မိုးသည်းထန်စွာရွာသန်းမှု ကြောင့် August 25 2015 (မနေ့က) ရက်နေ့ တွင်
တူရကီ အရှေ့မြောက်ပိုင်းတွင် မြေပြိုမှုဖြစ်ခဲ့ပြီး
လူ ၇ဦးသေဆုံးကာ ၁၇ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းပါ၊
ဒုတိယ လင့် တစ်ခုက၂၀၁၄ အင်ဒိုနီးရှားမြေပြို မှု
နောက်တစ်ခုက ဖါးကန့်ဒေသ
ကမ္ဘာ့ အဆင့်မီ နံမည် တံဆိပ် စက်ယန္တရားကြီးများစွာသုံးကာ
ကမ္ဘာကျော် မြန့်မာ့ကျောက်စိမ်းများအပြိုင်အဆိုင်တူးနေကြပုံ
တူးယူ မှုကြောင့်ဖြစ်ပျက်နေ၊ ဖြစ်ပျက်ကျန်ရစ်သည့်
မြေမျက်နှာသွင်ပြင်၊ မြေပြိုမှုကြောင့် သေဆုံးကြရသော
လုပ်သားများ၊ သတင်းများဖေါ်ပြထားတဲ့ လင့်တွေပါ၊
ဤသို့တူးဖေါ်ရာတွင် ယာယီ မြေအနေအထား တည်ငြိမ်မှု
(temporary Slope/Ground Stability)
အမြဲကျန်ရစ်ခဲ့မည် မြေအနေအထားရေရှည်တည်ငြိမ်မှု
(Permanent Slope/Ground Stability)
ပတ်ဝန်းကျင် နှင့်ဂေဟစံနစ်
(Environment & Eco systems)
ပျက်စီးမှုတို့အတွက်
အလွန်အလေးထားဆောင်ထားမှု
စီမံမှုများ လုပ်ထားသလား .................
စာရွက်ပေါ်လုပ်ထားသော်လည်း လက်တွေ့ကျင့်သုံးမှုရှိသလား.........
ဆိုသည်ကိုတော့ ..... Google ပေါ်တောင် ... ပလူပျံအောင်တွေ့နေရသော
ဖေါ်ပြပါပုံတွေကနေ
မိမိတို့ဖါသာ self-explanation လုပ်ကြည့်နိုင်ကြပေလိမ့်မည်။
ရာသီဥတုများဖေါက်ပြန် ပြောင်းလဲလာနေသော
ကမ္ဘာကြီးကြောင့် ပိုမိုတွေ့ကြုံလာရမယ့် Natural Disaster တွေထဲက
မြေပြိုမှု(Landslide) ရေကြီးမှု(Flood)
မုန်တိုင်း(Storm-Cyclone/Hurricane/Typhoon) တိုက်ခေတ်မှု တွေနဲ့
Man Made Disaster/Human Created Disaster လို့ခေါ်ကြတဲ့
Nuclear, Biological, Chemical disaster, တို့ဟာ.....
ဖြစ်လာနိုင်ခြေကိုရော ... အန္တာရာယ် ဇုံများ ကိုပါ ၊
ကြိုတင်ခန့်မှန်းနိုင်တဲ့ ဘေးအန္တာရာယ်(Disaster) တွေဖြစ်ကာ
ပျက်စီးဆုံးရှုံး အသေအပျောက် နည်းပါးစေအောင်
ကြိုတင်ပြင်ဆင် စီမံနိုင်သလောက် ... ဆုံးရှုံးမှုလည်း နည်းပါးနိုင်ပေသည်။
လူ သတ္တဝါတို့၏
တေဇော အာဘော ဝါယော ပထဝီ နဲ့ မနော
( ရုပ် နဲ့ နာမ် ) တို့
ဖေါက်ပြန်နေမှုများအတွက်
ဆရာဝန်များ အင်ဂျင်နီယာ၊စစ်သား ဆေးရုံ
ကျန်းမာရေး စက်ရုံစက်ပစ္စည်း လက်နက် ရိက္ခာ စသည်
စီမံခန့်ခွဲမှုများ ကောင်းမွန်စွာ စံနစ်တကျ ရှိနေဖို့ လိုအပ်နေသလို
ကောင်းမွန်တဲ့ မြို့ပြအုပ်ချုပ်ရေးစံနစ်တစ်ခုတည်ဆောက်ရာမှာ
ဒီသဘာဝဘေးအန္တာရာယ်တွေနဲ့
လူကြောင့်ဖြစ်ရတဲ့ ဘေးအန္တာရာယ်တွေ
အတိုပြောရရင် မီးဘေးလေဘေး ရေဘေး မြေဘေး
( တေဇော အာဘော ဝါယော နဲ့ ပထဝီ ) တွေ ဖေါက်ပြန်နေမှုကို
ကောင်းစွာ စီမံခန့်ခွဲမှု တစ်ရပ်သည်လည်း
ကောင်းမွန်စွာ စံနစ်တကျ ရှိနေဖို့
မရှိမဖြစ် လိုအပ်သည်ပင် မဟုတ်ပါလော။
1) 25-8-2015 TURKEY LANDSLIDE NEWS
http://thewatchers.adorraeli.com/2015/08/25/floods-and-mudslides-across-the-northeastern-turkey-7-dead-17-injured/
2) MYANMAR JADE MINE LANDSLIDE NEWS
IN JANUARY 2015
http://www.gulf-times.com/rest%20of%20world/230/details/422407/two-dead,-30-missing-after-rockslide-at-myanmar-jade-mine-
IN AUGUST 2015
http://www.irrawaddy.org/burma/rockslide-at-burma-jade-mine-kills-9-around-20-missing.html
https://www.youtube.com/watch?v=3i7OmVF7KzI
https://www.youtube.com/watch?v=BNiGKOOkj60
https://www.youtube.com/watch?v=V4-sB1GzAyM
https://www.youtube.com/watch?v=JPRhAZVhsQw
3) IN 2014 INDONESIA LANDSLIDE
http://tribune.com.pk/story/944413/eight-feared-dead-in-indonesian-landslide/
No comments:
Post a Comment