စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, September 2, 2015

ကြိုတင်မဲပေးခွင့်ဘယ်တော့လဲ

နှစ်လကျော်လေးဘဲကျန်တော့တယ်
စလုံးမှာ တို့တစ်တွေပေးရမယ့် မဲရုံက တစ်ရုံထဲ
မဲရုံမှူးနဲ့လူအင်အားက နှစ်ယောက်တစ်ပိုင်း
မဲပေးမှာက အရပ်ရှစ်မျက်နှာက မြန်မာပြည်သား
သုံးလအတွင်းကြိုတင်မဲပေးခွင့်က Oversea Myanmarတွေအတွက် ဘယ်တော့စမှာလဲမသိ ၊
ကျုပ်တို့ မပင်ပမ်းအောင် သူတို့ကဘဲ
ကိုယ်စားပေးချင်နေသလား မသိ
ကျုပ်တို့ ကိုယ်တိုင် မဲပေးခွင့်ရခဲ့ရင်တော့
ကျုပ်တို့အတွက်
ကြည့်စရာ အမတ်လဲမရှိ .........
မောင်ဖြူလားမောင်မဲလား
သိလဲမသိ မြင်လဲမမြင်ဘူးတော့
မဲလက်မှတ်မှာ ပါလာမဲ့
တံဆိပ်တွေပဲကြည့်ပေးရမှာဘဲ
ကျုပ်သိတဲ့ တံဆိပ်ကလဲ သုံးခုပဲရှိတယ်၊
အဲဒီသုံးခုထဲ ကမှ
သေချာတာက ဟို ခြေလေးချောင်းနဲ့သတ္တဝါ၊
လည်ဆန်မွေးစုတ်ဖွားနဲ့ အကောင် ကိုမပေးတော့ဘူး
သူက သားစားသတ္တဝါဆိုတော့
အညှီအဟောက်နံ့ပြင်းသဗျ
ဒါပေမယ့်လဲ
စကာင်္ပူကို မြန်မာစတိတ်ရှိုးခေါ်သွင်းသလို ရုံသွင်းပြီး
ပါတီကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ကာ
အကျိုးအမြတ် ခွဲဝေစံနစ်နဲ့
မဲဆွယ် မဲဆွဲပွဲကြီး တစ်ပွဲလောက်
စိတ်ဓါတ် အဆင့်ရှိစွာ မဲဆွယ်နိုင်ကြဖို့
စလုံးက ပါမစ်ပေးမယ်ဆို ခေါ်သွင်းလိုက်ချင်ရဲ့၊
ဝင်ငွေရတော့ ဒုက္ခသည်တွေလှုရတာပေါ့
တစ်သက်မှာတစ်ခါကျင်းပတဲ့
ရွေးကောက်ပွဲမို့
မဲတွေ ဘယ်လိုဆွယ်ကြတယ်ဆိုတဲ့ အတွေ့အကြုံလေး
စလုံးနေ မဲဆန္ဒရှင်တွေ
ကိုယ်တိုင်ထိတွေ့ရအောင်လဲပါသွားသပေါ့..။

ကျနော်စဉ်းစားတာကဒီလို
ပါတီအမတ်လောင်းတစ်ချို့ သို့မဟုတ် ကိုယ်စားလှယ်တွေ ဖိတ်ခေါ်မယ်
ပရိတ်သတ်ကို ဝင်ခွင့်လက်မှတ်လဲရောင်းမယ် 
Deposit S$100 သွင်းခိုင်းထားမယ်
ကြိုက်တဲ့ပါတီ အမတ်လောင်းတက်ဟော
မကြိုက်ယင် ခရမ်းချဉ်သီးအသေးလေးတွေနဲ့ ပစ်ပေါက်နိုင်တယ်
အဲဒီအတွက် ပရိတ်သတ်တွေထဲကို
Cherry tomato တွေ တစ်လုံးငါးဒေါ်လာနဲ့ရောင်းမယ်
အပြင်ကသယ်လာခွင့်မရှိဘူး
အမတ်လောင်းနဲ့ပရိတ်သတ်ကြား
စိတ်မဆိုးကြေး မဆဲကြေးပေါ့
ဆဲရင် အခန်းက ဆွဲထုတ်ခံရပြီး Deposit 100 ဆုံးမယ်
ပေါ့.။

No comments:

Post a Comment