စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, January 29, 2014

ပြည်ထောင်စုလွှတ်တော်ကို တမတ်သား နဲ့ ဖွဲ့စည်းလျင်၊ ပြည်ထောင်စု တပ်မတော် ကိုလည်း တစ်မတ်သား နဲ့ မဖွဲ့သင့်ပေဘူးလား???

၂၀၀၈ ဖွဲ့စည်းပုံတွင်၊    ပြည်ထောင်စုလွှတ်တော်ကို (၁) ပြည့်သူ့လွှတ်တော် (၂) အမျိုးသားလွှတ်တော် နှစ်ရပ်ဖြင့်ပါဝင်ဖွဲ့စည်းထားသည် ဟု ဆိုထားပါသည်။                                                                                                                                                                                                                                                        (၁) ပြည်သူလွှတ်တော်ကို မြို့နယ်ကို အခြေခံသော၊ လူဦးရေကို အခြေခံသော ကိုယ်စားလှယ် ၇၅% ၊ တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ပေးတဲ့ တပ်မတော်သား ၂၅% နဲ့ ဖွဲ့စည်းထားပါတယ်တဲ့                                                                                                                                                                                                                                              (၂) အမျိုးသားလွှတ်တော်ကိုတော့၊ ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခုမှ ဦးရေ တူညီတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၇၅% ရယ်၊  ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ပေးတဲ့ တပ်မတော်သား ၂၅% ရယ်နဲ့ ဖွဲ့စည်းထားတယ်ပြောပါတယ်။                                                                                                                                                                                                                                အဲဒီတော့ အားလုံးပေါင်းလိုက်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုကြည့်လိုက်ရင်၊ တပ်မတော်က ၂၅% ရှိမြဲရှိနေပြီး၊ ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုကြီး တစ်ခုစီ ကို ကိုယ်စားပြုတဲ့ ပြည်နယ်တိုင်းတစ်ခုစီရဲ့ ကိုယ်စားလှယ်အရေအတွက်ဟာ၊  လူဦးရေ ပိုမို ထူထပ် တိုးတက်သော၊ မြို့ကြီး များပြားသော တိုင်းရင်းလူမျိုးစုကြီးတစ်ခုထဲ အဓိကနေထိုင်ကြတဲ့ တိုင်းခုနှစ်ခုရဲ့  ကိုယ်စားလှယ် အရေအတွက်အောက်မှာ ပိုမို အချိုး နည်းသွားရတာမို့၊ ပြည်နယ်တစ်ခုစီ မှာ နေကြတဲ့ တိုင်းရင်းသား တို့ရဲ့ အတိတ်၊ ပစ္စုပါန်၊ အနာဂါတ် အရေးတွေကိစ္စ  အပြီးသတ် ဆုံးဖြတ်ကြရ မည့် အခါတိုင်းမှာ၊ သက်ဆိုင်တဲ့ တိုင်းရင်းသား တို့ရဲ့ သဘောထား ခံယူချက် ထက်၊ တိုင်း ၇ တိုင်းကိုယ်စားလှယ်တွေ နဲ့  တပ်မတော်သား ကိုယ်စားလှယ် တို့ရဲ့ သဘောထားအပေါ် ပိုမို မူတည်နေပါတယ်။ 

ဒါကြောင့် မို့  တိုင်းရင်းသား မျိုးနွယ်စုကြီး တစ်ခု ရဲ့ အရေးရာကို ဖြေရှင်းရာတွင်၊ အဓိက ကျသော လူမျိုးစုကြီး၏ သဘောထား ပိုမို သက်ဝင်အောင် လွှတ်တော် ဖွဲ့စည်းပုံ နှင့် မဲခွဲ ဆုံးဖြတ် သည့် စံနစ် များအား ပြန်လည် သုံးသပ်ပြင်ဆင် သင့်ပါသည်။ လွှတ်တော်တွင် တပ်မတော် အချိုးကျ ၂၅% မရှိမဖြစ်ပါဝင်ရန်လိုအပ်သည်ဆိုပါက၊၊ တပ်မတော် ၏ အဆင့်အသီးသီး၊ နယ်ပယ် အသီးသီး၊ တပ်ရင်းအသီးသီး ဖွဲ့စည်းပုံ နှင့် တပ်မတော်ကိုယ်စားလှယ် ထဲ တွင်လည်း၊တိုင်းရင်းသား ပြည်နယ်အသီးသီးနှင့် တိုင်းရင်းသား တိုင်းဒေသကြီး အသီးသီးကို ကိုယ်စားပြုသည့် တပ်ရင်း၊ တပ်မ၊ တပ်မတော်သား ၊ သင့်တော်သည့် အချိုးအလိုက်ဖြင့် ဖွဲ့စည်းပါဝင်သင့်ပေသည်။

Tuesday, January 28, 2014

တကယ်ယုံရင်ဆိုဘဲ ပုံထားလို့ ပြီးရောတဲ့လား




ကျနော် ကတော့ ကို့ကိုယ်ကို အခွံအကာသားလို့ပဲ 
ယူဆထားပေမယ့် နည်းနည်းတော့ပြောခွင့်ပြုပါ။

တချို့က ပြောကြပါတယ် ဗုဒ္ဓဘာသာကို
တကယ်အစစ်အမှန် ကိုးကွယ် ယုံကြည်သူ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင်၊
စစ်စစ်တွေ ဆိုရင်
ဘာသာခြားကို ယူမှာ ကြောက်နေစရာမဟုတ်ဘူးတဲ့။
ဟုတ်ပါတယ် အဲဒီလို ဘာသာခြားကို 
ယူတတ်ကြတယ်ဆိုကြတဲ့  
မစစ်တစ်စစ် မိရိုးဖလာတွေကလဲ
စစ်စစ်တွေကို ဝန်းရံနေကြတာပါ၊  
အဲဒီ အဝန်းအရံတွေပျောက်ကွယ်သွားပြီးတဲ့အချိန်မှာ
 နောက်ထပ်ပျောက်ကွယ်မယ့် ဟာကတော့  
အနှစ်တွေပါဘဲ၊
သီလ ခဏခဏကျိုးပြီး ခဏခဏ ပြန်စောင့်ထိမ်းတဲ့လူလဲ 
ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးလို့ပြောမရပါဘူး၊ 
တရားကို ယုံကြည်တယ် ၊ ဒါပေမည့် အားလုံးသော စောင့်ထိမ်းကိုးကွယ်ကျင့်ကြံအားထုတ်ရန် 
ကိစ္စများမြှောင်တို့ကို အလုံးစုံမလိုက်နာသေးဘူး၊ 
တခြား ဆန့်ကျင့် အယူဝါဒတို့ကိုလည်း 
မကျင့် ကြံ မယုံကြည်သေးဘူးဆိုရင် 
ဤကဲ့သို့ ပုဂ္ဂိုလ်များဟာလဲ ဗုဒ္ဓုဘာသာကို
 စောင့်ထိမ်းထားသော 
အပြင် အပေါ်ယံ အကာ အခွံတွေနဲ့တူတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဘဲလို
့ပြောကြရမှာပဲဖြစ်ကြပါတယ်၊ 

အကာက ထူလာပြီး အနှစ်ကပါ သေးငယ်လာရင်လဲ ဘာသာကွယ်ပျောက်လာတယ်ပြောနိုင်သလို၊ 
အကာကုန်အနှစ်ချည်းဘဲကျန်ပြီး မကြီးလာရင်လဲ 
ကွယ်ပျောက်ဖို့ စလာတာပါဘဲ၊ 

အနှစ်လဲကြီးလာ အကာလည်းဘဲရှိမှ 
ထွန်းကားလာတဲ့သဘောဆောင်ပြီး၊ 

အနှစ်ချည်းသက်သက် အကာမပါပဲ
 ကြီးထွားလာနိုင်ရင်တော့ အကောင်းဆုံးသော 
ထွန်းကားခြင်းပါဘဲလို့ယူဆပါတယ်၊

ဒီတော့ မှန်ကန်တဲ့ အဖွဲ့အစည်းတစ်ခုခုက
မှန်ကန်လျောက်ပါတ်တဲ့ နည်းလမ်းနဲ့  
အကာ အနှစ်တွေကိုလဲ ကာကွယ် ထိမ်းသိမ်းရမှာပါဘဲ၊

ထေရဝါဒ ဗုဒ္ဓဘာသာအများဆုံးထွန်းကားတယ်  
ကိုးကွယ်ပါတယ်ဆိုတဲ့  မြန်မာပြည်မှာ  
ဗုဒ္ဓဘာသာရဲ့ Basic concept ငါးခုထဲ မှာပါတဲ့  
ခိုးခြင်း လိမ်ခြင်း ကို အများဆုံးကျုးလွန်နေကြတာကြောင့်
ကမ္ဘာပေါ်က Corruption အမြင့်ဆုံးနိုင်ငံထဲမှာ ပါနေတာဟာ 

အကာထူလာပြီး အနှစ် သေးလာတဲ့ ဘာသာကွယ်ပျောက်ခြင်းပါဘဲ၊

Corruption Perceptions index က 21 ဖြစ်ပြီး  
၁၇၇ နိုင်ငံ Survey လုပ်ထားတာမှာ ၁၅၇ နေရာမှာရှိကာ
နယ်နမိတ်ထိစပ်နေတဲ့ နိုင်ငံ နိုင်ငံထဲမှာ  
အနိမ့်ဆုံးရောက်နေပါတယ်

ဒါကြောင့်မို့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တာ  
အုပ်ချုပ်သူ အစိုးရက ပိုရှက်ရမှာဖြစ်ပြီး၊  
ဒီလို CPI List ထဲနောက်ဆုံးနားရောက်နေတာကတော့
လိမ်တာညာတာ လာပ်ပေး လာပ်ယူတဲ့ အလေ့အထမှာ
ပါသူတိုင်း ရှက်တတ်ရင် အလွန်ရှက်စရာတစ်ခု  
အနေနဲ့ခံယူသင့်ပါတယ်၊

အထူးသဖြင့် ထေရဝါဒ ထွန်းကားပါတယ်တယ်ဆိုတဲ့
Golden Land အမည်ပေးခံထားရတဲ့တိုင်းပြည်မှာ  
ဒီအဆင့်ရောက်ရတယ်ဆိုတဲ့ လက်ညှိုးအထိုးခံရမှာမို့
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ပိုရှက်စရာပါဘဲ၊   


ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာတရားက အဓိက မဟုတ်ဘူးဆိုတာပြနေသလိုပါဘဲ၊ 
ဒီငါးပါးသီလ ချိုးဖေါက်တာဟာ နောက်ဘဝတွင်မဟုတ်  
ဒီဘဝမှာတွင်ဘဲ လူမှုအဖွဲ့အစည်းကို ဒုက္ခပေးနိုင်တဲ့အတွက်  
ဥပဒေနဲ့ ထိရောက်စွာ ပြဌာန်း အရေးယူမှရမှာသာဖြစ်ပါသည်။  

ဗုဒ္ဓဘာသာကိုယုံကြည်မှုရှိယင် မဖြစ်ပါဘူးလို့ ပစ်ထားယုံ၊  
ဆုံးမ တရားဟောယုံနဲ့ မလုံလောက်ပါ
ထောင်ဒဏ်ပြစ်ဒဏ်သေဒဏ်အထိ ပြဌာန်းသင့်လျင်
ပြဌာန်း၍ ထိရောက်စွာ၊ ဥပဒေ၏ အကျိုးသက်ရောက်စွာ  
တားဆီးကာကွယ်ရန် လိုအပ်သည်သာဖြစ်ပေသည်။

 လူမှုအဖွဲ့အစည်း တစ်ခုနှင့်တစ်ခုကြားတွင်လည်း မတူညီသောလူ့အဖွဲ့အစည်းတစ်ခုက  
နောက်လူ့အဖွဲ့အစည်းတစ်ခုအား
ထိခိုက်နစ်နာ စိတ်ဒုက္ခ ရုပ်ဒုက္ခ ပေးသည့် ကိစ္စ အမှု အရာများမှ လွတ်ကင်းရန်ကာကွယ်ပေးသည့် နည်းလမ်း စည်းမျည်း ဥပဒေ များလည်းရှိသင့်ပါသည်။
 (အထူးသဖြင့် အချစ်နတ်၊ ဒိန်းတလိန်းနတ်၊ ငွေနတ်၊
ရာထူးနတ် ကျော်ကြားနတ် များ၊ ပါတ်ဝန်းကျင်မှာ
ပေါများလာတဲ့ နတ်တွေ  
ဖမ်းစားခြင်းခံရချိန်များတွင်  
ဘာသာ သာမက.... အဖေ အမေအပါအဝင်....... အမှန်ကိုစဉ်းစားတတ်သည့်ဦးနှောက်ပါပျောက်သွားတတ်ကြသည့် 
သာဓက များ ထုနှင့်ထည်နှင့်ရှိကြပါသည်။)

Monday, January 6, 2014

ဝေးတစ်နေရာမှ တစ်ပည့် သား တစ်ဦးမှ BEHS.2 စစ်တွေ ၁၀ကြိမ်မြောက်အာစရိယ ပူဇော်ကန်တော့ပွဲ သို့ ဦးချခြင်း



  BEHS.2 SITTWE ရဲ့ ဆရာ/ဆရာမ ပူဇော်ပွဲ

နှစ်စဉ် နှစ်တိုင်း အာစရိယ ပူဇော်ကန့်တော့ပွဲကို ငွေကြေးအလှူသာ တတ်အားသလောက် ကမ်းကူ နိုင်ခဲ့သော်လည်းခဲ့သော်လည်း ကိုယ်တိုင်ပါဝင် ကန့်တော့ရန် မလာရောက်နိုင်ခဲ့သည့် အဝေးရောက်တပည့်တစ်ယောက်အနေဖြင့်ဒီတစ်ကြိမ်မှာတော့ ပိုစ့်ရေးသား၍  ပူဇော်ကန်တော့လိုက်ပါသည်။




ဆရာနှင့်တပည့်ဆက်ဆံရေး

ဆရာ့ဝတ္တရား(၅)ပါး။ ။ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊သင့်ရာအပ်ပို့၊ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ။ ။
 တပည့်ဝတ္တရား(၅)ပါး။ ။ ညီညာထကြွ၊ဆုံးမနာယူ၊လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊သင်တွေးအံရွတ်၊ တပည့်ဝတ်၊မချွတ်ငါးခုသာ။ ။

  •  အာစရိယ ပူဇော်ပွဲ

ကျနော် မြန်မာလူမျိုးဖြစ်ရသည်နှင့်ပါတ်သက်ပြီး  
ဂုဏ်ယူမိသည့် အချက်များအနက် တခုကိုပြောရမည်ဆိုလျင်
 မန်မာများ၏ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ ကြား  
ဆက်ဆံရေးပင်ဖြစ်ပါသည်။  

သို့သော်လည်း လက်ရှိမြန်မာ ပညာရေးစနစ်နှင့်  
ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ ကြား ဆက်ဆံရေး ကိုမူ  
ကျနော် နိုင်ငံခြားရောက်ရှိနေထိုင်သည်မှာ   နှစ်  နှစ်ဆယ်နီးပါးခန့်ရှိပြီမို့  
ပြောင်းလဲသွားပြီလား မပြောင်းလဲ သေးဘူးလား ဆိုသည် မသိပါ။ 
ကျနော်တို့ကျောင်းသားဘဝ အထိတွေ့ကြုံခဲ့ရသော  
အတွေ့အကြုံ နှင့်သာခိုင်းနှိင်းပြောနိုင်ပါသည်။

Singapore နိုင်ငံ အထက်တန်းကျောင်း(Secondary school)
Junior college (ဒေသကောလိပ်နှင့်ဆင်ပါသည်)၊
University များတွင် အာစရိယ ပူဇော်ပွဲကို စကာင်္ပူ လူမျိုးများကျင်းပသည်ဟု မကြားဖူးပါ၊.
" Teacher day " ဟု သတ်မှတ်သည့်ရက်ကတော့
တနှစ် တစ်ရက် ......Valentine day, mother day ကဲ့သို့မူ   ရှိပါသည်
 ထိုနေ့တွင် မိမိစေတနာနဲ့မိမိ--- မိမိ ဆရာ/ အား လက်ဆောင်လေးတွေပေးကြယုံပါဘဲ။

ကျနော်တို့ ခေတ်တွင် ကျနော်နေထိုင်ရာ  စစ်တွေမြို့၌
အာစရိယ ပူဇော်ပွဲ ကျင်းပသည်ကို အမြဲကြုံရသည်မှာ  
ကျနော်တို့ အဖေ အမေအရွယ် ဆရာကြီး/ဆရာမကြီးများGeneration မှ  
ကျင်းပပြုလုပ်ကြသော ဟိုက်စ်ကူး ကျောင်းသား/သူဟောင်းများ၏  ဆရာ ကန်တော့ပွဲ၊
ကျွန်တော် တို့ ကျောင်းသူ/ကျောင်းသားများက မိမိတို့ ကျောင်း အလိုက် ဆရာ/ များအားပူဇော်ကန်တော့ကြသည့် ဆရာကန်တော့ပွဲ
 စတဲ့ Generation အလိုက် ကျောင်းအလိုက် ကျင်းပကြတဲ့
ဆရာကန်တော့ပွဲ .အခန်းအနားများဖြစ်ကြပါတယ်။ 

အထက ကျောင်းများတွင်ဆိုလျင်မူ
ကျောင်းသား/သူ များ၏ performance များ
(တပင်တိုင်အက/ အငြိမ့် , stage-show စသဖြင့်)  
ပါဝင်ထည့်သွင်းကျင်းပ လေ့ ရှိကြပါသည်။

ထိုခေတ်ထိုချိန် က ဆရာ/မ,ကျောင်းသား/သူ ကြား ဆက်ဆံရေးမှာ 
အလွန်ပင် တလေးတစား ခိုင်ခိုင် မာမာရှိခဲ့ကြပါသည် ၊ 
ဆင်းရဲ ချမ်းသာ 
အရာရှိ ကြီး/ငယ် 
ဆရာကျောင်းသား 
အဆင့်အတန်း ခွဲခြားမှု နည်းပါး သလို ၊ 
ကျူရှင်ဆိုလျင်လည်း ဆင်းရဲရဲ ချမ်းသာသာ
 နှစ်ဆယ်/အစိတ် တန် ကျူရှင်တွင် 
အတူတူ တက်ရောက်ကြသည်သာများ ကြပါသည်။ 

စာမေးပွဲ ဆိုလျင်လည်း question အောက်သည် မကြားဘူးခဲ့ပါ၊
 အောင်စာရင်း ဆိုလျင်လည်း ကျောင်းစစ်ပဲ ဖြစ်ဖြစ်၊ 
အစိုးရစစ်ဘဲဖြစ်ဖြစ် ကြိုသိထား သည် မရှိပဲ 
အားလုံး ရင်ခုန်ခဲ့ကြရပါသည်။   

 ထိုစဉ်တုန်းက ဆရာ/မ များ ကို 
ကျနော်တို့လို ကျောင်းသား/သူတွေ အနေဖြင့် ချစ်ခင် ကြည်ညိုလေးစားသော်လည်း 
ဆရာ/မ တို့၏ အကျင့် သီလ သမာတိ နှင့် ဘဝ ရပ်တည်မှုတို့ ကိုမူ
 ကြီးပြင်း လူလားမြောက်၍ 
ဘဝ ကို မိမိဘာသာ ဆောက်တည်ဆောက် ရုန်းကန် လာရသည့် အခါမှ  
ပိုမို နားလည် မိပါသည်။

ဆရာ/ များနှင့် ကျောင်းအုပ်ကြီးများတွင်လည်း  
တပည့်/ များအပေါ် ဆို ဆုံးမ အပြစ်ပေး နိုင်ခွင့် အဆင့်ဆင့်
အပြည့်အဝ ရှိသည်ဟု  
ယခုခေတ်နှင့်နှိင်းလျင် ဆိုနိုင်သည်ဟု ထင်မြင်ပါသည်။
ကျောင်းသား/သူ နှင့် ဆရာ/ ဆက်ဆံရေးကို  
တခြား ပြင်ပ  ပယောဂ သက်ရောက်မှု နည်း၍ 
ဤသို့သော ကျောင်းသားနှင့် ဆရာဆက်ဆံရေး  
ပိုခိုင်မာခဲ့သည်လားမပြောတတ်ပါ။

လွန်ခဲ့သော ငါးနှစ်ခန့်က  
လသာ. လို အထက ကျောင်းကြီးမျိုးကို  
၁၀တန်းအောင်ပြီးခါစ ကြီးထက်ကြီးတဲ့ လူကြီးတစ်ယောက်ရဲ့မြေးက  
လာရောက်ကြည့်ရှုသွားပြီး အကြံပလံတွေပေးသွားတာကို
ဝါတော်ရင့် ဆရာမကြီးတွေနာခံလိုက်ရကြောင်း  
 အနှီကျောင်းတော်ကြီးမှာ သင်ကြားနေတဲ့  
သွေးသားမှ တဆင့် သိလိုက်ရတော့  
တပည့်ဖြစ်နေကြတဲ့ Generation တွေ အတွက်  
အန္တနော အန္တန ငါးပါး ထက် မြင့်တဲ့  
လူတန်းစား တစ်ရပ် ရှိနေတယ် ထင်သွားမှာ
စိုးကြောက်မိပါတယ်၊

အာစရိ/မြတ်ဆရာ ပူဇော်ကန်တော့ပွဲလို့ ခေါ်ဆိုကြတဲ့ 
ဤအစဉ်အလာ ချစ်စရာဓလေ့အား ယခုမျက်မှောက်ထိ
Generation အလိုက်လက်ဆင့်ကမ်း ကျင်းပလာကြခြင်းသည်  
မည်သည့် အတွက်ကြောင့်နည်း ဟု ဆန်းစစ်ကြည့်လျင်
မိမိဥဏ်မှီသလောက် အောက်ပါ အချက်များကြောင့်ဟု  
ယူဆမိပါသည်။  
မှားလျင်လည်း မှားနိုင်ပါသည်၊
နောက်ထပ်အကြောင်းအရာများလည်းရှိနိုင်ပါသည်။

  1. မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ဝင် အများစု နေထိုင်သော   တိုင်းပြည်တစ်ခုမို့ ဆရာ/ များအား အနန္တော အနန္တ ဂိုဏ်းဝင်ကျေးဇူးရှင်ဟု သတ်မှတ်ခံရခြင်း
  2.  ဆရာ/ များ၏ စေတနာ ဂရုဏာ၊ အနစ်နာ ကျေးဇူးတရားကို တစ်ပည့်များမှ ဘဝ တစ်လျောက်လုံး အသိအမှတ်ပြုသွားခြင်း၊
  3.  ဆရာ/ များနှင့် ကျောင်းသား/သူ များ၏ နှစ်ဦးနှစ်ဘက်ကြား ဆက်ဆံရေးသည် ဆင်းရဲ ချမ်းသာ အဆင့်အတန်းမခွဲခြားသော ငွေကြေးတန်ဘိုးနှင့်ဖြတ်၍မရသော နှစ်ဦးနှစ်ဖက် အဖြူရောင် သံယောဇဉ်ကို  နောင် ဖြစ်လာမည့် ဆရာ/, ကျောင်းသား/သူ Generation များ သို့ message ပေးလိုခြင်း 
  4. နှစ်စဉ်နှစ်တိုင်း ဆရာ/ နှင့် ကျောင်းသားကျောင်းသူများ ပြန်လည်တွေ့ဆုံခွင့်ရ တစ်ဦးကို တစ်ဦး ယိုင်းပင်းကူညီခွင့်ရ  ပြီး လူမှု ဆက်ဆံရေး နယ်နမိတ် ပိုမို ကျယ်ဝန်းလာစေခြင်း ၊

ဒါကြောင့်မို့ အာစရိ/ မြတ်ဆရာ ပူဇော်ပွဲ များတက်ရောက် လာကြသည့်အခါ 
အဆင်ပြေကြသည့် ဆရာ/တပည့်များနှင့် 
အဆင်မပြေကြသည့် ဆရာ/တပည့် များကြားတွင် 
သိမ်ငယ်မှု အားငယ်မှုများ နည်းပါး/မပေါ်ပေါက်စေရန်၊ 
ရိုးရှင်းသောဝတ်စုံ များဖြစ်စေ၊..
ရိုးရာဝတ်စုံ ရိုးရိုးဖြစ်စေ၊...
 ကျား/မ အဖြူရောင် အကျီ အနည်းဆုံးဖြစ်စေ...
 ဝတ်ဆင် လာသင့်ကြောင်းတိုက်တွန်းလိုပါသည်။

မိမိ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအရ 
ဂုဏ်ယူခဲ့ရသော မိမိနှင့်ပါတ်သက်ခဲ့သော 
ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/မ များနှင့် ဆက်နွယ်သော 
မိမိ ဘဝ တစ်လျောက် အမြဲအမှတ်ရနေမိသော 
အကြောင်းအရာများထဲက 
အမှတ်တရ အဖြစ်ဆုံး တချို့ကို 
ယခုနှစ် ဆရာကန်တော့ပွဲ အမှတ်တရ အဖြစ် ဖေါ်ပြလိုက်ရပါသည်။ 

တိုက်တိုက် ဆိုင်ဆိုင်ပင် 86 ဘူမိ ကျောင်းသားဟောင်းများမှလည်း 
အစဉ်အလာ အတိုင်း ယခုနှစ် ဆရာ/မ ကန့်တော့ပွဲအတွက် 
အကြောင်းကြားလာပါ သဖြင့် 
ဤ post သည် မိမိဘဝ ၏ 
မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ်  နှင့် 
ဘဝ မွေးလမ်းကြောင်း တလျှောက်
 ကြုံတွေ့ ပါတ်သက်ခဲ့ရသော 
သင်ဆရာ မြင်ဆရာ ကြား ဆရာ 
အားလုံးအားရည်ရွယ်ပါသည်။  

  • အမက(၂) ဘောက်သီးစု၊ စစ်တွေ ကျောင်းသားဘဝ နှင့် တို့ဆရာမကြီး ဒေါ်အောင်မစိန်၊(1972-77)
ပထမဆုံး အတွေ့အကြုံ အနေဖြင့် 
မှတ်မိ သတိရနေသော 
မူလတန်း အတွေ့အကြုံ ရေးရလျင်၊ 
ကျနော်တို့ခေတ်က ဥပဒေနဲ့ ကျောင်းစည်းကမ်းလေးစားကြပုံပါ၊
 လောဘတရားနဲ့ငွေ ကို မိမိတို့၏ ဂုဏ်ဖြင့် မလဲကြသေးသော ခေတ် ဟု 
ဆိုနိုင်သေးသည်ပြောရမည်ပင်၊

 ခေတ်စံနစ်ကြောင့် နိုင်ငံတကာနှင့် ယှဉ်လျင်
တိုင်းပြည် ဆင်းရဲတွင်းနက်နေသော်လည်း 
လူအများစု၏ စာရိတ္တ များဟာ ခိုင်မာကြသေးပါသည်၊ ဆင်းရဲချမ်းသာ...ကွာဟမှုလည်းနည်းပါးသေးသည့်အပြင်၊
 ပြင်ပ ကမ္ဘာနှင့် ထိတွေ့မှုနည်းသေး၍၊.....
 ပြင်ပကမ္ဘာ မှ ခေတ်မှီပစ္စည်း ဥစ္စာများဖြင့်
 ပေါများကြွယ်ဝ သုံးစွဲနေကြပုံကိုလည်း အများစုက 
မသိရှိနိုင်ကြသေးသဖြင့်
 လောဘ များနည်းကြသေးသည်ဟုလည်း.... ပြောရမည်လားမသိပါ။

ကျနော်ဟာ စက်တဘာင်္လ တွင် မွေးဖွါးသူ တစ်ဦးပါ၊ 
ဒါကြောင့်မို့  ဇွန်လ တစ်ရက် ကျောင်းဖွင့် ချိန်တွင် 
ကျနော့် အသက်ဟာ ၆နှစ် ပြည့်ရန် သုံးလ ကျော် လေးလနီးပါးလိုနေ ပါသဖြင့် 
ထိုခေတ် ပညာရေးစံနစ်၏ သတ်မှတ်ချက် အရ 
ကျနော်ဟာ စစ်တွေ ဘောက်သီးစုရပ်ကွက် 
အစိုးရ အမက(၂) ကျောင်း သို့ ဝင်ခွင့် မရခဲ့ ပါ
 နောက်တစ်နှစ် (၇နှစ် နှစ် ပြည့်ရန် ၄လ လို) မှသာ ဝင်ခွင့်ရခဲ့ပါသည်၊ 

မိမိ မိဘ များကလည်း မိမိ တကယ်မွေးသော
 မွေးသက္ကရာဇ်ကို တစ် ဘဝလုံး အတွက် လိမ်ညာ သွားရန် 
စိတ်ကူး မရှိပါ၊ 
ထို သို့ပင် မည်သည့် ဆရာ/မ နှင့် ကျောင်းဝန်ထမ်း များ က လည်း၊
 ဤကဲ့ သို့ ဟိုကဲ့သို့ လုပ်၍ ရကြောင်း တိုက်တွန်းခြင်းမျိုး 
ကူညီပါရစေ offer လုပ်ခြင်းမျိုး မရှိခဲ့၍
 ဘဝ တစ်လျောက်လုံး မိမိ အသက်နှင့် ပတ်သက်၍ 
လိုအပ်တိုင်း မုသာဝါဒ လုပ်နေရမည့် အဖြစ်မှ ကင်းလွတ်ခဲ့ရတာမို့၊ 
ပညာရေး စံနစ်ရဲ့ စည်းကမ်းလမ်းညွှန်ချက်ကို
 လေးစားတန်ဘိုးထားသော
 ပြတ်သားပြီးရိုးသားကြသော  ဆရာမကြီးအပါအဝင် 
ကျနော်တို့ အမက(၂) တစ်ကျောင်းလုံးအတွက် ဂုဏ်ယူလျက်ပါ။

ကျနော် တို့ဆရာမကြီး ဒေါ်အောင်မစိန် သည် 
အလွန်စည်းကမ်းကြီးသလို စာသင်ပြရာ တွင် လည်း 
အလွန်စေတနာပါ ပါသည်၊ 
ကျနော်လေးတန်းကျောင်းသားဘဝတွင် 
သိပ္ပံ သင်ရာ၌ သဲ၊ နှံး၊ ရွံ့ တို့၏ ရေထိမ်းသိမ်းနိုင်မှု ကွာဟပုံကို လက်တွေ့သိစေရန်
 ကျောင်းသို့ ၎င်းမြေအမျိုးအစားများယူလာပြီး
လက်တွေ့ပြပါသည်၊ 
ဤကဲ့သို့ပင် ကျန်သည့် အခြေခံအထွေထွေသိပ္ပံ သင်ခန်းစာများကို 
ပါတ်ဝန်းကျင်မှ အလွယ် တစ်ကူရနိုင်သော ပစ္စည်းများဖြင့် 
ကလေးတိုင်း နားလည်လွယ်အောင်
 စေတနာထား သင်ပြပေးပါသည်။  
 ( နောင်တစ်ချိန် တက္ကသိုလ် အဆင့်တွင် နားလည်လာသာ 
permeability test ၏ အခြေခံပင်ပြောရပေမည်)၊ 

ထိုခေတ် မူလတန်း ဆရာကြီး/မကြီးများသည် 
ဘွဲ့ရများ မဟုတ်ကြသော်လည်း 
သူတို့၏ အလုပ်အကိုင် အဆင့်အတန်း အလျောက်
 ခေတ် အလျောက် ကျွမ်းကျင်မှုကိုပြသည်ဟုယူဆပါသည်။

 နောက်တစ်ခု ဆရာမကြီးရဲ့ ကျေးဇူးကိုပြောပြရလျင် 
ကျနော်တို့ လေးတန်းတွင် မြန်မာ ပြည်မြေပုံ အမြဲဆွဲရပြီး၊
 ရွှေ့၍ရသော လေးတန်း သုံးတန်း အခန်းဆီးနံရံပေါ်တွင် 
ဆရာမ ကြီး၏ထိုးမြဲလက်မှတ် နဲ့အတူ
 ကျောင်းသားတစ်ဦးချင်းစီဆွဲထားသောပုံများအား 
ကပ်ထားကြရပါသည်။

 ဆရာမကြီး၏ very good ဆိုသော မှတ်ချက်နှင့် 
ထိုးမြဲလက်မှတ် ပါချင်၍
 ကျောင်းသားတိုင်း မြန်မာပြည်မြေပုံ ကို
 ကောင်းသထက်ကောင်းအောင် ကြိုးစားကြသဖြင့် 
ကျနော်တို့ ဆရာမကြီးလက်ထက် အမက.၂ ကျောင်းထွက်များ သည် 
အလယ်တန်း အထက်တန်း ကျောင်းသားဘဝတွင်
 မြန်မာပြည်မြေပုံဆိုလျင် အမြဲ ပိုင်နိုင်ကြပါသည်။

 နောက်ပြီးဆရာမကြီးက မြန်မာပြည်၏ မြို့ကြီးများ 
တည်နေရာကိုပါ အမြဲ မှတ်မိစေရန်
 ကျောင်းသား တစ်ယောက် အတန်းရှေ့ထွက်စေပြီး 
လက်နှစ်ဖက် ခါးထောက် ၊ ညာခြေထောက်မြှောက်ကွးပြီး 
ဘယ်ဒူးပေါ် ထောက်ကာ မြန်မာပြည် ပုံသဏ္ဌန်ရပ်ကြရပါသည်။ 

ကျန်တဲ့ကျောင်းသား/သူများအား
 မြို့နာမည်ပြောပြီး တည်နေရာ ပြကြရပါသည်။  
ကျနော်တို့ ကလေးသာသာဆိုပေမယ့် 
တည်နေရာကိုပြတဲ့အခါ
အမြဲ ရီရတဲ့မြို့များကတော့၊ 
" ဟားခါးတို့၊ တောင်ကြီးတို့၊ မြစ်ကြီးနားတို့ "  ဖြစ်ပြီး၊ 
ကျနော်တို့ အမြဲရှက်ကြတဲ့ မြို့တွေကတော့ 
" ပုသိမ် ၊ ရန်ကုန် "တို့ ဖြစ်ကြပါတယ်၊ ............ 


သင်ကြားမှုပုံစံကောင်းမွန်မှုက 
ကျနော်တို့အား မြန်မာပြည်ရဲ့မြို့တွေနဲ့ တည်နေရာကို 
အမြဲမှတ်မိစေပါတယ်၊ 

ရန်ကုန်တက္ကသိုလ်ရောက်တော့ 
တစ်ခြားဒေသကတစ်ယောက်က မေးခဲ့လို့ စစ်တွေက လို့ပြောရင် စစ်တွေဆိုတာရခိုင်ပြည် တောင်ပိုင်းလားမြောက်ပိုင်းမသိတဲ့သူနဲ့ 
တချို့ဆို ဘယ်ပြည်နယ်မှာတည်ရှိလဲတောင်မသိတဲ့ သူတွေနဲ့
 ကြုံတွေ့ကြရတဲ့အခါ၊ 
ကျနော်တို့ရဲ့ဆရာမကြီးကို သတိရ ကျေးဇူးတင်မိပါတယ်၊ 

ဆရာမကြီး ကျေးဇူးကြောင့်
 မြန်မာပြည် မြေပုံ အဆွဲကောင်း အဆွဲမြန်တဲ့ကျနော်ဟာ 
၆တန်း ကျောင်းသားဘဝ မှာ မြန်မာပြည် မြေပုံဆွဲကြရတော့
 မြန်မြန်ဆွဲပြီး သွားတဲ့အတွက်ထိုင်နေမိ တော့ 
ပထဝီ ဆရာမက လာမေးပါတယ်၊ 
ဒါနဲ့....ကျနော်ဆွဲထားတဲ့ပုံကို.... ဆရာမ ယူကြည့်ပြီးတော့ 
မင်း ဒီလောက်မြန်မြန်ဆွဲပြီးပုံကောင်း နေတာ
 textbook က ပုံပေါ် ထပ်ဆွဲ လို့ပဲ ဖြစ်မယ် ဆိုပြီး 
လက်ဝါးဖြန့် အပြစ်ပေးခဲ့ရဘူးပါတယ်၊
 ကျနော်နဲ့ ဘေးကသူငယ်ချင်းတွေ ရှင်းပြပေမယ့် 
ဆရာမ မယုံကြည်ခဲ့ပါ။ 

ကျနော်ကတော့ ဆရာမကြီး ဒေါ်အောင်မစိန် ရဲ့
 ကျေးဇူးကြောင့် ဆိုးလို့ မဟုတ်ပဲ
 ကောင်းလို့အရိုက်ခံရတာမို့ ဂုဏ်ယူမိပါတယ်၊
ကျနော် တို့ ခေတ် မူလတန်း ဆရာ/မ များဟာ 
မိဘ မျိုးရိုးကြောင့် ချမ်းသာတာမျိုး၊ 
အိမ်ထောင်ဘက်ကြောင့် ချမ်းသာတာမျိုးမဟုတ်ခဲ့ရင်
 ကျောင်းဆရာမ လုပ်လို့
 ကြွယ်ဝ လုံလောက် ပိုလျှံကြတာမျိုး မရှိကြပါဘူး၊ 

အဲဒီလို မရှိကြပေမယ့်လဲ 
ဘဝကို ရိုးသားစွာ ဖြတ်သန်းကြပြီး 
တပည့်တွေ အပေါ် စေတနာ အပြည့်နဲ့ ပညာတွေ ပေးဝေ ခဲ့ကြတဲ့
 မေတ္တာစေတနာရောင်ပြန် ဟတ်ကြတဲ့
 ခေတ်တခေတ်လို့တော့ပြောချင်ပါတယ်။


  •   ဂစ္ဆပနဒီ နဘေးက  ဒဏ်ရာအိုတွေနဲ့ ကျောင်းအိုအို (သို့) အထက(၂) ဘောက်သီးစု စစ်တွေ (1977-1982)

 ကျနော် စစ်တွေ အ.မ.က(၂) က နေ အစိုးရ စစ် လေးတန်း
 (PSLE - Primary Leaving Exam - လို့ ခေါ်ရင် ရမယ် ထင်ပါတယ်)
 အောင် မြင် ပြီး အထက() စစ်တွေ မှာ  
ငါးတန်းကနေ 1977နှစ်က စပြီး စတင်သင်ကြား ခွင့် ရခဲ့ပါတယ်၊  

ပထမဆုံး အနေနဲ့ ကျနော် ဖေါ်ပြရေးသားလိုတာကတော့ ................  

  • လှိုင်းတံဘိုးဒါဏ်ကိုသမိုင်းအဆက်ဆက်ခံလာခဲ့ရပြီး....... 
           အိုမင်းရင့်ရော်လှတဲ့......ကျောင်းတော်ကြီး 

  • ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ  
          အရာရှိကြီးတွေ၊ သူဌေးသူကြွယ်တွေ၊ ဝန်ထမ်း ကုန်သည်၊  
          ဆင်းရဲ ချမ်းသာ လူတန်းစားအမျိုးမျိုး စရိုက်အထွေထွေ
        ဖြစ်လာကြမယ့်လူငယ်တွေကို 
         ဆုံးမ သွန်သင် ပညာ သင်ကြားပေးခဲ့တဲ့............. 
          ကျောင်းတော်ကြီး၊

  •  တစ်နိုင်ငံလုံး ရဲ့ limited ပညာရေးအသုံးစရိတ်နဲ့အညီ
           တခြားဒေသအသီးသီးရဲ့ သမိုင်းဝင်ကျောင်းတော်ကြီးတွေလိုပဲ၊
            အစိုးရ အဆက်ဆက်ရဲ့၊ အားဆေးလေးပေးဖို့၊  
            ဆေးထိုး ဆေးတိုက်၊ အားပေးစကားပြောဖို့၊ 
           ကူညီဖေးမပေးဖို့၊ အားသစ် အင်သစ် လောင်းဖို့  
            မေ့လျော့ခံနေရတဲ့.........  
            ကျောင်းတော်ကြီး..................... 
အကြောင်းပါ။
ကျနော်သိလောက်ပြောရယင် စစ်တွေ မြို့မှာ ကိုလိုနီ ခေတ်ကထဲက
တည်ရှိလာတဲ့ ကျောင်းကြီးသုံးကောင်းရှိပါတယ်၊.......

  •  High School လို့ ခေါ်ခဲ့တဲ့၊........
          နောက်ပိုင်းနှစ်တွေမှာ စစ်တွေဒေသကောလိပ်....
         စစ်တွေဒီဂရီကောလိပ်.........
         စစ်တွေတက္ကသိုလ်........ ဆိုပြီး 
         အဆင့်ဆင့်ပြောင်းလဲ  ခေါ်ဝေါ်ခဲ့ပြီး 
         ယခု အခါ မြန်မာတပြည်လုံး အတိုင်းအတာနဲ့အညီ 
         တက္ကသိုလ် ဆိုရင် မြို့ပြင်မှာ ဖြစ်ရမယ် လို့ 
          အခါပေး တစ်ယောက်ကများ အကြံပေး ခဲ့လေသလားမသိ
         မြို့နှင်ဒဏ်ထုတ်ခံခဲ့ရတာမို့၊ 
          စစ်တွေတက္ကသိုလ်( ဟောင်း) အဆင့်
          ရောက်သွားရတဲ့ အ.ထ.က.(၁)  ကျောင်းဟောင်း ရယ်...
          (အခုခေါ်ဝေါ်နေကြတဲ့ ပုလုပ်တောင် ကျောင်းကြီးလမ်းကွက် တွင်ရှိသော 
          အထက(၁)အသစ် မရှိသေးပါ)။
  •  နော်မန်ကျောင်းလို့ခေါ်တဲ့   ကျနော်တက်ခဲ့တဲ့ ..က(2 ) ကျောင်း ရယ်၊  
  • သီလရှင်ကွန်ဗန့်ကျောင်း တစ်ခု ဖြစ်ခဲ့တဲ့ ..က()  ယ်.....
       ဖြစ်ကြပါတယ်၊

နောက်တစ်ကျောင်း ကြားဖူးပါသေးတယ် 
အဲဒါကတော့ အမျိုးသားကျောင်းပါ 
ဟိုတချိန်တုန်း အမျိုးသားရေး ဝံသာနု စိတ်ဓါတ်တွေ 
တက်ကြွနေကြတဲ့အချိန်မှာ 
ကျွန် ပညာရေး အလိုမရှိဘူးဆိုပြီး  
အမျိုးသားကျောင်း တွေ ဖွင့်ခဲ့ကြတယ်လို့ 
လူကြီးမိဘ တွေပြောပြလို့ သိခဲ့ရပါတယ်၊ 
စစ်တွေ တောင်တန်းသာသနာပြုကျောင်း
( ပြည်လုံးချမ်းသာဘုရားကြီး တဖက် လမ်းဆုံ ထောင့်မှာရှိပါတယ်) 
မှာ ဖွင့်လှစ်ခဲ့ပြီး 
ဆရာကြီး ဦးဘိုးမြစိန် မှ အုပ်ချူပ်ခဲ့တယ် လို့ ကြားဖူးခဲ့ပါတယ်၊ (အ.ထ.က(၂) ကျောင်းသားဟောင်း မောင်နှမတွေ ဖြစ်ကြတဲ့ 
ကို ဦးစိုးဝင်း၊ မချိုချိုဝင်း၊ ကို တင်မောင်ဝင်း၊ မတင်အေးစော တို့ရဲ့ အဖိုးပါ၊ ..
သူတို့ရဲ့ မွေးသမိခင်ဖြစ်တဲ့ 
ကျနော်တို့ရဲ့ ဆရာမ ဒေါ်ဖွါးတင် ဟာလဲ ပဲ 
အ.ထ.က(၂) မှာ ဦးဆွေးဆံမြေ့ တာဝန်ထမ်းရွက် သွားတဲ့
 လေးစား ကြည်ညိုရတဲ့ ဆရာကောင်းတစ်လက်ပါပဲ၊.)

အမျိုးသားကျောင်းက လွဲပြီး ကျန်တဲ့ 
သုံးကျောင်းက တော့ ကိုလိုနီစနစ် အမွေ လို့ 
ဆိုရှယ်လစ်ခေတ်သင်ပုန်းကြီးလေသံနဲ့ 
 ပြောရင်ရမယ် ဆိုပေမယ့်၊   
လွတ်လပ်ရေးရပြီး အစိုးရခေတ် အဆက်ဆက် 
မုန့်ဖိုးလောက် ရခဲ့တဲ့ အမွေတွေ နဲ့နှိင်းရင် 
 စစ်တွေမြို့ ၏  သမိုင်းဝင်လို့လဲပြောလို့ရသေးတဲ့ 
အပေါ်ကရေးထားတဲ့ ကျောင်းကြီး သုံးကျောင်းပါဘဲ၊

 ဆရာဝန် အင်ဂျင်နီယာ၊ အရာရှိ ၊ ပညာရှိတွေ
ဆက်လက်မွေးထုတ်ပေးနေသေးတဲ့၊  
ဒီ ကိုလိုနီအမွေ ပင်မ ကျောင်းကြီးတွေကိုဘဲ 
အဓိက အားထား  တစ်မြတ်တစ် နိုး ထိမ်းသိမ်း သုံးစွဲ နေရတုံးမို့   
တန်ဘိုးကြီးတဲ့ အရည်အသွေးကောင်းသေးတဲ့   
 ရှေးစိန် တွေလို့ပဲ  သဘောထား ချစ်ခင်နေကြရတာပါဘဲ၊
(ပလက်တီနမ် နဲ့လုပ်ပြီး၊ ဘယ်လ်ဂျီယံက သွေးတဲ့ 
အာဖရိက စိန်ထည် အသစ်တွေ ကို 
ယခုအစိုးရတော့မသိဘူး နောင် အစိုးရတွေက 
လက်ဆောင်ပေးခဲ့မယ်ဆိုယင်တော့??????
 ရှေးစိန်ကြီးတွေရောင်းရင်လဲရောင်း
 ပြတိုက် ပို့တန်ပို့ရမှာပေါ့ဗျာ၊ )

ကျနော်တို့ ဘူမိဗေဒ ဘာသာရပ်တွေမှာ 
တွင်းထွက်စစ်မစစ် စစ်ဆေးကြရာမှာ တွင်းထွက် တွေထဲမှာ 
သဘာဝအလျောက် ဝင်ရောက်ခိုအောင်းပါနေတတ်တဲ့
 Intrusion  တွေပါမပါ ကြည့်ကြရပါတယ်၊ 
အဲလို ပဲ ကျနော်တို့ နော်မန်/အ.ထ.က(၂) ကျောင်းကြီးရဲ့   
ကိုလိုနီအမွေ ပင်မ အဆောင်ကြီးနှစ်ဆောင်ရဲ့ 
 I-steel column တိုင်တွေမှာ 
ဒုတိယ ကမ္ဘာ စစ်ရဲ့ ဒါဏ်ကို ကြံ့ကြံ့ ခံခဲ့ရ တဲ့ 
ဒါဏ်ရာတွေ အဖြစ် လေယာဉ်စက်သေနတ်နဲ့ ဗုံးဆံ၊ 
အမြောက်ဆံ ကြောင့် ပေါက်ပြဲ၊ 
ချိုင့်ဝင်ဒါဏ်ရာတွေကို သဘာဝ intrusion တွေကြွယ်တဲ့ တွင်းထွက် 
စစ်စစ်တွေ နဲ့ နှိင်းပြီး တန်ဖိုးထားလိုက် ချင်ပါတယ်၊
((အသစ် မဝယ်နိုင်လို့ပါခင်ဗျာ)




 နှစ်တွေဘယ်လို ပြောင်းသွား ပြောင်းသွား  ၊ 
ဆရာ တစ်ပည့် generation  တွေ 
ဘယ်လိုပဲ ပြောင်းသွား ပြောင်းသွား၊ 
 ဘဝ ပြောင်းခွင့် မရသေးတဲ့ သက်တော်ရာရှည် ဖွါးဖွါး အဖြစ် 
သနပ်ခါးရေကျဲလေးနဲ့ မိတ်ကပ်တောင်လူးခွင့်မရခဲ့ဘဲ၊

 နိုင်ငံ့ သားကောင်းတွေကို 
ကိုယ်သာအိုပေမယ့်  စိတ်နုပျိုလျက်
 မွေးထုတ်နေဆဲ ကျောင်းတော်ကြီးဟာ 
ကျနော် ဂုဏ်ယူတဲ့ကျောင်းတော်သာမက၊ 
ကွယ်လွန်သွားပြီဖြစ်သော ကျနော့ ဖခင်ကြီးရော၊ 
ကျနော်တို့ ညီအစ်ကို မောင်နှမ ခုနှစ်ယောက်လုံး ပညာ နို့ရည်သောက်သုံးခဲ့ရာ ကျောင်းတော်ကြီးလဲဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာလဲ 
ရန်ကုန်တက္ကသိုလ်၊ 
ပန်းဘဲတန်း(၁)၊ 
စိန့်ပေါ၊ 
စိန့်မေရီ၊  
စိန့်ဂျွန်း တို့ရဲ့ 
လက်ရှိ အခြေအနေ၊ ဟိုခေတ် အခြေအနေ 
လက်ရှိ ပညာရေး အခြေအနေ
 တွေကတဆင့် ဆင်ခြင် ကြည့်ရင် 
ကျနော် တို့ နော်မန် ကျောင်းဘဝနဲ့ 
မခြားပါလားလို့ ထင်မြင် ယူဆမိပါတယ်။

ဒီကျောင်းတော်ကြီးနဲ့ ပါတ်သက်ပြီး 
ကျနော့် ဘဝ မှာ လေးစား ဂုဏ်ယူ ခဲ့ရတဲ့ 
ဆရာမ ကြီးတစ်ယောက်အကြောင်း နဲ့ ပါတ်သက်ပြီး 
အမှတ်ရ ဂုဏ်ယူစရာ အချို့ကို တင်ပြရင်း 
ကျနော့် ဘဝ ရဲ့ အာစရိယ ဆရာ/မ တွေ အားလုံး ကို
ဒီနေရာကနေ ကန့်တောဦးချ လိုက်ပါတယ်။

ကျနော် ၅တန်းကျောင်းသားဘဝ မှာ ဆရာမကြီးဒေါ်တင်တင် 
ကျနော်တို့ အ.ထ.က (၂) ကို တာဝန်ကျ အုပ်ချုပ်လျက်ရှိပါပြီ၊ 
ဆရာမကြီး လက်ထက်မှာ ကျနော်တို့ ကျောင်းဟာ ရခိုင်ပြည်နယ်ရဲ့ ပညာရေးမှာထိပ်တန်းကျောင်းတစ်ခု ဖြစ်လာခဲ့သည့် အပြင် 
ဘက်စုံဖွံ့ဖြိုးရေး၊ အားကစားနဲ့ စည်းကမ်းမှာလည်း 
အကောင်းဆုံး မဟုတ်တောင် 
အကောင်းဆုံးကျောင်းတွေထဲက....တစ်ခုလို့ပြောချင်ပါတယ်၊

 ရှေ့ပိုင်းမှာရေးခဲ့တဲ့အတိုင်း 
ကျနော်တို့ဆရာမကြီးလက်ထက်မှာ၊ 
အစိုးရ ဘတ်ဂျက်ရရှိနိုင် အောင်ကြိုးစားပြီး 
ကိုလိုနီ ခေတ်ကထဲက ရှိလာတဲ့ နှစ်ခုထဲသော 
ပင်မ အုတ်တိုက်နှစ်ထပ်ဆောင်ကြီးနှစ်ခုကြားတွင်  
သွပ်မိုး ပြီး ခိုင်ခန့်တဲ့ ပျဉ်းကတိုးသစ် နဲ့ ဆောက်လုပ်တဲ့ 
 ကျောင်းသား ၅၀ ပတ်ဝန်းကျင်ဆန့်တဲ့
စာသင်ခန်းမျိုး ၈ ခန်းပါ တစ်ထပ်ဆောင်ကြီးကို..... 
မိဘဆရာ အသင်းနှင့်ပူးပေါင်းပြီး ရံပုံငွေလစဉ်ကြေးကောက်၍၊
 ဆောက်လုပ်ရေးဌာန ဆောက်လုပ်ရေးအဖွဲ့တို့မှ 
တာဝန်ယူ ဆောက်လုပ်ပြီးစီးနိုင်ခဲ့ပါသည်။ 

၎င်းအပြင် ဆရာမကြီးသည် 
သက်ဆိုင်ရာ တာဝန်ရှိသူ ပညာရေးဌာန၊ 
အာဏာပိုင် အဖွဲ့အစည်း အသီးသီးနှင့် မိဘ ဆရာ အသင်း တို့ ပူးပေါင်း.ပြီး
 နောက်ထပ် တိုးချဲ့ ခေါင်မြင့် ​Multi-purpose hall တစ်ခု 
တည်ဆောက်ရန် နှစ်ရှည် ရံပုံငွေ ကောက်ပြီး
လုပ်ဆောင်စီစဉ်ခဲ့ ၍ 
ဆရာမကြီး ပြောင်းရွှေ့ပြီး 
 နောင် ဆက်ခံရသည့် ကျောင်းအုပ်ကြီးများကပါ၊ 
ဆက်လက် ဆောင်ရွက်ခဲ့ကြသဖြင့်၊ 
ယခုအခါတွင် ပင်မ အဆောင်ကြီး နှစ်ခု အပြင်၊ 
အလယ်ဆောင်ရော  
 Multi-purpose hall တိုးချဲ့ ခေါင်မြင့်ဆောင်ပါ ပြီးစီး 
သုံးစွဲခွင့်ရကြသည်မှာ ဆရာမကြီး၏ ဦးဆောင်မှုဖြင့် 
စတင်လုပ်ဆာင် ခဲ့ကြ၍ ဖြစ်သည်ဆိုက မှားမည်မထင်ပါ။

ယခင်က မလုံမခြုံ ပျက်စီးနေသော ဝင်းခြံများ၊ 
ပင်မ ဂိတ်တံခါးများ၊ ကျောင်း စာသင်ခန်း ၊ ပြူတင်းပေါက်၊ 
တံခါးပေါက်၊ လှေကား၊ စင်္ကြ လက်ရန်းကာ များမကျန်
 ပြန်လည် ပြုပြင် တတ်ဆင်နိုင်ခဲ့ပါသည်။ 

အစိုးရ အဆက်ဆက် ချည်း ကိုသာ အားကိုးနေမည် ဆိုပါက၊  
စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ကို အားကိုး၍ 
ရခိုင်ပြည် လျှပ်စစ်မီးရ ရန် ဖ ဆ ပ လ အစိုးရ ခေတ် ကထဲက 
ယခုချိန် ဂတ်စ် တာဘိုင်ခေတ်ထိ ရခိုင်ပြည်သူများ 
 မျှော်လင့်နေသလို ဖြစ်နေပါလိမ့်မည်။ 

၎င်းပြင် ဆရာမကြီးလက်ထက်တွင်
 ကျောင်း ဘင်ခရာ အဖွဲ့ကိုပါ၊ 
စနစ်တကျ သင်တန်းပို့ချ၍ ဝတ်စုံပြည့်၊
 မြူးဇစ်ကရိယာ အစုံအလင်ဖြင့် ဖွဲ့စည်းပေးနိုင်ခဲ့သည့်အပြင်၊ 
ထပ်ကွမ်းလူရည်ချွန်၊ ထူးချွန်သည့်  ရေကြောင်းလူငယ် ခေါင်းဆောင်၊ 
လမ်းစဉ် လူငယ် ခေါင်းဆောင်၊ 
ဘင်ခရာ အတီးအမှုတ်ကျွမ်းကျင်သူများလူငယ်ထူးချွန်ခေါင်းဆောင် 
အမြောက်အများနှင့် ဂုဏ်းထူးရှင်များ 
ဘက်စုံထူးချွန်သူများ ပိုမို များပြား စွာ  မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ 

ဆရာမကြီး ၏ အရည်အချင်းပြည့်ဝ စွာ စီမံခန့်ခွဲ စည်းကမ်းတကျ၊
 ဆောင်ရွက်နိုင်မှုအား၊ အထက်မှ ဂရုပြုမိသဖြင့်၊ 
ကျနော်အဋ္ဌမ တန်းခန့်တွင်
ဆရာမကြီးအား ထိုစဉ် အချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး 
မိန်ကလေးကျောင်းတစ်ခုဖြစ်သော 
လသာ အ ထ က.၂ သို့၊ တာဝန်ပေး စေအပ်ခြင်း ခံရပါသည် 

ဆရာမကြီး ပြောင်းရွှေ့သွားသဖြင့်၊ စစ်တွေ အ ထ က.၂ နှစ်မှ 
ဆရာ မိဘ ကျောင်းသားသူ အားလုံး ဝမ်းနည်းမဆုံးဖြစ်ကြရပါသည်။ 

ဆရာမကြီးသည် နိုင်ငံ အတွက် ရောက်သည့်နေရာ 
 ရောက်သည့် ဌာန ရောက်သည့် ရာထူး တွင် 
တတ်စွမ်း သမျှ အင်တိုက်အားတိုက် 
ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့်
 နိုင်ငံဂုဏ်ဆောင် ဆရာမကြီးတစ်ယောက် ဖြစ်သည့် အတွက်ရော၊ 
ကျနော်တို့ရဲ့ အထက(၂) ကျောင်းအုပ်ကြီးတာဝန်ကို 
စွမ်းစွမ်းတမံ ထမ်းဆောင်နိုင် ခဲ့သည့် အနေဖြင့်ပါ 
အမြဲ အမှတ်ရ ဂုဏ်ယူမိပါသည် လေးစား ဂါရဝပြုလိုက်ရပါသည်။ 
(ဆရာမကြီးနှင့်တကွ ဆရာ/မ များ အားလုံး 
ကျန်းမာ ချမ်းသာစွာဖြင့် မိမိ လိုအင် ဆန္ဒ အားလုံး ပြည့်ဝကြပါစေ)


  •    ပြည်ထောင်စုနေ့ရယ်၊ ဆရာမကြီးရယ်၊ ကျနော် တက္ကသိုလ် ကျောင်းသား ရယ်


ကျနော် ရန်ကုန်တက္ကသိုလ် သို့ရောက်ရှိချိန်တွင် 
ဆရာမကြီးနှင့် မထင်မှတ်ပဲ အမှတ်ရစရာ ကြုံရပုံတစ်ခုရှိပါသေးသည်၊
ကျနော် ရန်ကုန်တက္ကသိုလ်သို့ စရောက်သောနှစ်မှာ 
၁၉၈၂ အောက်တိုဘာလောက်တွင်ဖြစ်ပါသည်၊ 
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသော ပညာရေး စံနစ်သစ်များထဲတွင် 
ကျနော် တို့ Batch သည်လည်း၊ 
(Regional Colledge) ဒေသကောလိပ်စံနစ် ကို ဖျက်ပြီး၊ 
၁၀ တန်း အောင်မှတ်ပေါ် မူတည်၍ 
တက္ကသိုလ် အသီးသီးသို့ တိုက်ရိုက် တက်ရောက်ခွင့်ပေးသော 
စံနစ်သစ်ပေါင်းများစွာ၏ သားကောင် တွေထဲက 
သားကောင်းတွေပါ ဟုသာ ဆိုကြပါစို့၊

ကျနော်တို့ ပထမနှစ် ကျောင်းသားများ   
သက်ဆိုင်ရာ အထူးပြု ဘာသာရပ် စတင်သင်ကြားနေချိန်တွင် 
ကျနော်တို့ ထက် ဆယ်တန်း နှစ် နှစ်စောအောင်သည့်
 ဒေသကောလိပ်မှ ဒုတိယနှစ် အောင်ထားသည့် 
Senior  တွေမှာမူ   
ဘယ်အထူးပြုဘာသာ၊ 
ဘယ်သက်မွေးဝမ်းကျောင်းတက္ကသိုလ်သို့သွားရမည်ဟု  
တတိယနှစ်ဝင်ခွင့် result မသိရသေး၍ 
တက္ကသိုလ်တွေ မရောက်ကြရသေးပါ သဖြင့်၊ 
အကိုအမ Senior တွေ  အထူးပြုဘာသာဘာသာရပ် တွေ ကို
ဘာမှ မသင်ကြားရသေးပါ..... 
ကျနော်တို့ batch ကျောင်းသားတွေအားလုံးဟာ 
တက္ကသိုလ် အသီးသီးသို့ 
ပထမနှစ် သက်ဆိုင်ရာ အထူးပြုဘာသာဖြင့် 
စတင် သင်ကြားသင်ကြားရသည့်နေ့က စပြီး ..
.ရေတွက်မည်ဆိုလျင် 
ကျနော်တို့က ကိုယ့်အကို အမတွေထက် 
ဆီနီယာ ကျပါတယ်ဆို ယင် စိတ်မဆိုးပဲ၊ 
သဘောတူကြမှာပါလား၊

ပြန်ပြောရရင် ကျနော်တို့ ဆယ်တန်းအောင်ပြီး 
ရန်ကုန်ရောက်သွားကြတော့ 
ရန်ကုန် RASU , RIT နဲ့ MC တို့မှာ 
Regional ကလာ မယ့် တတိယနှစ် fresher တွေ 
မရှိသေးမရောက်သေးဘူးဗျ၊

ဒါကြောင့် RASU final year နဲ့ 
RIT 4th year, 5th year , final year တွေက၊ 
Senior ကျောင်းသားအကိုကြီးတွေက 
ကျနော်တို့ကို မင်းတို့တွေ နှစ်ရှည် သင်ကြားရမှာမို့  
ပထမနှစ်ထဲက တိုင်းရင်းသား စာ/ယဉ် လှုပ်ရှားမှုတွေမှာ
 ပါဝင်ပြီး စလုပ် သွားမှ ၊ နောက်လူတွေကို
 မင်းတို့ လက်ဆင့်ကမ်းနိုင်မှာ ဆိုပြီး 
ကျနော်တို့ 1st year fresher  တွေကို သြဝါဒ ပေးကြတာကြောင့် 
ဆီနီယာတွေ စကား မလှန်ရဲတာနဲ့ 
အဲဒီနှစ်ကစပြီး ရခိုင်ဒုံးယိမ်းနဲ့ သင်္ကြန်ယိမ်း ကယင်းနဲ့ 
ဒုံးဆရာ ဖြစ်သွားရတယ် ဗျာ၊ 
ဆရာမကြီးနဲ့ ပြန်လည် တွေ့ ဖြစ်တာကလဲ 
အဲဒီ ဒုံးယိမ်းက စတာမို့ နဲနဲတော့ ကျနော် လျှာရှည်တာ သီးခံကြပါခင်ဗျာ။

ကျနော် တို့ တက္ကသိုလ်ခေတ်က 
အများ ပါးစပ်ဖျား အခေါ်များတဲ့ မဆလ ခေတ်ပေါ့ဗျာ၊ 
ဒီဖက် ခေတ်က နဝတ စစ် အစိုးခေတ်နဲ့ နှိင်းရင်၊ 
သူတို့ ပြောပြောနေ တဲ့ ဘောင်အထဲက 
ဖွဲ့စည်းခွင့်ရတဲ့ အသင်းအဖွဲ့ တွေ၊ 
activity တွေ........ event တွေ....... function တွေ.... ceremony  တွေ၊ 
အများကြီးရှိတယ်ဗျ၊......... 

နဝတ ခေတ် နဲ့ နှိင်း စာရင်တော့.......
 မဆလ ခေတ်မှာ. အသင်းနဲ့ အဖွဲ့ အစည်း  နဲ့ 
လှုပ်ရှားဆောင်ရွက်တတ်တဲ့ ဓလေ့တွေ အများကြီးရှိသေးတယ်၊ 
အဲဒီ တုန်းက မဆလ အစိုးရဟာ.... 
သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ် အတွက် ....... 
ဟန်ပြ တိုင်ရင်းသား စည်းလုးညီညွတ်ရေး ကို
 ဖေါ်ဆောင်တဲ့ သဘော ပေါ်လွင်အောင်၊.......
 နိုင်ငံတော်အလံ တနိုင်ငံလုံး လှည့်ပြီး၊
 ဖေဖေါ်ဝါရီ ၁၂ ရက်အမှီ၊ .........
ရန်ကုန် ကျိုက္ကဆံကွင်း သို့ ပြန်လည် သယ်ဆောင်ပြီး ..........
.ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲကို..........
 ကြီးကျယ်ခမ်းနားစွာ ........ငွေကြေးအကုန်ကျခံပြီးကျင်းပလေ့ ရှိတာ 
စီနီယာတွေ အကုန်သိကြမှာပါ၊

အဲဒီပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက 
ကိုယ်စားလှယ်တွေ၊ အက ယိမ်း အဖွဲ့တွေ၊
 ပြည်နယ်တိုင်း ဝန်ကြီးဌာန ပြခန်းပြိုင်ခန်းတွေမှာ ပါဝင်သူ၊ 
တာဝန်ရှိသူတွေကတော့၊ 
ဇန္နဝါရီ လ လယ်လောက်ထဲက ရောက်နေကြရပြီး၊ 
ကိုယ်စားလှယ်တော်တော်များများဟာ 
ကျိုက္ကဆံကွင်းက တည်းခိုဆောင်တွေမှာရော၊ 
တခြားနိုင်ငံတော်က စီစဉ်ပေးတဲ့နေရာတွေမှာပါ 
တည်းခိုနေထိုင်ကြရပါတယ်၊
 ပြည်ထောင်စုနေ့အထိမ်းအမှတ်  ပြည်နယ်တိုင်း အလိုက်၊ 
ဝန်ကြီးဌာန အလိုက် ပြခန်း ပြိုင်ခန်းတွေကို၊ 
ဇန္နဝါရီ နောက်ဆုံးပတ် အစ လောက်မှာ စတင် ဖွင့်လှစ်တတ်ပါတယ်၊

အဲဒီဖွင့်လှစ်ပွဲမှာ နေရာယူဖို့   
 ပြည်နယ် တိုင်း အသီးသီးက ကိုယ်စားလှယ်တွေကို၊ 
 ပြည်နယ် ကိုယ်စား သက်ဆိုင်ရာ 
တက္ကသိုလ်စာ/ယဉ် တိုင်းရင်းသားအကအဖွဲ့ တစ်ဖွဲ့စီက 
တိုင်းရင်းသားအကနဲ့  လမ်းလျှောက်ကပြီး 
သက်မှတ်မှတ်ထားတဲ့ ကိုယ်စားလှယ် စုရပ်ကနေ၊ 
အခန်းအနားဖွင့်လှစ်မယ့် ပြခန်းပြိုင်းခန်းများရဲ့ မုဒ်ဝ နေရာထိ
 ဦးဆောင် ချီတက်ကြရပါတယ်၊

 ရှေ့ဆုံးအဖွဲ့တွေကတော့ နိုင်ငံတော် အလံကိုင်အဖွဲ့ 
 နိုင်ငံတော်ဘင်ခရာအဖွဲ့၊ 
ရန်ကုန်တိုင်း အထက်တန်းကျောင်းများမှ ဘင်ခရာအဖွဲ့များ၊ 
ပန်းဖွား အက အဖွဲ့များ က ဦးဆောင်ပါတယ်၊ 

အဲဒီ အဖွဲ့တွေရဲ့ နောက်မှာ ကျနော်တို့ 
ရန်ကုန် တက္ကသိုလ်များ စာ/ယဉ်မှ တိုင်းရင်းသားအက တဖွဲ့စီက၊       

   ပြည်ထောင်စုနေ့   ပြည်နယ်ကိုယ်စားလှယ် တစ်ဖွဲ့နှင့် 
တိုင်း ကိုယ်စားလှယ် တစ်ဖွဲ့စီကို ဦးဆောင် ချီတက်ရပါတယ်၊ 

ကျနော် လေးနှစ်လုံးလုံး ဒီ Volunteer အနေနဲ့ ပါဝင်ခဲ့ရာမှာ၊ 
အမှတ်တရ ဖြစ်နေတဲ့ တစ်နှစ်လို့ဆိုရမယ့် နှစ်အကြောင်း ရေးရယင် 
(ကျနော်ခန့်မှန်းတာကတော့ ၁၉၈၅ ခုနှစ်
 ပြည်ထောင်စု နေ့အတွက်လို့ လို့ ထင်ပါတယ်၊
 ၈၄ ဒါမှမဟှတ် ၈၆ လဲ ဖြစ်နိုင်ပါတယ်) 
ကျနော်တို့ ဒီဖွင့်ပွဲအတွက် ဒီဇင်္ဘာ လဆန်းလောက် 
ကထဲက အကကျင့်ကြရပါတယ်၊ 
ကျိုက္ကဆံကွင်း ရီဟာဇယ်ကတော့ ဝတ်စုံ မပြည့် တစ်ကြိမ်၊ 
ဝတ်စုံပြည့် တစ်ကြိမ်၊
 နှစ်ကြိမ်ဘဲ လုပ်တယ် လို့ ထင်ပါတယ်၊ 

ရီဟာဇယ်နေ့တွေမှာ မနက် ၄နာရီလောက်ထဲက၊ 
ရာဇူးထဲက RC (recreation center) မှာ လူစု မနက်စာ အဆာပြေစားပြီး၊ 
ချက်ပလက် ကြိုပို့ကားတွေနဲ့ ချမ်းချမ်းစီးစီးသွားပြီး နေရာယူကြရပါတယ်၊ 

၇ နာရီ ခွဲလောက်မှာ ကိုယ်စားလှယ်တွေ 
ကျိုက္ကဆံ ခန်းမ ပေါ်က တဖွဲ့ပြီးဖွဲ့ ဆင်းလာ တဲ့ သလို ......   
ကျနော်တို့ အက အဖွဲ့တွေကလဲ တစ်ဖွဲ့ပြီးတဖွဲ့ 
လမ်းလျှောက်ကလျက်........ 
သတ်မှတ်တဲ့နေရာရောက်အောင် ချီတက်ကြရပါတယ်၊........  

 ကျနော် တို့ ရခိုင်မှာ အဲဒီတုန်းက ယောကျာင်္း မိန်းမ တွဲပြီး 
၁ ကီလိုမီတာလောက် လမ်းလျှောက်ကရတဲ့ အကမရှိတာကို 
ရှိအောင် ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ 
ကျနော် တို့ အကိုကြီး ဆီနီယာကြီးတွေဖြစ်တဲ့၊ 
အခု ရဲမှူးဖြစ်နေတဲ့ အကို ရွှေဇံ တို့၊
 ဆုံးသွားရှာပြီး ဖြစ်တဲ့ အကို မောင်မောင်ဇံတို့၊ 
စည်တီးတာကိုတော့ အကိုမောင်လှထွန်း ခေါ် အကိုလုံးမောင် 
တို့ထံမှ လက်ဆင့်ကမ်းခဲ့ရတာပါ၊ 

ရခိုင် ဒုံးယိမ်းအက ၃ကွက် ၄ကွက် ၆ကွက် ၈ကွက် တွေကို
 ထောင်လိုက် အကွက်ပြောင်းပြီး၊
 မြွေလိမ်မြွေကောက် ဟိုလှည့် ဒီလှည့် 
1km လောက် လမ်းလျှောက်ကရတာဟာ 
ရခိုင်လုံချည် ဝတ်ထားတဲ့
 ယောကျာင်္းလေးတွေအတွက်က တော်သေးပြီး 
ရခိုင် ရိုးရာ ယိမ်းဝတ်စုံနဲ့ ဆံထုံးထားတဲ့ မိန်းကလေးတွေ အတွက်က၊ 
အချိန်နောက်ကျ လို့ နေမြင့်လာချိန်ကျ 
အရမ်းပင်ပမ်းလှတဲ့ challenge အကပါဘဲ၊ 

အဲဒီနှစ်က အဖွဲ့တွေ အကုန်လုံး ဒုက္ခရောက်ရပုံနဲ့ 
ကျနော်တို့ ဆရာမကြီး အတွက် ကျနော်တို့ ပိတိဖြစ်လိုက်ရပုံကတော့၊ 
ကျနော်တို့တွေ ရီဟာဇယ်ချီတက်နေရာယူပြီး ၊ 
ဖွင့်ပွဲ လာရောက်ဖွင့်ပွဲဖဲကြိုးဖြတ်တဲ့ အချိန်ဟာ 

မနက် ၉ ခွဲ၊ ၁၀ နာရီလောက်ရှိပါပြီ၊ 
အဲဒီ ဖဲကြိုးဖြတ်ဖွင့်လိုက်တဲ့ အချိန်မှာ 
ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ် ခင်ဗျားလို့ ကြေငြာတဲ့ လူဟာ
 ယောကျားင်္ ရင့်မာကြီး တစ်ယောက်ဖြစ်တဲ့ 
အခန်းအနားမှူးကြီးလုပ်သူဘဲဖြစ်ပါတယ် 
(ဘယ်သူဘယ် ဝါတော့ မှတ်လဲ မမှတ်မိ တော့ပါ 
ကာယကံ ရှင်အား ဤအကြောင်းအရာအားဖေါ်ပြ မိ၍ 
ပုဂ္ဂိုလ်ရေး ထိခိုက် ခဲ့သည် ဆိုပါက 
လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က အဖြစ်မို့ 
ခွင့်လွတ်ပေးပါရန် တောင်းပန်ပါသည်) ၊ 

 ကျန်တဲ့ အခန်းအနားအစီအစဉ်တွေမှာ အဆင်ပြေပေမယ့်၊ 
အဲဒီ '' ကြေငြာအပ်ပါတယ် ခင်ဗျား'' ဆိုတယ့် နေရာမှာ 
အတော်အဆင်မပြေဖြစ်နေတော့ ကျင်းပရေးကော်မတီက 
အဖွဲ့အားလုံးကို ဟိုးအစကနေ နေရာယူခိုင်းပြီး 

ရီဟာဇယ် ပြန်လုပ်ခိုင်းတော့ နေကလဲမြင့်လာပါပြီ၊
 ရှေ့ဆုံးကနေ တကြိမ်ပြန်ချီတက် အစောဆုံးနေရာယူ 
သက်သာ အနေအထားနဲ့ အကြာကြီး စောင့်နေ ကြရတဲ့၊ 
ဘင်ခရာ၊ ပန်းဖွား အက အထက်ကျောင်းသူ ကလေး အချို့ ဆို
မူးလဲကြတာ လဲ ဖြစ်ကြပါတယ်၊

ရီဟာဇယ် ထပ်လုပ်ပြန်တော့လဲ 
ဒီလူကြီးရဲ့ ဖွင့်လှစ်ကြောင်းကြေငြာတာ အဆင်မပြေတာနဲ့၊ 
ကျင်းပရေးကော်မတီ ထဲမှာလဲပါပြီး၊ 
ဖဲကြိုးဖြတ်အဖွဲ့ အုပ်စုမှာရှိနေတဲ့ 
ကျနော်တို့ရဲ့ ဆရာမကြီး ဒေါ်တင်တင် အား
ယုံကြည်စွာ ပြောင်းလဲ တာဝန်ယူခိုင်းပါတယ်၊ 

တာဝန် ပေး အပ်ခံရတဲ့  ဆရာမ ကြီးရဲ့......
''အခန်းအနား အောင်မြင်စွာဖွင့်လှစ်အပ်ပါတယ်ရှင် '' ...  ဟု
 ကြေငြာလိုက်သံကို အောင်မြင်စွာ 
အသံသြဇာရှိရှိ ကျက်သရေ ရှိရှိ ယုံကြည်မှုအပြည့်ဖြင့်
ကြားလိုက်ကြရတဲ့အချိန်မှာ 
ကျနော်ဟာ ဆရာမကြီးအတွက် ဂုဏ်ယူစွာနဲ့ 
လက်ခုပ် မနားတမ်းတီးပေးနေခဲ့မိပါတယ်၊ 
မနက် ၁၁နာရီကျော် နေပူကျဲတေးထဲ ဝမ်းဆာ 
ပင်ပမ်း နွမ်းနယ်နေမှုဟာလဲ 
ဆရာမကြီးရဲ့ အသံနဲ့အတူ ပျောက်ကွယ်သွားပါတော့တယ်၊ 
official opening ပွဲ နေ့မှာလဲ ဆရာမကြီးကပဲ
 အောင်မြင်စွာဖွင့်လှစ်ကြောင်း 
ကျက်သရေရှိစွာ ကြေငြာ ပေးခဲ့ရပါတယ်။ 

ဆရာမကြီးအနနဲ့ကတော့ ပရိတ်သတ်တွေ ထဲမှာ 
လသာ အထက(၂) က တစ်ပည့်တွေသာမကဘဲ၊ 
စစ်တွေ အထက(၂) က တစ်ပည့်ဟောင်းတွေပါ 
အားပေးဂုဏ်ယူလျက်ရှိကြောင်း 
သိခဲ့ရှာမလားဆိုတာတော့ ကျနော် မခန့်မှန်းနိုင်ခဲ့ပါ။

ကျနော်တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး စီမံရေး ယန္တရားများ 
တိုးတက်ကောင်းမွန်စွာလည်ပတ်ရန်၊
 မည်သည့်စံနစ်မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ၊
 နေရာတိုင်းတွင် ဆရာမကြီးတို့လို ပြတ်သားသော၊ 
ရဲရင့်သော၊ ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်ရှိသော၊ 
ကျွမ်းကျင်လုပ်ရည်ကိုင်ရည်နှင့်ပြည့်ဝပြီး
 စေတနာပြည့်ဝကာ၊ ဖြောင့်မတ်ရိုသားသော 
ပညာတတ်လူတော်လူကောင်းများ 
အများကြီးနှင့် အမြဲတမ်းလိုအပ်လျက်ရှိနေ ပါသည်။

အုပ်ချုပ် စီမံ ဦးဆောင်မှု အရည် အသွေး ဟူသည် 
 ယောကျာင်္း မိန်းမ  နဲ့မဆိုင်ဘဲ၊ 
အရည်အသွေး အရည်အချင်းပြည့်စုံမှုနဲ့သာ သက်ဆိုင်ကြောင်း 
ဆိုလိုရင်း လေးစားစွာဖြင့် ဤ ပိုစ်အား အဆုံးသတ်ခွင့်ပြုပါ။

အားလုံးသော အာစရိယ ဆရာ ဆရာမ အပေါင်းအား 
ရိုသေ ဦးညွတ်လျက်

Tat 86 Bumi   
မှတ်ချက် ။   
 ဤပို့စ် သည် ၂၀၁၄ January  အာစရိယ ပူဇော် အမှတ်တရ.... 
အလုပ်တာဝန်များကြား ရေးရခြင်းဖြစ်ပါ သဖြင့်၊ 
စာလုံးပေါင်း သတ်ပုံ၊ အချက်အလက် နှင့်င့် 
အချိန်ကာလ မှားယွင်းမှု တချို့ ရှိခဲ့ပါက၊ 
နားလည်ခွင့်လွှတ်ပါရန်နှင့် အပြုသဘော နားလည် ပြင်ဆင် 
အကြံပေးပါရန် ပန်ကြားအပ်ပါသည်။