သမိုင်းနဲ့ပါတ်သက် တကယ်ငြင်းချင်ကတ် ကေ
သမိုင်းမှတ်တမ်းအဖြစ်ကျန်အောင် စံနစ်တစ်ကျ
သမိုင်းသုတေသနလုပ်ပြီး အထောက်အထားခိုင်လုံစွာ
မှတ်တမ်းပြုကျမ်းပြု ငြင်းခုံဆွေးနွေးဖေါ်ထုတ်ကတ်ပါ၊
သမိုင်းကို ရပ်ကွက်ထဲက ပါးစပ်ရာဇဝင်နဲ့
ဝါကျွတ်ပွဲက ဇါတ်ရုံရှိမှာ ထိုင်
ဇါတ်ဆရာမှားနီးဗျယ်လို့
ငြင်းနီကတ်လို့မရပါ။
ဆရာ ချစ်ဦးညိုနဲ့ ဆရာပါရဂူ ရို့ ဝထ္ထုကို
ဖတ်ကြည့်ကေ
သမိုင်းကို ပြောင်း ပြန်သတ်ဖို့
ကြိုးစားကတ်စွာမဟုတ်ပါ
သမိုင်းနောက်ခံ ဇါတ်လမ်းအချို့၏
ကျောရိုးကို အခြေခံကာ
မိမိအတွေး မိမိနှလုံးသားဖြင့် ခံစားပြီး
မိမိကလောင်သွားဖြင့်
မိမိချပြလိုတဲ့ ရသတစ်ခုကို
သူ့နှလုံးသားနဲ့ ရွီးကတ်စွာရာ ဖြစ်ပါရေ။။
သမိုင်းကို မိမိရို့
သိထားစွာ အမှန်သေချာရေလို့ ထင်ကေ
သမိုင်းအချက်အလက်အမှန်တစ်ခုဖြစ်လာ အောင်
စံနစ်တကျ ကျမ်းပြုစုပြီးကေ
သက်ဆိုင်ရာမှတဆင့် စာတမ်းဖတ်ခြင်း
ပါရဂူဘွဲ့စာတမ်းပြုစုခြင်းများ
များများ ရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းကြယင်းနဲ့
တိမ်မြုပ်ပျောက်ကွယ်နီးဖြစ်နေသော
ပါစပ်ရာဇဝင်သာသာ ရခိုင်သမိုင်းများ
မှတ်တမ်းမှတ်ရာ ကျန်ရစ်အောင်
ကြိုးစားသင့်ကတ်ပါဗျယ်။
ပြဇါတ်ကခြင်းသည် သမိုင်းကျမ်းပြုစုခြင်းမဟုတ်၍
သမိုင်းအချက်အလက် မှားယွင်းမှုများ
ပါကောင်းပါနိုင်သော်လည်း
အနုပညာရသ ကို ခံစားယင်း မိမိရို့၏
သမိုင်းနောက်ခံ ယဉ်ကျေးမှု တိကို
ဖေါ်ထုတ်ဈေးကွက်ဝင်
promotion လုပ်ခြင်းအဖြစ် အားပီးကတ်ယင်း
မှန်မမှန်ငြင်းခုံကြခြင်းထက်
ငါရို့လူမျိုးတိမှာ သမိုင်းနှင့်ပတ်သက်ကေ
စံနစ်တစ်ကျဖြစ်အောင်အများလက်ခံနိုင်ရေ
သမိုင်းမှတ်တမ်းတိဖြစ်လာအောင်
အားထုတ်ကတ်ပါလို့ တိုက်တွန်းချင်ပါရေ။
နောက်ဆုံးတစ်ခု အရေးတကြီးပြောချင်စွာက
ကျနော်ရို့တိ စောမဲကျီ အသူ့မယားလဲ
ငြင်းနီကတ်တေ အချိန်မှာ
မောင်းတောက လွှတ်တော်အမတ်ပြုတ်
ဘင်္ဂလီ ရွှေမောင် နယူးယော့တိုင်းမှာရွီးထားရေ
မြန်မာပြည်က လူတစ်သန်းကျော်လောက် ရှိပြီးကေ
လူနည်းစုလို့ အမည်ခံ ငိုဟင်ဂျာလို့ ဆိုရေ
သနားစရာ အနှိမ်ခံပုံပြင် Article ကို
စလုံးက ဆက်ခံထရီကျောင်းတစ်ခုက
ဆတ်သရီးကလပ် ဆိုရှယ်စတာဒီဘာသာရပ်
သင်ခန်းစာတစ်ခုအဖြစ် သင်ဖို့
ဆွေးနွေးဖို့ ကျောင်းသား တိကို
စာရွက်ဝေစွာ တွိရလို့ ခံပြင်းမိရေ။
ရခိုင်ပြည်ဇာတိ လူနှစ်သန်းကျော်လောက်ရှိပြီးကေ
သုံးပုံတစ်ပုံက ပြည်မနဲ့ နိုင်ငံတစ်ကာရာက်နီရေ
ရခိုင်လူမျိုးအကြောင်းကို ကမ္ဘာတစ်ဝှမ်းမပြောကေ့
အရှေ့တောင်အာရှမှတောင် သိရေလူနည်းရေ
ယင်းအတွက်နဲ့ ရခိုင်လူမျိုးတိ ကို ငိုဟင်ညာဇါတ်လမ်း
သမိုင်းလိမ်ပေါ်လာမှ ငိုဟင်ညာက ဇါတ်လိုက် မင်းသား
ရခိုင်က ဗိန်လိန်ပိုင်ရာ လူသိလာကတ်တယ်။
ယေဇူးနဲ့ ရခိုင်လူမျိုး နဲ့ ရခိုင် ယဉ်ကျေးမှု ကို
promote လုပ်ဖို့ဆိုကေ
အေ ပိုင် ပြဇတ် ၊ အက၊ တေးခြင်း၊
ရိုးရာ မင်္ဂလာဆောင်၊ ရိုးရာ ဝတ်စုံ၊
အက်ီၤ ၊ ဒေယာ၊ ကအစ အားလံုးကို
မြန်မာ ထဲတောင် မက
နိုင်ငံ တစ်ကာ အသိုင်းအဝိုင်းထဲတောင်
ဈေးကွက်ဖေါက် promote လုပ်နိုင်ဖို့
သမိုင်း အချက် အမှားတစ်ချို့ ပါလီ ရှိလီ ပါတ်ဇီ
လူမျိးနာမည် ထိုးထွက်နိုင်ဖို့
အားပီးကတ်ရဖို့ ကြိုးစားကတ်ရဖို့။
မြန်မာပြည်မှာ
ကိုယ့်ထီး ကိုယ်နန်း ကိုယ့် သမိုင်းရှိခ ကတ်တေ
ပြောနီကတ်တေ ဗမာ ရခိုင် မွန် လူမျိုးတိထဲမှာ
အခုဆိုကေ ရခိုင် နဲ့ မွန်လူမျိုးကို
ကချင် လူမျိုး ကရင်လူမျိုး ပဒေါင်းလူမျိုးလောက်တောင်
ကမ္ဘာမှာ လူမသိတောင်မက
တဖက်ကပြောင်းရွှေ့အခြေစိုက်လာရေ
ဘင်္ဂလီတိ နံမည်သစ်ပီးထားရေ
ငိုဟင်ညာ တိလောက်တောင်
လူမသိ သူမသိ ဖြစ်လားရစွာရေ
ငရို့တိကိုယ်တိုင်ညံ့လို့ဖြစ်ရေ။
တချိန်က လူကြိုက်များခရေ
ရခိုင် ဒယော ထမီ တိရေ
အခု ချင်း ကချင် လုံချည်တိလောက်
ဈေးကွက်မဖေါက်နိုင်စွာလဲ
ငရို့တိ ညံ့လို့ရာဖြစ်တယ်။
ယင်းအတွက် နဲ့
မိမိလူမျိုး တိုးတက်ဖို့ ဆိုကေ
ကိုယ့်အမျိုးကို ကိုယ် အားပီးတတ်ဖို့လိုရေပိုင်
promote လုပ်တတ်ဖို့လဲ လိုရေ။
သမိုင်းပြုစုခြင်းမဟုတ်တေ
ယဉ်ကျးမှု ပရိုမိုးချင်းကိစ္စ မှာ
ငြင်းနီကတ်ဖို့ အချိန်မပီးကတ်ဘဲ
တိုးတက်လာဖို့ ကိစ္စ ၊
ကိုယ်အမျိုးတိ
အရာရာမှာ ဈေးကွက်ကျယ်လာဖို့ ကိစ္စ တိ မှာ
အပြုသဘော ငြင်းခုံကတ်ယင်း
လူမျိုးတစ်ရပ် မြင့်လာဖို့ လူရာဝင်လာဖို့
အရေးတကြီး လုပ်ကတ်ပါလို့ တိုက်တွန်းပါရေ။
ဦးတင်စံကျော် အခုအခြေအနေ ကိုရောက်လာ စွာ
မိမိကိုယ်ကို ယုံကြည်မှုနဲ့ မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။
ဖရော်ဖက်ဆာ ဒေါက်တာ စောဝေလှ ဖြစ်လာစွာလဲ
မိမိကိုယ်ကို ယုံကြည်မှုနဲ့ မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။
မြန်မာပြည်ဖွား တရုတ်လူမျိုးစစ်စစ်ဖြစ်လို့
FRC ဘဝနဲ့ ဆေးကျောင်း မတက်လိုက်ရကေလဲ့
အမေရိကားကို ၁၃ဒေါ်လာနဲ့ရောက်လို့
တစ်စိုက်မတ်မတ် ကြိုးစားယင်းက
Hishhio Sushi ပိုင်ရှင် သဌေးဖြစ်လာသူ
ကိုဖိလစ်မောင်သည်လည်း
ဘဝကိုတစိုက်မတ်မတ်ကြိုးစားယင်း ရုန်းကန်မြှင့်တင်ယင်း
Promote လုပ်ယင်း ထိပ်ကိုတက်လှမ်းနေသူ တစ်ယောက်ပါ
ရခိုင်သားတိ သူများနှိမ်လို့
အေဘဝ ရောက်နီရရေ တွေးနီဖို့ပြောနီဖို့ထက်
မိမိ ဘဝ ကို မိမိ ယုံကြည်ချက် ထားပြီး
ကိုယ့်ဘဝကို ကိုယ်
မိမိရို့ တစ်ယောက်ချင်းစီ
တည်ဆောက် promote လုပ်လားကတ်ဖို့ဆိုကေ
ကမ္ဘာမှာ ရက္ခိုင် ရက္ခိုင်ယဉ်ကျေးမှု ရက္ခိုင်ထွက်ပစ္စည်း
ရက္ခိုင်နည်းပညာတိ ဆိုစွာလဲ နီရာတစ်ခု
အခိုင်အမာနဲ့ တည်ရှိနီလာ နိုင်မှာပါ။
http://www.nytimes.com/2015/11/03/opinion/myanmar-election-disenfranchised-rohingya.html?utm_source=BurmaNet+List&utm_campaign=afc3b67c14-BurmaNet_News_October_27_201510_27_2015&utm_medium=email&utm_term=0_e8fbf8e3d3-afc3b67c14-219050333
https://www.questia.com/newspaper/1P2-38928115/disenfranchised-rohingya
http://www.nytimes.com/2015/08/24/world/asia/myanmar-lawmaker-u-shwe-maung-barred-from-re-election-on-citizenship-grounds.html?_r=0
စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)
Showing posts with label တိုင်းရင်းသား-လူမျိုးရေးရာ. Show all posts
Showing posts with label တိုင်းရင်းသား-လူမျိုးရေးရာ. Show all posts
Tuesday, January 12, 2016
Tuesday, October 27, 2015
Human house and Bat House
ဒီဗွီဒီယိုကြည့်မိတော့
သူများအိမ်ခေါင်မိုးပေါ်
အသိုက်တည်၊
ရွာတည်၊
ချီးပါ၊
သားမွေး၊
နှစ်ကာလကြာသည်နှင့်အမျှ
ခေါင်မိုးက ဒီဝန် ဒီဒဏ် မခံနိုင် ပျက်လာ၊
ခေါင်မိုးပြင်မယ်ဟေ့လို့
ခေါင်မိုးပေါ်တက်ကြည့်
တစ်ချပ်ချင်းလှန်ကြည့်လိုက်တော့မှ
Realize ဖြစ်ရတဲ့ဒီအခြေအနေမှာ၊
အိမ်ရှင် နဲ့ အိမ်ပြင် လိုသူရဲ့ အပြစ်လား???
နေရာလွတ်တွေ အများကြီးဘဲဟေ့ဆိုပြီး
သူများ အိမ်ခေါင်မိုးပေါ်ရွာလာတည်ယင်း
အိမ်မဲ့ယာမဲ့ဖြစ်သွားရတဲ့ လင်းနို့တွေရဲ့ မိုက်မဲမှုလား ???
လူသားတွေရဲ့ ဘဝလက်တွေ့ ကျင်းသုံးနေကြတဲ့တရား၊
ဘီလူးစည်း လူ့စည်း ခြားထားရတယ် အမြင်အရ ဆိုရင်
အိမ်ရှင်ရဲ့ တရား သာဖြစ်ပါတယ်လို့
ယုံကြည်မိပါတယ်။
စကြာင်္ဝဋ္ဌာရဲ့ သဲတစ်မှုန်နဲ့တူတဲ့
ကမ္ဘာကြီးပေါ်က
သက်ရှိများသာဆိုတဲ့ ဘာသာတရား
ရှု့ထောင့်ကကြည့်မယ်ဆိုယင်တော့
ဘယ်သူမှ မမှားဘူးဆိုနိုင်ပေမယ့်
တရားအောင် အယင်လုပ်ရမှာက
ကမ္ဘာရှိတဲ့ စည်းတွေကိုအယင်ဖျက်ကြရမယ်ဆိုယင်
Country, Nation, Border,, Visa, Passport, I.C, lock,
Fence ,Hoarding, Trespass ,Immigration ၊ Visa lottery,
ဆိုတဲ့ အရာတွေ စကားလုံးတွေ အများကြီးကို
ကမ္ဘာကြီးစည်းမဲ့ကမ်းမဲ့ တရားမျှတ သွားစေဖို့
ကမ္ဘာအဘိဓါန်တွေထဲကရော
လက်တွေ့ဘဝထဲကရော
ပထမဆုံး ဖယ်ရှားလိုက်သင့်တယ်လို့
ယုံကြည်မိပါရဲ့။
Tat86 Bumi
Tuesday, September 8, 2015
ဆရာတော် အရှင် ဦးဥတ္တမ
ဒီနေ့ စက်တဘာင်္ ၉ရက်နေ့ဟာ
ကျနော်အပါအဝင် ရခိုင်တိုင်းရင်းသားတွေအတွက်
ရခိုင့်အာဇါနီတစ်ဦးဖြစ်တဲ့
ကိုလိုနီလက်အောက်က အရှေ့အာရှတိုက်သားတို့၏
သခင်စိတ်ဓါတ် ဝံသာနုစိတ်ဓါတ်ကို မျိုးစေ့ချပေးခဲ့သော
ဆရာတော်ဦးဥတ္တမနေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်
နိုင်ငံတစ်ကာ အဖွဲ့အစည်းတစ်ခုခုရဲ့ ထိပ်တန်းရာထူးတစ်ခုခု
တာဝန်ထမ်းဆောင်ခြင်းလဲ မရှိခဲ့ဘဲ
ပြည်ပနိုင်ငံတစ်ခု အထူးသဖြင့်
အာရှရဲ့ ထိပ်သီးအင်မတင်မာနကြီးတဲ့ လူမျိုးတစ်မျိုးဖြစ်တဲ့
ဂျပန်လို နိုင်ငံတစ်ခုမှာ
သူ့ Memorial အဖြစ် သူခဏနေထိုင်ခဲ့တဲ့
အဆောက်အဦးကို သူ့ ပြတိုက်တစ်ခုအဖြစ်
ထိမ်းသိမ်းစောင့်ရှောက်ပြသထားခြင်းခံရတဲ့
တစ်ဦးထဲသော ပုဂ္ဂိုလ် တစ်ယောက်ပါ။
ဦးဥတ္တမနေ့ ကို
အောက်ပါ ရခိုင် Classic သီချင်းတစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်
https://soundcloud.com/tin-aung-tun-6/ah-poe-oh-ei-sanda-mon-ra-ka
သမိုင်းဖျက်ခံရသော ပန်းခြံ -
Monday, September 7, 2015
မြန်မာပြည်ရှိ တိုင်းရင်းသားများ မိသားစု စိတ်ဓါတ် အခိုင်အမာ ရှိကြပုံမှာ
၁၉၇၆-၇၇ (ပဉ္စမတန်း) ငါးတန်းမြန်မာစာမှာ
ပထမဆုံးသင်ခဲ့ရတဲ့ သင်ခန်းစာရဲ့ ရှေ့ဆုံးစာကြောင်းကို အခုအချိန်ထိ မှတ်မိနေဆဲမို့
ဒီပိုစ့်ခေါင်းစဉ်ကို အဲဒီစာသားအတိုင်းပေးလိုက်မိပါတယ်၊
အောက်ပါပိုစ့်သတင်းအရရော သတင်းရဲ့အောက်မှာ ရေးထားတဲ့
Comment မှတ်ချက်တွေအရပါ၊ Mongoloid ကနေ ဆက်စပ်ဆင်းသက်လာတယ်လို့ပြောပြီး၊
ပညာတတ်လူတန်းစားတွေ၊
USDP နဲ့ NLD အပါအဝင် နိုင်ငံရေးခေါင်းဆောင် ၊
တိုင်းပြည်ခေါင်းဆောင်
ပြည့်သူ့ခေါင်းဆောင်ဆိုသူတွေ၊
ဒီမိုကရေစီ လိုလားပါတယ်၊ ဖယ်ဒရယ်တည်ဆောက်ဖို့
လုပ်ပေးသင့်ပါတယ်ဟု online media တွကနေအော်နေကြသူအဆုံး
စကားပြောဆင်ခြင်သင့်တာက
မြန်မာပြည်မှာ လက်ရှိ တိုင်းရင်းသား ၁၃၅မျိုးရှိပါတယ်ဟု
လက်ခံသတ်မှတ်ထားလျက်က
ပြည်နယ်အသီးသီးနေ တိုင်းရင်းသားအသီးသီးတို့ကိုသာ
တိုင်းရင်းသားဟု၊ တိုင်းရင်းသားပါတီများဟုညွန်းဆိုကာ၊
ပြည်မ တိုင်းဒေသကြီးအခြေစိုက်ပါတီများကိုမူ
တိုင်းရင်းသားအများစုပါဝင်တဲ့ ပါတီမဟုတ်သလို ကဲ့သို့
(ဗမာမျိုးနွယ်စုများဟာ တိုင်းရင်းသားမဟုတ်ကြသကဲ့သို့ ၁၃၅ မျိုးထဲမပါသကဲ့သို့)
ညွှန်းဆို သုံးနှန်းမှုများဟာ
Racist လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားမှုဆန်ကာ
မဟာဗမာလူမျိုးကြီးဝါဒ ခံယူနေသလားဆိုတဲ့ ခံစားမှုမျိုး
အညွှန်းခံရတဲ့ သူတိုင်း အနည်းအများဆိုသလို ထိခိုက် ခံစားမိကြတယ်ဆိုတာ သတိပြုသင့်ပါတယ်၊
အထူးသဖြင့် Exposure နည်းပြီး ထိရှလွယ်တဲ့
ခံစားမှုရှိသူတွေအတွက် ဆိုရင် ဒါဟာ စူးတစ်ချောင်းပါဘဲ။
တိုင်းရင်းသားဆိုတာ ဗမာလူမျိုးနွယ်စုတွေမပါတဲ့
ပြည်နယ်ဒေသအသီးသီးနေ တိုင်းရင်းသားများကိုသာ
သီးသန့်ခွဲခြားခေါ်ဆိုနေကြပါလားဆိုတဲ့ ခံစားမှုမျိုး
သီးခြား ခွဲခြားခံရတယ်ဆျုတဲ့ ခံစားမှုမျိုး ကို ခံစားစေသမို့
တစ်ကယ်ပြည်ထောင်စုစိတ်ရှိကြောင်းပြသစေချင်တယ်ဆိုယင်၊
သင်သည် မှတ်ပုံတင်လုပ်ဆောင်ရာတွင်ပင်
သွေးနှောလို့ဥပဒေကပြဌာန်းထားတဲ့၊
သွေးနှောတစ်ဦးမဟုတ်ခဲ့ဘူးဆိုလျင်၊
လူစ်ယောက်ယောက်ကို
ဗမာစကားပြောသံတစ်မျိုးမျိုးဝဲနေ၍
"ခင်ဗျားတိုင်းရင်းသားလား' ဟု မေးမယ့်မေးခွန်းအစား
" ခင်ဗျားဘာလူမျိုးလဲ " ဒါမှမဟုတ် " ဘာတိုင်းရင်းသားလဲ "
ဟူသောမေးခွန်းမျိုးကိုသုံးသင့်ကာ၊
တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားတွေဟုညွှန်းဆိုမှုအစား
ပြည်နယ်အသီးသီးနေတိုင်းရင်းသားဆိုတဲ့
စကားလုံးမျိုးတွေကိုသာ လူများစု တိုင်းရင်းသားဖြစ်တဲ့
ဗမာတိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တိုင်ရင်းသားတွေအပေါ်
သမိုင်းထဲက အမှောင်ညတွေ၊
သမိုင်းထဲက အစွန်းအထင်းတွေ လျှော်ဖွတ် ထားနိုင်ခဲ့ဖို့
လူအမျိုးမျိုးစိတ်အထွေထွေကြားက
အဖုအထစ်ကလေးတွေ ချောမွေ့သွားစေနိုင်ဖို့
သဘောထားတွေ ပြည့်ဝ စိတ်သန့်ရှင်းမှုတွေ ပြသရရောက်ဖို့
ပြောဆိုသုံးနှန်းသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။
https://www.facebook.com/notes/ministryof-culture/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%99%E1%82%88%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9-%E1%80%A1%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1/657355321068142

Thursday, July 16, 2015
Identity ခိုးသားများနှင့်ရခိုင်တို့၏ဒုက္ခ
နံမည်ကိုကြိုက်လို့သုံးစွဲတာကိစ္စမရှိပါ
Counterfeit လုပ်တာဆိုတာလဲ
အတုဟာအတုမို့ ဘယ်လောက်ဘဲတူအောင်လုပ်လုပ်
မူလ original ရဲ့ identity ကိုလုယူတာမဟုတ်ဘဲ
မူလရဲ့ တန်ဘိုး ရှိမှန်းသိလို့
မိမိတန်ဘိုး သူ့မမှီသေးလို့လိုက်တုတာပါ၊
သူ့နေရာနဲ့ သူ့အဆင့်ပါဘဲ၊
ဒါပေမယ့် တစ်ခြားသူ၊ တစ်ခြားအမည်၊ တစ်ခြားပစ္စည်းရဲ့ identity ကိုယူပြီး
ပတ်ဝန်းကျင်က အသိအမှတ်ပြုအောင်လုပ်ခြင်းက အဆိုးဆုံးပါဘဲ။
မူလ identity ရှင်ရဲ့ image ကိုပျက်စီးစေပါတယ်။
ဥပမာ iphone.6 ဆိုပြီးအတုလုပ်တာ က iphone ဆိုတဲ့ value ကို image တောင်မြင့်စေပါသေးတယ်
demand များလို့အတုတွေထွက်လာရတဲ့သဘောပါ၊
Apple ကထုတ်လေ့ရှိတဲ့ Iphone, Ipad, Ipod, လိုမျိုး Apple ကမထုတ်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို
i(အိုင်) ဆိုတဲ့စကားလုံး နံမည်ရှေ့ကထည့်
သုံးပြီး ဈေးကွက်ထဲချရောင်းလာပြီဆိုရင်
ဒါ identity မသိမသာခိုးခြင်းပါဘဲ။
Apple logo ပါထည့်သုံးပြီးဆိုရင် အတိအကျ ခိုးခြင်းပါဘဲ။
ဒါမျိုးက လုံးဝလက်ခံနိုင်စရာမရှိပါ
မကြာခင်က ဘင်္ဂလီအရေးအခင်းမဖြစ်ခင်ထိ
တက္ကသိုလ်အသိုင်းအဝိုင်း၊ ပြည်မလူမှုအသိုင်းထဲတွင်
ရခိုင်ဟုပြောလိုက်လျင် ဗမာအပါအဝင် ကျန်တိုင်ရင်းသားများက
ဝက်သားစားသလားဟု မသိမသာမေးမြန်းခံရမှုများ
မိမိအသိုက်အဝန်းထဲတွင်ပင်ခံခဲ့ရပါသည်။
ဒါကိုယ်ကြည့်ခြင်းအားဖြင့် ရခိုင်တို့၏ identity တပိုင်းတစ
ဖျောက်ဖျခံနေရပြီဟုပြောလျင် သင်ငြင်းနိုင်မည်လား၊
ဤသို့ ဖျောက်ဖျဖို့ အုပ်စုတစ်ခုခုက ကြိုးစားနေသည်၊
တစ်ခြားတိုင်းရင်းသားများလည်း မသိ၍ဖြစ်စေ
သိသိနှင့် အားနာ၍ဖြစ်စေ မိမိကိစ္စမဟုတ်၍
မသိကျိုးကျွန်ပြုခြင်းနှင့်ဖြစ်စေ
အလိမ်ခံနေကြသည်ဟု ဆိုလျင် မှားပါသလား၊
ထိုထို အကြောင်းကြောင့် ဒီပိုစ့်ကို ရှယ်ရပါသည်။
အရေးအခင်း ဖြစ်ခြင်းသည် လူ့အသိုင်းထဲတွင်
ဖြစ်သင့်ကိစ္စ မဟုတ်တော့ဟု ဆိုနိုင်သော်လည်း
အဆိုးထဲက အကောင်း ထုတ်ယူရမည်ဆိုလျင်
ရခိုင်လူမျိုး /ဗုဒ္ဓဘာသာ ဟူသော Identity ကို
ဒီအရေးအခင်းအပြီး၌ ၉၉ ရာနှုန်းလောက် ပြန်ရလိုက်သည်ဟုထင်ပါသည်။
ဒီပိုစ့်တင်ရတာဟာ လက်ရှိဘာသာရေးပဋိပက္ခတွေပွါးလာစေဖို့
ရွေးကောက်ပွဲကာလတွင်းမှာမို့ဖွနေတာမဟုတ်ပါဖူး၊
သမိုင်းကို ငွေအား အသိုင်းအဝိုင်းနောက်ခံအား
အတင်း အဓမ္မ ကျင့်ဖို့ကြိုးစားနေကြတာကို သိစေချင်တာရေ
သမိုင်းနောက်ပြန်ဆွဲချင်လို့ ရခိုင်လို့ နံမည်တစ်လုံးပေးထားရဲ့နဲ့
အာရကန် လို့ ဘာလို့ အတင်းပြန်သုံးချင်နေကြတာလို့
နားလည်မှုမလွဲစေဖို့ပါဘဲ၊
တံခါးပိတ်ဝါဒအောက်မှ အဆက်အသွယ်ပြတ်လပ်နေခဲ့ကြရတဲ့
နှစ်ပေါင်း သုံးလေးဆယ်အတွင်း ပြည်ထောင်စုသားတွေ
ဒုက္ခမျိုးစုံနဲ့ပြားပြားပိနေကြချိန်မှာ နိုင်ငံတစ်ကာ စာမျက်နှာမှာ
သူတို့တွေနေရာယူ သမိုင်းကိုမုဒိန်းကျင့်ဖို့နှစ်များစွာ
ပြင်ဆင်ခဲ့လာတာကို မြန်မာပြည်တံခါး
ဟရုံလေးရှိတဲ့အခါမှသိလာ ကြရတဲ့အတွက်
တရားစွဲနိုင်ဖို့နေနေသာသာ
မုဒိန်းကျင့်ရုံမဟုတ်
သမိုင်း ရော၊ ဘာသာ ပါ.. အပြောင်းခံ မသွားရအောင်
ကိုယ့်ရပ်ကွက်သားတွေကို သူ့မယား မဟုတ်ကြောင်း
မုဒိန်းကျင့်ဖို ဖို့ ကြံစည်ခံရတာသာဖြစ်ကြောင်း
နားလည်ဖို့ ရှင်းပြနေရတဲ့ အဆင့်ဖြစ်နေတာမို့
နားလည်ပေးဖို့လိုပါတယ်။
တစ်ခြားမြို့မှာတော့ ရည်းစားနောက်ပါသွားသလိုလို
သတင်းဖြစ်နေသကိုးဗျ၊
အစိုးရ အဆက်ဆက်ရဲ့ မြန်မာ့သမိုင်းမှာ
နေရာတိုင်းမှာ ဘုရင့်နောင် ကျန်စစ်သား
အလောင်းဘုရားနဲ့ ပုဂံဘဲ promote လုပ်နေကာ
တိုင်းရင်းသားလူမျိုးတို့ရဲ့ သမိုင်းအစဉ်အလာများကို
ကိုယ့်တိုင်းရင်းသားအချင်းချင်းသိနားလည်အောင်
လုံလောက်အောင် ဖေါ်ထုတ်ပေးဖို့ .... ပျက်ကွက်ခဲ့ကြတဲ့၊
ဖျောက်ဖျက် ချိုးနှိမ်ထားချင်ကြတဲ့ အာသီသ အယူသီး
Wise မဖြစ်မှုတွေကြောင့်လို့ယူဆပါတယ်။
ရခိုင်ပြည်ကမ်းရိုးတန်းတစ်လျောက်နဲ့
ရိုးမတောင်းတန်းတောင်ကြော
ရခိုင့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဟာ
သမိုင်းကျမ်းပြုကျောင်းသား၊
ဘူမိ ကျမ်းပြုကျောင်းသား
အဏ္ဏဝါဗေဒကျမ်းပြုကျောင်းသားတို့
ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တို့အတွက်
အချက်အလက်စုဆောင်းပေးနိုင်တဲ့
ကျမ်းမြောက်မြားစွာ ရေးရင်ရနိုင်တဲ့
ပညာအချက်အလက်သစ်များထုတ်ပေးနိုင်အုံးမယ့်
explore ပြည့်စုံအောင်မလုပ်ရသေးတဲ့ ဘဏ္ဌာတိုက်ကြီးအဖြစ်
ရှိနေသေးသလို၊
လှပတဲ့ကမ်းခြေ၊ ကြွယ်ဝတဲ့ သမိုင်း အမွေအနှစ်၊
ဟိမဝန္တာတောင်တန်းက ဆင်းသက်လာတဲ့
မုတ်သုန်တောမှာနေထိုင်ကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေ ရဲ့ သဘာဝ
တိုင်းရင်းသားမျိုးနွယ်စုများရဲ့နေထိုင်မှု တို့ကို ....promote လုပ်ကာ
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပြင်၊ ဆက်စပ်နေသော
မြောက်မြားစွာသော စီပွါးရေးလုပ်ငန်းများဖန်တီးကာ ဝင်ငွေရရန်မကြိုးစားဘဲ၊
ထွက်သမျှ သဘာဝသံယဇာတများကိုသာ
ထုတ်ယူရောင်းချရင်း တိုင်းရင်းသားများ၏ဘဝ အခြေအနေကို
၁၉ရာစုရဲ့ရှေ့ပိုင်းမှာ မှုန်ဝါးဝါးနဲ့ ကျန်စေခဲ့ယင်း
သမိုင်းပျောက် လူမျိုးပျောက် identity ပျောက်ဖြစ်လာရသည် မှာ
မဆန်းတော့ပါ... မျိုးဆက်သစ် နိုင်ငံရေးသမားတွေ နားလည်ပေးရပါလိမ့်၊
နိုင်ငံရေးကွက်ကျော်နင်း ပြီး ချယ်လှယ် အသုံးချမယ့်စိတ်တွေ ပျောက်ကြစေဖို့ပါ။
အောက်ပါ ဓါတ်ပုံအတွက် အောက်တွင်ဖေါ်ပြထားသော links ပါ မူလပိုစ့်ပိုင်ရှင်အား credit ပေးပါသည်။

https://www.facebook.com/photo.php?fbid=213914402147991&set=a.123093181230114.1073741832.100005882970731&type=1

Subscribe to:
Posts (Atom)