စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, September 16, 2015

" ပြန်မေးကြည့် ချင်ပါသည် "

ရခိုင် မိတ်ဆွေများဟု အမည်တတ်ကာ
ရခိုင်လူမျိုး တစ်ရပ်လုံးကို သိမ်းကျုံးရေးနေသလို ဖြစ်နေသော
နောင်မှ နောင်တ မရ နဲ့ဟူသော စကားလုံး သုံးနှုန်းထားမှုက
မရည်ရွယ်သည်ပင် ဆိုအုန်းတော့  ခြိမ်းခြောက်သံ ပါနေသည်ဟု ဆိုနိုင်သော
NLD အာဏာမရသေးဘူး မထောက်ခံသည့် တိုင်းရင်းသားတွေ တွေ့မယ်ဟု ဆိုသလို ဖြစ်နေသော အဓိပ္ပါယ်ဆောင်သလို ဖြစ်နေသော
Like လုပ်သူ အမြဲ ရာကျော် ပရိတ်သတ်ရှိနေသော
ဗမာတိုင်းရင်းသား လူမျိုး ဒီမိုကရေစီဖက်တော်သား
မိတ်ဆွေ တစ်ယောက်၏  post ကို ဖတ်မိသည့် ကျနော်
ရခိုင်တိုင်းရင်းသား တစ်ယောက် အနေဖြင့်
သူတို့ ၏ အမြင်ကို တုန်လှုပ်မိပါသည်။


မေးခွန်းအချို့ မေးကြည့် ချင် ပါသည်။

၁) ရခိုင်ပြည်နယ် ထဲမှာ ရခိုင်လူထု မည်သည့်ရာခိုင်နှုန်း
     FB နေ့စဉ်နှင့် အမျှ သုံးစွဲ နေ ၊ လိုင်းပေါ်ရှိနေကြသလဲ သင်ထင်သနည်း ၊

၂) ထိုအထဲ မှ မည်မျှလောက်သော ရာခိုင်နှုန်းက
    နိုင်ငံရေး အခြေအနေကို စိတ်ဝင်စားကြသနည်း  ဟု သင်ထင်သနည်း၊

၃) ရခိုင် နာမည်/ ရခိုင်အကောင့်လိမ် ဖြင့်
     တစ်ချို့သော ဘာသာရေး လူမျိုးရေး လွှမ်းမိုးလိုသည့် ကုလားအုပ်စု ၏
    အကောင့်အတု အစစ်ပေါင်းစုံ နှင့် ဒီမို Die Hard fans လိုလို၊
    ANP Die Hard fans လိုလို USDP Die Hard fans လိုလို အကောင့်မျိုးစုံနှင့်
    သွေးထိုးလှုံဆော်ပေးနေသော အုပ်စု..........
    အချို့သော ရခိုင်လူမျိုး ကြံ့ဖွတ်ထောက်ခံ ကြသည့်
    ANP ကို ကျဆုံးလိုသော တပြိုင်ထဲတွင်NLD ကိုပါ တိုက်ခိုက်၍
     ကြံ့ဖွတ် ကို promote လုပ်လိုသောအုပ်စု၊......
    ဗမာ နှင့် ရခိုင်ထဲမှာ ပင် ကြားသမျှ လိုက်ယုံကာ လိုက်ဖွ လိုက်ဗေတီး
    comment နှင့် Like လုပ်နေကြသည့်အုပ်စု .......
    အမျိုးသားရေး ရှေ့တန်းတင်ပြပြီး
    ကိုယ်ယုံကြည်သည့် သဘောတရား ရှေ့တန်းတင်ကာ
    နိုင်ငံရေး အုပ်စုများကြားတွင် မိမိလိုလားသည့် Objective များရဖို့
    နည်းမျိုးစုံဖြင့် လှုပ်ရှား မိမိလိုရာဘက်ကို
    ဘက်လိုက်သလိုနှင့်.....
    ကိုယ့်အကျိုးအောင်မြင်အောင် လုပ်နေသော အုပ်စု......
    မိမိတို့ ကိုယ်၌က ဒီမိုကရေစီ နှင့် ဖယ်ဒရယ်ကို ယုံကြည် တိုက်ပွဲ ဝင်နေပါတယ်ပြောပီး
    မိမိအကြိုက် မပြောသူ မဖြစ်သူ ကိုယ့်အုပ်စုကို ဝေဖန်သူတိုင်းကို အုပ်စုတိုင်းကို
    respect  မထားဘဲ အမုန်းစိတ်ပွား၊ ဥပက္ခာထား ၊ အထင်သေးရှုတ်ချ ၊
    ဆဲဆို မကောင်းပြောလိုသည့် အုပ်စု နှင့်
    ကြံ့ ဖွတ် စစ်တပ်လောဘီ အကောင့် ဘယ်နှစ်ခု
    လိုင်းပေါ်တွင် လှုပ်ရှားနေသည်ဟု ထင်ပါသနည်း
    သင်ကော ထိုအုပ်စုတစ်ခုခုထဲတွင်
     ရောက်မှန်းမသိ ရောက်နေပြီလား၊ ။

၎) ရံပုံငွေ အင်အားတောင့်တင်းသော
     ကြံ့ ဖွတ် ပါတီဝင်ထဲတွင်လဲ ဗမာ ရခိုင် လူမျိုးစုံ ရှိကြသလို
     ရခိုင် ကြံ့ဖွတ်နှင့် သူတို့၏ နောက်လိုက်များ ကိုယ့်လူ သူ့ဖက်သားများ
     လိုင်းပေါ်တွင် အမြဲရှိနေကြသူ ဘယ်လောက် ရာခိုင်နှုန်းရှိသလဲ
    သင်သိပါသလား၊။

၅) ရခိုင်တိုင်းရင်းသားများ မိမိအနာဂါတ်အတွက်
    မိမိ ကိုယ်ကိုသာ အားကိုးဖို့ စုစည်းနေကြသည့်ကြားက
    ပင်မပြဿ     နာဟာ လက်ရှိအာဏာရအုပ်စု နှင့်
    သူတို့၏ စံနစ်ကြောင့်ဆိုသည်ကို မမေ့ကြသလို
    NLD ၏ အနေအထားနှင့် အပြောင်းအလဲ အတွက်
    ရပ်တည်နေမှုကို အားနည်းချက် အားသာချက်များကိုပါ
    ကောင်းစွာ သဘောပေါက်ကြသည်ကို
    သင် သိပါသလား။

၆) အာဏာနှင့် ပါဝါ လက်ထဲရှိနေသေးသော လက်ရှိ
    စစ်/ဖွတ်အုပ်စု၏ မျက်ခုံးမွှေးပေါ်တွင် လက်တွဲ လျောက်လျက်
    လွှတ်တော်ထဲ မဝင်ရောက်ကြမီ
    အနီးကပ် ပလူးပလဲ ဆက်ဆံပြနေခြင်းထက်၊
    လောဘီတွေအကြိုက် NLD နှင့် မတည့်ဘူးဟု မြင်တွေ့နေရသည့် အခြေအနေက
    နိုင်ငံရေးခေါင်းဆောင်ပိုင်းအပေါ်
    ပိုမို လှုပ်ရှားရ ချောင်လည်စေသည်ကို သင်သိပါသလား။

၇) တစ်ဆိတ်ရှိ ရခိုင်တွေ အပေါ်မှာ မေးခွန်းထုတ်နေခြင်းထက်၊
    သခင်အောင်ဆန်း အကြောင်း သင် ပိုစ့်ပေါင်း ၁၀၀ ခန့် တင်ပြီးချိန်တွင်
    သင်သည် မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင်
    ဝံသာနှ အမျိုးသားစိတ် တက်ကြွလာအောင်
    Initiate လုပ်ပေးခဲ့သော အရှင်ဥတ္တမ အကြောင်း
    နှင့် တစ်ခြားပြည်နယ် တိုင်းရင်းသားခေါင်းဆောင် အချို့၏ အကြောင်း
    မရေး မတွေးမိသည့်တိုင်အောင် သူ့အကြောင်းရေးသည့်
    ရခိုင်မိတ်ဆွေ  တစ်ခြားပြည်နယ် တိုင်းရင်းသားမိတ်ဆွေ
    တစ်ယောက် ယောက်၏ post တစ်ခုခု ကို
    like တစ်ကြိမ်ခန့်မျှ လုပ်ဖူးခဲ့ပါသလား?

၈) ပုဂံ နှင့် အနော်ရထာ သမိုင်းကြောင်း ပုဂံသူရဲကောင်းများကို
    ပြည်ထောင်စု မြန်မာ့ သမိုင်း၏ ဂုဏ်ယူ စရာများဟု
    သင်အမြဲ မှတ်မိနေသော် လည်း
    နန်းတော်တိုင် ထုံးတို့ မိ၍
    မိမိ လက် ညှိုး မိမိ ဖြတ်ခဲ့သည့် ဘုရင်တွေ အုပ်စိုးခဲ့ သည့် မြောက်ဦး
    ဝေသာလီ သမိုင်းကြောင်းတစ်ခုခု ကို
    ဂရုပြု ထားမိခြင်း ပြည်ထောင်စု၏
    သမိုင်းအမွေ အနှစ် ဟာ
    မိမိတို့၏ သမိုင်းအမွေ အနှစ် ဘဲ ဟု
    ပုဂံထက်ရှေးကျပြီး ဗိသုကာ လက်ရာ ကွဲပြားထူခြားနေသော
     မြောက်ဦး ဝေသာလီ သမိုင်းဝင် အဆောက်အဦးများနှင် ပါတ်သက်၍
     ဂရုထားမှု ခံစားမှု တစ်စုံ တစ်ရာ ရှိဖူးပါ၏လော ။

၉) Change ဖြစ်ရန် အဓိက အရေးကြီးသည့်
     ပြည်နယ် အစိုးရ ဗဟိုအစိုးရဖွဲ့နိုင်ရန်
     ပြည့်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အမတ်နေရာအများစု ရရှိရန် သာ
     အရေးကြီးသည်ကို သဘောပေါက်ထားလျက်
     မိမိတို့၏ အင်အားကောင်း သည့် မဲဆန္ဒနယ်များသာ မက ANP မှ
     စုစည်းထားသည့်နေရာများ၌ပါ
     ပြည်နယ်လွှတ်တော်အမတ်နေရာ၊
     ပြည့်သူ့လွှတ်တော်အမတ် နေရာ၊
     အမျိုးသား လွှတ်တော်အမတ် နေရာ ၊
    တိုင်းရင်းသားရေးရာဝန်ကြီးနေရာများ၌ပါ
    ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည်၊
    ရန်သူ ရယူမည့် မဲ ကို ဖဲ့ ချူ  ရာ မကျဘဲ
    ရန်သူမဟုတ်သည့် တစ်လှေထဲ စီးဖေါ်၏
    မဲ ကို ဖဲ့ချွေခြင်းသာ ဖြစ်ကြောင်း သင် သိပါသလား၊

၁၀) ရခိုင် အများစုသည်
      ကြံဖွတ်ကြောင့် ရခိုင်လူမျိုး ဒီအခြေအနေ ရောက်နေကြောင်း
      ကောင်းစွာ သဘောပေါက်သလို
     ANP ကိုယ်စားလှယ် မရှိသည့်နေရာ တွင်
     NLD သို့မဟုတ် ဒီမိုကရေစီလိုလားသည့် မိတ်ဆွေ ပါတီ တစ်ခုခု ကိုသာ
     မဲပေးဖို့ ဆုံးဖြတ်ထားသူ ဆော်ဩနေသူအများကြီးရှိနေသော်လည်း၊
     NLD မရှိသော နေရာတွင်
     သက်ဆိုင်ဒေသနေ တိုင်းရင်းသား ကိုယ်စားပြု ပါတီတစ်ခုကို
     မဲထည့်ကြရန် သင်ကိုယ်တိုင် ဆော်ဩဖူးပါသလား
     ဆော်ဩဖို့ စဉ်းစား မိပါသလား။

ဒါတွေကို မိမိဖါသာဖြေကြည့်ပြီးမှသာ
မိမိကိုယ်ကို သုံးသပ်၍ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲ အုပ်ချုပ်ရန်အတွက်
 ပြည်နယ်အသီးသီးနေ တိုင်းရင်းသားပြည်သူ တစ်ဦးချင်းကို စည်းရုံးရန်ကြိုးစားပြီး
မိမိနောက် မလိုက်သူများအား ပြစ်တင်စွပ်စွဲ နေခြင်းထက်၊
ထိုပြည်နယ်အသီသီးမှ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်
တစ်စုစုတစ်ဦးဦးအောက်တွင် စုစည်းစေ၍

ထိုကိုယ်စားပြု အုပ်စု /ခေါင်းဆောင် များနှင့် သင်တို့၏ ခေါင်းဆောင်များ
 တစ်ဦးကို တစ်ဦး တစ်ဖွဲ့ကို တစ်ဖွဲ့
အပြန်အလှန်လေးစားမှု ယုံကြည်မှု စည်းရုံးမှု ရှိဖို့
ပိုအရေးကြီးသည်ကို နားလည်ပါသလား
ဗိုလ်ချုပ်အောင်ဆန်း ဟာ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရရှိဖို့ ပြသဖို့
 ပြည်နယ် တောင်တန်းဒေသနေတိုင်းရင်းသားတို့ လက်ခံထားသည့် ခေါင်းဆောင်များမှ
 တဆင့်သာ စည်းလုံးမှုရယူသည့်
နည်းလမ်းကို အသုံးပြု အောင်မြင်ခဲ့ပါသည်။
လူတစ်ဦးချင်းနေရာတစ်ခုစီကိုသွားရောက်ကာ
 ဒေသခံ ခေါင်းဆောင်တွေကို ကျော်၍ မစည်းရုံးခဲ့ပါ။

၎င်းနည်းသည် စည်းရုံးရေးကို ကျစ်လစ် ခိုင်မာစေပါသည်။
တစ်ဦးချင်းတစ်စုချင်းကို ဝင်ရောက် စည်းရုံးခြင်းက
ဒေသခံများ၏ စုစည်းမှုကို ပြိုကွဲ အားနည်းစေယင်း 
မူလ ဒေသ ခေါင်းဆောင်တို့ 
အထင်သေး အမြင် သေးမှု ကိုပါ Backfire ထိ ခံရနိုင်ကာ
မိတ်ဆွေထက် ရန်သူ ဖြစ်သွားနိုင်ကြောင်း
သတိပြု အမြင်ကျယ်နိုင်ကြပါစေဟု
တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment