စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, January 6, 2014

' ပြောင်းချင်ကြအုံးဟေ့ ခြေဥပဒေ '



သမတကြီးက တော့ ဒီလို ဆိုလိုက်ပြီဗျာ၊   
  ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက် အချို့ကို ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမှုကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။
လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှု့မြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စ်ွရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်ဖြစ်ပါတယ်။
ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင် လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင်ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်မဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တာမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချိုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေးအကြပ်အတည်း တစ်ခုဆီ သို့ ဦးတည်မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထားကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွား မှာ ဖြစ်ပါတယ်။ ..........................              - တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလိုပါတယ်။................................ ကျွန်တော့်အနေနဲ့ သမ္မတတာဝန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေ က ဖြည့်ဆည်းပေးနိုင် သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။

ကာချုပ်ကြီးကလဲ ဒီလိုတဲ့


ကျနော်ကတော့ ဒီလို အကြံပြုလိုပါတယ် ခင်ဗျား၊
သဘောမတူလို့ ဆဲကြလဲ ခံဖို့ အသင့်ပါ၊ မုန်းတီးစိတ်ဖြင့်မဟုတ်ဘဲ၊ လေးစားမှုနှင့် ဝေဖန်ခြင်းသာဖြစ်ပါသည်၊
                                                                                                                                                                                                       ခိုးဝင် ဘာသာခြားတွေရဲ့လွှမ်းမိုးလာတဲ့ ပြဿနာ တုန်းက  ဒီပြဿနာတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးဆုံး ပြဿနာ မဟုတ်သေးဘူး ဒီပြဿနာကြောင့် နောက်ပြန်ဆွဲသွားနိုင်တယ် နိုင်ငံတစ်ကာမှာလဲ မျက်နှာပြရှက်လှပါတယ်ပြော ပြောပြီး ဒီပြဿနာ ရှေ့တန်းမတင်ဖို့  ပြောခဲ့ကြတဲ့သူတွေ ခင်ဗျား၊  ......   ယခု အခြေခံဥပဒေကြီးကို baseline ချပေးခဲ့တဲ့လူတွေ ကဘဲ  1992 ရွေးကောက်ပွဲလုပ်ပေးပြီးမဟန်တော့ ဒီ 2008 အခြေခံဥပဒေကြီး ဆွဲရအုံးမယ်ဆိုပြီး Road Map ဆွဲခဲ့တဲ့ ဒီလူတွေ... လူ့ပြည်မှာပဲရှိတုန်း ...... ဘယ် ဘုံမှမကူးသေးခင်မှာ..... ခင်ဗျားတို့ လိုချင်တဲ့ အချက်တွေအားလုံးအတိုင်း..... ဒီလူတွေ ခွင့်ပြုခဲ့မယ်လို့ ထင်နေကြ ရင် တော့ ခင်ဗျားတို့ something wrong နေတာပဲဖြစ်လိမ့်မယ်၊ ကျုပ်အမြင်လွဲနေတာလဲ ဖြစ်ကောင်းဖြစ်မယ်၊
 ဦးနု ကြီးက ငါသာလျင်တရား ဝင် အစိုးရပြန်   ဖြစ်ရမယ်ဆိုပြီး ကြေငြာတော့လဲ   ခင်ဗျား တို့ ဘေးထိုင်နေခဲ့ကြတယ်၊ နဝတ ခင်းတဲ့လမ်း အတိုင်း လျောက်ပြီး ပြည်သူ့အားနဲ့ 1992 မှာ အနိုင်ယူပြမယ်ဆိုပြီး အိတ်ဝင် သပိတ်ဝင်တွက်ကြတယ်၊ ပြည်သူတွေ တာဝန် ကျေပါတယ်၊ မဲအပြည့် ပေးခဲ့ကြပေမယ့်၊ အာဏာက ပြည်သူ့လက်ထဲ မရှိခဲ့တော့ ပြည်သူက ခင်ဗျားတို့ လက်ထဲ အာဏာ ထဲ့မပေး ခဲ့နိုင်တာ တော့ မလွန်ဘူးလို့ ဒီထက်ပိုပြီး မတက်နိုင်ဘူးလို့၊ ဆရာ စိုင်းခမ်လိတ်စာသား သုံးပြီးပြောလိုပါတယ်၊ 
နဝတ တွေ ကလိန် ကျစ်ပြီး၊ အမျိုးသား ညီလာခံ လုပ်တော့၊ ခင်ဗျားတို့က တက်ခွင့် တချို့ရ ရဲ့သားနဲ့ သပိတ် မှောက်ခဲ့တယ်၊ တကယ်ဆိုရင် ရသလောက်တက်ပြီး၊ မတရားတာတွေ ကမ္ဘာက သိအောင် ညီလာခံ တက်ပြီး တစ်ယောက်ထဲဘဲ ဖြစ်ဖြစ် လိပ်ခေါင်းထွက်အောင် အော်နေ ခဲ့ရမှာ၊ ဟော ကမ္ဘာ မှာ Prolong အဖြစ်ဆုံး အမျိုးသား ညီလာခံကြီး ဆယ်စုနှစ် တစ်ခုလောက်ကြာကျင်းပပြီးရေးချင်တိုင်း ရေးလို့ပြီးသွားတော့မှ အတည်ပြုဖို့ မဲမပေးကြနဲ့ဆိုလို့ ရမလား၊ သူတို့ဟာ သူတို့ ရေးထားတာပဲ၊ သူတို့ဟာ သူတို့ အတည်ပြုလိုက် တာ ဆန်းလား။ မာရ်နတ်မင်းက နာဂစ် ပြပြီးတာလဲမရဘူး။
လာပြန်ပြီ 2010 နောက်တစ်ခါ ရွေးကောက်ပွဲ တဲ့၊ ခင်ဗျားတို့က တခါသေ ဘူးတော့၊ ဒီတစ်ခါ တော်ပြီ မဝင်ဘူးတဲ့၊ ပြီးခဲ့တဲ့ အခေါက်တုံးက သူတို့က ဘောင်းဘီ ဝတ်ထားတော့ ဝင်လို့မရဘူး ချွတ်ထားတဲ့ သူတို့ ဆရာ မဆလ ဟောင်းတွေ ကလဲ ရုံခါပြီးလို့ ကျန်တာနဲ့ ဆိုတော့ သုံးမရခဲ့ဘူး၊

ဒီတစ်ခါ ဘယ်ရမလဲ ခင်ဗျားတို့မဝင်လေ သူတို့ကြိုက်လေ၊ ဒီတခါ သူတို့ ဆရာတွေ မသုံးတော့ဘူး၊ သူတို့ တစ်ပည့်တွေဘဲ ဘောင်းဘီချွတ်ခိုင်းပြီး ဝင်ခိုင်းလိုက်တယ်တယ်၊ ပြီးတော့ ညီလာခံကြီးနဲ့ အခြေခံ ဥပဒေ လိုဘဲ အတည်ပြုပေးလိုက်တယ်တယ်၊

ဒီ ပြဇါတ်ကြီးက ဇါတ်လမ်း ရိုးရိုးကြီး ပရိတ်သတ်တိုင်းခန့်မှန့် နိုင်ပြီးသား၊ တိုင်းပြည် ကို ပြုပြင်ပြောင်းလဲ ဖို့ သူတို့ကြိုးစားရင်သာ ကြိုးစားမှာ၊ သူတို့ စည်းစိမ် အာဏာ ပါဝါတွေ ပြောင်းလဲပြီး ပြောင်းပြန် ဖြစ်သွား နိုင်တဲ့ ဟာမျိုး ကိုတော့ ဘယ်တော့မှ ပြောင်းလဲဖို့ သူတို့ ကိုယ်တိုင် ကြိုးစားမယ်၊ လိုက်လျောမယ် ကျနော်မထင်ဘူး ၊ ....... ပြုပြင်ပေးမယ်ဆိုရင်တော့  သူတို့ကို Backfire မဖြစ်ဖို့ သေချာတဲ့ အချက်တွေလောက်သာ၊ နာမည်ကောင်းယူပြီး ပြောင်းပေးလိမ့်မယ်၊ ဒီထက်ပိုလို ချင်ရင်တော့ သူတို့ အသိုက်အဝန်း တစ်ခု လုံး အရိယာ သူတော်စင်တွေ ဖြစ်အောင် အရင် ပြောင်းလဲ သွားမှ ရလိမ့်မယ်။

ဒီတော့ သမတကြီးရော ကာချုပ်ကြီးရော လေသံ အတူတူ နီးပါး ထွက်လာပြီး မင်းသားကြီးကရွှေမန်းသဘင် ကသလိုလိုနဲ့ ရူးယောင် ဆောင်နေတာ၊ ................  
2015 မှာ သူမင်းသားတက်မှာ မို့ လူချစ်လူခင် များအောင်၊ မသိမသာလေး နဲ့  ဝိုင်းမ ပေးနေကြတာလို့ ကျနော်ထင်တယ်၊
ခက်တာက ခင်ဗျားတို့တွေဘဲ၊..........................  အရေးကြီးချိန်ကျ ဝင်မနွဲကြဘူး၊ တံခါးကလေးဟ ပြီး ငါးသလောက်ပြုံးလေးနဲ့ သူတို့က ထွက်ခေါ်တော့မှ ဝင်လာကြတယ်၊ ပြီးမှ ထင်တလုံးနဲ့ အကုန်လုပ်သမျှ နောက်က ပြည်သူအားနဲ့ အနိုင်ယူပြမယ် လုပ်နေကြတုန်းပဲ၊ ဒီ 2015 ကြီးမှာ 1992 လို မဖြစ်နိုင်တော့ဘူး၊ မဆလ၊ နဝတ၊ ကြံ့ဖွတ် မဟုတ်တော့ဘူး ပြည်ခိုင်ဖြိုးဖြစ်နေပြီ၊ ဒါဟာ အကြိမ်ကြိမ် ပြောင်းလဲပြင်ဆင်ပြီး တဖက်လူ ကို အလဲထိုးဖို့ ကြိုးစားနေတာ ပြနေတာဖြစ်တယ်၊

ခင်ဗျား တို့ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်ခုလုံး အမြဲတန်း သူတို့ခြေလှမ်း သူတို့လမ်းကြောင်းအတိုင်းဘဲ လိုက်နင်းပြီး သူတို့ကို ပြန် ပြိုင်ဆိုင်ဖို့ ကြိုးစားနေသလို ဖြစ်နေတယ်၊ အဲဒီတော့ ခင်ဗျားတို့ဟာ အမြဲ တန်း သူတို့ နောက် ရောက်ရောက်နေတယ်.................
 အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး လို့ ဆိုစကားကြားခဲ့ဘူးတယ်၊ ကျနော်ကတော့ အာဏာ နဲ့ နိုင်ငံရေးမှာ လဲ အနိုင်ရရှိဘို့အတွက်ဆိုရင် မတရားတာမရှိဆိုတာ လက်ရှိ အာဏာပိုင်တွေ ကျင့်သုံးနေပြီးသားလို့ ယုံကြည်တယ်၊

ဒီတော့ အမျိုးသားရေး၊ ဘာသာရေး၊ တိုင်းရင်းသားရေး၊ ခိုးဝင်လူ မျိုးခြားရေးတွေမှာ၊ ခင်ဗျားတို့ ရဲ့ ရပ်တည်ယုံကြည်မှု principle နဲ့ weak points တွေကို ခန့်မှန်းထားပြီးမို့လို့ သူတို့အတွက် အကျိုးမဖြစ်ထွန်းတောင်၊ ခင်ဗျားတို့ အပါအဝင်၊ ပြိုင်ဖက်တွေ ချိနဲအောင်လုပ်တာဟာ ပြိုင်ဖက်တွေရဲ့ အရှိုက်ကို တချက်ပြီးတချက် ထိုးတာပါဘဲ၊ ဒါဟာ မျက်နှာဖွင့် ရင်ဖက်ဖွင့်ပြီး ပေါ်တင် ဟပြီး တည့်.......တဲ့တဲ့ထိုးတာပါဘဲလို့ထင်ပါတယ်၊
ပြည်သူ တွေ လဲ ခုချိန်ထိ ခင်ဗျားတို့အတွက် အားလုံးနီးပါး တာဝန်ကျေနေဆဲပါ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက လဲ ခင်ဗျားတို့အတွက် ရာနှန်းပြည့် တာဝန်ကျေနေဆဲပါ၊ ဒါ အပေါ် ခင်ဗျားတို့ဟာ ခင်ဗျားတို့ ငါတို့ လူတွေ အရမ်းတော် လို့ ဖြစ်တာဆိုပြီး လေဆင်နှမောင်းမဟတ်ဘဲ ပြန်တာဝန်ကျေကြဖို့လိုပါလိမ့်မယ်၊
ဖွဲ့စည်းပုံ ဘယ်လောက်ပြောင်းပြောင်း မပြောင်းပြောင်း 1958 လို၊ 1962 လို 1988 လို 1992 လို 2010 လို အာဏာ အမှန်တကယ်လက်ထဲ ရှိတဲ့လူက လုပ်ချင်တာလုပ်သွားတာပါပဲ၊
အားလုံးလေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝ ဥသုံယုံကြည်တဲ့ တိုင်းရင်းသားတွေက နုတ်ဂတိနဲ့တင် လုံလောက်ကြပြီး နှတ်ဂတိလောက်နဲ့ မလုံလောက်ဘူးထင်တဲ့ တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ်ကိုယ်တိုင် လက်မှတ်ထိုး ယုံကြည်မှုတည်ဆောက်ခဲ့ပေမယ့်၊ သူ ဟာ သူ့လူမျိုး ရင်းခေါက်ခေါက်ဆီမှာ ရက်စက်စွာ လုပ်ကြံ ခံခဲ့ရပြီး၊ သူ့ နိုင်ငံရေး တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တွေနဲ့ တပည့် သားသမီးတွေကပဲ၊ သူ့အပါ် သူ့ယုံကြည်ချက်၊ သူထားခဲ့တဲ့ဂတိ၊ သူ့မိသားစု နဲ့ သူစည်းရုံးခဲ့တဲ့ လွတ်လပ်ရေး အတူတူ ယူကြရအောင် လို့ ဂတိတွေ ဖလှယ်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ အပေါ်မှာပါ သစ္စာ ဖေါက်ခြင်း ခံခဲ့ကြရတာဟာ အချစ်နဲ့စစ်မှာ မတရားတာ မရှိသလို အာဏပါဝါ မှာလဲ မရှိကြောင်းပြနေသည်မို့  ဒီလူတစ်စု ဆီက နေ သူ့ဆရာတွေ ဆွဲပေးထားပြီးသားလဲ ဖြစ်  သူတို့ကို အာဏာ တစ်စိတ်တစ်ပိုင်းလဲ အပီအပြင်ပေးထားတဲ့ဟာကြီးကို၊ ခင်ဗျားတို့က...... သူတို့ မလိုလားတဲ့...အချက်တွေပါ...ပြောင်းပေးဖိုတစ်ပူဆာဆာ...တောင်းဆိုနေတာကြီးကတော့၊ အချိန်ကုန် လူပန်း လှတယ်လို့မြင်ပါတယ် ၊ 

တစ်ပူဆာဆာ ခင်ဗျားတို့တွေတောင်းနေတာကို သူတို့မကြားဘူးဗျ၊ တရုတ်သီချင်း Wen Bie ကို နားကျပ်ကလေးတတ်နားထောင်နေပြီး ခြံစောင့်နဲ့ ဒရိုင်ဘာ ကို ခင်ဗျားတို့နဲ့ Deal လုပ်ခိုင်းထားတာ၊ ဇါတ်ဆရာကလဲ ပွဲစားလို ပါလိုက်သေးတယ်၊ ကြာတော့ အနောက်ပူ ၊ အရှေ့ပူ၊ မြောက်ပူ ဖြစ်လာတာဘဲ အဖတ်တင်တယ်။ 
ဒါကြောင့်မို့ အလဟသ အချိန်တွေ မကုန်ဆုံးအောင်၊ တိုင်းရင်းသားတွေကလဲ ခင်ဗျားတို့ကို လူချည်းသာ မက၊ ခင်ဗျားတို့ရဲ့ မူကိုပါ ယုံလို့ရအောင် 2015 မတိုင်ခင်နဲ့ တိုင်ပြီး ချိန်မှာ ခင်ဗျားတို့ အဖွဲ့ဝင်တွေ အရည်အချင်းပြည့်ဝ စွာနဲ့ တိုင်းပြည်ကို ကိုင်တွယ် အုပ်ချုပ် နိုင်ဖို့၊ ပြည်သူအားလုံးရဲ့ ချစ်ခင်လေးစားမှုကို sub-leader လုပ်ကြမယ့် Level အတန်းအသီးသီးမှာလဲအရည်အချင်း ပြည့်ဝ ရရှိ နေအောင် ပြင်ဆင် ထားပြီးသားဖြစ်နေဖို့နဲ့ ခင်ဗျားတို့ရဲ့ ခိုင်မာပြီး ပြည့်စုံ လုံလောက်တဲ့ မူတွေနဲ့၊ ပြည်ခိုင်အဖွဲ့ကို၊ ပြည်ပျော့အဖွဲ့  ဖြစ်အာင် အလေးထိုးဖို့ လေ့ကျင့် ပြင်ဆင် ခဲ့မယ်ဆိုရင်၊ ........

ခင်ဗျားတို့ ကျနော်တို အားလုံးနဲ့ ပြည်သူတွေ လိုလားနေကြတဲ့ အခြေကို နောက် ၁၀နှစ် အတွင်းမိမိဖါသာ ပြုပြင် ရရှိ နိုင်ပြီး၊ လက်ရှိ အာဏာရ ပါတီ အစိုးရ ဆီက ဘာမှ တောင်းဆိုနေစရာ မလိုဘူးလို့ ထင်မြင်မိပါတယ်၊

ခင်ဗျားတို့ဟာ......  လွှတ်တော်၊ ဖွဲ့စည်းပုံ၊ အမျိုးသားရေး၊ တိုင်းရင်းသားရေး လုံခြုံရေးဆိုတဲ့ သူတို့ ထားတဲ့ Corner ထောင့်မှာဘဲ တစ်ဝဲလည်လည်နဲ့ အရှိုက်ကို တစ်ချက်တချက်စီ အထိုးခံရသလို ဖြစ်မနေ အောင် မိမိဘာသာ သူတို့ရဲ့ အားနည်းချက်ကို ရှာပြီး တန်ပြန် ထိုးနက်သင့်ပါတယ်၊......

 2015 စစ်သား တစ်မတ်သားက လွဲပြီးကျန်တဲ့ 75% ကို ခင်ဗျား တို့နဲ့ တိုင်းရင်းသား အုပ်စုတွေဘဲ ရခဲ့ကြရင်၊ အဲဒီ တစ်မတ်သားကလဲ ခင်ဗျားတို့နဲ့ compromise လုပ်ပြီး Synchronize ဖြစ်လာမှာ  မလွဲပါဘူး သူတို့ အတွက်က အရေခွံ မကျွတ်နိုင်ပါဘူး။ အရေခွံ ချွတ်ပြီးသားတွေက အဲဒီ အချိန်ကျရင် သူအလိုလို ဖေါင်းတာကနေ ပိန်သွားကြပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ စည်းရုံးရေးအားနဲ့ နိုင်ငံရေး လိမ်မာ ပါးနပ်မှုဘဲ လိုပါလိမ့်မယ် ယူဆပါတယ်၊

တချိန်မှာ ခင်ဗျားတို့ လိုချင်တဲ့ ပန်းတိုင်ကြီးကို ခင်ဗျားတို့ လိုချင်တဲ့ အခြေခံ အုတ်မြစ်တွေနဲ့ တည်ဆောက်နိုင်ကြမှာမလွဲဟု ယုံကြည်မိသလို တိုင်းရင်းသားတွေရဲ့ တန်းတူ ညီမျှ နွေးထွေးတဲ့ မိသားစု ကြီးကို ပါ ယုံကြည်မှုနဲ့ အတူ တည်ဆောက် နိုင်ကြပါလိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။


Tat86Bumi -

မိမိ၏ ကိုယ်ပိုင် အတွေး ထင်မြင် ယူဆ ချက်သာ ဖြစ်၍ ကြိုက်သလို သဘော ကွဲလွဲနိုင်ပါသည်၊၊ ဤပို့စ်သည် အတိုက်အခံ အင်အားကြီး အဖွဲ့ အစည်းများကို ရည်ရွယ်၍ မိမိတိုင်းပြည် အခြေအနေ ဒီထက်ကောင်းမွန်လာစေချင်သောဆန္ဒဖြင့် အပြုသဘော ဝေဖန်ခြင်းသာဖြစ်ပါသည်၊  ပြစ်တင်ဝေဖန်ခြင်းဟု မယူဆစေ လိုပါ။

No comments:

Post a Comment