စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, September 29, 2015

လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ

လက်ရှိအစိုးရအုပ်စုနဲ့ သူတို့ရဲ့ predecessor အဆက်ဆက် နှစ်ပေါင်းခြောက်ဆယ်လောက်လုပ်လိုက်တာ
ကိုလိုနီခေတ်က Status ထက်ဆိုးသွားတဲ့ကမ္ဘာ့နိုင်ငံအဆင့်ကိုရောက်သွားတယ်
ဒီတော့ မဆလတို့ ပါတီဇုံတို့ ဒီမိုကရေစီတို့ စတဲ့ စံနစ်တွေ သဘောတရားရေးရာတွေထက် လက်အစိုးရ နဲ့သူတို့မျိုးဆက်တွေရဲ့အတွေးအခေါ် နဲ့ အုပ်ချုပ်ပုံကိုပြောင်းချင်လို့ အပြောင်းအလဲကိုလိုလားလို့
နှစ်ပေါင်းသုံးဆယ်လောက်တစ်စိုက်မတ်မတ်တိုက်ပွဲဝင်လာခဲ့တဲ့ ပါတီ ကိုယ်ကျိုးစွန့်အနစ်နာခံထားတဲ့ပါတီကို
တိုင်းရင်းသားရေးရာအမတ်လောင်းမဲကလွဲရင်
ကျန်သုံးမဲလုံး ပေးမယ် ဆုံးဖြတ်ပြီးသား၊
ဒီဆုံးဖြတ်ချက်ကို ပြောင်းစရာအကြောင်းလဲမရှိဘူး၊
ဒါပေမယ့် ပြောစရာရှိတာတော့ပြောချင်တယ်၊
ပါတီစုံစံနစ်မှာ ပါတီတစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်ကြရာမှာ တစ်ခုရဲ့ပေါ်လစီရေးရာအားနည်းချက်ကိုထောက်ပြပြီး
ကိုယ့်ပေါ်လစီရဲ့အားသာချက်ကိုချပြကာ တစ်ခုချင်းအလဲထိုးနိုင်ဖို့ကို အာရုံစိုက်ကြိုးစားကြရမယ်ထင်ပါတယ်
အခုတော့ တစ်ဖက်ကလဲ ပေါ်လစီတွေနဲ့ လူထုမစည်းရုံးဘဲ
 ငွေအင်အားအာဏာအင်အားနဲ့အသုံးပြု ညစ်ပတ်
လိမ်ညာလှည့်ဖြား ကလေး ပန်းသီးကျွေး ပြီး
မဲလိုက်ဝယ်ဖို့ကြိုးစားနေသလို
ကိုယ်အားကိုးတဲ့ ဘက်ကလဲ၊
ပန်းသီးကျွေးရင်စားလိုက်ကွ
အိမ်အတွက်ပါရယင် ပါဆယ်ထုတ်ခဲ့
မဲပေးရင် ငါတို့ပေး ... ဆိုတဲ့ စကားမျိုး
လူထုစည်းရုံးရေးစင်မြင့်မှာရော Social media ထဲမှာပါ
ပလူပျံနေတာကြားရတော့
ဒါဟာ မိုးခါးရေသောက်နေကြတာကို
 ရေချိုသောက်ရအောင်  လုပ်ပေးမယ့်လူတွေရဲ့
ဒီလို ပညာပေးလမ်းပြစကားကြောင့် ပြောင်းလဲလိုပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့
သံယောင်စကားတွေ ကြားရတော့
အတော် လေး ရင်လေးမိပါတယ်၊

ကျနော်လိုချင်တဲ့အပြောင်းအလဲဟာ 
ပေးလာယင်ယူသာယူ၊ တောင်းသာမတောင်းနဲ့၊
သုံးသိန်းထိယူလို့ရတယ် လာပ်ယူတယ်မသတ်မှတ်ဘူး
စတဲ့ အတွေးအခေါ်တွေနဲ့အစိုးရကိုပြောင်းလဲ လိုတာပါ၊
ဒီလိုပြောင်းလဲဖို့ ကြိုးစားနေကြချိန်မှာ
ဒီစကားလုံးဟာ နိုင်ငံတော်နဲ့ပြည်သူကို လမ်းမှန်ပေါ်ပို့မယ့် လို့
ဦးစီး ဦးဆောင် နေတဲ့အဖွဲ့အစည်းပါတီတစ်ခုကပြောရမည့်စကား
မဟုတ်ဘူးလို့ ထောက်ပြချင်ပါတယ်။
ဒါကို ဆဲချင်တယ်ဆိုလဲဆဲနိုင်ပါတယ်။ ပြုံးပြုံးလေးခံပေးပါမယ်။

Sunday, September 27, 2015

ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်မှု များ



၁) မဲပေးနိုင်သူဖြစ်ရဲ့နဲ့  စာရင်းမှားထဲပါနေ၍ မဲပေးခွင့် မရသူ
၂) မဲ/ ကြိုတင်မဲပေးရန်ကို စိတ်ကို မဝင်စားသူ
၃) ရွေးကောက်ပွဲ နှင့် ပါတီများကို မယုံကြည် ၍ မူလကပင် မဲဘယ်သူ့မှ မပေးဘူးဟု ဆုံးဖြတ်ထားသူ
၎) မဲပေးသော်လည်း ပယ်မဲအဖြစ်အသတ်မှတ်ခံရသူ
၅) နိုင်ငံရပ်ခြား သို့မဟုတ် ဝေးရပ်မြေတစ်ခုခုသို့ တရားမဝင်ရေက်ရှိနေသူ
၆)တရားမဝင် အဖွဲ့အစည်းတစ်ခုခုအောက် ရောက်ရှိနေသူ 
၇) မဲစာရင်းတွင်လည်းမပါ ပြန်လည်ပြင်ဆင်ပးရန်လည်းမလျှောက်သဖြင့် မဲပေးခွင့်မရသူ

ထိုသူများ၏ မဲများ အား မည်သည့် ပါတီအဖွဲ့အစည်းကမှ အစားထိုး အသုံးချ မခံရဖို့ အရေးကြီးသည်။ 

နောက်တစ်ခုက
၁) မဲစာရင်းထဲတွင် မဲပေးနိင်သော လူဦးရေထက် ပိုလျုံ့ပြီးစာရင်းပို ပါဝင်နေမှု 
၂) ကြိုတင်မဲများ၏ ခိုင်မာမှု ၊ပွင့်လင်းမြင်သာမှု ရှိမရှိပေါ်ကိုမူတည်၍ ပါတီအဖွဲ့အစည်း တစ်ခုခုမှ အသုံးချသွားနိုင်မှု
၃) အာဏာပိုင် အဖွဲ့အစည်း အင်စတီကျူးရှင်း များ ၊ ဝန်ထမ်း အဖွဲ့အစည်းများ၏  ဝန်ထမ်းများ အဖွဲ့ဝင်များ အား ဗဟိုမှ ချုပ်ကိုင်ကာ ပါတီအဖွဲ့ အစည်းတစ်ခုခု မှ လွှမ်းမိုး ဖိအားပေး၍ မဲပေးစေရန် အသုံးချခြင်း၊  pro-government အုပ်စု တွင်ရော Anti-government အုပ်စုမျာကြားတွင် မဲကွဲနေခြင်း  မဲကွယ်အောင် မိမိကိုယ်တိုင်ကဖြစ်စေ ၊ တစ်ခြား အဖွဲ့ အစည်း တစ်ခုခု က ဖြစ်စေ အချင်းချင်းက ဖြစ်စေ ကြံဆောင်ကြသဖြင့် မဲများ ပြန့်ကြဲ သွားမှု
စသည့် စသည့် အထက်ဖေါ်ပြပါ ကိစ္စ များက  ရွေးကောက်ရလဒ်ကို အကြီးအကျယ်ပြောင်းလဲ လိုက်နိုင်သလို ဤသို့ ပြောင်းလဲရန်လည်း အဖွဲ့အစည်းအချို့က  ကြိုးစားနေကြသည်ဟု  ထင်မြင် ယုံကြည် မိပါသည်။

Thursday, September 24, 2015

" Super moon VS Hazy days "

" Super moon VS Hazy days "
Super moon ကြီးကိုတော့ မြင်စမ်းချင် ပါပေရဲ့ ၊
Super Hazy condition ရေ ကြောင့်
ပြတင်းတောင် မဖွင့်ရဲတာမို့ ၊
စလုံးက မောင် တို့ တွေ ကတော့
Normal Moon လောက် ကလေး ရှု့ မြင်ရ ဖို့
တမ်းတမိ...ဆဲပါကွယ်။
အော် ဟိုအထက်ဆီက မြင့်မိုတောင် စိုစို ကို ၊
တင်ဒါက မခေါ် သေး..
စို ကာ သာ စိမ်း နေတုန်း မို့ ၊
တို့သိကြားမင်း လဲ
လူတို့ပြည်က ညော်နံ့(မီးခိုးနံ့ ကို ဆိုလို)
မခံဖူး ပေ ထင်ပ၊
ကျောက်ကဗ္ဗလာကြီးလဲ
အိစက်ကာ နေတုန်းဆိုတော့
အမောင် မိုးနတ်သားရေ......
ကင်းပုံ မှန် လှည့်ရဲ့ လားကွဲ့ လို့ ၊
အမေးအမြန်း လေးတောင်
ရှိ တော့ ဘူး ထင်ပါရဲ့ ဗျာ။
မိုးရွာရင် Haze တွေ အသေအချာ
ဖယ်ခွာကာ သွားမှာ မို့ ၊
မိုးမြန်မြန်ရွာအောင်
Cloud seeding ခဏခဏ လုပ်ဖို့
ဘားဂျပ်က အလွန်ပွန်း သမို့ ၊
အီဖေကို မတိုက်တွန်းရဲပါဘူးကွဲ့
ဗျာ တို့ရေ ။
တို့ဆီမှာ traditional ကတော့
အလွန်ကို သက်တောင့် သက်သာမှာမို့
အင်ဒို နဲ့ စလုံး က အကိုတို့ ရေ
လွန်ဆွဲရင် ဆွဲ မဆွဲ ရင်
ငါးရံ့ မင်း ပရိတ် သာ
အားကိုး ကြ ပေတော့ ဗျာ လို့
ဟစ်တိုင်ပေါ်က နေ မိုက်ကိုင် ပြီး
သောင်းထိုက်က ကြားစေဖို့
အော်လိုက်ချင်ပါရဲ့ ဗျာ။
စလုံးက ညီ အစ်ကို တို့ရေ
အပြင်ကို မဖြစ်မနေ မထွက်ရ
မနေနိုင်ပါဘူး ဆိုရင်တော့
Haze တွေ မရှုရှိုက်မိစေဖို့
အသေချာ ဆုံး ဖြစ်အောင်
Mask95 လေး သာ
ဆောင်သွားကြပါ ဗျာ လို့
အကြံပေးနိုင် ရုံဘဲဗျ ၊
စိတ်တွေ မခိုင်လာယင်တော့....
ကိုယ့် ယာမြေ ကိုယ်လျှို့
ဟို ငသူတော်မျိး တစ်တွေကြောင့် ရေ လို့
စွဲ မမှတ် ဘဲ .... ၊
ဒုက္ခစရိယာသာ ရင်မှာ မြဲလို့
ရှုရင်ရှု ရှိုက်ရင်ရှိုက် တယ်လို့
မီးခိုးနံ့ ကို စိတ် မှာ မှတ်လိုက် ကြစို့လား။
TinAT Bumi

 https://www.facebook.com/VoA.Burmese.News/videos/10153544221590170/

ဒဿန ခရီးစဉ်: ကျွန်ုပ်၏ ကိုးကွယ်ရာ ဆိုသည်မှာ…

ဒဿန ခရီးစဉ်: ကျွန်ုပ်၏ ကိုးကွယ်ရာ ဆိုသည်မှာ…: သင်တို့သည် ဗုဒ္ဓဆိုလျှင် ဂေါတမထင်ကြသည်… ကျွန်ုပ်၏ ကိုးကွယ်ရာ ဘုရားဆိုသော ဗုဒ္ဓမှာ… ထေရ၀ါဒနွယ်ဝင်များ အသိရှင်းပေမဲ့ အမြင်ရှင်းစေဖို့ ကျွန်ု...

Tuesday, September 22, 2015

Our Birthdays and Pa Pa passed away



စက်တင်ဘာလဟာ ကျနော့်အတွက်
အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့ လတစ်လပါဘဲ။
ဒီလရဲ့ ပွဲဦးထွက်
စက်တင်ဘာ တစ်ရက်ဟာ ကျနော့်သမီးရဲ့မွေးနေ့ဖြစ်နေပြီး
သမီးမွေးပြီး ၄ပတ် ပြည့်ရန်တစ်ရက်အလို
ကျနော့် အသက် ၂၇နစ်ပြည့်ပြီး ၄ ရက်မြောက် နေ့ ဖြစ်တဲ့
စက်တင်္ဘာ ၂၇ မှာ အဖေ ကျနော်တို့ဘဝကနေ
 ပြန်မလာ နိုင်တဲ့ ခရီးကိုအပြီးထွက်ခွာ
သွားခဲ့ပါတယ်။
အဖေ့ နောက်ဆုံး ခရီးကို လိုက်ပို့ကြတဲ့
စက်တင်ဘာ လကုန် ၃၀ရက်နေ့မှာ
ကျနော်တို့ မောင်နှမ ခုနှစ်ယောက်ထဲက
တစ်ခြားမောင်နှမတွေနဲ့ခြားနားကာကျနော့် နဲ့
နံမည် ဆင်တူမှည့်ထားတဲ့  အကိုငယ် ၏  သမီးကြီး
လူ့ဘဝထဲ ဝင်ရောက်လာခဲ့ပါတယ်။၊
 နောက်ထပ်နှစ်လ အကြာ နိုဝင်ဘာ ၂၉ မှာ
အကိုအလတ်ရဲ့ သမီး ကလဲ
ထပ်မံဝင်ရောက်လာခဲ့တာမို့
ရွယ်တူ သမီးတူမ သုံးဦးတို့ ဟာ
ဒီနှစ်မှာ ၂၃နှစ် မွေးနေ့ ကို
အတူတူကျော်ဖြတ်ကြရပါတယ်။

ဒီနှစ်စက်တင်ဘာရဲ့ ပိုထူးခြားချက်ကတော့

ဒီလမှာ မွေးဖွား ကြတဲ့

သမီးနဲ့တူမတို့ရဲ့ မွေးနေ့ ဟာ သူတို့ အသီးသီးရဲ့
၂၃နှစ်မွေးနေ့ ဖြစ်ကြသလို ၊
အဖေဆုံးတဲ့ ၂၃နှစ်မြောက်လဲဖြစ်နေပါတယ်၊
ဒီ စက်တင်ဘာလ ၂၃ရက်ဟာလဲ အသက် ၅၀ တင်းတင်းပြည့်တဲ့
ကျနော့်မွေးနေ့ ဖြစ်နေပြန်ပါတယ်၊

သမီး တူမတို့ရဲ့ အဖေဖြစ်နေတဲ့ ကျနော်က
သမီး တူမ တို့အတွက် ပေးချင်တဲ့ message လဲဖြစ်သလို၊
ကျနော့်အဖေ  ကွယ်လွန်သွားတာ ၂၃နှစ် ပြည့်တဲ့
ဒီလအတွက်ပါ ရည်ဇူးတဲ့  အနောက်တိုင်းသီချင်းတွေထဲမှာ
" အဖေ " လို့ ရှားရှားပါးပါးစပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်နဲ့
ဒီ post ကို ဝေမျှ လိုက်ပါတယ်။။

သမီးက ဒီ စက်တင်ဘာလထဲမှာပဲ ထွက်မယ့်
 နောက်ဆုံးနှစ်အောင်စာရင်း ကိုစောင့်နေသလို
တူမကလဲ ဟောက်စ်ဆင်းနေပါပြီ၊
နိုဝင်ဘာမွေးတဲ့ တူမအငယ်က အလုပ်စလုပ်နေပြီ ဆိုတော့
အားလံုး အတောင်အလက်တွေစုံလို့  သူတို့ ဘဝ တွေကို
စတင် ပျံသန်းစ ပြုနေကြပြီလို့
  ပြောရမှာပါဘဲ မဟုတ်လား။

သီချင်းစာသားကလဲ မြန်မာလူမျိုးတွေရဲ့
စုန်ရေ ဆိုတဲ့  မေတ္တာ ခံစားချက်နဲ့ ကိုက်ညီကာ
ကျနော် အင်မတန်မှ ကြိုက်နှစ်သက်တဲ့

အင်္ဂလိပ်လို Pa Pa " ဆိုတဲ့
 မြန်မာပရိတ်သတ်နဲ့ မစိမ်းတဲ့ အင်္ဂလိပ် သီချင်းတစ်ပုဒ်နဲ့
ဒီ အမှတ်တရ Post ကို ရေးမိပါတယ်။
အင်္ဂလိပ် သီချင်းတွေထဲမှာရော မြန်မာသီချင်းတွေထဲမှာပါ
ဒီလိုမျိုး အဖေအကြောင်းကို စပ်ဆိုထားတဲ့ သီချင်း
 တော်တော်ရှားပါတယ်။

ဒီသီချင်းကို ညွှန်းရတာကလဲ
ကျတော်တို့တွေ ကြီးပြင်းလာယင်းနဲ့
အဖေ အမေတွေရဲ့ ရင်ခွင်က နေ
အတောင်အလက်တွေပြည့်စုံ ပြီး
ပျံသန်းထွက်ခွာလာချိန်မှာ.....

အဖေမရှိတော့ယင်လဲ
အမေတွေဟာ ဘဝကိုဆက်လက် နေထိုင်
ရင်ဆိုင်ရှေ့သို့ ချီ  နေတတ် နေမှာဘဲဖြစ်သလို၊
အမေတွေ မရှိတော့ရင်လဲ
အဖေတွေဟာ လောကဓံအောက်မှာ
ဘယ်လောက်ဘဲအထီးကျန်ကျန်
ရင်ဆိုင်ချီတက်နေမှာပါဘဲ ဆိုတဲ့ Theme ကိုပေးချင်တာရယ်။

ယခုအချိန် ကျတော်တို့ရဲ့
သားသမီး တူ၊ တူမတွေ အရွယ်ရောက်
အတောင်အလက်စုံလာကြပြီဆိုတော့
အတောင်ပံခတ်သံတွေနဲ့အတူ
မကြာခင်မှာ ဘဝရင်ခွင်ထဲ ပျံသန်းကြတော့မှာမို့
မိဘနေရာရောက်နေတဲ့  ကျနော်တို့တွေဟာ
မိဘတွေတုန်းက ခံစားချက်တွေကို
ပိုမိုနားလည်လာယင်း
ကျနော့ရဲ့ ၅၀ပြည့် မွေးနေ့မှာ
ကွယ်လွန်တာ  ဒီ ၂၇ ရက် မှာ ၂၃နှစ် ပြည့်မယ့်
အဖေအတွက် ရည်စူးကန်တော့တဲ့ အနေနဲ့ရေ  ၊

လူဘဝ ဘဝတိုင်းရဲ့ လက်ဆင့်ကမ်းအမွေ
သဘာဝတရားတွေကို
နောက်တစ်ချိန် ကျနော်တို့နေရာ ရောက်လာမယ့်
သားသမီး တွေ သိဖို့ Message တပုဒ် အနေ
သူတို့ရဲ့ ၂၃နှစ် မွေးနေ့ အမှတ်တရ
မျှဝေ ပေးလိုက်ချင်တာမို့
ဒီသီချင်းက အသင့်တော်ဆုံးထင်တာကြောင့်
 ရွေးချယ်မိရတာပါ။


ဒီသီချင်းနဲ့ သူ့ပိုင်ရှင်
အကြောင်းနည်းနည်းရေးခွင့်ပေးပါ။
ကွယ်လွန်သူ အဆိုတော် ဦးစိန်လွင်က
ဒီမူရင်းသီချင်းရဲ့ သံစဉ်ကော်ပီယူကာ
တစ်စိမ်းတွေလို နေလိုက်မယ် ဆိုတဲ့ အချစ်သီချင်းအနေဖြင့် မူလသီဆိုခဲ့ပြီး၊

လက်ရှိ လူငယ်အဆိုတော်အာဇါနည်ရဲ့
 ပြန်လည်သီဆိုမှုကြောင့်
ဒီသီချင်းဟာနှင့် မြန်မာပရိတ်ကြီးကြီးငယ်ငယ်အများစုနဲ့
ရင်းနီးပြီးသားနေမှာပါ။

မူလ အင်္ဂလိပ်သီချင်းကို ရေးသားသီဆိုသူဟာ
ကနေဒါလူမျိုး Paul Anka ဖြစ်ပါတယ်၊

သူဟာ သီချင်းရေးဆရာ၊ အဆိုတော် ၊
ရုပ်ရှင်မင်းသားလဲဖြစ်ကာ Frank Sinatra ရဲ့
Signature song တစ်ပုဒ်ဖြစ်ပြီး Elvis Presley ပါ သီဆိုခဲ့တဲ့
My way ဆိုတဲ့ သီချင်းကိုရေးသားခဲ့သူလဲဖြစ်ပါတယ်။

Put your head on my shoulder တို့
I don't like to sleep alone တို့
 Diana တို့ လို ကျော်ကြားတဲ့ သီချင်းတွေလဲ
အများကြီးရေးသားသီဆို အောင်မြင်ခဲ့သူပါ။

Oldies တွေ ကြိုက်တဲ့ သူတွေ
သူ့သီချင်းတွေကို  ကောင်းကောင်းသိကြမှာပါ။

  ကြိုက်နှစ်သက်သူတွေ အတွက် အဆင်ပြေအောင်  
Lyrics  with chords, video version, midi version တွေ တင်ပေးလိုက်ပါတယ်  
အားလုံး ကျန်းမာချမ်းသာကြပါစေ။


  To down load midi file,  please left clip on the following address and tap on appear link address :     http://bettylou.zzruss.com/papaanka.mid

Papa (70s version)      



    Em - Am - B7 - Em



    Em                                                        Am

1.       Every day my papa would work to help to make ends meet,

         B7                                                     Em

    to see that we would eat, keep those shoes upon my feet.

Em                                                          Am

    Every night my papa would take and tuck me in my bed,

     B7                                   Em

    kiss me on my head after all my prayers were said.

Em                                                  Am

    Growing up with him was easy, time just flew on by,

            B7                             Em

    the years began to fly, he aged and so did I.



C                     D           B7                Em

    And I could tell that mama wasn't well,

      C                        D                         G               B7

    Papa knew and deep down so did she, so did she.

C                     D     B7                               Em

    When she died, Papa broke down and cried,

    C                         Am                         B7

    all he said was, "God, why not take me?"



    Em                                                     Am

2.       Every night he sat there sleeping in his rocking chair,

          B7                                   Em

    he never went upstairs all because she wasn't there.

Em                                                              Am

   Then one day my Papa said, "Son, I'm proud of the way you've grown.

      B7                                     Em

    Make it on your own, for I’ll be O.K. alone."



    C - D - B7 - Em - C - Am - B7



  

   Em                                                Am

3.      Every time I kiss my children, Papa's words ring true :



                 B7                                            Em

    "Your children live through you, they'll grow and leave you, too."

Em                                            Am

    I remember every word my Papa used to say,

       B7                                  Em

    I live them every day,  he taught me well that way.



Em                                                         Am

    Every night my papa would take and tuck me in my bed,

      B7                            Em

    kiss me on my head when my prayers were said.

Em                                                         Am

    Every night my papa would take and tuck me in my bed….



    (orig. = no capo; midi = capo 1st : Dm - Gm - A - Dm….


    (Paul Anka)
 To down load midi file,  please left clip on the following address and tap on appear link address :     http://bettylou.zzruss.com/papaanka.mid


"Papa"


Everyday my papa would work
To try to make ends meet
To see that we would eat
Keep those shoes upon my feet
Every night my papa would take me
And tuck me in my bed
Kiss me on my head
After all the prayers were said
And there were years
Of sadness and of tears
Through it all
Together we were strong
We were strong
Times were rough
But Papa he was tough
Mama stood beside him all along

Growing up with them was easy
The time had flew on by
The years began to fly
They aged and so did I
And I could tell
That mama she wasn't well
Papa knew and deep down so did she.
So did she!
When she died,
Papa broke down and he cried
And all he could say was: "God, why her? Take me!"
Everyday he sat there sleeping in a walking chair
He never went upstairs
'cause she wasn't there

Then one day my Papa said:
"Son, I'm proud of how you've grown"
He said, "Go (out) and make it on your own.
And don't worry! I'm O.K. alone."
He said: "There are things that you must do; places you must see."
And his eyes were sad as he.....
As he said goodbye to me 

Every time, I kiss my children
Papa's words ring true
He said; "Your children. They live through you.
And they'll grow. They'll leave you, too."
 I remember every word my papa used to say

I kiss my kids and I pray
That they'll think, think of me,that way.....someday..... [for 1st version]

 (I live that every day
He taught me well that way) [for 2nd version]

[Every night my papa would take
..................................................
.......  After all my prayers were said......fade out]

Monday, September 21, 2015

USDP ရဲ့ မဟာဗျုဟာ - ကျနော့ အတွေးအမြင်

USDP ရဲ့ မဟာဗျုဟာက ဘာလဲလို့ တွေးကြည့်တဲ့အခါ
ရခိုင်-ဘင်္ဂလီ ပြဿ     နာ ကြားမှာ ဒီမို အုပ်စု ပါ
ပါဝင် ရှုပ်ထွေး အာရုံများ ဆူညံနေ အောင် လုပ်ထားမယ်၊
(အမှန်တစ်ကယ် လွှတ်တော်နိုင်ငံရေး ဈေးကွက်က ရခိုင်မှာ ၄ ရာခိုင်နှန်းမပြည့်ဘူး)
ဒါဆို ပြီးခဲ့တဲ့ သုံး လေးနစ်ကထဲက ဘာလို့ ဒီကိစ္စ ဆူညံလာတာ လဲ လို့မေးရင်
အဲဒီထဲက လုပ်ထားမှ ပြည်မက ၄၇% သော ဈေးကွက်ကြီးထဲက
အမျိုးသားရေးဝါဒီတွေ ဈေးကွက်တွင်ကျယ်အောင်လုပ်နိုင်မှာဖြစ်ပြီး
အခုချိန်လောက်ဆိုရင် ငွေအင်အား ကောင်းတဲ့ သူတို့ USDP တွေဟာမဲ
ဘယ်ပြည်မက ဘယ် မဲဆန္ဒနယ်မြေတွေမှာ သူတို့ရဲ့ မူလ အဖွဲ့ဝင် စစ်တပ်မိသားစုတွေ နဲ့
မူလပါတီဝင်တွေ ထောက်ခံသူတွေ တိုးပွားလာတဲ့ အမျိုးသားရေး ဝါဒီသမားတွေ
ဘယ်လောက်အင်အားရှိနိုင်ကြောင်း စစ်တမ်းကောက်ယူထားလောက်ပြီ၊

ဒါပေမယ့် ဒါဟာ သူ့တို့ယူဆမှုအပိုင်းပါ၊
အမျိုးသားရေးဝါဒီတွေ တိုးပွါးအောင် ကြံဆောင်သူတွေဟာ
ရခိုင်အရေးကို အစပြုပြီး ပြည်မ (အောက်ဗမာပြည် အထက်ဗမာပြည်)
အမတ်ဈေးကွက် အထူဆုံး မဲဆန္ဒရှင်အထူဆုံးနေရာတွေမှာ
အဓိက ဈေးကွက် promote လုပ်ခဲ့ကြတယ်၊
 ပြီးယင် နောက်တစ်ဆင့်တက်ပြီး
ပါတီတွေ မစုစည်းမိနိုင်သေးတဲ့ .........
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၃ခုနဲ့ ဇုံတစ်ခု ခွဲပေးခြင်းခံထားရတဲ့......
 ပြည်မကလွဲပြီး  အမတ်အရေအတွက်အများဆုံး ၅၅ နေရာ (၁၂.၅% )
ရထားတဲ့ ရှမ်းပြည်နယ် ဒေသမှာ အမျိုးသားရေး ဝါဒီတွေ
 ပြန့်ပွားလာမလားဆိုပြီး

ဘာသာရေးပြဿ     နာတွေ၊
ဖန်တီးဖို့ ဖွလာတာတွေ လွန်ခဲ့တဲ့ နှစ်တွေ အတွင်း
အကြိမ်ကြိမ် တွေ့ခဲ့ရတယ်။
ဒါပေမယ့် ထင်သလောက် မပေါက်ခဲ့ဘူးလို့ဆိုနိုင်တယ်။

USDP ဟာ တပ်နဲ့ပေါင်းပြီး Golf စကားနဲ့ပြောရရင်
handicap အစိတ်တောင်ယူထားကာ
အစိုးရဖွဲ့ နိုင်ဖို့  ၂၆% တာဂတ် အတွက်
 အမျိုးသားရေးဝါဒီသမားအားံလုံးကိုလဲ 
အိတ်ထဲ ထဲ့ဖို့ကြိုးစားကာ
 ပြည်မဈေးကွက် ၊ ရှမ်းပြည်ဈေးကွက်၊
NLD စည်းရုံးရေး အားနည်းတဲ့ ကချင်ပြည်နယ် ဈေးကွက်တို့ထဲမှာ
အမတ်နေရာတွေကို ကောက်သင်းကောက်သလို ကောက်နေ ပြီး
ဒီမိုအုပ်စုတွေရဲ့ မဲတွေကွဲအောင် တစ်ဖက်က အင်ပါတီတွေ အများကြီးထောင်ပြီး
လူစုခွဲ မဲစုခွဲ တဲ့ မဟာဗျုဟာ သုံးစွဲနေတယ်လို့ ဆိုချင်ပါတယ်

မဲစာရင်းမှားတာကို အကြောင်းပြ ပြီး အိမ်ထောင်စု စာရင်းမလို
မှတ်ပုံတင် ရှိယင် ရောက်တဲ့နေရာပေးလို့ရတယ်လုပ်လိုက်ရင်
ကျောက်တွင်းရောက်နေသမျှ အလုပ်သမားတွေမဲ
 အေးဆေးဆေးပဲ ဝယ်ယူသွားပါလိမ့်မယ်။

မဲစာရင်းမှားနေတာ တွေဟာ မဲပေးစံနစ်ကို လူထုဆန္ဒနဲ့ အညီ ပြောင်းပေးပါတယ်
မှတ်ပုံတင်ပါရင် ပေးလို့ရပြီ ဟေ့လို့ လုပ်ပြီး မဲပိုတွေ ရလာဖို့
ဗျုဟာတစ်ခုလားလို့လဲ ဆန်းစစ်ရပါလိမ့်မယ် လို့လဲ ထင်မြင်ပါကြောင်း
တင်ပြလိုက်ရပါတယ်။။

လွှတ်တော်အမတ်နေရာ ဘယ်လိုခွဲယူထားကြသလဲ





ကျနော် ပြည်နယ်/ဒေသကြီး လွှတ်တော်ရယ် ၊ အမျိုးသားလွတ်တော်ရေ၊
 ပြည်သူ့လွှတ်တော်ရေ၊ ပြည်ထောင်စု လွှတ်တော်ရေ တို့ တစ်ခုချင်းအလိုက်
အမတ်တက်ရောက်ခွင့်နေရာအသီးသီးကို ရေတွက်ကြည့်တဲ့အခါ
 ဖေါ်ပြပါ summary တစ်ခုကိုရရှိပါတယ်။ 
လက်ရှိ ဖွဲ့စည်းပုံအရကိုက  ပြည်သူ့ လွှတ်တော်ထဲမှာ
ရခိုင် အမတ်တွေရဲ့ အရေအတွက်ဟာ ၃.၈% သာရှိပြီး ၊
မတူညီတဲ့ လူမျိုးစု တိုင်းရင်းသားတွေ ကွဲပြားနေထိုင်ကြတဲ့ ပြည်နယ်အားလုံရဲ့
အမတ်စုစုပေါင်းမှ ၂၇.၉% လောက်သာ နေရာရပါတယ်၊

ဥပဒေပြုခွင့် အစိုးရဖွဲ့ခွင့်ကို
ချုပ်ကိုင်ထားတဲ့ ပြည်သူ့လွှတ်တော်ထဲမှာ
Infrastructure တွေနဲ့ လမ်းပမ်းဆက်သွယ်ရေး
နိုင်ငံတစ်ကာနဲ့ ကူးလူးဆက်ဆံရေး ပိုပိုလွယ်ကူပြီး စီးပွါးဇုံ
 မြောက်မြားစွာတည်ဆောက်ထားပြီး ဗမာတိုင်းရင်းသားအများစုနေထိုင်ကာ
 ကျန်တိုင်းရင်းသားများလည်း အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေးအတွက်
minority အနေဖြင့်သာ လာရောက်မှီခိုနေထိုင်မှုများရှိနေသည့် 
ပြည်မဒေသ နှင့် တနင်္သာရီ ကို တိုင်းဒေသကြီး ၇ခု အဖြစ် ခွဲထုတ်ကာ
အာဏာပါဝါအသာစီးရရန် မဆလခေတ် ဦးနေဝင်းမူကို
ဆက်လက် စွဲကိုင်ထားသည့် ဤ ဖွဲ့စည်းပုံအရ
တိုင်းဒေသကြီး ၇ ခုတို့၏  အမတ်အရေအတွက် စုစုပေါင်းသည်
 ပြည်သူ့လွှတ်တော်တွှင် ၄၇% ရှိနေပါသည်။

 ပြည်နယ်တိုင်းရင်းသား လူနည်းစုသာ ပါဝင်သော
စစ်တပ်ကလည်း ၂၅% အပိုင်ယူထားခံရပါသည်။

 
ဒါကြောင့်မို့ ပြည်မ အခြေစိုက် ပါတီကြီးများအနေနှင့်
မိမိတို့ ဗမာတိုင်းရင်းသား အများစု ရှိသည့် ၄၈ % သောနေရာကို အပိုင်ယူကြပါ၊
ပြည်နယ်တစ်ခုစီ၏ ၃ % ၄% ကလေးလောက်အား လူမွေး၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည်
ထိုပြည်နယ်တွင်းနေ တိုင်းရင်းသား ပြည်သူများကြား သွေးကွဲမှု မဲကွဲမှုတို့ကိုဖန်တီးရာရောက်ပါသည်။
ဘယ်တိုင်းရင်းသားပါတီမှ သက်ဆိုင်ရာ ဒေသကြီး အချို့တွင် ဒေသကြီးအစိုးရအောက်တွင်ရှိသည့်
တိုင်းရင်းသားရေးရာဝန်ကြီး အရွေးခံနိုင်ခွင့်ရှိ ခဲ့မှ သာ ထိုနေရာအတွက် ဝင်ပြိုင်ကြသည်သာရှိပြီး၊
မိမိတို့ ပြည်နယ်မှလွဲ၍ ဘယ် ပြည်နယ် ဘယ် ဒေသ ကြီးတွင်မှ ပြည်သူ့လွှတ်တော် ၊
အမျိုးသားလွှတ်တော်အမတ် သွားရောက်အရွေးမခံကြပါ။
အရွေးခံခဲ့သော်လျင်လည်း ထိုမဲဆန္ဒနယ်တွင် သက်ဆိုင်ရာ တိုင်းရင်းသာများက အများစုနေထိုင် နေ၍သာ ဖြစ်ပေမည်။

ရခိုင်ပြည်နယ်မှ ရရှိသည့် ၃.၈% ထဲမှ ဘူးသီးတောင်မောင်းတော ၂ မြို့နယ်သည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု မဟုတ်သောသူထံ ရှုံနိမ့်ထာြးီးဖြစ်ပါသည်။ နပခ စစ်တပ်မြို့ဖြစ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာသည်လည်း မသေချာမရေရာပါ။ ငွေကို ရေ လိုသုံး၍ ပရဟိတများတွင်ပါဝင်ဆောင်ရွက် မဲဆွဲနေကြသော ကြံ့ ဖွတ် ပါတီမှ အရှင်မွေးထားသည့် မိုးကျရွှေကိုယ် ရခိုင်ပုဂ္ဂိုလ်ကြီးများနှင့် နောကလိုက်နောက်ပါများ ၏ ရန်လည်းရှိသေး၏။ ဒါကြောင့်မို့ လွှတ်တော်ထဲရောက်မှ ရခိုင်အမျိုးသားပါတီနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းသည် ရခိုင်ဝေစု ၃.၈ ရာခိုင်နှန်း၏ ထောက်ခံမှုကို လွှတ်တော်ထဲရော ပြင်ပမှာပါ ရရန်သေချာပြီးမှ ၀.၅%လောက်အား ရွေးကောက်ပွဲမှ ဝေမျှ စားသုံရန်ကြိုးစားခြင်းသည်၊ နောင်တချိန် လွှတ်တော်တွင်းပူးပေါင်းရန်မိတ်ဆွေ မဖြစ်လို၍ဟု ရခိုင်ပြည်သူတို့ဖက်ယူဆသွားနိုင်သလို ၊ ရခိုင်ပြည်ပြင်ပရောက် မဲဆန္ဒရှင် ရခိုင်လူမျိုးတို့၏ မဲများဆုံးရှုံသွားနိုင်သလို ကြံဖွတ်အကြိုက် အခြေအနေကို ဖန်တီးသွားနိုင်ပါလိမ့်မည်။  ကြံဖွတ်သည် စစ်တပ် ၂၅% နှင့် ပေါင်း၍ အစိုးရဖွဲ့ရန် ၂၆% နှင့်အထက်ရရန် ဒေသစုံမှ ကောက်သင်းကောက် အမတ်ရဖို့ ကြိုးစားနေသည်ဟု မြင်ပါသည်။

 ပြည်မနေတိုင်းရင်းသားများ ကြံဖွတ်ကို မည်သူမှ မဲပေးချင်မည်မဟုတ်ပါ။
ထိုမဲများ မိမိတို့အိပ်ထဲ ရောက်လာရန် လိမ္မာပါးနပ်မှုနှင့် လျှာဖျားက ထွက်စကားသာလိုပေသည်။

Wednesday, September 16, 2015

၂၀၁၅ မတ်လအတွင်းက ဗြိတိန် သံအမတ်ကြီး Andrew Patrick အး ဧရာဝတီ သတင်းထောက် Andrew D.Kaspar မှ မေးမြန်း အင်တာဗျုးထားခြင်း မှ ကောက်နုတ်ချက် အချို့

၂၀၁၅ မတ်လအတွင်းက  နိုဝင်ဘာ ရွေးကောက်ပွဲ နှင့် ပတ်သက်၍
ဗြိတိန် သံအမတ်ကြီး Andrew Patrick အး ဧရာဝတီ သတင်းထောက် Andrew D.Kaspar မှ
 မေးမြန်း အင်တာဗျုးထားခြင်း မှ ကောက်နုတ်ချက် အချို့



အကြီးဆုံး စိန်ခေါ်မှုတွေက ဘာတွေပါလဲ။
ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု တချို့ကိုပဲ ပြရပါမယ်။ 
ဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်း တချို့က အရမ်း ဝေးလံပါတယ်။ 
အဲဒီနေရာတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် အလွန်အခြေခံ ကျတဲ့ စိန်ခေါ်မှုတွေရှိပါတယ်။

ကျနော်ကြားနေရတဲ့ အကြီးဆုံး စိန်ခေါ်မှုတွေ ထဲက တခုကတော့ ကြိုတင်မဲ ကိစ္စပါပဲ။ 
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက ယုံကြည် လက်ခံနိုင်လောက်စရာ မဖြစ်ခဲ့တာကလည်း ဒီကိစ္စကြောင့်ပါ။  

ဘာကြောင့်လဲ ဆိုတော့ ကြိုတင်မဲကို ရလဒ်ကို ပြောင်းလဲ ဖို့အတွက် အသုံးပြုခဲ့ပါတယ်။ 
ဒါက လူတိုင်းသိတဲ့ ကိစ္စဖြစ်ပါတယ်။ 

၂၀၁၀ ပြည့်နှစ်တုန်းက ကျနော် မြန်မာနိုင်ငံမှာ မရှိပါဘူး။ ဒါပေမယ့် ဒီအကြောင်းကို လူအမြောက်အမြားက ပြောပြခဲ့ကြပါတယ်။ ကျနော် တို့ လုပ်ရမယ့် အရာတွေထဲက တခုက ဒီတကြိမ်မှာ ဒီလိုပြဿနာ ထပ်ဖြစ်နိုင်မှာ မဟုတ်တော့ဘူးလို့ ပြည်သူတွေရဲ့ သံသယ ပြေပျောက်စေဖို့ အတူတကွ ကြိုးစားပြီး လုပ်ကြဖို့ပါပဲ။

ကြိုတင်မဲစနစ်ကို ခွင့်ပြုပေးသင့်တယ်လို့ ထင် ပါသလား။

ကြိုတင်မဲစနစ်က ရွေးကောက်ပွဲတွေရဲ့ သာမန် အစိတ်အပိုင်းတခုပါပဲ။ 
ဒါကြောင့် ရှိသင့်၊ မရှိသင့် ဆိုတာက အကြောင်းမဟုတ်ပါဘူး။ ဘယ်လိုဖြစ် တာလဲ ဆိုတာနဲ့ အလွဲသုံးစားမလုပ်ဘူးဆိုတာကို ပြည်သူတွေက ယုံကြည်လက်ခံအောင် လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

အခုကိစ္စကတော့ ရွေးကောက်ပွဲနေ့ အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေရဲ့ ယုံကြည် စိတ်ချရမှု အကြောင်းဖြစ်ပါတယ်။


တချို့က ကော်မရှင်ဥက္ကဋ္ဌနဲ့ ပတ် သက်လို့ စိုးရိမ်နေကြတာကိုရော နားလည်မိပါ သလား။

သူထုတ်ပြန်ခဲ့တဲ့ကြေညာချက်တချို့က ကျနော် တို့ လက်ခံနိုင်စရာ မဟုတ်တာ ထင်ရှားပါတယ်။ မြန်မာပြည်သူ တော်တော်များများကလည်း သူပြော ခဲ့တာတချို့ကို လက်မခံကြပါဘူး။ ဒါပေမယ့် သူ ဘာတွေ လုပ်ပြီးခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့ ကြည့်ဖို့ လိုမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဥပဒေ အရ သူလုပ်ခဲ့တာတွေက ကောင်းတယ်လို့ ကျနော် အလေးထားပြောခဲ့တာ ဖြစ်ပါတယ်။

ကျနော် မြင်ရသလောက်ကတော့ အခုအချိန် မှာ အဓိကနိုင်ငံရေးပါတီကြီးတွေက သူ့ကို နုတ်ထွက် ပေးဖို့ တောင်းဆိုတာမရှိသေးပါဘူး။ 

NLD အပါ အဝင် သူတို့က ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်နဲ့ အလုပ်လုပ်မယ့် ပုံမျိုးရှိပါတယ်။  

သူတို့က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေပါ။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ဟာ ယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်း ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အသံကိုလည်း ကျနော်တို့ နားထောင်ရပါမယ်။


 http://burma.irrawaddy.org/interview/2015/03/20/72813.html

မဲစာရင်း မဲပေးခြင်း နှင့် မဲရေ ခြင်း

" လူတိုင်း ၊ အမတ်လောင်းတိုင်း ပါတီခေါင်းဆောင်တိုင်း နဲ့
နိုင်ငံတစ်ကာ အသိုက်အဝန်းကပါ
အရေးတကြီးတိုက်တွန်းအရေးဆို တောင်းဆို သင့်နေပြီဖြစ်သော
မဲစာရင်း မဲပေးခြင်း နှင့် မဲရေ ခြင်း "


ဒီအချိန်မှာ လူတိုင်းဟာ မိမိရင်ထဲ မှာ
ဘယ်သူ့ ကို
ဘယ်ပါတီကို
မဲပေးမည်
မပေးဘူး
ကြားနေမယ်
ဆိုတဲ့ အတွေးက
ရင်ထဲမှာ ဆုံးဖြတ်ထားကြပြီးသားရှိကြမှာပါ၊။

ဒီတော့ ရွေးကောက်ပွဲ က အဝင်ဝနားကပ်နေ ချိန်ကျမှ
ငါပေးမယ့်ပါတီ မပေးလို့ ငါ့ခေါင်းဆောင်မထောက်ခံလို့
ဘယ်သူဘယ်ဝါ ဘယ်ပါတီ မဲပေး မှာမို့လို့
ဘယ်သူနဲ့ အပေါင်းအသင်း လုပ်လို့
ဘက်ဖွဲ့လို့ ဆိုပြီး တစ်ဦးကို တစ်ဦး တစ်ဖွဲ့ ကို တစ်ဖွဲ့
အပြစ်ပြောနေခြင်းက
အကျိုး မရှိဘဲ အကျိုးယုတ်စေခြင်းသာ ရှိပါပါလိမ့်မည်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ
အုပ်ချုပ်ရေး စီမံခန့်ခွဲရေး စီးပွါးရေး လူမှုရေး ကဏ္ဌအားလုံးနဲ့
လူတန်းစား အဆင့်ဆင့်တိုင်းမှာ ခြစား လာပ်စားမှု အပါအဝင်
တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ အရာဟာ
ဆိုးဆိုးဝါးပျက်စီးနေတာ အားလုံးသိကြမှာပါ။

တရားဥပဒေ စိုးမိုးရေးကို အဓိက  ပါဝင် ထိန်းသိမ်းပေးရတဲ့
ဝန်ကြီးဌာနတွေဟာ အစိုးရ က ရွေးချယ်ခန့်တဲ့အောက်မှာလဲမရှိသလို
လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီကလဲ ခန့်ပိုင်ခွင့် ခိုင်းပိုင်ခွင့်မရှိဘဲ
မိုးကျရွှေကိုယ်တော်ကြီး ကသာ ထိန်းချုပ်ခန့်ထားနိုင်တာပါ။

ဒါကြောင့်မို့ အစိုးရသစ်တရပ် ဖွဲခွင့်ရပြီ ဆိုရင်တောင် ဒီ သုံးနေရာက
untouchable ပါဘဲ။

Pre-election stage မှာရော post election stage မှာပါ
တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကို ထိရောက်အောင်
အကောင်အထည်ဖေါ်ဖို့ ကိစ္စဟာ၊
သမတရဲ့လက်ထဲမှလဲမဟုတ်၊
လွှတ်တော်ဥက္ကဌတွေ နဲ့ တရားဥပဒေ စိုးမိုရေး ကော်မတီ ဥက္ကဌ 
တို့ဆီမှာလဲ မဟုတ်ဘဲ
မိုးကျရွှေကိုယ်တွေ ဆီမှာမို့
တက်လာမယ့် အစိုးရသစ်အတွက်
တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာ
အတားအဆီး  challengeကြီး တစ်ခုလို့ဆိုချင်ပါတယ်။

အခုလို နှစ်လနီးပါးလိုသေးတဲ့ Pre-election ကာလမှာ

သီချင်းတွေ အပြိုင်ဆို ပျော်ကြီးကျ အော်နေကြ ကာ
မဲဆွယ်နေကြ ရုံနဲ့ မလုံလောက်ဘဲ
မိမိတို့ ပေးလိုက်တဲ့ မဲပြားတွေ ဟာ......
ကိုယ်မဲပေးလိုက်တဲ့ အမတ်/ပါတီကိုယ်စားလှယ်ရဲ့
ရရှိမဲ အရေအတွက်အောက်ကို မှန်ကန်စွာ ရောက်ရှိ သွားမှု
ရှိမရှိ ကို သေချာစေ အောင်  ကော်မရှင်နဲ့ အစိုရ ကို
သေချာ တိကျ မှန်ကန်တဲ့ စ်နစ် တစ်ခု ချမှတ်ထားဖို့
အားလုံး ဝိုင်းဝန်း တောင်းဆို ဖိအားပေးရမည့် ကိစ္စ က
ပိုအရေးကြီးနေပြီဟု ဆိုချင်ပါသည်။
ဒါမှသာ ရွေးကောက်ပွဲ ရလဒ် ဟာ ယုံကြည်ရသော
ရလဒ်တစ်ခုအဖြစ် သံသယ ကင်းမှာဖြစ်ပြီး
အားလုံး အတွက်
ပိုပြီး အကျိုးသက်ရောက်စေသည့် တာဝန်တစ်ခု
 ဖြစ်လိမ့်မည်ဟု ဆိုရပါလိမ့်မယ်။

ယခု အခါ နိုင်ငံတစ်ကာစောင့်ကြည့်ကြမည့် အဖွဲ့ အစည်းများ ဆိုတာလည်း
မဲဆန္ဒရှင်စာရင်း ပေါက်ကရ မှားယွင်းနေကာ ကော်မရှင် ဥက္ကဌ၏ လက်လက်စဘွယ်
ရူးချင်ယောင်ဆောင် ပြောကြားနေမှုကို လုံလောက်သော ဖိအားပေးပြောဆိုမှုများမရှိသလို
ပြည်တွင်းပါတီခေါင်းဆောင် အသီးသီးကလဲ လုံလောက်သော
 ပြောဆို ဖိအားပေးမှု အားနည်းနေသည်ဆိုရပေမည်။

ဒါကို အချိန်ကပ်နေပြီဆိုမှ မဲရလဒ် နဲ့ အစိုးဖွဲ့နိုင်ခြေ၊
လွှတ်တော်တွင်း အင်အားချိန်ခွင်လျှာကိုပါ
 ပြောင်းလဲ ပစ်နိုင်တဲ့ ဟာပါလားလို့
အရေးတစ်ကြီး ထလုပ်ကြမယ် စဉ်းစားရင်
ပေါ်ထွက်လာ ဖြစ်လာနိုင်မည့် အခြေအနေ တွေဟာ
အကျည်းတန် အရုပ်ဆိုးသွားနိုင်တဲ့ အခြေအနေ ရောက်လာနိုင်ပါတယ်။

အခု အချိန်ဟာ ပြည်သူ အများစု ရဲ့ ရွေးကောက်ပွဲ အပိုင် နိုင်မှာ ဆိုတဲ့
 မျော်လင့်ချက် ဒီကရီ တစ်အားအမြင့်ဆုံးရောက်နေသလို

လက်ရှိ အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့အစည်းဝင်များရဲ့
ယုံကြည်မှုရှိရှိ ထုတ်ဖေါ်ပြောဆိုနေမှုများဟာ
ဘာကြောင့်လဲ ဘာ Well-plan တွေ နောက်ကွယ်မှာ
ရှိနေသလဲလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။

ဒါကြောင့် မို့ အခု အချိန်မှာ မဲဆွယ်ရေးသာ အရေးကြီးသည့်
Activity တစ်ခု မဟုတ်ဘဲ မဲ မှန်ကန်စွာ လူတိုင်း ပေးခွင့် ရရေးနှင့်
မိမိတို့အားလုံး၏ မဲ များအား မှန်ကန်စွာ ရေတွက်ခွင့်ရရေးအတွက်
ပွင့်လင်းမြင်သာ မှန်ကန်သော အစီအစဉ်တစ်ခု ရှိကြောင်း
လူထုကြားကို အစိုးရမှ ပြသရေးသည်လည်း
အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုဖြစ်ကြောင်း
မိမိတို့ ယှဉ်ပြိုင်ရမည် ဒေသ အသီးသီးတွင်
အမတ်လောင်း ကိုယ်စားလှယ်အသီးသီးကို
ပါတီအသီးသီး တက်ကြွ လှုပ်ရှားသူ အသီးသီး ကို ပါ တိုက်တွန်းချင်ပါသည်။