စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, October 5, 2015

အိမ်ကြက်နှစ်ကောင် အလား

ကျနော်လူပျို အရွယ်လောက်မှာ ကျနော်တို့ဆီမှာ ကျေးရွာတွေအကြား၊
ဆွေမျိုးတွေအကြား တစ်ဦးနဲ့တစ်ဦး၊
တစ်မိသားနဲ့ တစ်မိသား၊ တစ်ရွာနဲ့တစ်ရွာကြားမှာ
ရန်သူတွေဖြစ်၊ ရိုက်ကြနက်ကြ၊ တစ်သက်လုံး မခေါ်မပြော
ရန်သူလိုဖြစ်သွားကြရတဲ့အထိ ပြဿ     နာတက်ခဲ့ဖူးသော
ကိစ္စ တစ်ခုဖြစ်ခဲ့ပါသည်။ 

ထိုသို့ဖြစ်ကြရသည်မှာလဲ ဘာသာခြားကြောင့်မဟုတ်မူဘဲ
မိမိတို့ဗုဒ္ဓဘာသာဝင်များကြားထဲတွင်ပဲဖြစ်ကြရခြင်းပါ။

ဖြစ်ရသည့်အကြောင်းရင်းအားပြန်ဆန်းစစ်ကြည့်လျင်
အလွန်ဝမ်းနည်းစရာ ကောင်းပါသည်။

မိမိယုံကြည်ရာလမ်းစဉ်ဖြင့် သာသနာ့အလုပ်အား
လုပ်ဆောင်နေကြသော ဆရာတော်နှစ်ပါး ကြားတွင်
မည်သည့်ပြဿ      နာမှမရှိခဲ့ဘဲ၊  ကိုးကွယ်သူ ဒကာဒကာမ များကြားတွင်၊
ငါ့ဆရာတော်က ဘယ်လို၊ သူ့ဆရာတော်က မည်သို့ မည်ဝါ
 ပြောဆိုကြယင်း တစ်ဦးကိုတစ်ဦး တစ်ယောက်ကို တစ်ယောက်
ရန်ပွား ဆဲဆို ခိုက်ရန်ဖြစ်၍ ရန်သူကြီးများအဖြစ်ရောက်ကြရသည်နှင့်မပြီး ၊
ဘုန်းကြီးအမှု ရွာပတ်ခြင်းမဟုတ်ဘဲ၊ ရွာအမှုက ဆရာတော်ဘုန်းကြီးများအားပါ
သွားပတ်သဖြင့် နိုင်ငံတော် သံဃမဟာနာယက မှ
ဆင်းစုံစမ်းရသည်အထိဖြစ်ကာ
အဖြေက ဆရာတော်များ၏ ပြဿ     နာ မဟုတ် ဘဲ
ဒကာချင်း မိုးမီးလောင်ခြင်းပြဿ     နာသာ ဖြစ်ကြောင်းသိရှိသွားကာ
သံဃမဟာနာယကဆရာတော်ကြီးများမှ ဒကာဒကာမ များအား
အလွန်အံ့သြရသော မှတ်ချက်ပြု၍ အမှုကို ရုတ်သိမ်းသွားသည်ဟုသိရပါသည်။ 

အကျိုးဆက်က တစ်ကာအချင်းချင်း ခိုက်ရန်ပွါးခြင်းက ငြိမ်းအေးစေရန်၊
ဒကာပရိတ်ချင်း မထိတွေ့ နိုင်သည့် ဝေးရာသို့
သက်တော်ပိုကြီးသည့် ဆရာတော် မှ ကြွချီသွားကာ
တစ်နယ်တစ်ကျေးဝေးရာတွင် ဝိပဿ     နာ စခန်းဆောက်တည်လျက်
သာသနာပြု သာသနာ အလုပ် ဆောက်တည်ပွားများနေသလို ၊
ကျန်ခဲ့သည့် ဆရာတော်လည်း သာသနာပြန့်ပွားရေး အလုပ်များကို
ဒကာချင်း ပြဿ     နာ မရှိတော့၍ အေးဆေးစွာ စိတ်ရောကိုယ်ပါ မြုပ်နှံလုပ်ကိုင်ယင်း
သာသနာပြု ဆရာတော်ကြီးများအဖြစ် ယခုအချိန်ထိ လုပ်ကိုင်နေလျက်ရှိကြပါသည်။

ယခုအခါ ကျနော်တို့ တိုင်းပြည်တွင်၊ ၁၉၄၈ မှ ၁၉၅၈ ထိ ရှိခဲ့သော
ပါလီမန်ဒီမိုကရေစီ ပါတီစုံ စံနစ်ပုံစံ ပြန်လည်ချီတက်ရန်
 ကြိုးစားနေကြသည့် အသွင်ကူးပြောင်းရေး ကာလဟု ဆိုရမည်လားမသိပါ။
သို့သော ဖွဲ့စည်းပုံလည်း ကွဲပြားလျက်ပါ။
ပြည်သူများ၏ စာရိတ္တအခြေခံလည်း ခြုံငုံ၍ ယေဘုယျ
သဘောအရပြောလျင် အလွန်ကွားခြားနေပါသည်။

ဖြတ်သန်းလာရသော generation အလိုက် အခြေအနေကိုကြည့်မည်ဆိုလျင်လည်း
ဟိုးခေတ်က ပြည်သူအများစုဟာ ကိုလိုနီဘဝ နှင့် ကမ္ဘာစစ်ကြီးကို
 ဖြတ်သန်းခဲ့ရသူများဖြစ်ပြီး၊
ယခု generation ကမူ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ရဲ့ ပြည်သူများဘဝကို
ယခင် ပါတီစုံစံနစ်၏ အကွဲအပြဲ သမိုင်းအတွေ့အကြုံကြောင့်
ပါတီစုံစံနစ်ကို ယုံကြည်မှုမရှိသည့် တပ်မတော် အရာရှိကြီးများက ဦးဆောင်သည့် သို့မဟုတ် လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့်
တပ်မတော် အရာရှိကြီးများ၏ အာဏာရှင်စံနစ် အောက်တွင်
 ဖြတ်သန်းလာရသူများဖြစ်ကြသည်။

ယခင်ပါတီစုံခေတ်က လူအဖွဲ့အစည်းပြည်သူများကြားတွင်
လွတ်လပ်ရေးရရှိခဲ့ပါက
ငါတို့နိုင်ငံကို ကွန်မြူနစ်စံနစ်ဖြင့် ဆက်လျောက်သင့်သည်
ဆိုရှယ်လစ်စံနစ်ဖြင့်သာ သွားသင့်သည် စသည့်
ကမ္ဘာ့နိုင်ငံရေးအယူဝါဒ စီးဆင်းအားပြိုင်မှုအောက်တွင်
မူးယစ်မျောပါကြယင်း ငါ့ဝါ သူ့ဝါဒ၊ ဝါဒ ကြီးစိုးလိုသည့်
ဝါဒစစ်ပွဲအောက်တွင်၊ ရဲဘော်လည်းကွဲ၊
ဖဆပလလည်းကွဲ၊ ကွန်မြူနစ်လည်းကွဲ၊
ဆိုရှယ်လစ်လည်းကွဲ အကွဲကွဲအလဲလဲနှင့်
pre-independence ရည်မှန်းချက်များ ဆုံးဖြတ်ချက်များ
စည်းလုံးချစ်ခင်မှုများ ယန်းငွေ့သံကြားမှာ ကွယ်ပျောက်၍
တိုင်းပြည်ကို မိမိတို့ဖါသာ ကြိုးဆွဲချဖို့ ၊
 ဖြုတ်ထုတ်သတ်ဖို့၊ ရေနှစ်သတ် မီးလောင်တိုက်
သွင်းချင်တဲ့စိတ်တွေ
 ကြက်သီးထလောက်အောင် ဖြစ်ခဲ့ကြတယ်တဲ့။

အခုအခါ  ပျိုးထောင်မယ်ဆိုတဲ့ ပါလီမာန်ဒီမိုကရေစီကျတော့၊
ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ ကမ္ဘာ့ဈေးကွက်မှာ
 ရောင်းပန်းမလှတော့ မြန်မာကလဲ
ဒီမို မှသာ ခရေစီဖြစ်သွားပြန်ရော၊။
ဒါဆိုရင် အားလုံးမိတ်ဆွေ ဖြစ်သွား ပြီပေါ့လို့ ထင်ရုံရှိသေး၊
ငါ့ မတူရင်မတုနဲ့ ရန်သူဘဲ၊ ငါလာနှောက်ယှက်လဲ ရန်သူဘဲ၊
ငါပေါ်လစီ ငါပြောတာကိုသဘောမတူရင်လဲ ရန်သူဘဲ၊
ဆိုတဲ့ စိတ်ကကြီးမားလွန်းနေတယ်ထင်မိပါရဲ့၊
line ပေါ်က ဒီမိုကရေစီ တွေအများစုကလဲ၊
ရိုးစင်းတဲ့ နိုင်ငံရေးလမ်းကြောင်းသာသိရုံနဲ့ မပြီး၊
တိမ်တောင်သဘွယ် လေတိုက်ရာမျောပါပြီး
ပုံသဏ္ဌာန် တွေပြောင်းလဲနေတတ်တာ
တိမ်အရောင်တွ ပြောင်းလဲနေတတ်တာကိုလည်း
 ဂရုထားနားလည်သင့်တယ်ထင်ပါရဲ့  ၊
သွားချင်တဲ့  ခရီးတလမ်းထဲ မနီးမဝေးသော်လည်း
မင်းသယ်လာတဲငပိကနံတယ်၊ မင်းယူလာတဲ့ ဒူရင်းသီးလဲ
ဘာအနံ့မှန်းမသိလှောင်နေတာဘဲ၊
 ဟေ့လူရေမချိုးခဲ့ဘူးလား ကားထဲ ခင်ဗျားဂျိုင်းနံ့က နံစော်နေတာပဲ၊၊
စသဖြင့် မကောင်းတဲ့ အနံ့အသက်တွေသာ
အာရုံခံ emotional ဖြစ်နေလို့ ထရန်ဖြစ်နေရကြရမယ်ဆိုယင်
ဟိုအယင်အချိန်တွေမှာလဲ အကွဲအပြဲ တွေနဲ့ suicide လုပ်ခဲ့ကြဖူးသလို
ဒီတကြိမ်လဲ ဒိုင်စားခံလို့ အကုန် ဂိန်ကုန်ကြရမှာဘဲ။ 


မတူညီမှုတွေကို အပြန်အလှန်ဆဲဆိုနေခြင်းထက်
ညှိမရနိုင်ဘူးထင်ရင် ဥပက္ခာပြု ပြီး မိမိလမ်းကို သာ
တစ်စိုက်မတ်မတ် ဖေါက်ထွက်သွားသင့်ပါတယ်။ 

မဘသ က ဦးတည်တာက ဘာသာခြားရန်လို့ပြောတယ်။

NLD တိုက်နေတာက အာဏာရှင်စံနစ်ကို
ဒီမိုကရေစီပြည်ထောင်စုနဲ့ အစားထိုးဖို့
ကြိုးပမ်း တိုက်ခိုက်နေတယ်ဆိုတယ်။

သူတို့ တစ်ဖွဲ့စီရဲ့ ဦးတည်ချက်နှစ်ခုဟာ
လုံးဝ သီးခြားစီလို့ အပေါ်ယံမှာ မြင်နေရတယ်။
 ဖေ့စ်ဘုတ်ပေါ်၊ ဆိုရှယ်မီဒီယာပေါ်မှာ
အပါအဝင်  လက်တွေ့မှာကတော့
ရန်သူသဘွယ် သူတို့ချင်း
ထိပ်တိုက်တိုက်ခိုက်နေမှုဟာ ဘာကြောင့်လဲ......
အမျိုးတူပြီး Target ရန်သူမတူတဲ့ သူတို့နှစ်ဖွဲ့ဘဲ
ထိပ်တိုက် တပ်ဖွဲ့ဗိုလ်ပါအချင်းချင်း
စီးချင်းထိုးနေကြတာတွေ့မြင်နေရတယ်။

ဒီလိုစီးချင်းထိုးနေကြရာမှာ
တပ်ဖွဲ့တွေကြားထဲ ဟိုဖက်အဖွဲ့မှာ အကျီင်္ဖြူနဲ့အကောင်က
ဟိုအဖွဲ့က အကောင်တွေဝင်လုပ်နေတာ၊
ဒီဖက် တပ်ဖွဲ့ကြားထဲ အသားမည်းမည်း
မုတ်ဆိတ်မည်းနဲ့ အကောင်က ကြားက
ဝင်ထိုးနေတာဆိုပြီး ပြောသတ်သတ်နေကြလေရဲ့၊

မဆလာကောင်းကောင်း နဲ့
လည်လှီးချက်ထားတဲ့ ခင်ဗျားတို့ခြံထွက်ကြက်ကို
အာရပ်ကလာတဲ့ ကောဇောခင်းပေါ်မှာ
 ပြည်တွင်းထွက် ကျောက်စိမ်းစားပွဲချပြီး၊
အမေရိကန်မိတ် Jack Daniel နဲ့  ......
UK ထွက် Scotch whisky ကို
အပြိုင်ထောင်ကာ
အ မြည်းလေးစားလိုက်၊
အရက်ကလေးဆွဲလိုက်နဲ့
ရိပြုံးလေးပြုံးကာ အောင်သေအောင်သားစားယင်း
ပွဲကြည့် ပရိသတ်လုပ်နေကြတဲ့ နှစ်ကောင်ထဲက
လူရှေ့ကျ မျက်နှာငယ်လုပ်ပြ အမေ အဘ ဆရာ
မွှန်းနေအောင် ခေါ်တတ်တဲ့ တစ်ကောင်နဲ့
 ပြည်သူ့အတွက်ဆိုပြီး မိန်းမစိန်နားကပ်ကြီးဖို့ဘဲ
လုပ်တတ်တဲ့ တစ်ယောက် ....တို့ဟာ
ကိုယ့်အစီအမံနဲ့ကိုယ်
 ပြည်သိမ်းစီမံချက်တွေကိုယ်စီကိုင်ပြီး
 ကြိုးရှည်ရှည်နဲ့ လှမ်းထားတတ်တဲ့
ခင်ဗျားတို့ ရဲ့ Hard Target ပါဆိုတဲ့ နှစ်ကောင်ဗျ။

ဒီမိုကရေစီ တန်းတူညီမျှရေး ဝါဒဖြူစင်ရေး နဲ့
လူ့အခွင့်အရေးကို သူတို့နှစ်ယောက်စလုံး
အမှန်စိတ်ဝင်စားနေကြတယ်လို့
ခင်ဗျားတို့နှစ်ယောက်စလုံးယုံကြည်ရင်း
ဆက်သတ်ပုတ်နေကြအုန်းမယ်ဆိုယင်တော့
မကြာပါဘူး ဆရာတစ်ကာတွေလဲ ရန်သူဖြစ်
အိမ်ကြက်နောက်နှစ်ကောင်လဲ ချက်စားခံရအုန်းမှာဘဲလို့
အသိပေးချင်ပါတယ်ဗျာ။

No comments:

Post a Comment