စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, September 1, 2015

" သူတို့နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်"



လူတူမရှားနံတူမရှား ဆိုတဲ့ စကားဟာ
လူဦးရေများပြားလာလေလေ၊ လူမှုအသိုက်အဝန်းကျယ်ပြန့်လာ
အသက်အရွယ်ကြီးပြင်းလာလေ ဘဝတစ်ကွေ့ကွေ့မှာ
 ကြုံဆုံနိုင်ခွင့် ရှိနိုင်လေ လို့ဆိုရမှာပါ။

ကျနော့်အတွက်ကတော့ ပြောင်းပြန်ဖြစ်နေလေသလား
ကျနော်တက္ကသိုလ်ကျောင်းပြီးသွားတဲ့ အထိ
ကျနော်နဲ့ နံမည်တူတဲ့လူ ကျနော့် ပတ်ဝန်းကျင်အသိုက်အဝန်းထဲမှာ မကြုံခဲ့ဘူးပါ၊

မှတ်မှတ်ရရ ကျနော့်နံမည်နဲ့ လူကြီးအသိုက်အဝန်း
နိုင်ငံတော် ခေါင်းဆောင်အသိုက်အဝန်းမှာ
ရှိခဲ့တာ ရှိတာလဲတစ်ခါမှ မဖတ်မှတ်ခဲ့ဘူးပေမယ့်
၁၉၈၀ ကျော် ပတ်ဝန်းကျင်မှာ
 ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဆိုတဲ့ရာထူးနဲ့
လူကြီးတစ်ယောက်ကို နိုင်ငံတော်သတင်းစာတစ်ခုရဲ့သတင်းမှာ ပါလာလို့
ထိုတစ်ခုထဲမို့ ထူးထူးခြားခြားသတိထားမှတ်မိနေတာ အခုချိန်ထိပါဘဲ၊
[စကားချပ် - ဦးတင်ဦး မောင်တင်ဦး ဆိုတဲ့ နံမည်မျိုးတို့ဆိုရင်
လူကြီးအသိုက်အဝန်း မျိုးဆက်အသီးသီးမှာ ခဏခဏတွေ့ရတာမို့
မိတ်ဆွေတို့ မှာ သားသမီးတွေရလာရင်
သူတို့ကို နိုင်ငံခေါင်းဆောင်အဆင့်  လူကြီးတွေဖြစ်လာအောင်
ကျနော့်လိုနံမည်မျိုး မပေးကြနဲ့ဗျ]

ကျနော် အသက် ၂၉နှစ်အရွယ် ထိ
လူဦးရေ သန်းငါးဆယ်ကျော်နေထိုင်ကြတဲ့
 မြန်မာနိုင်ငံထဲက ကျနော့်ရဲ့ လူမှု အသိုက်အဝန်းထဲမှာ
ကျနော်နဲ့ နံတူကို မတွေ့ကြုံရခဲ့ပေမယ့်
 မြန်မာအသိုက်အဝန်းကျဉ်းကျဉ်းလေးသာရှိတဲ့
ကျနော် အလုပ်လာလုပ်နေထိုင်နေတဲ့ စကာင်္ပူလို့နာမတွင်တဲ့
 City state ကျွန်းငယ်လေးပေါ်မှာမှ
တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နဲ့ နံတူတွေ
ထူးခြားစွာ အကြိမ်ကြိမ် ကြုံဆုံရပုံကိုအံ့သြခဲ့မိပါတယ်။

ဒီပို့စ်ကို ဒီနေ့ရေးရတာကလဲ
မနေ့က ထူးခြားတဲ့ တိုက်ဆိုင်မှုနဲ့ထပ်ကြုံရတာ သတိထားမိလို့ပါ။

"ပထမအကြိမ် "
စလုံးမှာ ပထမဆုံး ၆နှစ်လောက် လုပ်တဲ့ ဒေသခံ စလုံးကုပ္မဏီမှာ
ကျနော်တို့ စီမံကိန်းတွေ ငှားသုံးနေတဲ့ စက်ကြီးတွေကို လာလာပြင်ရတဲ့
mechanical engineerတစ်ယောက်ဟာမြန်မာဖြစ်နေတဲ့အပြင်
ကျနော်နဲ့နံမည်တူဖြစ်နေပါတယ်၊
ပိုတိုက်ဆိုင်တာက စကာင်္ပူ မြန်မာဘုန်းတော်ကြီးကျောင်းက ကြီးမှုးကျင်းပလေ့ရှိတဲ့
တစ်နှစ်သော သင်္ကြန်အကြိုနေ့ည ဘုန်းကြီးကျောင်းမှာ
ကိုယ့်အဖွဲ့နဲ့ကိုယ် ညဖက်ချက်ပြုတ်နေကြရင်း
သူ ကျနော့်ကိုတွေ့ပြီး ...
အကို ကျနော်အကို့ ကား နောက်မှာဘဲနေရာတွေ့လို့ရပ်ထားခဲ့တာ
အခုဏက အပြင်ထွက်မလို့သွားကြည့်တာ
အကို့ကားရော ကျနော့်ကားရော summon ထိထား အဖမ်းခံထိထားပြီတဲ့၊
စလုံး မြန်မာ အသိုက်အဝန်းသေးသေးလေးမှာ နံမည်လာတူလူချင်းလာတွေ့နေတာသာ
တိုက်ဆိုင်တာ မဟုတ်ဘူး ကံဆိုးတာပါ တိုက်ဆိုင်နေတာ ပြောပါတယ်။

"ဒုတိယ အကြိမ်"

ဒီအကြိမ် ကျနော့် နံမည်တူ တိုက်ဆိုင်မှု တစ်ခုကလည်း ထူးခြားတယ်ပြောရမှာပါ၊
အဲဒီတုန်းက ကျနော် ဒုတိယမြောက်ပြောင်းရွှေ့လုပ်တဲ့
ဂျပန် Associate ကုပ္မဏီတစ်ခုကိုပြောင်းခါစ
New millennium year 2000 နှစ်သစ်ကူးပြီး လပိုင်းပဲ ရှိသေးတဲ့အချိန်၊
ကျနော် ၈၇ Batch က ဘူမိသူငယ်ချင်းတစ်ယောက်နဲ့အတူတူ
အိမ်ငှားနေကြတုန်းကစတင်ကြုံဆုံခဲ့ကြတာပါ၊
တစ် နေ့ အလုပ်က ပြန်အလာ
အိမ်ရောက်တော့ သူငယ်ချင်းက
သဘောင်္ခဏဆင်းလာတဲ့ သူ့ဦးလေး
သဘောင်္ ကပ္ပတိန်တစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်
ထူးခြားစွာဘဲ ကျနော်နဲ့ နံမည်တူနေပြန်တယ်၊
ဒါနဲ့ တွေ့ဆုံခြင်းအထိမ်းအမှတ်နဲ့ သုံးယောက်သား
ဘီယာသောက်ထိုင်စကားပြောနေကြတာ
ရန်ကုန်က သူ့အမျိုးသမီးဆီက ဖုန်းဝင်လာလို့
နံမည်တူနှစ်ယောက်တွေ့ဆုံဘီယာသောက်နေကြကြောင်းပြောနေတုန်း
ငလျင်လှုပ်ပါလေရော၊ စကာင်္ပူမှာနေခဲ့တဲ့ နှစ် နှစ်ဆယ်အတွင်း
အဲဒီအကြိမ်လှုပ်တာဟာ သိသာစွာခံစားရမှုအရှိဆှံးလို့မှတ်မိပါတယ်။
ကျနော်တို့နေတဲ့ တိုက်က လူတွေရော ဘေးတိုက်ကလူတွေပါ
 အောက်မြေညီထပ်ရောက်နေကြပြီ၊
ကျနော်တို့သုံးယောက်သာ ၁၅ထပ်ပေါ်ကတိုက်ခန်းထဲမှာ
ဘီယာသောက်ဖုန်းပြောရင်းကျန်ခဲ့တာဗျာ အဲဒီဦးလေးအတွက်ကလဲ
သဘောင်္ကနေ ကုန်းပေါ်ခဏအောက်ဆင်းလာချိန်
ဖုန်းရှားရှားပါးပါး  Connection ကောင်းပြောလို့ရနေချိန်ဖြစ်တာရေ
ကျနော်တို့ ငလျင်လှုပ်တာ သတိထားမိလို့ အပြင်ထွက်ကြည့်ချိန်မှာ
ဓါတ်လှေကားလဲရပ်နေပြီဆို့တော့ မထူးတော့ပါဘူးဆိုပြီးပေထိုင်နေကြတာပါ။

အဲဒီတုန်းက ကျနော်တို့နေတာ
သူခိုးဈေးလို့ပြောကြတဲ့ Bugis နားကကွက်လပ်ရဲ့ 
တစ်ဖက်က  ကလန်တန်ဆိုတဲ့လမ်းထဲက HDB block တစ်ခုမှာပါ၊
 နောက်နေ့ကျ ငလျင်လှုတဲ့အကြောင် စလုံးသတင်းတွေမှာပါလာပါသေးတယ်။

နောက်နှစ်အနည်းငယ်အကြာမှာ အဲဒီနံမည်တူဦးလေးက
နှလုံးသွေးကြောကျဉ်းလို့ stent ထည့်မယ် ဆိုပြီး
စလုံး SGH မှာ ကုသဖို့လာတာမှာ
ရုတ်တရက်ဖေါက်လာလို့ ရင်ဘတ်ကိုဖွင့်ပြီး
အရေးပေါ်ခွဲစိတ်မှု ကို SGH မှာ လုပ်လိုက်ရပါတယ်၊

အဲဒီနောက်ပိုင်:သူနဲ့ မတွေ့ဆုံဖြစ်ပေမယ့်
 ပြီးခဲ့တဲ့ ၈ လလောက်က
ကျနော်ကိုယ်တိုင် ည ၂နာရီလောက်မှာ heart attack suspect နဲ့
အရေးပေါ်ကားခေါ်ပြီး SGH ကို ၁၂နာရီလောက် သွားလိုက်ရပါ သေးတယ်၊
စစ်လိုက်ဆေးလိုက်တာ
ဘာ protocol မှာ Heart attack,heart disease နဲ့ ပါတ်သက်လို့ ရှာမတွေ့ပါတဲ့
 တော်သေးပါရဲ့၊ နံမည်ချင်းတူပေမယ့်  ကိုယ့်အဖြစ်ကသက်သာသေးလို့။

" တတိယအကြိမ်"

ဒီတစ်ကြိမ်နံမည်တူတဲ့  case က အတိုက်ဆိုင်ဆုံးပါဘဲ၊
သူကကျတော့ ကျနော်တို့ ဘူမိ 86 batch သူငယ်ချင်းတစ်ယောက်ရဲ့ညီဗျာ၊
 လေးနှစ်လုံးလုံး ဒဂုံဆောင်မှာ အတူတူနေလာခဲ့ကြသော်လဲ
သူ့မှာ ကျနော်နဲ့ နံမည်တူ ညီတစ်ယောက် ရှိခဲ့မှန်းမသိခဲ့ပါဘူး၊

စလုံးရောက်တော့လဲ သူ့ ကုပ္မဏီ ကိုယ့်ကုပ္မဏီအနေအထားချင်း
မတူမဆက်စပ်ကြတော့ သူခေါ်ထားတဲ့ သူ့ညီ တစ်ယောက်
စလုံးမှာ အလုပ်လုပ်နေမှန်းလဲမသိခဲ့ပါဘူး
နောက်တော့သူအပြီးပြန်တော့မယ်ဆိုတော့မှ
သူ့ညီနဲ့မိတ်ဆက်ပေးခဲ့လို့ နံမည်တူမှန်းလဲသိလာရကာ၊
နောက်ဆုံး အိမ်မှာ နှစ်နဲ့ချီပြီး အတူလာနေ အတူစား
ကျနော့ကုပ္မဏီမှာ အလုပ်ပြောင်းလာလုပ်ဖြစ်၊
project ပါအတူတူ ကျနော့နဲ့လုပ်ယင်း
ဂျပန်ကုပ္မဏီတစ်ခုကို အတူပြောင်းဖြစ်တဲ့အထိ
နံမည်တူချင်းတိုက်ဆိုင်နီးစပ်သွားကြပါတယ်၊
 နောက်ပိုင်းသူ့အစ်ကို စလုံးကိုတစ်ခါပြန်လာလုပ်တော့မှ
ညီအစ်ကိုတွေ အိမ်ပြောင်းသွားကြကာ
အနေဝေးသွားကြပါတယ်။

ပြီးခဲ့တဲ့နှစ်လောက်က သူအိမ်ထောင်ကျ မြန်မာပြည်ပြန်
ခလေးရတယ်ဆိုတဲ့သတင်းတွေ FB ပေါ်ကတစ်ဆင့် သိနေရပေမယ့်
မနေ့က သူ့ပိုစ်တစ်ခုတင်တာတွေ့တော့မှ
 နောက်ထပ်သူနဲ့တိုက်ဆိုင်မှုတစ်ခုကိုတွေ့လိုက်ရပါတယ်၊
ကျနော့်သမီးကြီး ၂၃နှစ်မြောက်မွေးနေ့ post ကိုတင်မလို့ fB ဖွင့်လိုက်တဲ့အချိန်မှာ
ဒီညီလေးရဲ့ သမီးတစ်နှစ်မြောက်မွေးနေ့ post ကို
တင်ထားတာ တိုက်ဆိုင်စွာ ဖတ်လိုက်ရတာပါဘဲ။

" Happy Birthday Ju Ju and Gu Gu!  "

ဒီ တိုက်တိုက်ဆိုင်ဆိုင် post နဲ့ဘဲ
ညီလေး တင်အောင်ထွန်းသမီး Gu Gu တစ်နှစ်မြောက်မွေးနေ့၊
ကျနော့ သမီး Ju Ju ၂၃နှစ်မြောက်မွေးနေ့ဆုတောင်း
အဖြစ်ရေးဖြစ်ခြင်းဖြစ်သလို......

ကျနော် ဘဝတစ်ကွေ့မှာ တိုက်ဆိုင်စွာ
နံမည်တူတွေ့ဆုံ ခင်မင်ခဲ့သော
မိတ်ဆွေများအားလုံး အတွက်ပါ

" စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံစွာ
ဘဝခရီးကိုရှောက်လှမ်းနိုင်ကြပါစေ "
ဟု  ဒီအမှတ်တရ post နဲ့အတူ
ဆုမွန်ကောင်းတောင်း လိုက်ပါသည်။

နောက်ထပ်တိုက်ဆိုင်တာတစ်ခုလဲ ရှိသေးသဗျာ 
ဒီတစ်ခါ ကျနော့်နံမည်တူတော့မဟုတ်ဘူး
ဒါပေမဲ့ နံမည်တူနှစ်ယောက်က
ကျနော်နဲ့ လာဆက်နွယ် တိုက်ဆိုင်ကြတာပါ
ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ တစ်နှစ်ထဲသင်ခဲ့ကြတဲ့
ဘူမိညီငယ်တွေဖြစ်ကြတဲ့  ကိုကျော်ဇော်လင်းတို့နှစ်ယောက်ကလဲ
တိုက်ဆိုင်စွာ လက်ရှိ  ကျနော့ ကုပ္မဏီ
ကျနော့ project ကျနော့ အောက်မှာ
အတူတူ လုပ်နေကြတယ်ဗျာ၊ သူတို့နှစ်ယောက်ကို
နံမည်တူတွေမှန်းသတိမထား ဘူမိနှစ်တူမှန်းမသိဘဲ
Nickname တွေသာသိခဲ့ပြီး အသိမိတ်ဆွေ တစ်ဦးစီက
မိတ်ဆက်ပေးလာမှုတွေနဲ့ ဒီကုပ္မဏီကို သီးခြားစီ
အချိန်ကာလမတူဘဲ ရောက်လာခဲ့ကြတာပါ။

Tat86 Bumi 1-Sept-2015


Gu Gu's 1yr Birthday




Ju Ju's 23rd Birthday
Ju Ju' 23rd Birthday
Ju Ju's 23rd Birthday




Ju Ju Birthday

No comments:

Post a Comment