စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, September 29, 2015

လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ

လက်ရှိအစိုးရအုပ်စုနဲ့ သူတို့ရဲ့ predecessor အဆက်ဆက် နှစ်ပေါင်းခြောက်ဆယ်လောက်လုပ်လိုက်တာ
ကိုလိုနီခေတ်က Status ထက်ဆိုးသွားတဲ့ကမ္ဘာ့နိုင်ငံအဆင့်ကိုရောက်သွားတယ်
ဒီတော့ မဆလတို့ ပါတီဇုံတို့ ဒီမိုကရေစီတို့ စတဲ့ စံနစ်တွေ သဘောတရားရေးရာတွေထက် လက်အစိုးရ နဲ့သူတို့မျိုးဆက်တွေရဲ့အတွေးအခေါ် နဲ့ အုပ်ချုပ်ပုံကိုပြောင်းချင်လို့ အပြောင်းအလဲကိုလိုလားလို့
နှစ်ပေါင်းသုံးဆယ်လောက်တစ်စိုက်မတ်မတ်တိုက်ပွဲဝင်လာခဲ့တဲ့ ပါတီ ကိုယ်ကျိုးစွန့်အနစ်နာခံထားတဲ့ပါတီကို
တိုင်းရင်းသားရေးရာအမတ်လောင်းမဲကလွဲရင်
ကျန်သုံးမဲလုံး ပေးမယ် ဆုံးဖြတ်ပြီးသား၊
ဒီဆုံးဖြတ်ချက်ကို ပြောင်းစရာအကြောင်းလဲမရှိဘူး၊
ဒါပေမယ့် ပြောစရာရှိတာတော့ပြောချင်တယ်၊
ပါတီစုံစံနစ်မှာ ပါတီတစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်ကြရာမှာ တစ်ခုရဲ့ပေါ်လစီရေးရာအားနည်းချက်ကိုထောက်ပြပြီး
ကိုယ့်ပေါ်လစီရဲ့အားသာချက်ကိုချပြကာ တစ်ခုချင်းအလဲထိုးနိုင်ဖို့ကို အာရုံစိုက်ကြိုးစားကြရမယ်ထင်ပါတယ်
အခုတော့ တစ်ဖက်ကလဲ ပေါ်လစီတွေနဲ့ လူထုမစည်းရုံးဘဲ
 ငွေအင်အားအာဏာအင်အားနဲ့အသုံးပြု ညစ်ပတ်
လိမ်ညာလှည့်ဖြား ကလေး ပန်းသီးကျွေး ပြီး
မဲလိုက်ဝယ်ဖို့ကြိုးစားနေသလို
ကိုယ်အားကိုးတဲ့ ဘက်ကလဲ၊
ပန်းသီးကျွေးရင်စားလိုက်ကွ
အိမ်အတွက်ပါရယင် ပါဆယ်ထုတ်ခဲ့
မဲပေးရင် ငါတို့ပေး ... ဆိုတဲ့ စကားမျိုး
လူထုစည်းရုံးရေးစင်မြင့်မှာရော Social media ထဲမှာပါ
ပလူပျံနေတာကြားရတော့
ဒါဟာ မိုးခါးရေသောက်နေကြတာကို
 ရေချိုသောက်ရအောင်  လုပ်ပေးမယ့်လူတွေရဲ့
ဒီလို ပညာပေးလမ်းပြစကားကြောင့် ပြောင်းလဲလိုပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့
သံယောင်စကားတွေ ကြားရတော့
အတော် လေး ရင်လေးမိပါတယ်၊

ကျနော်လိုချင်တဲ့အပြောင်းအလဲဟာ 
ပေးလာယင်ယူသာယူ၊ တောင်းသာမတောင်းနဲ့၊
သုံးသိန်းထိယူလို့ရတယ် လာပ်ယူတယ်မသတ်မှတ်ဘူး
စတဲ့ အတွေးအခေါ်တွေနဲ့အစိုးရကိုပြောင်းလဲ လိုတာပါ၊
ဒီလိုပြောင်းလဲဖို့ ကြိုးစားနေကြချိန်မှာ
ဒီစကားလုံးဟာ နိုင်ငံတော်နဲ့ပြည်သူကို လမ်းမှန်ပေါ်ပို့မယ့် လို့
ဦးစီး ဦးဆောင် နေတဲ့အဖွဲ့အစည်းပါတီတစ်ခုကပြောရမည့်စကား
မဟုတ်ဘူးလို့ ထောက်ပြချင်ပါတယ်။
ဒါကို ဆဲချင်တယ်ဆိုလဲဆဲနိုင်ပါတယ်။ ပြုံးပြုံးလေးခံပေးပါမယ်။

No comments:

Post a Comment