စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, September 16, 2015

မဲစာရင်း မဲပေးခြင်း နှင့် မဲရေ ခြင်း

" လူတိုင်း ၊ အမတ်လောင်းတိုင်း ပါတီခေါင်းဆောင်တိုင်း နဲ့
နိုင်ငံတစ်ကာ အသိုက်အဝန်းကပါ
အရေးတကြီးတိုက်တွန်းအရေးဆို တောင်းဆို သင့်နေပြီဖြစ်သော
မဲစာရင်း မဲပေးခြင်း နှင့် မဲရေ ခြင်း "


ဒီအချိန်မှာ လူတိုင်းဟာ မိမိရင်ထဲ မှာ
ဘယ်သူ့ ကို
ဘယ်ပါတီကို
မဲပေးမည်
မပေးဘူး
ကြားနေမယ်
ဆိုတဲ့ အတွေးက
ရင်ထဲမှာ ဆုံးဖြတ်ထားကြပြီးသားရှိကြမှာပါ၊။

ဒီတော့ ရွေးကောက်ပွဲ က အဝင်ဝနားကပ်နေ ချိန်ကျမှ
ငါပေးမယ့်ပါတီ မပေးလို့ ငါ့ခေါင်းဆောင်မထောက်ခံလို့
ဘယ်သူဘယ်ဝါ ဘယ်ပါတီ မဲပေး မှာမို့လို့
ဘယ်သူနဲ့ အပေါင်းအသင်း လုပ်လို့
ဘက်ဖွဲ့လို့ ဆိုပြီး တစ်ဦးကို တစ်ဦး တစ်ဖွဲ့ ကို တစ်ဖွဲ့
အပြစ်ပြောနေခြင်းက
အကျိုး မရှိဘဲ အကျိုးယုတ်စေခြင်းသာ ရှိပါပါလိမ့်မည်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ
အုပ်ချုပ်ရေး စီမံခန့်ခွဲရေး စီးပွါးရေး လူမှုရေး ကဏ္ဌအားလုံးနဲ့
လူတန်းစား အဆင့်ဆင့်တိုင်းမှာ ခြစား လာပ်စားမှု အပါအဝင်
တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ အရာဟာ
ဆိုးဆိုးဝါးပျက်စီးနေတာ အားလုံးသိကြမှာပါ။

တရားဥပဒေ စိုးမိုးရေးကို အဓိက  ပါဝင် ထိန်းသိမ်းပေးရတဲ့
ဝန်ကြီးဌာနတွေဟာ အစိုးရ က ရွေးချယ်ခန့်တဲ့အောက်မှာလဲမရှိသလို
လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီကလဲ ခန့်ပိုင်ခွင့် ခိုင်းပိုင်ခွင့်မရှိဘဲ
မိုးကျရွှေကိုယ်တော်ကြီး ကသာ ထိန်းချုပ်ခန့်ထားနိုင်တာပါ။

ဒါကြောင့်မို့ အစိုးရသစ်တရပ် ဖွဲခွင့်ရပြီ ဆိုရင်တောင် ဒီ သုံးနေရာက
untouchable ပါဘဲ။

Pre-election stage မှာရော post election stage မှာပါ
တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကို ထိရောက်အောင်
အကောင်အထည်ဖေါ်ဖို့ ကိစ္စဟာ၊
သမတရဲ့လက်ထဲမှလဲမဟုတ်၊
လွှတ်တော်ဥက္ကဌတွေ နဲ့ တရားဥပဒေ စိုးမိုရေး ကော်မတီ ဥက္ကဌ 
တို့ဆီမှာလဲ မဟုတ်ဘဲ
မိုးကျရွှေကိုယ်တွေ ဆီမှာမို့
တက်လာမယ့် အစိုးရသစ်အတွက်
တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာ
အတားအဆီး  challengeကြီး တစ်ခုလို့ဆိုချင်ပါတယ်။

အခုလို နှစ်လနီးပါးလိုသေးတဲ့ Pre-election ကာလမှာ

သီချင်းတွေ အပြိုင်ဆို ပျော်ကြီးကျ အော်နေကြ ကာ
မဲဆွယ်နေကြ ရုံနဲ့ မလုံလောက်ဘဲ
မိမိတို့ ပေးလိုက်တဲ့ မဲပြားတွေ ဟာ......
ကိုယ်မဲပေးလိုက်တဲ့ အမတ်/ပါတီကိုယ်စားလှယ်ရဲ့
ရရှိမဲ အရေအတွက်အောက်ကို မှန်ကန်စွာ ရောက်ရှိ သွားမှု
ရှိမရှိ ကို သေချာစေ အောင်  ကော်မရှင်နဲ့ အစိုရ ကို
သေချာ တိကျ မှန်ကန်တဲ့ စ်နစ် တစ်ခု ချမှတ်ထားဖို့
အားလုံး ဝိုင်းဝန်း တောင်းဆို ဖိအားပေးရမည့် ကိစ္စ က
ပိုအရေးကြီးနေပြီဟု ဆိုချင်ပါသည်။
ဒါမှသာ ရွေးကောက်ပွဲ ရလဒ် ဟာ ယုံကြည်ရသော
ရလဒ်တစ်ခုအဖြစ် သံသယ ကင်းမှာဖြစ်ပြီး
အားလုံး အတွက်
ပိုပြီး အကျိုးသက်ရောက်စေသည့် တာဝန်တစ်ခု
 ဖြစ်လိမ့်မည်ဟု ဆိုရပါလိမ့်မယ်။

ယခု အခါ နိုင်ငံတစ်ကာစောင့်ကြည့်ကြမည့် အဖွဲ့ အစည်းများ ဆိုတာလည်း
မဲဆန္ဒရှင်စာရင်း ပေါက်ကရ မှားယွင်းနေကာ ကော်မရှင် ဥက္ကဌ၏ လက်လက်စဘွယ်
ရူးချင်ယောင်ဆောင် ပြောကြားနေမှုကို လုံလောက်သော ဖိအားပေးပြောဆိုမှုများမရှိသလို
ပြည်တွင်းပါတီခေါင်းဆောင် အသီးသီးကလဲ လုံလောက်သော
 ပြောဆို ဖိအားပေးမှု အားနည်းနေသည်ဆိုရပေမည်။

ဒါကို အချိန်ကပ်နေပြီဆိုမှ မဲရလဒ် နဲ့ အစိုးဖွဲ့နိုင်ခြေ၊
လွှတ်တော်တွင်း အင်အားချိန်ခွင်လျှာကိုပါ
 ပြောင်းလဲ ပစ်နိုင်တဲ့ ဟာပါလားလို့
အရေးတစ်ကြီး ထလုပ်ကြမယ် စဉ်းစားရင်
ပေါ်ထွက်လာ ဖြစ်လာနိုင်မည့် အခြေအနေ တွေဟာ
အကျည်းတန် အရုပ်ဆိုးသွားနိုင်တဲ့ အခြေအနေ ရောက်လာနိုင်ပါတယ်။

အခု အချိန်ဟာ ပြည်သူ အများစု ရဲ့ ရွေးကောက်ပွဲ အပိုင် နိုင်မှာ ဆိုတဲ့
 မျော်လင့်ချက် ဒီကရီ တစ်အားအမြင့်ဆုံးရောက်နေသလို

လက်ရှိ အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့အစည်းဝင်များရဲ့
ယုံကြည်မှုရှိရှိ ထုတ်ဖေါ်ပြောဆိုနေမှုများဟာ
ဘာကြောင့်လဲ ဘာ Well-plan တွေ နောက်ကွယ်မှာ
ရှိနေသလဲလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။

ဒါကြောင့် မို့ အခု အချိန်မှာ မဲဆွယ်ရေးသာ အရေးကြီးသည့်
Activity တစ်ခု မဟုတ်ဘဲ မဲ မှန်ကန်စွာ လူတိုင်း ပေးခွင့် ရရေးနှင့်
မိမိတို့အားလုံး၏ မဲ များအား မှန်ကန်စွာ ရေတွက်ခွင့်ရရေးအတွက်
ပွင့်လင်းမြင်သာ မှန်ကန်သော အစီအစဉ်တစ်ခု ရှိကြောင်း
လူထုကြားကို အစိုးရမှ ပြသရေးသည်လည်း
အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုဖြစ်ကြောင်း
မိမိတို့ ယှဉ်ပြိုင်ရမည် ဒေသ အသီးသီးတွင်
အမတ်လောင်း ကိုယ်စားလှယ်အသီးသီးကို
ပါတီအသီးသီး တက်ကြွ လှုပ်ရှားသူ အသီးသီး ကို ပါ တိုက်တွန်းချင်ပါသည်။




No comments:

Post a Comment