စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 15, 2015

"Scarborough Fair နှင့် Scarborough Affair အား နှိင်းယှဉ်မိခြင်း"


 "Scarborough Fair နှင့် Scarborough Affair အား နှိင်းယှဉ်မိခြင်း"

ကျနော်အရမ်းကြိုက်တဲ့  တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Scarborough fair ဆိုတဲ့ သီချင်းနဲ့
နံမည်ချင်းဆင်တာမို့ ပိုင်ဆိုင်မှု အငြင်းပွါးနေကြတဲ့ ဒီကျွန်း ကိစ္စကို လဲ
Scarborough affair လို့ အမည်ပေးရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။၊
သီချင်းကတော့ အင်္ဂလန်နိုင်ငံ ယော့ရှိုင်းဒေသ မြောက်ပိုင်းကမ်းခြေက
Scarborough ဆိုတဲ့ မြို့လေးကို အခြေခံစပ်ထားတဲ့ ၊
အချစ်တေးသရုပ်ဖေါ်သီချင်းလေး တစ်ပုဒ်ပါတဲ့။
ကောင်ကလေးက သူ့သီချင်းနားထောင်နေတဲ့ ပရိတ်သတ်ကို
သူ့ရည်းစားဟောင်းကို သူခိုင်းတဲ့ (မဖြစ်နိုင်တဲ့) အလုပ်တွေ ကိုလုပ်ပေးနိုင်ရင်
သူ့ကိုချစ်သူအဖြစ်ပြန်လက်ခံမယ်ဆိုပြီး ပြောခိုင်းသတဲ့၊

သီချင်းကို စုံတွဲဆိုကြရာမှာတော့
 ကောင်မလေးကလဲ သူပြန်လုပ်ခိုင်းတဲ့အလုပ်ကို
လုပ်ပေးနိုင်ယင် ကောင်လေးခိုင်းတဲ့ အလုပ်ကိုလဲလုပ်ပြပြီး
သူ့ချစ်သူအဖြစ်ပြန်လက်ခံပေးပါမယ်လို့ပြန်ပြောခိုင်းပါသတဲ့။
အဓိပ္ပါယ်ကတော့ သူတို့နှစ်ယောက်ကြားမှာ
 ပြန်ပြေလည်မှု မရနိုင်တော့ဘူးလို့ဆိုရမလိုပါဘဲ ၊
ဘာခိုင်းကြတယ်ဆိုတာတော့ အောက်က
သီချင်းစာသားကိုသာ ဖတ်ကြည့်ကြပါတော့......

လက်ရှိ ပစိဖိတ် သမုဒ္ဒရာနဲ့ တောင်တရုပ်ပင်လယ်က
ကျွန်းစုတွေ အစွန်နားမှာ
Scarborough ဆိုတဲ့ သန္တာကျွန်းတန်းကလေး အပါအဝင်
သန္တာကျွန်း(CORAL REEF) တချို့ အတွက်
 သူပိုင်ကိုယ်ပိုင် အငြင်းပွားကြယင်း
တရုတ်၊ ဖိလိပင်း၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဂျပန်တို့ကြားမှာ
 တစ်ယောက်နဲ့တစ်ယောက် အဖြေမရှိတဲ့/မရနိုင် မဖြစ်နိုင် တဲ့
ပုစ္ဆာတွေတွက်ခိုင်းပြီး  ဒီကျွန်းလေးတွေရဲ့ပြဿ      နာ
 ( Kuril Islands dispute , Liancourt Rocks dispute,
Macclesfield Bank reef dispute, Nine-dotted line dispute ,
Paracel Islands dispute, Pratas Islands dispute,
2012 Scarborough Shoal standoff , Senkaku Islands dispute,
Spratly Islands dispute such as Territorial disputes in the South China Sea )
အဖြေရှာခိုင်းနေကြသလား ထင်မိသလို၊

မြန်မာ့ ဒီမိုကရေစီ ကူပြောင်းရေးနဲ့၊
ငြိမ်းချမ်းရေးရဖို့
 ဖြစ်နိုင်တဲ့ ပုစ္ဆာတွေအတူတွက်ကြယင်း
 ပန်းတိုင်အဆင့်ဆင့်ကိုရောက်နိုင်ကြမှာလား
မဖြစ်နိုင်တဲ့ပုစ္ဆာတွေ အဖြေရှာတွက်ယင်း
တစ်ဝဲဝဲလည်နေကြရမလား
 တွေးနေမိပါသည်။
 
   " Scarborough Fair "

Male part-

    Are you going to Scarborough Fair?
    Parsley, sage, rosemary, and thyme;
    Remember me to the one who lives there,
    For once she was a true love of mine.

    Tell her to make me a cambric shirt,
    Parsley, sage, rosemary, and thyme;
    Without any seam or needlework,
    Then she shall be a true love of mine.

    Tell her to wash it in yonder well,
    Parsley, sage, rosemary, and thyme;
    Where never sprung water or rain ever fell,
    And she shall be a true lover of mine.

    Tell her to dry it on yonder thorn,
    Parsley, sage, rosemary, and thyme;
    Which never bore blossom since Adam was born,
    Then she shall be a true lover of mine.

Female part-

    Now he has asked me questions three,
    Parsley, sage, rosemary, and thyme;
    I hope he'll answer as many for me,
    Before he shall be a true lover of mine.

    Tell him to buy me an acre of land,
    Parsley, sage, rosemary, and thyme;
    Between the salt water and the sea sand,
    Then he shall be a true lover of mine.

    Tell him to plough it with a ram's horn,
    Parsley, sage, rosemary, and thyme;
    And sow it all over with one pepper corn,
    And he shall be a true lover of mine.

    Tell him to sheer't with a sickle of leather,
    Parsley, sage, rosemary, and thyme;
    And bind it up with a peacock's feather,
    And he shall be a true lover of mine.

    Tell him to thrash it on yonder wall,
    Parsley, sage, rosemary, and thyme,
    And never let one corn of it fall,
    Then he shall be a true lover of mine.

    When he has done and finished his work.
    Parsley, sage, rosemary, and thyme:
    Oh, tell him to come and he'll have his shirt,
    And he shall be a true lover of mine.

အဆိုကျော်ခင်မောင်တိုး ရဲ့ ကျနော်သိတဲ့ တစ်ပုဒ်ထဲသော copy သီချင်းကလဲ
ဒီသီချင်းကို copy ဆိုထားတဲ့ " ရင်ခုန်နေသော အိပ်မက်ငယ်" ပါဘဲ။



ပိုင်ဆိုင်မှု အငြင်းပွားနေသည့် သန္တာကျောက်တန်း တရုတ်အမည် ဖော်ပြထားမှုကို Google Map ပြန်လည်ပြင်ဆင် | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

Friday, July 10, 2015

သမတ ကြီးဖါးရိုက်ထွက်ခြင်း

သြော် ဒါကြောင့် သူတို့က သူများတွေကို
 ပြည်ပအားကိုး ပုဆိန်ရိုးလို့ပြော ပြောနေတာကိုး
သူတို့က အမေကျော်ပြီး ဒွေးဒေါ်လောက်ဘဲ
လွမ်းနေတာဆိုတော့ ...
အင်း.... ရှေးလူကြီးတွေများ  ရှေးစကားပုံတွေ
ထားခဲ့တာ တယ်တော်သဗျာ၊

ပြည်တွင်း မှာ မုန်တိုင်းတွေတိုက်
ဒုက္ခတွေ ရောက်တုန်းက ပေလျက်လကန်၊
တနိုင်ငံလုံးရေတွေကြီး..၊
ရေကျသွားတော့မှ ..
ရဲဘော်တို့ရေ ...
 ပြည်သူ့အိုးအိမ်တွေ သန့်ရှင်းရေး
သွားကူလိုက်ပါကွဲ့ နဲ့ ပြီးသွားရော.....သူမပါသလိုဘဲ၊၊

ပြည်တွင်းမှာ ရတနာ Gas တွေ ထွက်တော့
Thai မှာ လျှပ်စစ်ဓါတ်အားမလောက်လို့
အိမ်ချင်းကောင်းအဖြစ်ကူညီလိုက်သတဲ့၊

ဟော  ရွှေ Gas  တွေ ထွက် ပြန်ပြီဆိုတော့
ယူနန် က အထူး VIP တွေကို ကူညီစရာရှိသေးသတဲ့၊

ရတနာ ရွှေ ငွေ လို့ ပြောလေ့ရှိကြတော့ကာ
ဒီတစ်ခါထွက်ရင်တော့လား ပြည်တွင်းအတွက်ဘဲ
ပိုဦးစားပေး  စဉ်းစားတော့မယ် ဆိုပါလား ၊၊

ကဲ  လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား
 မနက် ည ဘုရားဝတ်ပြုရင် နောက်ထပ် " ငွေ gas " တွေ
အများကြီး ထပ်ထွက်ပါစေလို့
ဖင်ဗူးတောင်းထောင်အောင်သာ
ဆုတောင်းကြပေတော့ဗျာ၊။

ပြောတော့ power energy တွေပိုနေလို့ ရောင်းတာပါတဲ့
ကျောက်မီးသွေး station ကျ
သူများဆီက "မ" လာချင်သေးသတဲ့ဗျာ၊
ကြားမှ ကောင်းကြရဲ့လား။

 ၂၉ မူလီပေါက်အရစ်စားနေတာကို
၃၀ မူလီချောင်း အမဲဆီမဆွတ် အရစ်မဖေါ်ဘဲ
ရစ်လှည့်ထောင်းထဲ့ သွင်းနေတာကို
သူမို့  ဂျပန်မူလီ ဂျပန် Technique ပါကွာနဲ့
 ကောင်းလှချည်ရဲ့လို့ ဆိုချင်သေးသတဲ့၊

အကြွေးတွေ အမ်းပလိုက်ဖို့
 နောက်ထပ် အတိုးနည်းနည်းနဲ့ ထပ်ရဖို့
ဂျပန်တွေရှေ့မှာ .... Arigatō Arigatō နဲ့
ခါးသွားသွားကုန်းပြယင်း
ကိုချစ်တီး ဆီမှာ
မိစိန် ရေ မင်း အပျိုရည် ပျက်ခဲ့  ပြန်ပြီ လားကွာ။

မဟုတ်မှ လွဲရော ဗိုလ်စိန်မှန်ကြီး
ယပလက်တွေကို ကူလိုက်
တရုတ်တွေ ကူလိုက်နဲ့
ဒီတစ်ခါ မနီလာ တို့ အရပ်မှာ
အိုကြီးအိုမ နဲ့ နုပျိုဆေးရှာဖို့
ဖါးရိုက် ထွက်ချင်နေတယ်ထင်ရဲ့။





https://www.facebook.com/ye.htut.988/posts/490091954437745
သမ္မတကြီးဟာ ဒီနေ့ မနက် ဖိလစ်ပိုင်နိုင်ငံ ဘန်တာရန်ကျွန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး မုန်တိုင်းဒဏ်ခံဒေသမှ တာဝန်ရှိသူများ၊ ပြည်သူများနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
အထူးကုဆရာဝန်ကြီးများပါဝင်တဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ အဲဒီဒေသမှာ အခြေပြုပြီး မုန်တိုင်း ဒဏ်ခံဒေသများမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 


News > Asia 
Myanmar offers gas help Plant upgrade delays fail to avert blackout threat 
21 Feb 2013 at 00:00 3,709 viewed0 comments 
 NEWSPAPER SECTION: NEWS | WRITER: YUTHANA PRAIWAN & PENCHAN...

Please credit and share this article with others using this link:http://www.bangkokpost.com/news/asia/336917/myanmar-offers-gas-help. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Post Publishing PCL. All rights reserved.



Sunday, July 5, 2015

" MPC ကိုဖျက်သိမ်း၍ Super Disco/Night Club တစ်ခုအဖြစ်ပြောင်းဖွင့် သင့်ကြောင်း "


တပ်မတော်ဟာ ၄၃၆ က ကိုလျော့ပေါ့ဖို့ ကန့်ကွက်တာဟာ အနာဂါတ်နိုင်ငံရေးမှာ
လွှတ်တော်ထဲက  ပြည်သူ့ကိုယ်စားလှယ်တွေကို မယုံကြည်ဘူးလို့ ဆိုနေတာဖြစ်သလို၊
ပြည်နယ်လွှတ်တော်ထဲက ဘဲ ပြည်နယ်ဝန်ကြီချုပ်ရွေးချယ်ခွင့်ကို
ဗဟိုအစိုးရရဲ့အုပ်ထိန်းမှုခက်မှာစိုးလို့ ကန့်ကွက်တယ်ဆိုတာဟာလဲ
ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေကို မယုံဘူးလို့ပြောတာနဲ့အတူတူဘဲဖြစ်တယ်။
ဒေသကြီး ကိုယ်စားလှယ်အရေအတွက်ဟာ လွှတ်တော်မှာ
တစ်ဝက်ကျော် စိုးမိုးပြီးသားဖြစ်တဲ့အတွက်
တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့်တွေကို
အနိုင်ရမဲ့ ပြည်မအခြေစိုက် ပါတီကြီးတွေ က ထိန်းချုပ်ထားပြီးဖြစ်တယ်။

တိုင်းရင်းသားပြည်နယ်တွေအနေနဲ့ ဗဟိုကပေးထားတဲ့ ဘားဂျပ်ခွဲဝေမှုအောက်မှာ
အခြေခံဥပဒေကပေးထားတဲ့ အခွင့်အရေးအောက်မှာတောင်
လုပ်ပိုင်ခွင့်တစ်ချို့တစ်ဝက်ကို ယုံကြည်စွာအပ်နှံလိုမှုမရှိဘူးဖြစ်နေတာဟာ
တိုင်းရင်းအသီးသီးထဲက နိုင်ငံရေးနည်းလမ်းဖြင့်
 ပြည်ထောင်စုအသီးအပွင့်ကို ကောင်းတူဆိုးဖက် ရရှိခံစားနိုင်ရန်ကြိုးစားနေကြသည့်
နိုင်ငံရေးအင်အားစု များအား အားအင်ဆုတ်ယုတ်စေပြီး
လက်နက်ကိုင်တော်လှန်လမ်းစဉ်ကိုယုံကြည်ကြသည့်
အင်အားစုများကို ...... အားသစ်လောင်းသကဲ့ဖြစ်နေပေလိမ့်မည်။

တိုင်းပြည်အခြေအနေကိုကြည့်လျင်
လောက်ကိုင်စစ်ပွဲကိုကြည့်၍ သိနိုင်ပေသည်။
လောက်ကိုင်သတင်းများကို ဖတ်၍
လောက်ကိုင်၏ အစိုးရတင်မြှောက်ထားသော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအောက်တွင်
ယွမ် ငွေဖြင့်သာအလုပ် လုပ်ကြပြီး၊
အကြီးအကျယ်စိုက်ပျိုးနေသည့် ကြံစိုက်ခင်းများတွင်
လုပ်ကိုင်နေသူများသည် မြန်မာပြည်အလယ်ပိုင်းတွင်
 ကြံစိုက် ယာစိုက်၍ ဘဝကို မရှင်သန်နိုင်တော့သည့်
အညာ၊မြေလတ်မှ တောင်သူ လယ်သမား အလုပ်သမား များသာ
ဖြစ်နေသည်ကိုတွေ့ကြရပေလိမ့်မည်။
သုံးသော ယွမ်ငွေနှင့် လုပ်နေကြသော လုပ်သားများကို
ကြည့်၍ ဘယ်သူတွေက စီးပွါးရေးအရ သိမ်းပိုက်ထားပြီးသားဆိုတာသိနိုင်သလို
ကိုယ်ငှားထားတဲ့ခြံ ကိုယ်ခြံစောင့်ပေးနေရသလိုသာဟု
မြင်မိပါသည်။

၄၃၆ ကို က ရော ခရော မပြင်လိုတာဟာ
တစ်တိုင်းပြည်လုံး ငါတို့က လွဲယင် တစ်ယောက်မှ
မယုံဟုပြောနေသလိုပင် ယူဆသည်။

တပ်မတော်က လွှတ်တော်မှာအစိတ်သားရှိသင့်လျင်၊
အင်ဂျင်နီယာ၊ ဆရာဝန်၊ကျောင်းဆရာ စသည်ဖြင့်အားလုံး အစိတ်သားစီထဲ့သင့်၍
ရွေးချယ်ခံ  အစိတ်သားသာထားသင့်ပြီး၊

ညောင်နှစ်ပင်ညီလာခံလို
လွှတ်တော်ကို တစ်မတ်သားတွေကသာ 
 ရှေ့ဆက်ကြီးစိုးနေမယ်ဆိုလျင်တော့
ခင်ဗျားတို့ဖါသာ စီစဉ်လိုက်ပါတော့ဟု
တိုက်တွန်းချင်ပါသည်။

MPC ရေ ညှိရတာတွေက ပိုက်ဆံတွေကုန်လှသမို့
ထူးလာမှာလဲ မဟုတ်သလို ငါတို့ကြွေးတွေ နည်းနည်းကာအောင်
မင်းတို့နေရာလေး Super Disco/Night Club တစ်ခုခု ဖြစ်ဖြစ်
karaoke နဲ့ Spa ဖြစ်ဖြစ်ပြောင်းဖွင့် ကြည့်ရင် ပိုအောင်မြင်မေ ထင်ရဲ့ကွာ။

မင်းတို့ဟာလေးအောင်မြင်ရင် နယ်ပြည်တော် ဟာတွေလဲ
ထပ်စဉ်းစားကြတာပေါ့။

အစိတ်သားက ပုတ်ပုတ်ချနေတော့ကာ
ဆွေးနွေးနေရတာတွေက အချိန်ကုန် ကြွေးထူတာဘဲ
အဖတ်တင်တယ်ကွာ
Karaoke လေးပြောင်းဖွင့်လိုက်ယင် ရှယ်ဘဲဗျ။၊

လုံခြုံရေးလဲကောင်းပြီးသား မို့ အထူးစပါယ်ရှယ်တွေ လာလာနားကြမှာပျို့။

Monday, June 29, 2015

" လွဲနေဆဲပါ ဘဘ ဗိုလ်ကြီး "



မြေဧရိယာနဲ့ လူဦးရေ အချိုး
အလွန် သမမျှတတဲ့ တိုင်းပြည်မှာ
 မြေကို တိုင်းပြည်အတွက် 
နေရာလွဲနေသူတွေကပဲ စီမံကြတော့
 မြေလုတဲ့ ပြဿနာတွေက
အစိုးရ နဲ့ လယ်သမား၊
အစိုးရ နဲ့ ပြည်သူ၊
လူတန်းစားများကြား မညီ မမျှနဲ့
ရန်တိုက်ပေးထားသလား အောက်မေ့ရတယ်၊

 မြောက်ယဉ်စွန်းတန်းကြီး ခါးကဖြတ်နေတဲ့
သမပိုင်းစုံဒေသက 
ရာသီဥတုမျှတဲ့  နိုင်ငံတစ်ခုဟာ
 ရေ ကိုတောင် စံနစ်ကျအောင်
စီမံမှု  မလုပ်နိုင် တော့
ရေရှားပါးမှုရော၊ ရေလွှမ်းမိုးမှု ဒဏ်ကိုပါ
 တောရော မြို့ကြီးအပါအဝင်  ဒေသ အားလုံးမှာ
လှိမ့်နေအောင် ခံနေကြရသတဲ့။

 လူဦးရေ သန်း ၆၀ တောင်မရှိတဲ့ တိုင်းပြည်ကို
နေရာလွဲနေသူတွေက ပဲ စီမံလိုက်ကြတာ၊
 ပြည်တွင်းက လူဦးရေ ငါးသန်းလောက် 
အပြင်ရောက်သွား ... Status အမျိုးမျိုးနဲ့ နေကြရချိန်မှာ၊
အပြင်က လူဦးရေ ၅သိန်းလောက် က 
status မျိုးစုံနဲ့ အရှေ့ နဲ့ အနောက်က
ဝင်လာလိုက်ကြပြီး၊
ကဒ်မျိုးစုံကိုင်ကာ မွေးလိုက် ပွါးလိုက်ကြတာ
 နေရာအနှံ့ မဆလာ နယ်ပြီး
၅သန်းမက ဖြစ်သွားပြီးပြီဆိုမှ....
" နိုင်ငံခြားသားအမျိုးက သမတ ဖြစ်မှာ
 စိုးကြောက်ကြတဲ့လား။"

တောတောင် မြေပေါ်မြေအောက်
 ရေပေါ်ရေအောက် မကျန်
စီမံခန့်ခွဲ မှု ရလဒ်က၊
တော လဲ မခေါင် တောင်လဲ ပြောင်သွားတော့
 မြန်မာ့ကိုးတောင်ကျား ဆိုတာ
 နှစ်တောင် တစ်မိုက် ဝတ်တွေလားကွယ်လို့
စာဆိုရချိန်  ရောက်ခါနီးနေပြီ လို့ ထင်မြင်မိပါရဲ့။

မြန့်မာ့ကျွန်း ဆိုတာ___
 ရေထဲက ကိုကိုး နဲ့ ဖရုံကာ တို့လိုဟာ ပြောတာပါ လို့
နောင်တစ်ချိန် သင်ရိုးမှာ ရှင်းလို့
ရနိုင်လောက်ပါတယ်ဗျာ။

စီမံခန့်ခွဲမှုတွေကောင်းလွန်းတော့
သူခိုး ဂျပိုး တွေက ထိုးကွင်းထ၊
သူကြီးက  နှစ်လုံးပြူးကြီး ကိုင်
ဓါးပြတိုက် နေနိုင်မှတော့
ဒီ တိုင်းပြည် ဒီပြည် မမွဲရင်
ကမ္ဘာမှာ မွဲမယ့် တိုင်းပြည်
ရှိနိုင်သေးလို့လား ဘဘဗိုလ်ကြီးတို့ရေ _____
မြန်မာ့ ဆိုရှယ်လစ်၊
မြန်မာ့ဒီမိုကရက်တစ်၊
ဘာဘဲဖြစ်ဖြစ်၊
အဘတို့ စီမံတဲ့ စရိုက်
တော်လောက်ပြီမထင်ကြဘူးလားဗျာ။

Sun Tzu's Art of War strategy ဟာ
နေရာတိုင်းအချိန်တိုင်းက
ကာလတိုင်းရဲ့ စီမံခန့်ခွဲမှုအသီးသီးမှာ
အသုံးဝင်ကောင်းဝင်နိုင်ပေမယ့်၊
စီမံခန့်ခွဲမှု ရဲ့ အောင်မြင်မှု အသီးအပွင့်ကို
ခံစားနိုင်ဖို့ရန် ကျွမ်းကျင်သူတွေက
ဦးဆောင် အကောင်အထည်ဖေါ်ဖို့လိုပါလိမ့်မယ်။
ဆိုလိုတာက စစ်သေနဂ င်္ဗျူဟာ ကို
စီမံခန့်ခွဲမှုအသီးသီးမှာ ယူသုံးနိုင်ပေမယ့် သုံးတဲ့သူတွေဟာ
စစ်သားအမြဲဖြစ်နေဖို့မလိုပါဘူး လို့
ဘဘ ဗိုလ်ကြီးတို့ နားလည်သင့်ပါပြီ။


Friday, June 26, 2015

နိုင်ငံရဲ့ မရှိမဖြစ် တဲ့
မဲမရရင်လဲ ဘာမှမထိခိုက်တဲ့
Institution  တစ်ခုကို
အသာလေး ထိုးခံကျွေး ပြီး

 ကြံ့ဖွတ်အများစုက
 ခြေဥကိုပြောင်းချင်စိတ်ရှိလို့
လွှတ်တော်မှာ သူတို့ကိုယ်စားလှယ် မဲတွေ
အများကြီးပေးထားပါတယ်ဆိုပြီး
လူထုတွေရဲ့ နားလည်ထောက်ခံမှု
တစ်ချို့ရအောင် နင်းတဲ့အကွက်ဖြစ်နိုင်သလို
Power sharing အတွက်
ပါတီ အချင်းချင်း ညှိယူလာနိုင်ဖို့
စလှမ်းတဲ့ခြေလှမ်းတစ်ခုလဲ
ဖြစ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ
လက်ရှိအာဏာရအုပ်စုတစ်ခုလုံးဆီက
ခြေဥ ပြောင်းပေးဖို့ အများကြီး  မျှော်လင့်နေရင်တော့
ကိုယ့်စိတ်ကိုယ် နှိပ်စက်နေတာနဲ့ တူနေလိမ့်မယ်လို့ အကြံပေးချင်ပါရဲ့။
တပ်က ၂၅ရာခိုင်နှုန်းနဲ့ ဗီတိုပါဝါကို
တန်ပြန်ပါဝါထိမ်းပြီးညှိယူဖို့က
၇၅ ရာခိုင်နှန်းနဲ့ အစိုးရ အဖွဲ့ ကိုယ့် လက်ထဲပြန်ရောက်ဖို့က
အယင်အရေးကြီးလိမ့်မယ်လို့ ထင်မိပါရဲ့။

Thursday, June 25, 2015

" ဂုဏ်ယူပါတယ် ဝေါင်ယီလင်း "




ကျနော် 28th Seagame မတိုင်ခင် တစ်ပါတ်လောက်က
Insurance ပေါ်လစီ တစ်ချို့ဝယ်တော့၊
Insurance Agent နှစ်ယောက်စလုံးဟာ
ကျနော့်သမီးထက် တစ်နှစ် နှစ်နှစ် လောက်ပဲ ကြီးကြတဲ့အရွယ်တွေ၊
 တစ်ယောက်က သြစတေးလျက ဘွဲ့ရထားတဲ့
 မြန်မာမလေးတစ်ယောက်ဖြစ်ပြီး(သူတို့အခေါ် Life planner)
နောက်တစ်ယောက်က စကာင်္ပူ NUS က ကျောင်းပြီးထားတဲ့
ဝမ် ယီလင်း ဆိုတဲ့ စလုံး တရုပ်မလေး(သူတို့အခေါ် Executive Life planner ) တစ်ယောက်ပါ။

 သူ့ကို insurance ကိစ္စတွေပြီးတော့
အလာပသလာပ ခဏ ပြော ကြရင်း
NUS က 1st Degree နဲ့ ဘွဲ့ရထား မှန်း သိရတော့
လစဉ် ဝင်ငွေ မသေချာ
လစာလို့ ပုံသေ မရှိဘဲ
စလုံးတစ်နိုင်ငံလုံးလျောက်သွားရပြီး
အာမခံပေါ်လစီ တစ်ခုခုချုပ်ဆိုဖြစ်မှ
 ကော်မရှင် ရတဲ့
ဒီအလုပ်ကို  မင်း အသက် ငယ်ငယ်နဲ့
ဘာလို့ရွေးချယ် လုပ်နေ ရတာလဲ လို့
မေးဖြစ်ပါတယ်။

 သူက ဘယ်လို ပြန်ဖြေသလဲ ဆိုတော့
ငါ့မှာ တစ်ခြားရည်ရွယ်ချက် တစ်ခု အတွက်
ကြိုးစားချင်သေးလို့ပါတဲ့၊

ဒီအလုပ်က ဝင်ငွေ ပုံမှန်မရှိပေမယ့်
အလုပ်ချိန်က လဲ
ကိုယ်လိုသလို ကျုံ့ ဆန့်လို့ရတဲ့
အခြေအနေ ရှိတယ်လို့ ရှင်းပြပါတယ်။

သူ့ပုံစံက အရပ်မပုမရှည်
အားကစားသမား တစ်ယောက်လို
 တောင့်တောင့်တင်းတင်း ... သန့်သန့်ပြန့်ပြန့် ၊
လန်းလန်းဆန်းဆန်း .... တက်တက်ကြွကြွ၊
၂၈th အာဆီယံ ပွဲကလဲ ကျင်းပခါနီး ဆိုတော့၊

ဘာလဲ မင်းရဲ့ ရည်ရွယ်ချက်က အားကစားတစ်ခုခုလားလို့
ခန့်မှန်းမေးလိုက်တော့
ဟုတ်ပါတယ်တဲ့ သူ့မှာ နိုင်ငံကိုယ်စားပြု
Ruby ကစားသမား တစ်ယောက်ပါတဲ့၊

ကျနော်က နည်းနည်း လျှာထပ်ရှည်မိတယ်၊

ငါတို့ မင်းတို့ ခန္ဓာ ကိုယ် အနေအထားနဲ့
ဥရောပကလူ ထွားထွားကြိုင်းကြိုင်းကြီးတွေ....ကစားတဲ့
ဒီ Ruby ကစားနည်းမျိုးကို မှ
ဘာလို့ မင်းအနေနဲ့ ရွေးချယ်
ကစားချင်တာလဲလို့ မေးကြည့်တော့၊

ဒါကို သူလဲနားလည်ပါတယ်တဲ့၊
ဒီအားကစားကို ဘဲ သူစိတ်ဝင်စား ဝါသနာပါပြီး
အာရှလောက် အဆင့်မှာ
ဝင်တိုးနိုင်ရင် သူကျေနပ်ပါပြီလို့ပြောပါတယ်။

ကျနော်လဲ ဒီ ဆီးဂိမ်း မှာအောင်မြင်ပါစေကြောင်း
 စောင့်ကြည့် အားပေးနေမည်ဖြစ်ကြောင်း
ဆန္ဒပြု အားပေးစကားပြောကြားပေးလိုက်ပါသည်။

28th Seagame ရဲ့ အမျိုးသမီး Ruby ဖိုင်နယ်မှာ
Thai ကိုရှုံးပြီး သူ့ဆန္ဒ 100% မဖြစ်ခဲ့ရင်တောင်
တစ်စိတ်တစ်ဒေသတော့ ကျေနပ်နိုင်မှာဖြစ်တဲ့
  ငွေတံဆိပ်ဆုကို ရယူခဲ့ကြတာကို
Seagame official web page ကတဆင့်သိရတော့
သူ့ ဆီကို ဂုဏ်ယူကြောင်း ဒီထက်အောင်မြင်ပါစေကြောင်း
SMS ပို့ဖြစ်တော့ ကျေးဇူးတင် ဝမ်းသာကြောင်း ပြန်ပါတယ်၊
သူတို့ရဲ့ အမျိုးသားအသင်းက ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။

 နိုင်ငံခြားသားတွေအတွက်တောင် အလုပ်အကိုင်အဆင့်ဆင့် မြောက်မြားစွာရှိသည့်
 နိုင်ငံမှ နိုင်ငံသားတစ်ယောက်အတွက်
အူမတောင့်နိုင်သည့် အလုပ်တစ်ခုကို
 အချိန်မရွေး ရရှိနိုင်သည်ဟု ယုံကြည်မှုထားနိုင်သဖြင့် မိမိဝါသနာပါသည့်အားကစားတစ်ခုကိုဖြင့် ငယ်ရွယ်တုန်းအောင်မြင်လုပ်လိုက်အုန်းမည်ဆိုသော ရည်မှန်းချက်တစ်ခုအတွက် ဆုံးဖြတ်ချက်ချဖို့ သူတို့အတွက်
သိပ် မခက်ခဲဟု ယူဆပါသည်။

ဘာဘဲဆိုဆို လူဦးရေ နည်းပါးသော ကျွန်းနိုင်ငံလေးက
overall မှာ ဒုတိယကျပြီး
ဆုတံဆိပ် အရေအတွက် စုစုပေါင်းမှာ
အများဆုံးရအောင်ယူနိုင်တာဟာ
ချမ်းသာလို့ တစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ
ဘရူးနိုင်းနဲ့ နှိင်းယှဉ် သိနိုင်ပါလိမ့်မယ်။

အခက်အခဲ အမျိုးမျိုးကြားက
28th Seagames အားကစားအမျိုးမျိုးမှာ
ဝင်ရောက်ယှဉ်ပြိုင်ကြယင်း ဆုတံဆိပ်ရယူနိုင်သူများရော
မရရှိခဲ့ကြသူ  မြန်မာအားကစားသမားများအားလုံးကိုပါ၊
ကျနော်အနေနဲ့ လေးစား မှုနဲ့အတူ
သတိရနေမှာပါ
သူတို့ရဲ့ ကြိုးစားမှုကိုလဲဘဲ
 အသိအမှတ်ပြုရမှာပါ။။

ကျနော့်အနေနဲ့ နောက်ထပ်တစ်ကြိမ်
ကိုယ်တိုင်ကိုယ်ကျ အားပေးခွင့်ရမည် မရမည်
မသိနိုင်ပါ။

 နိုင်ငံတစ်နိုင်ငံမှာ
နိုင်ငံသားအများစုဟာ
အားကစားတစ်ခုမဟုတ် တစ်ခုမှာ
ပါဝင်လှုပ်ရှားမှုရှိနေပြီ
လှုပ်ရှား နိုင်မယ့်အခြေအနေတွေ ရှိနေပြီ ဆိုရင်၊
အဲဒီနိုင်ငံရဲ့ ကျန်းမာသန်စွန်းမှုအညွှန်းလဲ
တက်နေလိမ့်မယ်လို့ယူဆပါတယ်။

နိုင်ငံသားတိုင်း ကျန်းမာသန်စွမ်းအားကောင်းနေခဲ့ရင်
ကုန်ထုတ်လုပ်မှု ကောင်းမွန် လာမှာ ဖြစ်သလို
ဆေးကုသယင်း ကုန်ဆုံးကြရမယ့်
ဘဏ္ဌာငွေကြေးတွေလဲ သက်သာမှု ရကြမှာပါ။
အာရောဂျံပရမံလာဘံ လို့ အဆိုရှိသည် မဟုတ်ပါလား။

မြန်မာနိုင်ငံသူ/သားအားလုံး
ကျန်းမာပျော်ရွှင်စွာဖြင့်
ကစား ခုန်စား အားကစား ကိုယ်စီ
လုပ်နေနိုင်တဲ့ နိုင်ငံတော်သစ် တစ်ခုကို
အမြန်လှမ်းနိုင်ကြပါစေ။

 

" ဘူလက်တွေကို ရေစိမ်ဘို့ မဲအရင်သွားပေးကြစို့ "

ဘာလို့ ဒေါသပွါးနေရမှာပါလဲ။

သူတို့အလုပ် သူတို့လုပ်တာပါ။
ကိုယ့်အလုပ်ကိုယ် လုပ်ဖို့က
၂၀၁၀ မှာလို လွှတ်တော်ထဲ ကြံတွေ ဖွတ်တွေဘဲ
ဖွတ်တက်ရင်း မွဲမွဲသွားရတဲ့
 အမှားမျိုး မလုပ်မိဖို့ပါဘဲ။

ပုထုစဉ် လူသားဆန်ဆန်
စဉ်စားကြမယ်ဆိုယင်
လူဘဝထဲမှာ ကျင်လည်နေသူတိုင်း
ကျုပ်အပါအဝင် ဘယ်သူမှ အတ္တ လောဘ
မာန်မာန မကင်းစင်ကြသေးပါဘူး၊

စစ်သားနှစ်ဆယ့်ငါးရာခိုင်နှန်းဆိုတာ
တပ်ထဲက promotion ကြီးတွေရလို့
ထိပ်ပိုင်းနေရာရောက်လာကြတဲ့
ရာထူးကြီးတပ်ဝန်ထမ်းတွေပါ။

ဒီခေတ်မှာ
ဒီရာထူးကြီးတွေ ရလာဖို့ သူတို့ နဲ့
သူ့တို့ရဲ့ အမျိုးသမီးတွေ
ဘယ်လိုဘယ်လိုတွေ
ကြိုးစား ရုန်းကန် တိုက်ခိုက် ဖေါ်လန်ဖါး 
(ဖေါ် လန်ဖါး တို့ ဖေါ် လန်ကျောက် တို့ အဓိပ္ပါယ် တွေကိုတော့  တစ်ရုတ်တွေသွားမေးပေတော့)
ဘယ်လောက် လုပ်ခဲ့ရတယ်ဆိုတာ တော့
သူတို့ကိုယ်တိုင် ပဲ အသိဆုံးနေမှာပါ။

ဒီရာထူးတွေ အသာထားလို့
GE တပ်မှာ ရောက်ရှိ ဝန်ထမ်းနေတဲ့
civil ကျောင်းပြီး သူငယ်ချင်းတွေက
စလုံးရောက်နေတဲ့ civil ကျောင်းပြီး
သူငယ်ချင်းရေးတဲ့
လက်ရှိအစိုးရကို ဆန့်ကျင်တဲ့
 နိုင်ငံရေးအငွေ့အသက်ပါတဲ့ FB ပေါ်က post တစ်ခုကို
Like လုပ်ရဲကြရဲ့လား
 သေချာတာက
သူတောင်မဟုတ်ဘူး
သူ့မိန်းမတောင်
Like မလုပ်ရဲတာသေချာတယ်
ပုဂ္ဂိုလ်ချင်းတွေ့ရင်တောင်
ငါတို့က ဝန်ထမ်းတွေမို့
ဘယ်အစိုးရတက်တက်ကွာ
ဒါတွေ ခေါင်းထဲမှာ မထဲ့ပါဘူးလို့
ပြောမှာဘယ်နှစ်ယောက်ရှိသလဲလို့
 စဉ်းစားကြည့်ရင်
 ခြေဥ ပြင်ဖို့
၂၅% ကိုconvince လုပ်ယူဖို့ထက်
၂၀၁၅ ရွေးကောက်ပွဲ
 အောင်မြင်အောင်
လူတိုင်းမဲ လွတ်လပ်စွာ ပေးနိုင်ဖို့နဲ့
ရွေးကောက်ပွဲ အလွန်
လွှတ်တော်အများစု နဲ့ အစိုးရအဖွဲ့ကို
တိုင်းပြည်ကို သမမျှတစွာ ဦးဆောင်မှုပေးနိုင်မယ့်
ဂုဏ်သိက္ခာကို အလေးထားတဲ့
ကိုယ်စားလှယ်အများစု ၊
တိုင်းပြည်အတွက် အတ္တကို
ဒုတိယထား ပူးပေါင်းလုပ်ဆောင်
 ဦးဆောင် စည်းရုံးနိုင်
အရည်အသွေးလဲရှိကြတဲ့
ကိုယ်စားလှယ်တွေ ဝင်ရောက်လာနိုင်ဖို့
အရေးကြီးတယ် ဆိုတာ
 ပြသနေတယ်လို့ထင်ပါတယ်။

တပ်မတော် နဲ့ ဗိုလ်ချုပ်တွေကြီးစိုးခွင့် ရထားတဲ့
 ခြေဥပဒေနဲ့လက်ရှိယန္တရားအောက်မှာ
သူတို့တွေကဘဲ
 ဘောင်းဘီဝတ်တစ်ဖွဲ့
အချိတ်လုံချည်နဲ့ တစ်ဖွဲ့ play နေစဉ်မှာ

အချိတ်ဝတ်က ထောင်ပေးတဲ့ဘောကို
 ဘောင်းဘီဝတ်အဖွဲ့က smash မရိုက် အကွက်မချဘဲ ၊
တစ်ဖက် ကစားသမားဆီ
ပုတ်ကမ်းပေးလိုက်မယ်လို့
သင်ထင်ပါသလား၊။

ဒီပွဲဟာ
သူတို့ဆောက်ထားတဲ့
မိုးလုံလေလုံ ကွင်းထဲမှာ
သူတို့တားထားတဲ့စည်း
သူတို့ ကစားနည်းဥပဒေ
သူတို့ စည်းကြပ်ဒိုင် အလယ်ဒိုင်တွေနဲ့
ကျင်းပတဲ့ပွဲပါ။

၁၀နှစ်ကျော် အချိန်ယူ ဆွဲထားခဲ့တဲ့ ကိစ္စ
ပထွေးတောင် မသေသေးဘူး
 ၅နှစ်အတွင်း အဓိက စာကြောင်း
 ပြောင်းလဲ ပစ်လိုက်ကြစို့ဟေ့
ကျား ဥပုပ်စောင့်ဖြစ်တော့မယ် ဟေ့လို့
ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။

ဒီအဖြေကြည့်ပြီး ဝမ်းနည်း ဒေါသ ဖြစ်နေရင်တော့
အမြင်တွေပြင်ဖို့လိုနေပြီဟေ့လို့
ပြောပြချင်ပါရဲ့။

လာမယ့် နှစ်ထောင့် တစ်ဆယ့်ငါး ပိတ်ပွဲကို အာရုံမစိုက်၊
 ကိုယ်ထင်တာ ကိုယ့်ဖဲ၊
 မောင်နှစ်မတွေကြား Compromising နတ္ထိနဲ့
ကွဲကွဲပြဲပြဲ
လက်ရှိတပ်ခေါင်းဆောင်တွေကို
Conservative နဲ့ ဘူဇွာတွေလို့မမြင်ဘဲ
Democrat တွေလို့
ထင် ယောင် နေသူကတစ်မျိုးနဲ့
ငါ့နောက်သာ လိုက်ကြဟေ့လို့ ကိုယ်စီကိုယ်စီ
အုပ်စုခွဲပြီး ကစားနေတဲ့ပွဲ  ဆိုယင်တော့
ဘိုးဘွားအမွေတွေ မောင်ပိုင်စီးထားတဲ့
 ပထွေးနဲ့ သူ့သားတွေကြားမှာ

အလိမ်အခေါက် ဆက်ခံနေရအုန်းမယ့်
ပွဲသာဆက်ဖြစ်နေမယ် လို့ယူဆမိသလို
နောက်ဆယ်နှစ်လဲ
တက်လမ်းမမြင်သေး လို့မြင်မိပါရဲ့။

 စစ်ဝန်ထမ်းထားလို့
အစိုးရဝန်ထမ်း
စီးပွါးရေးသမား
မိတ်ဆွေ ဆွေမျိုးရင်းတွေတောင်
fb post ပေါ် နိုင်ငံရေးဆန်သွားရင်
like တစ်ချက်ပေးဖို့
အလွန်တွန့်တိုနေသေးတဲ့ခေတ်မှာ

လွှတ်တော်ထဲ ရသလောက်ဝင်
အစိုးရရော လွှတ်တော်ပါ ပိုင်နိုင်စွာထိမ်းပြီး
တိုင်းပြည်အရေး
နည်းနည်းလေးမှဖြေချင်းမပြနိုင်သေးခင်

ခင်ဗျားတို့ကျုပ်တို့ လက်ထဲ
ဒီခုန်တွေပေါ်ထိုင်နေကြတဲ့
ဒီ ၂၅ ရာခိုင်နှုန်းသမားတွေက
စကားပြောလေးနဲ့တင်
ရောက်ချလာမယ်လို့တွေးရင်၊
၂၀၁၀ ထက်ဆိုးတဲ့ အမှားဒဏ်ကြေး
ပြည်သူတွေ ထပ်ခံရတော့မယ်လို့ပြောလိုက်ချင်ရဲ့ဗျာ။

ဒီတော့
သူ့အိမ်ကွင်းမှာ သူ့ ကွင်းဒိုင်နဲ့ကန်ခွင့်ရမယ့်
၂၀၁၅ ခု ရွေးကောက်ပွဲကြီးမှာ
U23 လို စိတ်ဓါတ်ထား
ပရိတ်သတ်အင်အားကို ခင်ဗျားတို့ ရယူနိုင်ခဲ့ရင်
ဒီ Senior မူးကြီးအသင်းကို ဂိုးပြတ်ဖြတ်နိုင်မှာပါလို့
ပြောလိုက်ချင်ပါတယ် game plan မှန်ကန်ဖို့ တော့
လိုတာပေါ့ဗျာ။

တစ်ယောက်ချင်းကန်လို့က တော့
ခြေထောက်နာရုံပဲ ဖြစ်မှာထင်ရဲ့။

နောက်ဆုံးစကား တစ်ခုပြောချင်တာကတော့

ဘာဘဲဖြစ်ဖြစ် မနက်ဖြန်ဆိုတာ အားလုံးအတွက် ရှိပါသေးတယ်။
ဒီတော့ ကျနော်တို့တွေ မနက်ဖြန် နေမင်းသာမယ့် နေ့ ကို
ယုံကြည်မှုအပြည့်နဲ့ " မျှော့်လင့်နေတုန်းပါဘဲ ဗိုလ်ကြီး"

အဲဒီနေ့ဟာ တိုင်းရင်းသားအားလုံး ဗိုလ်ကြီးတို့နဲ့အတူ
ညီတူ သာမျှ ဝါဒဖြူစင်စွာနဲ့ အနာဂါတ်ကိုတည်ဆောက်ဖို့
ရင်ဖတ်ထဲက လာတဲ့ နှစ်လုံးသားစကားကိုယ်စီနဲ့
စားပွဲဝိုင်းပေါ် ထိုင်ပြောနိုင်ကြမယ့် နေ့ လို့ ယုံကြည်လျက်ပါ။

ကျနော်တို့အားလုံး ဗိုလ်ကြီးတို့ရဲ့ မြက်မရှိတဲ့ ကွင်းပြောင်ပြောင်မှာ
ဗိုလ်ကြီးတို့လို နိုင်ငံတော် စပွန်စာ မပါ
ဒိုင်အကူ လဲ မလိုဘဲ
စွပ်ကျယ်ကိုယ်စီ ခတောင်းကျိုက် ကိုယ်စီနဲ့
ကန်ရန် အသင့်ပြင်နေကြပြီမို့
မနက်ဖြန် မဲရုံမှာတွေ့ကြပါစို့လား။