စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, September 9, 2015

" ကြယ်တာရာလားအထင်များ မှားလေမလား"

ဒီနေ့တော့ ကြယ်တာရာလားအထင်မှားလေမလား လို့ ဆိုချင်ပါရဲ့
တစ်နေ့က  တင်တဲ့ပုံက မနက် ၈နာရီ ရိုက်တင်ထားတာပါ၊
ဒီနေ့ ၈နာရီထိ နေကမမြင်ရသေးအောင်
ဖြစ်နေတာမို့ ၉နာရီထိစောင့်ရိုက်ကြည့်မှ
ဒီလောက်ကလေးမြင်ရပါတယ်။

ဒီမနက် အိမ်ပြင်ထွက်လိုက်ကထဲက
မီးခိုးနံ့ရနေတဲ့အထိ အခြေအနေဆိုးနေပါတယ်။

စကာင်္ပူဟာ ပြည်သူ့ကျန်းမာရေးစောင့်ရှာက်မှုကို
အလေးထားတဲ့အနေနဲ့
ဆေးလိပ်သောက်သုံးသူတွေကို နည်းပါးလာစေ
ဆင်ခြင်နိုင်လာစေအောင်
 သောက်တဲ့ လူတွေကြောင့် 
မသောက်တဲ့လူတွေ မထိခိုက်အောင်
နည်းလမ်းအမျိုးမျိုးနဲ့ ဥပဒေ တွေနဲ့
ထိမ်းချုပ်ဖို့ကြိုးစားနေတာ
တော်တော်လဲ ခရီးရောက်သလို
တစ်ကယ်ဆေးလိပ်သမားတွေ အတွက်
ဘောင်ထဲမှာ စည်းကမ်းထိမ်းချုပ်မှုထဲမှာ
မဖြစ်မနေ လိုက်နာယင်း စည်းကမ်းကျလာကြရပါတယ်။

ဆေးလိပ်ဗူးပေါ်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တဲ့
 ကြောက်မက်ဘွယ်ရာရောဂါ ခံစားနေရတဲ့ ရောင်စုံဓါတ်ပုံ များကို
ထဲ့သွင်းရိုက်နှိပ်စေခြင်း၊
အဲကွင်းခန်းများ အားလုံး၊ ဓါတ်လှေကား(Lift ) များထဲ၊
ရထားထဲ၊ ကားထဲ တို့တွင် ဆေးလိပ်မသောက်ရကြောင်း
No Smoking by law ဆိုပြီး Notice တွေကပ်ကာ
တင်းကျပ်စွာ တားမြစ်ထားသည့်အပြင်၊
အလုံခန်းများမဟုတ်သည့်
တစ်ချို့သောနေရာများ ......
ဥပမာ .. Open type Food court ၊Coffee shop၊
စသည်တို့တွင်လည်းဆေးလိပ်မသောက်တတ်သူများ
မထိခိုက်စေအောင်......
 ဆေးလိပ်သောက်ခွင့်ပြုသည့်ဇုံနှင့်
မသောက်ရသည့်ဇုံ  ကို 
မျှဉ်းတား၍၊
Notice ကပ်၍
 ခွဲခြားထိုင်နိုင်ကြရန် ....... သတ်မှတ်ပေးထားပါသည်။

သို့သော်လည်း လူဆိုသည်မှာ အပေါင်းအသင်းဖြင့်
 နေထိုင်ကြသည့်သတ္တဝါတွေဖြစ်ကြသဖြင့်
ဆေးလိပ်သောက်တတ်သူနှင့် မသောက်တတ်သူ
အတူတူ သွားလာကြသည့်အခါ
ဆေးလိပ်သောက်တတ်သူပါလာပါက
 ဆေးလိပ်သောက်ခွင့်ပြုသည့်နေရာတွင်
လိုက်ထိုင်ဖြစ်ကြသည်ကများတာကြောင့်၊
 သောက်တတ်သူများ၏ စားပွဲဝိုင်းများကြားတွင်
ထိုင်ယင်း ဆေးလိပ်ငွေ့များကြောင့် ဖြစ်သော
ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို အတူတူမျှဝေ ခံယူယင်း
မိတ်ဆွေအပေါင်းအသင်း လူမှုဆက်ဆံရေးဟူသော
ဥာဏစိတ္တအကျိုးကိုမျှဝေခံစားကြရသည်ပင်
ဖြစ်ပါသည်။။

ထိုနည်းတူစွာ .....
စကာင်္ပူသည် မိတ်ဆွေအိမ်နီးချင်းနိုင်ငံများအကြားတွင်၊
မိမိနိုင်ငံကို ဆေးလိပ်မသောက်ရဇုံကဲ့သို့ ဖြစ်စေရန်ဟု နှိင်းဆိုရမည့်
Eco friendly ဖြစ်ဖို့၊
Clean and green ဖြစ်ဖို့ အကြီးအကျယ်
ငွေကုန်ကြေးကျကုန်ခံကြိုးစားနေသော်လည်း
သူ့အတွက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြင့်
စကာင်္ပူ၏ စီးပွါးရေးအကျိုးအမြတ်များအတွက်
အများကြီး အထောက်အကူပြုကြလေသော
အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တစ်ချို့
ဆေးပြင်းလိပ်ကြီး တစ်ခဲခဲ လက်ကမချတန်း
သောက်တတ်နေကြလေသောအခါ

ဒါမှမဟုတ် ဒီနေ့တွေလို နှစ်စဉ်နှစ်တိုင်း Haze ဒဏ်ခံနေရသောအခါ

စကာင်္ပူနေပြည်သူတွေဘဝဟာ
Coffee Shop တစ်ခုရဲ့
Smoking Zone တွင် ထိုင်ပြီး

လဘက်ရည်အတူတူသောက်ကြရသော
မိတ်ဆွေတစ်သိုက် ထဲက
 ဆေးလိပ်မသောက်တတ်သူ တစ်ယောက်ဘဝကို
ရောက်နေရသလား တွေးမိပါသည်။





နှင်းကလေးတွေမှဟုတ်ပါရဲ့လား ......။
လို့ ပြေးကြည့် မိရာဝယ်၊
Tanglin မှာ ဝေတဲ့ Haze ရေ ၊
နှင်းကလေးတွေ လဲ မဟုတ်တော့ပါလားကွယ်........။

1 comment:

  1. တချို့ကိစတွေက ကိုယ်မပြုဘဲနဲ့ခံရတတ်ပါတယ် ဒါလဲ ကံ ကံ၏အကျိုးဘဲထင်ပါတယ်

    ReplyDelete