စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, October 4, 2015

ပြောင်းလဲဖို့အချိန်တန်သလို ပါးနပ်ဖို့လဲ အချိန်တန်ပြီမို့ ချစ်သလားမုန်းသလား ပြောစရာလားမောင်


ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းမှာ ရန်သူမိတ်ဆွေ၊ ချစ်သူ မုန်းသူ မရှိပါဘူးတဲ့၊
ဒီတော့ နိုင်ငံရေးအပေါ် ဝေဖန်ပြောဆို  အားပေးကြရာမှာလည်းဘဲ၊
ကျနော့တို့ဟာ ချစ်စကား မုန်းစကား၊ နာစကား၊ ရွဲ့စကား၊
ဆွစကား တွေ ပြောကြားရမယ့် အချိန်အခါ မဟုတ်တော့ဘူးလို့ထင်ပါရဲ့။

ချစ်သလားမုန်းသလားလဲ မမေးချင်ပါ။

သို့သော် နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုတွေ လျောက်ကြမလဲဆိုတာတော့
ကိုယ့် အမြင်ကို ပြောချင်တာမို့ ကိုယ့်ဝေါပေါ်ရေးလိုက်ရပါတယ်။

  မြန်မာပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဗုဒ္ဓဘာသာဝင်တွေမို့
မဲပေးခွင့်မရသော်လည်း သူတို့အားကိုးကွယ်ဆည်းကပ်မှုနှင့်
မလွတ်ကင်းသော ပြည်သူအများစုဆည်းကပ်နေကြသော
သံဃာ လေး ငါး ခြောက်သိန်း၏ ထောက်ခံမှုနှင့်
သူတို့အများစုဆန္ဒသည်လည်း အမတ်ဦးရေအများဆုံးဖြစ်သည့်
 ပြည်မဒေသ ရွေးကောက်ပွဲ မဲထောက်ခံမှု ကန့်ကွက်မှုကို

အများကြီး အကျိုးသက်ရောက်သွားနိုင်ပေသည်။

လူဦးရေ ၅ သန်းကနေ ၈သန်း လောက်ထိ ရှိနေပြီ
ယူဆရသော တစ်နိုင်ငံလုံးပြန့်ကျဲရောက်ရှိနေသော
 အစ္စလာန်ဘာသာ ကိုးကွယ်သူတို့၏ ယုံကြည်မှုနှင့်
 ထောက်ခံမဲ သည်လည်း
 ပြည်မ တစ်ခုလုံးသာမက တစ်ချို့ဒေသ များတွင်
အရေးပါသော မဲအုပ်စုတစ်ခုဖြစ်လာပေသည်။

ထိုနည်းတူစွာပင်... ပြည်နယ် တိုင်းရင်းသား ပါတီတို့ ၏
အနိုင်ရရှိမှုနှင့် သူတို့၏ မဟာမိတ်ဖွဲ့
စုစည်းမှု ရပ်တည်မှု တို့သည်လည်း
လွှတ်တော်အား ချုပ်ကိုင်မှုရရန် အရေးပါသော
နိုင်ငံရေး အင်အားစု အဖြစ် ရှိလာနိုင်ပါသည်။

ထိုအခြေအနေတွင်၊
လူထုကြိုက်နှစ်သက်မှု
 လျော့ကျလာသည် နည်းပါးလာသည် ထင်မှတ်ရသော၊
သို့သော် တပ်မတော်ထောက်ခံမှု
အပြည့်ရထားသည်ယူဆရသော
လက်ရှိ အာဏာရပါတီကြီးသည်၊
အထက်ဖေါ်ပြပါ အုပ်စုများကြားတွင်
မည့်သည် Strategy ဖြင့်
၂၀၁၆ လွှတ်တော်ထဲ ပြန်ဝင်ရန်
လှုပ်ရှားမည်ထင်ပါသနည်း။

သင်ကော မည်သည့် Strategy ဖြင့်
အထက်ပါအုပ်စုမျးလက်ခံနိုင်အောင်
ချစ်သည်လည်းမပြော မုန်းသည်လည်းဆိုစရာမလိုသော
ပါဝါအားကောင်းသော
စကားလုံးများဖြင့် ကိုယ့်လူ၊
ကိုယ်မိတ်ဆွေများဖြစ်လာအောင်
 ဆောင်ရွက်မည်နည်း။

ကိုယ့်ကို ကျည်တစ်တောင့်
အပစ်ခံရသည် ထင်သမို့ ဆယ်ချက်ပြန်ပစ်
 လောင်ချာ ရှိယင်  လောင်ချာနဲ့
 ပြန်ပစ်ချင်စိတ်ကိုထိန်းကာ၊
ဦးနှောက်ထဲက ပါဝါစကားလုံးတွေနဲ့
ရန်သူတွေအလိုအလျောက်
ကိုယ့်ရင်ခွင်(ခြေထောက်မဟုတ်ပါ) အောက်
ရောက်အောင် စည်းရုံးရေး စွမ်းရည် ရှိရပါလိမ့်မည်။

ဒေါက်တာအေးမောင်ရဲ့ DVB ဒီဘိတ်မှာ
" နယ်စပ်လုံခြုံရေးနဲ့
လူအခွင့်အရေး ကိစ္စ နှစ်ခု Clash ဖြစ်နေတယ်လို့
ယူဆနေရဲ့တဲ့အပေါ်ဖြေကြားပေးပါအုန်းဆိုတဲ့ "
ပုံစံ Presenter ရဲ့ မေးခွန်းမျိုးနဲ့
အလွန် ထိလွယ်ရှလွယ်တဲ့ ကိစ္စမျိုးကို ဖြေကြားရာမှာ
ဘာသာခြားလူ့အဖွဲ့အစည်းရော၊
မည့်သည့် ဘာသာရေးအဖွဲ့အစည်းကိုမှ ပုတ်ခတ်ပြစ်တင်တင်ခြင်း၊
 ထောက်ခံချီးကျူးခြင်းမျိုး တိုက်ရိုက်စကားလုံး သုံးစွဲခြင်းမျိုးမပါဘဲ၊
 မော်လဝီ နဲ့ ဘုန်းကြီးကြား မဲပေးပိုင်ခွင့် မတူညီမူကိုကော
လူ့အခွင့်အရေး ဆုံးရှုံးမှု ဟု သင်ထင်ပါသလား ဟု
 ပြန်လှန်မေးခွန်းထုတ်ယင်း ထိရောက်သည့်
ဥပမာ တစ်ခုကို သုံးစွဲ ပြောဆို ရှင်းပြသွားတာဟာ
အလွန်အင်မတန် မှ ပါးနပ်စွာ ရုတ်တရက် ပြန်လည် ပြောဆိုနိုင် သော
နိုင်ငံရေးသမးကောင်း တစ်ယောက်အနေဖြင့်
ချီးကျူးစရာကောင်းတယ်  လို့ခံစားမိပါတယ်။

သူပေးသွားတဲ့ ဥပမာကိုနားထောင်ပြီး ဘာသာခြားတွေတောင်
မကြိုက်ပေမယ့် သူရဲ့ ပါးနပ်မှုကို
ကြိတ်ချီးကျူးမိမယ့်  အခြေရှိပါလိမ့်မယ်။
မဘသ ကောင်းမကောင်း၊ ကိုယ့်ရန်သူ ကိုယ့်မိတ်ဆွေ
သဘောထားပြောနေစရာ မလိုဘဲ၊
မဘသ ဟုတ်ဟုတ် မဟုတ်ဟုတ်
သံဃာထုတစ်ခုလုံး ကြိတ်သဘောကျစေမယ့် အပြောပါဘဲ။


Debate ယဉ်ကျေးမှုနဲ့ ထိတွေ့ဖူးကြတာ
မကြာသေးတဲ့ မြန်မာပြည်မှာ
အခုလို ဒုတိယအဆင်းရဲဆုံးပြည်နယ်က
တိုင်းရင်းသား နိုင်ငံရေးသမားတစ်ယောက်က
လက်တန်းအချက်ကျကျ ပြောနိုင်မှုကို
 ဒေါက်တာအေးမောင် ဘေးကပ်ထိုင်နေသော ခေါင်းဆောင်မှု
လူထုစည်းရုံးမှု သင်တန်းများ မြောက်မြားစွာ တက်ရောက်ခွင့် ရထားသည့်
 အာဏာရ ပြည်မပါတီကြီး တစ်ခုကို ကိုယ်စားပြုရန် ရာထားသော
တိုင်းရင်းသားသွေးတွေ စီးဆင်းနေသည်ဆိုသော
တပ်မတော်ရွေးချယ်ခံ ပြည်နယ်ဝန်ကြီးချုပ် ကြီးလည်း
စိတ်ထဲ ကြိတ် သဘောကျနေမှာ လို့ ယုံကြည်မိပါသည်။

သူရဲ့ပြောဆိုသွားမှုထဲမှာ စည်းရုံးရေးနဲ့ သူ့ရဲ့မူဝါဒရေးရာ ကို
ဘယ့်သူ့မထိခိုက်တဲ့  ပါဝါစကားလုံးတွေနဲ့
သူလိုချင်တဲ့ point ကိုဆွဲပြောသွားတာပါဘဲ။

သို့သော် ဒေါက်တာအေးမောင်
သည် ရခိုင်တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြု ခေါင်းဆောင်ဟုသာ
နိုင်ငံသားအများစုက သတ်မှတ်မှုခံရသဖြင့်
ပြည်မ ပါတီကြီးများနှင့် လူထု၏ လေးစားမှုကို
ရသင့်သလောက် မရဟုထင်ပါသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ၊
သူ နှင့် အတူ သူ့ လုပ်ဖေါ် ကိုင်ဖက် နိုင်ငံရေးလှုပ်ရှားသူ
ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ တို့ အပါအဝင်
(ANP = ALD/RNDP) နိုင်ငံရေးဦးဆောင်မှုပေးနိုင်သူတို့၏  ကြိုးပမ်းမှုကြောင့်
ရခိုင်ပြည်၏ နိုင်ငံရေးအခင်းအကျင်းသည်
ပိုမိုစုစည်းခိုင်မာလာပြီး၊ ရခိုင်ပြည်သူလူထု၏
နိုင်ငံရေးသဘောထားနှင့် စိတ်ပါဝင်စားမှု၊ 
ရခိုင်ပြည်သူတို့၏ တိုးတက်ရေး
တန်းတူရေး အပေါ် နိုင်ငံရေး နည်းလမ်းဖြင့်  ကြိုးပမ်းမှုသည်လည်း .... ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း
ပိုမို ယုံကြည်နားလည်လာကြကာ
ပိုမိုစိတ်အားထက်သန် ညီညွတ်မှုရလာခြင်းသည်ပင်၊
ရခိုင်ပြည်ပိုမို တည်ငြိမ်ရေးကို ရှေ့ရှု လာစေသည့်
သဘောဖြစ်သလို၊၊
 ပြည်ထောင်စု တည်ငြိမ်ရေးကိုလည်း
တစ်ဖက်တစ်လမ်းက ဆောင်ကျဉ်းပေးနိုင်သဖြင့်
လက်ရှိ ဗဟိုအစိုးရနှင့် အာဏာရ ပါတီရော ၊
အတိုက်အခံပါတီအဖွဲ့အစည်း များ နှင့်
သူတို့အား ထောက်ခံမှုပေးနေသူ များကပါ
ANP နှင့် ပါတီခေါင်းဆောင်များကို
ဒီမိုကရေစီ လူ့ဘောင် နှင့် စစ်မှန်သော
Federal Union တည်ဆောက်ရေးတွင်
သူတို့၏ အခန်းကဏ္ဌကို
ယခုထက် ပိုမိုအသိအမှတ်ပြု လေးစား သင့်သည်ဟု
ယူဆပါသည်။

စစ်မှန်သော FederaL Union တစ်ခုကို
တည်ဆောက်ချင်ပါသည်ဟု ပြောကြားနေကြသော်လည်း
 ပြည်နယ်အသီးသီးတို့ ၌ ထို သူတို့ကဲ့သို့သော
နိုင်ငံရေးဦးဆောင်မှု ပေးနိုင်သူများ အား

အားကောင်းမောင်းသန်လာစေရန်
အားပေးကူညီ၊ ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိဘူးဆိုလျင်
အောက်ပါမေးခွန်းအချို့ကို မေးလိုပါသည်။

၁) သင်တို့ဆောင်ရွက်ပေးလိုသော Federal Union သည်၊
သင်တို့ ပါတီထဲက သင်တို့ပါတီ နှင့် ပါတီဗဟိုအဖွဲ့ဝင်များ၏
 ပေါ်လဆီနှင့် ယုံကြည်ချက်အပေါ် ကျော်လွှား၍မရသော
တိုင်းရင်းသားခေါင်းဆောင်ဆိုသူတွေနှင့်သာ
 ပြည်နယ်အစိုးရ ဖွဲ့လိုသော Union လား၊

၂) ပြည်နယ်အသီးသီး၏ ပေါ်လစီရေးရာလွတ်လပ်မှုမရှိသော
     ပြည်မမှ လူမျိုးစု အများစု နှင့် မတူညီသောဒေသမှ တိုင်းရင်းသားအချို့ ဖြင့်
စုပေါင်းဖွဲ့စည်းထားသော ပါတီကိုသာ တိုင်းရင်းသားအသီးသီးအား
ဗဟိုအစိုးရ ဖွဲ့နိုင်ရန်ဆိုကာ မဲပေးခိုင်းနေကြခြင်းသည်၊
ပါတီစုံ စနစ်နှင့်ရော၊ Federal သဘောနှင့်ပါဆန့်ကျင်ကာ
တစ်ပါတီစံနစ်သဘောဆန်သော
Federal သဘောဖြစ်နေသည်ဟု သင်မထင်မှတ် ဘူးလား၊

၃) တိုင်းရင်းသားတို့၏ Federal မူအောက်က စုစည်း ညီညွှတ် ပူးပေါင်း၍
 အေးအတူပူအမျှ ရုန်းကန်လိုသော နိုင်ငံရေးလှုပ်ရှားမှုအင်အားစုများကို
ယုံကြည်စွာလက်တွဲ မကူဘဲ၊
နိုင်ငံရေးအခင်းအကျင်းတွင် ပြိုင်ဖက်သဘော ထားလိုက်လျင်
ထိုနိုင်ငံရေးအင်အားစုများရှင်သန်မှုကို အမြစ်ဖြတ်လိုက်သည်နှင့်
တူနေသည်ဟုသင်မထင်ဘူးလား။

၎) ထိုတိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၏ သီးခြားရပ်တည်လိုမှုသည်
သင်တို့ပေးလိုသော Federal မူနှင့်လည်း ကိုက်ညီကာ
    သူတို့အား ရှင်သန်ကြီးထွားလာအောင် အားပေးကူညီ၍
သင်တို့၏ မောင် နှမ ညီအစ်ကို မိတ်ဆွေကောင်းအဖြစ် အတူလက်တွဲသွားရန်
အဘယ်ကြောင့် ကြိုးပမ်းမဆောင်ရွက်ပါသနည်း။

၅) ထိုနိုင်ငံရေးအင်အားစုများသည် လွှတ်တော်ထဲတွင်
သင်တို့၏ မိတ်ဆွေ ညီအစ်ကို ဖြစ်နိုင်သည်ဟု မယုံကြည်လျင် ............

 စာချုပ်သက်သေ ထင်ရှား ရှိပါလျက်  ဗိုလ်ချုပ်အောင်ဆန်းတို့ သေဆုံးသွား၍
ဗိုလ်ချုပ်တို့နှင့်အတူ မျောပါသွားခဲ့ ပြီ  ထင်ရတဲ့ စာချုပ် ဂတိများကို
နှစ်ပေါင်း ၇၀နီးပါးစောင့်လည်းမရခဲ့သည့်  အတွေ့အကြုံ ခံစားမှုနှင့် အတူ
မျက်မှောက်ကာလ နိင်ငံရေးအခင်းအကျင်း အခြေအနေတွင်.....
 ပြည်နယ်တိုင်းရင်းသားတို့က  သင်တို့ခေါင်းဆောင် ၏  အရည်အချင်းနှင့်လေးစားမှုကိုကြည့်ပြီး
 ယေဘုယနှုတ်စကား Federal ဂတိ တစ်ခုကိုယုံကြည်ကာ........

လက်ရှိအာဏာရပါတီနှင့် သူတို့အင်အား၊
ဆက်လက်စွဲကိုင်ထားအုန်းမည့်  တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဝန်ကြီးဌာန သုံးခု၊
 ပြောင်းလဲ ဆိုးဝါးသွားနိုင်သော နိုင်ငံရေးရာသီဥတု ဖြစ်လာနိုင်ခြေကို မတွက်ချဘဲ၊

မိမိတို့၏ စုစည်းရှင်သန်စပြုနေသော မိမိတို့ပြည်နယ်တိုင်းရင်းသားပြည်သူတို့၏
နိုင်ငံရေးအင်အားစုကို Sacrifice လုပ်ကာ  .........
သင်တို့အားသာ ယုံကြည်၍ သင်တို့ ဗဟိုအစိုးရ ဖွဲ့ရန်ဟူသည့် အကြောင်းပြချက်တစ်ခုထဲဖြင့် 
မဲအားလုံးပြောင်းပေးသင့် သည်ဟု  သင်ထင်ပါသလား။

၆) ဗဟိုအစိုးရဖွဲ့ရန်အတွက် ပြည်နယ်တိုင်းရင်းသားပါတီ တို့၏
အမတ်ကိုယ်စားလှယ်လောင်းများနှင့် ပူးပေါင်း၍ရသလို
ထိုကဲ့သို့ပြုလုပ်ခြင်းသည်  ရေရှည် Federal Union သို့ သွားရာတွင်
မှန်ကန်သော နိုင်ငံရေးဦးဆောင်မှုပေးနိုင်သော
တိုင်းရင်းသား နိုင်ငံရေး အခင်းအကျင်း အတွက်
ယခုကတည်းက အထောက်အကူဖြစ်စေကာ
မည်သူမှ မထိခိုက် မနစ်နာသော နည်းလမ်းဖြစ်သည်ဟု
သင်ယုံကြည်မှု မရှိဘူးလား၊

အထက်ပါ မေးခွန်းများအပေါ် ယုံကြည်မှု မရှိခဲ့ပါလျင်
သင်နှင့် သင့်ပါတီသည် ပြောင်းလဲမှုကို လိုလားသော်လည်း၊
Federal Union ကို တည်ဆောက်ပေးချင်သည်ဆိုသော်လည်း
ကျန်သည့် ပြည်နယ်တိုင်းရင်းသားတို့ ၏
နိုင်ငံရေး လွတ်လပ်စွာ ဖွံ့ဖြိုးမှုကို အားမပေးချင်သည့်
မိမိပါတီက ဦးဆောင် မိမိနှင့် အတူလျောက်ခြင်းထက်
မိမိ တစ်ပည့် အဖြစ် လျောက်ခြင်းကိုသာ
အလေးထားသော တစ်ပါတီဝါဒ၊ 
ဗဟိုချုပ်ကိုင်မှုဝါဒကိုသာ ဆုတ်ကိုင်ထားသော ပါတီကြီးဝါဒကို
လက်ကိုင်ပြုသော မဆလ ကဲ့သို့  သော

ပါတီကြီးတစ်ခုဟု ယူဆရပေတော့မည်။
 
သို့သော်ငြားလည်း လွှတ်တော်သုံးရပ်အတွက်
ANP အမတ်လောင်းအားမေးပေးခွင့် မရသောမိမိသည်
နှစ်ရက်ခွဲကြိုတင်မဲပေးခွင့်ကြေငြာထားသော
16,17,18 နေ့များတွင် ANP မှ ရခိုင်တိုင်းရင်းသားရေးရာ
အမတ်ဦးဇော်အေးမောင်နှင့် အမည်လဲမသိ ရုပ်လဲမမြင်ဘူးသော
NLD မှ လွှတ်တော်အမတ်လောင်း ၃ယောက်အား
ချစ်၍လည်းမဟုတ်၊ မုန်း၍လည်းမဟူ၊
 တော်လွန်းသိလွန်းအနစ်နာခံလွန်းမှုကို
ယုံကြည်ကျေးဇူးတင်၍လည်းမဟုတ်
စစ်မှန်သော တိုင်းရင်းသားများလိုလားသော
federal union ကို
အကောင်းဆုံးကြိုးစားရယူပေးမည်၊
လက်ဝါးဖြန့်တောင်းနေစရာမလို ဘဲ ရယူပေးမည်ဟူသော
ဂတိတည်ကြည်မှုကို မျက်မြင်ထင်ရှားဤသို့ပါတကားဟု
 မြင်ချင်သော မိမိ၏အတ္တစိတ်
နှစ်ပေါင်း ၂၀၀ကျော်စောင့်နေကြသော
ကျနော်တို့ရခိုင်တိုင်းရင်းသားများ အတွက်ပါ
federal union ကိုဂတိပေးထားသည့် အတိုင်း
ရယူပေးပါလိမ့်မည်ဟုဟုယုံကြည်၍
မိမိတို့မိသားစုမဲ ကို NLD အား ပေးရန်
 ယတိပြတ် ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ။

No comments:

Post a Comment