၂၀၀၈ ဖွဲ့စည်းပုံတွင်၊ ပြည်ထောင်စုလွှတ်တော်ကို (၁) ပြည့်သူ့လွှတ်တော် (၂) အမျိုးသားလွှတ်တော် နှစ်ရပ်ဖြင့်ပါဝင်ဖွဲ့စည်းထားသည် ဟု ဆိုထားပါသည်။ (၁) ပြည်သူလွှတ်တော်ကို မြို့နယ်ကို အခြေခံသော၊ လူဦးရေကို အခြေခံသော ကိုယ်စားလှယ် ၇၅% ၊ တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ပေးတဲ့ တပ်မတော်သား ၂၅% နဲ့ ဖွဲ့စည်းထားပါတယ်တဲ့ (၂) အမျိုးသားလွှတ်တော်ကိုတော့၊ ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခုမှ ဦးရေ တူညီတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၇၅% ရယ်၊ ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ပေးတဲ့ တပ်မတော်သား ၂၅% ရယ်နဲ့ ဖွဲ့စည်းထားတယ်ပြောပါတယ်။ အဲဒီတော့ အားလုံးပေါင်းလိုက်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုကြည့်လိုက်ရင်၊ တပ်မတော်က ၂၅% ရှိမြဲရှိနေပြီး၊ ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုကြီး တစ်ခုစီ ကို ကိုယ်စားပြုတဲ့ ပြည်နယ်တိုင်းတစ်ခုစီရဲ့ ကိုယ်စားလှယ်အရေအတွက်ဟာ၊ လူဦးရေ ပိုမို ထူထပ် တိုးတက်သော၊ မြို့ကြီး များပြားသော တိုင်းရင်းလူမျိုးစုကြီးတစ်ခုထဲ အဓိကနေထိုင်ကြတဲ့ တိုင်းခုနှစ်ခုရဲ့ ကိုယ်စားလှယ် အရေအတွက်အောက်မှာ ပိုမို အချိုး နည်းသွားရတာမို့၊ ပြည်နယ်တစ်ခုစီ မှာ နေကြတဲ့ တိုင်းရင်းသား တို့ရဲ့ အတိတ်၊ ပစ္စုပါန်၊ အနာဂါတ် အရေးတွေကိစ္စ အပြီးသတ် ဆုံးဖြတ်ကြရ မည့် အခါတိုင်းမှာ၊ သက်ဆိုင်တဲ့ တိုင်းရင်းသား တို့ရဲ့ သဘောထား ခံယူချက် ထက်၊ တိုင်း ၇ တိုင်းကိုယ်စားလှယ်တွေ နဲ့ တပ်မတော်သား ကိုယ်စားလှယ် တို့ရဲ့ သဘောထားအပေါ် ပိုမို မူတည်နေပါတယ်။
ဒါကြောင့် မို့ တိုင်းရင်းသား မျိုးနွယ်စုကြီး တစ်ခု ရဲ့ အရေးရာကို ဖြေရှင်းရာတွင်၊ အဓိက ကျသော လူမျိုးစုကြီး၏ သဘောထား ပိုမို သက်ဝင်အောင် လွှတ်တော် ဖွဲ့စည်းပုံ နှင့် မဲခွဲ ဆုံးဖြတ် သည့် စံနစ် များအား ပြန်လည် သုံးသပ်ပြင်ဆင် သင့်ပါသည်။ လွှတ်တော်တွင် တပ်မတော် အချိုးကျ ၂၅% မရှိမဖြစ်ပါဝင်ရန်လိုအပ်သည်ဆိုပါက၊၊ တပ်မတော် ၏ အဆင့်အသီးသီး၊ နယ်ပယ် အသီးသီး၊ တပ်ရင်းအသီးသီး ဖွဲ့စည်းပုံ နှင့် တပ်မတော်ကိုယ်စားလှယ် ထဲ တွင်လည်း၊တိုင်းရင်းသား ပြည်နယ်အသီးသီးနှင့် တိုင်းရင်းသား တိုင်းဒေသကြီး အသီးသီးကို ကိုယ်စားပြုသည့် တပ်ရင်း၊ တပ်မ၊ တပ်မတော်သား ၊ သင့်တော်သည့် အချိုးအလိုက်ဖြင့် ဖွဲ့စည်းပါဝင်သင့်ပေသည်။
No comments:
Post a Comment