စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, July 12, 2013

ဂစ္ဆပ နဒီ ငိုသံ (သို့) ရက္ခိတ တို့ရဲ့ အော် ညည်းသံ



အခုနေခါ project ကြီးတွေကို လက်ရှိ အစိုးရက အလျင်စလိုတွေ ချပေးနေခြင်းဟာ ဘယ် driving force ကသူတို့ကို မောင်းနှင်နေပါသလဲ၊ ကျနော် တွေးမိတာလေးတွေချရေးရရင်..
a). Investor တွေ သူတို့ လက်ထက်မှ commit လုပ်ထားပြီးသား ဖြစ်နေရင်၊ 2015 နောက်ပိုင်းမှာ ဒီ investor တွေအတွက် နိုင်ငံရေး တည်ငြိမ်မယ် မတည်ငြိမ် မသေချာတဲ့ တစ်ခြားပါတီ အစိုးရထက် လက်ရှိအာဏာရထားပြီး၊ သူတို့ကိုအခွင်အရေးပေး စာချုပ်ချုပ်ထားတဲ့ လက်ရှိ အစိုးရနဲ့သာ ဆက်လက်သွားတာက ပို stable ဖြစ်မယ်လို့ယူဆကြမှာပါ။ဒါကြောင့် 2015 မတိုင်မီ အစိုးရက mega project တွေ အများကြီး foreign investment နဲ့ စာချုပ်ပါလိမ့်မယ်။ ဒါမှ လက်ရှအစိုးရဟာ ပြည်သူတွေဆီကရော၊ ပြည်ပ investor တွေ ဆီကပါ ထောက်ခံမှု ပိုမိုလာမည်ဟု ယူဆထားပုံရပါတယ်၊
b)ဖြစ်ပေါ် ခဲ့တဲ့ လူမျိုး ရေး ပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ စီမံကိန်း ပြဿနာ၊ Malaysia  ပြဿနာ၊ အရှင် ဝီရသူကိစ္စ တွေမှာ၊ အစိုးရနဲ့ လက်ရှိ Crony တွေကသာ ပြည်သူ့အသံနားထောင်တယ် အကူအညီပေးတယ် လို့ ပေါ်လင်အောင်လုပ်သွားပြီးတော့  
Daw Aung San Su Kyi ရဲ့  policy , ပုဂ္ဂိုလ်ရေးခံယူချက်တွေနဲ့ NLD ရယ်, လူ့ အခွင့်အရေး ဦးပေးကြသူများနဲ့ ဒီမိုကရေစီ ဦီးစားပေးစဉ်းစားရမယ် ဆိုတဲ့ အုပ်စုတွေ နဲ့၊  တရားမဝင် ဝင်ရောက်လာတဲ့ လူမျိုး မတူ ဘာသာ မတူတဲ့ လူအုပ်စုတွေရဲ့ လွှမ်းမိုးလာနိုင်တဲ့ အန္တရာယ်ကို (နည်းလမ်းကျစွာ ဝင်ရောက်လာ နိုင်ငံသား အဖြစ် ဥပဒေနဲ့အညီ ခံစားခွင့်ရပြီး၊ နိုင်ငံ၏ ကောင်းမွေ ဆိုးမွေကို တိုင်းရင်းသား အားလုံးနှင့် အတူတူ ခံစား အေးချမ်းစွာ နေလိုကြသော နိုင်ငံသားတိုင်းရင်းသားမဟုတ်သူ ဘာသာခြားများမပါ) အမျိုးသားရေးပြဿနာလို့ ခံယူပြီး နိုင်ငံရေး အရ ပရိယယ်ကြွယ်စွာ နဲ့အရေးတကြီးရှင်းလင်းမှ ရတော့မယ့် လို့ ခံယူထားတဲ့  အုပ်စုတွေရယ်နဲ့ဟာ  ဆန့်ကျင်ဖက်ဖြစ်သွားနိုင်တဲ့အပေါ် weak point ရှာပြီး ထိုးနှက်တာဟာ ခဲတစ်လုံးနဲ့ စာသုံးကောင်ထိတာထက်တဲ့ပိုလှတယ်၊ဒါတွေဟာ 2015 အတွက် NLD vote လျော့အောင် လှပတည့် ကစားကွက်လေးဘဲ၊ ဒီပြဿနာတွေ အပေါ်မှာ၊ အခြေခံပြီး ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာ၊ တစ်ချို့ အုပ်စုတွေက ဒီမိုကရေစီ ရခါ နီးမှာမှ နောက်ပြန်လှည့်အောင် ပြဿနာ လုပ်နေတယ် ထင်ကြသေးတယ်၊ အဲလိုထင်ရင် ခင်ဗျားတို့ တွေ ဟာ ကျုပ် တို့ထက် ပို အမြင်ကျယ်ဖို့ လိုနေပြီလို့ ပြော ချင်တယ်၊ မြန်မာ တပြည်လုံး အင်္ဂလိပ် Colony အောက်မှာ အခွင့်အရေး တောင်းဆိုခွင့် မရှိဒဏ်ကို ရခိုင် ရိုးမ တစ်ဘက်က ပြည်သူတွေထက် နှစ်ပေါင်း များစွာ စောပြီး ခံရတယ်၊ လွတ်လပ် ရေးရပြီး နောက်ပိုင်း မှာလဲ တပြည်လုံး ဆင်းရဲတွင်းကျ အာဏာရှင်အောက်ကျသလို ရခိုင် လဲ အတူခံခဲ့ရတယ်၊ ဘာအခွင့်အရေးမှ တောင်းဆိုခွင့်မရှိခဲ့ဘူး၊ ရခိုင်တွေရဲ့ ဒုက္ခက အာဏာရှင်အစိုးရ ကြောင့် ခံရတဲ့ ဒုက္ခ တစ်ခုထဲ မဟုတ် ဘူး၊ English colony ခေတ် လွတ်လပ်ရပြီး ခေတ်က နေ အဆင်းရဲဆုံး လူဦးရေ အထူထပ်ဆုံးနိုင်ငံတစ်ခုရဲ့  လူဦးရေအထူထပ်ဆုံး အဆင်းရဲဆုံးနဲ့ သဘာဝဘေးအန္တရယ် အခံရဆုံး အစိတ်အပိုင်းနဲ့ နယ်စပ်ချင်းထိစပ်နေတယ်၊ အဲဒီနယ်စပ်ဆိုတာကလဲ British ကစိတ်ကြိုက်သတ်မှတ်ပြီး မြန်မာလူကြီးတွေက တိုင်းရင်းသားတွေနဲ့ အတူတူလွတ်လပ်ရေးရဖို့က အဓိကမို့  လက်ခံခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆ မိတယ်၊ မြန်မာ့ သမိုင်းရော ၊ ရခိုင် သမိုင်းရောပြန်ကြည့်ရင် ဘယ်ထိ ပိုင်ခဲ့တယ် ၊  မြန်မာစစ်သူကြီး မဟာဗန္ဒုလ ဓနုဖြူကို ဘယ်ကနေ ဘယ်လို စစ်ပြန်ချီ ခဲ့ရတယ်ဆိုတာ ပြန်ကြည်ရင် ကုန်းဘောင် နောက်ဆုံး မင်းဆက်တွေထိ မြန်မာပြည်နယ်နမိတ် ခန့်မှန်းလို့ရတယ်၊ ဒါတွေ ရခိုင်တွေ ဘာမှပြောပိုင်ခွင့် မရဘဲ သမိုင်းမှာဆုံးရှုံးခဲ့ရတာတွေ၊  လက်ရှိ မကြာသေးခင်ကဆုံးရှုံးတာပြောမယ်ဆို နိုင်ငံတကာခုံရုံးမှာ အစိုးရရဲ့ ကျေကျေနပ်နပ်ကြီးအမှုရှုံးရတာပါဆိုတဲ့၊ Bangladesh Prime Minister က မြန်မာအပေါ်အမှုနိုင်တဲ့ ကိစ္စကို Official Ceremony ကြီးတောင်လုပ်ပြီး သူတို့ရဲ့ milestone တစ်ခု အဖြစ် ဂုဏ်ယူ ခဲ့ တဲ့ မောင်းတော်မြို့နယ် အလယ်သံ ကျော် ကမ်းခြေ ရှေ့ ပင်လယ်ထဲက အုန်းကျွန်း အပါအဝင် ကမ်းလွန်မြေတွေဟာ ပြန်ရဖို့မလွယ်ကူတော့တဲ့ ရခိုင်တွေ ဘာမှ ပြောခွင့်မရခဲ့တဲ့ မျက်မှောက်ဆုံးရှုံးမှုတွေပါ၊ ကျွန်တော် ရခိုင်မှာ နေထိုင်ခဲ့တဲ့  ကာလ တောက်လျောက် 1994 ထိပေါ့ ၊ ကျနော် သိသလောက် ခေတ် အဆက်ဆက် စစ်တွေ, ရသေ့တောင်, အလယ်သံကျော် ကမ်းခြေ တစ် လျောက်  ပင်လယ်ဖြတ်ပြီး တစ်နေ့ခရီးနဲ့ဖြစ်စေ၊ မောင်းတောနယ်စပ်ကတစ်ဆင့် ဖြစ်စေ တရားမဝင် မှောင်ခို ဘဲပြောပြော၊ တရားဝင် နယ်စပ်ကုန်သွယ်ရေးခေတ်မှာပါ အများဆုံးထွက်သွားတာက အခြေခံစားသောက်ကုန် ဖြစ်တဲ့၊ ဆန်၊ ငရုတ်၊ကြသွန်၊ ပုဇွန်ကျား၊ ကြက်ဥ, ကျွဲနွား၊မုန့်ထုပ်မျိုးစုံနဲ့၊ တစ်ခြားလိုအပ်ချက်တွေနဲ့ အတူ၊ နေ့တစ်တူဝ ပို့ကုန်အဖြစ်နဲ့ ပို့ဆောင်နေခဲ့ပြီး၊ Bangladesh ဘက်က ဆိုလျင် C5 ခေါ် Noriday(spelling မှားနိုင်ပါသည်၊) ခေါ် တားဆေး, ပေါင်ဒါ, ဇွန်ပလွန်ခြောက်, Milo , Overtine, Horlick, တစ်ခြား ၊ ဝင်ပါသည်၊  ဆေးတစ်ချို့နဲ့ US ဒေါ်လာ၊ 999 ရွှေချောင်း
 လိုဟာမျိုးကိုမူ Banglades ဘက်မှ ကုန်သည် များက ယုံကြည်သော ရခိုင်လူမျိုး မှောင်ခိုသမားများနှင့် မြန်မာဘက်အခြမ်းတွင်ရောက်ရှိနေထိုင်သော ရခိုင်ပြည်နေ ရန်ကုန်မြို့နေ သူတို့လူမျိုး အဆက်အသွယ် များဖြင့်သာ လုပ်ကိုင်ကြခြင်း များကြပါသည်၊ အချုပ်ပြောရမည် ဆိုသော်၊ စစ်တကောင်နယ်သား လူမြောက်မြားစွာကို     မြန်မာပြည်ဖက်က ဆန်ဆီဆားဖြင့် ကျွေးမွေးထားသည်ဆိုက ပြော၍ရပေမည်၊ အုန်းကျွန်းအား အပိုင်ရ၍၊ PM ကစ အလွန်ပျော်ရသည်ရှိသော်၊ , တချိန်က ရခိုင်၊ မြန်မာတို့ ပိုင်ဆိုင် အုပ်စိုးနိုင်ခဲ့သော စစ်တကောင်းနယ်တွင် ယနေ့ပိုင်ဆိုင်နေထိုင်ကြကုန်သော လက်ရှိ ဘင်္ဂလီ စစ်တစ်ကောင်းသားတို့ ဆီက လူလှိုင်းဖြင့် နှစ်အဆက်ဆက် ဝင်ရောက် လာတဲ့ သူ့ဆွေမျိုးတွေကသာ လယ်ယာသီးနှံ၊ သားငါးပုဇွန် ပေါကြွယ်သော မေယု မြစ်ဝှမ်းအား (မောင်းတော, ဘူးသီးတောင်, ရသေ့တောင်နယ်) ပိုင်ဆိုင်ခွင့် အုပ်ချုပ်ခွင့် ချယ်လှယ်ခွင့် ရခဲ့လျင် မည်မျှ ဝမ်းမြောက်ဝမ်း ဖြစ် ကြမည်လဲ ဆိုသည် မခန့်မှန်း မိပါ၊ လက်ရှိအစိုးရရော နောင်တက်မည့် အစိုးရ များပါ မြန်မာပြည်၏ အစိတ်အပိုင်း ဖြစ်သော ရခိုင်မြေတစ်လက်မမျှ အဆုံးရှုံးမခံဟု မည်သူက အာမဝင်ခံပါမည်နည်း၊ မည်သူ assure လုပ်နိုင်ပါမည်နည်း၊ သမိုင်းအရကြည့်သော် အင်္ဂလိပ်လည်း လုပ်စား သွားသည်၊ ဦးနုနှင့် ဖဆပလ ဦးမျိုးချစ်များလည်း လုပ်စားသွားသည်၊ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်တွင်လည်း ဝန်ထမ်းစုံက လုပ်စားသွားသည်၊ ယခုလည်း မသေချာ နောင်အတွက် လည်း မရေ ရာ ဘဝ တွင်၊ လက်ရှိရလာသည့် အခွင့်အရေးဖြစ်သည့် အော် ငိုခွင့်၊ facebook တွေပေါ်က comment တွေပေါ်က အော်ဆဲခွင့်တွေ ရလာသည့်ခေတ်တွင်၊ ရခိုင်တွေ ယခုခေတ်ကျမှ အားလုံးသောမြန်မာပြည်သားသိစေဖို့ စာနာဖို့၊ အနောက်ဖက် အန္တရာယ်ကို အတူတူကာကွယ်ပေးဖို့ အရေးကြီးနေပြီဆိုတာကို အော်ပြော အော်ငို လုပ်နေကြတာ ကို၊ Democratization လုပ်နေချိန်မှာ နှောင့်ရှက်ရသလား ရုပ်ရှင်ကား ဇါတ်မြင့်နေချိန်မှာ ကလေးက ငိုလှချည်လားလို့၊ မသိတတ်ချင်းဆိုးလှချည်ရဲ့လို့အပြစ်မတင်ထိုက်ဘူး၊ ကျနော်တို့ အပူတွေဟာ ရမ်းဗြဲ မသီတာထွေး ကိစ္စမှ စတယ်ထင် ရင်၊ အမှားကြီးမှားတာပဲ ဖြစ်ပါလိမ့်မယ်၊ 
ကျနော်တို့ရဲ့အပူတွေဟာ လွတ်လပ်ရေးမရခင် ကျနော်တို့ အဖိုးအဖွားလက်ထက်ထဲကပါ၊ မူဂျာဟစ်တွေသောင်းကျန်းတဲ့လက်ထက်မှာလဲ အကြီးအကျယ်ပူခဲ့ရပါတယ်၊ 1992 ရွေးကောက်ပွဲမှာလဲ ဘူးသီးတောင် ,မောင်းတောတွင် ရွေးကောက်ပွဲရှုံးရုံတွင်မက ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမှာ ပါ အမတ် ၂ နှစ်နေရာမှာ တစ်နေရာကို မဲ ခုနှစ်ရာကျော်နဲ့  ဘာသာခြား လူမျိုးခြား ဧည်သည် ပါတီဆီ မှာရှုံးခဲ့ရတယ်၊ တစ်ချို့က ပြော လိမ့် မယ် ကမန်ပါတီနိုင်တာပါလို့၊ ကကျနော်နားလည်တာက၊ ဟိုးရှေးရှေးက ကမန်ရုပ်တွေက ပထမတော့ ဘာသာပဲတူတာ ခုတော့ရုပ်စွတ် ခွဲကို မရတော့ဘူး (မှတ်ပုံအရကမန်ကိုပြောတာ၊ မူရင်းတွေမပြော လိုဘူး။)   
ထူးခြားတာက မူရင်း ဘာဘာ တို့ရဲ့ ပါတီ ကိုယ်စားလှယ်ကို၊ ဥပဒေ ဖျောက်ဖျက် မှုနဲ့ ကပ်ပြီး ဆွဲထဲ့လိုက် တော့ ဘာဘာ တဖြစ်လဲဆီ မဲစုရောက်သွားတာပေါ့၊ (ရုပ်ပြောင်းရုပ်လွှဲတော်လိုက်ကြတာ - ဘင်္ဂလီ လဲ ဒီမျက်နှာ , ရိုင်ဟင်ဂျာလဲ ဒီမျက်နှာ, ကမန်ဆိုလဲ ဒီမျက်နှာ ကပေါ်လာပြန်ရော, ရန်ကုန်နဲ့ မြန်မာပြည်တလွှားခြေဆံ့ရောက်တော့ မသိတဲ့လူတွေနဲ့တွေ့ရင်  ရခိုင်လူမျိုးမူဆလင်ပြောလိုပြောရဲ့၊ ပြည်မမှာနေကြတဲ့ ဘိုးတော်ဘုရားခေတ်လောက်ကထဲကရောက်နေပါတဲ့ဆိုတဲ့၊ သူတို့နဲ့ဘာသာတူလူမျိုး နဲ့ အတူတူဝင်အောင်းပြီးရောတဲ့လူကရောသွားကြရဲ့, မြန်မာ passport ကိုင်ပြီးဖြစ်ဖြစ် , မြန်မာပြည်ကဖြစ်စေ Bangladesh က ဖြစ်စေ လှေနဲ့ခိုးသွားတဲ့ သူတို့ရဲ့ဆွေတော်မျိုးတော်တွေပဲ ဖြစ်ဖြစ် Thai,Malaysia ဖက်ရောက်သွားရင်၊ နေထိုင် မယ့် Status တစ်ခုရအောင်၊ ဒါမှမဟုတ် America တို့၊ Australia တို့၊ Canada တို့များ refugee အနေနဲ့ဝင်ခွင့်ရမလားဆိုးပြီး Rohinga refugee ဆိုပြီး ရုပ်ပြောင်းလိုက်ကြပြန်ပါရော တော်ကြပုံများ)၊ ,အဲဒီတော့ 1992 ထဲက ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ လူမျိုးခြားတွေ ဘယ်လောက်ရာခိုင်နှန်းရှိနေပြီးဆိုတာ ခင်ဗျားတို့နားလည်လာရင်, Democratization, Globalization တို့ liberalization, Human right တို့ တကယ်ရလာမဲ့ အခြေအနေ မြည်မာပြည် မရသေး မသေချာသေး၊ လက်ရှိအစိုးရရဲ့ပေါ်လစီကလဲ၊ ဘာမှန်းမသိ၊ ပွင့်လင်းချင်တဲ့အချိန်လင်း မလင်းရှင်တဲ့ အခါမလင်း၊ ဖွဲ့စည်းပုံပြင်ရေး မပြင်ရေး၊ စီမံကိန်းတွေ ပေးရေးမပေးရေး၊ ရပ်ရေးမရပ်ရေး၊Check & Balance တွေ နဲ့အလုပ်ရှုပ်နေချိန် မှာ၊ ရခိုင်ပြည်မှာ တစ်ခြားတိုင်းရင်းသား ပြည်နယ်စပ် တွေ လို တော်လှန်သမားတွေအတွက် ခိုအောင်းလို့ခြေကုပ်ယူလို့ ကောင်းတဲ့ နယ်စပ်လဲမဟုတ်တဲ့ အပြင် ကို့ကိုယ်ပါ ဝါးမြို သွားမယ့် အရေးနဲ့ ကြုံနေရတဲ့ အတွက်၊ ကျနော်တို့ အာခေါင်ကွဲ အောင်အော်နေ ငိုနေရတဲ့ အသံတွေကို နားလည် ပေးနိုင်ထင်မိပါတယ်၊ online ပေါ်မှာ အပြန် အလှန် ဆဲဆိုနေကြတာကတော့၊ နံမည်လိမ်တွေ နဲ့ချည်းပဲမို့၊ သူ့လူ ကိုယ် ဖက်သား၊ ကိုယ့်လူ သူ့ဖက်သားလဲ ဖြစ်နိုင်တာအပြင်၊ ဘေးတီးပေးသူ ကိုယ့်စိတ်ကို မထိမ်းသိမ်းနိုင်သူ များသာဖြစ်၍ တိုင်းပြည်အရေးအတွက် ဤ online ပေါ်က အပြန်အလှန်ဆဲဆိုချက်များအား ထည့်ပြော ဂရုစိုက်စရာ မရှိပါ။ ဝမ်းနည်းစရာတစ်ခု 1992 ခု ရွေးကောက် ပွဲမှ ရခိုင်တို့ သင်ခန်းစာ နဲ့ အနာဂါတ် အန္တရာယ်ကို မီးမောင်းထိုးပြသော အဖြစ်အပျက်တစ်ခု ပြောပြချင်ပါသည်၊  ရခိုင်ပြည်ရဲ့မြို့တော် က ရခိုင်ကိုယ်စားလှယ် ဆိုတာ ကျနော်တို့မြို့ ရဲ့ မြို့မျက်နှာဖုံးလူကြီးတစ်ယောက်ဖြစ်တဲ့၊ အများလေးစားတဲ့ retired Session Judge တစ်ယောက် ဖြစ်သူ ဦးမောင်သာဇံ ဖြစ်ပါတယ် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ရဲ့အဖိုးအရင်းလဲဖြစ်ပါတယ်၊ရခိုင်တွေ အတွက်အလွန်ကြီးမားတဲ့သင်ခန်းစာတစ်ခုပါ၊ ရခိုင်လူမျိုးတွေရဲ့မဲအပြည့်အဝ ထောက်ခံမှုရရဲ့နဲ့ ဒီ တစ်ဖွဲဖွဲဝင်ရောက်ပြီး နည်းမျိုးစုံနဲ့ရယူထားတဲ့ မှတ်ပုံတင်တွေကြောင့်ရယ်၊ ပွားလိုက်မေွးလိုက်ကြတဲ့ တိုးပွါးရေးစီမံကိန်းတွေကြောင့် မဲပေးပိုင်ခွင့်လူဦီးရေ မတရားတိုးပွားလာသူတွေရဲ့ မဲအင်အားကြောင့် 1992 ရွေးကောက်မှာ မဲ ခုနှစ်ရာကျော်နဲ့ကပ်ရှုံးခဲ့ရပါတယ်၊ နိုင်သွားတဲ့အမတ်နဲ့ပါတီဆိုတာ ဆိုတာ၊ ရခိုင် လူမှု အဖွဲ့စည်းများနှင့် လုံးဝဆက်နွယ်ပတ်သက်မှုမရှိခဲ့ ပါ၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ရောနှော မရှိခဲ့သော ဤကဲ့သို့သော ရခိုင်တွေ ဃဂနဏမသိသော လွတ်တော်ကိုယ်စားလှယ်က၊ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးအတွက်
ကိုယ်စားပြုလုပ်ဆောင်ပေးနိုင်မည်ဟု မည်သည့်ရခိုင်များကယုံကြည်မည်နည်း။  ရခိုင်ပြည်ရဲ့ဦးစီးဦးဆောင် အရည်အချင်း ရှိတဲ့လူတော်တွေ၊ အနာဂါတ် Democracy စနစ် အောက်က ရွေးကောက်ပွဲတွေမှာ အရည်အချင်းကြောင့်မဟုတ်ပဲ  ခြံစည်းရိုးပေါက်နေတာကြောင့် ပိုပြီးပိုပြီး အရှုးံနဲ့ရင်ဆိုင်ခဲ့ရရင်၊ ရခိုင်လူမျိုးတွေရဲ့ကွယ်ပျောက်ခြင်းအစပါပဲ၊ ဒါဟာမြန်မာလူမျိုးနဲ့ဘာသာကွယ်ခြင်းရဲ့အစလည်းဖြစ်ပါလိမ့်မယ်၊ 


မှတ်ချက်။  " လာရောက် အားပေးသူ မိတ်ဆွေ အပေါင်းအား ပန်ကြားအပ်ပါသည်ခင်ဗျား  "
မိမိအမြင် မိမိအတွေးများ တွေးမိရာရာတွေးခြင်းဖြစ်၍ အမှားများ၊ အမြင်မတူခြင်းများရှိက သီးခံ comment ပေး ပြန်ဆွေးနွေးနိုင် ပါသည်။

တိုင်းပြည် ရောင်းစားခံရတာလား အပေါင်ခံရတာလား၊



တိုင်းပြည် ရောင်းစားခံရတာလား အပေါင်ခံရတာလား၊
မြေဧရိယာနဲ့ လူဦးရေ ရေးချိုး အင်မတန် ကောင်းမွန်သင့်တော်ပြီး၊ အာဖရိကလို, ယခင်ဆိုဗီယက်ပြည်ထောင်စုလို Ratio က ကောင်းပါရဲ့၊ သဲကန္တာရလို၊ ရေခဲပြင်လို အသုံးပြုမရတဲ့နေရာတွယ်နည်းပါးပြီး၊မြေ နေရာတိုင်းလိုတန်းဖိုးရှိတဲ့ ရာသီဥမျှတတဲ့ မြန်မာတို့ရဲ့ မြေကို ကိုယ်လူမျိုးအချင်းချင်းတောင် ရသမျှ ပိုင်ထားမယ်ဆိုပြီး စက်မှုလုပ်ငန်းရှင်နဲ့လယ်သမား၊ တပ်မတော်နဲ့လယ်သမား၊ ပြည်သူတွေနဲ့ကုပ္မဏီ ၊ အုပ်ချုပ်သူ နဲ့ပြည်သူ မြေပိုင်ဆိုင်မှု /လုမှုတွေ ဖြစ်နေရတာဟာ rule of law ကြောင့်လား၊ အစိုးရရဲ့အလွယ်လုပ်တဲ့ ပေါ်လဆီတွေကြောင့်လား မြေမရှားတဲ့အရပ်မှာ မြေလုနေကြရတာ၊ ဒါပေမဲ့ ဒါကတော်သေးတယ်ပြောရမယ်၊ ကျနော်တို့ဆီမှာက မြေပါ လေပါ၊ တိုင်းရင်းသားပါ နိုင်ငံသားပါ အုပ်ချုပ်ခွင့်ပါတောင်းနေတဲ့လူတွေ ကျနော်တို့တောင် မရသေးတဲ့ အခွင့်အရေး ဘယ်လိုလုပ်ကြမလဲ၊ ဂျပန်တွေကလဲ ကျနော်တို့မြေတွေဝယ်  ချင်ကြတယ် မြတ်မှာသိလို့၊ Singaporean တွေဆိုပြောမနေနဲ့  အခေါက်ခေါက်ရောက်ပြီးပြီ၊ Taiwan , Hongkonger တွေလဲ မလျော့ဘူး၊ ဥပဒေကတော့ ခွင့်မပြုဘူးပြောတာဘဲ၊ ကျနော်မှာများတိုင်းရင်းသားသာပြောတယ် တဲပါတဲ့ခြံလေးတောင် ဝယ်ဖို့ခက်နေပြီ။ Special economic development zone  တို့ , Industrial City တို့, အတွက် ဆိုပြီး ခရိုနီတွေ ယူလိုက်ကြတဲ့ မြေကွက်တွေ၊ စစ်အစိုးခေတ် မှာ လဲ မြို့သစ်တကာ မြို့သစ်တွေတည် ပြီး ယူလိုက် ပေးလိုက်ကြတဲ့မြေကြီးတွေ၊ ရာဘာခြံစိုက်မယ်၊ ကော်ဖီစိုက်မယ်၊ ရေနက်စပါးစိုက်မယ် ဆိုလား ရေတိမ်စပါးဆိုလား ဆိုပြီးယူလိုက်ကြတာတွေ ၊ ဟော တောတွေတောင်တွေ ကြည့်ပြန်တော့ ရောင်းရသမျှ လိုင်စင်နဲ့ရောင်မယ်ဟေ့ လုပ်လိုက်ကြတာ နယ်စပ်ဈေးကွက် မှာအောက်ဈေးန့တစ်မျိုး၊ စကာင်္ပူ မလေးရှား ပွဲစားဆီ အောက်ဈေးနဲ့တစ်မျိုး နဲ့၊ မီးမလာ Gas အလျံပယ်ထွက်တဲ့  တိုင်းပြည်မှာ ဂတ်မပေါလို့၊ ထင်းတွေ မီးသွေး သုံးမယ် ဆို ပြီး ခုတ်လိုက်ကြတာ တောတောင်တွေလဲ Botah တွေ ရွှေဂေါင်းပြောင်တွေဖြစ်နေကြပြီ။ တချို့ ပြည်တွင်းပြည်ပ လိုင်စင်နဲ့ သိုက်တူး သမားတွေကလဲ ကချင်ပြည်နယ် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တိုင်းနဲ့ပြည်နယ် မကျန် တူးလိုက်ကြတာ တောင်တွေကုန်တောတွေပြုံးလို့ ချိုင့်ကြီးတွေတောင် ဖြစ်နေပြီဆိုဘဲ၊ ဟော ရေထဲ ဆင်းကြည့် ဦးမလား ဖမ်းလိုက်ကြတဲ့ သားငါးပုဇွန် စားလို့ရတာအကုန်ဘဲ ကိုယ်စားဖို့မဟုတ်ဘူး သူများနိုင်ငံသားတွေအတွက်တဲ့၊ ကိုယ်က ပိုက်ဆံပဲလိုတာလေ၊ ယူနီဖေါင်းတွေဟောင်းနေပြီ အသစ်ဝယ်ရတော့မယ်လို့လာဲး့၊ ဒီလောက်ရောင်းစားထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ ၊အခွန် ဟုတ်တိပတ်တိ မရလို့လား၊ ငွေပုံ,ရွှေပုံ , စိန်ပုံ, အိမ်ပုံ, မြေပုံပေါ်မှာဘဲ လူတစ်စု က တက်ထိုင်နေကြလို့လား၊ ဘာဖြစ်လို့ နှစ်ပေါင်းများစွာ ဆင်းရဲသွားရတာလဲ၊ဆင်းရဲနေမယ့်အတူတူဘာမှမရောင်းစားပဲ ၊ရှိတာလေးနဲ့ထိုင်စားနေတာကမှ ကို့ဆီမှာ ပေါပေါလောကျန်အုံးမယ်၊ အခုတော့ ပစ္စည်းလဲကုန် လူလဲဆင်းရဲရပါပကောလား၊   ဟော  အခုလဲ ပြုပြင်ပြောင်လဲရေးအစိုးရက ခေါ်လာပြန်ပြီတဲ့ လာပြန်ပြီ၊ နိုင်ငံခြားက investor တွေက မြန်မာပြည်ကို စေတနာဗလပွ တွေနဲ့ တိုးတက်အောင် လုပ်ဖို့မြေကွက်ကြီးတွေ နှစ် ခုနှစ်ဆယ် ရှစ်ဆယ် least တွေနဲ့ပေးရမှာတဲ့၊ ရိပွန်တွေက Dollar billion နဲ့ ချီတဲ့ အကြွေးတွေတောင် လျော်ပြစ်တယ်ဆိုတော့၊ ဘယ်လောက်တောင် သူတို့အတွက် ဝင်စရာရှိလဲ မသိဘူး။
Singapore မှာ မြေကြီးရှားပါးတဲ့အတွက်  Foreign Investor တွေကို industrial/commercial land တွေ လုပ်ပိုင်ခွင့်ပေးရာမှာ lease term ဟာ 3years ကနေ 60years cap ထိရှိပါတယ်၊ အခု recent year တွေမှာ JTC ကနေ lease လုပ်တာမှာ၊ 30years cap တွေ lease ချပေးတာများလာတယ်၊ ဘာလို့လဲဆိုတော့ property market ရဲ့ဈေးတွေက recent years တွေမှာ အရမ်းတက်လာတာများလာတော့၊ နှစ်ရှည်ငှားရင် ငှားစားတဲ့သူ မှာ အရမ်းနစ်နာပါတယ်၊ မြေငှားပြီးလုပ်စားတဲ့လူကပို အကျိုးအမြတ်ရသွားပါတယ်၊
ဟော အခုတစ်လော နိုင်ငံတကာ စီးပွားရေး သတင်း စာမျက်နှာ တွေမှာ တွေ့တွေ့လာရတယ်၊ Dala Bridges တွေနဲ့ Dala Mega Industrial Zone အတွက် Korean Investor တွေကို ပေးတယ် ဆိုတဲ့သတင်းတွေ၊ ဂျပန်တွေတော့ ဘယ် project ကြီးပေးလိုက်ပြီ ကြားနေရတယ်၊မြေငှားတဲ့အဆင့်သာရှိပြီး ပေါ်ထွက်လာမယ့် infrastructure တွေဆိုတာ့ ကို့ လူ Manage လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် ရေရှည်မှာ ကို့လူတွေ မိမိတို့ဖါသာ Manage လုပ်လို့ ရနိုင်အောင် အတွေ့အကြုံယူနိုင်မယ် Level မျိုးတွေမှာ လုပ်ခွင့်ရဖို့ အာမခံချက်တွေမရှိဘူးဆိုရင်တော့ ဒီ infrastructure တွေရှိလာတာဟာ အိပ်စိုက်ပိုက်မကုန်ဘဲ မြေငှားခသာရပြီး construction stage နဲ့ operation stage ,management stage မှာ blue color level , lower white color level လောက်သာ Job creation job vacancy ရှိမယ့် ဟာမျိုးဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက် အငှားစရိတ်ရတဲ့ နိုင်ငံခြားမသွားပဲ ကိုယ့်နိုင်ငံထဲတွင် ကျွန်လုပ်ခွင့်ရမည့်Landmark building တစ်ခုပဲဖြစ်လာလိမ်မယ်လို့ ထင်မြင်ယူဆမိပါတယ်။
ရိုးရိုးလေးဘဲ စဉ်းစား ကြည့်ရင် ဟိုးတုံးက တိုင်းပြည်တွေမှာ အားကိုးရာရဖို့၊ ကိုယ်တိုင်းပြည် မသိမ်းပိုက် အန္တရာယ် မကျ ဖို့၊ သမီးကညှာတို့, လက်ဆောင်ဘဏ္ဌာတို့ သွားဆက်သက်ရတယ်၊  ဒါမှမဟုတ် ငွေရှင်တွေက အကြွေးမဆပ် နိုင်တဲ့သူရဲ့သမီးကို သိမ်းပိုက်ကြတယ်၊ ခုခေတ် မှာ အကြွေး Billion ကို ဦးအောင်မင်း သွားညှိ အပြောကောင်းလို့ လျော်ပေးလိုက် တယ် ဆိုပြီး Singapore transition platform ရဲ့ panel discussion မှာ ပြောခဲ့တာဟာ ရီစရာ အရမ်း ကောင်းနေတယ်၊ ကျနော်က တော့ ခေတ် ဟောင်း ခေတ် သစ် ကိုလိုနီ လုပ်နည်း နှစ်ခုကြား ယှဉ် စဉ်းစားကြည့်ပြီး နောက်တစ်ခါ မြန်မာပြည်ကြီး ခေတ်သစ်ကိုလိုနီကျွန် မဖြစ်ဖို့ ဆုတောင်းနေမိတယ်၊
အကြွေးတွေလျော်ပေးဖို့ တိုင်းပြည်က ဘာတွေပြန်ပေးခဲ့ရသလဲ၊ ကျုပ်တို့ဘာမှ မသိလိုက်တဲ့ ကျုပ်တို့တိုင်းပြည် ကတင်နေတဲ့ ကြွေးရှင် မြီရှင် ကျေးဇူးရှင်တွေက အကြွေးလျော်ပြီး နောက်တစ်ခါ အိပ်စိုက်ကူညီတာတော့မဖြစ်နိုင်ဘူး၊ အကြွေးအပြင် နောက်ထပ် နှစ်ဆလောက်ရမည့် မက်လုံး မျိုးတွေ ရထားလို့သာ ဒီကောင်တွေ ပြန်လုပ်တာ၊ ကျနော်  Singapore မှာ ကိုးရီးယား၊ ဂျပန်၊ အဖြူ၊ ပြည်ကြီး တစ်ရုတ်၊ Singapore တစ်ရုတ် ပိုင် ကုပ္မဏီ တွေ နဲ့ လုပ်ခဲ့ရတဲ့ အတွေ့အကြုံ အရ၊ ဘယ်လူမျိုး စီးပွါးရေးသမားမှ အကျိုးအမြတ် မျော်လင့်ချက် မရှိဘဲ အလကား လျော်ပေးတယ် စေတနာနဲ့ ပေးတယ် ဆိုတာ မကြုံဖူးဘူး၊  တွေးရင်းတွေးရင်းကျနော်တို့ တိုင်းပြည်က ဘယ်လောက်တောင် သူများကို ကျွေးမွေးထားရပြီလဲ၊ ဒီလို တိုင်းပြည်ရဲ့ properties တွေကို  sacrifice လုပ်ရတာဟာ အနာဂါတ် ပြည်သူတွေကောင်းစားဖို့ ချမ်းသာဖို့ ဆိုရင်တော့ ဝမ်းသာရပါသည်၊ ခေတ်အဆက် အစိုးရတွေ လုပ်ခဲ့ သလို အစိုးရနဲ့ အပေါင်းအပါတွေ (အမှန်ကတော့ အခုလူတွေလဲ အယင်လက်ထက်က အပေါင်းအပါတွေပါဘဲ၊)အုပ်ချုပ်ရ ချောင် လွယ်ဖို့၊ နိုင်ငံတကာဇါတ်ခုံမှာ အခင်းအကျင်း ကောင်းအောင် ထိုးကျွေးတာမျိုး ဆိုရင်တော့ တို့တွေ ဆင်းရဲတွင်း ပိုနက်မှာသာမက၊ ခေတ်သစ်ကျွန် ဘဝ ရောက်ကြရလိမ့်မယ်လို့ ထင်မြင်မိပါသည်။

မှတ်ချက်။  " လာရောက် အားပေးသူ မိတ်ဆွေ အပေါင်းအား ပန်ကြားအပ်ပါသည်ခင်ဗျား  "
မိမိအမြင် မိမိအတွေးများ တွေးမိရာရာတွေးခြင်းဖြစ်၍ အမှားများ၊ အမြင်မတူခြင်းများရှိက သီးခံ comment ပေး ပြန်ဆွေးနွေးနိုင် ပါသည်။

ဒါလားဟဲ့ Democratization or ပြည်သူတွေ ပိုက်ဆံ ကုန်မည့် Transition


.ပြည်သူတွေ ရှားရှားပါးပါး လစဉ်ဝင်ငွေတွေကို ပြည်ပ လုပ်ငန်းရှင်တွေဆီ ပြန်ပေးရမည့် Telephone operation license, telecommunication license တွေလို ဟာတွေ, ပင်လယ်ကူးဆိပ်ကမ်းလုပ်ငန်းတွေ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းတွေလို infrastructure တွေကို CEO တို့, Director Board တို့ ,Advisory panels  တို့ Top management staff တို့လို နေရာမျိုးတွေမှာ၊ နိုင်ငံတကာ Job market အတွေ့အကြုံရှိတဲ့ CEO တို့ Director တို့ကို ဈေးကွက်လစာပေးပြီး management လုပ်ပိုင်ခွင့် ပေးကာ authority လို, corporation လို မျိုးနဲ့ management လုပ်သွားတာမျိုးက ရေရှည်မှ တိုင်းပြည်အကျိုးအတွက် ပိုကောင်းမည်ဟု ထင်မြင်မိပါသည်။ အခုလက်ရှိ အစိုးရ ရဲ့ လုပ်ဆောင်မှုတော်တော်များဟာ phone ဈေးကျအောင် လုပ်ပြမယ် ဆိုပြီး foreign investor တွေကို operation လုပ်ပိုင်ခွင့် ပေးတာဟာ ကိုယ်နိုင်ငံနဲ့ ကိုယ်နိုင်ငံသားတွေအတွက် အခုအချိန်မှာ မရှိမဖြစ် လိုအပ်ချက် မဟုတ်ပဲ ငွေကုန်ပေါက်သာ ဖြစ်မယ်လို့ယူဆမိပါတယ်၊ Car တွေဈေးကျအောင် ဆိုပြီး သွင်းခွင့် ပေးတာမှာလည်း, လမ်းတွေ,traffic flowရယ်,ဒေသအလိုက် traffic volume ရယ် parking capacity တွေ car စီးနိုင်မယ့်လူဦးရေနဲ့ဒေသ အလိုက် လူနေမှုအဆင့်အတန်းကိုယ် ထဲ့စဉ်းစားပြီးမှ၊ဒေသအလိုက် ကား အမျိုးအစားအလိုက် လူဦးရေနဲ့ကား အချိုးအစား လိုအပ်ချက်နဲ့သွင်းသင့်တဲ့အရေအတွက်ကို နောက်ထပ် timeline နဲ့အတူ sector အသီးသီးက  develop လုပ်လာမဲ့ environment နဲ့ညီအောင် ကျွမ်းကျင်သူတွေနဲ့ consult လုပ် survey လုပ်ပြီးမှ policy ချမှတ်သင့်ပါတယ်၊
ငယ်ငယ်က ကြည့်ဖူးတဲ့ 1first class ရုပ်ရှင်ကို သတိရမိပါတယ်၊ သူဌေး ဆီကရုပ်ရှင်လက်မှတ် ရတဲ့ မိသားစုက လောလော လတ်လတ် တော့သိပ်ပျော်ကြရတာပေါ့၊
ကျတော်တို့ရဲ့ လက်ရှိအစိုးရက ကျနော်တို့ အတွက် ရုပ်ရှင်လက်မှတ်တွေပေးပြီး၊ 2015 အတွက်မဲကြိုဝယ်နေသလား၊ ထင်ရလောက်အောင် ကားပါမစ်တွေပေး၊ဖုန်းတွေကို လူတန်းမရွေးကိုင်နိုင်အောင် ပြောပြီး တိုင်းပြည်ရဲ့ infrastructure တစ်ခုကိုယ် နည်းဥပဒေတွေအဆင့်သင့်မရှိခင် သူများလက်ထဲ ကို ပေး ၊
consumer right တွေကာကွယ်ဖို့ နည်းဥပဒေတွေကောအဆင်သင့်ဖြစ်ပါပြီလော၊ ရှိခဲ့ရင်လဲ  ရှိတဲ့ဟာက တကယ်ထိရောက် စွာ အသုံချ နိုင် ပြီး ခေတ်နဲ့ အညီ လိုအပ်ချက်နဲ့ အညီ ပြတမ်းထားတာမျိုး အဆင် သင့်ဖြစ်နေပြီလား ? GSM ဖုန်းတွေ အငှားနဲ့ ၁၅ သိန်း ချပေးတုန်းက term&condition က subscription and monthly bill စနစ်နဲ့ ငွေပေးချေစနစ်ပါ၊ ယခု top-up Sim card  စနစ်တွေ ပေါ်လာတဲ့ အချိန်ကျတော့ GSM phone တွေကို ရော consumer ကြိုက်သည် မကြိုက် သည် မသိ၊ top-up စနစ် ပြောင်းလိုက် တယ်, ဒါဟာ အသုံးပြုသူအတွက် ဝန်ဆောင်စနစ် degrade လုပ်ခံရတာဖြစ်တယ်၊ Government operator လုပ်နေစဉ်မှာတောင် ဒီသုံးစွဲသူအခွင့်အရေးကိုယ် protection မရှိရင်၊ third parties တွေက လုပ်လာတဲ့ အချိန်တွေမှာ ဘယ် authority, institution တွေက  consumer အခွင့်အရေး ကို ဘယ်နည်း ဥပဒေတွေနဲ့ ထီမ်းကျောင်းထား၊ protect လုပ်ပေးထားမလဲ။စည်းဖေါက်လာခဲ့ရင် ဘယ်ကိုအရင်ဆုံးတိုင်ရမလဲ။ company တွေဆိုအသုံးပြုသူနဲ့နှိင်းယှဉ်ရင်  ငွေကြွေး ကြွယ်ဝတဲ့ အဖွဲ့အစည်းမို့ သုံးစွဲသူအပေါ် စည်းဖေါက်လာခဲ့ရင် နောင်မလုပ်ရဲအောင် စီးပွါးရေးအရရော လုပ်ပိုင်ခွင့်အရပါ ကောင်းကောင်းကိုင်တွေနိုင်မည့် authority တစ်ခုရှိရမယ်။
ဒီ authority မျိုးတွေဟာ ဘယ်ပါတီ, ဘယ်အစိုးရတက်လာလာ independent ဖြစ်နေသင့်တယ်၊ 
1988 စစ်အစိုးရ တက်လာတော့ အရှုးံ ပေါ်နေတဲ့ စက်ရုံအလုပ်ရုံတွေ ကို၊ သူတို့နဲ့ နီးစပ်ရာ So-call ပြည်တွင်းလုပ်ငန်းရှင်တွေကို ကုန်ကြမ်းပေး ကုန်ချောယူ စနစ်နဲ့လုပ်စားခွင့်ပေးလိုက်တာ၊ နိုင်ငံတော်ရော လုပ်ငန်းရှင်တွေရော မြတ်မမြတ်မသိ၊ စက်ရုံကြီးတွေကတော့ ဂျုန်းဂျုန်းကျကုန်တယ်၊
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလဲ၊ အစိုးရဌာန အဆောက်အဦးတိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြိုးကိုင်ဆောက်လုပ်နေတာကနေ ရုပ်တရက်ချက်ချင်း contract စံနစ်ပေးလုပ်တော့, quality control, supervision,tender system, management environment, တွေကအဆင်သင့်မဖြစ်သေးတော့, inflation   ရယ်၊ red tape တွေအဆင့်ဆင့် progress တွေ, claim တွေ ကြံ့ကြာတာတွေ under table, on the table တွေ, cost of clearance/express fee in various level behind curtain , ဆေးလိပ်ဖိုး ကွမ်းယာဖိုး တွေအတွက် နစ်နာတာ တွေကို compensate လုပ်ဖို့ quality တွေ ထဲက နှတ်ယူသွားကြပါတယ်၊ contractor အများစုက တိုက်ရိုက်လက်ညိုး အထိုးခံရပါတယ်၊ ကျနော့ အမြင်ကတော့ ဒီဟာနဲ့ပတ်သက်တဲ့ policy တွေကို ချမှတ်တဲ့ ,decision လုပ်တဲ့လူမှာ ပိုတာဝန်ရှိပါတယ်။
Mega Project ကြီး တစ်ခုကို အစိုးရရဲ့ policy နဲ့ချမှတ်တော့မည်ဆိုရင် policy အဆင့်ကနေ construction stage ကိုရောက်ဖို့ ဆယ်စုနှစ်တစ်ခုလောက်ကြာပါတယ်၊ policy ချမှတ်ဖို့အဆင့်မှတင် data collection အတွက် point of view မျိုးစုံကနေ လိုအပ်ချက်မျိုးစုံ အတွက် survey တွေ ၊ assessment တွေလုပ်ရပါလိမ့်မယ်၊ focus တွေ မျိုးစုံတွက်ရပါလိမ့်မယ်၊ ဒီနေရာမှာ၊ သက်ဆိုင်ရာ နိုင်ငံတကာမှာ Mega Project တွေမှာ top management level မှာ တာဝန်ယူ operation/management လုပ်ဖူးသူတွေကို consultant position တွေ advisory position တွေမှာ international market level တန်းတူလစာပေးပြီး အကောင်အထည် ဖေါ်သင့်ပါတယ် assessment မျိုးစုံအတွက် သူတို့တွေက လုပ်ဘူးကြုံဖူး ပြီးသားမို့ချောချောမွေ့မွေ့လုပ်သွားနိုင်ပါတယ်၊ နောင်အနာဂါတ်မှာ သူတို့နဲ့အတူ လုပ်လာတဲ့ ကိုယ့်လူတွေဟာ ဒီတာဝန် မျိုးကို လုပ်ကိုင်လာနိုင်ပါလိမ့်မယ်။ ခုချိန်ထိ project ကြီးတွေအတွက် ဘယ် international institution တွေဘယ် corporation ကြီး၊ ဘယ် mega project ကြီးမှာ CEO လုပ်ဖူးတဲ့ တစ်ယောက်ကို project director post,CEO post ပေးပြီး ဦးဆောင်ခိုင်းတာမျိုးမတွေ့ရသေးပါဘူး၊
လက်ရှိ အရပ်ဝတ် အစိုးရ အနေနဲ့ democratization လုပ်နေပါတယ်လို့ ပြောနေတာမှာ၊ နိုင်ငံရေး,အုပ်ချုပ်ရေး, စီမံခန့်ခွဲရေး, ပညာရေး,ကျန်းမာရေး sector တွေမှာ အဓိက မြန်မြန်ဆန်ဆန် ပြောင်းလဲရန်လိုပြီး၊ foreign investment တွေပေးရာမှာနိုင်ငံ တော်နဲ့ပြည်သူအတွက် အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ နည်းပညာပေါ် အမှန်အခြေခံတဲ့ infrastructure မျိုးသာ foreign company တွေကိုပေးသင့်ပါတယ်၊ တချို့လုပ်ငန်းတွေက နည်းပညာ အခြေခံထင်ရပေမယ့်၊ တကယ်ကျတော့ management ပေါ် ပိုအခြေခံပြီး နည်းပညာကို ဈေးကွက်ထဲကပဲ ငွေနဲ့ဝယ်သွားလို့ရပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတွေမှာ computer network, data base sharing network system ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးနဲ့အတူလိုအပ်နေပြီ၊ ဒါမှ နိုင်ငံသားတိုင်း,ဧည့်နိုင်ငံသားတိုင်းရဲ့ မှတ်ပုံတင်နဲ့ လက်ဗွေနဲ့ passport တွေကို နိုင်ငံတွင်း ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးရဲ့ ဘယ်ရုံးခွဲ ဘယ်ကောင်တာက မဆို ချက်ချင်း access ရှိမယ်ဆိုရင်၊ ခိုးထုတ်ပေးဖို့ဆိုတာမလွယ်ဘူး၊ ပေးဆောင်ရမည့်ငွေကို banking network  တွေ နေရာတကာမပြည့်စုံသေးခင် စာတိုယ်လို 3rd party ဝန်ဆောင်မှုဌာနတစ်ခုကလက်ခံသင့်တယ်၊ မှတ်ပုံတင်တွေ passport ပွဲစားနဲ့ကြားခံပြီး လိုသလိုထုတ်ယူရရှိနိုင်မှု ပပျောက်အောင် ဝန်ကြီးဌာနတစ်ချို့ရဲ့ ဌာနတိုင်းအတွက် computer net work ဟာ ပြည်သူတိုင်း ဖုန်းသုံစွဲနိုင်ရေးထက် ပိုပြီးအရေးတစ်ကြီးလိုအပ်နေသည်ထင်မိပါသည်။


မှတ်ချက်။  " လာရောက် အားပေးသူ မိတ်ဆွေ အပေါင်းအား ပန်ကြားအပ်ပါသည်ခင်ဗျား  "
မိမိအမြင် မိမိအတွေးများ တွေးမိရာရာတွေးခြင်းဖြစ်၍ အမှားများ၊ အမြင်မတူခြင်းများရှိက သီးခံ comment ပေး ပြန်ဆွေးနွေးနိုင် ပါသည်။