စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, September 21, 2015

လွှတ်တော်အမတ်နေရာ ဘယ်လိုခွဲယူထားကြသလဲ





ကျနော် ပြည်နယ်/ဒေသကြီး လွှတ်တော်ရယ် ၊ အမျိုးသားလွတ်တော်ရေ၊
 ပြည်သူ့လွှတ်တော်ရေ၊ ပြည်ထောင်စု လွှတ်တော်ရေ တို့ တစ်ခုချင်းအလိုက်
အမတ်တက်ရောက်ခွင့်နေရာအသီးသီးကို ရေတွက်ကြည့်တဲ့အခါ
 ဖေါ်ပြပါ summary တစ်ခုကိုရရှိပါတယ်။ 
လက်ရှိ ဖွဲ့စည်းပုံအရကိုက  ပြည်သူ့ လွှတ်တော်ထဲမှာ
ရခိုင် အမတ်တွေရဲ့ အရေအတွက်ဟာ ၃.၈% သာရှိပြီး ၊
မတူညီတဲ့ လူမျိုးစု တိုင်းရင်းသားတွေ ကွဲပြားနေထိုင်ကြတဲ့ ပြည်နယ်အားလုံရဲ့
အမတ်စုစုပေါင်းမှ ၂၇.၉% လောက်သာ နေရာရပါတယ်၊

ဥပဒေပြုခွင့် အစိုးရဖွဲ့ခွင့်ကို
ချုပ်ကိုင်ထားတဲ့ ပြည်သူ့လွှတ်တော်ထဲမှာ
Infrastructure တွေနဲ့ လမ်းပမ်းဆက်သွယ်ရေး
နိုင်ငံတစ်ကာနဲ့ ကူးလူးဆက်ဆံရေး ပိုပိုလွယ်ကူပြီး စီးပွါးဇုံ
 မြောက်မြားစွာတည်ဆောက်ထားပြီး ဗမာတိုင်းရင်းသားအများစုနေထိုင်ကာ
 ကျန်တိုင်းရင်းသားများလည်း အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေးအတွက်
minority အနေဖြင့်သာ လာရောက်မှီခိုနေထိုင်မှုများရှိနေသည့် 
ပြည်မဒေသ နှင့် တနင်္သာရီ ကို တိုင်းဒေသကြီး ၇ခု အဖြစ် ခွဲထုတ်ကာ
အာဏာပါဝါအသာစီးရရန် မဆလခေတ် ဦးနေဝင်းမူကို
ဆက်လက် စွဲကိုင်ထားသည့် ဤ ဖွဲ့စည်းပုံအရ
တိုင်းဒေသကြီး ၇ ခုတို့၏  အမတ်အရေအတွက် စုစုပေါင်းသည်
 ပြည်သူ့လွှတ်တော်တွှင် ၄၇% ရှိနေပါသည်။

 ပြည်နယ်တိုင်းရင်းသား လူနည်းစုသာ ပါဝင်သော
စစ်တပ်ကလည်း ၂၅% အပိုင်ယူထားခံရပါသည်။

 
ဒါကြောင့်မို့ ပြည်မ အခြေစိုက် ပါတီကြီးများအနေနှင့်
မိမိတို့ ဗမာတိုင်းရင်းသား အများစု ရှိသည့် ၄၈ % သောနေရာကို အပိုင်ယူကြပါ၊
ပြည်နယ်တစ်ခုစီ၏ ၃ % ၄% ကလေးလောက်အား လူမွေး၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည်
ထိုပြည်နယ်တွင်းနေ တိုင်းရင်းသား ပြည်သူများကြား သွေးကွဲမှု မဲကွဲမှုတို့ကိုဖန်တီးရာရောက်ပါသည်။
ဘယ်တိုင်းရင်းသားပါတီမှ သက်ဆိုင်ရာ ဒေသကြီး အချို့တွင် ဒေသကြီးအစိုးရအောက်တွင်ရှိသည့်
တိုင်းရင်းသားရေးရာဝန်ကြီး အရွေးခံနိုင်ခွင့်ရှိ ခဲ့မှ သာ ထိုနေရာအတွက် ဝင်ပြိုင်ကြသည်သာရှိပြီး၊
မိမိတို့ ပြည်နယ်မှလွဲ၍ ဘယ် ပြည်နယ် ဘယ် ဒေသ ကြီးတွင်မှ ပြည်သူ့လွှတ်တော် ၊
အမျိုးသားလွှတ်တော်အမတ် သွားရောက်အရွေးမခံကြပါ။
အရွေးခံခဲ့သော်လျင်လည်း ထိုမဲဆန္ဒနယ်တွင် သက်ဆိုင်ရာ တိုင်းရင်းသာများက အများစုနေထိုင် နေ၍သာ ဖြစ်ပေမည်။

ရခိုင်ပြည်နယ်မှ ရရှိသည့် ၃.၈% ထဲမှ ဘူးသီးတောင်မောင်းတော ၂ မြို့နယ်သည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု မဟုတ်သောသူထံ ရှုံနိမ့်ထာြးီးဖြစ်ပါသည်။ နပခ စစ်တပ်မြို့ဖြစ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာသည်လည်း မသေချာမရေရာပါ။ ငွေကို ရေ လိုသုံး၍ ပရဟိတများတွင်ပါဝင်ဆောင်ရွက် မဲဆွဲနေကြသော ကြံ့ ဖွတ် ပါတီမှ အရှင်မွေးထားသည့် မိုးကျရွှေကိုယ် ရခိုင်ပုဂ္ဂိုလ်ကြီးများနှင့် နောကလိုက်နောက်ပါများ ၏ ရန်လည်းရှိသေး၏။ ဒါကြောင့်မို့ လွှတ်တော်ထဲရောက်မှ ရခိုင်အမျိုးသားပါတီနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းသည် ရခိုင်ဝေစု ၃.၈ ရာခိုင်နှန်း၏ ထောက်ခံမှုကို လွှတ်တော်ထဲရော ပြင်ပမှာပါ ရရန်သေချာပြီးမှ ၀.၅%လောက်အား ရွေးကောက်ပွဲမှ ဝေမျှ စားသုံရန်ကြိုးစားခြင်းသည်၊ နောင်တချိန် လွှတ်တော်တွင်းပူးပေါင်းရန်မိတ်ဆွေ မဖြစ်လို၍ဟု ရခိုင်ပြည်သူတို့ဖက်ယူဆသွားနိုင်သလို ၊ ရခိုင်ပြည်ပြင်ပရောက် မဲဆန္ဒရှင် ရခိုင်လူမျိုးတို့၏ မဲများဆုံးရှုံသွားနိုင်သလို ကြံဖွတ်အကြိုက် အခြေအနေကို ဖန်တီးသွားနိုင်ပါလိမ့်မည်။  ကြံဖွတ်သည် စစ်တပ် ၂၅% နှင့် ပေါင်း၍ အစိုးရဖွဲ့ရန် ၂၆% နှင့်အထက်ရရန် ဒေသစုံမှ ကောက်သင်းကောက် အမတ်ရဖို့ ကြိုးစားနေသည်ဟု မြင်ပါသည်။

 ပြည်မနေတိုင်းရင်းသားများ ကြံဖွတ်ကို မည်သူမှ မဲပေးချင်မည်မဟုတ်ပါ။
ထိုမဲများ မိမိတို့အိပ်ထဲ ရောက်လာရန် လိမ္မာပါးနပ်မှုနှင့် လျှာဖျားက ထွက်စကားသာလိုပေသည်။

No comments:

Post a Comment