စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 29, 2015

ရခိုင်(သဘာဝ ဘေး) ဒုက္ခသည်များကယ်ဆယ်ရေး

အလှူခံ အဖွဲ့အစည်းတွေက များလွန်းတော့ လှူချင်ပါသည်၊
ဘယ်သို့လှူသင့်သလဲ စေတနာသုံးတန်ပြတ်ဘို့လိုသည်ဟု ဆိုသော်လည်း
ကိုယ်လှူတာ ကိုယ်ရည်ရွယ်လှူတဲ့ အကျိုးမျိုး ရရှိစေချင်သည်
ယုံကြည်မှုရှိချင်သည်က လှူသူတိုင်း၏ မလှူမှီ စိတ်ထဲ ခံစားမိကြသည်သာဖြစ်သည်။
ဒါကြောင့်မို့ လူတိုင်း၏ လှူသမျှ အလှူကို ခံစားသူများ အကျိုးရှိရှိ
အလေအလွင့်နည်နည်း ရယူ ခံစားနိုင်အောင် စံနစ်တစ်ကျ ခိုင်မာ ကျယ်ပြန့်သည့်
အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေချင်ပါသည်။

လက်ရှိအခြေအနေကြောင့် အလှူခံခြင်းကလည်း အရေးတစ်ကြီးစတင်
 initiate လုပ်ရန် လောလောဆယ် လိုနေကြောင်းနားလည်ပါသည်။

တစ်ခြား တစ်ဖက်တွင်လည်း နီးစပ်ရာ နီးစပ်ရာ NGO များဖွဲ့ကြခြင်းထက်
ရခိုင်လူထု တစ်ရပ်လုံး အားကိုးလောက်သည့်
 မည်ကဲ့သို့ မည်သည့်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်
 ရခိုင်(သဘာဝ ဘေး) ဒုက္ခသည်များကယ်ဆယ်ရေး ပရိုဂျက်တစ်ခုကို
အားလုံး ၏ ပူးပေါင်းပါဝင်မှုဖြင့်၊
ရေတိုရေရှည် အတွက် စဉ်းစားကာ အမြန်ဆုံးဖွဲ့စည်းသင့်ပါပြီ၊
ANP ကိုမည်သို့ပင် အားနည်းချက်များရှိနေစေကာမူ
ရခိုင်ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်နိုင်မည့်
 နိုင်ငံရေး ပါတီတစ်ခုအဖြစ် မျှော်လင့် တွန်းအားပေနေကြသလို၊
မကြာမီ အနာဂတ်ကာလတွင် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ နှင့်အတူ
ရခိုင်ပြည်နယ်တွင် ကျရောက် တွေ့ကြုံ ရနိုင်သော သဘာဝ ဘေးအန္တရာယ်များအတွက်၊
ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊
 ပြန်လည်ထူထောင်ရေး များတွင် စံနစ်တစ်ကျ ဦးဆောင်မှုပေးနိုင်ရန်
သက်ဆိုင် အစိုးရအဖွဲ့အစည်းများ၏ လစ်ဟင်းမှုများ
လစ်လျူရှု မှုများအားဖေါ်ထုတ်တင်ပြနိုင်ရန်
ရခိုင်သဘာဝဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် ကယ်ဆယ်ရေး
NGO တစ်ခု တစ်မျိုးသားလုံးကိုယ်စားပြု
အရေးတကြီး လိုအပ်နေပေပြီဟု ယူဆပါသည်။

ဒုက္ခရောက်ကြသည့် အခြေအနေအတိုင်းအတာ၊
- အရေးပေါ် အကူအညီ လိုသည့် အခြေအနေ အတိုင်းအတာ 
- ဦးစားပေးကူညီသင့်သည့်ဒေသ၊
- ရေတို- ရေရှည်ပေးရမည့် ထောက်ပံ့ရန် လိုအပ်သည့်အကူအညီ၊
စသည့် အချက်အလက်များအား အမြန်စုဆောင်းသင့်ပါသည်။

- အစိုးရ အဖွဲ့အစည်းနှင့် ပြည်နယ်လွှတ်တော်အား
    ရရှိထားသော
အချက်အလက်များပေါ်မူတည်၍ တိုက်တွန်းဖိအားပေးယင်း မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည်
စသည်အားဖြင့် စံနစ်ကျသည့် plan တစ်ခု ကို ဦးတည်ချက် များသတ်မှတ်၍
စံနစ်တစ်ကျ လုပ်ဆောင်သင့်ပေသည်။
ရခိုင်သဘာဝဘေးအန္တာရာယ်အတွက် local NGO တစ်ခု အနေဖြင့် ပူပေါင်းဖွဲ့သင့်ပါသည်။
ဗော်လံတီယာ အချိန်ပိုင်း ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီများ၊
အင်ဂျင်နီယာများ၊ ဆရာဆရာမ စသည့်ဖြင့် လိုအပ်သလို အချိန်ပိုင်း လုပ်နိုင်မည့်
သူများအားလည်း registry လုပ်ထားကာ စာရင်းပြုစုထားပြီး၊ စပွန်စာ ရှာခြင်း ရံပုံငွေရှာခြင်း၊
(ကပွဲ၊ စတိတ်ရှိုး၊ အငြိမ့်၊ လက်ဝှေ့၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ
စသည်ဖြင့် ကျင်းပခြင်း အထိမ်းအမှတ်ပစ္စည်းရောင်းခြင်း)
စသော administrating, operating , fund-raising  စသည်ဖြင့်
ကျယ်ကျယ်ပြန့်လုပ်ဆောင်နိုင်အောင်ဝိုင်းဝန်းဆောင်ရွက်သင့်ကြပြီဟု
တိုက်တွန်းနိုးဆော်ချင်ပါသည်။

Tuesday, July 28, 2015

နေနတ်သား နဲ့ မိုးနတ်သား စစ်ပွဲ



ကံဆိုးတဲ့ တို့ပြည်ရွာမှာ..မိုးလိုက်လို့ ရွာနေလေသလား???
မြန်မာပြည်တစ်ဝှမ်း.. ရေကြီးနိုင်တဲ့အန္တရာယ်
ကင်းမယ့် နေရာ ဒေသ လေးများ .. ကျန်ရှိသေးရဲ့လား.... ???
ရှိခဲ့ရင်သော်လည်း.. မြေများပြိုမလား...???
 လေများမွှေမှာလား ???? ... နဲ့
စိုးထိတ် ဗျာပါ ပွေနေရတဲ့ .. နေရာချည်းဖြစ်နေပြီလား???၊

ရန်ကုန်လိုမြို့ကြီးတောင်မှဘဲ.. ရေလွှမ်းနေတာ နှစ်စဉ်ရှိသမို့
အေးလဲအတူ  ပူလဲ အမျှ ... သာတူညီမျှအောင်ကွလို့ ချော်တွေး
တစ်နိုင်ငံလုံး ရေလွှမ်းစေမှကွဲ့ ဆိုပြီး၊
 တာဝတိန်သာ ကို မူပိုင်အာဏာသိမ်းထားခဲ့တဲ့
နတ်ချုပ်မှူးကြီး သိကြားကိုယ်တော်များ
မိုးနတ်သားကို အမိန့်တော်မှတ်ထား မိလေသလား......???

၂၀၀၈ မေ မုတ်သုန်လေ အဝင်.. နာဂစ်ရဲ့ မျက်ရည်မိုးတွေနဲ့
 ခြေဥကို အတည်ဘဲ လို့ .. သမိုင်းမှာ မှတ်တမ်းရေးခဲ့ကြတယ်.....။

၂၀၁၅ ဆောင်းဦးကာလ မုတ်သုန် လေ အဆုတ်
အထွေထွေရွေးကောက်ပွဲ မှာတော့
ရေလွှာ ဖုံးလွှမ်းနေတဲ့ မြန်ပြည်တစ်လွှားက
ပြည်သူ့မျက်ရည်တွေကြားမှာ
လှေလှော်ပြီး မဲပေးကြရတာမျိုး ... မဖြစ်စေချင်သမို့ ......

နေညိုညိုမှာ တိမ်ရောင်စုံ တောက်စေ ဖို့
ဖိုးသိကြားမင်း ရေ နေနတ်သားကို တလှည့်
အမိန့််တော် မှတ် မသင့် ပေဘူးလား။

ငယ်ဘဝတုန်းက ........
မိုးဥ ကျမှာ မိုးကမရွာ ... ရေတွေကရှားဖြစ်တော့
မြို့က ဆရာတော်ကြီးတွေ နဲ့ တိုင်ပင်ပြီး
စစ်တွေ ကိုးနဝင်းဗဟို ဧစေတီဘေး
ဝင်္ကဘာကွင်းမှာ........
ဆရာတော်တွေ သံဃာတော်တွေ.....
စုပေါင်းညီညွှတ်စွာနဲ့ ငရံ့မင်းပရိတ် ကို
အသံမစဲရွတ်ခဲ့ကြတာမှတ်မိပါတယ်၊
မိုးကြီး ရေလွှမ်းတာနဲ့ ပတ်သက်ပြီးတော့
အဲဒါမျိုး မတွေ့ကြုံဖူးပေမယ့်
မှတ်မိနေတာ တစ်ခုကတော့ ........
ငယ်ငယ် တုန်းက မိုးရွာ ရင် မိုးရွာခါနီးရင်
နေနတ်သားနဲ့ မိုးနတ်သား စစ်တိုက်ကြတော့မှာ ကွ လို့
ဘယ်က ဆင်းသက်လာခဲ့တဲ့ ယူဆမှုမှန်းမသိတဲ့
ကျနော်တို့ ကလေးတွေရဲ့ ယုံကြည် မှုနဲ့ အတူ
သူငယ်ချင်းတွေ ... ညီအကို မောင်နှစ်မ တွေကြားထဲ
သူနိုင် ကိုယ်နိုင် ဆန့််ကျင်ဖက်လုပ်ဆိုခဲ့ကြတဲ့
တစ်ပိုင်းတစ နဲ့ ကာရံလေလား သီချင်းလို့ပြောရမလား
မသိ အော် ခဲ့ကြတာကတော့

မိုးရွာတာကိုကြိုက်တဲ့ တစ်ယောက်က
မိုးရိပ်တိမ်ရိပ်တွေ တက်လာပြီ ဆိုရင်
" မိုးနတ်သား ထွက်လာလတ် နီ(နေ)နတ်သားဝင်ပါဇီ "
လို့ မနားတန်းအော်ရင်၊

နေပူတာပဲကြိုက်တဲ့ နောက်တစ်ယောက်
ဒါမှမဟုတ် ဆန့်ကျင်ဆိုလိုက်ရမှ
ကျေနပ်လိုက်ရတဲ့ တစ်ယောက်က
" နီ(နေ) နတ်သားထွက်လာလတ် မိုးနတ်သား ဝင်ပါဇီ "
လို့ အပြိုင် မနားတန်းအော်လေ့ရှိခဲ့ကြပါတယ်။

တိမ်ဖုံးတဲ့ကြားက
မိုးမရွာဘဲ နေပြန်ပြူထွက်လာရင်
မိုးရွာတာ မကြိုက်တဲ့လူက
သူ့ နေနတ်သား အနိုင်ရပြီ ဆိုပြီးပျော်ခဲ့ကြသလို
မိုးရွာချလိုက်ရင်လဲ မိုးရွာစေချင်တဲ့ တစ်ယောက်က
သူ့ရဲ့ မိုးနတ်သား အနိုင်ရပြီဆိုပြီး ပျော်ခဲ့ကြပါတယ်။

ဒီ အဆို အပိုင်းအစလေး နှစ်ခုကို
ရခိုင်အဆိုတော်တေးရေးဆရာဦးသန်းမောင်က
၁၉၉၂ ဝန်းကျင်လောက်မှာ 'သာလီစွ ' ဆိုတဲ့ တေးစီးရီးမှာ
သီးခြားသီချင်း တစ်ပုဒ်စီ အဖြစ် ရေးသားသီဆို ခဲ့ဖူးပါတယ်။

ယခု ရခိုင်တစ်ပြည်လုံး အပါအဝင် မြန်မာပြည် အနှံ့
မိုးတွေရွာ ရေတွေလွှမ်းနေရတာ ကြားသိ မြင်တွေ့နေရတော့
မိုးနတ်သားဝင်ပါဇီလို့ အော်ဆိုချင်ပေမယ့်
ငယ်ငယ်ကလို နိုင်ချင်လို့ အော်တာမျိုး မဟုတ်တော့ဘဲ 
 မိုးရာသီ မို့...  မိုးလဲ သင့်တင့်မျှတရုံ ရွာရန်လိုသေးသည်မို့
 မိုးနတ်သား နဲ့ နေနတ်သားတို့ စစ်မတိုက်ကြပဲ
တစ်လှည့်စီ သင့်တင့်မျှတစွာ ထွက်ပေးကြဖို့သာ ဆုတောင်းပေးချင်တာမို့၊
အကိုကြီးသန်းမောင် ရဲ့ သီချင်းနှစ်ပုဒ်ရော ၊
ဦးမောင်မောင်လတ်ရေး စန္ဒယားဦးလှထွဋ် သီဆိုခဲ့တဲ့
တိမ်တမန် သီချင်းကိုပါ
မိုးရေထဲထွက် ငယ်ငယ်ကလို အသံဗြဲ နဲ့ အော်ဆိုလိုက်ချင်ပါတယ်ဗျာ။

လက်တွေ့မှာတော့ တက်လာမယ့် အစိုးရ အဆက်ဟာ
ရှေ့က အစိုးရ အဆက်ဆက်ရဲ့ ကောင်းမွေဆိုးမွေကို တာဝန်ယူ ပြီး
ရှေ့ဆက်တိုင်းပြည်တိုးတက်ဖို့ ဆောင်ရွက်ရမယ့် တာဝန်တွေကြားမှာ
အရေးတစ်ကြီးထဲ့သွင်း စဉ်းစားရမယ့် အရာတစ်ခုကတော့
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ မကြာတော့တဲ့
အနာဂါတ်မှာတွေ့ ကြုံရနိုင်တဲ့ သဘာဝ ဘေးဒုက္ခတွေက
သက်သာရာရစေဖို့
ကြိုတင်စီမံမှုတွေ၊ ပညာပေး အကောင်ဖေါ်မှုတွေအပြင်၊
ချမှတ်မည့် နိုင်ငံတော်စီမံကိန်းများ ပေါ်လစီများ ဒီဇိုင်းများသည်
မြန်မာမြေ မြန်မာ့ရေ ရာသီဥတု ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေ ဖြစ်မည့် ၊
သဘာဝဘေး အန္တရာယ် ဒဏ်ခံနိုင်ရည်ရှိ နိုင် ရှောင်ရှားနိုင်မည့်၊
ပြည်သူများသဘာဝဘေးဒဏ်အပြင် ထိုစီမံကိန်းများက မီးလောင်ရာ လေပင့် မဖြစ်စေမည့် ဆင်ခြင်သုံးသပ်နိုင်စွမ်း ပညာအသိတို့ဖြင့် ရှု့ထောင့် အမျိုးမျိုးမှ
စဉ်းစားတွေးတော ဆုံးဖြတ်လုပ်ဆောင်ရန် ဖြစ်ပေသည် ဟု ထင်မြင်မိပါသည်။
Tat Bumi86  
27-7-2015 20:00

Thursday, July 16, 2015

Identity ခိုးသားများနှင့်ရခိုင်တို့၏ဒုက္ခ

နံမည်ကိုကြိုက်လို့သုံးစွဲတာကိစ္စမရှိပါ
Counterfeit လုပ်တာဆိုတာလဲ
အတုဟာအတုမို့ ဘယ်လောက်ဘဲတူအောင်လုပ်လုပ်
မူလ original ရဲ့ identity ကိုလုယူတာမဟုတ်ဘဲ
မူလရဲ့ တန်ဘိုး ရှိမှန်းသိလို့
မိမိတန်ဘိုး သူ့မမှီသေးလို့လိုက်တုတာပါ၊ 
သူ့နေရာနဲ့ သူ့အဆင့်ပါဘဲ၊
ဒါပေမယ့် တစ်ခြားသူ၊ တစ်ခြားအမည်၊ တစ်ခြားပစ္စည်းရဲ့ identity ကိုယူပြီး
ပတ်ဝန်းကျင်က အသိအမှတ်ပြုအောင်လုပ်ခြင်းက အဆိုးဆုံးပါဘဲ။

မူလ identity ရှင်ရဲ့ image ကိုပျက်စီးစေပါတယ်။
ဥပမာ  iphone.6 ဆိုပြီးအတုလုပ်တာ က iphone ဆိုတဲ့ value ကို image တောင်မြင့်စေပါသေးတယ်
demand များလို့အတုတွေထွက်လာရတဲ့သဘောပါ၊
Apple ကထုတ်လေ့ရှိတဲ့ Iphone, Ipad, Ipod, လိုမျိုး Apple ကမထုတ်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို
i(အိုင်) ဆိုတဲ့စကားလုံး နံမည်ရှေ့ကထည့်
သုံးပြီး  ဈေးကွက်ထဲချရောင်းလာပြီဆိုရင်
ဒါ identity မသိမသာခိုးခြင်းပါဘဲ။
Apple logo ပါထည့်သုံးပြီးဆိုရင် အတိအကျ ခိုးခြင်းပါဘဲ။
ဒါမျိုးက လုံးဝလက်ခံနိုင်စရာမရှိပါ
မကြာခင်က ဘင်္ဂလီအရေးအခင်းမဖြစ်ခင်ထိ
တက္ကသိုလ်အသိုင်းအဝိုင်း၊ ပြည်မလူမှုအသိုင်းထဲတွင်
ရခိုင်ဟုပြောလိုက်လျင် ဗမာအပါအဝင် ကျန်တိုင်ရင်းသားများက
ဝက်သားစားသလားဟု မသိမသာမေးမြန်းခံရမှုများ
မိမိအသိုက်အဝန်းထဲတွင်ပင်ခံခဲ့ရပါသည်။

ဒါကိုယ်ကြည့်ခြင်းအားဖြင့် ရခိုင်တို့၏ identity တပိုင်းတစ
 ဖျောက်ဖျခံနေရပြီဟုပြောလျင် သင်ငြင်းနိုင်မည်လား၊
ဤသို့ ဖျောက်ဖျဖို့ အုပ်စုတစ်ခုခုက ကြိုးစားနေသည်၊
တစ်ခြားတိုင်းရင်းသားများလည်း မသိ၍ဖြစ်စေ
သိသိနှင့် အားနာ၍ဖြစ်စေ မိမိကိစ္စမဟုတ်၍
မသိကျိုးကျွန်ပြုခြင်းနှင့်ဖြစ်စေ
အလိမ်ခံနေကြသည်ဟု ဆိုလျင် မှားပါသလား၊
ထိုထို အကြောင်းကြောင့် ဒီပိုစ့်ကို ရှယ်ရပါသည်။
အရေးအခင်း ဖြစ်ခြင်းသည် လူ့အသိုင်းထဲတွင်
 ဖြစ်သင့်ကိစ္စ မဟုတ်တော့ဟု ဆိုနိုင်သော်လည်း
အဆိုးထဲက အကောင်း ထုတ်ယူရမည်ဆိုလျင်
ရခိုင်လူမျိုး /ဗုဒ္ဓဘာသာ ဟူသော Identity ကို
ဒီအရေးအခင်းအပြီး၌ ၉၉ ရာနှုန်းလောက် ပြန်ရလိုက်သည်ဟုထင်ပါသည်။

ဒီပိုစ့်တင်ရတာဟာ လက်ရှိဘာသာရေးပဋိပက္ခတွေပွါးလာစေဖို့
 ရွေးကောက်ပွဲကာလတွင်းမှာမို့ဖွနေတာမဟုတ်ပါဖူး၊
သမိုင်းကို ငွေအား အသိုင်းအဝိုင်းနောက်ခံအား
အတင်း အဓမ္မ ကျင့်ဖို့ကြိုးစားနေကြတာကို သိစေချင်တာရေ
သမိုင်းနောက်ပြန်ဆွဲချင်လို့ ရခိုင်လို့ နံမည်တစ်လုံးပေးထားရဲ့နဲ့
အာရကန် လို့ ဘာလို့ အတင်းပြန်သုံးချင်နေကြတာလို့
နားလည်မှုမလွဲစေဖို့ပါဘဲ၊
တံခါးပိတ်ဝါဒအောက်မှ အဆက်အသွယ်ပြတ်လပ်နေခဲ့ကြရတဲ့
 နှစ်ပေါင်း သုံးလေးဆယ်အတွင်း ပြည်ထောင်စုသားတွေ
ဒုက္ခမျိုးစုံနဲ့ပြားပြားပိနေကြချိန်မှာ နိုင်ငံတစ်ကာ စာမျက်နှာမှာ
သူတို့တွေနေရာယူ သမိုင်းကိုမုဒိန်းကျင့်ဖို့နှစ်များစွာ
 ပြင်ဆင်ခဲ့လာတာကို မြန်မာပြည်တံခါး
ဟရုံလေးရှိတဲ့အခါမှသိလာ ကြရတဲ့အတွက်
တရားစွဲနိုင်ဖို့နေနေသာသာ
မုဒိန်းကျင့်ရုံမဟုတ်
သမိုင်း ရော၊ ဘာသာ ပါ.. အပြောင်းခံ မသွားရအောင်
ကိုယ့်ရပ်ကွက်သားတွေကို သူ့မယား မဟုတ်ကြောင်း
မုဒိန်းကျင့်ဖို ဖို့ ကြံစည်ခံရတာသာဖြစ်ကြောင်း
နားလည်ဖို့ ရှင်းပြနေရတဲ့ အဆင့်ဖြစ်နေတာမို့
နားလည်ပေးဖို့လိုပါတယ်။
တစ်ခြားမြို့မှာတော့ ရည်းစားနောက်ပါသွားသလိုလို
သတင်းဖြစ်နေသကိုးဗျ၊
အစိုးရ အဆက်ဆက်ရဲ့ မြန်မာ့သမိုင်းမှာ
နေရာတိုင်းမှာ ဘုရင့်နောင် ကျန်စစ်သား
အလောင်းဘုရားနဲ့ ပုဂံဘဲ promote လုပ်နေကာ
တိုင်းရင်းသားလူမျိုးတို့ရဲ့ သမိုင်းအစဉ်အလာများကို
ကိုယ့်တိုင်းရင်းသားအချင်းချင်းသိနားလည်အောင်
လုံလောက်အောင် ဖေါ်ထုတ်ပေးဖို့ .... ပျက်ကွက်ခဲ့ကြတဲ့၊
 ဖျောက်ဖျက် ချိုးနှိမ်ထားချင်ကြတဲ့ အာသီသ အယူသီး
Wise မဖြစ်မှုတွေကြောင့်လို့ယူဆပါတယ်။
ရခိုင်ပြည်ကမ်းရိုးတန်းတစ်လျောက်နဲ့
ရိုးမတောင်းတန်းတောင်ကြော
 ရခိုင့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဟာ
သမိုင်းကျမ်းပြုကျောင်းသား၊
ဘူမိ ကျမ်းပြုကျောင်းသား
အဏ္ဏဝါဗေဒကျမ်းပြုကျောင်းသားတို့
ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တို့အတွက်
အချက်အလက်စုဆောင်းပေးနိုင်တဲ့
ကျမ်းမြောက်မြားစွာ ရေးရင်ရနိုင်တဲ့
ပညာအချက်အလက်သစ်များထုတ်ပေးနိုင်အုံးမယ့်
explore ပြည့်စုံအောင်မလုပ်ရသေးတဲ့ ဘဏ္ဌာတိုက်ကြီးအဖြစ်
ရှိနေသေးသလို၊
 လှပတဲ့ကမ်းခြေ၊ ကြွယ်ဝတဲ့ သမိုင်း အမွေအနှစ်၊
ဟိမဝန္တာတောင်တန်းက ဆင်းသက်လာတဲ့
မုတ်သုန်တောမှာနေထိုင်ကြတဲ့  တောရိုင်းတိရိစ္ဆာန်တွေ ရဲ့ သဘာဝ
တိုင်းရင်းသားမျိုးနွယ်စုများရဲ့နေထိုင်မှု တို့ကို ....promote လုပ်ကာ
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပြင်၊ ဆက်စပ်နေသော
 မြောက်မြားစွာသော စီပွါးရေးလုပ်ငန်းများဖန်တီးကာ ဝင်ငွေရရန်မကြိုးစားဘဲ၊
ထွက်သမျှ သဘာဝသံယဇာတများကိုသာ
ထုတ်ယူရောင်းချရင်း တိုင်းရင်းသားများ၏ဘဝ အခြေအနေကို
၁၉ရာစုရဲ့ရှေ့ပိုင်းမှာ မှုန်ဝါးဝါးနဲ့ ကျန်စေခဲ့ယင်း
သမိုင်းပျောက် လူမျိုးပျောက် identity ပျောက်ဖြစ်လာရသည် မှာ
မဆန်းတော့ပါ... မျိုးဆက်သစ် နိုင်ငံရေးသမားတွေ နားလည်ပေးရပါလိမ့်၊
နိုင်ငံရေးကွက်ကျော်နင်း ပြီး ချယ်လှယ် အသုံးချမယ့်စိတ်တွေ ပျောက်ကြစေဖို့ပါ။

 အောက်ပါ ဓါတ်ပုံအတွက် အောက်တွင်ဖေါ်ပြထားသော links ပါ မူလပိုစ့်ပိုင်ရှင်အား credit ပေးပါသည်။
https://scontent-sin1-1.xx.fbcdn.net/hphotos-xaf1/v/t1.0-9/1620515_213914402147991_587099467_n.jpg?oh=dfacdf9e5c410157b9cb036d263913b4&oe=561EC6C7
https://www.facebook.com/photo.php?fbid=213914402147991&set=a.123093181230114.1073741832.100005882970731&type=1

Wednesday, July 15, 2015

"Scarborough Fair နှင့် Scarborough Affair အား နှိင်းယှဉ်မိခြင်း"


 "Scarborough Fair နှင့် Scarborough Affair အား နှိင်းယှဉ်မိခြင်း"

ကျနော်အရမ်းကြိုက်တဲ့  တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Scarborough fair ဆိုတဲ့ သီချင်းနဲ့
နံမည်ချင်းဆင်တာမို့ ပိုင်ဆိုင်မှု အငြင်းပွါးနေကြတဲ့ ဒီကျွန်း ကိစ္စကို လဲ
Scarborough affair လို့ အမည်ပေးရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။၊
သီချင်းကတော့ အင်္ဂလန်နိုင်ငံ ယော့ရှိုင်းဒေသ မြောက်ပိုင်းကမ်းခြေက
Scarborough ဆိုတဲ့ မြို့လေးကို အခြေခံစပ်ထားတဲ့ ၊
အချစ်တေးသရုပ်ဖေါ်သီချင်းလေး တစ်ပုဒ်ပါတဲ့။
ကောင်ကလေးက သူ့သီချင်းနားထောင်နေတဲ့ ပရိတ်သတ်ကို
သူ့ရည်းစားဟောင်းကို သူခိုင်းတဲ့ (မဖြစ်နိုင်တဲ့) အလုပ်တွေ ကိုလုပ်ပေးနိုင်ရင်
သူ့ကိုချစ်သူအဖြစ်ပြန်လက်ခံမယ်ဆိုပြီး ပြောခိုင်းသတဲ့၊

သီချင်းကို စုံတွဲဆိုကြရာမှာတော့
 ကောင်မလေးကလဲ သူပြန်လုပ်ခိုင်းတဲ့အလုပ်ကို
လုပ်ပေးနိုင်ယင် ကောင်လေးခိုင်းတဲ့ အလုပ်ကိုလဲလုပ်ပြပြီး
သူ့ချစ်သူအဖြစ်ပြန်လက်ခံပေးပါမယ်လို့ပြန်ပြောခိုင်းပါသတဲ့။
အဓိပ္ပါယ်ကတော့ သူတို့နှစ်ယောက်ကြားမှာ
 ပြန်ပြေလည်မှု မရနိုင်တော့ဘူးလို့ဆိုရမလိုပါဘဲ ၊
ဘာခိုင်းကြတယ်ဆိုတာတော့ အောက်က
သီချင်းစာသားကိုသာ ဖတ်ကြည့်ကြပါတော့......

လက်ရှိ ပစိဖိတ် သမုဒ္ဒရာနဲ့ တောင်တရုပ်ပင်လယ်က
ကျွန်းစုတွေ အစွန်နားမှာ
Scarborough ဆိုတဲ့ သန္တာကျွန်းတန်းကလေး အပါအဝင်
သန္တာကျွန်း(CORAL REEF) တချို့ အတွက်
 သူပိုင်ကိုယ်ပိုင် အငြင်းပွားကြယင်း
တရုတ်၊ ဖိလိပင်း၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဂျပန်တို့ကြားမှာ
 တစ်ယောက်နဲ့တစ်ယောက် အဖြေမရှိတဲ့/မရနိုင် မဖြစ်နိုင် တဲ့
ပုစ္ဆာတွေတွက်ခိုင်းပြီး  ဒီကျွန်းလေးတွေရဲ့ပြဿ      နာ
 ( Kuril Islands dispute , Liancourt Rocks dispute,
Macclesfield Bank reef dispute, Nine-dotted line dispute ,
Paracel Islands dispute, Pratas Islands dispute,
2012 Scarborough Shoal standoff , Senkaku Islands dispute,
Spratly Islands dispute such as Territorial disputes in the South China Sea )
အဖြေရှာခိုင်းနေကြသလား ထင်မိသလို၊

မြန်မာ့ ဒီမိုကရေစီ ကူပြောင်းရေးနဲ့၊
ငြိမ်းချမ်းရေးရဖို့
 ဖြစ်နိုင်တဲ့ ပုစ္ဆာတွေအတူတွက်ကြယင်း
 ပန်းတိုင်အဆင့်ဆင့်ကိုရောက်နိုင်ကြမှာလား
မဖြစ်နိုင်တဲ့ပုစ္ဆာတွေ အဖြေရှာတွက်ယင်း
တစ်ဝဲဝဲလည်နေကြရမလား
 တွေးနေမိပါသည်။
 
   " Scarborough Fair "

Male part-

    Are you going to Scarborough Fair?
    Parsley, sage, rosemary, and thyme;
    Remember me to the one who lives there,
    For once she was a true love of mine.

    Tell her to make me a cambric shirt,
    Parsley, sage, rosemary, and thyme;
    Without any seam or needlework,
    Then she shall be a true love of mine.

    Tell her to wash it in yonder well,
    Parsley, sage, rosemary, and thyme;
    Where never sprung water or rain ever fell,
    And she shall be a true lover of mine.

    Tell her to dry it on yonder thorn,
    Parsley, sage, rosemary, and thyme;
    Which never bore blossom since Adam was born,
    Then she shall be a true lover of mine.

Female part-

    Now he has asked me questions three,
    Parsley, sage, rosemary, and thyme;
    I hope he'll answer as many for me,
    Before he shall be a true lover of mine.

    Tell him to buy me an acre of land,
    Parsley, sage, rosemary, and thyme;
    Between the salt water and the sea sand,
    Then he shall be a true lover of mine.

    Tell him to plough it with a ram's horn,
    Parsley, sage, rosemary, and thyme;
    And sow it all over with one pepper corn,
    And he shall be a true lover of mine.

    Tell him to sheer't with a sickle of leather,
    Parsley, sage, rosemary, and thyme;
    And bind it up with a peacock's feather,
    And he shall be a true lover of mine.

    Tell him to thrash it on yonder wall,
    Parsley, sage, rosemary, and thyme,
    And never let one corn of it fall,
    Then he shall be a true lover of mine.

    When he has done and finished his work.
    Parsley, sage, rosemary, and thyme:
    Oh, tell him to come and he'll have his shirt,
    And he shall be a true lover of mine.

အဆိုကျော်ခင်မောင်တိုး ရဲ့ ကျနော်သိတဲ့ တစ်ပုဒ်ထဲသော copy သီချင်းကလဲ
ဒီသီချင်းကို copy ဆိုထားတဲ့ " ရင်ခုန်နေသော အိပ်မက်ငယ်" ပါဘဲ။



ပိုင်ဆိုင်မှု အငြင်းပွားနေသည့် သန္တာကျောက်တန်း တရုတ်အမည် ဖော်ပြထားမှုကို Google Map ပြန်လည်ပြင်ဆင် | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

Friday, July 10, 2015

သမတ ကြီးဖါးရိုက်ထွက်ခြင်း

သြော် ဒါကြောင့် သူတို့က သူများတွေကို
 ပြည်ပအားကိုး ပုဆိန်ရိုးလို့ပြော ပြောနေတာကိုး
သူတို့က အမေကျော်ပြီး ဒွေးဒေါ်လောက်ဘဲ
လွမ်းနေတာဆိုတော့ ...
အင်း.... ရှေးလူကြီးတွေများ  ရှေးစကားပုံတွေ
ထားခဲ့တာ တယ်တော်သဗျာ၊

ပြည်တွင်း မှာ မုန်တိုင်းတွေတိုက်
ဒုက္ခတွေ ရောက်တုန်းက ပေလျက်လကန်၊
တနိုင်ငံလုံးရေတွေကြီး..၊
ရေကျသွားတော့မှ ..
ရဲဘော်တို့ရေ ...
 ပြည်သူ့အိုးအိမ်တွေ သန့်ရှင်းရေး
သွားကူလိုက်ပါကွဲ့ နဲ့ ပြီးသွားရော.....သူမပါသလိုဘဲ၊၊

ပြည်တွင်းမှာ ရတနာ Gas တွေ ထွက်တော့
Thai မှာ လျှပ်စစ်ဓါတ်အားမလောက်လို့
အိမ်ချင်းကောင်းအဖြစ်ကူညီလိုက်သတဲ့၊

ဟော  ရွှေ Gas  တွေ ထွက် ပြန်ပြီဆိုတော့
ယူနန် က အထူး VIP တွေကို ကူညီစရာရှိသေးသတဲ့၊

ရတနာ ရွှေ ငွေ လို့ ပြောလေ့ရှိကြတော့ကာ
ဒီတစ်ခါထွက်ရင်တော့လား ပြည်တွင်းအတွက်ဘဲ
ပိုဦးစားပေး  စဉ်းစားတော့မယ် ဆိုပါလား ၊၊

ကဲ  လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား
 မနက် ည ဘုရားဝတ်ပြုရင် နောက်ထပ် " ငွေ gas " တွေ
အများကြီး ထပ်ထွက်ပါစေလို့
ဖင်ဗူးတောင်းထောင်အောင်သာ
ဆုတောင်းကြပေတော့ဗျာ၊။

ပြောတော့ power energy တွေပိုနေလို့ ရောင်းတာပါတဲ့
ကျောက်မီးသွေး station ကျ
သူများဆီက "မ" လာချင်သေးသတဲ့ဗျာ၊
ကြားမှ ကောင်းကြရဲ့လား။

 ၂၉ မူလီပေါက်အရစ်စားနေတာကို
၃၀ မူလီချောင်း အမဲဆီမဆွတ် အရစ်မဖေါ်ဘဲ
ရစ်လှည့်ထောင်းထဲ့ သွင်းနေတာကို
သူမို့  ဂျပန်မူလီ ဂျပန် Technique ပါကွာနဲ့
 ကောင်းလှချည်ရဲ့လို့ ဆိုချင်သေးသတဲ့၊

အကြွေးတွေ အမ်းပလိုက်ဖို့
 နောက်ထပ် အတိုးနည်းနည်းနဲ့ ထပ်ရဖို့
ဂျပန်တွေရှေ့မှာ .... Arigatō Arigatō နဲ့
ခါးသွားသွားကုန်းပြယင်း
ကိုချစ်တီး ဆီမှာ
မိစိန် ရေ မင်း အပျိုရည် ပျက်ခဲ့  ပြန်ပြီ လားကွာ။

မဟုတ်မှ လွဲရော ဗိုလ်စိန်မှန်ကြီး
ယပလက်တွေကို ကူလိုက်
တရုတ်တွေ ကူလိုက်နဲ့
ဒီတစ်ခါ မနီလာ တို့ အရပ်မှာ
အိုကြီးအိုမ နဲ့ နုပျိုဆေးရှာဖို့
ဖါးရိုက် ထွက်ချင်နေတယ်ထင်ရဲ့။





https://www.facebook.com/ye.htut.988/posts/490091954437745
သမ္မတကြီးဟာ ဒီနေ့ မနက် ဖိလစ်ပိုင်နိုင်ငံ ဘန်တာရန်ကျွန်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး မုန်တိုင်းဒဏ်ခံဒေသမှ တာဝန်ရှိသူများ၊ ပြည်သူများနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
အထူးကုဆရာဝန်ကြီးများပါဝင်တဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ အဲဒီဒေသမှာ အခြေပြုပြီး မုန်တိုင်း ဒဏ်ခံဒေသများမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 


News > Asia 
Myanmar offers gas help Plant upgrade delays fail to avert blackout threat 
21 Feb 2013 at 00:00 3,709 viewed0 comments 
 NEWSPAPER SECTION: NEWS | WRITER: YUTHANA PRAIWAN & PENCHAN...

Please credit and share this article with others using this link:http://www.bangkokpost.com/news/asia/336917/myanmar-offers-gas-help. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Post Publishing PCL. All rights reserved.



Sunday, July 5, 2015

" MPC ကိုဖျက်သိမ်း၍ Super Disco/Night Club တစ်ခုအဖြစ်ပြောင်းဖွင့် သင့်ကြောင်း "


တပ်မတော်ဟာ ၄၃၆ က ကိုလျော့ပေါ့ဖို့ ကန့်ကွက်တာဟာ အနာဂါတ်နိုင်ငံရေးမှာ
လွှတ်တော်ထဲက  ပြည်သူ့ကိုယ်စားလှယ်တွေကို မယုံကြည်ဘူးလို့ ဆိုနေတာဖြစ်သလို၊
ပြည်နယ်လွှတ်တော်ထဲက ဘဲ ပြည်နယ်ဝန်ကြီချုပ်ရွေးချယ်ခွင့်ကို
ဗဟိုအစိုးရရဲ့အုပ်ထိန်းမှုခက်မှာစိုးလို့ ကန့်ကွက်တယ်ဆိုတာဟာလဲ
ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေကို မယုံဘူးလို့ပြောတာနဲ့အတူတူဘဲဖြစ်တယ်။
ဒေသကြီး ကိုယ်စားလှယ်အရေအတွက်ဟာ လွှတ်တော်မှာ
တစ်ဝက်ကျော် စိုးမိုးပြီးသားဖြစ်တဲ့အတွက်
တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့်တွေကို
အနိုင်ရမဲ့ ပြည်မအခြေစိုက် ပါတီကြီးတွေ က ထိန်းချုပ်ထားပြီးဖြစ်တယ်။

တိုင်းရင်းသားပြည်နယ်တွေအနေနဲ့ ဗဟိုကပေးထားတဲ့ ဘားဂျပ်ခွဲဝေမှုအောက်မှာ
အခြေခံဥပဒေကပေးထားတဲ့ အခွင့်အရေးအောက်မှာတောင်
လုပ်ပိုင်ခွင့်တစ်ချို့တစ်ဝက်ကို ယုံကြည်စွာအပ်နှံလိုမှုမရှိဘူးဖြစ်နေတာဟာ
တိုင်းရင်းအသီးသီးထဲက နိုင်ငံရေးနည်းလမ်းဖြင့်
 ပြည်ထောင်စုအသီးအပွင့်ကို ကောင်းတူဆိုးဖက် ရရှိခံစားနိုင်ရန်ကြိုးစားနေကြသည့်
နိုင်ငံရေးအင်အားစု များအား အားအင်ဆုတ်ယုတ်စေပြီး
လက်နက်ကိုင်တော်လှန်လမ်းစဉ်ကိုယုံကြည်ကြသည့်
အင်အားစုများကို ...... အားသစ်လောင်းသကဲ့ဖြစ်နေပေလိမ့်မည်။

တိုင်းပြည်အခြေအနေကိုကြည့်လျင်
လောက်ကိုင်စစ်ပွဲကိုကြည့်၍ သိနိုင်ပေသည်။
လောက်ကိုင်သတင်းများကို ဖတ်၍
လောက်ကိုင်၏ အစိုးရတင်မြှောက်ထားသော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအောက်တွင်
ယွမ် ငွေဖြင့်သာအလုပ် လုပ်ကြပြီး၊
အကြီးအကျယ်စိုက်ပျိုးနေသည့် ကြံစိုက်ခင်းများတွင်
လုပ်ကိုင်နေသူများသည် မြန်မာပြည်အလယ်ပိုင်းတွင်
 ကြံစိုက် ယာစိုက်၍ ဘဝကို မရှင်သန်နိုင်တော့သည့်
အညာ၊မြေလတ်မှ တောင်သူ လယ်သမား အလုပ်သမား များသာ
ဖြစ်နေသည်ကိုတွေ့ကြရပေလိမ့်မည်။
သုံးသော ယွမ်ငွေနှင့် လုပ်နေကြသော လုပ်သားများကို
ကြည့်၍ ဘယ်သူတွေက စီးပွါးရေးအရ သိမ်းပိုက်ထားပြီးသားဆိုတာသိနိုင်သလို
ကိုယ်ငှားထားတဲ့ခြံ ကိုယ်ခြံစောင့်ပေးနေရသလိုသာဟု
မြင်မိပါသည်။

၄၃၆ ကို က ရော ခရော မပြင်လိုတာဟာ
တစ်တိုင်းပြည်လုံး ငါတို့က လွဲယင် တစ်ယောက်မှ
မယုံဟုပြောနေသလိုပင် ယူဆသည်။

တပ်မတော်က လွှတ်တော်မှာအစိတ်သားရှိသင့်လျင်၊
အင်ဂျင်နီယာ၊ ဆရာဝန်၊ကျောင်းဆရာ စသည်ဖြင့်အားလုံး အစိတ်သားစီထဲ့သင့်၍
ရွေးချယ်ခံ  အစိတ်သားသာထားသင့်ပြီး၊

ညောင်နှစ်ပင်ညီလာခံလို
လွှတ်တော်ကို တစ်မတ်သားတွေကသာ 
 ရှေ့ဆက်ကြီးစိုးနေမယ်ဆိုလျင်တော့
ခင်ဗျားတို့ဖါသာ စီစဉ်လိုက်ပါတော့ဟု
တိုက်တွန်းချင်ပါသည်။

MPC ရေ ညှိရတာတွေက ပိုက်ဆံတွေကုန်လှသမို့
ထူးလာမှာလဲ မဟုတ်သလို ငါတို့ကြွေးတွေ နည်းနည်းကာအောင်
မင်းတို့နေရာလေး Super Disco/Night Club တစ်ခုခု ဖြစ်ဖြစ်
karaoke နဲ့ Spa ဖြစ်ဖြစ်ပြောင်းဖွင့် ကြည့်ရင် ပိုအောင်မြင်မေ ထင်ရဲ့ကွာ။

မင်းတို့ဟာလေးအောင်မြင်ရင် နယ်ပြည်တော် ဟာတွေလဲ
ထပ်စဉ်းစားကြတာပေါ့။

အစိတ်သားက ပုတ်ပုတ်ချနေတော့ကာ
ဆွေးနွေးနေရတာတွေက အချိန်ကုန် ကြွေးထူတာဘဲ
အဖတ်တင်တယ်ကွာ
Karaoke လေးပြောင်းဖွင့်လိုက်ယင် ရှယ်ဘဲဗျ။၊

လုံခြုံရေးလဲကောင်းပြီးသား မို့ အထူးစပါယ်ရှယ်တွေ လာလာနားကြမှာပျို့။