စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, September 21, 2015

USDP ရဲ့ မဟာဗျုဟာ - ကျနော့ အတွေးအမြင်

USDP ရဲ့ မဟာဗျုဟာက ဘာလဲလို့ တွေးကြည့်တဲ့အခါ
ရခိုင်-ဘင်္ဂလီ ပြဿ     နာ ကြားမှာ ဒီမို အုပ်စု ပါ
ပါဝင် ရှုပ်ထွေး အာရုံများ ဆူညံနေ အောင် လုပ်ထားမယ်၊
(အမှန်တစ်ကယ် လွှတ်တော်နိုင်ငံရေး ဈေးကွက်က ရခိုင်မှာ ၄ ရာခိုင်နှန်းမပြည့်ဘူး)
ဒါဆို ပြီးခဲ့တဲ့ သုံး လေးနစ်ကထဲက ဘာလို့ ဒီကိစ္စ ဆူညံလာတာ လဲ လို့မေးရင်
အဲဒီထဲက လုပ်ထားမှ ပြည်မက ၄၇% သော ဈေးကွက်ကြီးထဲက
အမျိုးသားရေးဝါဒီတွေ ဈေးကွက်တွင်ကျယ်အောင်လုပ်နိုင်မှာဖြစ်ပြီး
အခုချိန်လောက်ဆိုရင် ငွေအင်အား ကောင်းတဲ့ သူတို့ USDP တွေဟာမဲ
ဘယ်ပြည်မက ဘယ် မဲဆန္ဒနယ်မြေတွေမှာ သူတို့ရဲ့ မူလ အဖွဲ့ဝင် စစ်တပ်မိသားစုတွေ နဲ့
မူလပါတီဝင်တွေ ထောက်ခံသူတွေ တိုးပွားလာတဲ့ အမျိုးသားရေး ဝါဒီသမားတွေ
ဘယ်လောက်အင်အားရှိနိုင်ကြောင်း စစ်တမ်းကောက်ယူထားလောက်ပြီ၊

ဒါပေမယ့် ဒါဟာ သူ့တို့ယူဆမှုအပိုင်းပါ၊
အမျိုးသားရေးဝါဒီတွေ တိုးပွါးအောင် ကြံဆောင်သူတွေဟာ
ရခိုင်အရေးကို အစပြုပြီး ပြည်မ (အောက်ဗမာပြည် အထက်ဗမာပြည်)
အမတ်ဈေးကွက် အထူဆုံး မဲဆန္ဒရှင်အထူဆုံးနေရာတွေမှာ
အဓိက ဈေးကွက် promote လုပ်ခဲ့ကြတယ်၊
 ပြီးယင် နောက်တစ်ဆင့်တက်ပြီး
ပါတီတွေ မစုစည်းမိနိုင်သေးတဲ့ .........
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၃ခုနဲ့ ဇုံတစ်ခု ခွဲပေးခြင်းခံထားရတဲ့......
 ပြည်မကလွဲပြီး  အမတ်အရေအတွက်အများဆုံး ၅၅ နေရာ (၁၂.၅% )
ရထားတဲ့ ရှမ်းပြည်နယ် ဒေသမှာ အမျိုးသားရေး ဝါဒီတွေ
 ပြန့်ပွားလာမလားဆိုပြီး

ဘာသာရေးပြဿ     နာတွေ၊
ဖန်တီးဖို့ ဖွလာတာတွေ လွန်ခဲ့တဲ့ နှစ်တွေ အတွင်း
အကြိမ်ကြိမ် တွေ့ခဲ့ရတယ်။
ဒါပေမယ့် ထင်သလောက် မပေါက်ခဲ့ဘူးလို့ဆိုနိုင်တယ်။

USDP ဟာ တပ်နဲ့ပေါင်းပြီး Golf စကားနဲ့ပြောရရင်
handicap အစိတ်တောင်ယူထားကာ
အစိုးရဖွဲ့ နိုင်ဖို့  ၂၆% တာဂတ် အတွက်
 အမျိုးသားရေးဝါဒီသမားအားံလုံးကိုလဲ 
အိတ်ထဲ ထဲ့ဖို့ကြိုးစားကာ
 ပြည်မဈေးကွက် ၊ ရှမ်းပြည်ဈေးကွက်၊
NLD စည်းရုံးရေး အားနည်းတဲ့ ကချင်ပြည်နယ် ဈေးကွက်တို့ထဲမှာ
အမတ်နေရာတွေကို ကောက်သင်းကောက်သလို ကောက်နေ ပြီး
ဒီမိုအုပ်စုတွေရဲ့ မဲတွေကွဲအောင် တစ်ဖက်က အင်ပါတီတွေ အများကြီးထောင်ပြီး
လူစုခွဲ မဲစုခွဲ တဲ့ မဟာဗျုဟာ သုံးစွဲနေတယ်လို့ ဆိုချင်ပါတယ်

မဲစာရင်းမှားတာကို အကြောင်းပြ ပြီး အိမ်ထောင်စု စာရင်းမလို
မှတ်ပုံတင် ရှိယင် ရောက်တဲ့နေရာပေးလို့ရတယ်လုပ်လိုက်ရင်
ကျောက်တွင်းရောက်နေသမျှ အလုပ်သမားတွေမဲ
 အေးဆေးဆေးပဲ ဝယ်ယူသွားပါလိမ့်မယ်။

မဲစာရင်းမှားနေတာ တွေဟာ မဲပေးစံနစ်ကို လူထုဆန္ဒနဲ့ အညီ ပြောင်းပေးပါတယ်
မှတ်ပုံတင်ပါရင် ပေးလို့ရပြီ ဟေ့လို့ လုပ်ပြီး မဲပိုတွေ ရလာဖို့
ဗျုဟာတစ်ခုလားလို့လဲ ဆန်းစစ်ရပါလိမ့်မယ် လို့လဲ ထင်မြင်ပါကြောင်း
တင်ပြလိုက်ရပါတယ်။။

No comments:

Post a Comment