ငွေရတု မှ သည်
ထီးနှစ်ဆောင်အောက် တို့ နှစ်ယောက်
ဒီလိုအချိန်လဲ ကြုံဖူးခဲ့ရရဲ့၊(မိုးတစ်ကယ် ဖွဲဖွဲ မို့ပါ)

ဘဝအရေး တွန်းလှန် လှော်ခဲ့ရတာလဲ၊
ဒီမိုကရေစီ အရေးလိုဘဲ၊
တို့တွေ ငွေရတုချိန် တောင်
ရောက်ခဲ့ပြီဆိုဘဲ....ရှင်မ။။။
ဘဝတစ်ခု အဆင်ပြေစေဖို့
ကြိုးစားရင်း မျှော်ရည်မှန်းလို့၊

မိသားစုဘဝ လျောက်ရာလမ်းမှာလဲ၊
ပျော်စရာ ငိုစရာ အစုံအလင်....
အကုန်ပင် ကြုံဆုံခဲ့ဖူးပါရဲ့၊
တွေ့ကြုံဆုံမြဲ ခင်မင်ရင်းစွဲ သူငယ်ချင်းတွေလဲ
မိတ်ဖွဲ့ ဆုံတွေ့ ကမ်းလက် ဖေါ်တွဲ ကြရင်းနဲ့ဘဲ၊....

သြော်!.. ဘဝတစ်ဆစ်ချိုးဖြတ်လို့...
အမိမြေက ဝေးလာခဲ့တာကတော့၊
ရာသီတွေ အလီလီလဲပြောင်းခဲ့ပြီမို့ .....
Formula One...final ကွင်း(Lap)ကိုလဲ
နီးသထက်နီးလာခဲ့ပြီဆိုတာတော့၊
အင်း!!!..တို့အိမ်ထောင်သက် တစ်မတ်တင်းတင်းက

ငွေရတု မင်္ဂလာထူး ပေမယ့်လို့
ငွေရောင်ကေသာ Silver Color တွေကလဲ
ပိတုန်းရောင် နက်ပြောင်ပြောင်ပေါ်မှာ

ဇရာထောင်းလာတာ မလွဲသာ
တွေ့လာရပြီ ဆိုတော့လဲ၊
ဘဝပန်းတိုင်...လမ်းကို
ဒလိမ့် ကောက်ကွေးကလေး
မဝင်ရောက်စေဖို့၊
ဝင်လေထွက်လေကလေး..သေချာသိမှတ်လို့၊
ဘဝင်မှာအေး ရင်မှာချမ်းမြေ့ရအောင်၊
တရားရိပ် ဘုရားရိပ်အောက်
အမြန်ရောက်မှ ဖြစ်မယ်နော် ရှင်မ။ ။
(8-March-1989 ~8-March-2014)
၂၅နှစ်တာ ဘဝခရီးအား အေးအတူပူအမျှ
ကြည်ဖြူမျှစွာနဲ့.........
အော်ဟောက်တော့ နှစ်ခါ၊ ချော့တာက တစ်လှည့်ထဲ
ဘိုကေနောက် ဆံတောက်ပါခဲ့တဲ့၊
အမြဲငြူစူ၊ အိမ်ဆူသက်ထား၊
ရှင်အတူ သေရင် ခွဲကြရမယ့်
ရှု့ငြိမ်းလောက်ပေတဲ့ ချစ်ဇနီး ဝင်းဝင်းအား
သမုဒယထား ရည်ရွယ်ရေးသားပါသည်။
Tat86 Bumi

ခွဲဝေ ပေးလိုက်ရပြီးတဲ့
အခါမှာတော့
နှစ် အစိတ်လဲ ကြာ
ကျနော့အတွက်တော့
အခုလို
လေးရာလေးဆယ့်လေး(၄၄၄)
မေတ္တာတွေသာ
မေတ္တာတွေသာ
ကျန်ပါတော့တယ် တဲ့ ခင်ဗျာ။။
No comments:
Post a Comment