စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, August 26, 2015

Bumi Kyaung Thar

ချင်းပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ မြေပြို မှုဖြစ်စဉ်တွေကို
ကွင်းဆင်းလေ့လာရန်သွားရောက်နေကြသော
ဘူမိပညာရှင်အဖွဲ့များအတွက်ဂုဏ်ပြုသည့်အနေဖြင့်ရော
ဘူမိညီအကိုမောင်နှစ်မကြီးကြီးငယ်ငယ်များရင်ထဲ
အမြဲရှိကြသည့်စိတ်ကို ထင်ဟတ်စေသည့် ဒီသီချင်းကို
အားလုံးသော ညီအကို မောင်နှစ်မတွေ နားဆင်ခံစားနိုင်ရန်အတွက်ပါ
( Geological Garden) page မှတစ်ဆင့် ထပ်မံရှယ်လိုက်ပါသည်၊
သီချင်းရေးစပ်သူ၊ သီဆိုသူ၊ သံစဥျရှာဖွေသူ နှင့် မူလ
ပိုစ့်ပိုင်ရှင် Ko Aung Naing Tun နှင့် အားလုံး အားလုံးအား Credit ပေးပါသည်။ ကျေးဇူးတင်ပါသည်။

Tuesday, August 25, 2015

MYANMAR & LANDSLIDE


မိုးသည်းထန်စွာရွာသန်းမှု ကြောင့် August 25 2015 (မနေ့က) ရက်နေ့ တွင်
တူရကီ အရှေ့မြောက်ပိုင်းတွင် မြေပြိုမှုဖြစ်ခဲ့ပြီး
လူ ၇ဦးသေဆုံးကာ ၁၇ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းပါ၊

ဒုတိယ လင့် တစ်ခုက၂၀၁၄ အင်ဒိုနီးရှားမြေပြို မှု

 နောက်တစ်ခုက ဖါးကန့်ဒေသ
ကမ္ဘာ့ အဆင့်မီ နံမည် တံဆိပ် စက်ယန္တရားကြီးများစွာသုံးကာ
ကမ္ဘာကျော် မြန့်မာ့ကျောက်စိမ်းများအပြိုင်အဆိုင်တူးနေကြပုံ
တူးယူ မှုကြောင့်ဖြစ်ပျက်နေ၊ ဖြစ်ပျက်ကျန်ရစ်သည့်
မြေမျက်နှာသွင်ပြင်၊ မြေပြိုမှုကြောင့် သေဆုံးကြရသော
လုပ်သားများ၊ သတင်းများဖေါ်ပြထားတဲ့ လင့်တွေပါ၊

ဤသို့တူးဖေါ်ရာတွင် ယာယီ မြေအနေအထား တည်ငြိမ်မှု
(temporary Slope/Ground Stability)
အမြဲကျန်ရစ်ခဲ့မည် မြေအနေအထားရေရှည်တည်ငြိမ်မှု
(Permanent Slope/Ground Stability)
ပတ်ဝန်းကျင် နှင့်ဂေဟစံနစ်
(Environment & Eco systems)
ပျက်စီးမှုတို့အတွက်
အလွန်အလေးထားဆောင်ထားမှု
စီမံမှုများ လုပ်ထားသလား .................
စာရွက်ပေါ်လုပ်ထားသော်လည်း  လက်တွေ့ကျင့်သုံးမှုရှိသလား.........
ဆိုသည်ကိုတော့ .....  Google ပေါ်တောင် ... ပလူပျံအောင်တွေ့နေရသော
ဖေါ်ပြပါပုံတွေကနေ
မိမိတို့ဖါသာ self-explanation လုပ်ကြည့်နိုင်ကြပေလိမ့်မည်။

ရာသီဥတုများဖေါက်ပြန် ပြောင်းလဲလာနေသော
ကမ္ဘာကြီးကြောင့် ပိုမိုတွေ့ကြုံလာရမယ့် Natural Disaster တွေထဲက
မြေပြိုမှု(Landslide) ရေကြီးမှု(Flood)
 မုန်တိုင်း(Storm-Cyclone/Hurricane/Typhoon) တိုက်ခေတ်မှု တွေနဲ့

Man Made Disaster/Human Created Disaster လို့ခေါ်ကြတဲ့
Nuclear, Biological, Chemical disaster, တို့ဟာ.....
ဖြစ်လာနိုင်ခြေကိုရော ... အန္တာရာယ် ဇုံများ ကိုပါ ၊
ကြိုတင်ခန့်မှန်းနိုင်တဲ့  ဘေးအန္တာရာယ်(Disaster) တွေဖြစ်ကာ
ပျက်စီးဆုံးရှုံး အသေအပျောက် နည်းပါးစေအောင်
ကြိုတင်ပြင်ဆင် စီမံနိုင်သလောက် ... ဆုံးရှုံးမှုလည်း နည်းပါးနိုင်ပေသည်။

လူ သတ္တဝါတို့၏
တေဇော အာဘော ဝါယော ပထဝီ နဲ့ မနော
( ရုပ် နဲ့ နာမ် ) တို့
ဖေါက်ပြန်နေမှုများအတွက်
ဆရာဝန်များ အင်ဂျင်နီယာ၊စစ်သား ဆေးရုံ
ကျန်းမာရေး စက်ရုံစက်ပစ္စည်း လက်နက် ရိက္ခာ စသည်
စီမံခန့်ခွဲမှုများ ကောင်းမွန်စွာ  စံနစ်တကျ ရှိနေဖို့ လိုအပ်နေသလို

 ကောင်းမွန်တဲ့ မြို့ပြအုပ်ချုပ်ရေးစံနစ်တစ်ခုတည်ဆောက်ရာမှာ
ဒီသဘာဝဘေးအန္တာရာယ်တွေနဲ့
လူကြောင့်ဖြစ်ရတဲ့ ဘေးအန္တာရာယ်တွေ
အတိုပြောရရင် မီးဘေးလေဘေး ရေဘေး မြေဘေး
( တေဇော အာဘော ဝါယော နဲ့ ပထဝီ ) တွေ ဖေါက်ပြန်နေမှုကို
ကောင်းစွာ စီမံခန့်ခွဲမှု တစ်ရပ်သည်လည်း
ကောင်းမွန်စွာ စံနစ်တကျ ရှိနေဖို့
မရှိမဖြစ် လိုအပ်သည်ပင် မဟုတ်ပါလော။























1) 25-8-2015 TURKEY LANDSLIDE NEWS
http://thewatchers.adorraeli.com/2015/08/25/floods-and-mudslides-across-the-northeastern-turkey-7-dead-17-injured/

2) MYANMAR JADE MINE LANDSLIDE NEWS
IN JANUARY 2015
http://www.gulf-times.com/rest%20of%20world/230/details/422407/two-dead,-30-missing-after-rockslide-at-myanmar-jade-mine-
IN AUGUST 2015
http://www.irrawaddy.org/burma/rockslide-at-burma-jade-mine-kills-9-around-20-missing.html
https://www.youtube.com/watch?v=3i7OmVF7KzI
https://www.youtube.com/watch?v=BNiGKOOkj60
https://www.youtube.com/watch?v=V4-sB1GzAyM
https://www.youtube.com/watch?v=JPRhAZVhsQw

3) IN 2014 INDONESIA LANDSLIDE
http://tribune.com.pk/story/944413/eight-feared-dead-in-indonesian-landslide/

Sunday, August 23, 2015

Hla Oo's Blog: Dark Parkway



 သြစတြေးလျ မှာနေတဲ့ ဦးလှဦးရဲ့ Taxi မောင်းခဲ့တုန်းက သူကြုံခဲ့ရတဲ့
paranormal အဖြစ်တစ်ခုကို ရေးထားတာ စိတ်ဝင်စားစရာမို့ သူငယ်ချင်းတွေ
ဖတ်ကြည့်ရအောင် share လိုက်ပါတယ်
စကာင်္ပူက တစ်လောက FB
ပေါ်မှာတော်တော်လူပြောများသွားတဲ့မြန်မာတရားမဝင်အလုပ်သမားတွေရဲ့အိမ်က
တစ္ဆေဇါတ်လမ်းနဲ့ လူသတ်မှုအဖြစ်ထက်တောင်ရေးထားတာဆွဲဆောင်မှုရှိပါတယ်။



Hla Oo's Blog: Dark Parkway: (The true ghost story of notorious Wakehurst Parkway in Sydney’s Northern Beaches.)     Narrabeen of Northern Beaches. I USED to dr...

" လူ လူဦးရေ နှင့် လူ့လောဘ တို့သာ ပဓါန "



" လူ လူဦးရေ နှင့် လူ့လောဘ တို့သာ ပဓါန "



ထမင်းတစ်စေ့ဖြစ်လာဖို့အတွက် မြန်မာပြည်မှာ
လယ်သမားတွေ ဘယ်လောက်ရုန်းကန်လှုပ်ရှားရတယ် ဆိုတာ
ဒီဗီဒီယိုကိုကြည့်ပြီး သိနိုင်ပါလိမ့်မယ်၊
ထမင်းတစ်စေ့ အလဟသ ဖြစ်မသွားဖို့ ဂရုစိုက်သင့်ကြောင့်
ဒီဗီဒီယိုကပြသနေသလို
ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်ထဲက  
သန်းတစ်ထောင်နီးပါး (သန်းရှစ်ရာကျော်) လောက်ဟာ
စားနပ်ရိက္ခာ မလုံလောက်မှုကို
ရင်ဆိုင်နေရတယ်ဆိုတဲ့အချက်ကလဲ 
ကမ္ဘာ့ရိက္ခာတွေကို တန်ဘိုးထားချွေတာသုံးစွဲဖို့ 
ညွှန်ပြနေပါတယ်။

၀၁၅ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ရှိတဲ့အချိန်မှာ
ဒီ သန်း ၇၀၀၀ ရဲ့ မရှိမဖြစ်လိုအပ်ချက်မဟုတ်တဲ့
လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းဖို့ 
ကမ္ဘာကြီးဟာ သူရဲ့ နှစ်ပေါင်းသန်းနဲ့ချီပြီးစုမှ ဖြစ်လာတဲ့ 
 ဓနဥစ္စာ တွေဖြစ်တဲ့ resources တွေကို
ဒီထိန်းချုပ်မှုမဲ့ တိုးပွားနေတဲ့ လူသားတွေအတွက် သုံးစွဲဖို့
ရာစုနှစ်ပိုင်းအတွင်းကုန်လွန်သွားအောင်
 ဖြုန်းတီးခြင်းခံနေရပါတယ်။

တောင်သူလယ်သမားတွေရဲ့ဘဝ နှင့် ဝင်ငွေဟာ
ရပ်တည်ဖို့ ခက်ခဲလာလို့
မြို့ပြဒေသကို ပြောင်းရွှေ့မှုတွေ များပြားလာကာ

စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု  ပမာဏ ဟာ 
တိုးပွားလာတဲ့ စားသုံးမှု ပမာဏနဲ့နှိင်းယှဉ်ရင်
မတိုးတက်လာတဲ့အပြင် ကျဆင်းလာခဲ့သလို.....
တပြိုင်ထဲမှာဘဲ
မြို့ပြအိမ်ယာတိုးချဲ့ မှုများပြားလာတာ
ရေလွှမ်းမိုးတဲ့ ဧရိယာတွေ ကျယ်ပြန့်လာတာ
တွေကြောင့် စိုက်ပျိုးမြေပမာဏ နဲ့
 တောတောင် သဘာဝသစ်တော တွေဟာ
တစ်ဖြေးဖြေးလျော့နည်းလာနေပါတယ်၊။

ဈေးကွက်စီးပွားရေးနဲ့အတူ
ကမ္ဘာ့စီးပွါးရေး ဦးစီးဦးဆောင်သူများနဲ့
နိုင်ငံတစ်ကာက နိုင်ငံဦးသျှောင်တွေရဲ့  
 နိုင်ငံတော် Capital မြင့်လာဖို့
စီးပွားရေးကိန်းဂဏန်းတွေ
အမြဲ positive figure မှာပြနေစေဖို့
ကုန်ထုတ်စွမ်းအားကောင်းတဲ့သူတွေကို...စုဆောင်းကာ
ကုန်ထုတ်စွမ်းအားနည်းတဲ့...လူ့သားဈေးကွက်ကြီးတွေ
အပေါ်အမြတ်ထုတ်၊

မိမိတို့ရဲ့ Domestic ဈေးကွက်ထဲမှာလဲ
ဈေးကွက်ကြီးလာဖို့၊
အခွန်ကောက်ခံရမှု တစ်နှစ်ထက်တစ်နှစ်ပိုမိုရကြောင်းပြနိုင်ဖို့၊
ဈေးကွက်ဖြုန်းတီးအားနဲ့ Capital မြင့်လာနေကြောင်း ပြသနိုင်ဖို့
သက်ဆိုင်ရာ အစိုးရတွေဟာ
- တိုးတက်နေတဲ့ မိမိနိုင်ငံထဲမှာရော ......
- မိမိတို့ရဲ့ဈေးကွက်ဖြစ်တဲ့ ကုန်ထုတ်လုပ်မှုနည်းပါးတဲ့ နိုင်ငံတွေမှာပါ....
လူဦးရေ တိုးပွားမှုကို.... တစ်ဖက်လှည့်နဲ့
အားပေးနေကြပါတယ်။

ဒီလို ကမ္ဘာ့ လူဦးရေ
အဆမတန် တိုးပွားလာမှုတွေကြောင့်
အဓိက ဒဏ်ပိ ဝန်ပိစေတာဟာ
ကမ္ဘာကြီးအပေါ်မှာ သာဖြစ်ပြီး

လူသားအချင်းချင်း win win theory ဆိုပြီး
လုပ်ဆောင်နေမှုတွေဟာ၊
ကမ္ဘာကြီးအတွက်ကတော့ အမြဲ
Lose-Lose ဖြစ်နေရတဲ့ အကြောင်းရင်းတွေဖြစ်နေပါတယ်။၊

 သက္ကရာဇ် ၁၃၅၀ မှာ ကမ္ဘာ့လူဦးရေဟာ 
သန်းပေါင်း ၃၇၀ ပဲရှိပါတယ်တဲ့ 
ရာစုနဲ့ပြောရရင် ၁၄ရာစုအလယ်လောက်လို့ပြောရပါလိမ့်မယ်။
ဒီအရေအတွက် ကို လက်ရှိ အခြေအနေနဲ့ နှိင်းယှဉ်ပြရမယ် ဆိုရင်
လက်ရှိ 2015 ဘင်္ဂလားဒေ့ရှ် လူဦးရေ သန်း ၁၆၀ ကျော်  ရဲ့ နှစ်ဆရှိတဲ့
 အမေရိကန်လူဦးရေ သန်း ၃၂၀ ကျော်ထက် 
သန်း ၅၀ လောက် သာပိုပါတယ်။
 

၂၀ ရာစုကုန်ခါနီး ၁၉၈၀ ဝန်းကျင်လောက်မှာ ဆိုယင်
Boney M ရဲ့ Rasputin သီချင်းသံစဉ်ကို
 copy လုပ်ဆိုထားတဲ့ ဘိုဘိုဟန်ရဲ့ သီချင်းမှာလိုဘဲ 
လူဦးရေ သန်းလေးထောင်ကျော်လောက်ကို 
ကမ္ဘာကထမ်းထားရပါပြီ၊

ဒါဟာ ရာစု ၆ ခုလောက်အတွင်းပြောင်းလဲခဲ့တဲ့ ကမ္ဘာ့လူဦးရေပါ၊ 
ယခုခေတ် လူဦးရေကနေ နောက် ထပ် ၆ရာစုကိုထား
 နောက်ထပ် တစ်ရာစုလောက်ရှေ့ကို တွေးကြည့်လျင်ပင်
ကမ္ဘာကြီးဟာ လူသားတွေနဲ့တင် Overloading ဖြစ်နေပြီဖြစ်ကြောင်း 

ကျနော်တို့ရဲ့ မြေးတွေ လက်ထက်အတွက်ပင် 
အလွန်စိုးရိမ်စရာ ဖြစ်နေပြီဖြစ်ကြောင်း တွေးမိနိုင်ပါသည်။
 

ဒီလူသားတွေအတွက် လိုအပ်သမျှကို
 လောဘတက်သမျှကို ဖြည့်စည်းနိုင်ဖို့ ၊
အန္တရာယ်ကာကွယ်ဖို့
လိုတဲ့ဟာတွေရသမျှ ထုတ်ယူသုံးစွဲဖို့ကြိုးစားပြီး 

မလိုတဲ့ဟာတွေကို စွန့်ပစ်ကြတဲ့ ဒဏ်ကို 
အဓိကခံလာရတာဟာ ကမ္ဘာကြီးပါဘဲ၊

ဒါ့အပြင် ကျန်တဲ့ တိရိစ္ဆာန် ပိုးမွှားတွေကို 

သတ်ဖြတ် မွေးမြူ  တိုးပွား မျိုးပြုန်း သွားကြအောင် 
ဒီလူသားတွေကဘဲ ဖန်တီးယူကြပြီး
 လောကရဲ့သဘာဝတရားတွေ၊ ဆက်စပ်ပြောင်းလဲမှုတွေ
တည်ရှိ ဖြစ်ပျက်နေမှုတွေကို
(တနည်းဆိုရယင် အဘိဓမ္မလို့ ဘုရားဟောခဲ့တဲ့ သဘာဝတရားတွေ)

လိုသလို ပြု ပြင် ဖန်တီးဖို့ကြိုးစားယင်း
ကမ္ဘာကြီးဟာ လူသားတွေရဲ့ အန္တရာယ်အောက်မှာ
တစ်ဖြည်းဖြည်း အကာအကွယ်မဲ့လာရပါတယ်။

လူသားတွေဟာ လျင်မြန်စွာ ချူ  ချာ လာတဲ့
ကမ္ဘာကြီးအခြေအနေကို သိရှိလာသော်လည်း
အဓိက တရားခံဖြစ်တဲ့ 

လူဦးရေပေါက်ကွဲလာနေမှုကို ထိမ်းချုပ်ရင် 
သူတို့ရဲ့ လည်ပတ်တိုးတက်နေတယ် ထင်ရတဲ့ 
စီးပွားရေး နိုင်ငံရေး ဂေဟစံနစ်တွေ
ကျဆုံးသွားမှာ ပြိုကွဲမှာစိုးရိမ်မှုတွေကြောင့်....

သဘာဝ ဂေဟ စံနစ်တွေမပျက်စီးအောင်
လုံလောက်တဲ့ ထိမ်းချု ပ်မှုတွေ လုပ်ဖို့မကြိုးစားကြဘဲ
သဘာဝသယံဇာတတွေကို  

ချွေတာသုံးစွဲဖို့နဲ့ 
Recyle ပြန်လုပ်သုံးဖို့  ..... ဆိုတဲ့
ဆေးမီးတိုတွေနဲ့သာ 

ယာယီကုသနိုင်ဖို့ လုံးပမ်းနေကြတာဟာ
နောင်နှစ် ၅၀ နှစ် ၁၀၀ လောက် 

 ဖြစ်လာနိုင်တဲ့ ကမ္ဘာ့ ခံနိုင်ရည်ဝန်
ပြိုပျက်သွားနိုင်မှုကို 

စမ်းသပ်နေကြတာလား 
လစ်လျူ  ရှု့နေကြတာလားလို့ စိုးရိမ်နေမိပါတယ်။

၂၁ ရာစုအလယ် သက္ကရာဇ် ၂၀၅၀ မှာ 
အများခန့်မှန်းထားကြသလို
ကမ္ဘာ့လူဦးရေ သန်း ၈ထောင်ကျော်နဲ့
သန်း တစ်သောင်းကျော် (8.3 and 10.9 billion) ကြား
၂၁ ရာစုအကုန် သက္ကရာဇ် ၂၁၀၀ မှာ 
သန်း  တစ်သောင်းကနေ 
တစ်သောင်းခြောက်ထောင်ကျော်(10 to 16Billion) ကို 
 ခန့်မှန်းထားကြသလို  ရာက်လာခဲ့ရင်      
ကျနော်တို့မိခင်ကမ္ဘာကြီးဟာ
လူသားတွေရဲ့ လိုအင်လောဘကို
 ဖြည့်စည်းရန် တတ်နိုင်ပါအုံးပလား
အဲဒီနောက်ပိုင်း  နှစ်ဘယ်လောက်ထိအောင်
sustain လုပ်နိုင်ပါ့မလဲလို့ လူသားတိုင်းတွေးမိရင်........

  ချွေတာရုံလောက် 
recycle လောက်နဲ့ မရနိုင်တော့ဘဲ
ကမ္ဘာ့လူဦးရေ နဲ့ အတောမသတ်မွေးဖွားမှုတွေကို
အဆောတစ်လျင် အရေးယူကန့်သတ်ဖို့လိုနေပြီဖြစ်ကြောင်း
နားလည်နိုင်ကြပါလိမ့်မည်။

လူဦးရေ အဆမတန် တိုးပွားလာနေမှု သည်သာ.....
ကမ္ဘာ့သံယံဇာတများအလျင်အမြန် သုံးစွဲကုန်ဆုံးနေမှု....
တစ်ခြားသော တိရိ စ္ဆာန်မျိုးစိတ်များ ပျက်သုန်းသွားမှု .....
သစ်ပင်တောတောင်များပြောင်သလင်းခါလာမှု......
 သဘာဝ ဂေဟ စံနစ် ပျက်စီး ပြောင်းလဲ ဖေါက်ပြန်မှု
ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာမှု........၊ 
လူသားအချင်းချင်း တို့ ကြားမှာ ပိုမိုကွဲပြားခြားနားပြိုင်ဆိုင်မှု ....... 
လောဘ လိုအင် များပြားလာကြယင်းရပ်တည်ရန်ခက်ခဲလာကြမှု ....... နှင့်
လုံခြုံမှုတဖြည်းဖြည်းကင်းမဲ့လာကြမှု ........ 
တို့၏ .... အဓိက တရားခံ အစစ်အမှန်ပင်ဖြစ်သည်ဟု
ယူဆတင်ပြလိုက်ရပါသည်။

 TinAT86 Bumi 23-8-2015-10:00PM

Ref:  1) https://en.wikipedia.org/wiki/World_population
       2) http://geography.about.com/od/obtainpopulationdata/a/worldpopulation.htm
       3) Credited to Ven Pannajota for the video which used in this article. (https://www.facebook.com/ven.pannajota.7/videos/794285330680087/)


" living humans on Earth"

The United States Census Bureau estimates that the world population exceeded 7 billion on March 12, 2012.[1] According to a separate estimate by the United Nations Population Fund, it reached this milestone on October 31, 2011.
In July 2015, the Population Division of the United Nations Department of Economic and Social Affairs estimated the world population at approximately 7.3 billion.[5]
The world population has experienced continuous growth since the end of the Great Famine and the Black Death in 1350, when it was near 370 million.
 The highest growth rates – global population increases above 1.8% per year – occurred briefly during the 1950s, and for longer during the 1960s and 1970s.
The global growth rate peaked at 2.2% in 1963, and has declined to 1.1% as of 2012.[7] Total annual births were highest in the late 1980s at about 139 million,[8] and are now expected to remain essentially constant at their 2011 level of 135 million,[9] while deaths number 56 million per year, and are expected to increase to 80 million per year by 2040.[10]
The 2012 UN projections show a continued increase in population in the near future with a steady decline in population growth rate; the global population is expected to reach between 8.3 and 10.9 billion by 2050.
2003 UN Population Division population projections for the year 2150 range between 3.2 and 24.8 billion.
 One of many independent mathematical models supports the lower estimate, while a 2014 estimate forecasts between 9.3 and 12.6 billion in 2100, and continued growth thereafter.
 Some analysts have questioned the sustainability of further world population growth, highlighting the growing pressures on the environment, global food supplies, and energy resources.
Various scholarly estimates have been made of the total number of humans who have ever lived, giving figures ranging from approximately 100 billion to 115 billion.
https://upload.wikimedia.org/wikipedia/commons/thumb/5/56/World-Population-1800-2100.svg/300px-World-Population-1800-2100.svg.png
World population estimates from 1800 to 2100, based on "high", "medium" and "low" United Nations projections in 2010 (colored red, orange and green) and US Census Bureau historical estimates (in black). Actual recorded population figures (as of 2010) are colored in blue. According to the highest estimate, the world population may rise to 16 billion by 2100; according to the lowest estimate, it may decline to 6 billion.

World population (millions)[22]
#
Top ten most populous countries
1990
2008
2025*
1
1,141
1,333
1,458
2
849
1,140
1,398
3
250
304
352
4
178
228
273
5
150
192
223
6
108
166
226
7
116
160
198
8
94
151
208
9
149
143
137
10
124
128
126

World total
5,267
6,689
8,004

Top ten most populous (%)
60.0%
58.9%
57.5%
1
1,613
2,183
2,693

1,141
1,333
1,458

+ OECD Pacific*
187
202
210
2
634
984
1,365
3
564
603
659

149
143
137

134
136
146
4
355
462
550
5
359
444
514
6
132
199
272


17
22
28

473
499
539

US & Canada
278
338
392

291
286
289
Geographical definitions as in IEA Key Stats 2010 p. 66
Notes:
  • Europe = OECD Europe + Non-OECD Europe and
    excluding Russia and including Estonia, Latvia and Lithuania
  • 11 Soviet Republics = USSR excluding Russia and Baltic states
  • North America = US, Canada, Mexico
  • OECD Pacific = Australia, Japan, Korea, New Zealand
  • 2025 = with constant annual 2007/2008 growth until 2025