စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, September 27, 2015

ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်မှု များ



၁) မဲပေးနိုင်သူဖြစ်ရဲ့နဲ့  စာရင်းမှားထဲပါနေ၍ မဲပေးခွင့် မရသူ
၂) မဲ/ ကြိုတင်မဲပေးရန်ကို စိတ်ကို မဝင်စားသူ
၃) ရွေးကောက်ပွဲ နှင့် ပါတီများကို မယုံကြည် ၍ မူလကပင် မဲဘယ်သူ့မှ မပေးဘူးဟု ဆုံးဖြတ်ထားသူ
၎) မဲပေးသော်လည်း ပယ်မဲအဖြစ်အသတ်မှတ်ခံရသူ
၅) နိုင်ငံရပ်ခြား သို့မဟုတ် ဝေးရပ်မြေတစ်ခုခုသို့ တရားမဝင်ရေက်ရှိနေသူ
၆)တရားမဝင် အဖွဲ့အစည်းတစ်ခုခုအောက် ရောက်ရှိနေသူ 
၇) မဲစာရင်းတွင်လည်းမပါ ပြန်လည်ပြင်ဆင်ပးရန်လည်းမလျှောက်သဖြင့် မဲပေးခွင့်မရသူ

ထိုသူများ၏ မဲများ အား မည်သည့် ပါတီအဖွဲ့အစည်းကမှ အစားထိုး အသုံးချ မခံရဖို့ အရေးကြီးသည်။ 

နောက်တစ်ခုက
၁) မဲစာရင်းထဲတွင် မဲပေးနိင်သော လူဦးရေထက် ပိုလျုံ့ပြီးစာရင်းပို ပါဝင်နေမှု 
၂) ကြိုတင်မဲများ၏ ခိုင်မာမှု ၊ပွင့်လင်းမြင်သာမှု ရှိမရှိပေါ်ကိုမူတည်၍ ပါတီအဖွဲ့အစည်း တစ်ခုခုမှ အသုံးချသွားနိုင်မှု
၃) အာဏာပိုင် အဖွဲ့အစည်း အင်စတီကျူးရှင်း များ ၊ ဝန်ထမ်း အဖွဲ့အစည်းများ၏  ဝန်ထမ်းများ အဖွဲ့ဝင်များ အား ဗဟိုမှ ချုပ်ကိုင်ကာ ပါတီအဖွဲ့ အစည်းတစ်ခုခု မှ လွှမ်းမိုး ဖိအားပေး၍ မဲပေးစေရန် အသုံးချခြင်း၊  pro-government အုပ်စု တွင်ရော Anti-government အုပ်စုမျာကြားတွင် မဲကွဲနေခြင်း  မဲကွယ်အောင် မိမိကိုယ်တိုင်ကဖြစ်စေ ၊ တစ်ခြား အဖွဲ့ အစည်း တစ်ခုခု က ဖြစ်စေ အချင်းချင်းက ဖြစ်စေ ကြံဆောင်ကြသဖြင့် မဲများ ပြန့်ကြဲ သွားမှု
စသည့် စသည့် အထက်ဖေါ်ပြပါ ကိစ္စ များက  ရွေးကောက်ရလဒ်ကို အကြီးအကျယ်ပြောင်းလဲ လိုက်နိုင်သလို ဤသို့ ပြောင်းလဲရန်လည်း အဖွဲ့အစည်းအချို့က  ကြိုးစားနေကြသည်ဟု  ထင်မြင် ယုံကြည် မိပါသည်။

No comments:

Post a Comment