စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, September 7, 2015

Automated External Debrillator (AED)







Automated External Defibrillator (AED) ဆိုတဲ့
Portable နှလုံး ရှော့ခ် ရိုက် တဲ့  စက်ပါ၊
ရုပ်ရှင်တွေထဲမှာတော့ ဆေးရုံပေါ်မှာ အရေးပေါ်လူနာတင်ကားပေါ်မှာ
ဒီလိုစက်မျိုးတွေနဲ့ ရုတ်တရက်နှလုံးရပ်သွားတဲ့လူနာရင်ဘတ်ပေါ်စုံတင်ပြီး 
ရှော့ခ် ရိုက်ကြတာ တွေ့ဖူးကြမှာပါ၊
အခုရိုက်ထားတဲ့ဓါတ်ပုံထဲက ဒီစက် ကို
အရေးပေါ်သုံးနိုင်ဖို့တတ်ဆင်ထားတဲ့နေရာကတော့ ....
ဆေးရုံဆေးခန်းလဲမဟုတ်တဲ့
စကာင်္ပူရဲ့ Tanjong Pagar  မြို့နယ်ထဲက
Redhill ဆိုတဲ့ ရပ်ကွက်ရဲ့ သားဈေးငါးဈေး နဲ့
Hawker centrerလို့ခေါ်ဆိုကြတဲ့ တစ်နေကုန် local fast food တွေရောင်းတဲ့ food court ကြီးတစ်ခုရဲ့
အဝင် တိုက်အောက်ခြေ နံရံတစ်ခုမှာတတ်ဆင်ထားတာပါ။
ဒီလိုဈေး Hawker center မျိုးဆိုတာက
အသက်အရွယ်ကြီးပြင်းကြပြီဖြစ်တဲ့ အငြိမ်းစားအဖိုးအဖွါးတွေ အများစု
တစ်နေကုန် သွားလာရောက်ရှိ ဆုံတွေ့နေကြနေရာမျိုးဖြစ်သလို
 ဈေးဝယ်လာသူတွေ နဲ့ အမြဲ စည်ကားနေတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်
အစိုးရရဲ့ သက်ဆိုင်ရာ ဌာန Database ထဲမှာ Heart attack ဖြစ်ပွါးနှန်း
ရံဖန်ရံခါ ဖြစ်ပွားမှု ရှိကြောင်း ပြသနေတဲ့နေရာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊

လူတစ်ယောက်ရဲ့နှစ်လုံးခုန်မှု ၄မိနစ် ကနေ ၆မိနစ် ထက်ပိုကြာရပ်ဆိုင်းသွားရင်
ဦးနှောက်အားသွေးသစ်ပို့ဆောင်မှုလည်း ၄မိနစ် ကနေ ၆မိနစ် ခန့်ရပ်ဆိုင်းသွားမှာမို့
ဒီအချိန်နောက်ပိုင်း နှစ်လုံး ပြန်ခုန်လာခဲ့ရင် တောင်
ဦးနှောက်ပျက်စီး ဦးနှောက်သေဆုံးမှု ဖြစ်သွားနိုင်တာမို့၊
လုပ်တတ်ကိုင်တတ်သူတစ်ဦးဦးက အရေးပေါ်ကားမရောက်လာခင်
CPR လုပ်ပေးနိုင်ဖို့ ဒါမှမဟုတ် ဒီလို  ရှော့ခ် ရိုက်တဲ့စက်မျိုး နဲ့
လူတစ်ယောက်ကို အသက်အဆက်ရှင်ခွင့်ပေးနိုင် ဖို့ အတွက်
အလွန်ပဲ အကျိုးများလှ တဲ့ အရာ ကိစ္စ မျိုးတွေ ဖြစ်ပါတယ် ။
အရေးပေါ်ကားတစ်စီးရောက်လာဖို့ဆိုတာ
လူတစ်ယောက်လဲသွားပြီးဆိုတာ သိလိုက်တဲ့
ပရိတ်သတ်ထဲကတစ်ယောက်ယောက်က
ဖုန်းခေါ် နေရပ်လိပ်စာပေး၊
call center ကတစ်ဆင့် အနီးဆုံးရေးပေါ်စခန်း ကို သတင်းပေးကာ
 ဖြစ်တဲ့နေရာရောက်ရှိဖို့က အနည်းဆုံး
၁၀မိနစ်ကနေ ၁၅မိနစ် ကြာတတ် ကြတာပါဘဲ။

အခုလို အရေးပေါ် Defibrillator စက်ကို တတ်ဆင်ပေးထားတဲ့
 idea ဟာ တကယ် ကောင်းမွန်တဲ့ idea တစ်ခုပါဘဲ။

မိမိတို့ တိုင်းပြည်မှာ
ဒါမျိုးစက်တွေ မတတ်ဆင်နိုင်သေးယင်တောင် expressway တို့၊ မြို့ပေါ်ကားလမ်းပိတ်ဆို့တတ်တဲ့နေရာအချို့တို့
ဈေးတို့ လို crowd ဖြစ်တဲ့နေရာတွေမှာ
အရေးပေါ် CPR လုပ်ပေးနည်းပညာပေးစာရွက်တွေ
ကာလာ ပုံပြသရုပ်ဖေါ် ဘာသာစုံနဲ့ရေးသားဖေါ်ပြထားတဲ့
Notice board လိုမျိုးဖြစ်စေ
Pamphlet တွေကို အလွယ်တစ်ကူတွေ့ရှိနိုင်တဲ့ နေရာမျိုးတွေမှာ ဖြစ်စေ
အရေးပေါ် ဆက်သွယ်ရမည့် contact ဖုန်းနံပါတ်တွေနဲ့အတူ၊
နေရာချထား ဖြန့်ဝေထားသင့်သည်ဟု ထင်မြင်မိပါသည်။

Tat 86Bumi 

No comments:

Post a Comment