၁) လမ်းပန်းဆက်သွယ်ရေး
၂) ပညာရေး
၃) ကျန်းမာရေး
တိုးတက်ကောင်းမွန်ရန်ဆိုတဲ့ဆောင်ပုဒ်ကြီးတွေနဲ့
ဘဏ္ဌာငွေတွေအလုအယက်သုံး ဇီးသီးဗန်းသာမက
ဇီးသီးတောင်းပါမှောက်ခဲ့ကြ pre-election ကာလမှာ
အာဏာရပါတီရဲ့ အမတ်ကြီးတစ်ချို့ကတောင် ဝန်ခံယူရတဲ့အထိပါ။
ဇီးသီးဗန်းမှောက်တယ် ဆိုတာ နိုင်ငံတော်ဘဏ္ဌာသုံးစွဲတဲ့နေရာလောက်ပါ၊
နိုင်ငံတော် သယံယံဇါတတွေ ထုတ်ရောင်းကြတဲ့နေရာကျတော့ ဗန်းမှောက်ဖို့မပြောနဲ့
အသီးတောင်မက အမြစ်ပါလှန်လိုက်ကြတာ ဂလှိုင်ခေါင်းနဲ့ မြေစာပုံဘဲ ကျန်ရစ်တယ်ဆိုဘဲ၊
အခုပြောချင်တာက အထက်ပါ အချက်သုံးခုအောင်မြင်ဖို့ရန် သုံးချက်လုံးကို သွယ်ဝိုက်
အကျိုးပြုတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်၊
ပြည်သူ့ ကျန်းမာရေးကဏ္ဌ မြှင့်တင်ဖို့ရန် ဆေးရုံဆေးခန်းတွေ ကို တိုးတက်ခေတ်မှီရန်ထက်
ပြည်သူအများ ကျန်းမာသန်စွန်နေစေအောင် လူမှုပတ်ဝန်းကျင်အခြေအနေကိုကောင်းမွန်
သန့်ရှင်နေစေဖို့ရာ ဆောင်ရွက်ပေးမှုဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စများမြောင်အထဲတွင်
ပေလျက်လကန် လျစ်လျူရှု ခံထားရကာဖြစ်ချင်တိုင်းဖြစ်နေသောအရာများထဲက
တစ်ခုဖြစ်သည့် Drain and drainage system ပါ။
Drain ဆိုသည့် စကားလုံးသည် စစ်ထုတ်လိုက်သည်
ရေကိုစီးဆင်းသွားစေသည် အထူးသဖြင့်ပါဝင်နေသည့်ရေကို
ထွက်သွား စီးသွားစေဖို့ လုပ်ဆောင်ခြင်း၊
လုပ်ဆောင်ပေးသည့်အရာကိုဆိုလိုသည်ဟုနားလည်ထားပါသည်။
ကမ္ဘာကြီးရဲ့သဘာဝကိုက
မျက်နှာပြင်ပေါ်ကာရေတွေအရည်တွေဟာ
နိမ့်ရာကမြင့်ရာကိုစီးဆင်းကြရင်း
မြောင်ကလေးတွေ ချောင်းကလေးတွေ၊မြစ်တွေဖြစ်ပေါ်လာကြပြီး
ပင်လယ်တွေထဲ နီးစပ်ရာ အင်းအိုင်တွေထဲ
စီးဝင်ကြတာဟာလဲ သဘာဝကဖန်းတီးပေးထားတဲ့ drainage system တစ်ခုပါဘဲ၊
ကမ္ဘာလူဦးရေကြီးထွားလာ၊ ယဉ်ကျေးမှုမြင့်မားလာ၊
အစုအဖွဲ့အလိုက်မြို့ရွာကြီးတွေတည်ပြီးနေလာကြတဲ့အခါ၊
သဘာဝကပေးတဲ့စံနစ်နဲ့မလုံလောက်တော့ပါဘူး။
ဒါကြောင့်မို့ ခေတ်မှီမြို့ကြီးများတည်ဆောက်လာကြရာတွင်၊
open drain, culvert drain , canal, culvert drain, canal,
stream, river , terrain စသည်ဖြင့်
လူလုပ် drain နှင့် သဘာဝအလျောက်ဖြစ်နေသည့် drainage များကို
စံနစ်တစ်ကျ ပေါင်းစပ် တည်ဆောက်ကြကာ
မြို့ကြီးရွာကြီးများ၏ မြေမျက်နှာပြင်ပေါ်မှ ရေများ
(surface water များ စီးထွက်သွားဖို့ တစ်နည်း drain ဖြစ်သွားဖို့)
မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာ ထဲ ရောက်သွား စေဖို့
အသုံးပြုကာ မြို့ပြ လူနေမှုစံနစ်တစ်ခုကို တည်ထောင်ကြရပါသည်။
မိလ္လာနှင့် ရေဆိုးရေညစ်စွန့်ထုတ်ရန်အတွက်တည်ဆောက်ကြသည့်
sewer network စံနစ်သည်လည်း
သူအတွက့်သီးသန့် စီးဆင်းစေကာ စွန့်ပစ်နိုင်ရန် မြို့ပြများတွင်
တည်ဆောက်ကြသည့် drain စနစ်တစ်ခုပင်ဟု ဆိုရပေမည်။
ကျနော့်တို့ဆီတွင်စံနစ်တကျ လုပ်ဆောင်ခြင်းမရှိဘဲ နေရာတကာ
မည်သည့်အတွက်ကြောင့် drain ကို
ပစ်ပယ် ထားသည်ဟုပြောရသလဲ ၊
မိမိသည် ဖဆပလ နှင့် ကိုလိုနီခေတ်အားမမှီခဲ့သော်လည်း၊
ကိုလိုနီခေတ်တွင် တည်ထောင်ခဲ့ပြီး၊
ဖဆပလခေတ်တွင် ဆက်လက် လုပ်ဆောင်ခဲ့ကြကာ
ကျနော်တို့ကြီးပြင်းလာသည့်
မဆလ ခေတ်မှ စ၍ တစ်စစ လစ်လျူရှုခံလာခဲ့ရသော
ဤ ရေမြောင်းစံနစ်ကြောင့်၊
မြို့ကြီးအနှံ့က ကလေးသူငယ်
ကျောင်းသား လူကြီး ဘယ်လောက်များများ၊
ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ဆင်ခြေထောက်၊
စသဖြင့်ရောဂါပေါင်းစုံ နှိပ်စက်ခံရကာ
လူစဉ်မမှီ၊ဘဝပျက်၊ အသက်ဆုံးရှုံး၊
မိသားစုထိခိုက် ဖြစ်ခဲ့ခံစားခဲ့ရပြီးပြီလဲ၊
ပြည်သူ့တို့ရဲ့ငွေကြေး၊ ပြည်သူ့ဘဏ္ဌာတိုက်၏ငွေကြေး
ဘယ်လောက်ဆုံးရှုးံခဲ့ရပြီးပြီလဲ၊
ကျောင်းသားလူငယ် တို့၏ ပညာရေးလမ်းကြောင်း
ကျမ်းမာရေးထိခိုက်မှုကြောင့် ဘယ်လောက်နစ်နာခဲ့ပြီးပြီလဲ။
ဤ drain စံနစ်ပျက်စီးနေမှုကြောင့်
ရေလွှမ်းမိုးမှုများပေါ်ပေါက်ကာ၊
ကားလမ်း ပိတ်ဆို့ လမ်းပန်းဆက်သွယ်ရေးထိခိုက်မှု
ဘယ်လောက်ဖြစ်ပေါ်၍ စီးပွါးရေးအရ
ငွေကြေးဆုံးရှုံးမှု ဘယ်လောက်ရှိခဲ့ပြီလဲ၊
ဤ drain စံနစ်များ မကောင်းမွန်မှုကြောင့်
ငွေကြေးမြောက်မြားစွာ အကုန်အကျခံတည်ဆောက်ထားသော်လည်း
အချိန်မတန်ဘဲ ပျက်စီးပြုပြင်ရသည့်လမ်းများ မည်မျှ များပြားသလဲ
ထိုအတွက် ဖြုန်းတီးလိုက်ရသည့်ဘဏ္ဌာ....
နှစ်အဆက်ဆက် ဘယ်လောက် ရှိသလဲ၊
စသည်ဖြင့် အစစ သုတေသန လုပ်ကြည့်မည်ဆို လျင်
မထင်မှတ်အောင် ကြီးမားသည့်
အဖြေတစ်ခု ထွက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ဒီတော့ Drain လို့အင်္ဂလိပ်လိုခေါ်ကြတဲ့ ရေမြောင်းတွေ ဆိုတာ
ရေသိုလှောင်ရန် အမှိုက်များပစ်ရန် မဟုတ်ဘဲ
တစ်နေရာကတစ်နေရာ မြင့်ရာက နိမ့်ရာ ကို စီးဆင်းသွားကာ
တစ်နေရာမှာပေါင်းဆုံစေဖို့ဘဲမဟုတ်ဘူးလား၊
ဒါဆိုရင် ရေမြောင်းဆိုတာ အောက်ခြေတစ်ပြေးညီ မဟုတ်ဘဲ
အနိမ့်အမြင့်ရှိရမှာဖြစ်ကာ
နောက်ဆုံးစီးဝင်မယ့်နေရာထက် စတင်စီးဆင်းမယ့် အပိုင်းဆီကို
တဖြည်းဖြည်းမြင့်သွားရပါလိမ့်မယ်ဆိုတာ
လူတိုင်း သာမန်ဦးနှောက်နဲ့စဉ်းစားနိုင်ကြပါလိမ့်မယ်။
ရေစီးမည့်ရေထုထည်ကိုလိုက်ပြီး ရေမြောင်းအကြီးအငယ်ရှိရမှာဖြစ်သလို၊
စတင်စီးဆင်းရာကနေ အဆင့်ဆင့်ပေါင်းဆုံ နောက်ဆုံးစီးဝင်ရာဘက်ကို
့ ရေစီးဝင်မှု ထုထည်များလာတာမို့ ထိုက်သင့်သလို ကြီးကြီးလာရမှာဖြစ်သလို
ငယ်လိုက် ကြီးလိုက်ငယ်လိုက် ပိန်လိုက်ဖေါင်းလိုက် ပိန်လိုက် မဖြစ်သင့်ဘူးဆိုတဲ့
ရေမြောင်းတစ်ခုရဲ့ အခြေခံလိုအပ်ချက်ကို လဲ
လူတိုင်း သာမန်ဦးနှောက်နဲ့စဉ်းစားနိုင်ကြပါလိမ့်မယ်။
ဒါဆိုရင် အခုမြင်ရတဲ့ ဓါတ်ပုံထဲက ရေမြောင်းကို တည်ဆောက်သူ၊
စစ်ဆေးသူ၊ ဤကဲ့သို့ လုပ်ခွင့်ပေးသူတွေဟာ
သာမန်ဦးနှောက်တောင်မရှိတဲ့သူတွေလား၊
ဘယ်လိုဦးနှောက်ရှိသူတွေနည်းဟု ဆိုရလျင်
မည့်သည့် တိုင်းပြည်အခြေအနေတွင်မဆို
အလွန်ချမ်းသာအောင် ဆောင်ရွက်တတ်ကြသော
တကယ်လည်းရသည့်နည်းဖြင့်
ကျရာနေရာက မရ ရအောင် ကြိုးပမ်းတတ်ကြသည့်
ဥပဒေ၊ နည်းဥပဒေ နဲ့၊ ပေါင်းသင်းဆက်ဆံရေးကို
အင်လျားခြုံပုတ်ထဲက သမီးရည်းစားလောက်သာ
သဘောထားသည့်၊
ဦးနှောက်ပိုင်ရှင်များလို့သာ !!!!!!!!!......။
Drain ရဲ့အလယ်ကနေ ပိတ်နေတဲ့ဟာကို ဘာလို့မရွှေ့နိုင်လဲ၊ ဒါမှ မဟုတ် drain ကို လမ်းအောက် ဘာလို့ရှောင်မသွားလဲဆိုတာတော့ သက်ဆိုင်သူများသာ သိပေလိမ့်မည်။ |
ဒါက ဓါတ်မီးတိုင်ရဲ့အောက်ခြေ drain ထဲဝင်နေတာပါ။ |
ဒီ အပေါ်ကဓါတ်ပုံ တွေ ဟာ သမိုင်း ပါရမီလမ်းပေါ်က
စိန်ဂေဟာ Department စတိုးရဲ့ လမ်းတစ်ဖက်ကရေမြောင်းပါ။
မြောင်းဟာ လုပ်တာမကြာသေးဘူးလို့ယူဆရပါတယ်။
လမ်းဘေးမီတိုင် footing ကြောင့် တစ်နေရာမှာ
တဝက်လောက်ကျဉ်းထားရသလို၊ နောက် ၁၅မီတာလောက်အဝေးမှာ၊
ရေ ပိုက်ခေါင်းအိမ်းလား၊ Sewer Manhole လားမသိတဲ့ ဟာက
မြောင်းရဲ့အလယ်တည့်တည့်မှာတည်ရှိနေတော့၊
ဒီလိုနေရာတစ်ကာ ဒီထက်မက၊
လမ်းဘေး အိမ်ပိုင်ရှင်တွေကလဲ မုဒိန်းမျိုးစုံ
drain ကိုကျင့်ကြလေရဲ့။
ဒီရေမြောင်းဟာ drain လို့မခေါ်သင့်တဲ့
drain မဟုတ်တော့တဲ့ drain အလုပ်မလုပ်တဲ့
ရေဆိုးအမှိုက်ဆိုး ခြင်မွေးရန်သာ ငွေကြေးအကုန်အကျခံ
ဆောက်လုပ်ထားတဲ့ so call drain တွေပါဘဲ။။
ဒီလိုဘဲ၊ ရန်ကုန်မြို့အပါအဝင် မြို့ကြီးအများစုမှာ လမ်းတွေသာ
အကြီးအကျယ် ဆောက်ကြမှာဖြစ်ပေမယ့်
ရေမြောင်းစံနစ်ကိုတော့ ဖြစ်သလို
သဘောထားကြတဲ့အတွက်၊
လမ်းဘေးက အိမ်ပိုင်ရှင်တွေ၊
ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ
လမ်းဆောက်လုပ်ရေး တွေ၊ ပြည်သူတွေ ရဲ့
အညှင်းဆဲ အနှိပ်စက်၊ မုဒိန်းကျင့်ခံနေရတဲ့
လမ်းဘေးသားကောင်တစ်ယောက်ဖြစ်နေရတာ
ကိုလိုနီဘဝက လွတ်ကတည်းကလို့ ထင်မိပါ၍
နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့
အကျိုးဆက်ကြောင့် ယခုအခါ
ကျနော်တို့တွေဟာ၊
လေကြောင်းရန်ကာကွယ်နည်းမျိုးစုံသုံး၍
မိမိတို့ကိုယ်ကို မလုံမလဲကာယင်း
ရောဂါ ဘယထူပြောရတဲ့ အကြောင်းတစ်ချက် မဟုတ်ပါလား။
Photo: Drain maintenance in Minbya (Credit to Ko Kyaw Hla Sein (Min Bya) |
နိုင်းယှဉ်လို့ရအောင် တစ်နှစ်လုံးမိုးရွာပေမယ့်၊
ခြုံနဲ့အပင်တွေ အုပ်ဆိုင်း အရွက်များစွာကြွေနေပေမယ့်၊
သာမန် V-drain (precast segment) လေးတွေစီကာ
တန်ဖိုးနည်းတည်ဆောက်ထားပေမယ့်
ဒီ drain ထဲရေမရှိ မတင်နေတာ ဘာကြောင့်လဲ
စဉ်းစားနိုင်အောင် ကျနော့ စီမံကိန်းရုံးနားက လမ်းသွယ်ထဲ
ရိုက်ယူထားတဲ့ ဓါတ်ပုံ အချို့ကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်
Drain တစ်ခုစံနစ်တကျတည်ဆောက်ထားရင်
ဥပဒေ အကာအကွယ်နဲ့ drain တွေ drain ရဲ့ စီးဆင်းမှုကို
မထိခိုက်စေရင် နှစ်ပေါင်းများစွာ
ကြာရှည်ခံကြောင်းလဲ ဓါတ်ပုံတွေ ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ရေမြောင်း(drain) တစ်ခုဟာ လမ်းတစ်ခု ကြာရှည်တည်တန့်မပျက်စီးဖို့
ဘယ်လောက် အလေးထားသင့်သလဲဆိုတဲ့
Youtube ပေါ်က video တစ်ခုရေ ကို မျှဝေပါရစေ။
No comments:
Post a Comment