စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, June 29, 2014

တပင်တိုင် မှသည် မြမန်းဂီရိ သို့

"" တပင်တိုင် မှသည် မြမန်းဂီရိ သို့""

တိုးတိုးတစ်မျိုး ကြိတ်ပြီးတော့တစ်ဖုံ
ကျယ်ကျယ်တစ်မျိုး ငိုပြီးတစ်ခါ
ယုံအောင်လဲရွှဲ ဆဲဆိုခြင်းလဲ တသဲသဲနဲ့၊
လည်ဖြတ်တာကတစ်ဖုံ မုဒိန်းကျင့်တာက တစ်ပွဲ
သရုပ်မျိုးစုံကာနွဲပြီးတော့
အမျိုးဘာသာ သာသနာ လုပ်နေကြတာ
ဘယ်သူဘယ်ဝါတွေနဲ့ ဘယ်တရားဟောဆရာ
ဘယ်သူဘယ်ဝါတွေလဲဟေ့
သောကြာတစ်မျိုး စနေ တစ်ဖုံ
အိမ်ရှေ့တစ်မျိုး အိမ်နောက်တသွယ် ရာဇဝင် အထွေထွေနဲ့
မဖယ်စတမ်း အိမ်ဦးခန်းမှ တက်နေချင်တဲ့
သူ့အမျိုးဘာသာ သာသနာစောင့် စစ်စစ်တွေ့ရဲ့
အဟုတ်ကို ချစ်ပြနေ သလိုဘဲမို့
ဘယ်အဝှာတွေ လိုချင်ကြသလဲလို့
ဒီမိုကရေစီအရေး ဝင်နွှဲနေကြသလဲလို့
မမေးကြတော့ဘူးလား ကွယ်တို့ရေ
လှမ်းမေးလိုက်ချင်ပါသေးရဲ့  ကိုကရေစီ တို့ရေ။ ။........

တည်မြဲ သန့်ရှင်း အလွန်အမင်း  ယုံကြည်
 မိရိုးဖလာ သက်သက် မဟုတ် ဗုဒ္ဓဘာသာဝင် အဟုတ် ၊
ဒီမိုနဲ့ လူအရေး ပိုတောင်ချစ်သေးသဗျဆိုကာ၊

ကိုယ့်မျိုးကိုယ်ဆဲ ငါပဲဟုတ် သဟေ့....
မနက် ည  တကာ တနေကုန် ဝေဖန်နေကြတာ
မကြားဝံ့ မနာသာ နားနဲ့မနာ ဖဝါးနဲ့နာပါ...
 ဒါဟာ တရားတော် အတိုင်းပါ  နှိုင်းပြီးတော့ဝေဖန်တာ
ဘာမှ အမှားမပါ ဘူးတဲ့ဗျာ။
ဘုရားလဲ ရှေ့နေ တရားလဲ သက်သေ ခေါ်ခံရကာ
 နှစ်ဘက်လျောက်လဲချက်ပေးကြသဗျာ
တပည့်တော် အညတရလေးမှာ မကြားလိုတော့ပါ ခင်ဗျာ။ ။

မယုံရင် အောက်မှာကြည့်ပါ
ဒီတစ်ခါ အမှန်အကန်ပါဗျာ
 ကြိုက်သလောက်ဝေဖန်ပါ
ဒီအမျိုးစောင့် လူတွင်ကျယ်
 ကိုဧည့်သည် များကိုကွာ
 ကိုယ့်လူတို့ရေ  ရှိကြီးခိုးပါရဲ့ လုပ်ချလိုက်စမ်းပါ။။"""""

မိမိတို့ ခံယူချက်နှင့်ဆန့်ကျင်နေသော အမျိုးသားရေး နိုင်ငံရေးရောယှက်ပါဝင်နေကြသော
 မြန်မာစစ်စစ် ဗမာစစ်စစ် ပြည်သူ တစ်ချို့ ၊
ဘုန်းကြီးတစ်ချို့  နှင့်
 ရဟန်းတစ်ချို့ တို့အပေါ်
 နေ့စဉ်နှင့်အမျှ ဝေဖန် ဆဲဆို
ပုတ်ခတ်ပြောဆိုနေကြသည့် အချိန်တွင်၊

 မြန်မာနိုင်ငံထဲသို့ နေ့နှင့်အမျှဝင်ရောက်လာကြပြီး
 နှစ်အတန်အသင့် လူဦးရေအတန်အသင့်ရှိလာ ပြီး
သမိုင်းဝင်ပါဟု ပြောလောက်ပြီ ထင်ချိန်တွင်
 ရှေ့လာသူနှင့်နောက်လာသူ နှစ်ဖက်ညှပ်၍
အောက် ဖေါ်ပြပါ အတိုင်း အမျိုးဘာသာ
သာသနာ စောင့်ရှောက်ရေး ဆိုတေးတွေ ဟစ်ကြွေးပြီးတော့
 ကန့်လန့်ကာနောက်ကွယ်ကနေ  တစ်မျိုး
ဇါတ်စင်ရှေ့ရောက် တစ်ပါးသွား နှစ်ပါးသွား က တစ်ဖုံ၊
 ရှေ့ထွက် နောက်ထွက်စုံလင်စွာဖြင့်
ကပြနေကြပြီ ကို ဘာဝိနည်းနဲ့ မညီဘူး၊
ဘာနိုင်ငံရေး မလုပ်သင့် လို့
ခင်ဗျားတို့တွေ အသံကျယ်ကျယ်နဲ့ ဆုံးမသင့်ပြီ။

ခင်ဗျားတို့စောင့်ကြည့်ကြပါ။
တစ်ကိုယ်လုံးဝင်ပြီးရင်တော့
 ခြင်ထောင်ပေါ်တောင်မကဘဲ၊
ဘုရားစင်ပေါ် ချီးပါချခံရဖို့နီးပြီဆိုတာ
သတိပေးလိုက်ပါရစေ။
စာရင်းမကောက်ရသေးဘဲ
ခန့်မှန်းထားတဲ့ ၃သန်းကျော်လေးသန်းဆိုတာ တိုင်းရင်းသားလူမျိုးတော်တော်များများရဲ့
တစ်ခုချင်း လူဦးရေထက် အများကြီးသာလွန်နေပြီ။ ဗမာလူမျိုးဦးရေထက်သာနည်းရင်နည်းမယ်။

ဗုဒ္ဓဘာသာ ဝင်တွေထဲမှာ
ဘာသာရေးပြင်းထန်စွာယုံကြည်သူ
ကိုယ့်ဘာသာမှ ကိုယ်ဘာသာဆိုပြီး
တစ်ခြားဘာသာနဲ့ သဟဇတ မနေနိုင်သူ/မဖြစ်သူ
 ၁၀၀ မှာ ၁၀ ရှိရင်ရှိမယ်၊
ကျန် ၉၀ က ၁၀ ကို
အလွန်အကျွံမဖြစ်အောင် ထိမ်းနိုင်တယ်။

ဒါပေမယ့် အောက် ဖေါ်ပြပါ
ဘာသာမှာတော့ ၁၀၀ မှာ ၉၀ ဟာ
 ယုံကြည်မှုပြင်းထန်ပြီး
သူများဘာသာတွေနဲ့ သဟဇါတ မဖြစ်ဘူး။
ကျန်တဲ့ ၁၀ ကလဲ ၉၀ ကို မထိမ်းသိမ်းနိုင်ဘူး။
(အထူးသဖြင့် သွတ်သွင်းခံရလို့ ပြောင်းသွားရတဲ့နိုင်ငံတွေထက်
 နကိုယ်မူလ ထဲက ကိုးကွယ်တဲ့ လူမျိုးတွေမှာ
 ပိုယုံကြည်မှုပြင်းထန်တယ်။)

ဒီ ကိစ္စဟာ ဒီမိုကရေစီ ပြောင်းလဲရေး၊
တိုင်းရင်းသား အခွင့်အရေးတွေ ညီတူညီမျှ ခံစားခွင့်တွေနဲ့အတူ
 ကြားဝင် အခွင့်အရေးယူ တစ်ကိုယ်လုံးဝင်ပြီး နောက်ဆုံးမှ မှုံရွှေရည် အစား
  ၊
 မြမန်းဂီရိ ယိုးဒယား ဘီလူးက နဲ့ အဆုံးသတ်လာ နိုင်တဲ့ ကိစ္စ ဖြစ်တာမို့
 နောက်ချန်မထားဘဲ တပြိုင်ထဲဖြေရှင်းသွားရမယ့်
အရေးဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

Hindi ဟာ Hindi ဘယ်ရောက်ရောက် နှစ်ဘယ်လောက်ကြာကြာ Hindi ပဲ၊
Tamil ဟာ Tamil ဘယ်ရောက်ရောက် နှစ်ဘယ်လောက်ကြာကြာ Tamil ပဲ၊
Bangli ဟာ Bangli ဘယ်ရောက်ရောက် နှစ်ဘယ်လောက်ကြာကြာ Bangli ပဲ၊
Gurhar ဟာ Gurhar ဘယ်ရောက်ရောက် နှစ်ဘယ်လောက်ကြာကြာ Gurhar ပဲ၊
Chinese ဟာ Chinese ဘယ်ရောက်ရောက်
 နှစ်ဘယ်လောက်ကြာကြာ Chinese ပဲ၊
Malay ဟာ Malay  ဘယ်ရောက်ရောက်
 နှစ်ဘယ်လောက်ကြာကြာ Malay  ပဲ၊
အဖိုး Javanese(အင်ဒိုနီးရှား ဂျာဗားလူမျိုး) မို့
Singapore နိုင်ငံသားပေမယ့် မြေးလက်ထက်မှာလဲ
 I.C ပေါ်မှာ Javanese  ဖေါ်ပြခံထားရသူ စကာင်္ပူမှာရှိတယ်၊
ရှက်စရာမဟုတ်ဘူး ဂုဏ်ယူစရာသာဖြစ်တယ်။

ဘာဖြစ်လို့ဗမာပြည်မှာ ဒီအတိုင်းမလုပ်ရဲတာလဲ၊
ဘိုးတော်ဘုရားခေတ်ကပဲရောက်ရောက်၊
အနော်ရထာခေတ်ကပဲရောက်ရောက်
 သွေးမရောသေးရင် ဒီအတိုင်းဘဲရှိရမယ်၊
ဆစ်လူမျိုးဆိုတာ သူ့ရဲ့ လူနာမည် အမှန်ပဲ Sikh လူမျိုးပဲ၊
ပန်ဂျာပီ လဲ Punjabi ပဲ၊ ဂေါ်ရခါး က Gurkha ပဲဆိုတာ
မူလဒေသကကော ကမ္ဘာမှာပါလက်ခံထားတဲ့
မိမိ pride နဲ့ မိမိ ဂုဏ်ယူသင့် တဲ့ အမည်နာမ တွေ ချည်းဘဲ။

ဗမာတွေ စင်္ကာပူတို့ ၊ အမေရိကားရောက်သွားလို့မိုလို့
 ရွှေ လို့ အပြင်မှာပဲ ကိုယ်ဟာကိုခေါ်လို့ရတယ်၊
 နောက်နှစ်တရာကြာရင် နိုင်ငံခြားရောက် ဗမာတွေက
 ငါတို့ ဗမာ မဟုတ်ပါဘူး ရွှေလူမျိုးပါ ငါတို့မှာ
 ရွှေလို့ရည်ညွှန်းထားတဲ့စာရွက်တွေအများကြီးလို့
ကမ္ဘာကိုလိမ်ခိုင်းလို့ရရင်ရမယ်
ကိုယ့်ဟာကိုယ်တော့မရဘူး၊
ပသျူးတွေ၊ ပသီတွေ၊ ခေါ်တော၊ ဂေါ်ရင်ဂျီ၊
ချစ်တီး၊ ပန်းသေး ဘာမှ မရှိဘူး၊
လက်တိုတရုတ်၊ လက်ရှည် တစ်ရုတ် ဘာမှမရှိဘူး၊
ဒီလူမျိုးတွေဟာ ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိတဲ့နေရာက
 ရွှေ့ပြောင်းရောက်ရှိလာကြပြီး၊ လူမျိုးအထင်အရှားရှိပြီးသားလူတွေမို့
ဗမာတွေက မိမိတို့ဖါသာ မိမိတို့ ခွဲခြားလို့ရအောင်
တစ်ခုခုကိုအစွဲပြု အညွှန်းပြုပြီး
အရပ်စကားအရခေါ်ခဲ့ကြတာကို
တရားဝင်မှတ်တမ်းသွားတင်ရင်
 နောင်တစ်ချိန်မှာ မြန်မာမျိုးဆက်သစ်တွေဟာ.......
ချစ်တီးကုလားဆိုတာ အိန္ဒိယက ရွှေ့ပြောင်းရောက်ရှိလာမှန်းမသိဘဲ၊
အညာဖက်က လယ်ပိုင်ရှင် ငွေတိုးချေးစားတဲ့
 ဗမာလူမျိုးနွယ်တစ်ခုကဆင်းသက်လာတယ်လို့
သမိုင်းမှားတွေဖြစ်သွားလိမ့်မယ်။

ဒီလို သမိုင်းကို ဘာလို့ပြောင်းချင်ကြတာလဲ၊
 နောက်ကွယ်က အကြောင်းရှိကိုရှိတယ်၊
မယုံရင် သတ္တိရှိရင် ခင်ဗျားတို့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ရှိသမျှတိုင်းရင်းသားဆိုတဲ့စာလုံးနေရာကို
 နိုင်ငံသားဆိုတဲ့စာလုံးနဲ့အစားထိုးခွင့်ပေး၊
 မြန်မာနိုင်ငံကိုလဲ ဒေါက်တာ အေးမောင်ပြောသလို
 မြန်မာ နံမည်ဖျောက် United Golden land လို့များ
အမည်ပေး ပစ်လိုက် ခဲ့ရင် ဒီလူတွေ ဘာနာမည် ဘာလူမျိုးအနေနဲ့
ဘယ်လောက်ရာခိုင်နှန်း ဆက်နေမလဲ ပသီတောင်းအုံးမလား၊
ပသျူးတောင်းအုံးမလား၊ စမ်းကြည့်ချင်သေးတယ်။

သူတို့ ဘာဖြစ်လို့ နိုင်ငံသားအဖြစ်နဲ့ မကျေနပ်နိုင်ဘဲ
တိုင်းရင်းသား လိုချင်သလဲ၊
တိုင်းရင်းသားတွေ ဘာအခွင့်အရေးများ ပိုရနေကြလို့လဲ၊
တိုင်းရင်းသားတွေ ကို နိုင်ငံတော်က ပိုချမ်းသာအောင်လုပ်ပေးနေလို့လား၊
 မြန်မာပြည်မှာ အမှန်တစ်ကယ် ဘယ်လူမျိုးတွေက
 စီးပွါးရေး အများဆုံးလုပ် ချမ်းသာပြီး အုပ်စုတောင့်သလဲ၊
ဒါပေမယ့် ဘာဖြစ်လို့ တိုင်းရင်းသားအသည်းအသန်ဖြစ်ချင်နေတာလဲ၊
တိုင်းရင်းသား သူတို့ထက်ပိုတာလို့
ပြောနိုင်တဲ့အောက်ပါအခွင်းအရေးတွေကို
 ရလာလိမ့်မယ်ဆိုတာသိနေလို့ဘဲ။
  • ဒုသမတ နဲ့၊ သမတ ဖြစ်ပိုင်ခွင့် ၊
  •  ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လူဦးရေ ပြည့်မှီရင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန နဲ့ ဝန်ကြီး ထားပိုင်ခွင့်၊ 
  •  ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေမှာ သူတို့တိုင်းရင်းသား အားလုံးဆန္ဒပါဆိုပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးတောင်းဆိုလာခွင့်


သူတို့ရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေလဲ
 ပြည်နယ် နဲ့ တိုင်းဒေသကြီးတော်တော် များများကနေ
 ပေါ်ထွက်လာနိုင်လို့
ရိုဟင်ဂျာတောင်းတဲ့လူကတောင်း
ပသျူးတောင်းတဲ့လူကတောင်းဆိုတာ
ဆင်သွားသလို ထင်ရှားနေတယ်။

ရခိုင်ပြည်နယ်ဟာ၊ တပ်တွေ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေက
ဘယ်လောက်ဘဲလပ်စားလပ်စား ရခိုင်တွေရဲ့
အသက်နဲ့ နေထိုင်ရေးကိုတော့ အပြည့်အဝ မဟုတ်တောင်
အပြည့်အဝ နီးပါး ကာကွယ်ထားသေးလို့
ရခိုင်လူမျိုး မကျဆုံးရသေးပေမယ့်၊
ရိုဟင်ဂျာလို့ဘဲ ဖြစ်ဖြစ် ပသီလို့ဘဲဖြစ်ဖြစ်
တိုင်းရင်းသားပေးလိုက်ပြီ ဆိုရင်တော့၊
ဒီမိုကရေစီ စံနစ်အောက်မှာ၊ ရခိုင်တွေအားလုံး
မျိုးတုန်းခံရတော့မယ်ဆိုတာ အချိန်က သက်သေပြသွားလိမ့်မယ်၊
ဒီလိုဖြစ်ခဲ့ရင်တော့ တိုင်းရင်းသားချင်း ဘယ်တုန်းကမှ
 သွေးခွဲစကားမပြောခဲ့တဲ့ ကျနော့်အနေနဲ့
ကိုယ့်မိတ်ဆွေတွေတော့အားနာပါရဲ့၊
ဒီနေရာကနေပြောချင်တာကတော့
တိုင်းရင်းသားတစ်ကျပ် ဗမာ ၁၄ကျပ်လောက်ယူပြီး
လွတ်လပ်ရေးရပြီးကထဲက
အုပ်ချုပ်နေတဲ့ ဗမာ အစိုးရ တရားခံဘဲ လို့
လက်ညှိုးထိုးရပါလိမ့်မယ် ခင်ဗျာ လို့ပဲ
ဒီကနေ ပြောလိုက်ချင်ပါရဲ့ဗျာ။

" ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပါတီတို့၏ မဟာဗျူဟာလက်တံ "



ကျနော့ကို ဖွဲ့စည်းပုံ ပြင်ဖို့ သဘောတူသလား လို့ ချက်ဘောက်ကနေ မေးသူတွေ အတွက်
 လောဘ ဒေါသ မောဟ မကုန်သေးတဲ့ ကျနော်
ဦးစားပေးပွင့်လင်းစွာ ဖြေရရင် တတ်မတတ် သင့်မသင့်တော့ မသိဘူး
ကျနော်ကိုယ်တိုင် ဒီနေ့ရယင် ဒီနေ့ အားလုံးကြိုက်မယ် ထင်တာတွေ
ကိုယ့်စိတ်ကြိုက် ပြန်ရေးလိုက်ချင်ပါတယ်။
အဲလို ဖြေခွင့်ကို မကြိုက်ကြဘူးဆိုရင်တော့
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
နိုင်ငံသားအမှန်တစ်ကယ်ဖြစ်ထိုက်ခွင့်ရှိသူ မြန်မာနိုင်ငံသားအားလုံး၊
တိုင်းရင်းသားအားလုံး တို့အတွက် သင့်တင့်မျှတ တဲ့
ဒေသတိုင်း ဒေသတိုင်း မိမိတို့ပြည်နယ် နဲ့ဒေသတွေကို ဒီမိုကရေစီနဲ့အညီ
မိမိတို့ရဲ့ အနိုင်ရ ပြည်သူ့ရွေးချယ်ခံ ကိုယ်စားလှယ် များဖြင့် ဦးဆောင် စီမံခန့်ခွဲနိုင်ခွင့်ရှိမယ့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခု ပြန်လည်ထွက်ပေါ်လာရေးကို
အမြဲတောင့်တနေပါတယ်။

တံခါးကလေး မဟတဟ ယူနီဖေါင်းချွှတ် တွေ ၈၀% လောက် ကြီးစိုးထားတဲ့
အစိုးရ လက်အောက် လွှတ်တ်ာစိုးမိုးမှုအောက်ကနေ တောင်းဆိုနေမှာထက်၊
လက်ရှိအာဏာရတွေ ဂတိပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ မျှတစွာ လုပ်ဖြစ်ဖို့နဲ့၊
မိမိတို့ပါတီအသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အရည်အချင်းမြှင့်တင်ဖို့
ကျန်ရှိတဲ့ အချိန် တစ်နစ်ကျော်လေးမှာ ကြိုးစားအားထုတ်ကြရင်း၊
၂၀၁၅ အတွက် အရည်အချင်းရော အရည်အတွက်ပါ လွှတ်တော်ထဲ သို့ ရောက်ရှိဖို့

ဒီမိုတွေ တိုင်းရင်းသားတွေ နိုင်ငံသားတွေ 
တိုင်းပြည်တိုးတက်ပြီး  အာဏာရှင်ဒီမိုအတုစနစ် ဖျက်သိမ်းလိုသူတွေ
အားလုံးအားလုံးရဲ့
အရည်အချင်းပြည့်ဝတဲ့
 ပြည်သူ့ကိုယ်စားလှယ်တွေအားလုံး
စုစည်းစုဆောင်း လွှတ်တော်ထဲ များများအောင်းပြီး
ပြည်သူ နဲ့ လွှတ်တော် ပူးပေါင်း တိုက်ပွဲ ဝင်ရင်း
နာဂစ်ဥကြီးကို ဒီမိုဥကြီးအဖြစ်ပြောင်းလဲဖို့  
ပိုမို ဆန္ဒပြု
ယူဆပါကြောင်း
ဖြေကြားပါရစေ။

ပြည်ဖြိုးနဲ့ အာဏာရအစိုးရက
အခြေအနေမကောင်းလို့  ၂၀၁၅ ကို အကန့်အသတ်မရှိ
ပို့စ်ပုံး လုပ်တယ်ဆိုရင်
ခင်ဗျားတို့ ဘယ်လို ပြင်ဆင်ထားသလဲ
တုန့်ပြန် မလဲ ပြန်လည်သိချင်မေးချင်ပါသေးတယ်။

၁၉၅၈ ထဲက ကျနော်တို့တွေ လက်ခုပ်ထဲက ရေဘဲ  
ရှိသေးတယ်လို့ယူဆ သလို
ပြီးခဲ့တဲ့ အဖြစ်တွေ သုံးသပ်ရင်း နိုင်ငံရေး ခြေလှမ်းတစ်ရပ် မမှားဖို့ လဲ
ဆန္ဒပေးပါရစေ။

ရခိုင်ပြည်နယ်ရဲ့ ဗိုလ်မောင်မောင်အုန်း case ဟာ၊
Pro ရော၊ ဒီမိုတွေ အတွက်ပါ လက်ရှိရှိနေတဲ့ အခြေအနေ
အခက်အခဲတွေ ကို ထင်ဟတ်ပြသနေတယ်လို့ ယူဆပါတယ်။

မိမိထင်မြင်ချက်မှာ
လက်ရှိ ခြေဥအရ - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထဲမှသာ
သင့်တော်သည့် သူကို သမတမှ ဝန်ကြီးချုပ်လောင်းအဖြစ်
တင်သွင်းကာ ပြည်နယ်လွှတ်တော်မှ ဆီလျော်သော  
အကြောင်းပြချက် မရှိလျင် အတည်ပြုချက်ပေးရပါမည်။
လက်ရှိ ခြေဥတွင် မည်သည့်လူမျိုးဖြစ်ရမည်ဟု ဖေါ်ပြမထားပါ။

ဤသို့ဆိုလျင် လက်ရှိနိုင်ငံတော်သမတသည်
၂၀၁၀ ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ဟောင်း
ဦးလှမောင်တင် အပါအဝင် တပ်မတော်အရာရှိအချို့ကို 
စစ်တပ်မှ အနားယူစေကာ
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရခိုင်လူမျိုးလွှတ်တော်ကိုယ်စားလှယ်  
အဖြစ်အရွေးခံကြရာတွင် 
အချို့ရှုံးနိမ့်ရကြသဖြင့် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်မလာ
စစ်တပ်သို့လည်းပြန်သွား၍မရ ကြပါ။

၎င်းအုပ်စုထဲမှ အနိုင်ရရှိသူ တစ်ဦးဖြစ်သည့်  
တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်သူ
ဦးလှမောင်တင်အား ရွေးချယ် ဝန်ကြီးချုပ်ရာထူးပေးအပ်ခဲ့ပါသည်။

ယခု ဦးလှမောင်တင် နှုတ်ထွက်သွားရာ
 ပြည်ခိုင်ဖြိုး ရဲ့လက်ရှိပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲတွင်
ဦးသိန်းစိန်နှင့် ဗဟိုမှ အာဏာရှိသူများ ရဲ့  
သတ်မှတ်တဲ့ အရည်အချင်းနှင့် ယုံကြည် စိတ်ချရမည့်
ကိုယ်စားလှယ် ကျန်နေသေးပါ၏လော၊

တစ်ခြားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ထဲတွင်ကော
အရည်အချင်းကော ယုံကြည်မှုပါရှိမည့်.....
 ဗဟို၏ လမ်းညွှန်မှု ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒနှင့်ရော
ဗဟိုအစိုးရအဖွဲ့ပါ အတူလုပ်ဆောင်နိုင်မည့်.......
၂၀ရာခိုင်နှန်းရှိသော ပြည်နယ်လွှတ်တော်၏ စစ်တပ်ကိုယ်စားလှယ်များနှင့်  
အဆင်ပြေစွာ လုပ်ကိုင် လက်ခံနိုင်မည့်
ရခိုင်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊
 NLD ပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊  
ဘင်္ဂလီပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှိနိုင်ပါသလား။
ဗဟိုအစိုးရ ဖွဲ့ခွင့်ရ ပါတီ တစ်ခုအနေဖြင့်
လက်ရှိခြေဥအရ ရပိုင်ခွင့်ရှိထားသော အခွင့်အရေးကို
တစ်ခြားပါတီကိုယ်စားလှယ်အပေါ်
ယုံကြည်စွာအပ်နှံနိုင်မည်မထင်ပါ။


ယခုကိစ္စတွင် ရွေးချယ်တင်မြောက်ခံထားပြီးသား
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ၊
အထက်ပါ လိုအပ်မှုများနှင့် ပြည့်စုံသည့် လူသား  
သူတို့စိတ်ကြိုက်ယုံကြည်သူမရှိ၍...

 ရွေးကောက်ပွဲဝင်စရာမလိုသော
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလည်းဖြစ်၊
uniform လည်းချွတ်စရာမလို၊
အချိန်မရွေးလည်းလူအပြောင်းအလဲလုပ်လို့လည်းရ၊
မိမိတို့ယုံကြည်ရသူလည်းဖြစ်သည့်
ရခိုင်အတွေ့အကြုံလည်းရထားပြီဖြစ်သည့်
 ပြည်နယ် အစိုးရအဖွဲ့၏ဆွဲခန့်တပ်မတော် အရာရှိ ဝန်ကြီးတစ်ဦးကို
 ပြည်နယ်လွှတ်တော် စစ်တပ်ကိုယ်စားလှယ်ပြောင်းခန့််၍
  ပြည်နယ် ဝန်ကြီးချုပ် ပြန်ခန့်သည်မှာ
 ပြည်ခိုင်ဖြိုးနှင့် တပ်မတော် နှစ်ခုလုံးအတွက်  
လက်ရှိရော အနာဂါတ် အတွက်ပါ ဝင်းဝင်း ဗျူဟာလို့ယူဆပါသည်။

တပ်မတော်သားအရာရှိတွေ နောင်ရွေးကောက်ပွဲတွေ မှာ
အရေခွံချွတ် ပြည်ခိုင်ဖြိုးကိုယ်စားအရွေးခံနေရရင်  
စစ်တပ် အရာရှိကြီးတွေ ဒေသအသီးသီးအတွက်ဆုံးရှုံးမှုလည်းခံမှာမို့

ယခုလို အရေခွံချွှတ်စရာမလိုတဲ့နည်းဟာ 
သူတို့အတွက် အရေးပေါ်လိုရင် အာဏာသိမ်းစရာမလိုတဲ့ 
တပ်မတော်ကိုယ်စားလှယ်တွေ အစားထိုးနိုင်တဲ့ နည်းဖြစ်သလို
  
တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးရေရှည် ယုံကြည်မှုရော
ခိုင်မြဲမှုအတွက်ပါပြသရာရောက်နေပါတယ်။

ဒါဟာ ၁၉၉၀ နောက်ပိုင်း တစည ရဲ့သြဇါညောင်းမှု မှေးမှိန်သွားတာကို  
သင်ခန်းစာ ယူထားတာလဲဖြစ်နိုင်ပါတယ်။
ဤအခြေအနေတွင် လက်ရှိခြေဥမူအရ
လုပ်ပိုင်ခွင့်ယူထားခြင်းအား
 နိုင်ငံရေးအရ အတိုက်အခံလုပ်နေ၍
အချိန်ကုန်လူပမ်းမည်။
၂၀၁၅ နောက်ပိုင်း အားလုံးမဲရအောင်ယူကြပြီး၊
 ပြည်နယ်လွှတ်တော်အား ရခိုင်ပါတီမှ အုပ်စီးမိအောင်ကြိုးစားယင်း၊
 ခြေဥအားလည်း တစ်ခြားအနိုင်ရပါတီများနှင့်
 ပြည်ထောင်စုလွှတ်တော်တွင် ကြိုးစားပြင်ဆင်ရန်
ရခိုင်ပါတီခေါင်းဆောင်များ ဆုံးဖြတ်၍
အားမတန်ခင် မာန်လျော့ထားကြသည်ဟု ယုံကြည်မိပါသည်။
 (မည်သို့ပင် စဉ်းစားကြသည်ဖြစ်စေ မိမိကိုယ်တိုင် စီမံခန့်ခွဲခွင့်ရမှာသာ စီမံခန့်ခွဲမှု
အတွေ့အကြုံကိုသိပြီး မိမိတို့ကိုယ်ကို upgrade လုပ်နိုင်ပါလိမ့်မည်၊
မစီမံဖူးသူ စီမံခွင့် မရသူအတွက်မူ လေထဲတိုက်ဆောက်နေရရုံသာရှိပေလိမ့်မည်
ဘာဘဲဖြစ်ဖြစ် ၂၀၁၅ နောက်ပိုင်း စီမံခွင့် ဖန်တီးခွင့် ရနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်)


အာဏာရပါတီတွင်လည်း  ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ
ထူးချွန်တော်နေ  
အရည်အချင်းရှိနေသူတွေ
ပြည်နယ်အဆင့် တိုင်းရင်းသားအသီးသီး
ထဲတွင်ပင်ခေါင်းပါးနည်းပါးနေသေးတယ်လို့လဲ
တစ်နည်းယူဆနိုင်တာမို့
၂၀၁၅ နောက်ပိုင်း ဗဟိုအစိုးရဖွဲ့ခွင့်ရှိလာနိုင်တဲ့ ပြည်ခိုင်ဖြိုးကော
တစ်ခြားပါတီတိုင်းမှာရော
တိုင်းရင်းသားပါတီများမှာပါ၊
လွှတ်တော် အသီးသီးကိုယ်စားပြု ကြမည့်
လွှတ်တော်ကိုယ်စားလှယ်များသည်၊
ဘယ်ခြေဥအောက်ကဘဲ အရွေးခံခံ
 ပြည်သူယုံကြည်မှု တစ်ခုထဲကြောင့်
 မဲနိုင်တာ တစ်ခုထဲကြောင့်မဟုတ်ဘဲ
အရည်အချင်းပြည့်စုံနေကြဖို့ပါ  
အများကြီးလိုအပ်နေပြီဆိုတာ
တစ်စိတ်တစ်ဒေသအားဖြင့် ညွှန်းဆိုပြသနေပြီဟု ဆိုက
မှားအံ့မထင်ပါ။

Tat86Bumi
30-6-2014