စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Saturday, May 10, 2014

" Merlion မြေမှာပိတောက်တွေ သစ္စာမဲ့နေကြသလို ကိုသစ္စာ တစ်ယောက် သစ္စာ နဲ့ မြဲ နေခဲ့လေသလား"




အဖွင့်စကား
ဒီပို့ တင်မယ်ဆိုပြီး ရုံးအလာလမ်းမှာ တွေ့ခဲ့အပင်ရော၊ ဆိုဒ်ဝင်းထဲက အပင်ရော ဓါတ်ပုံရိုက်လာခဲ့ပြီး
 FB ဖွင့်လိုက်တော့ FB မိတ်ဆွေ အကိုကြီး တစ်ယောက်က သူအလုပ်ထဲက အပင်ကြီး ဓါတ်ပုံရိုက် တင်ပြီးနေပြီ၊
ဖတ်ကြည့်လိုက်တော့ သူ့ရှု့ဒေါင့် သူ့အမြင်လေးနဲဖေါ်ပြထားတာတွေ့ရပါတယ်၊
ဒီတော့ အရာရာမှာ တူညီတဲ့ အဖြစ်အပျက်၊ အရာဝထ္ထု ၊လှုမှုရေး၊ နိုင်ငံရေး၊ စီပွါးရေး၊
အကြောင်းအရာ တစ်ခုထဲအပေါ်မှာ လူတစ်ဦးချင်းစီရဲ့ အတွေးအမြင်၊အယူအဆ၊ ခံစားမှု၊ ယုံကြည်မှု၊
 မျှော်မှန်းမှု တွေဟာ မိမိတို့ရဲ့ရင်ထဲအမြစ်တွယ်ထားကြပြီးသား 
အခြေအနေ အချက်အလက် နဲ့ install လုပ်ပြီးသား ဦးနှောက်ထဲက
 program တွေပေါ်မူတည်ပြီး ရှု့မြင်သုံးသပ်တတ်ကြတာမို့ --
ကျနော့် program ကျနော့် အချက်အလက်တွေပေါ်မူတည် ဒီပိုစ့်လေးရေးသားလိုက်ပါတယ်၊
 (ဓါတ်ပုံတစ်ချို့စောင်းနေတာကို အပြင်ဖိုင်မှာ လှည့်ထားပေမယ့် Blog page ထဲမှာ ပြန်စောင်းသွားတာ တည့်မရဖြစ်နေတာ မလုပ်တတ်လို့ ဒီအတိုင်း ထဲ့ပေးလိုက်ရတာ ခွင့်လွှတ်ပါ။။သိရင် အကြံပေး ကြပါခင်ဗျ။)


" Merlion မြေမှာပိတောက်တွေ သစ္စာမဲ့နေကြသလို  ကိုသစ္စာ တစ်ယောက် သစ္စာ နဲ့ မြဲ နေခဲ့လေသလား"

Merlion မြေမှာပိတောက်တွေ သစ္စာမဲ့ခဲ့ပြီ
ကျနော် April တုန်းက ပိတောက်တွေ ပွင့်တော့ ပိုစ်တစ်ခုရေးဖြစ်ခဲ့တယ်၊
ကျနော် အလုပ်သွားရာလမ်းနဲ့ ဆိုဒ်ထဲက ပိတောက်ပင်ကြီးတွေ ပွင့်နေတဲ့ ပုံတွေနဲ့ပေါ့၊

ပိတောက်ပန်းနဲ့ပိတောက်ရနံ့ဟာ ကျနော်တို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်နဲ့အတူ
သင်္ကြန်မကျခင် မိုးလေး တစ်ဖြိုက် နှစ်လောက်ရွာလိုက်တာနဲ့
တပင်လုံးဝေနေအောင်ပွင့်ပြီး မွှေးကြိုင်နေကြကာ၊
လူတွေကလဲ သင်္ကြန်ပိုးတွေ ရွပိုးထိုးလာနဲ့အတူ၊ ပိတောက်ပန်းတွေအပြိုင်အဆိုင်
သူ့ထက်ငါ ဦးအောင်ခူး ပိတောက်လက်ဆောင်ပေး၊ဘုရားပန်းအိုးထိုး ခေါင်းပေါ်ပန်၊
ဆိုက်ကားတွေပေါ်က ပန်းအို၊ ကားပေါ်က ပန်းအိုးတွေမှာ ထိုးထားတတ်ကြသလို 
စီးသူ နေရိပ်ရအောင်ထိ ဆိုက္ကား ဘော်ဒီဘေးတောင် အပွင့်တွေဝေနေတဲ့ အခက်ကြီးတွေပါ
ထိုးထားတတ်ကြအောင်ထိ ပိတောက် ချစ်သူတွေ များကြပါတယ်၊
ပိတောက်ကို ချစ်ကြကြိုက်ကြတာမှာ၊ သင်္ကြန်နဲ့အတူ သင်္ကြန်ရာသီမှာပွင့်လို့ကြိုက်ကြသလို၊
 ရနံ့ကိုကြိုက်ကြလို့ ပိတောက်ကြိုက်သူလဲရှို၊
ပိတောက်ရိပ်အေးမြလို့ ပိတောက်ရိပ်ကြိုက်သူလဲရှိကြပါတယ်၊
 ဒီလိုဘဲ.. ခြေထောက်တု လက်တု၊ အရိုးတုတွေ ပရိဘောဂ သစ်သား အဖြစ်အသုံးဝင်လို့
 ပိတောက်သားကြိုက်ကြသူရှိသလို
တစ်နှစ်မှတကြိမ် သစ္စာ မပျက်ပွင့်တတ်တဲ့ ပန်းဆိုပြီး သစ္စာကို တန်ဖိုးထားသူတွေကလဲ
ပိတောက်ကိုပမာထား၊ ရေးကြ ဆိုကြ ပြောကြပြီး ပိတောက်ပန်း ကိုချစ်ကြတယ်ဆိုတာ
စာပေ ဂီတ တွေမှာပါ အထောက်အထားအဖြစ်နဲ့ရေးနေကြတာ
 ခေတ်အဆက်ဆက်တွေ့ကြရပါတယ်၊

ဒါပေမယ့် ဒီနေ့မှာတော့ မနက်စောစော လမ်းတစ်လျောက် နဲ့ ကျနော်ဆိုဒ်က
ပိတောက်ပင်ကြီးတွေ ဧပရယ်တုန်းကလဲပွင့်
ဒီနေ့ မေ ၁၀ရက်လောက်မှာလဲ ပင်လုံးကျွတ်လောက်တစ်ခါပွင့်တော့
မတူတဲ့အပင်တွေ
ချိန်ခြားပွင့်တာ မျိုး မဟုတ်ဘဲ၊ ဒီအပင်တွေပဲ ထပ်ပွင့်တာပါ၊
Lower delta နဲ့ Tiong Bhru လမ်းဒေါင့်က အပင်ဆိုရင် နှစ်ခါလုံး ပင်လုံးကျွတ်ဝေနေအောင် ပွင့်တာမို့
ပိတောက်ကိုတန်ဘိုးထားတဲ့ ပိတောက်ဂုဏ်တွေထဲက ပိတောက်သစ္စာဆိုတဲ့ တန်းဘိုး လျော့ပြေလေပြီလား၊
 ဖေါက်ပြန်မှုတွေများပြားလာတဲ့ လောကဓံ ကို ပန်းပိတောက်တွေ လဲ တောင့်မခံနိုင်တော့ပါလားတွေးမိယင်း၊
လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သစ္စာကို တန်ဘိုးထားတဲ့
ဒဂုံဆောင်တော်သား ဘူမိကျောင်းသား အကိုကြီး ကိုသစ္စာ ဆိုသူတစ်ယောက်ကို သတိရ မိပါတယ်။

" ကိုသစ္စာ တစ်ယောက် ခြေရာဖျောက်ပြေးလေပြီလား "
သူက ဒီနံမည်ကို ထိုက်ထိုက်တန်တန် ရထားတာဆိုရမလား၊
ကျနော်တို့ တက္ကသိုလ်ခေတ် ရှေ့မှီနောက်မှီ Batch တွေမှာ အချင်းချင်းတွေ Nickname လေးတွေ
 ပေးတတ်ကြတာပါဘဲ၊
အထူးသဖြင့် ကျနော်တို့ ဘူမိညီအကိုတွေမှာ ဆိုပိုဆိုး ပေါ့ ကွင်းဆင်းရင်းရလာတဲ့ နံမည်နဲ့....
 စာသင်ခန်းထဲက နာမည်နဲ့ ....အဆောင်က ပေးတဲ့ နံမည်တွေနဲ့ ပေါမှပေါ ပေါ့ဗျာ။

အကိုကြီး ကိုသစ္စာကတော့ သူများပေးတာ မဟုတ်ဘူး ဒီ် "သစ္စာ" ဆိုတဲ့ နံမည် သဘောကျလို့
သူဟာသူ  ပေးထားတာဗျ၊
ဒါပေမယ့်  ဘူမိသူငယ်ချင်းတွေ ကြားမှာတော့ မဟုတ်ဘူး၊ တခြားမေဂျာက သူ့မိတ်ဆွေ ကောင်မလေးတွေ
 ဆီမှာသာ သူ့နံမည် ကိုသစ္စာ ပါလို့ မိတ်ဆက်ပေး ထားတာပါခင်ဗျ၊
တစ်နေ့မှာတော့  ဒီသာလိကာ အမကြီးတွေ မပြောမဆို နဲ့ ကိုသစ္စာရှိရာ ဒဂုံဟောကို အလည်တစ်ခေါက်ရောက်လာကြပါလေရော၊ အဆောင်မှာ ကိုယ်သစ္စာ ရှိပါသလား ရှာတော့ တာပေါ့ ဗျာ၊
အဆောင်စောင့် မောင်ဆာမိ တစ်ယောက်ကလဲ သူဒီအဆောင်မှာ နေ့ရောညပါ အဆောင်စောင့်လုပ်နေတာ ကိုသစ္စာ ဆိုတဲ့လူ အဆောင်မှာ မရှိပါဘူးပေါ့။
ဟိုတစ်အုပ်ကလဲ မရဘူး ရှိကို ရှိပါတယ်ဆိုတော့၊ မောင်ဆာမိ တစ်ယောက် မနေသာတော့၊
မရှိပါဘူးဆိုမှ အတင်းခေါ်ခိုင်းတော့ အခန်းနံပါတ်လဲ ဘယ်သိမှာတုန်း
ဒီတော့ ဝက်ဝက်ကွဲ ရှစ်သံဗြဲကြီနဲ့ တစ်ဆောင်လုံးကြားအောင် အော်ရတော့တာပေါ့
"" ကိုသစ္စာ ကြီးဗျို့ အောက်မှာ ဧည့်သည်တွေ ရောက်နေပါတယ် "" ဆိုပြီး
တစ်ဆောင်လုံးကြား အောင် ပြဲပြဲစင်အော်မှတော့
အပြင်မထွက် အဆောင်ဲ အောင်းနေကြတဲ့ ဘူမိ ညီအကိုတွေ
နကိုယ်တည်းက အဆောင်အောက် မှာ အလှပဂေး တွေရောက်နေလို့
ရစ်သီရစ်သီက တစ်မျိုး အဆောင်ဝက ကိုစားသောက်ဆောင်အကြီးအကဲ ရဲ့ Mini Mart မှာ
 ဆေးလိပ်ထွက်ဝယ်သလိုလို၊ ကွမ်းထွက်စားသလိုလိုက တစ်သွယ်နဲ့
နှာစေးနေကြ တဲ့ ကိုကို ညီညီ တွေသာမက အခန်းထဲ အိပ်ပျော်နေတဲ့လူတွေတောင် လန့်နိုး လာကြကာ
အဆောင်မှာ ဘယ်သူမှ မကြားဖူးကြတဲ့ ကိုသစ္စာ ကြီး ရဲ့ ဧည့်သည် ဆိုတော့
ကိုသစ္စာ ဆိုတာ ဘယ်သူ ဖြစ်မလဲ လူတိုင်းလဲ အရမ်းစိတ်ဝင်စားသွားကြ ပြီး
ကော်ရစ်တာပေါ်ကချောင်းသူနဲ့ အောက်ဆင်းကြည့်သူနဲ့ ရေရှားတဲ့ အရပ်ဆိုတော့ ပိုဆိုးပေါ့ဗျာ၊
အစ်ကိုကြီး ကိုသစ္စာလဲ သူလုပ်ထားတဲ့ ဇါတ်လမ်းဆိုတော့ ဘယ်နေနိုင်တော့မှာလဲ ထွက်တော်မူရတော့တာပေါ့။

ဇါတ်သီမ်းရရင်တော့
အဲဒီနေ့က စပြီး ကျနော်တို့ အဆောင် သက်တမ်းတစ်လျောက် ကိုသစ္စာ ဆိုတဲ့ နံမည်ကို သူတစ်ယောက်ထဲ
ဒဂုံဟော နဲ့ ဘူမိ လောက မှာ မူပိုင် သိမ်းခဲ့ လေသပေါ့ဗျာ။

ဒါပေမယ့် အကို သစ္စာရယ်ရယ်  ပန်းပိတောက်တွေတောင် သစ္စာ မဲ့နေကြပြီဆိုတော့ အခုလောက်ဆိုရင်
ဘူမိအစ်ကိုကြီးတစ်ယောက်  ဘယ်ဆီရောက်လို့ ဘယ်နယ်ပေါက်ကာ
တစ်ချိန်တုန်းက ကိုသစ္စာ ဆိုတဲ့ အကိုပေးခဲ့လို့ ကျနော်တို့တွေ ခေါ်ခဲ့ရတဲ့ နံမည်လေးအပေါ်
သစ္စာမဲ့ လိုက်ပြီလား..သတိမှ ရနေသေးရဲ့လား   ပြန်တွေ့ရင် မေးကြည့်ချင်ပါသေးတယ်။

(မှတ်ချက်။  ကျနော်တို့ သုံးနှစ်တာ နေခဲ့ဖူး တဲ့ အစဉ်အလာ ရှိခဲ့တဲ့ ဒဂုံဆောင်ကြီး အကြောင်းအမျိုးမျိုးကြောင့် ကွယ်ပျောက်သွားရင်တောင်၊
ဒဂုံဆောင်ရဲ့ မူပိုင်ကလေးတွေ မပျောက် မပျက်ကျန်စေဖို့ ဒီစာလေးကိုရေးရတာ မို့ ခွင့်မတောင်းဖြစ်ခဲ့တာကိုတော့ ကိုသစ္စာ တစ်ခွင့်လွှတ်ပါလို့ ဒီနေရာကနေ တောင်းပန်ပရစေ)

Tat86 ဘူမိ

ဧပရယ် 24 တုန်းက Tiong Bhru လမ်းထောင့် ပိတောက်ပင်မှာ ပိတောက်တွေဝေနေပုံ
ဧပရယ် 24 တုန်းက Tiong Bhru လမ်းထောင့် ပိတောက်ပင်မှာ ပိတောက်တွေဝေနေပုံ
ဧပရယ် 24 တုန်းက Tiong Bhru လမ်းထောင့် ပိတောက်ပင်မှာ ပိတောက်တွေဝေနေပုံ
ဧပရယ် 24 တုန်းက Tiong Bhru လမ်းထောင့် ပိတောက်ပင်မှာ ပိတောက်တွေဝေနေပုံ
ဧပရယ် 24 တုန်းက Tiong Bhru လမ်းထောင့် ပိတောက်ပင်မှာ ပိတောက်တွေဝေနေပုံ
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား
May10 မှာ တစ်ခါ တစ်ပင်လုံး ရွှေရည်လို့ သစ္စာမဲ့ပြနေကြ လေသလား