စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, September 15, 2015

" ၂၀၁၅ ရွေးကောက်ပွဲ အကြို ရခိုင်ပြည်သူတို့၏ရွေးကောက်ပွဲ သင်ခန်းစာ, ရခိုင်တို့၏ စုစည်းမှု ခြေလှမ်း နှ့င် NLD ၏ နားလည်မှု ပေးသင့်သည့် နိုင်ငံရေးခြေလှမ်းများ "




အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ပြီးဖြစ်တဲ့
ရခိုင်ပြည်ပြင်ပရောက် ရခိုင်တွေ အများစုဟာ
ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်ကို မဲပေးခွင့် မရခဲ့ရင်

အများစုဟာ ပြောင်းလဲမှု အတွက် NLD ကိုဘဲ မဲပေးကြပါလိမ့်မယ်.........
ကျန်တဲ့ရခိုင်လူမျိုး မဲဆန္ဒရှင်တွေထဲက မဲမပေးဘဲကြားနေနိုင်သလို.....
အစိုးရဝန်ထမ်း တစ်ချို့နဲ့ တပ်မတော်ဝန်ထမ်း အများစုကတော့
USDP ကို ပေးကြလိမ့်မယ်လို့ ထင်မှတ်ရပါတယ်။

ဒီနေရာမှာ ရခိုင်ပြည်နယ်ထဲက ရခိုင်အများစုနဲ့
ANP ကိုယ်စားလှယ်ကို မဲပေးခွင့်ရမယ့် ရခိုင်ပြည်နယ် ပြင်ပရောက်
ရခိုင်လူမျိုးအများစု ဟာ ဘာကြောင့် ANP ကို အများစု မဲပေးဖို့
ဆန္ဒပြင်းပြနေကြသလဲလို့မေးရင်
ရခိုင်တိုင်းရင်းသားတွေဟာ ရပ်တည်လာရတဲ့ အခြေအနေတွေက
 ပေးခဲ့တဲ့သင်ခန်းစာကြောင့် မိမိတို့ရဲ့ အမျိုးသားပါတီ အမျိုးသားအလံတစ်ခု
 အောက်မှာ တစ်စုထဲရပ်တည်ကြယင်း
ပြည်ထောင်စုဆိုတဲ့ အရိပ်အောက်မှာ
 ပြည်နယ်ပြည်မ နေပြောက်ထိုးလဲအတူတူ၊
လေပြင်းဒဏ်ခံလဲအတူတူ လေပြေညှင်း
လှုံ့ဆော်သွေးလဲ အတူတူခံစားနိုင်ဖို့
ကျနော်တို့အသံ ကျနော်တို့ဆန္ဒ စစ်စစ်တွေကို
အပြင်ပယောဂတွေ  မပါ အရိပ်တွေ အထိုးမခံဘဲ
ထုတ်ဖေါ် ရပ်တည်နိုင်ဖို့ဖြစ်တယ်.......



ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မှန်ကန်စွာရောက်ရှိဖို့
လက်ရှိ USDP ရဲ့ ပုံစံနဲ့ ဆက်လက် အစိုးရဖွဲ့ လုပ်နေလို့ကတော့
ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ရခိုင်တွေလဲသိသလို
Change ဖြစ်မှ ရမယ်ဆိုတာသိလို့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကစလို့
အင်အားတွေစုစည်းကြကာ 

၁၉၉၀ ထဲက ရခိုင်လူထုကို ဦးဆောင်ခဲ့တဲ့
 NLD မဟာမိတ် ALD နဲ့ 
  NLD ပါ ၂၀၁၀ မှာ ရွေးကောက်ပွဲ မဝင်ခဲ့၍
အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် နှင့် ရခိုင်ပြည်နယ်လွှတ်တော်မှာ 
USDP အမတ်များနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု မဟုတ်သော 
ဘင်္ဂလီပါတီ ဘင်္ဂလီအမတ် များ လွှတ်တော်ထဲ ဝင်ရောက်ကြကာ
ရခိုင်ပြည်နယ်ကံကြမ္မာကို ဆုံးဖြတ်ပေးကြမည့်အရေးကို  တွေးမြင်ကြ၍ 
RNDP ကို ရရာလူနှင့် အမြန်ဖွဲ့ ကာ
 ရွေးကောက်ပွဲကို အချိန်မှီ ဝင်ရောက်ခဲ့ရပါသည်။

RNDP ရွေးကောက်ပွဲဝင်ခဲ့၍ ပြည်နယ်၊ ပြည်သူ့ ၊
အမျိုးသားလွှတ်တော် ၃ရပ်စလုံးအတွက် ရခိုင်ပြည်နယ်အနေနဲ့ရော နှင့်
 ပြည်ထောင်စုတစ်ခုလုံးနှင့်ဆိုင်သော လွှတ်တော်နိုင်ငံရေး မှာပါ
အကျိုးမယုတ်ခဲ့သည့်အပြင် အများကြီး အထောက်အကူပြုခဲ့ ပါသည်။

ရခိုင်ပြည်သူလူထု နှင့် ရခိုင်ပါတီနှစ်ခုဟာ သမိုင်းသင်ခန်းစာကို ယူ၍
 နိုင်ငံရေးစုစည်းမှုအတွက် တစ်ပေါင်းတစ်စည်းထဲဖြစ်စေရန်
အင်တိုက်အားတိုက်ကြိုးစားတည်ဆောက်နေယင်း 
ပါတီတွင်း ပါတီပြင်ပ စိန်ခေါ်မှု များစွာကို ရင်ဆိုင်ဖြေရှင်းယင်း
ANP ပါတီကို လူထုထောက်ခံပံ့ပိုးမှုနှင့်ပေါင်းစည်းနိုင်ခဲ့ပါသည်၊

ANP ပါတီခေါင်းဆောင်များသည်
အာဏာရ ပါတီ ၏ လွှတ်တော်နိုင်ငံရေးကဏ္ဌတွင် 
အဆိုတင်သွင်းစရာရှိသည်ကို ပြတ်သားစွာ တင်သွင်း၍ 
ကန့်ကွက် ဆွေးနွေး စရာရှိသည်များကိုလည်း
 ပြတ်သားစွာဆွေးနွေးနိုင်ခဲ့ကာ
အာဏာရ ပါတီ  ခေါင်းဆောင် လွှတ်တော် အမတ်အချို့၏ 
လွှတ်တော်ပြင်ပ ပျက်လုံးဆန်သော
စကားလုံး အချို့အပေါ်မှု ပြန်လှန်ပြောဆိုချေပဆွေးနွေးနေရန်
အချိန်မပေးခဲ့ကြပါ။

ရခိုင်တို့၏ ရွေကောက်ပွဲ သင်ခန်းစာ တစ်ခုကို 
အများသိအောင်ပြောပြလိုပါသည်။

ဖဆပလ ခေတ်ရွေးကောက်ပွဲခေတ် သင်ခန်းစာများကား 
မိမိအတွက် စာတွ့သာဖြစ်၍ အလှမ်းဝေးသဖြင့် မရေးပြလိုပါ၊

မိမိ ကိုယ်တိုင်မြင်တွေ့ခဲ့ရသော အတွေ့အကြုံတစ်ခုကိုဖေါ်ပြရလျင်

၁၉၉၀  ရခိုင်ပြည်နယ် ၏ မြို့တော် စစ်တွေ ရူပတောင်ရပ်ကွက် ဦးဥတ္တမလမ်း ရှိ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ထားရာ ရှေ့တွင်ဖြစ်သည် ။
ည ၈နာရီခန့်အချိန်ဖြစ်ပြီး  ရုံးရှေ့တွင်
လူကြီးတစ်ရပ်ကျော်ခန့် မြင့်သော တိုင်ပေါ်ရှိ ဆီမီးခွက်ကြီးထဲတွင်
ကညင်ဆီ နှင့် ဆန်စေ့များထဲ့ကာ၊ အဝတ်စကို ကျစ်ထားသော မီးစာနှင့် ပြုလုပ်ထားသော
မီးတိုင်ကြီးနှစ်တိုင်ကို ရှေ့ရိုးရာဆန်ဆန် ခန့်ညားစွာ ထွန်းညှိထားပါသည်။
ရုံးရှေ့တွင် ပါတီဝင်များ စိတ်ဝင်စားသူများနှင့် စည်ကားနေပါသည်။

ကျနော်နေထိုင်ခဲ့သည့်  အိမ်မှဆိုလျင် သုံးအိမ်ခန့်သာခြားသည့် 
ထိုရုံးရှေ့သို့ မဲရလဒ်နှင့် အခြေအနေ စနည်းနာဖို့ 
ကျနော် ဟာ ပါတီဝင်၊ နိုင်ငံရေးလှုပ်ရှားသူ
တစ်ဦး မဟုတ်သော်လည်း သာမန်ပြည်သူတစ်ဦးအနေဖြင့်
စပ်စပ်စုစု ရောက်ရှိနေခဲ့ပါသည်။

ရခိုင်တစ်ပြည်နယ်လုံး မဲဆန္ဒနယ် ၂၆ နေရာအတွက်ယှဉ်ပြိုင်ကြရမှာ
ALD က ၁၁ နေရာအနိုင်ရရှိခဲ့တာကြောင့်  
ပါတီ ရုံးရှေ့မှာ လူတွေတက်ကြွ နှစ်ထောင်းအားရဖြစ်နေကြလိမ့်မယ်လို့ အပြင်ဘန်းအားဖြင့်ထင်ရသော်လည်း 
သူတို့ရင်ထဲမှာ မခံချိမခံသာ ဖြစ်နေကြရတဲ့ ကိစ္စ 
သင်ခန်းစာ ကောင်းကောင်း ရခဲ့ကြတဲ့ ကိစ္စတစ်ခု ရှိနေခဲ့တာကို 
ကိုယ်တိုင်တွေ့ခဲ့ရတာပါဘဲ၊ 

ရခိုင်တွေဟာ ဘင်္ဂလီ ၉၅ % လောက် ရှိနေပြီဖြစ်တဲ့
 မောင်းတော မြှိုနယ်လို 
ဘူးသီးတောင်မြို့နယ်လို ဒေသမျိုးကို လူဦးရေ အရ ကော ၊
 စီးပွါးရေး အရ နဲ့ နိုင်ငံရေးအရ ပါ ရင်နာစွာ 
စွန့်လွှတ်ထားရသလို ဖြစ်နေတဲ့ မြို့နယ်တွေပါ။   

အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးအပိုင်းကို ကြည့်မည် ဆိုလျင်လည်း စစ်တပ်ရင်းများစွာအခြေစိုက်ထားသော ဤဒေသတွင် 
ဌာနဆိုင်ရာ အကြီးအကဲ ၈၀ ရာခိုင်နှန်းလောက်က 
ရခိုင်ဒေသခံတွေမဟုတ်ဘဲ ပြည်မဖက်မှ လာရောက်တာဝန် 
ထမ်းဆောင်ကြသူများသာ ဖြစ်ပေသည်။   

ရခိုင်ဒေသခံ လူနည်းစုအတွက် ထိုမြို့ နယ်နှစ်ခုသည် 
ပဲလှော်ကြားဆားညပ်နေသကဲ့သို့ 
ရခိုင်ပြည်နယ်ထဲက မြို့တွေဟုဆိုငြားလည်း ပိုင်သာပိုင်၍ 
မဆိုင်တော့သော နေရာတွေသာဖြစ်ပေသည်။

 မြို့တော်စစ်တွေသည်လည်း မသိလိုက်ဖါသာ 
ပင်လယ် ကမ်းခြေတစ်ကျောက်ရှိ ရခိုင်တို့မျက်ကွယ် နေရာများတွင် 
တရားမဝင် ဝင်ရောက်လာမှု မွေးဖွားနှုန်း အလွန်မြင့်မားမှု တို့ကြောင့် 
ကိုးအိမ်စု ဆယ်အိမ်စု တံငါရွာ အဆင့်မှ ရွာကြီး ပလီကြီးများ နှင့် ကြီးမားလာသော ကျေးရွာ မြောက်များစွာတို့ကြောင့် 
စစ်တွေမြို့၏ ဆင်ခြေဖုန်းကျေးရွာများ၏ လူဦးရေ စုစုပေါင်းတွင် 
ဘင်္ဂလီ လူဦးရေ ကြီးထွားလာမှုတို့ကို .......
ဆိုရှယ်လစ်ကို ဆန့်ကျင်ပြီး 
ဒီမိုကရေစီအရေး အာရုံစိုက်နေကြချိန်မို့ 
အာရုံခံဖို့ သတိမရခဲ့ကြပါ။  

 ရွေးကောက်ပွဲပြင်ဆင်ချိန်တွင် စစ်တွေမဲဆန္ဒနယ် နှစ်ခုတွင် 
ယှဉ်ပြိုင်ကြသည့် ပါတီများတွင် 
ရခိုင်ပါတီနှင့် တသီးပုဂ္ဂလိက ကိုယ်စားလှယ်က လေး ငါးယောက်လောက်ရှိကာ 
NLD နှင့် တစည (NUP) ကိုယ်စားပြု  ရခိုင်လူမျိုး ကိုယ်စားလှယ်လောင်းများကလည်း 
အပြိုင်အဆိုင် အရွေးခံကြပါသည်။   

ဘင်္ဂလီအပါအဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့ ဖြင့် ပူးပေါင်း ဖွဲ့စည်းထားသည့် 
ပါတီက သုံးခုခန့်သာရှိပါသည်။   

ထိုအထဲမှ နှစ်ဦးကို ရွေးကောက်ပွဲ ကျင်းပခါနီး ကပ်၍
 ရွေးကောက်ပွဲဥပဒေ နှင့် ငြိစွမ်း သည်ဆိုကာ အရေးယူခံလိုက်ရသောအခါ ၊ ဘင်္ဂလီအများစု နှင့်ဖွဲ့စည်းထားသော 
ကမန်နံမည် ခံထားသည့် ဘင်္ဂလီအများစုနေထိုင်ကြသည့်္ထ 
စစ်တွေ နာဇီရွာ ရပ်ကွက် ကုန်သည်လမ်းပေါ်တွင် 
ဆိုင်းဘုတ်ကြီးတင် ရုံးဖွင့်လှစ်ထားသည့် 
ကမန် အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအား 
ဘင်္ဂလီမဲများ တစ်စုတစ်ခဲရောက်သွားပြီး 
ရခိုင်လူမျိုးများအတွက်မှာမူ ALD , NLD, NUP, အပြင် 
တပ်ပေါင်းစု၊ ရတည၊ တသီးပုဂ္ဂလိက အနေဖြင့် မဲများ ကွဲပြဲနေသဖြင့် 
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ မဲဆန္ဒနယ် အမှတ် ၂ နေရာအား 
မဲ ခုနှစ်ရာကျော်ခန့်ဖြင့် ကပ်သပ်ဆုံးရှုံးခဲ့ရပါသည်။

ထိုဆုံးရှုံးခဲ့ရသူမှာ တစ် ခြားလူ မဟုတ်ပါ၊ 
စစ်တွေမြို့မျက်နှာဖုံးတစ်ဦးဖြစ်သူ 
အာဏာပိုင်များရော  ပြည်သူနှင့် ပါတီတွင်းမှာပင် 
ALD founder  ဒေါက်တာစောမြအောင်တို့နှင့်အတူ 
လူအများစုလေးစားခံသူ၊ 
ယခု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၏ အဖိုးဖြစ်သူ တရားရေးလွှတ်တော်ရှေ့နေကြီး ဆက်ရှင်တရားသူကြီးဟောင်း 
ဦးမောင်သာဇံ ဖြစ်ပါသည်။

ဤကဲ့သို့ ခေါင်းဆောင်မှု 
ဦးဆောင် ပဲ့ကိုင်မှုပေးမည့် လူကြီးတစ်ဦး၏ 
လွှတ်တော်ထဲဝင်ရောက်ခွင့်အား ဆုံးရှုံးရခြင်းသည် 
ရခိုင်တို့အတွက် ပါတီစုံ စံနစ်ကပေးခဲ့သော
 ကြီးမားသော သင်ခန်းစာတစ်ခုဖြစ်ပေသည်။

ဤသင်ခန်းစာကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် 
ALD သာဝင်ပြိုင်ခဲ့လျင် ရခိုင်မဲများ စုစည်းနိုင်ဖို့  
 RNDP အဖြစ် ပေါ်ထွက်ခဲ့မည်မဟုတ်သလို ၊ 

၂၀၁၅ ရွေးကောက်ပွဲအတွက် ၂၀၁၃ လောက်ကပင် 
ရခိုင်နိုင်ငံရေးအင်အားစုများစုစည်း၍ 
မဲများစုစည်းနေစေရန် 
ရခိုင် ပြည်သူအများက ဝန်းရံကာ 
ANP ဖြစ်ပေါ်လာဖို့ နိုင်ငံရေးအယူအဆများကွဲပြားသည့်ကြားက 
အခက်အခဲများစွာရှိသည့်ကြားက၊ 
ရခိုင်နိုင်ငံရေး ဦးဆောင် ဦးရွက်ပြုနေသူ များအား 
နိုင်ငံရေး သေသွားအောင် လုပ်ကြံ ဖန်တီးလိုကြသည့် အင်အားစုများကြားမှ 
မဖြစ်ဖြစ်အောင် စုစည်းထားကြရသည်မှာ လည်း 
ဤ သင်ခန်းစာများကြောင့်ပင်ဖြစ်ပေသည်။

ယခုအခါ NLD ပါတီသည် ရခိုင်လူမျိုးအများစုအတွက် 
ANP ပြီးလျင် 1st choice ပင်ဖြစ်ပေသည်။
၁၉၉၀ ရွေးကောက်ပွဲ၏ ဘင်္ဂလီ အရေးထည့်စဉ်းစားစရာ မလိုသည့် 
ရခိုင်ပြည်တောင်ပိုင်းဒေသ များတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခဲ့ကြသည်။
ALD က မြောက်ပိုင်း အလယ်ပိုင်းမြို့နယ် များတွင် ၁၁ နေရာ အနိုင်ရခဲ့သည်။ 
ဘင်္ဂလီပါတီတစ်ခုဖြစ်သည့် National Democratic Party for Human Rights (NDPHR) ပါတီက ဘူသီးတောင် မောင်းတော အပါဝင် ၄ နေရာ အနိုင်ရခဲ့ပါသည်။

စစ်တွေ မဲဆန္ဒနယ် အမှတ် ၂ တွင် အပေါ်ကရေးခဲ့သည့် သင်ခန်းစာ အတိုင်း
The Kamans National League for Democracy (KNLD) က တစ်နေရာ အနိုင်ရခဲ့ပါသည်။

 မြိုနှင့် ခမီး တိုင်းရင်းသားတို့၏ ပါတီ   
Mro or Khami National Solidarity Organization
(MKNSO) ကလည်းသူတို့အများစုနေထိုင်ရာ မဲဆန္ဒနယ်မြေတွင်
တရားမျှတစွာ တစ်နေရာ အနိုင်ရရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွက် စုစုပေါင်း ၂၆ နေရာ ရွေးကောက်ခံခွင့်ရှိခဲ့ပါသည်။

၂၀၁၀ နှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ များသည် 
၂၀၀၈ အခြေခံ ဥပဒေ နှင့် လက်ရှိကျင့်သုံးနေသော
ရွေးကောက်ပွဲ ဥပဒေ ည်းမျှဉ်းအတိုင်း ဖြစ်ပေရာ၊

ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်အတွက်
 ရွေးကောက်ခံအမတ်လောင်း ၃၅ ယောက်
( ၁၇ မြို့နယ်မှ ၂ ယောက်စီ နှင့် ချင်းမြို  မျိုးနွယ်စု များ ကိုယ်စားပြု တစ်ယောက်)၊ 
 ရွေးကောက်ခံရန်မလိုသည့် စစ်တပ် အမတ်လောင်း ၁၂ ယောက် ၊ 
စုစုပေါင်း ၄၇ ယောက် ရာထားပါသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့ အတွက် 
ရခိုင်ပြည်နယ် အမတ်ကိုယ်စားလှယ်မှာမူ 
၁၇ နေရာ နှင့် ၁၂ နေရာ အသီးသီး ရာထားပါသည်။

အမျိုးသား လွှတ်တော်သည် တိုင်းရင်းသားအသီးသီးတို့၏ 
အရေးအရာများကို အဆို ပြု တင်ပြ ဆွေးနွေ ရမည့် လွှတ်တော် ဖြစ်သဖြင့် 
တိုင်းနှင့်ပြည်နယ်အသီးသီးအတွက် ညီမျှသော
ကိုယ်စားလှယ်အရေအတွက် ၁၂ဦးစီသတ်မှတ်ပြီးဖြစ်ပါသည်။ 

ရခိုင်ပြည်နယ်၏ ၁၇ မြို့နယ်ကို လူဦးရေနှင့် တည်နေရာကို မျှ၍ အုပ်စုပြန်ခွဲရာ စစ်တွေ မြောက်ဦး ကျောက်တော် မင်းပြား ဘူးသီးတောင် တို့က တစ်နေရာစီ ရ၍ ၊
 ပေါက်တော နှင့် မြေပုံ ပေါင်း၍ တစ်နေရာ၊ 
ရသေ့တောင် နှင့် ပုဏ္ဏားကျွန်း မြို့ နယ်က တစ်နေရာ
 ကျောက်ဖြူ  နှင့် မာန်အောင် က တစ်နေရာ၊ 
ရမ်းဗြဲ နှင့် အမ်းက တစ်နေရာ၊ 
သံတွဲ တောင်ကုတ် နှင့် ဂွ  မြို့ နယ်က တစ်နေရာ၊ 
ဘင်္ဂလီ ၉၅ ရာခိုင်နှန်း နေထိုင်သော လူဦးရေ ပေါက်ကွဲလာ နေ သည့် 
ရခိုင် ပြည်နယ်၏ လူဦးရေ အများဆုံး ဖြစ်လာနေသည့်
 မောင်းတောမြို့နယ်က ၂ နေရာ ရှိပါတယ်။

 နောင်ဆိုယင် ဘင်္ဂလီလူဦးရေ ဆက်လက် ပေါက်ကွဲနေတဲ့ 
ရသေ့တောင် ဘူးသီးတောင် စစ်တွေ အမှတ် ၂ နယ်တို့အတွက်လဲ 
အမျိုးသား လွှတ်တော် အရေအတွက် ၂ ယောက်စီတိုးဖို့ 
ရခိုင်ပြည်ပြင်ပ ကိုပြောင်းရွှေ့၍ကော၊ မွေးဖွားနှန်းကျ၍ပါ လူဦးရေ နည်းပါးသော 
တစ်ခြားမြို့နယ်များအား ထပ်မံပေါင်းစည်း၍ 
ကိုယ်စားလှယ်အရည်အတွက် ပြန်လျော့ချပေးရမည်လား
မသိပါ။

ရွေးကောက်ပွဲဥပဒေ သတ်မှတ်ချက်အရ 
နိုင်ငံတစ်ခုလုံး၏ ၀.၁% လူဦးရေ ကို ပြည့် မှီသည့် 
ရခိုင်လူမျိုးအများ ရောက်ရှိ နေထိုင်ကြရာ 
ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီးတို့ တွင် 
သက်ဆိုင်ရာ ဒေသ ကြီး အစိုးရ အောက်၌ 
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်နေရာစီ
 ပြည်သူမှ တိုက်ရိုက် ရွေးချယ် မဲပေးခွင့် ရရှိကြပါသည်။ 

ထို ဝန်ကြီး  နရာများကို 
တိုက်ရိုက် မဲပေးရွေးချယ်သည်ဖြစ်၍
  ဒေသဆိုင်ရာ လွှတ်တော်များ၌ အနိုင်မရသော်လည်း
 ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တို့တွင် 
၅၀ ရာနှုန်းကျော် အများစုအနိုင်ရ၍ 
ဗဟိုအစိုးရရော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရဖွဲ့ရန် 
ချယ်လှည်ခွင့်ရသော ပါတီကြီးမှ
 ချယ်လှည် ပြောင်းလဲခွင့် မရှိပါ။


ထိုအခြေအနေ များအပေါ်သုံးသပ်၍
 ပြည်နယ်အသီးသီးတွင်နေထိုင်ကြသော 
တိုင်းရင်းသားများ အသီးသီးတို့အား တန်းတူခွင့်ပေးရန် လိုလားသည်ဆိုသော၊ 
စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုပါသည် ဆိုသော NLD သည်၊ 
ရခိုင်ပြည်သူလူထု စိုးရိမ်နေသော မဲကွဲနိုင်မှု အပေါ် အလေးမထားဘဲ ၊ 
ဗဟိုအစိုးရဖွဲ့ရန်လိုအပ်သော အမတ်လောင်းနေရာများဖြစ်သည့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ပြည်သူ့ လွှတ်တော်၊ 
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာတွေသာမက
 ပြည်နယ်လွှတ်တော် နေရာတွေ   
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးလောင်း နေရာတွေ မှာပင် 
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားအားထုတ်ခြင်းသည်၊ 

USDP မဲ၊ NUP မဲ ၊ ဘင်္ဂလီ ပါတီမဲများကို မပြိုကွဲစေဘဲ 
Change ကိုလိုလားသော ရခိုင် မဲဆန္ဒရှင်တွေ အတွင်းမှာပဲ 
ANP ကို ပေးရမလား NLD ကို ပေးရမလားဟု
 ရွေးချယ်မှု ပိုလာက မဲကွဲသွားစေနိုင်သဖြင့် ၊ 

 ဒေသခံ နည်းပါးပြီး နပခ စစ်ဌာနချုပ်တစ်ခုလုံး အခြေစိုက်ထားသည့် 
အမ်းမြို့ကဲ့သို့ နေရာမျိုးတွင်၊ 
ANP အားနည်းသည့် နေရာမျိုးတွင်သာ 
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်ခံသင့်ပါသည်။ 

ရန်သူ မဟုတ်သောပြိုင်ဖက်၏ 
တူညီသော ရန်သူကို အားကောင်းစွာ ခုခံတိုက်ခိုက်နေသော နေရာတွင်
 ပြိုင်ဖက်ကိုအားနည်းအောင် မလုပ်ဘဲ 
ရန်သူအားနည်းစေရန်၊ ပြိုင်ဖက် နှင့် နားလည်မှု ယူသင့်ပေသည်။


ရခိုင်ပြည်ပြင်ပရောက် ရခိုင်တွေ အများစုက 
ANP ကိုယ်စားလှယ် မရှိသည့်မဲဆန္ဒနယ်များတွင်
 ကြံ့ဖွတ်န့င့် အပေါင်းအပါ တစ်ဦးဦး မဲမရစေဖို့  
 NLD ကိုယ်စားလှယ် ကိုသာ မဲပေးဖို့ တိုက်တွန်းနေကြသည့် အချိန်တွင်.........

လွတ်လပ်သောနိုင်ငံရေး ဈေးကွက် ကစားကွက်အောက်တွင်

 ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိလို့ 
ငါပြိုင်မှာဟု အတ္တကြီးခဲ့မည်ဆိုလျင် 
အမျိုးသားညီလာခံတွင် လက်နက်ကိုင်အစိုးရ၏ လိမ္မာပါးနပ်စွာ
 နောက်ချန်ထားခဲ့သကဲ့သို့၊ 
၂၀၁၀ ရွေးကောက်ပွဲတွင် လိမ္မာပါးနပ်စွာ ဘေးထိုင်ခိုင်းခြင်း ခံခဲ့ရသကဲ့သို့  
 လှည့်စား ညစ်လုံးတွေ အား တစ်ဖက်ခတ်ကျွန်းကျင်သော 
ဖွတ်တစ်သောင်းတို့၏ နောက် နှစ် နှစ်ဆယ်ပညာပေးခံရမှုကို
 ပြည်မ နိုင်ငံရေးသမားများနှင့်အတူတူ
 ပြည်နယ်ဒေသ အသီးသီးက တိုင်းရင်းသားတွေလည်း တစ်လှေစီးကာ
လှိုင်းလေ ဒဏ်ကို ဆက်လက် အတူတူခံနိုင်မည်လားဆိုသည့် 
Question mark က တစ်ဖြည်းဖြည်းကြီးထွားလာကာ 
အသက်ကယ် ဘောကွင်းဖြင့် 
ဘာဖြစ်ဖြစ် ရေထဲခုန်ဆင်းလိုက်ချင်ကြသည့် စိတ်ဆန္ဒများ ကို 
ရှင်သန်လာစေလိမ့်မည်ဖြစ်ကြောင်း မိမိအမြင်ကို တင်ပြလိုက်ရပါသည်။

၂၀၁၅ ရွေးကောက်ပွဲ ၌ ရခိုင်ပြည်နယ်တွင်
ANP မှ အမတ် နေ အများဆုံး အနိုင်ရစေချင်သလို၊
မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက်၊
ဖယ်ဒရယ်စစ်စစ် နှင့် အရပ်သားအစိုးရ စစ်စစ်ပေါ်ထွက်လာရေးကို
ဦးတည်သော NLD မှ အများစု အနိုင်ရ ကာ ဗဟိုအစိုးရ ဖွဲ့ နိုင်ပြီး
သာသာလှပငြိမ်းချမ်း စည်ပင်တိုးတက်သော ဒီမိုကရက်တစ် နိုင်ငံတစ်ခု ဆီသို့
 ခြေလှမ်း သွက်သွက် လှမ်း နိုင် ဖို့
မှန်ကန်သော ဦးဆောင် လမ်းညွှန်မှုတွေ
ချမှတ်ဆောင်ရွက် အကောင်အထည်
 ဖေါ်နိုင် ကြပါစေဟု
ဆန္ဒပြုလိုက်ပါသည်။

Tat86 Bumi 15.09.2015

အောက်ပါ အချက်အလက် များကိုကြည့်ပါက USDP ဟာ ဘာကြောင့် PR စံနစ်ကို အကောင်အထည် ဖေါ်ရန်ကြိုးစားခဲ့သနည်း။
၂၀၁၅ သူတို့၏ ခန့်မှန်းသုံးသပ် မျှော်လင့်ထားချက်ကဘာနည်းဆိုသည်ကို အနည်းအများခန့်မှန်းနိုင်ပါလိမ့်မည်။


 အချက်အလက်နဲ့ ဖေါ်ပြပါ ဓါတ်ပုံ အချို့ ကို အောက်ပါ စာတမ်းမှ ကိုးကားထုတ်ယူပါသည်။

http://www.mm.undp.org/content/dam/myanmar/docs/Publications/PovRedu/Local%20Governance%20Mapping/UNDP_MM_State_of_Local_Governance_Rakhine_ENG.pdf







 ရခိုင်ပြည်နယ်၏ လူဦးရေအများဆုံးရှိသော မြို့နယ်များ သည်၊ ရခိုင်တိုင်းရင်းသားလူမျိုးနွယ်စုအများစုနေထိုင်ရာမြို့များ မဟုတ်တော့ဘဲ၊ တစ်ဖက်နိုင်ငံမှ ခေတ်အဆက်ဆက် ပြောင်းရွှေ့ ဝင်ရောက်နေထိုင်လာသူ အများစု ရှိနေရာမြို့များဖြစ်နေသည်ကို တွေ့မြင်ရပါလိမ့်မည်။

ထိုမှ ထပ်မံ ကွင်းဆင်းလေ့လာကြည့်လျင်၊ ကျောက်တော်မြောက်ဦး ရသေ့တောင် ဒေသတို့တွင် နှစ်အလိုက်တိုးပွါးလာသော လူဦးရေနှင့် ယခင်က မရှိခဲ့သော ကားလမ်း ဘေးယာ မြို့ တစ်ခုနှင့် တစ်ခုကြားတွင် ကြီးထွားလာသောလူဦးရေ ပေါ်ထွက်လာသော ရွာကြီးများတွင် မည်သူတွေ မည်သို့ ရောက်ရှိ လာကြလေသနည်း။
 မှတ်ပုံတင် အကြောင်း မပြောချင်ပါ.......
 မှတ်ပုံတင် အကြောင်း ပြောမည်ဆိုလျင် စကာင်္ပူနှိင်ငံသား ခံယူထားပြီးသား
ပုဂ္ဂိုလ် အတော်များများလည်း မှတ်ပုံတင် ဆက်ကိုင်ထား မြန်မာပြည်တွင် properties များပါ ဆက်ပိုင်ဆိုင်ထားသူများရှိကြသည်သာမက ၊ စကာင်္ပူနှိင်ငံသား ခံယူထားပြီးသား သးသမီးများ အသက် ၁၂နှစ်ပြည့်လျင်ပင် မှတ်ပုံတင် ပြန်လုပ်ကြသူများ ကိုယ်တွေ့ ကြုံဖူးနေသဖြင့် မှတ်ပုံတင်လောက်က သနားတယ်ဟု ပြောလိုပါသည်။ သူတို့နှင့်ပတ်သက်သည့် ကိုယ်ရေးဖိုင် သက်ဆိုင်ရာ လဝက ရုံးတွင် ရှိမရှိ မပြောတတ်ပါ။ 


No comments:

Post a Comment