စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Friday, October 9, 2015

To employ 10.9 Million Primary Teachers in Myanmar



မြန်မာနိုင်ငံ ယူ နက်စကိုအမျိုးသားကော်မရှင် အ တွင်းရေးမှူးမှ 
UNESCO, UNICEF, UNDP, ILO နှင့် Education International တို့က
 ပေး ပို့သောသဝဏ်လွှာအား ဖတ်ကြား ရာ ၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မူလတန်းပညာရေး အောင်မြင်စွာ သင်ကြားနိုင်ရန် နိုင်ငံများအနေဖြင့် မူလတန်းဆရာ၊ ဆရာမစုစုပေါင်း ၁၀ ဒသမ ၉ သန်းခေါ်ယူရန် လို အပ်မည်ဟု ယူနက်စကို စာရင်းအင်း သိပ္ပံအနေဖြင့် ခန့်မှန်းထားသည်။

ဒီအတိုင်းအကောင်အထည်ဖေါ်ဖြစ်ရင်
လွှတ်တော်မှာ သူတို့အတွက်လဲ
 တမတ်သားမဟုတ်ရင်တောင် တစ်ဆယ်သားလောက်ထားပေးဖို့ အဆိုပြု ပြီး 
ဖွဲ့စည်းပုံပြောင်းပေးဖို့ တောင်းဆိုချင်တယ်၊

သူတို့က ကျူရှင်လဲမပြသင့်၊ ဦးရင် ပိုင်ရမယ့် ဟာလဲမရှိ
လွှတ်တော်တက်ရရင် အသာလေး ငိုက်ပြီး လစာနည်းပိုရစေချင်လို့ပါ။
အင်ဂျင်နီယာတွေကတော့ မလိုဘူးထင်ပါတယ်
သူတို့အတွက်က လမ်းဖေါ်တိုက်ဆောက် စက်ရုံဘဲတည်တည်
တမူးလှူ  ပြီး တစ်ကျပ်ယူနေကြတယ်ကြားလို့။
ဂေါက်ကွင်းတွေမှာ ဗိုက်တစ်ကားနဲ့
တမတ်သားတွေနား ကပ်စားနေရပြီးသားဘဲဟာကို၊

စိတ်မဆိုးကြေးနော် ရိုးရိုးလေးတွေကို မဆိုလိုပါဘူး၊
Image ပေါ်နေတာကိုကြည့်ပြောတာပါ ဟီးဟီးဟီး။

ဘက်လိုက်တာတော့မဟုတ်ဘူး၊
ဆောက်တုန်းက သူတို့ဘဲ ဆောက်စားကြပြီး
 မြေပြို တောင်ပြို ကန်းပါးပြိုတော့မှ
ဘူမိဆရာတွေ လာကြည့်ပါအုန်းဆိုတော့
ဒီကိစ္စ အကြံပေးဖို့ လွှတ်တော် သုံးရပ်မှာ
ဘူမိအမြင်လဲလိုတာမို့ ၅ ရာခိုင်နုန်းလောက် မပါသင့်ပေဘူးလား၊

ဘာမှ မဟုတ်ဘူး ကျုပ်တို့တွေက တောထဲရောက်နေသူနဲ့ 
နိုင်ငံခြားရောက်နေသူနဲ့ မြေကွက်တွေ ရာဘာခြံတွေ၊ကော်ဖီခြံတွေ 
လယ်ကွက်တွေ အကွက် ခွဲကြပြီဆိုယင် ကျန်ကျန်နေခဲ့လို့   
( တို့ ညီအကိုတွေ လွှတ်တော်ထဲရောက်ရင် အားကိုးရမလား အဆင်ပြေစေမလားလို့ )
( ဟီးဟီး ဆည်မြောင်းက ညီအကိုတွေတော့ ဟုတ်လောက်ဘူး)

အဲဒီတော့ဗျာ ကျနော်တို့ လွှတ်တော်ထဲ ဝင်ထိုင်သင့်တဲ့ အဖွဲ့တွေ
 နောက်ထပ် အများကြီးကျန်သေးတဲ့ အတွက်
ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြောက်မယ့် 
အမတ်လောင်းအရေအတွက်ကို ထပ်မံလျော့ချသင့်ပြီး
တစ်ပြည်နယ် တစ်တိုင်းကို တစ်ယောက်နှုန်းထားလျင်ဘဲ လုံလောက်ပြီဖြစ်ကာ၊
 ရွေးကောက်ပွဲအသုံးစရိတ်လဲ များစွာ ချွေတာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်
ဖွံဖြိုးရေးတွင် ပိုမိုအားစိုက်နိုင်မည်ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါသည်။ 

Friday, July 10, 2015

သမတ ကြီးဖါးရိုက်ထွက်ခြင်း

သြော် ဒါကြောင့် သူတို့က သူများတွေကို
 ပြည်ပအားကိုး ပုဆိန်ရိုးလို့ပြော ပြောနေတာကိုး
သူတို့က အမေကျော်ပြီး ဒွေးဒေါ်လောက်ဘဲ
လွမ်းနေတာဆိုတော့ ...
အင်း.... ရှေးလူကြီးတွေများ  ရှေးစကားပုံတွေ
ထားခဲ့တာ တယ်တော်သဗျာ၊

ပြည်တွင်း မှာ မုန်တိုင်းတွေတိုက်
ဒုက္ခတွေ ရောက်တုန်းက ပေလျက်လကန်၊
တနိုင်ငံလုံးရေတွေကြီး..၊
ရေကျသွားတော့မှ ..
ရဲဘော်တို့ရေ ...
 ပြည်သူ့အိုးအိမ်တွေ သန့်ရှင်းရေး
သွားကူလိုက်ပါကွဲ့ နဲ့ ပြီးသွားရော.....သူမပါသလိုဘဲ၊၊

ပြည်တွင်းမှာ ရတနာ Gas တွေ ထွက်တော့
Thai မှာ လျှပ်စစ်ဓါတ်အားမလောက်လို့
အိမ်ချင်းကောင်းအဖြစ်ကူညီလိုက်သတဲ့၊

ဟော  ရွှေ Gas  တွေ ထွက် ပြန်ပြီဆိုတော့
ယူနန် က အထူး VIP တွေကို ကူညီစရာရှိသေးသတဲ့၊

ရတနာ ရွှေ ငွေ လို့ ပြောလေ့ရှိကြတော့ကာ
ဒီတစ်ခါထွက်ရင်တော့လား ပြည်တွင်းအတွက်ဘဲ
ပိုဦးစားပေး  စဉ်းစားတော့မယ် ဆိုပါလား ၊၊

ကဲ  လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား
 မနက် ည ဘုရားဝတ်ပြုရင် နောက်ထပ် " ငွေ gas " တွေ
အများကြီး ထပ်ထွက်ပါစေလို့
ဖင်ဗူးတောင်းထောင်အောင်သာ
ဆုတောင်းကြပေတော့ဗျာ၊။

ပြောတော့ power energy တွေပိုနေလို့ ရောင်းတာပါတဲ့
ကျောက်မီးသွေး station ကျ
သူများဆီက "မ" လာချင်သေးသတဲ့ဗျာ၊
ကြားမှ ကောင်းကြရဲ့လား။

 ၂၉ မူလီပေါက်အရစ်စားနေတာကို
၃၀ မူလီချောင်း အမဲဆီမဆွတ် အရစ်မဖေါ်ဘဲ
ရစ်လှည့်ထောင်းထဲ့ သွင်းနေတာကို
သူမို့  ဂျပန်မူလီ ဂျပန် Technique ပါကွာနဲ့
 ကောင်းလှချည်ရဲ့လို့ ဆိုချင်သေးသတဲ့၊

အကြွေးတွေ အမ်းပလိုက်ဖို့
 နောက်ထပ် အတိုးနည်းနည်းနဲ့ ထပ်ရဖို့
ဂျပန်တွေရှေ့မှာ .... Arigatō Arigatō နဲ့
ခါးသွားသွားကုန်းပြယင်း
ကိုချစ်တီး ဆီမှာ
မိစိန် ရေ မင်း အပျိုရည် ပျက်ခဲ့  ပြန်ပြီ လားကွာ။

မဟုတ်မှ လွဲရော ဗိုလ်စိန်မှန်ကြီး
ယပလက်တွေကို ကူလိုက်
တရုတ်တွေ ကူလိုက်နဲ့
ဒီတစ်ခါ မနီလာ တို့ အရပ်မှာ
အိုကြီးအိုမ နဲ့ နုပျိုဆေးရှာဖို့
ဖါးရိုက် ထွက်ချင်နေတယ်ထင်ရဲ့။





https://www.facebook.com/ye.htut.988/posts/490091954437745
သမ္မတကြီးဟာ ဒီနေ့ မနက် ဖိလစ်ပိုင်နိုင်ငံ ဘန်တာရန်ကျွန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး မုန်တိုင်းဒဏ်ခံဒေသမှ တာဝန်ရှိသူများ၊ ပြည်သူများနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
အထူးကုဆရာဝန်ကြီးများပါဝင်တဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ အဲဒီဒေသမှာ အခြေပြုပြီး မုန်တိုင်း ဒဏ်ခံဒေသများမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 


News > Asia 
Myanmar offers gas help Plant upgrade delays fail to avert blackout threat 
21 Feb 2013 at 00:00 3,709 viewed0 comments 
 NEWSPAPER SECTION: NEWS | WRITER: YUTHANA PRAIWAN & PENCHAN...

Please credit and share this article with others using this link:http://www.bangkokpost.com/news/asia/336917/myanmar-offers-gas-help. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Post Publishing PCL. All rights reserved.



Tuesday, February 18, 2014

ကျနော် သတင်းထောက် တစ်ယောက်ဖြစ်ခဲ့လျင်

ကျနော်ဟာ တကယ်လို့များ........
CNN,AP၊BBC,CNA, ဒါမှမဟုတ်လဲ MRTV.4 ပဲဖြစ်ဖြစ်၊
 မြဝတီဘဲဖြစ်ဖြစ်၊
 The Voice ဘဲဖြစ်ဖြစ်၊
 Eleven ဂျာနယ်ဘဲဖြစ်ဖြစ် ၊
ဒီလှိုင်းကပဲဖြစ်ဖြစ် တာဝန်ပေးခန့်ထားခံရတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ခဲ့သော်၊
 ဒါမှမဟုတ်လဲ Freelance reporter တစ်ယောက်အဖြစ်နဲ့ပဲဖြစ်ဖြစ်

 အချုပ်အချာ ရွှေသမတနိုင်ငံတော်၏
သမတကြီး၊ လွှတ်တော်ဥက္ကဌကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှူးကြီး နဲ့ ခုံရုံးဥက္ကဌကြီး တို့ကို အခုလိုမေးခွန်းလေးတွေ မေးကြည့်ခွင့် ဗျူးခွင့်လေးများ ရရှိခဲ့ ပါလျင် မေးကြည့်ချင်ပါတယ်ခင်ဗျ၊ ရင်ထဲမှာရှိတဲ့အတိုင်းသာဖြေကြားပေးပါလို့။ ကျယ်ကျယ်မဖြေချင်ရင် တိုးတိုးလေးဖြေရင်လဲရပါတယ်ခင်ဗျားလို့ပါ။

မေးချင်တာတွေကတော့ ဒီလိုပါ ခင်ဗျာ......
ဆရာကြီးတို့ တစ်တွေ 2008 Constitution ကို မိမိတို့ဘာသာဘာဝ
(ရွှေနိုင်ငံသားတွေအားလုံးကိုမိမိတို့လို့ ရည်ညွှန်းတာပါ တစ်လွဲ မထင်ပါနဲ့) ၉၀% ကျော်နဲ့အတည်ပြုပြီးနောက်.......
ကျင်းပတဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ..........
ပထမဆုံး တာဝန်ယူရတဲ့
2008 constitution နဲ့အညီ အဖွဲ့အစည်းအသီးသီးကို တာဝန်ခံရတဲ့
တဖွဲ့နဲ့တဖွဲ့လဲ Check & Balance လုပ်ထားတယ်ပြောပြော၊
Power ချိန်ခွင်လျှာညှိထားတယ်ဘဲပြောပြော
 ပြောလို့ ရတဲ့
အဖွဲ့အသီးသီးရဲ့  ခေါင်းဆောင်အသီးသီးတွေဖြစ်ကြပါတယ်။

အဲဒီတော့ ဆရာကြီးတို့မှာသာ ပထမဆုံး ဒီထိုင်ခုံတွေပေါ်ထိုင်ဘူးတဲ့လေးနှစ်အတွေ့အကြုံရှိပြီး
ကျန်တဲ့ မလုပ်ဘူးသေးတဲ့ အပြင်လူတွေကတော့
စာအုပ်ကြီး အသားကုန်ဖတ်ပြီး၊
ဟိုဟာပြင်ရကောင်းနိုးနိုး ဒီဟာပြင်ရကောင်းနိုးနိုး နဲ့
မညီမညွတ် ထသတ်နေကြရပါတယ်ခင်ဗျား၊

ဒီတော့ကာ ဆရာကြီးတို့ကသာ အတွေ့အကြုံရှိတဲ့လူတွေဆိုတော့......။။။.

  • ဆရာကြီးတို့နေရာ အသီးသီးမှာ လုပ်ရ ကိုင်ရ ထိုင်ရ တာ အဆင်ပြေကြပါရဲ့လား၊ ထွေဥ မှာ နောက်ထပ် ဘာတွေပြင်ရင် ဆရာကြီးတို့အတွက် ပိုအဆင်ပြေမယ် ထင်ပါသလဲ။

  • ဆရာကြီးတို့ကို တာဝန်ပေးတဲ့ နှစ်သက်တမ်းတွေ တိုတယ်ထင်ပါသလား ရှည်တယ် ထင်ပါသလား လုံလောက်ပါရဲ့လား၊ ဒီအတိုင်းပဲကောင်းပါသလား၊ ကာချုပ်ကြီး ရာထူးအတွက်ကလဲ အသက်ကန့်သက်မှု ဆွဲဆန့်ဖို့လိုမယ်ထင်ပါသလား၊.............................................................    ခြေဥ ပြင်စရာ လိုနေပါသလား၊

  • ယခုလက်ရှိရာထူးတွေမှာ အာဏာပါဝါ တွေ  ညီမျှကြပါရဲ့လား၊ မညီမျှဘူးထင်ရင်...................................................   ခြေဥကိုဘာတွေပြင်ချင်ပါသလဲ..... ဒီအတိုင်းထားသင့်ပါသလား။

  • သမတကြီး ရာထူးနဲ့ ကျန်တဲ့ဆရာကြီးတို့ ရာထူးတွေ ကို နောက်နောင်မှာ မသမာသူတွေလက်ထဲ မရောက်အောင် ဆွေမျိုးသားချင်း လုပ်ဖေါ်ကိုင်ဖက် ညီအကိုမောင်နှမ တွေကိုသာ ရွေးချယ်သင့်ပြီး၊......တစ်စိမ်းတွေကို မပေးသင့်ဘူး ထင်ပါသလား... ပေးသင့်တယ် ထင်ပါသလား၊.....  မည်သူတွေသာ ပေးအပ် ခန့်အပ်သင့်ကြောင်း.......ယူဆပါသလဲ..............   ခြေဥကို ဘာတွေပြင်ချင်ပါသလဲ... ဒီအတိုင်းထားသင့်ပါသလား။

  • သမတကြီး ကကော ခင်ဗျာ............ လက်ရှိ ခြေဥနဲ့ သမတ ရာထူး အစိုးရ အဖွဲ့ အာဏာနဲ့ .... တိုင်းပြည်ကို ပြုပြင်ပြောင်းလဲ ဖို့ ...............အချိန် အာဏာပါဝါ...လုံလောက်တယ်.....ထင်ပါသလား....   ခြေဥကိုဘာတွေပြင်ချင်ပါသလဲ.... ဒီအတိုင်းထားသင့်ပါသလား။

  • ဆရာကြီး တို့ အနေ နဲ့ တကယ်လို့ခြေဥတွေပြင်ရမယ် ပြင်မှရမယ်ဆိုရင်၊ ဆွဲခဲ့တုန်းက ၁၀နှစ်ကြာခဲ့တော့ ပြင်ရင် ဘယ်လောက်ကြာမယ်ထင်ပါသလဲ။ ပြင်ဖို့လုပ်နေတုန်း ကြားဖြတ်အစိုးရ လိုမယ် ထင်ပါသလား။ ဆရာကြီးတို့ ထိမ်းပေးထားရမယ် လို့ကော ထင်မြင် ယူဆထားပါသလား၊ တပ်ချူပ်ကြီးကပဲ ထီမ်းသိမ်းထားသင့်တယ်ပါသလား။ Road-map ကြီးပြန်ဆွဲရမယ်ထင်ပါသလား။
 
  • ဒီတစ်ခုကတော့ လက်ရှိ ခြေဥအရ ဆရာကြီးတို့ လေးနှစ်သက်တမ်းရလာချိန်မှာ ဆရာကြီးတို့ထဲက ဘယ်သူက တိုင်းပြည်တိုးတက်စေပင် အောင်နဲ့ လိုအပ်တဲ့ ဥပဒေ စည်းမျည်းစည်းကမ်းတွေ ရေရှည်ချ မှတ်ဖို့ အကောင်အထည်ဖေါ်နိုင့်ဖို့ အထိရောက်ဆုံးရာထူးကို ကိုင်ဆောင်ထားသူဖြစ်မလဲ ခင်ဗျ၊ တိုးတိုးလေး တစ်ယောက်စီဖြေဆိုလိုလျင်လဲ ရပါတယ်ခင်ဗျ၊ 

  •  နောက်ဆုံး တစ်ခုက တော့ လက်ရှိ  ရွှေသမတနိုင်ငံတော်၏ ဒီမိုကရေစီဟာ.............. ဆရာကြီးတို့က...........တိုင်းပြည်ချစ်စိတ်.....အပြည့် စေတနာအပြည့်နဲ့...   ပြည်သူတွေအတွက်........ ပေးထားတဲ့ ဒီမိုကရေစီ..........ဆိုတော့ကာ၊.... ပြည်သူတွေကလဲ..........ဆရာကြီးတို့ဆီက မတော်မတရား အပို ဒီမိုကရေစီတွေ....... လောဘတစ်ကြီး...........ပိုလိုချင်နေကြတယ် လို့များ ယူဆပါသလား၊......................................... ပြည်သူက ပိုနေသလား ဆရာကြီးတို့လိုနေတာထင်ပါသလား ဘယ်လို ယူဆပါသလဲ ခင်ဗျ။
ဟေ့ကောင် !!!!! ..................အစုတ်ပလုတ်
  ဘာမှမေးမနေ နဲ့ ပြင်ရင်လဲရတယ်၊ မပြင်လဲရတယ်၊
 ပြင်မယ်ဆို အနည်းဆုံး ၁၅နှစ် ပြင်ချင်တာပြင် ငါတို့ဂျူနီယာတွေ စောင့်နေတာညောင်းလှပြီ သူတို့ ပေးထိုင်စရာရှိသေးတယ်၊

မဟုတ်ရင်တော့ " ၏ " နဲ့ " သည် "လောက်ပဲပြင်.....
 ဟောပြာပွဲတွေ၊.... ထောက်ခံပွဲတွေ.... ကန့်ကွက်ပွဲတွေ.... လုပ်မနေကြနဲ့ အလကား..... ရွှေညောင် နှစ်ပင် ၁၀နှစ်ကြာအချိန်ဆွဲလုပ်ကတည်းက ဒီ နှစ်လုံးဘဲ ဆွေးနွေးခွင့်ပြုခဲ့တာ၊

 ဘာအခုမှ " ပြီ" တို့ " ၍" တို့ " ပါ " တို့ " စ " တို့ " ဆ" တို့ဖြစ်ရပြန်တာလဲ၊ မသိဘူး ဒါဘဲ။
 ဥပဒေ အတိုင်းသွား ( ငါတို့ပြောတဲ့ ဥပဒေပြောတာ) ဘာတွေလာမေးနေမှန်း ကု မသိဘူး၊ ထမင်း တစ်ထပ်ဘဲကျွေး၊ ပါးရိုက်ပြီး၊ ချရားတန်းရွာကို ပို့လိုက်မှ အကောင်လိုက်ပျောက်သွားမယ် ဟင်း။
ဗျာာာာ ! ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါပါဘဲခင်ဗျ
ဟို အသံဖိုင် နဲ့ ဗွီဒီဖိုင်လေးများ ကူးသွားလို့ ရမလားခဗျာ၊ ရုပ်ချည်းပဆို fb မှာ လိုသလို လုပ်စားကြတာများလို့ပါ၊
ဒီကောင် တောတောစကားများတယ်၊ အဲဒါ ငါ့လူတွေဖွလီု့ရအောင်ထားခဲ့၊ ကျန်တာ မင်းကြိုက်သလိုဖွ၊
ကျေးဇူးတင်ပါတယ်ခင်ဗျ။

၂၀၁၄ သန်းခေါင်းစာရင်းကောက်ပွဲ၊ ခြေဥပြင်ပွဲ၊ မဲဆွယ်ပွဲတွေ အ မဲ ဖျက်ပွဲတွေခြိမ့်ခြိမ့်သဲ နဲ့
၂၀၁၅ ရွေကောက်ပွဲ ဘယ်လောက်များတောင် ရိုက်ပွဲ
 ဖွပွဲ သတ်ပွဲ ခတ်ပွဲ လေးတွေနဲ့
မစည်ပင်ကြပါစေနဲ့လို့

2014-18-Feb
11:00hrs