စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)
Sunday, February 21, 2016
နှုတ်ဆက်ခဲ့ပြီ သုစန္ဒီ - Twilight Over Burma
ဒီအကြောင်းကြားဖူးခဲ့ပေမယ့်
အသေးစိတ်မသိခဲ့ပါဘူး
စာအုပ်ဖတ်ဘူးမှာ သာ သိရပါတယ်၊
ခုတစ်ခါ သီချင်းလဲ ပေါ်လာတယ်
ရုပ်ရှင်အဖြစ်လဲ မကြာခင်ရှု့စားရတော့မယ်ကြားပါတယ်၊
မြန်မာ့နိုင်ငံရေးရဲ့ အမှောင်လွှမ်းခဲ့တဲ့နေ့များထဲက
ပြည်ထောင်စုတိုင်းရင်းသားတို့ရဲ့ (၁၃၅ မျိုးလုံးကို ဆိုလိုပါတယ်)
ဝမ်းနည်းစရာ ဘဝဇါတ်လမ်း တစ်ပုဒ်ပါဘဲ
ဘယ်တော့များ လပြည့်ဝန်းသာပြီး
လေပြေညှင်းတိုက်ခေတ်တဲ့ တောက်ပတဲ့နေ့တွေမှာ
ပြည်ထောင်စုသားအားလုံး
ပျော်ရွှင်စိတ်ချမ်းမြေ့စွာနေကြရမယ့်နေ့ရက်တွေ
ခေတ်တစ်ခုပြောင်းတိုင်းပြောင်းတိုင်းနီးလာပြီဟ ဆိုတဲ့
မိုးသောက် နိုးတစ်ဝက်အိမ်မက်တွေ ဟာ
ဒီမနက်အာရုဏ်နေ့တွေမှာလဲ
အမှန်ဖြစ်ပါစေသားလို့ မျှော်လင့်နေဆဲပါ........
စာအုပ်ဖတ်နိုင်မယ့် link အချို့နဲ့
Twilight over Burma နဲ့ပတ်သက်တဲ့ ရေးသားထားမှုအချို့ကို
စိတ်ဝင်စားတဲ့ မိတ်ဆွေအချို့ ဖတ်ဖို့ ဝေမျှလိုက်ပါတယ်။
https://www.youtube.com/watch?v=WgQkn52S4V4
Tuesday, February 2, 2016
Sunday, January 31, 2016
Playing for Change - ”We don’t need more trouble, what we need is love.”
Playing For Change is a movement created to inspire and connect the world through music.
”We don’t need more trouble, what we need is love.”
The spirit of Bob Marley always lives on!
As we made our way around the world we encountered love and hatred. We
met people both rich and poor, black and white, and from innumerable
religious groups and ideologies. Over the course of our journey it
became very clear that as a human race we need to transcend from the
darkness to the light

War/No more trouble - Bob Marley
War/no more trouble-Bob Marley
What a Wonderful world - playing for Change
War/No more trouble - Playing for Change
IMAGINE -JOHN LENNON- PLAYING FOR CHANGE
Redemption - Bob Marley
Redemption - Playing for change
Redemption - Playing for change
Redemption - Beyonce & Pearl Jam
Redemption - Ziggy Marley
Redemption-Bob Marley
One Love - Playing for Change
One Love _ Bob Marley
Beautiful Soldier - Marian Burns
Buffalo Soldier - Bob Marley
Buffalo Soldier - Bob Marley
What's going on - Playing for change
Guantanamera - Playing For Change
La Bamba - Playing For Change
Music is ammunition - Playing for Change
Teach your Children - Playing for Change
Don't worry be happy - Playing for change
Don't worry be happy -Bobby Mcferrin
Don't Worry be happy -Bob Marley
Stand by me - Playing for change
Stand by me - Playing for change
celebration - Playing for change
LEAN ON ME - PLAYING FOR CHANGE
RIPPLE- PLAYING FOR CHANGE
COTTON FIELDS - PLAYING FOR CHANGE
Words of Wonder-Playing for change
A better man - Playing for change
Equal Rights - Playing for Change
Three little birds - playing for change
ALL THE VIDEOS AND TEXT ON THIS POST ARE CREDITED TO https://playingforchange.com/ AND YOUTUBE UPLOADER
Thursday, January 21, 2016
သမတ ရောဂါ ပြည်နယ်ဝန်ကြီးချုပ်ရောဂါ ဗဟိုအစိုးရရောဂါ ၊ ပြည်နယ်အစိုးရရောဂါ နိုင်ငံတော် အာဏာရောဂါ ပြည်နယ်အာဏာပိုင်ဆိုင်ခွင့်ရောဂါ အားလုံးတူတူပါ။
တပြည်လုံးအတိုင်းအတာဖြင့်
ပြည်ထောင်စုအဆင့် နိုင်ထားသော ပါတီတစ်ခုဟာ ပါတီလုပ်ထုံးလုပ်နည်း
(ဗဟိုဦးစီစံနစ်ကျင့်သုံးသည့်ပါတီ၊ အာဏာရှင်ဆန်သည့်ပါတီ၊
ဒီမိုကရေစီနည်းလမ်းဖြင့်သွားသည့်ပါတီ စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်)
လက်ရှိဖွဲ့စည်းပုံအရ သမတကို စွပ်စွဲအပြစ်တင်စရာမရှိသော
မြန်မာနိုင်ငံသား တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသော
မြန်မာနိုင်ငံသားဖြစ်သူ ကို
စိတ်ကြိုက်ရွေးခွင့်ရနေသလို
ပြည်သူ့လွှတ်တော်ဥက္ကဌ ဒုဥက္ကဌ
အမျိုးသားလွှတ်တော် ဥက္ကဌ ဒုဥက္ကဌ များအားလည်း
စိတ်ကြိုက်ရွေးခွင့်ရနေပါသည်။
ပါတီ၏ ပေါ်လစီ၊ ဆုံးဖြတ်ချက်မှတ်သည့်လုပ်ထုံးလုပ်နည်းပေါ်မူတည်၍
မိမိပါတီထဲမှလူကို ရွေးမလား ပါတီ ပြင်ပမှ ရွေးမလားဆိုတာ
အနိုင်ရပါတီအပေါ်တွင်သာမူတည်သည်။
ပြည်နယ်ဝန်ကြီးချုပ်ဆိုသည်မှာလည်း ဖွဲ့စည်းပုံထဲတွင် သမတမှ ရွေးချယ်၍
ပြည်လွှတ်တော်တွင် အပြစ်အနာဆာမပြနိုင်က ကန့်ကွက်၍ မရဘဲ
အတည်ပြုပေးရသည့်သဘောရေးထားသည်။
သမတကိုလည်း သမတလောင်းသုံးဦးထဲမှ
လွှတ်တော်တွင်မဲခွဲ အတည်ပြု သမတတစ်ဦးရွေးရမည်ဆိုရာ
အနိုင်ရပါတီလွှမ်းမိုးထားသောလွှတ်တော်အတည်ပြုချက်သည်
လက်တွေ့တွင် ပါတီ၏ သဘောအတိုင်းသာပင်ဖြစ်သည်။
ပါတီများမှ ရွေးချယ်ခံသည့် သမတလောင်းကိုလူထုမှ
တိုက်ရိုက်ရွေးချယ်သည့်စံနစ်မဟုတ်ပါ။
ဒါကြောင့်မို့ အထက်ပါ ရာထူးတိုင်း ကို ဖွဲ့စည်းပုံပါ စည်မျှဉ်းအောက်မှ
လွှတ်တော်၏တစ်ဝက်ကျော်အနိုင်ရထားသောပါတီမှသာ
စိတ်ကြိုက်ရွေးချယ်နိုင်ပါသည် ဟု ဆိုလျင် မှားမည်မထင်ပါ။
ထို့ကြောင့် ဤနေရာတွင်ပြောလိုသည်မှာ
ပါတီကြီးများ၏ အတွင်းသဏ္ဌန် နှင့် မူဝါဒ ပင်ဖြစ်သည်
မည်သို့ခံယူချက်ထားသည့်ပါတီမျိုးနည်း ပါတီကြီးများလောက်သာ
မြန်မာ့နိုင်ငံရေး ပြည်ထောင်စု နိုင်ငံရေးကိုအပြည့်အဝ
ထိမ်းချုပ် အုပ်စိုးလိုသလား၊ တိုင်းရင်းသားပါတီများကို ဘယ်လောက်ဘဲ
တိုင်းရင်းသားပြည်သူများ ထောက်ခံမှုရရ
လွှတ်တော်အသီးသီး၌ အသံတစ်ခုကြားနေထွက်နေယုံသာ
ပေးထားလိုသည့် ခံယူချက်ထားကာ
မိမိပါတီအောက် ဝင်ရောက်လုပ်ကိုင်သည့် တိုင်းရင်းသားများကိုသာ
အသိအမှတ်ထားဦးဆောင်စေချင်သလား
တကယ့်ဒီမိုကရေစီနှင့် ဖယ်ဒရယ်၏အနှစ်သာရပေါ်လွင်အောင်
လုပ်ဆောင်ပေးလိုသည့် ခံယူချက်မျိုးထားသလား
စသည့် မူဝါ ဒ အပေါ် မူတည်၍
ဖွဲ့စည်းပုံထဲတွင် ထည့်သွင်းအသေးစိတ်မပါဝင်သည့် အတွက်
လုပ်ဆောင်နိုင်မှုများဖြစ်သည့်
အောက်ပါအချက်များကို ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရ ဖွဲ့ရန် ပါတီစိတ်ကြိုက်
ဖွဲ့စည်းပုံဘောင်ထဲမှလုပ်နိုင်သည်သာဖြစ်သည်။
သမတရာထူး
၁) အနိုင်ရပါတီသည် ဒုသမတ နှစ်ဦး ရွေးချယ်ပြီးထဲမှ
ထိုနှစ်ဦးထဲမှ သမတ ကို ကြိုတင်သတ်မှတ်ရွေးချယ်ထားကာ
မိမိတို့ကိုယ်စားလှယ်များမှ လွှတ်တော်ထဲတွင် မဲပေးအတည်ပြုနိုင်သည်။
၂) သမတ ရာထူးအတွက် ပါတီတွင်းကြိုတင်ညှိနှိုင်းရွေးချယ်မထားဘဲ
ဒုသမတနှစ်ဦးသာကြိုတင်ရွေးချယ် ပေးထားကာ လွှတ်တော်ထဲကျမှ
တပ်မတော်မှ ရွေးချယ်သော ဒုသမတ နှင့်အတူ
လွှတ်ကိုယ်စားလှယ်အားလုံးကိုလွှတ်လပ်စွာ
မဲပေးပိုင်ခွင့်ပြုလျင်လည်းဖြစ်၏။ ပါတီ ပေါ်လစီပေါ်တွင်သာမူတည်၏။
ပြည်နယ်ဝန်ကြီးချုပ်
၁) အနိုင်ရပါတီသည်
သမတအားလွတ်လပ်စွာ ပြည်နယ်တိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ခိုင်း၍ရသည်။
၂) အနိုင်ရပါတီမှ ပြည်နယ်ဝန်ကြီးချုပ် ရာထားသူကို သမတအား သဘောတူခန့်အပ်စေ၍ရ၏
ပါတီသည် သမတကို မိမိစိတ်ကြိုက်ရွေးခွင့်ရှိနေ၍ဖြစ်၏။
၃) အနိုင်ရပါတီ သက်ဆိုင်ရာပြည်နယ်၌ နေရာ အများဆုံး အနိုင်ရပါတီ တစ်ခုကို တာဝန်ပေးအပ်၍
ရွေးချယ် တင်ပြကာ မိမိတို့အတည်ပြုချက်နှင့် လည်းရွေးချယ်စေနိုင်၏။
၎) အနိုင်ရပါတီသည် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို တပ်မတော်ဖက်မှ ရွေးချယ်စေကာ
ပါတီနှင့် သမတမှ သဘောညီစေ၍လည်းရ၏။
၅) အနိုင်ရပါတီ ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ပြည်နယ်တွင်းအများစုအနိုင်ရ ပါတီနှင့်
မိမိပါတီ တို့မှ တစ်ယောက်စီရွေးချယ်စေကာ
ပြည်နယ်လွှတ်တော်ပြင်ပတွင် ပါတီများ ကြား ညှိနှိင်းအစည်းအဝေးခေါ်၍
သင့်တော်ပြီး အရည်အချင်းပြည့်ဝသူတစ်ယောက်အား ကိုယ်စားလှယ်များထဲမှ
အားလုံးလက်ခံနိုင်သူတစ်ယောက်အား ရွေးချယ်ကာ
ပါတီနှင့်သမတ မှ သဘောတူညီမှုယူ၍လည်းရ၏ ။
မရှိမဖြစ်လိုအပ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်ရမည် ဆိုထားမှုသာဖြစ်သည်။
အများသဘောညီသည့် ဖယ်ဒရယ် စစ်စစ် ပိုမို ဒီမိုကရေစီဆန်သော
ဖွဲ့စည်းပုံ တစ်ခု မရေးဆွဲနိုင်သေးခင်မှာ
လက်ရှိ ဖွဲ့စည်းပုံဘောင်ထဲမှ ပင် ပြည်နယ်တိုင်းရင်းသားတို့အတွက်
ပိုမို ဒီမိုကရေစီကျနိုင်မည့် မူဝါဒ တစ်ခုကို ပြည်ထောင်စုအတိုင်းအတာဖြင့်
အနိုင်ရ အစိုးရဖွဲ့ခွင့်ရကြသော ပါတီကြီးများအနေဖြင့်
ဗဟိုဦးစီးမှုကို အ လျော့အတင်းလုပ်ကာ ယုံကြည်မှု ပိုမိုပေး၍
စဉ်းစားလုပ်ဆောင်ကြမည်ဆိုလျင်
ပိုမို စည်းလုံးခိုင်မာသော ပြည်ထောင်စုနိုင်ငံတစ်ခုကို
နောက်ထပ် နှစ် ၆၀ စောင့်စရာ မလိုဘဲ မဝေးသော အနတ်ဂါတ်
တွင် တည်ဆောက်လာနိုင်ပေလိမ့်မည် ဟု ထင်မြင်မိပါသည်။
အမြင်ချင်းကွာဟသွားကြတိုင်း
ငါက ကျန်စစ်သား မင်းကဘယ်သူ
မင်းက ငဆ၊ ငါကဘယ်သူ
ငြင်းခုံစွပ်စွဲ အပြစ်တင်ဆဲဆိုနေကြမှုထက်
မဲဆန္ဒရှင် ပြည်သူတိုင်းဟာ နုနယ်လှသော
ဘောင်ခေတ်ထားမှုများရှိနေသေးသော
မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုအောက်မှ
နိုင်ငံရေးအင်အားစုများ ကြား
ယုံကြည် ညှိနှိုင်းဆောင်ရွက်မှုများ
အားကောင်း၍ တိုင်းပြည်ထူထောင်ရေးအားကောင်းကာ
လက်တွေ့အကျိုးကို ဒေသအသီးသီး ပြည်သူအများ ညီတူမျှတ
ခံစားလာရမှသာ ပြည်တွင်းလက်နက်ကိုင်လမ်းများကို
နိုင်ငံရေးလမ်းစဉ်ပေါ်သို့ ဆွဲခေါ်လာနိုင်ကာ
ပြည်တွင်းငြိမ်းချမ်းရေးရလာပေလိမ့်မည်။

Tuesday, January 19, 2016
မီချီကန် မှ အဆိပ်သင့်ရေ
စိတ်ဝင်စားဘွယ် Michigan ရဲ့ ရေညစ်ညမ်းမှု ပြဿ နာပါ။
Michigan ဒေသဟာလဲ
လူများ ပိုမိုဝင်ရောက်နေထိုင်လာမှု စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ
ပိုမိုဝင်ရောက်လုပ်ကိုင်ချဲ့ထွင်လာမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ
အချိန်နဲ့အမျှကြီးထွားလာသလို ဒေသဆိုင်ရာအစိုးရကလဲ ဥပဒေတွေ
စဉ်ဆက်မပြတ်ထုတ်ပြန်ယင်းအခြေအနေကို ထိမ်းသိမ်းလုပ်ဆောင်နေရပါတယ်
ဒီလိုများပြားလာတဲ့ လူဦးရေ နဲ့ လုပ်ငန်းတွေကြောင့်
ရေသုံးစွဲမှု လိုအပ်မှုဟာလဲ အဆမတန် အချိန်နဲ့အမျှကြီးထွားလာပါတယ်။
တစ်ခြားအောက်ပါ လင့်များကို ဖတ်ကြည့်ခြင်းကြောင့်
မြစ်ရေ ကိုပြောင်းလဲ မသုံးစွဲခင် ကတည်းက
Aquifers တွေထဲက Ground water တွေ ကို
စိုက်ပျိုးခင်းတွေမှာရော သုံးရေ သောက်ရေ အတွက်ထုတ်ယူကြရာမှာ
လက်ရှိအနီးအနားမှာရှိတဲ့ Michigan lake နဲ့ Aquifer တွေမှာ
ရေမြောက်မြားစွာ ဆုံးရှုံး ရေမျက်နာပြင်နိမ့်ကျသွားမှာ
စိုးရိမ်နေရတဲ့အကြောင်းရင်း တစ်ခုဖြစ်တာကြောင့်
ကန့်သတ်ထုတ်ယူခွင့်သာပြုထားတဲ့ ဥပဒေတွေကြောင့်
ရေမလုံလောက်တဲ့ပြဿ နာတွေနဲ့ ရင်ဆိုင်နေရတာမှာ
အကုန်အကျသက်သက်ဖို့ မြစ်ရေကို
သုံးစွဲ ဖြန့်ဝယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ယူဆရပါတယ်....။
အခု ခဲဆိပ်တက်ရတယ့် အကြောင်း စစ်ဆေးတဲ့အခါ
ဖလင့် မြစ်ရေ ရဲ့ မူလပါဝင်တဲ့ ဆား Chloride ဓါတ်အပြင် အဲဒီအပေါ်မှာ
ဆောင်းတွင်း လမ်းတွေပေါ်မှာ ဖုန်းလွှမ်းတတ်တဲ့
ရေခဲတွေအရည်ပျော်ဖို့ သုံးလေ့ရှိကြတဲ့
Road salt လို့ခေါ်ကြတဲ့ Chloride ဆားတွေကလဲ
မြစ်ရေထဲစီးဝင်သွားကြတာကြောင့်
Chloride ပိုမိုပါဝင်ရတာအပြင်
လူတွေသုံးဖို့အတွက် ရေကို သန့်စင်စေရာမှာလဲ
Chloride နောက်ထပ် သုံးစွဲကြရာမှ
ရေထဲမှာ Chloride ပါဝင်မှု ဟာ 11.4 mg/l ကနေ
92 mg/l ကျော်ထိမြင့်တက်နေပါတယ်တဲ့၊
ဒါကြောင့်မို့ ရေရဲ့ တိုက်စားပျက်စီးစေမှု
Corrosiveness level ဟာ Iron Corrosion Index အနေနဲ့
“0.54 (low corrosion) to 2.3 (very high corrosion) ဖြစ်နေပြီး
lead corrosion အနေဖြင့်
the chloride to sulfate mass ratio (CSMR) index ဟာဆိုရင်
0.45 (low corrosion) ကနေ 1.6 (very high corrosion) ထိ
ရောက်နေပါတယ်တဲ့၊
ဒါကြောင့်မို့ သက်တမ်းကြာ ဟောင်းနွမ်းနေပြီးဖြစ်တဲ့
ခဲသတ္တုပါဝင်ပြုလုပ်ထားတဲ့
ရေပိုက်လိုင်း(Lead pipe) နံရံကို တိုက်စားမှု ပိုမိုများစေကာ
ခဲမှုန်ခဲမွှားတွေကို ရေထဲသို့ပိုမိုရောက်ရှိပါဝင်စေတာကနေ
အခုလို ခဲဆိပ်သင့်စေခဲ့တာလို့ယူဆကြပါတယ်။
Standard, Code, Act , တွေအများကြီး
ထုတ်ပြန် အကာအကွယ်ပေးထားတဲ့
တိုးတက်လွန်နေတဲ့ တိုင်းပြည်တစ်ခုမှာတောင် ၊
ဒီလိုအမှားမျိုး ဖြစ်တတ်သလို
ဖြစ်ရခြင်းရဲ့အကြောင်းရင်းမှန်ကို ဖေါ်ထုတ်နိုင်တာကလဲ
ချီးကျူးရမည့် အချက်တစ်ခုပါဘဲ။
လူတွေအတွက် အန္တရာယ်တိုက်ရိုက်မရှိလို့ ယူဆကြတဲ့
Chloride ဓါတ်မြင့်မားမှုဟာ
မထင်မှတ်ဘဲ ခဲဓါတ်ကို ပိုမိုတိုက်စားမှုကြောင့် ရေကို ခဲနဲ့အဆိပ်သင့်စေခဲ့တယ်ဆိုရင်
ကျနော်တို့မြန်မာပြည်မှာ ပလက်စတစ်ပိုက်၊ သံပိုက်၊ ပိုက်မျိုးစုံ ကို
ပုဂ္ဂလိက ပိုင်၊ ဌာနပိုင်၊ အများပိုင် အဆောက်အဦးတွေနဲ့
ရေဖြန့်ဝယ်ရာမှာ မျိုးစုံသုံးစွဲနေကြပါတယ် ဖြန့်ဝေ နေကြ၊ သုံးစွဲနေကြတဲ့
ပိုက်ရေ ၊ တွင်းရေ တွေ နဲ့၊ အသုံးပြုတဲ့ material တွေ ရဲ့ သင့်တင့်သင့်လျော်မှု
End user သောက်သုံးသူ ပါးစပ်ထဲ ရောက်ရှိချိန်မှာ ရေရဲ့အရည်အသွေး
ဒါတွေဟာ ပြည်သူတွေအတွက် ဘယ်လောက်အတိုင်းအတာထိ
Save ဖြစ်မလဲ၊ တစ်ခုခုဖြစ်လာခဲ့ရင်လဲ အကြောင်းရင်းဟာ၊
ရေကလား၊ အစားအသောက်ကလား၊ လေကလား၊
တော်တော်ခွဲခြားရှာဖွေရခက်လေမလား။
နောက်တစ်ခုက အထူးစီးပွားဇုံကြီးတွေ အစိုးရက
ချမှတ်ဆောင်ဖို့ ဆုံးဖြတ်တဲ့ ဒေသ တွေမှာကော
အနာဂါတ် သောက်သုံးရေ လိုအပ်မှု ကို
ဖြည့်ဆည်းဖို့ မည်သို့ စီစဉ် ၍ ဥပဒေ များ ချမှတ် ထားသနည်း၊
ထိုစီမံကိန်းအကောင်အထည်ဖေါ်မှုကြောင့်ဘဲ
လက်ရှိ နှင့်အနာဂတ်သောက်သုံးရေ များအဖေါ်
Pollution အနည်းအများ ဖြစ်သွားနိုင်သလား
ကြိုတင် စဉ်းစားပြင်ဆင် ထားမှုများရှိရဲ့လား၊
Open pit mine တွေကို ဖားကန့်ဒေသမှာ မြောက်မြားစွာ ခွင့်ပြုကာ
နိုင်ငံတော်ဝင်ငွေ နဲ့ ကိုယ်ပိုင်ဝင်ငွေ အကြီးအကျယ်ရှာနေကြသော်လည်း
ထွက်ရှိလာသည့် မြေကြီးကို မည်ကဲ့သို့ Utilize လုပ်ရန်
အစိုးရမှ ဦးဆောင်၍ ပေါ်လစီများချမှတ်၍
လိုက်နာဆောင်ရွက်အောင်မလုပ်သောအခါ
အလျှံပယ်ထုတ်ယူ၍ အလျှံပယ် ပစ်လိုက်သော
မြေဇါတောင်ကြီးတွေသာ ခါကာဘိုရာဇီ ကို
အံတု တော့မယောင် ကျန်ရစ်နေပါတော့သည်။
ရန်ကုန်မှ ယုဇနဥယျာဉ်မြို့ခေါ် ဒဂုံဆိပ်ကမ်းမြို့သစ်သွားရာ
ကားလမ်း နဘေး နှင့် မြောင်းကြား မြေလွတ်တစ်လျောက်
မြေစာပုံများ လ နှင့် ချီ အပုံပုံ ပုံထားဆဲ ရှိနေတာ
တောက်လျောက်တွေ့မြင်နေရပါသည်။
ဒါဟာလဲ Construction က ထွက်လာတဲ့ မြေကြီးကို
တနေရာရာမှာ စနစ်တစ်ကျပြန်အသုံးချဖို့
စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူအဖက်ဖက်က
ပျက်ကွက်မှု တစ်ခုပါဘဲ။
In an attempt to save money, Flint stopped sourcing drinking water from Detroit on April 25, 2014,
switching instead to the Flint River. In December, Walters alerted city and state officials to the presence of lead in her home water supply.
When they failed to take decisive action, she turned to Marc Edwards, a renowned expert on water treatment and corrosion at Virginia Tech,
whose prior research forced the Center for Disease Control and Prevention to acknowledge publishing a “scientifically indefensible” report
about Washington DC’s compromised municipal water supply.
Obama declares Flint water emergency as Sanders blames Michigan governor
Read more................
http://www.theguardian.com/environment/2016/jan/18/michigan-flint-river-epa-lead-contamination-mdeq-pollutants-water-safety-health
http://thinkprogress.org/climate/2015/06/05/3666238/flint-michigan-drinking-water-contamination/
https://creeklife.com/blog/what-you-need-to-know-about-water-pollution-in-the-great-lakes
http://www.mlive.com/environment/index.ssf/2014/01/michigan_rivers_polluted_by_hu.html
http://www.michigan.gov/deq/0,4561,7-135-3313-12711--,00.html
Lead, which is most harmful to pregnant women, women who are nursing and
children under age 6, can damage the brain and kidneys,
and can interfere with the production of red blood cells.
Lead poisoning can also irreversibly stunt a child’s mental and physical development.
The U.S. Environmental Protection Agency says that 15 parts per billion (ppb) is
the maximum recommended level of lead in household water.
However, an alarming Flint Water Study found that about 10 percent of their
local water samples had values of lead at levels of 25 ppb.
Local parent Lee-Anne Walters told The Guardian she was “shocked, angry …
and hysterical” after learning in March that her son’s immune system was compromised after unsafe lead exposure.
“I just couldn’t believe that we were paying to poison our kids,” she said.
Read more........
http://ecowatch.com/2015/10/07/flint-michigan-lead-contamination/

Tuesday, January 12, 2016
" လူမျိုးတစ်မျိုးမြင့်လာဖို့ ဆိုစွာ အားပီးတတ်ဖို့ ချီးမြှောက်တတ်ဖို့ လိုရေပိုင် ဈီးကွက်ထွင်တတ်ဖို့လဲ လိုရေ "
သမိုင်းနဲ့ပါတ်သက် တကယ်ငြင်းချင်ကတ် ကေ
သမိုင်းမှတ်တမ်းအဖြစ်ကျန်အောင် စံနစ်တစ်ကျ
သမိုင်းသုတေသနလုပ်ပြီး အထောက်အထားခိုင်လုံစွာ
မှတ်တမ်းပြုကျမ်းပြု ငြင်းခုံဆွေးနွေးဖေါ်ထုတ်ကတ်ပါ၊
သမိုင်းကို ရပ်ကွက်ထဲက ပါးစပ်ရာဇဝင်နဲ့
ဝါကျွတ်ပွဲက ဇါတ်ရုံရှိမှာ ထိုင်
ဇါတ်ဆရာမှားနီးဗျယ်လို့
ငြင်းနီကတ်လို့မရပါ။
ဆရာ ချစ်ဦးညိုနဲ့ ဆရာပါရဂူ ရို့ ဝထ္ထုကို
ဖတ်ကြည့်ကေ
သမိုင်းကို ပြောင်း ပြန်သတ်ဖို့
ကြိုးစားကတ်စွာမဟုတ်ပါ
သမိုင်းနောက်ခံ ဇါတ်လမ်းအချို့၏
ကျောရိုးကို အခြေခံကာ
မိမိအတွေး မိမိနှလုံးသားဖြင့် ခံစားပြီး
မိမိကလောင်သွားဖြင့်
မိမိချပြလိုတဲ့ ရသတစ်ခုကို
သူ့နှလုံးသားနဲ့ ရွီးကတ်စွာရာ ဖြစ်ပါရေ။။
သမိုင်းကို မိမိရို့
သိထားစွာ အမှန်သေချာရေလို့ ထင်ကေ
သမိုင်းအချက်အလက်အမှန်တစ်ခုဖြစ်လာ အောင်
စံနစ်တကျ ကျမ်းပြုစုပြီးကေ
သက်ဆိုင်ရာမှတဆင့် စာတမ်းဖတ်ခြင်း
ပါရဂူဘွဲ့စာတမ်းပြုစုခြင်းများ
များများ ရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းကြယင်းနဲ့
တိမ်မြုပ်ပျောက်ကွယ်နီးဖြစ်နေသော
ပါစပ်ရာဇဝင်သာသာ ရခိုင်သမိုင်းများ
မှတ်တမ်းမှတ်ရာ ကျန်ရစ်အောင်
ကြိုးစားသင့်ကတ်ပါဗျယ်။
ပြဇါတ်ကခြင်းသည် သမိုင်းကျမ်းပြုစုခြင်းမဟုတ်၍
သမိုင်းအချက်အလက် မှားယွင်းမှုများ
ပါကောင်းပါနိုင်သော်လည်း
အနုပညာရသ ကို ခံစားယင်း မိမိရို့၏
သမိုင်းနောက်ခံ ယဉ်ကျေးမှု တိကို
ဖေါ်ထုတ်ဈေးကွက်ဝင်
promotion လုပ်ခြင်းအဖြစ် အားပီးကတ်ယင်း
မှန်မမှန်ငြင်းခုံကြခြင်းထက်
ငါရို့လူမျိုးတိမှာ သမိုင်းနှင့်ပတ်သက်ကေ
စံနစ်တစ်ကျဖြစ်အောင်အများလက်ခံနိုင်ရေ
သမိုင်းမှတ်တမ်းတိဖြစ်လာအောင်
အားထုတ်ကတ်ပါလို့ တိုက်တွန်းချင်ပါရေ။
နောက်ဆုံးတစ်ခု အရေးတကြီးပြောချင်စွာက
ကျနော်ရို့တိ စောမဲကျီ အသူ့မယားလဲ
ငြင်းနီကတ်တေ အချိန်မှာ
မောင်းတောက လွှတ်တော်အမတ်ပြုတ်
ဘင်္ဂလီ ရွှေမောင် နယူးယော့တိုင်းမှာရွီးထားရေ
မြန်မာပြည်က လူတစ်သန်းကျော်လောက် ရှိပြီးကေ
လူနည်းစုလို့ အမည်ခံ ငိုဟင်ဂျာလို့ ဆိုရေ
သနားစရာ အနှိမ်ခံပုံပြင် Article ကို
စလုံးက ဆက်ခံထရီကျောင်းတစ်ခုက
ဆတ်သရီးကလပ် ဆိုရှယ်စတာဒီဘာသာရပ်
သင်ခန်းစာတစ်ခုအဖြစ် သင်ဖို့
ဆွေးနွေးဖို့ ကျောင်းသား တိကို
စာရွက်ဝေစွာ တွိရလို့ ခံပြင်းမိရေ။
ရခိုင်ပြည်ဇာတိ လူနှစ်သန်းကျော်လောက်ရှိပြီးကေ
သုံးပုံတစ်ပုံက ပြည်မနဲ့ နိုင်ငံတစ်ကာရာက်နီရေ
ရခိုင်လူမျိုးအကြောင်းကို ကမ္ဘာတစ်ဝှမ်းမပြောကေ့
အရှေ့တောင်အာရှမှတောင် သိရေလူနည်းရေ
ယင်းအတွက်နဲ့ ရခိုင်လူမျိုးတိ ကို ငိုဟင်ညာဇါတ်လမ်း
သမိုင်းလိမ်ပေါ်လာမှ ငိုဟင်ညာက ဇါတ်လိုက် မင်းသား
ရခိုင်က ဗိန်လိန်ပိုင်ရာ လူသိလာကတ်တယ်။
ယေဇူးနဲ့ ရခိုင်လူမျိုး နဲ့ ရခိုင် ယဉ်ကျေးမှု ကို
promote လုပ်ဖို့ဆိုကေ
အေ ပိုင် ပြဇတ် ၊ အက၊ တေးခြင်း၊
ရိုးရာ မင်္ဂလာဆောင်၊ ရိုးရာ ဝတ်စုံ၊
အက်ီၤ ၊ ဒေယာ၊ ကအစ အားလံုးကို
မြန်မာ ထဲတောင် မက
နိုင်ငံ တစ်ကာ အသိုင်းအဝိုင်းထဲတောင်
ဈေးကွက်ဖေါက် promote လုပ်နိုင်ဖို့
သမိုင်း အချက် အမှားတစ်ချို့ ပါလီ ရှိလီ ပါတ်ဇီ
လူမျိးနာမည် ထိုးထွက်နိုင်ဖို့
အားပီးကတ်ရဖို့ ကြိုးစားကတ်ရဖို့။
မြန်မာပြည်မှာ
ကိုယ့်ထီး ကိုယ်နန်း ကိုယ့် သမိုင်းရှိခ ကတ်တေ
ပြောနီကတ်တေ ဗမာ ရခိုင် မွန် လူမျိုးတိထဲမှာ
အခုဆိုကေ ရခိုင် နဲ့ မွန်လူမျိုးကို
ကချင် လူမျိုး ကရင်လူမျိုး ပဒေါင်းလူမျိုးလောက်တောင်
ကမ္ဘာမှာ လူမသိတောင်မက
တဖက်ကပြောင်းရွှေ့အခြေစိုက်လာရေ
ဘင်္ဂလီတိ နံမည်သစ်ပီးထားရေ
ငိုဟင်ညာ တိလောက်တောင်
လူမသိ သူမသိ ဖြစ်လားရစွာရေ
ငရို့တိကိုယ်တိုင်ညံ့လို့ဖြစ်ရေ။
တချိန်က လူကြိုက်များခရေ
ရခိုင် ဒယော ထမီ တိရေ
အခု ချင်း ကချင် လုံချည်တိလောက်
ဈေးကွက်မဖေါက်နိုင်စွာလဲ
ငရို့တိ ညံ့လို့ရာဖြစ်တယ်။
ယင်းအတွက် နဲ့
မိမိလူမျိုး တိုးတက်ဖို့ ဆိုကေ
ကိုယ့်အမျိုးကို ကိုယ် အားပီးတတ်ဖို့လိုရေပိုင်
promote လုပ်တတ်ဖို့လဲ လိုရေ။
သမိုင်းပြုစုခြင်းမဟုတ်တေ
ယဉ်ကျးမှု ပရိုမိုးချင်းကိစ္စ မှာ
ငြင်းနီကတ်ဖို့ အချိန်မပီးကတ်ဘဲ
တိုးတက်လာဖို့ ကိစ္စ ၊
ကိုယ်အမျိုးတိ
အရာရာမှာ ဈေးကွက်ကျယ်လာဖို့ ကိစ္စ တိ မှာ
အပြုသဘော ငြင်းခုံကတ်ယင်း
လူမျိုးတစ်ရပ် မြင့်လာဖို့ လူရာဝင်လာဖို့
အရေးတကြီး လုပ်ကတ်ပါလို့ တိုက်တွန်းပါရေ။
ဦးတင်စံကျော် အခုအခြေအနေ ကိုရောက်လာ စွာ
မိမိကိုယ်ကို ယုံကြည်မှုနဲ့ မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။
ဖရော်ဖက်ဆာ ဒေါက်တာ စောဝေလှ ဖြစ်လာစွာလဲ
မိမိကိုယ်ကို ယုံကြည်မှုနဲ့ မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။
မြန်မာပြည်ဖွား တရုတ်လူမျိုးစစ်စစ်ဖြစ်လို့
FRC ဘဝနဲ့ ဆေးကျောင်း မတက်လိုက်ရကေလဲ့
အမေရိကားကို ၁၃ဒေါ်လာနဲ့ရောက်လို့
တစ်စိုက်မတ်မတ် ကြိုးစားယင်းက
Hishhio Sushi ပိုင်ရှင် သဌေးဖြစ်လာသူ
ကိုဖိလစ်မောင်သည်လည်း
ဘဝကိုတစိုက်မတ်မတ်ကြိုးစားယင်း ရုန်းကန်မြှင့်တင်ယင်း
Promote လုပ်ယင်း ထိပ်ကိုတက်လှမ်းနေသူ တစ်ယောက်ပါ
ရခိုင်သားတိ သူများနှိမ်လို့
အေဘဝ ရောက်နီရရေ တွေးနီဖို့ပြောနီဖို့ထက်
မိမိ ဘဝ ကို မိမိ ယုံကြည်ချက် ထားပြီး
ကိုယ့်ဘဝကို ကိုယ်
မိမိရို့ တစ်ယောက်ချင်းစီ
တည်ဆောက် promote လုပ်လားကတ်ဖို့ဆိုကေ
ကမ္ဘာမှာ ရက္ခိုင် ရက္ခိုင်ယဉ်ကျေးမှု ရက္ခိုင်ထွက်ပစ္စည်း
ရက္ခိုင်နည်းပညာတိ ဆိုစွာလဲ နီရာတစ်ခု
အခိုင်အမာနဲ့ တည်ရှိနီလာ နိုင်မှာပါ။
http://www.nytimes.com/2015/11/03/opinion/myanmar-election-disenfranchised-rohingya.html?utm_source=BurmaNet+List&utm_campaign=afc3b67c14-BurmaNet_News_October_27_201510_27_2015&utm_medium=email&utm_term=0_e8fbf8e3d3-afc3b67c14-219050333
https://www.questia.com/newspaper/1P2-38928115/disenfranchised-rohingya
http://www.nytimes.com/2015/08/24/world/asia/myanmar-lawmaker-u-shwe-maung-barred-from-re-election-on-citizenship-grounds.html?_r=0

Sunday, January 3, 2016
Subscribe to:
Posts (Atom)