စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, August 16, 2015

" အလှူ စေတနာ ဝိသမ လောဘ နဲ့ ရေဘေး "

တစ်နိုင်ငံလုံးနီးပါး ရေလွှမ်းမိုးမှုဖြစ်စဉ်မှာ ပျက်စီးဆုံးရှုံးမှုတွေဟာ
ကျပ်ဘီလီယံပေါင်ျးေမြာက်မြားစွာရှိမှာပါ၊
ဖြစ်ပျက်ခဲ့တဲ့ရေလွှမ်းမှုမှာ
ကြိုတင်ပြင်ဆင်ကာကွယ်မှု၊
လူထုအားကြိုတင်အသိပညာပေးမှု အားနည်းခြင်း၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းခြင်း၊
ဆောက်လုပ်ရေးကဏ္ဍများတွင်
အဆင့်ဆင့် ပတ်ဝန်းကျင်နှင့်ဆီလျေ်မည့်
ဒီဇိုင်းနှင့်နည်းပညာများကို
မှန်ကန်စွာအသုံးချကြရန် စီမံမှုကြီးကြပ်မှုအားနည်းခြင်း၊
နေရာတစ်ကာ လာပ်စားမှု အားကြီး ပြီး
ပညာရပ်ဆိုင်ရာ အသုံးချမှု အားနည်းခြင်း
စသည်တို့ကြောင့်(ကျန်အချက်အလက်များလည်းများစွာရှိနိုင်ပါသေးသည်)
ပျက်စီးဆုံးရှုံးမှုကိုပိုများပြားစေခဲ့သည်ဟု
ထင်မြင် ယူဆမိပါသည်။
စေတနာရှင်မြောက်မြားစွာတို့က
ငွေကြေးဓန၊ ကာယ ဥာဏ စသည့်ဖြင့်
စေတနာ အရင်းခံ၍ လှူ ကြတန်းကြ
လုပ်အားကုသိုလ်ပါဝင်ကြ နှင့်
မမောမပန်းလုပ်ဆောင်နေကြသည်ကိုမြင်တွေ့ရယင်း ၊
စံနစ်တကျရှိခြင်း မရှိခြင်း နှင့်
ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်း မကောင်းခြင်းကို
မပြောလိုဘဲ အဖွဲ့အသီးသီး၏ စေတနာနှင့်စိတ်ဓါတ်ကို မူ
သေချာပေါက် ချီးကျုး သာဓုခေါ်ရမည်ပင် ဖြစ်ပါသည်။၊
ပူးပေါင်းဆောင်ရွက်မှုအားနည်းနေခြင်းမှာလည်း၊
အစိုးရအဖွဲ့အစည်းများအား လူထုယုံကြည်မှုမရှိခြင်း ၊
တကယ်လည်း သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းတို့၏
ဦး ဆောင်ဦးရွက်ပြုမှု ညံ့ဖျင်းခြင်းတို့ကြောင့်သာ
ပူးပေါင်းဆောင်ရွက်မှု အားနည်းနေရခြင်းဖြစ်ကြောင်းယုံကြည်မိပါသည်။
ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများအပြင်
ပြန်လည်နေရာချထားရေးနှင့်
ပြန်လည်ထူထောင်ရေးအပိုင်းရောက်လာပါပြီ။
ငွေ ဘီလီယံ များစွာ သုံးစွဲ၍ ပြန်လည်ထူထောင်ရေး အတွက်
အကောင်အထည် ဖေါ် ဆောင်ရွက်ရမည့်
စီမံကိန်းများ အနှေးအမြန် လာပါလိမ့်မည်။
ဒုက္ခသည်များ တဝမ်းတစ်ခါးအတွက်
အသက်ဆက် ရှင်သန်ဖို့
လက်တွေ ဆန့်တန်း အာတွေခြောက်၍
အကူအညီတွေ အတွက် မျှော်လင့်ရင်း
ရုန်းကန် စောင့်မျှော်နေကြရသလို..........
ဝိသမ လောဘစိတ်ရှေ့ထားကြသည့်
စီးပွါးရေးသမားများ ကန်ထရိုက်တာများ ကလည်း...
( စေတနာရှေ့ထား၍ မှန်ကန်စွာလုပ်ဆောင်နေကြသော
စီးပွားရေးသမားများနှင့် ကန်ထရိုက်တာများကိုမဆိုလို)
ဆည်ပေါက်ဝ မှ ဗျိုင်းစောင့်သကဲ့သို့
ပြန်လည်ထူထောင်ရေး လုန်ငန်းကန်ထရိုက်တွေ အတွက်
ပါးစပ်ကြီးတွေ ဟကာ စောင့်နေကြပေလိမ့်မည်။
ကယ်ဆယ်ရေး ကာကွယ်ရေးကိစ္စ တွေမှာ အားနည်းမှုတွေ
အများကြီးရှိခဲ့သည်ကို ပြန်လည်သုံးသပ်ရမည့် ကိစ္စများအား တစ်ပိုင်းထား၍
ပြန်လည်ထူထောင်ရေးအပိုင်းတွင်
ဇီးသီးဗန်းလဲမှောက် ဆွမ်းတော်ကြီးလဲ လောင်းကြယင်း
ဒုက္ခသည်များ " ထူထောင်ရေး" ကနေ
ဘီလီယံငွေကြေးတွေသုံးပြီး
" ထုထောင်းရေး" ဖြစ်မသွားစေဖို့
ရွေးကောက်ပွဲအကြိုနဲ့နှောင်းပိုင်းကာလ
နိုင်ငံရေး ရော ပထဝီရာသီ ဥတုပါ မတည်ငြိမ်သေးချိန်မှာ
အစိုးရအဟောင်းနဲ့အသစ်တွေကြားက မချောမွေ့သေးတဲ့
လမ်းကြမ်းပေါ်မှာ ဘယ်လိုဆောင်ရွက်ကြမှာလဲ
လို့ သိလိုစိတ်နဲ့အတူ
နိုင်ငံတစ်ဝှမ်းက ရေဘေးဒုက္ခ သည်တွေရဲ့ဘဝဟာ
နယ်စပ် တစ်လျောက်က
စစ်ဘေးဒုက္ခသည်တွေရဲ့ဘဝလိုဘဲ ဒုက္ခနွံထဲက
ရုံးထွက်ဖို့ အခက်အခဲများစွာနဲ့
ဆက်လက်ရင်ဆိုင်နေရမှာလားလို့ စိုးရိမ်နေမိပါသည်။

No comments:

Post a Comment