖြစ်လဲ မကြာခင်ရှု့စားရတော့မယ်ကြားပါတယ်၊
မြန်မာ့နိုင်ငံရေးရဲ့ အမှောင်လွှမ်းခဲ့တဲ့နေ့များထဲက
ပြည်ထောင်စုတိုင်းရင်းသားတို့ရဲ့ (၁၃၅ မျိုးလုံးကို ဆိုလိုပါတယ်)
ဝမ်းနည်းစရာ ဘဝဇါတ်လမ်း တစ်ပုဒ်ပါဘဲ
ဘယ်တော့များ လပြည့်ဝန်းသာပြီး
လေပြေညှင်းတိုက်ခေတ်တဲ့ တောက်ပတဲ့နေ့တွေမှာ
ပြည်ထောင်စုသားအားလုံး
ပျော်ရွှင်စိတ်ချမ်းမြေ့စွာနေကြရမယ့်နေ့ရက်တွေ
ခေတ်တစ်ခုပြောင်းတိုင်းပြောင်းတိုင်းနီးလာပြီဟ ဆိုတဲ့
မိုးသောက် နိုးတစ်ဝက်အိမ်မက်တွေ ဟာ
ဒီမနက်အာရုဏ်နေ့တွေမှာလဲ
အမှန်ဖြစ်ပါစေသားလို့ မျှော်လင့်နေဆဲပါ........
စာအုပ်ဖတ်နိုင်မယ့် link အချို့နဲ့
Twilight over Burma နဲ့ပတ်သက်တဲ့ ရေးသားထားမှုအချို့ကို
စိတ်ဝင်စားတဲ့ မိတ်ဆွေအချို့ ဖတ်ဖို့ ဝေမျှလိုက်ပါတယ်။
https://www.youtube.com/watch?v=WgQkn52S4V4
Thursday, January 21, 2016
သမတ ရောဂါ ပြည်နယ်ဝန်ကြီးချုပ်ရောဂါ ဗဟိုအစိုးရရောဂါ ၊ ပြည်နယ်အစိုးရရောဂါ နိုင်ငံတော် အာဏာရောဂါ ပြည်နယ်အာဏာပိုင်ဆိုင်ခွင့်ရောဂါ အားလုံးတူတူပါ။
တပြည်လုံးအတိုင်းအတာဖြင့်
ပြည်ထောင်စုအဆင့် နိုင်ထားသော ပါတီတစ်ခုဟာ ပါတီလုပ်ထုံးလုပ်နည်း
(ဗဟိုဦးစီစံနစ်ကျင့်သုံးသည့်ပါတီ၊ အာဏာရှင်ဆန်သည့်ပါတီ၊
ဒီမိုကရေစီနည်းလမ်းဖြင့်သွားသည့်ပါတီ စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်)
လက်ရှိဖွဲ့စည်းပုံအရ သမတကို စွပ်စွဲအပြစ်တင်စရာမရှိသော
မြန်မာနိုင်ငံသား တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသော
မြန်မာနိုင်ငံသားဖြစ်သူ ကို
စိတ်ကြိုက်ရွေးခွင့်ရနေသလို
ပြည်သူ့လွှတ်တော်ဥက္ကဌ ဒုဥက္ကဌ
အမျိုးသားလွှတ်တော် ဥက္ကဌ ဒုဥက္ကဌ များအားလည်း
စိတ်ကြိုက်ရွေးခွင့်ရနေပါသည်။
ပါတီ၏ ပေါ်လစီ၊ ဆုံးဖြတ်ချက်မှတ်သည့်လုပ်ထုံးလုပ်နည်းပေါ်မူတည်၍
မိမိပါတီထဲမှလူကို ရွေးမလား ပါတီ ပြင်ပမှ ရွေးမလားဆိုတာ
အနိုင်ရပါတီအပေါ်တွင်သာမူတည်သည်။
ပြည်နယ်ဝန်ကြီးချုပ်ဆိုသည်မှာလည်း ဖွဲ့စည်းပုံထဲတွင် သမတမှ ရွေးချယ်၍
ပြည်လွှတ်တော်တွင် အပြစ်အနာဆာမပြနိုင်က ကန့်ကွက်၍ မရဘဲ
အတည်ပြုပေးရသည့်သဘောရေးထားသည်။
သမတကိုလည်း သမတလောင်းသုံးဦးထဲမှ
လွှတ်တော်တွင်မဲခွဲ အတည်ပြု သမတတစ်ဦးရွေးရမည်ဆိုရာ
အနိုင်ရပါတီလွှမ်းမိုးထားသောလွှတ်တော်အတည်ပြုချက်သည်
လက်တွေ့တွင် ပါတီ၏ သဘောအတိုင်းသာပင်ဖြစ်သည်။
ပါတီများမှ ရွေးချယ်ခံသည့် သမတလောင်းကိုလူထုမှ
တိုက်ရိုက်ရွေးချယ်သည့်စံနစ်မဟုတ်ပါ။
ဒါကြောင့်မို့ အထက်ပါ ရာထူးတိုင်း ကို ဖွဲ့စည်းပုံပါ စည်မျှဉ်းအောက်မှ
လွှတ်တော်၏တစ်ဝက်ကျော်အနိုင်ရထားသောပါတီမှသာ
စိတ်ကြိုက်ရွေးချယ်နိုင်ပါသည် ဟု ဆိုလျင် မှားမည်မထင်ပါ။
ထို့ကြောင့် ဤနေရာတွင်ပြောလိုသည်မှာ
ပါတီကြီးများ၏ အတွင်းသဏ္ဌန် နှင့် မူဝါဒ ပင်ဖြစ်သည်
မည်သို့ခံယူချက်ထားသည့်ပါတီမျိုးနည်း ပါတီကြီးများလောက်သာ
မြန်မာ့နိုင်ငံရေး ပြည်ထောင်စု နိုင်ငံရေးကိုအပြည့်အဝ
ထိမ်းချုပ် အုပ်စိုးလိုသလား၊ တိုင်းရင်းသားပါတီများကို ဘယ်လောက်ဘဲ
တိုင်းရင်းသားပြည်သူများ ထောက်ခံမှုရရ
လွှတ်တော်အသီးသီး၌ အသံတစ်ခုကြားနေထွက်နေယုံသာ
ပေးထားလိုသည့် ခံယူချက်ထားကာ
မိမိပါတီအောက် ဝင်ရောက်လုပ်ကိုင်သည့် တိုင်းရင်းသားများကိုသာ
အသိအမှတ်ထားဦးဆောင်စေချင်သလား
တကယ့်ဒီမိုကရေစီနှင့် ဖယ်ဒရယ်၏အနှစ်သာရပေါ်လွင်အောင်
လုပ်ဆောင်ပေးလိုသည့် ခံယူချက်မျိုးထားသလား
စသည့် မူဝါ ဒ အပေါ် မူတည်၍
ဖွဲ့စည်းပုံထဲတွင် ထည့်သွင်းအသေးစိတ်မပါဝင်သည့် အတွက်
လုပ်ဆောင်နိုင်မှုများဖြစ်သည့်
အောက်ပါအချက်များကို ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရ ဖွဲ့ရန် ပါတီစိတ်ကြိုက်
ဖွဲ့စည်းပုံဘောင်ထဲမှလုပ်နိုင်သည်သာဖြစ်သည်။
သမတရာထူး
၁) အနိုင်ရပါတီသည် ဒုသမတ နှစ်ဦး ရွေးချယ်ပြီးထဲမှ
ထိုနှစ်ဦးထဲမှ သမတ ကို ကြိုတင်သတ်မှတ်ရွေးချယ်ထားကာ
မိမိတို့ကိုယ်စားလှယ်များမှ လွှတ်တော်ထဲတွင် မဲပေးအတည်ပြုနိုင်သည်။
၂) သမတ ရာထူးအတွက် ပါတီတွင်းကြိုတင်ညှိနှိုင်းရွေးချယ်မထားဘဲ
ဒုသမတနှစ်ဦးသာကြိုတင်ရွေးချယ် ပေးထားကာ လွှတ်တော်ထဲကျမှ
တပ်မတော်မှ ရွေးချယ်သော ဒုသမတ နှင့်အတူ
လွှတ်ကိုယ်စားလှယ်အားလုံးကိုလွှတ်လပ်စွာ
မဲပေးပိုင်ခွင့်ပြုလျင်လည်းဖြစ်၏။ ပါတီ ပေါ်လစီပေါ်တွင်သာမူတည်၏။
ပြည်နယ်ဝန်ကြီးချုပ်
၁) အနိုင်ရပါတီသည်
သမတအားလွတ်လပ်စွာ ပြည်နယ်တိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ခိုင်း၍ရသည်။
၂) အနိုင်ရပါတီမှ ပြည်နယ်ဝန်ကြီးချုပ် ရာထားသူကို သမတအား သဘောတူခန့်အပ်စေ၍ရ၏
ပါတီသည် သမတကို မိမိစိတ်ကြိုက်ရွေးခွင့်ရှိနေ၍ဖြစ်၏။
၃) အနိုင်ရပါတီ သက်ဆိုင်ရာပြည်နယ်၌ နေရာ အများဆုံး အနိုင်ရပါတီ တစ်ခုကို တာဝန်ပေးအပ်၍
ရွေးချယ် တင်ပြကာ မိမိတို့အတည်ပြုချက်နှင့် လည်းရွေးချယ်စေနိုင်၏။
၎) အနိုင်ရပါတီသည် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို တပ်မတော်ဖက်မှ ရွေးချယ်စေကာ
ပါတီနှင့် သမတမှ သဘောညီစေ၍လည်းရ၏။
၅) အနိုင်ရပါတီ ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ပြည်နယ်တွင်းအများစုအနိုင်ရ ပါတီနှင့်
မိမိပါတီ တို့မှ တစ်ယောက်စီရွေးချယ်စေကာ
ပြည်နယ်လွှတ်တော်ပြင်ပတွင် ပါတီများ ကြား ညှိနှိင်းအစည်းအဝေးခေါ်၍
သင့်တော်ပြီး အရည်အချင်းပြည့်ဝသူတစ်ယောက်အား ကိုယ်စားလှယ်များထဲမှ
အားလုံးလက်ခံနိုင်သူတစ်ယောက်အား ရွေးချယ်ကာ
ပါတီနှင့်သမတ မှ သဘောတူညီမှုယူ၍လည်းရ၏ ။
မရှိမဖြစ်လိုအပ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်ရမည် ဆိုထားမှုသာဖြစ်သည်။
အများသဘောညီသည့် ဖယ်ဒရယ် စစ်စစ် ပိုမို ဒီမိုကရေစီဆန်သော
ဖွဲ့စည်းပုံ တစ်ခု မရေးဆွဲနိုင်သေးခင်မှာ
လက်ရှိ ဖွဲ့စည်းပုံဘောင်ထဲမှ ပင် ပြည်နယ်တိုင်းရင်းသားတို့အတွက်
ပိုမို ဒီမိုကရေစီကျနိုင်မည့် မူဝါဒ တစ်ခုကို ပြည်ထောင်စုအတိုင်းအတာဖြင့်
အနိုင်ရ အစိုးရဖွဲ့ခွင့်ရကြသော ပါတီကြီးများအနေဖြင့်
ဗဟိုဦးစီးမှုကို အ လျော့အတင်းလုပ်ကာ ယုံကြည်မှု ပိုမိုပေး၍
စဉ်းစားလုပ်ဆောင်ကြမည်ဆိုလျင်
ပိုမို စည်းလုံးခိုင်မာသော ပြည်ထောင်စုနိုင်ငံတစ်ခုကို
နောက်ထပ် နှစ် ၆၀ စောင့်စရာ မလိုဘဲ မဝေးသော အနတ်ဂါတ်
တွင် တည်ဆောက်လာနိုင်ပေလိမ့်မည် ဟု ထင်မြင်မိပါသည်။
အမြင်ချင်းကွာဟသွားကြတိုင်း
ငါက ကျန်စစ်သား မင်းကဘယ်သူ
မင်းက ငဆ၊ ငါကဘယ်သူ
ငြင်းခုံစွပ်စွဲ အပြစ်တင်ဆဲဆိုနေကြမှုထက်
မဲဆန္ဒရှင် ပြည်သူတိုင်းဟာ နုနယ်လှသော
ဘောင်ခေတ်ထားမှုများရှိနေသေးသော
မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုအောက်မှ
နိုင်ငံရေးအင်အားစုများ ကြား
ယုံကြည် ညှိနှိုင်းဆောင်ရွက်မှုများ
အားကောင်း၍ တိုင်းပြည်ထူထောင်ရေးအားကောင်းကာ
လက်တွေ့အကျိုးကို ဒေသအသီးသီး ပြည်သူအများ ညီတူမျှတ
ခံစားလာရမှသာ ပြည်တွင်းလက်နက်ကိုင်လမ်းများကို
နိုင်ငံရေးလမ်းစဉ်ပေါ်သို့ ဆွဲခေါ်လာနိုင်ကာ
ပြည်တွင်းငြိမ်းချမ်းရေးရလာပေလိမ့်မည်။
ပြည်ထောင်စုအဆင့် နိုင်ထားသော ပါတီတစ်ခုဟာ ပါတီလုပ်ထုံးလုပ်နည်း
(ဗဟိုဦးစီစံနစ်ကျင့်သုံးသည့်ပါတီ၊ အာဏာရှင်ဆန်သည့်ပါတီ၊
ဒီမိုကရေစီနည်းလမ်းဖြင့်သွားသည့်ပါတီ စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်)
လက်ရှိဖွဲ့စည်းပုံအရ သမတကို စွပ်စွဲအပြစ်တင်စရာမရှိသော
မြန်မာနိုင်ငံသား တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသော
မြန်မာနိုင်ငံသားဖြစ်သူ ကို
စိတ်ကြိုက်ရွေးခွင့်ရနေသလို
ပြည်သူ့လွှတ်တော်ဥက္ကဌ ဒုဥက္ကဌ
အမျိုးသားလွှတ်တော် ဥက္ကဌ ဒုဥက္ကဌ များအားလည်း
စိတ်ကြိုက်ရွေးခွင့်ရနေပါသည်။
ပါတီ၏ ပေါ်လစီ၊ ဆုံးဖြတ်ချက်မှတ်သည့်လုပ်ထုံးလုပ်နည်းပေါ်မူတည်၍
မိမိပါတီထဲမှလူကို ရွေးမလား ပါတီ ပြင်ပမှ ရွေးမလားဆိုတာ
အနိုင်ရပါတီအပေါ်တွင်သာမူတည်သည်။
ပြည်နယ်ဝန်ကြီးချုပ်ဆိုသည်မှာလည်း ဖွဲ့စည်းပုံထဲတွင် သမတမှ ရွေးချယ်၍
ပြည်လွှတ်တော်တွင် အပြစ်အနာဆာမပြနိုင်က ကန့်ကွက်၍ မရဘဲ
အတည်ပြုပေးရသည့်သဘောရေးထားသည်။
သမတကိုလည်း သမတလောင်းသုံးဦးထဲမှ
လွှတ်တော်တွင်မဲခွဲ အတည်ပြု သမတတစ်ဦးရွေးရမည်ဆိုရာ
အနိုင်ရပါတီလွှမ်းမိုးထားသောလွှတ်တော်အတည်ပြုချက်သည်
လက်တွေ့တွင် ပါတီ၏ သဘောအတိုင်းသာပင်ဖြစ်သည်။
ပါတီများမှ ရွေးချယ်ခံသည့် သမတလောင်းကိုလူထုမှ
တိုက်ရိုက်ရွေးချယ်သည့်စံနစ်မဟုတ်ပါ။
ဒါကြောင့်မို့ အထက်ပါ ရာထူးတိုင်း ကို ဖွဲ့စည်းပုံပါ စည်မျှဉ်းအောက်မှ
လွှတ်တော်၏တစ်ဝက်ကျော်အနိုင်ရထားသောပါတီမှသာ
စိတ်ကြိုက်ရွေးချယ်နိုင်ပါသည် ဟု ဆိုလျင် မှားမည်မထင်ပါ။
ထို့ကြောင့် ဤနေရာတွင်ပြောလိုသည်မှာ
ပါတီကြီးများ၏ အတွင်းသဏ္ဌန် နှင့် မူဝါဒ ပင်ဖြစ်သည်
မည်သို့ခံယူချက်ထားသည့်ပါတီမျိုးနည်း ပါတီကြီးများလောက်သာ
မြန်မာ့နိုင်ငံရေး ပြည်ထောင်စု နိုင်ငံရေးကိုအပြည့်အဝ
ထိမ်းချုပ် အုပ်စိုးလိုသလား၊ တိုင်းရင်းသားပါတီများကို ဘယ်လောက်ဘဲ
တိုင်းရင်းသားပြည်သူများ ထောက်ခံမှုရရ
လွှတ်တော်အသီးသီး၌ အသံတစ်ခုကြားနေထွက်နေယုံသာ
ပေးထားလိုသည့် ခံယူချက်ထားကာ
မိမိပါတီအောက် ဝင်ရောက်လုပ်ကိုင်သည့် တိုင်းရင်းသားများကိုသာ
အသိအမှတ်ထားဦးဆောင်စေချင်သလား
တကယ့်ဒီမိုကရေစီနှင့် ဖယ်ဒရယ်၏အနှစ်သာရပေါ်လွင်အောင်
လုပ်ဆောင်ပေးလိုသည့် ခံယူချက်မျိုးထားသလား
စသည့် မူဝါ ဒ အပေါ် မူတည်၍
ဖွဲ့စည်းပုံထဲတွင် ထည့်သွင်းအသေးစိတ်မပါဝင်သည့် အတွက်
လုပ်ဆောင်နိုင်မှုများဖြစ်သည့်
အောက်ပါအချက်များကို ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရ ဖွဲ့ရန် ပါတီစိတ်ကြိုက်
ဖွဲ့စည်းပုံဘောင်ထဲမှလုပ်နိုင်သည်သာဖြစ်သည်။
သမတရာထူး
၁) အနိုင်ရပါတီသည် ဒုသမတ နှစ်ဦး ရွေးချယ်ပြီးထဲမှ
ထိုနှစ်ဦးထဲမှ သမတ ကို ကြိုတင်သတ်မှတ်ရွေးချယ်ထားကာ
မိမိတို့ကိုယ်စားလှယ်များမှ လွှတ်တော်ထဲတွင် မဲပေးအတည်ပြုနိုင်သည်။
၂) သမတ ရာထူးအတွက် ပါတီတွင်းကြိုတင်ညှိနှိုင်းရွေးချယ်မထားဘဲ
ဒုသမတနှစ်ဦးသာကြိုတင်ရွေးချယ် ပေးထားကာ လွှတ်တော်ထဲကျမှ
တပ်မတော်မှ ရွေးချယ်သော ဒုသမတ နှင့်အတူ
လွှတ်ကိုယ်စားလှယ်အားလုံးကိုလွှတ်လပ်စွာ
မဲပေးပိုင်ခွင့်ပြုလျင်လည်းဖြစ်၏။ ပါတီ ပေါ်လစီပေါ်တွင်သာမူတည်၏။
ပြည်နယ်ဝန်ကြီးချုပ်
၁) အနိုင်ရပါတီသည်
သမတအားလွတ်လပ်စွာ ပြည်နယ်တိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ခိုင်း၍ရသည်။
၂) အနိုင်ရပါတီမှ ပြည်နယ်ဝန်ကြီးချုပ် ရာထားသူကို သမတအား သဘောတူခန့်အပ်စေ၍ရ၏
ပါတီသည် သမတကို မိမိစိတ်ကြိုက်ရွေးခွင့်ရှိနေ၍ဖြစ်၏။
၃) အနိုင်ရပါတီ သက်ဆိုင်ရာပြည်နယ်၌ နေရာ အများဆုံး အနိုင်ရပါတီ တစ်ခုကို တာဝန်ပေးအပ်၍
ရွေးချယ် တင်ပြကာ မိမိတို့အတည်ပြုချက်နှင့် လည်းရွေးချယ်စေနိုင်၏။
၎) အနိုင်ရပါတီသည် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို တပ်မတော်ဖက်မှ ရွေးချယ်စေကာ
ပါတီနှင့် သမတမှ သဘောညီစေ၍လည်းရ၏။
၅) အနိုင်ရပါတီ ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ပြည်နယ်တွင်းအများစုအနိုင်ရ ပါတီနှင့်
မိမိပါတီ တို့မှ တစ်ယောက်စီရွေးချယ်စေကာ
ပြည်နယ်လွှတ်တော်ပြင်ပတွင် ပါတီများ ကြား ညှိနှိင်းအစည်းအဝေးခေါ်၍
သင့်တော်ပြီး အရည်အချင်းပြည့်ဝသူတစ်ယောက်အား ကိုယ်စားလှယ်များထဲမှ
အားလုံးလက်ခံနိုင်သူတစ်ယောက်အား ရွေးချယ်ကာ
ပါတီနှင့်သမတ မှ သဘောတူညီမှုယူ၍လည်းရ၏ ။
မရှိမဖြစ်လိုအပ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်ရမည် ဆိုထားမှုသာဖြစ်သည်။
အများသဘောညီသည့် ဖယ်ဒရယ် စစ်စစ် ပိုမို ဒီမိုကရေစီဆန်သော
ဖွဲ့စည်းပုံ တစ်ခု မရေးဆွဲနိုင်သေးခင်မှာ
လက်ရှိ ဖွဲ့စည်းပုံဘောင်ထဲမှ ပင် ပြည်နယ်တိုင်းရင်းသားတို့အတွက်
ပိုမို ဒီမိုကရေစီကျနိုင်မည့် မူဝါဒ တစ်ခုကို ပြည်ထောင်စုအတိုင်းအတာဖြင့်
အနိုင်ရ အစိုးရဖွဲ့ခွင့်ရကြသော ပါတီကြီးများအနေဖြင့်
ဗဟိုဦးစီးမှုကို အ လျော့အတင်းလုပ်ကာ ယုံကြည်မှု ပိုမိုပေး၍
စဉ်းစားလုပ်ဆောင်ကြမည်ဆိုလျင်
ပိုမို စည်းလုံးခိုင်မာသော ပြည်ထောင်စုနိုင်ငံတစ်ခုကို
နောက်ထပ် နှစ် ၆၀ စောင့်စရာ မလိုဘဲ မဝေးသော အနတ်ဂါတ်
တွင် တည်ဆောက်လာနိုင်ပေလိမ့်မည် ဟု ထင်မြင်မိပါသည်။
အမြင်ချင်းကွာဟသွားကြတိုင်း
ငါက ကျန်စစ်သား မင်းကဘယ်သူ
မင်းက ငဆ၊ ငါကဘယ်သူ
ငြင်းခုံစွပ်စွဲ အပြစ်တင်ဆဲဆိုနေကြမှုထက်
မဲဆန္ဒရှင် ပြည်သူတိုင်းဟာ နုနယ်လှသော
ဘောင်ခေတ်ထားမှုများရှိနေသေးသော
မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုအောက်မှ
နိုင်ငံရေးအင်အားစုများ ကြား
ယုံကြည် ညှိနှိုင်းဆောင်ရွက်မှုများ
အားကောင်း၍ တိုင်းပြည်ထူထောင်ရေးအားကောင်းကာ
လက်တွေ့အကျိုးကို ဒေသအသီးသီး ပြည်သူအများ ညီတူမျှတ
ခံစားလာရမှသာ ပြည်တွင်းလက်နက်ကိုင်လမ်းများကို
နိုင်ငံရေးလမ်းစဉ်ပေါ်သို့ ဆွဲခေါ်လာနိုင်ကာ
ပြည်တွင်းငြိမ်းချမ်းရေးရလာပေလိမ့်မည်။
Tuesday, October 20, 2015
သူ့တို့ချင်းက ဒီလို ဆိုတော့
သူ့တို့ချင်းက ဒီလို
ကျုပ်တို့မြင်တာကဒီလို
ကျုပ်တို့မြင်တာကဒီလို
အခု သံရုံးအသီးသီးက
ကြိုတင်မေး ပေးခြင်း ကိစ္စ မှာ
ကျုပ်တို့ပြည်သူတွေ
တောင်
ဒီ ဖြစ်လာနိုင်တဲ့
အခက်အခဲ တွေ
မှားနိုင်တာတွေကို
လွန်ခဲ့တဲ့ လေးငါးခြောက်လထဲက စဉ်းစားမိတယ် ၊
မြို့နယ်ပေါင်း
၃၅၀ ကျော်က မဲတွေ မဲစာရင်းတွေအတွက်
လွယ်ကူရှင်းလင်းတဲ့
စာရင်းအင်း စံနစ်တစ်ခုကိုမသုံးဘဲ၊
scan ဖိုင်နဲ့
မဲစာရင်းတွေကို ရွာပို့ မြို့ပို့ သံရုံးတွေကို ပို့
အပြန်အလှန်ပို့
နဲ့
internet က အဝိုင်းလည်လိုက်
ပေါ်တဲ့လူက နှစ်ခါပေါ်
မြုပ်တဲ့လူကစုန်းစုန်းမြုပ်နဲ့
ပေါ်လိုက် မြုပ်လိုက် လည်လိုက်နဲ့
Internet
စံနစ်ကနေ
Inkrarnet
စနစ်ဖြစ်နေတဲ့ သံသရာမှာ
သံရုံးက နေ
တစ်ဆင့် ကြေငြာ ခိုင်းတာ
စာရင်းအင်းမှားတာ နဲ့ မဲပေးနိုင်ခွင့်
ဆုံးဖြတ်ချက်ကို မဆုံးဖြတ်
ပေးနိုင်
တာဝန် မယူနိုင်
တဲ့ သံရုံးကို final စာရင်းထုတ်ပြန်ခိုင်းကတည်း
ကိုက စံနစ်က
မှားနေပါပြီ။၊
စာရင်းတွေကို
တစ်ခုစီကို လွယ်ကူ ရှင်းလင်းအောင်
ကော်မရှင်
Web page တစ်ခုထဲက ဘဲ၊
နိုင်ငံအသီးသီးသီးအတွက် မဲစာရင်းတိုက်ရိုက်ကြေငြာပေးသင့်
သလို
သံရုံးတွေက
ဒါကို email , internet မရှိတဲ့ နေရာနဲ့
လူတွေအတွက်
သံရုံးမှာ Download ဆွဲ ကြော်ငြာကပ်သင့်ပါတယ်။
အခုက စာရင်းမှား
နေတဲ့ ပြည်သူတွေဟာ
အလွန်အလှမ်းဝေးကွာတဲ့
နေရာသုံးခု က ဌာန သုံးခုရဲ့ကြားမှာ
ဘောလီဘော
ပုတ်ခြင်းခံနေရပါတယ်၊
သက်ဆိုင်ရာနယ်မြေရဲ့
ကော်မရှင်ခွဲရုံး
သက်ဆိုင်ရာ
သံရုံး နဲ့
သက်ဆိုင်ရာနယ်မြေရဲ့
ကော်မရှင်ခွဲရုံး က
အများဆုံးဖြေကြားတာက
- ဒီမှာ ခင်ဗျားတို့ နံမည်စာရင်း ပါပြီးသား ဒီမှာဓါတ်ပုံရိုက်သွား၊ ကျုပ် တို့ နယ်ပြည်တော်ကို အထပ်လိုက် ဘယ်တုံးက ပို့ပြီးသား နယ်ပြည်တော်ပြန်မေး၊ သံရုံးပြန်မေးပါ။
- မဲပေးစာရင်းကို မပါတာ ပထမ တစ်ခါ မပါတုန်းက ခင်ဗျားတို့ ပုံစံ.၃ မတင်လို့ ဖြစ်လိမ့်
- ပုံစံ.၃ ကော်ပီပြတော့ ဒုတိယ အကြိမ် မဲစာရင်းထုတ်တော့ ကော်မရှင်ကကိုထပ်မှားနေလို့ပါ တစ်ခြားမြို့နယ် ရောပါသွားတယ်ထင်တယ်( ဦးတင်အေးပြောတာက software ကြောင့်တဲ့)
- နိုင်ငံခြား ကြိုတင် မဲစာရင်းမှာ ပါပေမယ့် စကာင်္ပူ လို့ မရေးထား၊ ကိုးရီးယားလို့ မရေးထားလို့၊ မွန်လို့ မရေးထားလို့ ၊ ရခိုင်လို့ မရေးထားလို့ နိင်ငံမဲ့လို့ ရေးထားလို့သံရုံးက မဲလက်မှတ် မရှိ မထုတ်ပေးဘူးလို့ပြော တယ် ဆိုတော့ မသိဘူး ငါတို့ ပုံစံ ၁၅ အတိုင်းရေးထားတာ၊ ပုံစံ ၁၅ မှာ အဲလိုရေမထား မပါလို့ဖြစ်မှာပေါ့တဲ့၊
သံရုံးက ဖြေတာက
- ဟိုကို(နယ်မြေကော်မရှင်) နဲ့ နယ်ပြည် တော် ကော်မရှင်ကို
- တိုက်ရိုက်စုံစမ်းကြပါတဲ့၊
- သူတို့ဆီက ပို့စာရင်းမှာ မပါလို့ ကျနော်တို့ဆီ မပါတာပါတဲ့
- ကော်မရှင်ကိုတိုက်ရိုက်မေးပါ
- ကျမတို့ဆီ အချက်အလက် ထားခဲ့ပါ မေးပေးပါမယ် သိရရင်အကြောင်းပြန်ပါမယ်
- ဘယ်တော့လောက်သိရမယ်ဆိုတာတော့ အာမ မခံပါ ၊
- ဖုန်းနံပါတ်ရေးထားခဲ့ပါ အကြောင်းပြန်ပါမယ်၊(ဘယ်တော့မှ ပြန်မခေါ် - ဒီက ခေါ်လဲ ဖုန်းမကိုင်)။
ရခိုင်လို့မရေးထားလို့ တိုင်းရင်းသားကိုယ်စားလှယ်
မဲမရှိပါ၊
စာရေးထားခဲ့ပါ ကော်မရှင် ကို မေးပေးပါမယ် ။။။။။။.
3. မဲဆန္ဒနယ်မှားနေတာ ကျနော်တို့မတတ်နိုင်ပါဘူး
အဲဒီအတိုင်းသာ မဲပေးလိုက်ပါ ရပါတယ်
ကော်မရှင်
- ကျနော်တို့ထင်တယ်ခင်ဗျ နယ်တွေက ပို့တာမှာ လိုင်း မကောင်းလို့ File တွေ ပျောက်ကျန်ခဲ့တာဖြစ်မှာပါ၊ ပြန်မေးပေးပါမယ်။
- ကျနော်တို့ သံရုံး ကို ဘယ်နေ့က ပို့ပြီးပါပြီခင်ဗျ၊ သံရုံး ပြန်မေးကြည့် ပါ၊ သံရုံးက update မလုပ်ရသေးတာ ဖြစ်မှာပါ။ အဆင်မပြေရင် ဖုန်းခေါ်ပါ ညနေ ၅နာရီထိ အမြဲရှိပါတယ်။
- နောက်ထပ် ပျောက်နေတဲ့ ဖိုင်တွေ သံရုံး ထပ်ပို့ပြီးပါပြီ သံရုံး မေးပါ၊
- နယ်မြေကော်မရှင်က ပို့တာမှာ ပါမလာတာပါ နယ်မြေကော်မရှင်ဆီကို စုံစမ်းပါခင်ဗျ။။
အယင်ခေတ်ကလိုမဟုတ်
အခုခေတ်ဝန်ထမ်း တွေက
အင်မတန် အပြော
ချိုသာလာပါသည် ကျေးဇူးတင် ဝမ်းမြောက်ရပါသည်။
ယခု အထက်ဖေါ်ပြပါ
ကိစ္စရပ်များဟာ
ဌာနတစ်ခုနှင့်တစ်ခု
ပိုမိုနွေးထွေးစွာ ပူးပေါင်းဆောင်ရွက် အမြန်အဖြေရှာပေးရမည့်အစား၊
ထို
Coordination ဟုခေါ်သည့် ပူးပေါင်းဆောင်ရွက် ခြင်းကိစ္စဟာ
ဌာန ချင်း
ဝန်ထမ်းချင်း ကြားမှာ
အကြောင်းအမျိုးမျိုးကြောင့်
လစ်ဟင်းနေသေးကာ
ထိုအလုပ်အား ပြည်သူ့အား
နေရာတစ်ကာ
ပြန်လုပ်ခိုင်းခြင်းနေခြင်းက အင်မတန်ဆိုးဝါးလှပါသည်။
ဒီလိုဖြစ်
နေရခြင်းက သက်ဆိုင်ရာဌာနတို့၏ ဦးစီးဦးဆောင်အကြီးအကဲတွေကိုက
တာဝန်လစ်ဟင်း စီမံမှု အရည်အသွေးညံ့ဖျင်းနေ၍လားဟု သံသယဝင် ရုံမက
ယုံလည်းယုံကြည်မိပါသည်။
Thursday, October 8, 2015
တိုက်ကုန်ကြပြီ
![]() | ||||||
| WAR TORN LIBYA |
|
BEFORE THE WAR WHEN WAR TORN THE CITY |
| WAR TORN SYRIA |
- " U.S. defense chief calls Russian airstrikes a "fundamental mistake""
- Russia, for its part,
says it is backing al-Assad only in his fight against "terrorists,"
despite international protestations that they have targeted
the U.S.-backed opposition as well.
- http://edition.cnn.com/2015/10/06/world/rapp-syria-amanpour/index.html
(War crimes ambassador: Russia, al-Assad regime vulnerable to prosecution)
- U.S. aircraft diverted to avoid Russian fighter in Syria
- https://www.youtube.com/watch?v=Fs3v9aBGd74
British fighter jets authorized to shoot down Russian jets over Syria: Reports
Green Light To Shoot Down Russian Jets - Zero Hedge
Russia 'FURIOUS' after RAF pilots cleared to shoot down ...
www.express.co.uk › News › UK
US ကိုယ်တိုင်က ISIS ကိုဘဲ တိုက်တိုက် Assad ကိုဘဲတိုက်တိုက်
စစ်ရေးအရ ဆီးရီးယားပြည်တွင်းပြဿနာ ထဲကို ဝင်ပါနေပြီဆိုတော့
အခုအခါ ရုရှားက ISIS ကို အယောင်ပြ ပြီး
အမေရိကန် ထောက်ခံတဲ့ Assad ကိုတိုက်နေတဲ့အုပ်စုကို မြေလှန်နေတဲ့အခါကျတော့
ပြဿနာဟာ အလွန်ကျယ်ပြန့်လာပါတော့တယ်၊
အမေရိကန် ရွေကောက်ပွဲ ပြင်ဆင်ချိန်နဲ့လဲ တိုက်နေပါတယ်။
ဆီးရီးပြဿနာဟာ စစ်ရေးနိုင်ငံရေးအရ အလွန်စိုးရိမ်စရာကောင်းသလို
အာဖဂ္ဂန်နီစတန် အီရတ် လစ်ဗျား နိုင်ငံတို့မှာ အတိုက်အခံ များကို support လုပ်
စစ်ရေး နိုင်ငံရေး အထောက်အကူပေးကာ.............၊
Terrorist များနှင့်ပေါင်း ပြီး အနောက်အုပ်စုကို ဒုက္ခပေးနေသည် ဆိုသော အာဏာရှင် များအားဖြုတ်ချ၍
မိမိတို့ ထောက်ခံသည့် အုပ်စုအား အာဏာရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး
ယခုတစ်ခါ ဆီးရီးယား နိုင်ငံ၏.. အာဏာရှင် .Assad အစိုးရအားဖြုတ်ချကာ
အနောက်အုပ်စုလိုလားသော
သူပုန်အုပ်စုအား တင်မြောက်ရန် ကြိုးစား ကြံစည်ရာတွင်မူ ။။
ISIS တို့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် ဝင်ရောက်ပါဝင်ပြီး ကြိုတင်စီမံထားသောအကြံနှင့်နေရာယူတတ်မှု
ပြုတ်ကျသွားသော နိုင်ငံအစိုးရမှ စံနစ်တကျလုပ်ကိုင်တတ်သူများပါဝင်လာမှု
နိုင်ငံတစ်ကာမှာ အစွန်းရောက်သူများကို ဆွဲဆောင်စည်းရုံးနိုင်မှု ...... တို့ကြောင့်
အုပ်ချုပ်ရေးပျက်ပြားနေသော ဆီးရီးယားနှင့် အီရတ်နယ်မြေအချို့တို့အား သိမ်းယူနိုင်ပြီး
ကိုယ်ပိုင်နယ်မြေထူထောင်လာသည့်အပြင်
ရေဒီယိုသတ္တိကြွ ပစ္စည်းများဝယ်ရန် ကြိုးစားနေပြီဟုပါ အနံထွက်လာကာ
နိုင်ငံတစ်ကာ လုံခြုံရေးကိုပါထိခိုက်လာသောအခါ
ဆီးရီးယားသည် ပြည်တွငးစစ်သက်သက်မဟုတ်တော့ဘဲ၊
အနောက်နိုင်ငံများရယ်၊ သူတို့လိုလားသော သူပုန်အုပ်စု နှင့် ဆော်ဒီ၊ တာရကီတို့လို အာရပ်နိုင်အချို့က တစ်ဖက်၊
Assad အစိုးရနှင့် သူ့အားထောက်ခံသည့် ရုရှ အစိုးရက တစ်ဖက်၊
နိုင်ငံတစ်ကာက အကြမ်းဖက်သူများပါပါဝင်စုစည်းပြီး
သူတို့သိမ်းပိုက်နယ်မြေများမှ ရေနံများ မှောင်ခို ဈေးကွက်သို့ရောင်းချကာ ငွေကြေးအရရော
လက်နက်ပါ ယခင်အကြမ်းဖက်အဖွဲ့အစည်းများထက် သာလွန် စံနစ်လည်းပိုကျလာသော။ ISIS အဖွဲ့ကတစ်ဖက်၊
သုံးဖက်ကွဲကာ အားပြိုင်နေလာ ကြသည့် ပွဲသည် Coldwar နောက်ပိုင်း
အလွန် စိုးရိမ်စရာ နှင့် စိတ်ဝင်စားပွဲ ပြဿနာတစ်ခုဖြစ်လာပါတယ်။
သြစတြီးရီးယားရဲ့ မင်းသား ဖရင့်ဖါဒီနန်အသတ်ခံရာကအစပြုပြီး
ပထမကမ္ဘာစစ် စခဲ့တယ်လို့ သမိုင်းမှာ မှတ်သားထားကြပါတယ်၊
မည်သို့ပင် ဆိုစေကာမူ ယခုအချိန်ထိ
အာဖဂ္ဂန်၊ အီရပ်၊ လစ်ဗျား၊
ဆီရီးယားပြည်သူတို့၏ဘဝ များစွာသည်
လက်ရှိဘဝမှာ ပင် ခံစားနေရသော အပ္ပါယ်ငရဲဆိုတာလားဟုပင်ထင်မှတ်စရာ
သံဝေဂ ယူစရာ ပါဘဲ။
ကျနော်တို့ မြန်မာပြည်ကြီးလဲ
ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲတိုးတက်
စည်ပင်ချမ်းသာတာကို တွေ့မြင်စေချင်သလို
တတိယ ကမ္ဘာအပူမီးကြီး မလောင်ကျွမ်းခင်
မြန်မာနိုင်ငံကြီး ပြောင်းလဲပါစေသားဟု ဆုတောင်းလျက်။
သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ။
အောက်မှပြထားတဲ့ တစ်ချိန်က နိုင်ငံခေါင်းဆောင် အာဏာရှင်ဆိုသူများ အကြမ်းဖက်သမားဆိုသူများ၏ သံဝေဂ ယူစရာပုံတွေပါ၊
သူတို့အားလုံး တမလွန်ခရီး ရှေ့ဆက်သွားနေကြပါပြီး ဘယ်လိုနီးနဲ့ ခရီးနှင်နေကြသလဲဆိုတာတော့
သူတို့လုပ်ခဲ့တဲ့ အကြောင်းအကျိုးနဲ့အညီ ဖြစ်မှာပါဘဲ၊ သူတို့ကျန်ခဲ့တဲ့ကြေရာတွေဆိုတာလဲ သူတို့လျောက်ခဲ့ရေးခဲ့တဲ့သမိုင်းပါဘဲ။
နိဗ္မာန်ကိုမျက်မှောက်မပြုခင် သံသရာထဲ ကျနော်တို့အားလုံး လူကောင်း လူဆိုးမရွေး လဲ ဒီမဆုံးသေးတဲ့
တမလွန်ခရီးကိုဘဲ အဖန်ဖန်လျောက်နေကြရရာ မှာ ကျနော်တို့ခြေရာ ကျနော်တို့ သမိုင်းကို
ဘယ်လို ရေးထားခဲ့ချင်သလဲ ဆိုတာတော့
ကျနော်တို့ စိတ်တွေကို ဘယ်လောက်ခွဲခြန်းစိတ်ဖြာထိမ်းချုပ်ခိုင်းစေနိုင်သလဲ ဆိုတဲ့
ကျနော်တို့ စိတ်ဆိုတဲ့ ပန်းဥယျာဉ်ကို ပြုစုပျိုးထောင်တတ်မှု
အပေါ်မှာ မူတည်နေမယ်လို့ သုံးသပ်မိပါတယ်။
“All that we are is the result of what we have thought.
The mind is everything. What we think we become.” ~ Buddha
Gaddafi and Libya
Saddam Hussein and Iraq
![]() | |||||||
| အာဏာပါဝါ ငွေ အစစ ပြည်စုံချိန်တုန်းက |
အရာရာဟာ မတည်မြဲတဲ့သဘော
အာဏာပါဝါ ငွေ အစစ ပြည်စုံချိန်တုန်းက
Saddam Hussein နောက်ဆုံးနေခဲ့ရတဲ့အိမ်
Subscribe to:
Posts (Atom)

















































