စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, October 20, 2015

သူ့တို့ချင်းက ဒီလို ဆိုတော့

သူ့တို့ချင်းက ဒီလို




ကျုပ်တို့မြင်တာကဒီလို









အခု သံရုံးအသီးသီးက ကြိုတင်မေး ပေးခြင်း ကိစ္စ မှာ
တူညီစွာဖြစ်ပေါ်နေတဲ့ပြဿနာတွေဟာ

ကျုပ်တို့ပြည်သူတွေ တောင်
ဒီ ဖြစ်လာနိုင်တဲ့ အခက်အခဲ တွေ
မှားနိုင်တာတွေကို
လွန်ခဲ့တဲ့  လေးငါးခြောက်လထဲက စဉ်းစားမိတယ် ၊

မြို့နယ်ပေါင်း ၃၅၀ ကျော်က မဲတွေ မဲစာရင်းတွေအတွက်
လွယ်ကူရှင်းလင်းတဲ့ စာရင်းအင်း  စံနစ်တစ်ခုကိုမသုံးဘဲ၊
scan ဖိုင်နဲ့ မဲစာရင်းတွေကို ရွာပို့ မြို့ပို့ သံရုံးတွေကို ပို့
အပြန်အလှန်ပို့ နဲ့
  internet က အဝိုင်းလည်လိုက်
ရပ်လိုက် ပျောက်တဲ့လူကပျောက်
 ပေါ်တဲ့လူက နှစ်ခါပေါ်
မြုပ်တဲ့လူကစုန်းစုန်းမြုပ်နဲ့ 
 ပေါ်လိုက် မြုပ်လိုက် လည်လိုက်နဲ့
Internet စံနစ်ကနေ
Inkrarnet စနစ်ဖြစ်နေတဲ့ သံသရာမှာ
သံရုံးက နေ တစ်ဆင့် ကြေငြာ ခိုင်းတာ
 စာရင်းအင်းမှားတာ နဲ့ မဲပေးနိုင်ခွင့်
ဆုံးဖြတ်ချက်ကို  မဆုံးဖြတ်  ပေးနိုင်
တာဝန် မယူနိုင် တဲ့ သံရုံးကို final စာရင်းထုတ်ပြန်ခိုင်းကတည်း
ကိုက စံနစ်က မှားနေပါပြီ။၊

စာရင်းတွေကို တစ်ခုစီကို လွယ်ကူ ရှင်းလင်းအောင်
ကော်မရှင် Web page တစ်ခုထဲက ဘဲ၊
 နိုင်ငံအသီးသီးသီးအတွက် မဲစာရင်းတိုက်ရိုက်ကြေငြာပေးသင့် သလို
သံရုံးတွေက ဒါကို email , internet မရှိတဲ့ နေရာနဲ့
လူတွေအတွက် သံရုံးမှာ Download ဆွဲ ကြော်ငြာကပ်သင့်ပါတယ်။

အခုက စာရင်းမှား နေတဲ့ ပြည်သူတွေဟာ
အလွန်အလှမ်းဝေးကွာတဲ့ နေရာသုံးခု က ဌာန သုံးခုရဲ့ကြားမှာ
ဘောလီဘော ပုတ်ခြင်းခံနေရပါတယ်၊
သက်ဆိုင်ရာနယ်မြေရဲ့ ကော်မရှင်ခွဲရုံး
သက်ဆိုင်ရာ သံရုံး နဲ့
နယ်ပြည်တော်ကော်မရှင်ရုံးပါ၊

သက်ဆိုင်ရာနယ်မြေရဲ့ ကော်မရှင်ခွဲရုံး က
အများဆုံးဖြေကြားတာက
  1.  ဒီမှာ ခင်ဗျားတို့ နံမည်စာရင်း ပါပြီးသား   ဒီမှာဓါတ်ပုံရိုက်သွား၊ ကျုပ် တို့  နယ်ပြည်တော်ကို  အထပ်လိုက် ဘယ်တုံးက ပို့ပြီးသား  နယ်ပြည်တော်ပြန်မေး၊ သံရုံးပြန်မေးပါ။
  2. မဲပေးစာရင်းကို မပါတာ  ပထမ တစ်ခါ မပါတုန်းက ခင်ဗျားတို့ ပုံစံ.၃ မတင်လို့ ဖြစ်လိမ့်
  3.  ပုံစံ.၃  ကော်ပီပြတော့ ဒုတိယ အကြိမ် မဲစာရင်းထုတ်တော့ ကော်မရှင်ကကိုထပ်မှားနေလို့ပါ တစ်ခြားမြို့နယ် ရောပါသွားတယ်ထင်တယ်( ဦးတင်အေးပြောတာက software ကြောင့်တဲ့)
  4.  နိုင်ငံခြား ကြိုတင် မဲစာရင်းမှာ ပါပေမယ့် စကာင်္ပူ လို့ မရေးထား၊  ကိုးရီးယားလို့ မရေးထားလို့၊ မွန်လို့ မရေးထားလို့ ၊ ရခိုင်လို့ မရေးထားလို့  နိင်ငံမဲ့လို့  ရေးထားလို့သံရုံးက မဲလက်မှတ် မရှိ မထုတ်ပေးဘူးလို့ပြော တယ် ဆိုတော့ မသိဘူး ငါတို့ ပုံစံ ၁၅ အတိုင်းရေးထားတာ၊ ပုံစံ ၁၅ မှာ အဲလိုရေမထား  မပါလို့ဖြစ်မှာပေါ့တဲ့၊

သံရုံးက ဖြေတာက

  1.  ဟိုကို(နယ်မြေကော်မရှင်) နဲ့ နယ်ပြည် တော် ကော်မရှင်ကို
  •    တိုက်ရိုက်စုံစမ်းကြပါတဲ့၊
  •    သူတို့ဆီက ပို့စာရင်းမှာ မပါလို့ ကျနော်တို့ဆီ မပါတာပါတဲ့
  •    ကော်မရှင်ကိုတိုက်ရိုက်မေးပါ
  •    ကျမတို့ဆီ အချက်အလက် ထားခဲ့ပါ မေးပေးပါမယ်  သိရရင်အကြောင်းပြန်ပါမယ်
  •     ဘယ်တော့လောက်သိရမယ်ဆိုတာတော့ အာမ မခံပါ ၊
  •     ဖုန်းနံပါတ်ရေးထားခဲ့ပါ အကြောင်းပြန်ပါမယ်၊(ဘယ်တော့မှ ပြန်မခေါ် - ဒီက ခေါ်လဲ ဖုန်းမကိုင်)။
    2.  စကာင်္ပူလို့ မရေးထားလို့ မဲ မရှိပါ ကော်မရှင်ကလဲ မဲအပို မပေးထားပါ။
         ရခိုင်လို့မရေးထားလို့ တိုင်းရင်းသားကိုယ်စားလှယ် မဲမရှိပါ၊
          စာရေးထားခဲ့ပါ  ကော်မရှင် ကို   မေးပေးပါမယ် ။။။။။။.
     3.  မဲဆန္ဒနယ်မှားနေတာ ကျနော်တို့မတတ်နိုင်ပါဘူး
      အဲဒီအတိုင်းသာ မဲပေးလိုက်ပါ ရပါတယ်

ကော်မရှင်

  1.    ကျနော်တို့ထင်တယ်ခင်ဗျ နယ်တွေက ပို့တာမှာ လိုင်း မကောင်းလို        File တွေ ပျောက်ကျန်ခဲ့တာဖြစ်မှာပါ၊ ပြန်မေးပေးပါမယ်။
  2.    ကျနော်တို့ သံရုံး ကို ဘယ်နေ့က ပို့ပြီးပါပြီခင်ဗျ၊ သံရုံး ပြန်မေးကြည့် ပါ၊ သံရုံးက update     မလုပ်ရသေးတာ ဖြစ်မှာပါ။ အဆင်မပြေရင် ဖုန်းခေါ်ပါ ညနေ ၅နာရီထိ အမြဲရှိပါတယ်။
  3.   နောက်ထပ် ပျောက်နေတဲ့ ဖိုင်တွေ သံရုံး ထပ်ပို့ပြီးပါပြီ သံရုံး မေးပါ၊ 
  4.    နယ်မြေကော်မရှင်က ပို့တာမှာ ပါမလာတာပါ နယ်မြေကော်မရှင်ဆီကို စုံစမ်းပါခင်ဗျ။။

အယင်ခေတ်ကလိုမဟုတ် အခုခေတ်ဝန်ထမ်း တွေက
အင်မတန် အပြော ချိုသာလာပါသည် ကျေးဇူးတင် ဝမ်းမြောက်ရပါသည်။

ယခု အထက်ဖေါ်ပြပါ ကိစ္စရပ်များဟာ
ဌာနတစ်ခုနှင့်တစ်ခု ပိုမိုနွေးထွေးစွာ ပူးပေါင်းဆောင်ရွက် အမြန်အဖြေရှာပေးရမည့်အစား၊
ထို Coordination ဟုခေါ်သည့် ပူးပေါင်းဆောင်ရွက် ခြင်းကိစ္စဟာ
ဌာန ချင်း ဝန်ထမ်းချင်း ကြားမှာ
အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းနေသေးကာ
ထိုအလုပ်အား  ပြည်သူ့အား  နေရာတစ်ကာ 
 ပြန်လုပ်ခိုင်းခြင်းနေခြင်းက အင်မတန်ဆိုးဝါးလှပါသည်။

ဒီလိုဖြစ် နေရခြင်းက သက်ဆိုင်ရာဌာနတို့၏ ဦးစီးဦးဆောင်အကြီးအကဲတွေကိုက 
တာဝန်လစ်ဟင်း  စီမံမှု အရည်အသွေးညံ့ဖျင်းနေ၍လားဟု သံသယဝင် ရုံမက ယုံလည်းယုံကြည်မိပါသည်။

No comments:

Post a Comment