စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, March 14, 2016

ကမ္ပည်း ထိုးကြရန် လိုပြီ (စစ်တွေမြို့တည်နှစ် ၁၉၀ပြည့် အမှတ်တရ အပိုင်း-၁)

ကျနော် ခလေးအရွယ် မူလတန်းအရွယ်၊ ဆယ်ကျော်သက်အရွယ်၊ ဘွဲ့ရအိမ်ထောင်ကျ ၊
ဒုတိယကနေ တတိယအရွယ်စဝင်ပြီလို့ဆိုကြတဲ့ ၅၀ ကိုဖြတ်သန်းခဲ့တဲ့အထိ
အခုမြို့တည်နှစ် ၁၉၀ ပြည့်ပြီဖြစ်တဲ့ မိမိဇာတိမြို့လဲဖြစ်တဲ့
စစ်တွေမြို့ရဲ့ အထင်ကရနေရာတော်တော် များရော
မိမိကြီးပြင်းလာခဲ့တဲ့အရွယ်အသီးသီးမှာ အကြိမ်ပေါင်းများစွာ သွားလာလည်ပတ်ဖြတ်သန်းနေခဲ့ဖူးတဲ့နေရာတွေပေမယ့်၊
 ကျနော် သေချာ ဂဃနဏ မသိတဲ့ ဧည့်သည်တစ်ယောက်က
ဖတ်ကြည့်စရာ ငကမ္ပည်းမရှိလို့ မေးလာခဲ့ရင်တေင်
ကိုယ်ကလဲ သေချာမဖြေတတ်တဲ့ Landmark building တွေအများကြီးရှိနေကြပါတယ်။
မြန်မာနိုင်ငံ အနှံ့လဲ ဒီလို ဘဲ ရှိမှာပါဘဲ။

စစ်တွေမြို့သက်တမ်းနဲ့သိပ်မကွာတဲ့ စကာင်္ပူမှာ သမိုင်းကြောင်းဆိုတာ တိုတောင်းတော့
နဂါးပါးစပ်ရဲ့သွားဆိုပြီးကျောက်တုန်းတစ်တုန်းရဲ့ ရာဇဝင်ကို ကျောက်ပြားပေါ် ကမ္ပည်းထိုး ရှင်းပြထားတာမျိုးတွေအပါအဝင် ပါးစပ်ရာဇဝင်အချို့၊
WWII တုန့်း နဲ့မတိုင်ခင်က ကျန်ခဲ့တဲ့ ခံတပ်တွေ ၊
သက်တန်းရှည် အိမ်ကြီးအချို့နဲ့အဆောက်အဦးအချို့ကို သေချာ ကမ္ပည်းထိုး
အများပြည်သူသိအောင်ပြထားတာတွေ့ရတဲ့အပြင် ၊
လွတ်လပ်ရေးရပြီးနှစ်ငါးဆယ်အတွင်း
တဟုန်ထိုးတိုးတက်လာမှုကြောင့်ပြောင်းလဲသွားတဲ့
အစားထိုးသွားတဲ့ ပတ်ဝန်းကျင်နဲ့ မျိုးဆက်သစ်တွေသိဖို့ ဒီနေရာဟာ
နကိုယ်က ကျေးရွာကလေးဘယ်လိုဆိုတာ
ဒီ Food court ကြီးဟာ အယင်က ကျောက်ဆိပ်ဘေးက သားငါးဈေးကြီး စသည်ဖြင့်
 ဓါတ်ပုံကားချပ်၊ပန်းချီကားချပ်တွေဖြင့်ရော
သတ္တုပြားပေါ် print လုပ်စာတန်းထိုးပြီး၊
အများပြည်သူမြင်ကွင်းနေရာတွေမှာ ကမ္ပည်းထိုးပြတာတွေ မြင်တွေ့ရင်း၊
ငါတို့ပြည် ငါတို့မြို့တွေမှာ မှားခြင်းမှန်ခြင်း ဆုတ်ယုတ်ခြင်း တိုးတက်ခြင်းနဲ့ မဆိုင်တဲ့
သမိုင်းအထောက်အထားအမှန် အချက်အလက်မှန်တွေ ထိန်းသိမ်းမှတ်တန်းတင်
အများပြည်သူအတွက်အမြဲ လွယ်ကူစွာ သိရှိလေ့လာနိုင်အောင်လုပ်ယင်း မပျောက်ပျက်အောင်
ထိန်းသိမ်မှု အင်မတန်အားနည်းနေ ကြောင်းယူဆတဲ့  စိတ်အာသီသကြောင့်
ဒီပိုစ့်ဖြင့် ရေးသားနိုးဆော်လိုက်ရပါသည်။

ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘိုးဘွားတွေရဲ့ မျိုးဆက်တွေကို
အသစ်အသစ်မျိုးဆက်တွေက လက်ဆင့်ကမ်းဖြတ်သန်းလာတဲ့ကာလအချိန်တွေ
ကုန်လွန်လာမှုနဲ့အတူ အိုမင်းကြီးရင့်လာရင်း
နှစ် ၁၉၀ ကာလတစ်လျောက်ကနေ့ရက်တွေဟာ
ကျနော်တို့တွေသတိမမူတဲ့ သမိုင်းစာမျက်နှာသစ်တွေအဖြစ်
အားလုံး ဟာ  စဉ်ဆက်မပြတ် ကျန်ရစ်နေခဲ့ကြရတာပါဘဲ။။

သမိုင်းစာမျက်နှာ တွေရဲ့ချန်ထားခဲ့တဲ့  အဆောက်အဦးနေရာ၊ ပုံစံအားလုံးကို ဒီအတိုင်းထားမယ်ဆိုတာမဖြစ်နိုင်တဲ့အတွက်
အသစ်သစ်တွေကနေရာယူသွားတာမျိုးတွေရှိသလို
အဟောင်းကိုပြုပြင်ပြောင်းလဲ လိုက်တာမျိုး၊
ရှေးမူအတိုင်း ထိန်းသိမ်းထားကြတာမျိုးလဲရှိကြပါတယ်၊
ဒီလိုလုံးဝဖယ်ရှားအသစ်ဆောက်မလား......
ခိုင်ခန့်လှပအောင် ပြန်လည်ပြုပြင်ပြောင်းလဲလိုက်မလား....
ရှေးမူမပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားမလား.....
....... ဆိုတာကတော့၊
ဇာတိနေပြည်သူတွေရဲ့သဘောထား၊
 မြိုအာဏာပိုင်၊ ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ၊
ဘဏ္ဌာသုံးစွဲခွင့်တွေ၊ ပေါ်လစီတွေအပေါ်မူတည်ကာ
စံနစ်တစ်ကျ စဉ်းစား စီမံဆုံးဖြတ်၍ Urban development တွေရဲ့
လုပ်ဆောင်ဆောင်ရွက်မှုတွေမှာလဲ ရှု့ထောင့်မျိုးစုံသော ကဏ္ဌက
ထည့်သွင်းစဉ်းစား assessment လုပ်ကာ ထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပါသည်။

အခု မြို့စစ်တွေ တည်ထောင်တာ နှစ်တစ်ရာ့ကိုးဆယ်သာရှိသေးသည်မို့
သက်ရှည်မြို့တစ်ခုတော့မဟုတ်သေး သော်လည်း
ပဒေသရာဇ်ခေတ်များအဆုံးသတ်ခါနီး
ဗြိတိသျှကိုလိုနီလက်အောက်ကျရောက်ခါစ
သူတို့၏ မဟာဗျုဟာနှင့် အုပ်ချုပ်ရေး ကုန်သွယ်ရေး စစ်ရေးအရ
အိန္ဒိယဘုံဘေကာလက္ကတား၊ ပီနန် စကာင်္ပူစတဲ့
သူတို့ရဲ့ ကိုလိုနီဆိပ်ကမ်းခံတပ်
ကုန်သွယ်ရေးအချက်အချာကျရာ ကမ်းရိုးတမ်းတစ်လျေက်
အခင်းအကျင်းထားရန် ဒေသထွက်ကုန်နှင့် သွင်းကုန်များကုန်သွယ်ရန်
 ရေလမ်းကြောင်းရေတပ်မတော်ကို မဏ္ဏိုင်ထား
ကိုလိုနီပြုသည့် ဗြိတိသျှတို့အတွက် လိုအပ်သည့် မရှိမဖြစ်သည့်
ဆိပ်ကမ်းမြို့များဖြစ်သည့်   ရန်ကုန် မော်လမြိုင်  စသည့်
ဆိပ်ကမ်းမြို့များကဲ့သို့ပင်   လိုအပ်သလို ခန့်မှန်းနေထိုင် လူဦးရေ အနည်းအများနှင့်
အညီ စံနစ်တကျ တည်ဆောက်ခဲ့  သည့် အရေးပါသော ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ပါသည်။

ရန်ကုန် မော်လမြိုင် ရန်ကုန် စသည့် ဗြိတိသျှ အစိုးရအုပ်ချုပ်မှုအတွက်
လိုအပ်သော အင်္ဂလန်၊ ဘုံဘေ၊ ကာလကတ္တား၊ ဒါဂျီလင်ကျောင်းဆင်းပညာတတ်
ဥပဒေပညာရှင်၊ ဆရာဝန်၊အင်ဂျင်နီယာ ရခိုင်ပညာတတ်များစွာ စစ်တွေမြို့မှပေါ်ထွက်ခဲ့၍
ဦးချန်ထွန်း ဦးမေအောင်တို့ ကဲ့သို့ ပညာတတ်ကြီးများ၊ ICS များ၊
မြို့ကြီးအသီးသီး နှင့်နိုင်ငံအုပ်ချုပ်ရေး ဥပဒေပြုရေး ကဏ္ဌအသီးသီးတို့တွင် ဦးဆောင်ပါဝင်ခဲ့ကြပါသည်။

သို့ဖြစ်၍ စစ်တွေမြို့၏ သမိုင်းအမွေအနှစ်အများစုသည်
ပဒေသရာဇ်ခေတ်သမိုင်းမှတ်တိုင်များမရှိဟုပင် ဆိုရလောက်ပြီး
အဓိက မှတ်တိုင် အဆောက်အဦးများသည်
 ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဆောက်အဦးများနှင့်
ကိုလိုနီခေတ် တွင် တည်ဆောက်ခဲ့ သည့် နှစ်ရာကျော်ရှိကြပြီဖြစ်သည့်
Pre-World War II သမိုင်းဝင်အဆောက်အဦး Landmarks များဖြစ်ကြပါသည်။

ဘာသာရေးဆိုင်ရာအဆောက်အဦးများသည်
အထူးသဖြင့် ဗုဒ္ဓဘာသာရေးဆိုင်ရာ ဘုရားပုထိုးအဆောက်အဦးများသည်
တစ်စုံတစ်ယောက်သို့မဟုတ် အများစုစည်းလှူတန်းတည်ဆောက်ကြ၍
ကမ္ပည်းထိုးလေ့ရှိကြသဖြင့် ဘယ်ခုနှစ်တွင်ဆောက်လုပ်၍ ဘယ်အလှူရှင်ဖြစ်ကြောင်းသိရှိနိုင်ကြသော်လည်း၊
မည်သူ၏ စိတ်ကူးဥဏ် ဒီဇိုင်း ဘယ်ပညာရှင်က
ဦးစီးတည်ဆောက်သည်ဟုတော့ရေးသားလေ့မရှိကြပါ။
လှူတန်း ငွေကြေးဘဏ္ဌာ စိုက်ထုတ်သူကိုသာ
 ဖေါ်ထုတ်မှတ်တမ်းတင်လေ့ရှိကြပါသည်။

ကျန်သည့် ပုဂ္ဂလိကပိုင် အများပိုင်အဆောက်အဦးများကိုမူ
တည်ထောင်သည့်နှစ်နှင့်ပတ်သက်၍
အဆောက်အဦးတည်ဆောက်စဉ်ကထည်းက
ရေးသွင်းခဲ့ပါက တွေ့မြင်သိရှိနိုင်ပြီး
အသေးစိတ်အချက်အလက်များအနေဖြင့် ဓါတ်ပုံမှတ်တမ်း၊
ဒိုင်ယာရီမှတ်တမ်း သမိုင်းမှတ်တမ်းအနေဖြင့်
 နောင်လာနောင်သားသိရှိအောင် ကမ္ပည်း ထိုးထားမှု
အင်မတန်အားနည်းကြောင်း
စစ်တွေမြို့၏ အများပိုင်ပြည်သူပိုင်
အထင်ကရနေရာများနှင့်ပတ်သက်၍ တွေ့မြင်ရပါသည်။

ကျနော့်သည် သမိုင်းပညာရှင်လည်းမဟုတ်၊
 ရှေးဟောင်းသုတေသနပညာရှင်လည်းမဟုတ်
နိုင်ငံရေးသမား၊ အစိုးရအာဏာပိုင်အဖွဲ့လည်းမဟုတ်ဘဲ
ပြည်ပနိုင်ငံတစ်ခုတွင် နှစ်ပေါင်းများစွာ ဘဝတစ်ခုကိုကြိုးစားရပ်တည်ယင်း
 တွေ့ကြုံရသည့် အတွေ့အကြုံပေါ် သုံးသပ်၍
အတွေးအမြင်တစ်ခုကို ရေးသားမိခြင်းပါ။

ပထမဆုံး အတွေးတစ်ခုကိုပြောရလျင်
စစ်တွေမြို့သို့မြောက်ဦးသို့ ရှေးဟောင်းအမွေအနှစ်များ
 သွားရောက်လေ့လာရန် လာရောက်ကြသည့် ခရီးသွား ဧည့်သည်များအား
စစ်တွေတွင် ရောက်ရှိနေခိုက် စစ်တွေမြို့၏
အဓိက နေရာအချို့ကို ဥပမာထား၍
  လေ့လာသိရှိ  စိတ်ဝင်စားမှုရှိစေရန်
 နေရာအချို့အပေါ် ကမ္ပည်းထိုးမှတ်တမ်းတင်ဖို့ပါ၊
ဒီလိုလုပ်ခြင်းအားဖြင့် Tour agency အဆင့်ဆင့်ဟာလဲ
သူတို့ရဲ့ ကြော်ငြာတွေမှာ ထည့်သွင်းရေးသား ဆွဲဆောင်ရင်း
 ဈေးကွက်တစ်ခု marketing တစ်ခုအတွက်
ချဲ့ထွင်ကြီးမားလာစေပါလိမ့်မယ်။

၁) ကမ္ပည်းထိုးရန်လိုနေသည့် စစ်တွေ ပွိုင့် သို့မဟုတ် Fakir Point

ကျနော်ငယ်စဉ်ကစ အကြိမ်တရာမက မိဘမောင်နှမနှင့်၊ ချစ်သူငယ်ရည်းစား နှင့်၊
သူငယ်ချင်းအုပ်စု နှင့်၊ မိသားစု ဆွေမျိုးနှင့်၊ ဧည့်သည်လိုက်ပို့ယင်းနှင့်
ရပ်ကွက်သူသားတို့နှင့်ပျော်ပွဲစားထွက်ယင်းနှင့် စသည်ဖြင့်
 ရောက်ရှိခဲ့ဘူးသော်လည်း၊ မူလကတည်းက ရှိသည့် အမြှောက်နှစ်လက်၊
မျှော်စင်၊ ဤ point နေရာသည် ၊ မည်သူကစ၍ မည်သည့်နှစ်လောက်ကစ၍
မည်သည်ကိုအစွဲထား၍ စတင်ခေါ်ဝေါ်ခဲ့ကြောင်း လက်ရှိမျှော်စင်ကို မည့်နှစ်က
စ၍ ဆောက်ခဲ့ကြောင်း အမြှောက်နှစ်လက်ဤနေရာတွင်ထားပြီး
ဘယ်အချိန်ကျရင်နေ့တိုင်းအမြောက်ဖေါက်လေ့ရှိခဲ့ကြောင်း
သေချာ မှတ်တမ်းမှတ်ရာ ဖတ်ရှု့စရာ ကမ္ပည်းထိုးထားတာမျိုးမတွေ့ရခြင်းပါ။

မိမိလည်း  ဇာတိစစ်တွေ သား ဖြစ်စေကာမူ
 ဘယ်ပြတိုက် ဘယ်နေရာမှာ မှတ်တမ်းမှတ်ရာ ရှိကြောင်း
ရှာဖွေမစူးစမ်းမိသလို ထိုစစ်တွေ၏ အထင်ကရနေရာများတွင်လည်း
မှတ်တမ်းမှတ်ရာ ပြသမထား၍ ယခုအချိန်ထိသေချာ မသိခဲ့သော်လည်း
မကြာသေးခင်က online ပေါ်ရှာဖွေကြည့်ရာမှ
အနောက်တိုင်းသားတို့၏ မှတ်တမ်းတင်ထားရာမှာ
သိလာသမျှအချို့ကို ဖေါ်ပြပေးမည်၊
မှားနေပါကထောက်ပြပေးနိုင်ပါသည်။

ပွိုင့် သို့မဟုတ် မူရင်း ဗြိတိသျှတွေ အမည် ပေးခဲ့တဲ့
Fakir point နေရာမှာရှိတဲ့ မူလမျှော်စင် Tower ဟာ
 ရခိုင်ပြည်အင်္ဂလိပ်လက်အောက်ရောက်ပြီးနှစ်ဆယ်တိတိအကြာ.....
(1824 Anglo-Burma First War)
စစ်တွေမြို့တည်ပြီး ၁၈နှစ်အကြာ .......
၁၈၄၄ခုနှစ် မှာ  Royal Engineer တဦးဖြစ်တဲ့  Lieutenant Siddons က
7m မြင့်တဲ့ Lighthouse မျှော်စင်အဖြစ်
ဦးစီးတည်ဆောက်ခဲ့တယ်ဆိုပါတယ်၊

မြန်မာ့ကမ်းရိုးအတွက် အချက်ပြမီးပြတိုက် တစ်ခုအနေနဲ့ရော
ကာလကတၲား စကာၤပူ ကုန္သြယ္သေဘာၤေတြျဖတ္သန္းသြားလာၾကရာမွာ
 ရေကြောင်းလမ်းပြအချက်ပြဖို့ရန်အတွက်ပါ ရည်ရွယ်တည်ဆောက်တဲ့
မီးပြတာဝါ Lighthouse တစ်ခုဖြစ်သလို
 မြန်မာပြည်ရဲ့ ပထမဆုံး  Lighthouse တစ်ခုလဲဖြစ်တယ်ဆိုပါတယ်။

ဒါကြီး အသုံးမပြုတော့ဘဲနှစ်တွေကြာပြီး သူ့ရဲ့ မျှော်စင်ပေါ်က Lantern ကို
အချက်ပြမီးအိမ်ကို ဖြုတ်လိုက်ကာ စောင့်ကြည့် ရှု့မြော်စင်တစ်ခုအဖြစ်သာ
အသုံးပြုတော့ပြီး ၁၈၉၁ ရောက်မှ
 လေးချမ်းတောင်လို့ ကျနော်တို့ခေါ်ကြတဲ့ ပွိုင့်တစ်ဖက်မှ
ပင်လယ်ဝကျောက်ဆောင်ကျွန်း အင်္ဂလိပ်အခေါ်
Savage Island ပေါ်မှာ မီးပြတိုက် လေးချမ်းတောင်မီးပြတိုက်သို့မဟုတ်
Savage Island lighthouse (21m = 69ft stone structure tower)ကို တည်ဆောက်ခဲ့တယ်ဆိုပါတယ်။
လေးချမ်းတောင်မီးပြဟာလဲ ၁၉၈၀ ခုနှစ်ကစလို့ အသုံးမပြုတော့ကြောင်းသိရပါတယ်။

အဲဒီကနေ အနောက်ဖက် 15nautical miles အကွာ
 မေယုမြစ်ရဲ့အဝ .........
(ပင်လယ်လိပ်ကြီးတွေပေါများစွာတွေ့ရတတ်တဲ့)
Oyster island(Mayu Island)  ပေါ်မှာ
 မူလက 1876-1884 ထိ Oyster reef light ဆိုပြီး
screw pile light tower ရှိခဲ့ကာ
မုန်တိုင်းကြောင့်ပျက်စီးသွားပြီး
ယခုလက်ရှိ Oyster lighthouse ကို
၁၈၉၂မှာ အစားထိုး တည်ဆောက်ခဲ့
တာ လို့ ဆိုပါတယ်။

 ဒီ Oyster Island ပေါ်မှာ ယခုတွေ့ကြရတဲ့
Oyster lighthouse ခေါ် Mayu Lighthouse ကို
1885 မှာ navigation station အဖြစ်စတင် Established လုပ်ခဲ့ပြီး
1892 မှာမှ Round cast iron structure အဖြစ် 40m(131ft)
အမြင့်တည်ဆောက်ခဲ့ကာ 2006 Maya Cyclone မုန်တိုင်းတုန်းက ပျက်စီးမှုရှိခဲ့လို့ ပြန်လည်ပြင်ဆင်ခဲ့ရတယ်ဆိုပါတယ်။
လက်ရှိအသုံးပြုဆဲ lighthouse တစ်ခုဖြစ်ပါတယ်။

အံသြစရာ ကောင်းတာက
စစ်တွေပွိုင့် နကိုယ် မီးပြမျှော်စင်ဟောင်းရဲ့
အနောက်ဖက် မီတာ ၃၀၀ လောက်အကွာမှာတည်ရှိတဲ့ ၊
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှတည်ဆောက်တဲ့၊
27 m (89 ft) မြင့်ပြီး square pyramidal skeletal tower ခေါ် Steel structure tower တစ်ခုအဖြစ်
တည်ဆောက်အသုံးပြုနေဆဲ မီးပြတိုက်ဟာ
 မြန့်မာ့ မီးပြများ မှတ်တမ်းမှာရော
ကမ္ဘာ့မီးပြတိုက် တွေနဲ့ဆိုင်တဲ့ အွန်လိုင်း page တွေမှာပါ
flash signal အမျိုးအစား တည်နေရာအတိအကျဖေါ်ပြတာတွေ့ရပေမယ့်
ဘယ်နှစ်က ဆောက်လုပ်ခဲ့မှန်း မသိဘူးဟုသာ ဖေါ်ပြထားခြင်းကို
တွေ့ရခြင်းပါဘဲ။

စစ်တွေပွိင့်အပန်းဖြေစခန်းကို ငွေကြေးအကုန်အကျများစွာဖြင့်
 ပြည်နယ်ဝန်ကြီးချုပ်လက်ထက်တွင်
အကြီးစားပြင်ဆင်လိုက်ပါတယ်
အရင်အစိုးရ လက်ထက် အဆက်ဆက်မှာလဲ ပုံစံမျိုးစုံ
 ပြုပြင်ခဲ့တာတွေ့ ခဲ့ဘူးပါတယ်။
ဟိုးတုန်းက ဘိလပ်မြေပြားမိုးခေါင်မိုး၊ ပျဉ်ခေါင်မိုး နဲ့
သွပ်ခေါင်းမိုးတွေပါတဲ့ နားနေစရာ အပမ်းဖြေခုံတွေလုပ်ခဲ့ရာမှာ
 သုံးတဲ့ သံတွေ၊ မူလီအမျိုးအစားနဲ့ ဆေး သုံးစွဲမှု၊
ထိန်းသိမ်းမှုတို့ ညံ့ဖျင်းတာကြောင်ရယ်၊
ပင်လယ်ဆားဓါတ်ပါတဲ့လေတိုက်မှုရေပက်မှု ဒဏ်ကို
 ကြာရှည်မခံနိုင်တဲ့ material တွေသုံးစွဲမှုကြောင့်ရယ်
 လူတွေရဲ့ စည်းကမ်းမဲ့ အသိအမြင်နည်း ဖျက်လိုဖျက်ဆီး စိတ်ကြောင့်ရယ်
 ကြာမရှည် အချိန်မတန် ဘဲ ခဏခဏ ပျက်စီး ခဲ့ရတတ်တာကြောင့်
 ခေါင်မိုးမပါတဲ့ အုတ်ခုံတွေအဖြစ်ပြန်တည်ဆောက်တာတွေ့ဖူးခဲ့ပါတယ်။၊
ဒီ fakir point tower ကိုယ်လဲ ဆေးပုံစံမျိုးစုံ နဲ့ ခေါင်းမိုးတတ်ဆင်မှုအကြိမ်ကြိမ်
လုပ်တာ တွေ့ရပါတယ်။ အခုနောက်ဆုံးပြင်ဆင်မှုက တော့ မူလပုံကို လုံးဝ ပြောင်းလဲစေတဲ့
ပုံစံဖြစ်သွားပါတယ်။ ပြုပြင်ပစ်လိုက်ပြီးမှတော့ အပြစ်မပြောလိုပါ။

သို့သော် ဒီတာဝါ ဟာ
တဖြည်းဖြည်း နှစ် ၁၇၀ ကနေ နှစ်ရာပြည့်လာတော့မယ့်
ကိုလိုနီခေတ်ဦးသမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်လာပြီမို့

သမိုင်းမှတ်တမ်း အနေဖြင့်ရော......၊

လာရောက်လည်ပတ်သူ
 ပြည်သူပြည်သားရော ဧည့်သည် ခရီးသွားများအတွက်ရော.......၊

Outdoor activity short trip လေးတွေထွက်ခွင့်ပေး ဒေသန္တာရ ဗဟုသုတ
ပေးသင့်တဲ့ပညာရေးစံနစ်မျိုးနဲ့ မူလတန်း၊ အလယ်တန်း ခလေးလူငယ်လေးအတွက်
လက်တွေ့ ဗဟုသုတတိုးရန်ပါ၊

ဒီလို landmark အဆောက်အဦးတွေရဲ့ အနားမှာ၊
ကျောက်ပြားသံပြားပေါ် ထိုးထွင်း ရိုက်နှိပ်၍ဖြစ်စေ၊
မှတ်တမ်း၊ ပြခန်းပုံစံ အခန်းငယ်နှင့်ဖြစ်စေ၊
သမိုင်းကြောင်း မူလ ပုံစံ၊ ခေတ်အဆက်ဓါတ်ပုံ တို့နှင့်သေချာစွာ
မှတ်တမ်း ပြု   ပြသထားမည်ဆိုပါက
စိတ်ဝင်စားစရာဆွဲဆောင်မှုလည်းဖြစ်၊
 ဖျောက်ဖျက်၍လည်းမရသော သမိုင်းအဖြစ်ကျန်ရှိနေပေမည်။

အမြောက်နှစ်လက်မှနေ တစ်လက်ဖြစ်သွားမှုကိုလည်းပူစရာမလိုပါ
မူလက ဘယ်နှစ်လက်ရှိ၍ မည်ကဲ့သို့ အသုံးပြုရန် ဘယ်နှစ်ခုမှ စတင်နေရချထားခဲ့ကြောင်း၊
ဘယ်နှစ်ခုနှစ်တွင် တစ်လက်ကို ဖြုတ်ယူ မည်သည့်နေရာသို့သယ်ဆောင်သွားကာပြသထားပြီး
တစ်လက်သာ ကျန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအမှန် ကမ္ပည်းထိုးထားနိုင်ပါက
သမိုင်းမပျောက် မြီရှင်ကြွေးရှင် ထာဝရ ရှိနေလျက် ပိုမိုစိတ်ဝင်စားစရာ
သမိုင်းမှတ်တမ်းတင်ကျန်ရစ်ပါလိမ့်မည်။

 မဟာမြတ်မုဏိအရှင်တော်ကိုယ်ပွါး ဘယ်ဒေသတွင်ကျိန်းစက်ကျိန်းစက်၊
ဇလွန် ပြည်တော်တစ်ဝက်ပြန်ဘုရား ဘယ်ဒေသတွင် ကျိန်းစက်ကျိန်းစက်
အလှူရှင်ဒါယကာ သမိုင်းထိန်းသိမ်းထားပါက
သွန်းလောင်းသူအလှူရှင်ဟာ အလှူရှင်ပါဘဲ။

ဒါ့အပြင် ပွို့င့်နှင့်ပတ်သက်၍ ပြောလို သည်မှာ
အများပြည်သူ ပင်လယ်အပန်းဖြေစခန်းဆိုတာ
ပြည်သူတွေရဲ့လုံခြုံမှုအတွက်တာဝန်ယူရပါတယ်။

ယခုအခါ ဂိတ်ဝင်ကြေးတွေကောက်ခံကြောင်းကြားသိရပါတယ်၊
ဝင်ကြေးကောက်ခံလုပ်ဆောင်ပြီဆိုလျင်၊
ဝင်ရောက်အပန်းဖြေသူများ၏ မတော်တစ်ဆမှု၊
လုံခြုံမှုများကိုပါ အတိုင်းအတာ တစ်ခုထိ
တာဝန်ယူစောင့်ရှောက်ခြင်းလုပ်ပေးရပါလိမ့်မည်၊
မတော်တစ်ဆပြုတ်ကျမှု၊ ရေနစ်မှု ဒဏ်ရာရမှုများဖြစ်လာခဲ့လျင်၊
 ဒီကမ်းခြေစီမံခန့်ခွဲနေသူ၏ စီမံမှုပေါ့လျော့မှုကြောင့်ဆိုလျင်
နစ်နာသူဖက်က လျော်ကြေးတောင်း တရားစွဲဆိုမှုများ ရှိလာနိုင်ပါသည်။
အန္တရာယ်ရှိသည့်အရာများအားလုံး လေ့လာသုံးသပ် assessment လုပ်ပြီး
အရေးပေါ်ကယ်ဆယ်ရေး အစီစဉ်၊ Life buoy, Life/Coast Guard များ ထားပေးခြင်း၊
Police post သို့မဟုတ် Patrol ပုံမှန် ထားပေးခြင်း၊ First aid training ပေးထားခြင်းများ၊
 ရေနက်၊အန္တရာယ်ရှိသည့်နေရာများ အတွက်၊ သတိပေးလိုက်နာနိုင်ရန် Signage /sign board များ
တတ်ဆင်သတိပေးထားခြင်များ နေရာအနှံ့ လိုအပ်သလို ထားပေးရပါလိမ့်မည်။
ဟိုးတုန်းက အတွေ့အကြုံအရ ပွိုင့် သမိုင်းတွင်
 ရေနစ်သေဆုံးမှု ပြုတ်ကျသေဆံးမှုများ အကြိမ်ကြိမ်ရှိခဲ့ဖူးပါသည်။

အရေးကြီးဆုံးတစ်ခု နောက်ဆုံး တိုက်တွန်းချင်တာကတော့
အများသုံးအိမ်သာ အရေအတွက်လုံလုံလောက်လောက်နှင့် သန့်ရှင်းစွာ ရှိနေစေဖို့ပါ
Fakir point tower ဟာ တစ်ချိန်တုံးက အများပြည်သူ အပေါ့အပါးသွားရာနေရာတစ်ခုအလား
 အတွင်းလှေကားပေါက်ထဲဝင်ရမှာတောင် ဧည့်သည်တွေခေါ်ဖို့ခက်တဲ့
ရှက်ဖွေလိလိအခြေအနေရှိခဲ့ပါတယ်
အများသုံးအိမ်သာဆိုတာ ရှိရကောင်းမှန်း မသိခဲ့လို့ဟု ယူဆပါတယ်။

ကျနော်တို့၏ဖြတ်သန်းနေမှုသည်နှောင်းလူတို့အတွက်သမိုင်းများကိုရေးသားနေခြင်းပင်ဖြစ်သဖြင့်
ကျနော်တို့ခေတ်တွင်ရှိနေသည့် landmark အဆောက်အဦးများကို ကျနော်တို့က ကမ္ပည်း ရေး စာတန်းမထိုးပေးနိုင်ခဲ့လျင်
နှောင်းလူတို့အတွက် သမိုင်းကွင်းဆက်များပျောက်နေစေလိမ့်မည်ဖြစ်ပါသည်။



ကျန်သည့်နေရာတစ်ချို့ အတွက်ဆက်လက်ရေးသားပါအုံးမည်။
နှစ်မခန့်မှန်းတတ်ပါ ၁၉၀၀ မတိုင်ခင် ပတ်ဝန်းကျင်ခန့်ဟုယူဆရပါသည်။

နှစ်မခန့်မှန်းတတ်ပါ ဒီပို့ကဒ်ထဲမှ မူရင်းပုံသည် ၁၉၀၀ မတိုင်ခင် ပတ်ဝန်းကျင်ခန့်ဟုယူဆရပါသည်
နှစ်မခန့်မှန်းတတ်ပါ ၁၉၀၀ မတိုင်ခင် ပတ်ဝန်းကျင်ခန့်ဟုယူဆရပါသည်။

စစ်တွေ ဆန်းသစ်ဓါတ်ပုံတိုက်မှ ရိုက်ထားသည့်ပုံအား  နိုင်ငံခြား  lighthouse page တစ်ခုတွင်တင်ထားသည်ကို တွေ့ရပါသည်။ ကျနော်တို့ ဆယ်နှစ်သားအရွယ် ၁၉၇၅ ခုနှစ်ခန့် ပတ်ဝန်းကျင်က ရိုက်ကူးသည့် ပုံဟု ခန့်မှန်းရပါသည်။

စစ်တွေပွိုင့် Fakir point tower -ရိုက်ကူးသည့်ခုနှစ်မသိ
လွန်ခဲ့သည့် ဆယ့်ငါးနှစ် နှစ်ဆယ်ခန့်က ပုံဟု ယူဆပါသည်။


လွန်ခဲ့သည့် ၂နှစ်ပတ်ဝန်းကျင်ခန့်က ပုံဟု ယူဆပါသည် နောက် မပြုပြင်မှီ ရိုက်ထားသည့်ပုံဟုယူဆပါသည်။




ရိုက်ကူးကာလ နှင့် ဤဆေးရောင်သုတ်ထားသည့် ပွိုင့်မျှော်စင် အချိန်ကာလ ကို မိမိ မခန့်မှန်းတတ်ပါ
ကိုစိုးသန့်အောင်၏ ဓါတ်ပုံဖြစ်ပါသည်။

 


 
 ၂၀၁၆ နောက်ဆုံးပြုပြင်ပြီးပုံတွေပါ










 
 







အမြောက်နှစ်လက် နှင့် စစ်တွေပွိုင့် ၊

မူလ အမြောက်နှစ်လက်ပုံပါ   [ ကိုထွန်းထွန်းနိုင်(စစ်တွေ) ဖေ့စ်ဘုတ်ပို့စ်မှကူးယူဖေါ်ပြပါသည်။]





နောက်ဆုံး ၂၀၁၆ ပြုပြင်မှု မစတင်မီ အမြောက်တစ်လက်တည်းတင်ထားပုံပါ။
အမြောင်များ၏ သမိုင်းနှင့်အတူ ကျန် အမြောက်တစ်လက် ဘယ်သို့ပြောင်းရွှေ့သွားကြောင်းကဗျည်းထိုးမှတ်တမ်းတွင် ထည့်သွင်းရေးထား မှတ်တမ်းတင်ထားသင့်ပါသည်။


နောက်ဆုံး ၂၀၁၆ ပြုပြင်မှု မစတင်မီ အမြောက်တစ်လက်တည်းတင်ထားပုံပါ။
အမြောင်များ၏ သမိုင်းနှင့်အတူ ကျန် အမြောက်တစ်လက် ဘယ်သို့ပြောင်းရွှေ့သွားကြောင်းကဗျည်းထိုးမှတ်တမ်းတွင် ထည့်သွင်းရေးထား မှတ်တမ်းတင်ထားသင့်ပါသည်။

နောက်ဆုံး ၂၀၁၆ ပြုပြင်မှု မစတင်မီ အမြောက်တစ်လက်တည်းတင်ထားပုံပါ။
အမြောင်များ၏ သမိုင်းနှင့်အတူ ကျန် အမြောက်တစ်လက် ဘယ်သို့ပြောင်းရွှေ့သွားကြောင်းကဗျည်းထိုးမှတ်တမ်းတွင် ထည့်သွင်းရေးထား မှတ်တမ်းတင်ထားသင့်ပါသည်။

နောက်ဆုံး ၂၀၁၆ ပြုပြင်မှု မစတင်မီ အမြောက်တစ်လက်တည်းတင်ထားပုံပါ။
အမြောက်များ၏ သမိုင်းနှင့်အတူ ကျန် အမြောက်တစ်လက် ဘယ်သို့ပြောင်းရွှေ့သွားကြောင်းကဗျည်းထိုးမှတ်တမ်းတွင် ထည့်သွင်းရေးထား မှတ်တမ်းတင်ထားသင့်ပါသည်။

၂၀၁၆ ပြုပြင်ပြီး အမြောက်တင်ထားပုံပါ

၂၀၁၆ ပြုပြင်ပြီး အမြောက်တင်ထားပုံပါ















Thursday, March 10, 2016

မူးယစ်ဆေး နဲ့ လွတ်နေသော ငရဲခွေးများ

မြန်မာပြည်မှာ မူးယစ်ဆေးသုံးစွဲသူ၊
မူးယစ်ဆေးမှောင်ခိုသယ်ဆောင်ရောင်းဝယ်သူတွေကို ခဏခဏ
ဖမ်းဆီးမိတာ ခေတ်အဆက်ဆက် သတင်းတွေထဲမှာ တွေ့ဖူးသလို၊
ဘိန်းစိမ်းဘိန်းဖြူ  ဘာမူးယစ်ဆေး ညာမူးယစ်ဆေး သယ်ဆောင်တာမိပြန်ပြီ
ထောင်ဘယ် နှစ်နှစ်ချလိုက်ပြန်ပြီ၊ သေဒဏ်ပေးလိုက်ပြန်ပြီ ဆိုပြီး
ခဏ ခဏ သတင်းတွေမှာ တွေ့ရ ဖတ်ရပါတယ်။

သူတို့တွေကို ပေးတဲ့အပြစ်ဒဏ်တွေ ကို
 ပြည့်အောင်ခံကြရသလားဆိုတာတော့
လွတ်ငြိမ်းချမ်းသာခွင့်တွေများလွန်းတဲ့ ဒီဆယ်စုနှစ်ပိုင်းမှာ မခန့်မှန်းတတ်ပါဘူး၊
လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်တွေကလဲ reason အမျိုျးမျိုး နဲ့များသကိုးဗျ။

ဒါပေမယ့် အံသြစရာ အလွန်ကောင်းတာက
 ခေတ်အဆက်ဆက်မှာ ဒီမူးယစ်ဆေးနဲ့ ပတ်သက်ပြီး
ဘိန်းထုတ်လုပ်ဖြန့်ကားသူ တနည်း ဘိန်းဘုရင်ကြီး မူးယူဆေးရာဇာကြီးတွေနဲ့ တစ်ပည့်တွေဟာ၊
အာဏာရ ပုဂ္ဂိုလ်ကြီးတွေ အချို့ နဲ့ သင့်မြတ် ငြိမ်းချမ်းရေးယူကာ
သူတို့ထုတ်လုပ်ဖြန့်ချီလို့ ချမ်းသာကြွယ်ဝလာတဲ့
ဘီလီယံငွေကြေးတွေထဲက တစ်ချို့တစ်ဝက်ကို
နိုင်ငံတော် အခွန်အဖြစ် ရာခိုင်နှုန်းတစ်ခုကို ဒီလိုလူမျိုးတွေ နဲ့
လာပ်ယူ လာပ်ပေးနဲ့ ချမ်းသာနေသူတွေအတွက်အတွက်
ဟပေးထားတဲ့ ဥပဒေ လို့တောင် ပြောရမှာဖြစ်တဲ့
ဥပဒေ ဘောင်အထဲက ပေးဆောင် လိုက်တာနဲ့....၊
မြန်မာနိုင်ငံရဲ့ လူဂုဏ်တန် သူဌေးကြီးတွေ လို
တစ်ပည့်တစ်ပန်းတွေပါ မကျန် အသိုက်အဝန်းကြီး နဲ့
မြို့ပေါ်တက် ဇိမ်ခံကားတွေ၊ တိုက်တွေ၊ ကုပ္မဏီတွေထောင်
စီးပွါးလုပ်နိုင်ခွင့်ရနေကြတာပါဘဲ။ တန်ဒါတွေ၊ ကန်ထရိုက်တွေဆွဲခွင့်ရကြတာပါဘဲ။
အများပိုင်ကုပ္မဏီတွေ ဖွင့်ခွင့်ရသွားကြတာပါဘဲ။
ဒီခေတ်အဆက်ဆက် ဘိန်းဘုရင်ကြီးတွေ မူးယစ်ဆေးရာဇာကြီးတွေရဲ့ မြန်မာနိုင်ငံ လူဂုဏ်တန် အသိုက်အဝိုင်းမှာ ကြိုက်သလိုနေ
နိုင်ငံရေးသာ မလုပ်နဲ့ ကျန်တာအကုန်လုပ်နိုင်တယ်ဟု မပြောယုံတစ်မယ်၊
ဥပဒေဘောင်အတွင်းအပြင်၊ ခြံစည်းရိုးပေါ်မှာ နေနိုင် ကြသမျှတော့၊

ဘိန်းရာဇာ ဆိုတာ မြန်မာပြည်သူတွေအတွက်အားကျစရာအထင်ကြီးစရာ
တစ်ခုအလား စံနမူနာ တစ်ခုအလား ဖြစ်နေသရွေ့၊
မူးယစ်ဆေး စိုက်သူ၊ ထုတ်လုပ်သူ၊ မှောင်ခိုသူ၊သုံးစွဲသူဆိုတာလဲ
ပွါးများရှင်သန် နေလျက် လူမှုအသိုက်အဝိုင်းကို ဒုက္ခ လှလှ ပေးလျက်နေအုန်းမှာပါဘဲ။

ကျနော် ငယ်ငယ်တုန်းနဲ့ လူပျိုပေါက်အရွယ်တုန်းကတော့
 နိုင်ငံကျော်မင်းသားကြီး ကွယ်လွန်သူဦးဇော်ဝမ်း၊
" စေလိုရာစေ "ရုပ်ရှင်ကား၊  ကျောက်ခဲ သီချင်းတို့နဲ့ ကျော်ကြားနံမည်ကြီးလာချိန်
 မူးယစ်ဆေးကြောင့် ထောင်ဒဏ်ကျခံရမှု၊
ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော် ဦးစိုင်းထီးဆိုင် စိတ္တဇအလွမ်း၊
မန္တလေးယောက်ရှမ်းတစ်ယောက်တို့နဲ့ နံမည်ကြီးနေချိန်မှာဘဲ
တိုင်းသိပြည်သိ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ကြမှုတို့ကို
သတင်းစာကြီးတွေက တစ်ဆင့် ကြားသိခဲ့ရဖူးပါတယ်။
အဲဒီကာလ အချိန်တုန်းက ဘိန်းရောင်းဝယ်သူ၊ ဘိန်းမှောင်ခို၊
စတဲ့အလုပ်လုပ်ကိုင်သူတွေဟာ လူမှုအသိုက်အဝန်းမှာ
ဝင်တိုးဖို့ဆိုတာ မလွယ်ပါဘူး၊

သူတို့တွေ ပြစ်ဒဏ်ခံပြီးပြန်လွတ်လာကာ
အနုပညာလုပ်ငန်းတွေကို
တည်ငြိမ်ရင့်ကျက်စွာ ပြန်လုပ်ကိုင်ကြိုးစားလာတ့အခါ၊
 ပြည်သူ့ချစ်ခင်မှု ခွင့်လွှတ်မှု ကို
ပြန်လည်ခံယူရရှိ ပြန်လည်ကျော်ကြားမှုရရှိကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းကာလ တွေမှာ အသိုက်အဝန်းကြီးသူ
မြန်မာဆယ်လီဘရီတီး တစ်ချို့ မူးယစ်ဆေးသုံးစွဲမှုနဲ့ မိပေမယ့်
 တိတ်တဆိတ် ခံဝန်ချက်တွေပြန်လွတ်လိုက်တဲ့သတင်းတွေ
ဟာဖုန်းဖုန်းဖိဖိ မြုပ်နှံထားတာကနေ လူမှုကွန်ယက်ပေါ်မှ ပေါ်ထွက်လာဖူးပါတယ်။

လာပ်ပေးလာပ်ယူမှု အပေါ်အောက်ပျံ့နှံ့နေတော့ နေရာတကာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ယင်း ကာ ယင်း စင်တဲ့တံတွေးတွေနဲ့
တစ်ဖြည်းဖြည်းညစ်ပေလာမှုကို သန့်ရှင်းရေးလုပ်ဖို့ ဝန်လေးနေယင်း၊
လူမှုအသိုက်အဝန်းမှာ ဆိုးတဲ့ နမူနာ ကောင်းတဲ့ နမူနာ ဟာ
သီးခြားရပ်တည်နေတဲ့စံတစ်အနေနဲ့ ပြစရာမရှိတော့
အဆိုးအကောင်းဆိုတာ အမြဲဒန်တွဲ ရောထွေးနေတတ်တဲ့ စံနမူနာလိုဖြစ်လာတာဟာဟာ
တိုင်းပြည်မွဲပြာကျ၊ စာရိတ္တယိမ်းယိုင်သွားရခြင်း တရားဥပဒေ စိုးမိုးမှု လျော့ရဲ ရခြင်းတွေရဲ့
အကြောင်းရင်းထဲက တစ်ခုလို့ယုံကြည်ပါတယ်။