စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, August 30, 2013

အခွံရှိသော ဝင်ကစွပ်များ



ယခုတစ်လော ပြည်မဒေသတွေမှာဖြစ်ပျက်နေတဲ့ လူတစ်ချို့က မုဒိန်းကျင့်ဖို့ကြံစည်မှု ၊ နောက်အုပ်စုတစ်ခုက ဆူပူရိုက်နှက်မီးရှို့ ဟိုတစ်မြို့ဒီတစ်မြို့ ဖြစ်လာတာနဲ့ပတ်သက်ပြီး၊ ရခိုင်ဒေသက အရှုတ်အထုတ် ပြည်မအေးဆေးဆေးနေ လူတွေကြားထဲမကူးစက်စေချင်တဲ့သဘောရေးသားကြသူတစ်ချို့ရဲ့အမြင်ကို မိတ်ဆွေတစ်ချို့ရဲ့ fb wall ပေါ်မှာ comment တွေနဲ့အတူ တွေ့လိုက်ရတာမို့ article နှစ်ခုရေးသားမိပါတယ်၊ ဒီဟာက ဒုတိယ article ပါ
Bangli ဇါတ်ရှုတ်ဟာ ရခိုင်ဒေသ တစ်ခုထဲဟု ဇါတ်ရှုတ်ဟုလက်မခံပါ၊ ဒီဇါတ်ကိုရှုတ်အောင်လုပ်ခဲ့သူများတွင် ခေတ်အဆက်မှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ခေတ်အဆက်ဆက် အနာဂတ်အရေးမကြည့်ဘဲ ကိုယ်ချမ်းသာရေးသာကြည့်ပြီး အလွဲသုံးစားလုပ်သွားကြသူများတွင် တစ်တိုင်းပြည်လုံးမှာ လူမျိုးစုံသော နိုင်ငံအပေါ်သစ္စာမဲ့ခဲ့ကြတဲ့ နယ်စပ်တွင်အလညှ့်ကျတာဝန်ထမ်းဆောင်သွားကြတဲ့ တာဝန်ရှိအာဏာရှိခဲ့သူများ၏ ခေတ်အဆက်ဆက် အရှုတ်တော်ပုံသာဖြစ်ပါသည်။ ၎င်း၏အကျိုးဆက်ကြောင့်နိုင်ငံအဝှမ်း မည်မျှရောက်ရှိနေပြီကို မည်သူသိမည်နည်း။ဒါတောင်မှ ရှုပ်ထားတဲ့မနိုင်တဲ့ဒီအထုတ်ကို ပြည်ပ ပြန့်နှံ့မှုနည်းအောင်၊ ရခိုင်ပြည်ထဲ ပိတ်ထားဖို့ဒေသဆိုင်ရာပေါ်လဆီတွေထုတ်ပြီးနှစ်ပေါင်းများစွာ ကြိုးစားထားသေးတယ်၊ ဒါပေမယ့် လက်ချိုးရေလို့ရတဲ့ ရေတပ်ကင်းလှည့်ရေယာဉ်နဲ့ ရှည်လျားလှတဲ့ မြန့်မာကမ်းရိုးတမ်းရယ်၊ လာပ်စားမှုတွေ နေရာတစ်ကာရှိနေတာရယ်၊ ရခိုင်နဲ့ချင်းရိုးမတောင်တန်းကြီးတွေကို လုံလောက်တဲ့လုံခြုံရေးချထား
ဖို့ ခက်ခဲတာတွေကြောင့်၊ တရားမဝင်သွားလာမှုတွေဟာ ကာလတစ်လျောက်လုံး၊ ရှိနေခဲ့တာဟာ ဘယ်လောက်ထိကျယ်ပြန့်ခဲ့တယ်ဆိုတာ၊ ဘင်္ဂလားဒေ့ရှ် စစ်တစ်ကောင်းကမ်းခြေတွေ  နဲ့ ရခိုင်ကမ်းခြေတွေ ကနေ ၊မြန်မာကမ်းခြေတောက်လျောက်နဲ့ ထိုင်း၊မလေး ၊ အင်ဒိုနီးရှားထိရှိခဲ့တယ်ဆို၊ ဘယ်သူမှတရားဝင် survey လုပ်ယူခြင်း ၊ အမှန်ကိုဝန်ခံကြခြင်း မရှိကြပေမယ့်၊ ဒီနိုင်ငံအစိုးရတွေနဲ့ သက်ဆိုင်သူတွေသိနေကြပြီးသားပါ။ ဒီတော့ပါဝင်ပတ်သက်တဲ့နိုင်ငံများအားလုံးက diplomatic နည်းတွေ၊ နည်းသုံးပြီးပြန်ပို့ဘို့ညှိဖို့ခက်တဲ့အတွက် ဘယ်နိုင်ငံသားဘယ်ကလာတယ်ဆိုတာ prove လုပ်ဘို့ခက်တဲ့အတွက် ၊ UN လက်ထဲ ထိုးထဲ့လို့ရအောင် Rohinga refugee နိုင်ငံမယ့်လှည်စီးဒုက္ခသည် story ကိုကမ္ဘာသိအောင် promotion လုပ်ကြတဲ့အခါကြတော့ နကိုယ်ထဲက နိုင်ငံတကာ စာမျက်နှာမှာ တရုပ်ကလွဲရင်မျက်နှာမလှဖြစ်နေပြီး စီးပွားပိတ်ဆို့ခြင်းခံ၊ အပြောခံ၊ကိုယ်ပြည်သူကလဲ မထောက်ခံတဲ့ ကျနော်တို့မြန်မာအစိုးရ ဆီ မင်းတို့ဆီကလူဆိုပြီးထိုးထဲ့ပါတော့တယ်။ rohinga ပြောတိုင်း မြန်မာပြည်ကလူမျိုး ရခိုင်ပြည်ကလူမျိုး ၊ နယ်စစ်ဒေသဖြစ်ပြီး ရခိုင်တို့ ဒိုင်းနက်တို့သက်တို့တောင် နှစ်ဖက်နိုင်ငံတွေမှာ ရှိနေရဲ့သားနဲ့ ဒီ Rohinga တမျိုးလုံးသာ ဘဂးင်္လားဒေ့ရှ်နိုင်ငံသား race ထဲမှာမရှိဘဲ မြန်မာပြည်ထဲ ကလာတဲ့ဆိုပြီးလုပ်ကြပါတော့တယ်။ (ဥပမာတစ်ခုကြားဖြတ်ပေးချင်ပါတယ်၊ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပါ၊ ယခုတော့မသိပါ။ မြန်မာပြည်က ရေကျော်တွေလို့စင်္ကာပူမှာခေါ်ကြတဲ့ လူတွေကို ဖမ်းမိရင်၊ သံတမန်နည်းနဲ့ဖြေရှင်းဖို့အင်မတန်ခက်ပါတယ်၊ မြန်မာသံရုံးကလဲ ကို့နိုင်ငံသားပါလို့ ဝန်ခံဖို့အခက်အခဲရှိတဲ့အတွက်၊ unidentified person တွေလို့သတ်မှတ်ခံရပြီး ပြစ်ဒဏ်ချမှတ်ပြီးသော်လဲ သက်ဆိုင်ရာမခင်တိုင်းပြည်ကိုသိသိကြီးပေမယ့်၊ ပြန်ပို့မရဖ်ြပြီး၊ သူ့လိုနိုင်ငံသေးသေးလေးအနေဖြင့်လက်ခံထားရန်မဖြစ်နိုင်သည်မို့ အဆင်ပြေသည့်နည်းလမ်းတစ်ခုဖြင့်ပြည်ပို့ရသည်ကို ကြားဖူးခဲ့ဖူးပါသည်၊ ဒါဟာတစ်စုကလေးပဲရှိတဲ့လူတွေကို၊ပြန်ပို့ပြန်လက်ခံဖို့ ငွေကြေး ,နေရာထည့်စားစရာမလိုတဲ့အခက်အခဲပါ၊ယခုပြဿနာကြတော့နှစ်နိုင်ငံလို့အဆင်းရေးဆုံးဖြစ်နေပြီး၊ မူလမိဘက တစ်ပြွတ်မွေးထားတာမကျွေးနိုင်တော့၊ ဘေးအိမ်ကခြံကျယ်တယ်၊ ဆင်းရဲပေမယ့် သီးနှံပေါတယ်မငတ်ဘူးသွားနေဆိုပြီးလွှတ်ထားကိစ္စကနေအမွေစားအမွေခံဝိုင်းပြီးမွေးစားခိုင်းနေကြတာဖြစ်ပြီး၊ ကြာလာတော့၊ပွားလာတဲ့သူတို့မြေးမြစ်တွေပါ၊ အမွေစားအမွေခံလုပ်ခိုင်းနေကြတာပါ။  ) ဒီဒုက္ခသည်တွေဟာ၊ UN Refugee အဖြစ်နဲ့ရောက်တဲ့နိုင်ငံတွေမှာတရားဝင်နေလို့ အလုပ်လုပ်ကိုကြလို့ ရလာပြီး ကံကောင်းရင် တတိယနိုင်ငံကြီးတစ်ခုကို Political asylum/refugee အဖြစ်နဲ့ ရောက်သွားနိုင်တဲ့အခါကျတော့၊ ဒီအခွင့်အရေးတွေကို ၊ စစ်တစ်ကောင်းဒေသက၊ ဝင်ငွေနည်းပါးတဲ့လူတွေနဲ့မြန်မာပြည်မှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာလို့တောင်းဆိုနေကြတဲ့ လူတွေထဲက ဝင်ငွေနည်းပါးသူတွေ နိုင်ငံခြား အလုပ်အကိုင်အခွင့်အလမ်းမက်လုံးတွေဖြစ်လာပြီး လူမှောင်ခိုကူးတဲ့လူတွေအတွက်ပါ ဈေးကွက်တစ်ခု စ်တကောင်းကမ်းခြေဒေသတွေ၊ မောင်းတောအလယ်သံကျော်ကမ်းခြေဒေသတွေ၊ ရသေ့တောင်၊ စစ်တွေကမ်းခြေ ဘင်္ဂလီကျေးရွာတွေမှာပေါ်ထွက်လာကြပါတယ်၊ ဒီကိစ္စဟာ diplomatic နည်းနဲ့ဖြေရှင်းဖို့ အလွန်ရှုပ်ထွေးတဲ့ ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံအစိုးရတွေ၊ နိုင်ငံကြီးတွေ၊ ဘာသာတူနိုင်ငံတွေကပါ ပါဝင် ပါတ်သတ်လာ ဖိအားတွေပေးလာတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်၊ Rohinga ကို မြန်မာအစိုးရလက်ခံလိုက်ရင်၊ င်္ဟသာစီမံချက်နဲ့ မောင်းတောဒေသ တစ်ခုထဲမှာလက်ခံရေးစခမ်းဖွင့်ရမှာတင်မဟုတ်ပဲ၊ ရန်ကုန်လေဆိပ်အပါအဝင်၊ မြို့ကြီးတွေနဲ့ ထိုင်းနယ်စပ်တွေ တွေမှာပါ၊ နိုင်ငံတကာရောက်ရှိနေတဲ့ rohinga ပါကို့ကိုယ် ကြော်ငြာထားသူတွေ ကြိုဆိုရေးစခန်းဖွင့်ပေးရမှာဖြစ်ပြီး၊ မြန်မာပြည်မှာ နေပြီးမှ နိုင်ငံသားကဒ် နိုင်ငံကူးလက်မှတ် ရပြီး တစ်ခြားနိုင်ငံရောက် Rohinga Refugee ခံထားတဲ့လူတွေကလဲ နိုင်ငံအသီးသီးမှာရောက်နေပြီး အဲဒီထဲက ပညာတတ်တစ်ချို့ရဲ့ Rohinga promotion ကိုစနစ်တကျ နှစ်ပေါင်းများစွာလုပ်ထားတဲ့အခါကျတော့ 1988 နောက်ပိုင်းကျမှ အစိုးကို ဒီမိုကရေစီတိုက်ပွဲဝင်၊ လူ့အခွင့်ရေးတိုက်ပွဲဝင်လာတဲ့ ပြည်တွင်းပြည်ပ အင်အားစု တွေဟာ လူ့အခွင့်အရေးဖက်တော်သားတွေလို့ ကို့ဟာကိုအဟုတ်ထင်၊ ရခိုင်ပြည်ထဲမှာလက်ရှိရှိနေကြတဲ့ ဘင်္ဂလီတွေဘဲ အကုန်လုံး illegal migrant တွေထင် ပြည်မထဲနေထိုင်တဲ့  ဘင်္ဂလီမျိုးနွယ်တွေကိုတော့ အကုန်လုံး ဘိုးတော်ဘုရားလက်ထက်ကလူတွေဘဲထင်ပြီး ယူဆနေ ယူဆချင်ကြပါတယ်။ ဒီလိုယူဆကြတဲ့အတွက် party ကြီးတွေ၊ institution ကြီးတွေ၊ အစိုးရအသိုင်းအဝိုင်းတွေထဲမှာ၊ဒီ migrant အုပ်စုထဲက အသီးသီးကိုအနာဂါတ်ရည်မှန်းချက်တွေအတွက် deep contribution , deep commitment ဝင်လုပ်ကြထားပြီး သူတို့ရဲ့ loyalty ဘယ်လောက်ရှိပါတယ်ဆိုတာပြသကာ၊ သူတို့ရဲ့အနာဂါတ်ခိုင်မာမှုနဲ့နေရာ အခွင့်အရေး အင်အားကောင်းလာအောင်၊ အချိန်ကာလပေးပြီး တည်ဆောက်ထားကြပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင်တွေ ဆရာတော်တွေပင့် တရားနာအလှူထဲ့ စင်င်္ကာပူမှာလုပ်နေချိန်မှာ Singapore သံရုံး ပြည်သူနားနေဆောင် shelter တွေကို၊ ဘယ်အုပ်စုတွေက free ဆောက်ပေးပြီး ယုံကြည်မှုတည်ဆောက်နေသလဲ၊ ဇါတ်မင်းသားတစ်ယောက်ရဲ့ မှော်ဘီဖက်မှာဆောက်နေတဲ့ သူရဲ့အိမ်မက်ဖြစ်တဲ့ ဇါတ်သဘင်ခြံကြီး တည်ဆောက်ဖို့ ငွေအားလူအားပေးကူညီပြီးလုပ်ပေးနေတာတွေ၊ ဒါတွေဟာ၊ ခေတ်မီ ကုပ္မဏီကြီးတွေ အစိုးရတွေရဲ့ marketing strategy Political strategy တွေပါ။
 ဒါတွေကိုထောက်ရှုရင် ဒီ settler တွေကိုကိုင်တွယ်မယ့်အရေးဟာ၊ ရှေ့ဆက်အခက်အခဲအများကြီးရှိနေအုံးမှာပါ။သူတွေ
ဒီအရှုတ်အထုတ်အတွက် အကျိုးဖြစ်ထွန်းမယ့်သူတွေကတော့၊ နိုင်ငံတစ်ကာက ဒီပြဿနာဟာ ခိုးဝင်လာတဲ့ပြဿနာကြောင့်မဟုတ်ဘူး ဘာသာခြားတစ်မျိုးလုံးကိုနှိပ်ကွပ်တာ လို့အာရုံစိုက်စေချင်တဲ့လူတွေရယ်၊ သနားလို့ဆိုပြီးလှူတာတွေ ပေးတာတွေကို အမြိန့်သား ထိုင်သုံး ဖြတ်သုံးခွင့်ရနေတဲ့ အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေရယ်၊ လက်ရှိ အာဏာပိုင်တွေရဲ့ opposition groups တွေထဲ အလုပ်ရှုတ်အငြင်းပွား ရန်ဖြစ်နေမှသူတို့အတွက် နိုင်ငံရေးအကျိုးအမြတ်ရမယ်လို့ ယူဆကြ  သလို၊ ဆရာ့ဆရာတွေရဲ့အရှုပ်တွေကို ငါတို့ဝင်ခံလို့မဖြစ်တာကြောင့် တတိုင်းပြည်လုံးရှုပ်အောင်လုပ်ပြီးမှ အကုန်လုံးပေါင်းရှင်းလို့ရရင်ရှင်းကြ လို့လုပ်ချင်ကြတဲ့ လက်ရှိအဖွဲ့အစည်း  ကြီးထဲကလူအချို့ဘဲဖြစ်မယ်လို့ယူဆရပါတယ်၊ ကျန်တဲ့ လူတွေ မဆီမဆိုင်ခံစား လိုက်ရသူတွေ၊ ရောယောင်ဒေါသတွက် ဝမ်းနည်း၊ ပါဝင်ကပြရတဲ့ ဇါတ်သမားတွေဟာ victim တွေပါ လို့ဘဲ ယူဆမိပါတယ်၊
1980 လောက်က UN ရဲ့ဖိအားပေးမှုနဲ့ ဟသာင်္စီမံကိန်း ဆိုပြီး bangli တွေတစ်နေ့တစ်နေ့သောင်းနဲ့ချီပြန်လက်ခံတော့ ပြန်လည် လက်ခံရေးနဲ့နေရာချထားရေးအဖွဲ့တွေမှာပါတဲ့ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေဟာ ချက်ချင်းလက်ငင်း ချမ်းသာခဲ့ကြတာကို မြင်ယောင်ဆဲပါ၊ စောင်၊ ခြင်ထောင်၊ ထောပါတ် စည်ကြီးတွေ သိုးသားစည်သွတ်ဘူးနဲ့ တစ်ခြားစည်သွတ်ဗူးမျိုးစုံနဲ့ Biscuit ထုတ်ကြီးတွေမျိုးစုံဟာ မဆလ လက်ထက်ရှားပါးတဲ့ခေတ် တွင်းမှာ ၊စစ်တွေ ဈေးကြီးမှာပလူပျံအောင်တွေ့ခဲ့ဘူးပါတယ်၊ တစ်ယောက်စာ ration ကို ၅ယောက်လောက်မျှပေးခဲ့သည်ဟု အတင်းအဖျင်းသတင်းကြားရသည် မှာ၊ မှန်မမှန်တော့မသိ၊ သိပ်မကြာခင်ပဲ စစ်တွေ ကြက်ခြေနီတစ်ချို့ဝယ်ထားတဲ့ ဂျစ်ကားသိမ်းလူပါဖမ်းအပြင်၊ နပခတိုင်း သမိုင်းမှာ စာတင်နိုင်တဲ့အဖြစ်အပျက်အနေဖငြ့် တိုင်းမှူး ဗိုလ်မှူးချူပ် ဝမ်းတင်အပါအဝင် မြန်မာနိုင်ငံ ဗဟိုကြက်ခြေနီကလူတွေပါ နုတ်ထွက်ကြရတဲ့သတင်းကြားခဲ့ရပါ။ နပခ သမိုင်းတစ်လျောက် ကျခဲ့သမျှတိုင်းမှူးတိုင်း ရာထူးတက်တာတာသာတွေ့ဘူးတာကနေ၊ ဒီကိစ္စ အခြေအနေမှာနုတ်ထက်ရတာကြည့်ခြင်းဖြင့် ၎င်းခေတ်က Feast ကြီးတစ်ခု ရှိခဲ့တာကိုအခြေအနေကို ခန့်မှန်းနိုင်မှာ ကြမှာပါ ၊ ၎င်းအချိန်ထဲကသာကိုယ့်တိုင်းပြည်ဖက်လဲ လက်ခံရသူများအား camp သွင်းထားနိုင်ခဲ့လျင် ယခုလောက်အခြေအနေမဆိုးနိုင်ဟု ထင်မြင်ပါသည်။
နိုင်ငံသားမှတ်တင်ပြုလုပ်ရာတွင် ကျနော့အစ်ကိုနှစ်ဝမ်းကွဲ မောင်နှစ်မများသည် ရခိုင်အစစ်ဖြစ်ပေမဲ့ ဗမာဟု မွေးကတည်းကရန်ကုန်နေတာဆိုပြီး မှတ်ပုံတင်တွင်ရေးသားခိုင်း၍အလွယ်တစ်ကူပင်ရ၏။ ဤနည်းလည်းကောင်း ခိုးဝင်လာသောသူများနှင့် နိုင်ငံတွင်းနေသူအားလုံး၏ မှတ်ပုံတင်တို့ passport လိုအပ်သည့်နေရာတွင်ပြရန် လက်မှတ် တစ်ခုသာဖြစ် ပြီး identify လုပ်ရန် card မဟုတ်နိုင်တော့သည့် အသုံးချခံ ကဒ်တစ်သာဖြစ်ပေတော့သည်၊သဘောဆိုရလျင် နိုင်ငံသားကက်ပါအချက်အလက်များသည် မှန်ကန်စရာမလို၊ အထောက် အထား Data base လောက်သာရှိနေရန် သာဖြစ်သည်ဟုယူဆမိပါသည်၊
ပြည်ပနိုင်ငံမှ ဝင်ရောက်လာ သူများက နည်းမျိုးစုံဖြင့်ရောမလိမ့်တစ်ပါတ်ပါ နိုင်ငံသား လက်မှတ် ရ ရန်ကြိုးစားကြရာ၌ အာဏာပါဝါအသုံးချခွင့်ရသောဌာနကြီးများနဲ့ လူဝင်မှုကြီးကြပ်ဌာန ဝန်းထမ်းအများစုသည်။ မလိမ့်တစ်ပါတ်လုပ်သူများနှင့်၊ သူတို့အတွက်၊ နိုင်ငံသားလက်မှတ် ရ လာစေရန် လုပ်ဆောင်ကြရာ၌ Nationality, Race ,Ethnic နှင့် Religion ဝေါ်ဟာရများအား သိသိကြီးနှင့်သော်လည်း၊ မသိယောင်ဆောင်၍သော်လည်းကောင်း လုပ်ကြသူများ၊ ကိုယ်လုပ်နေသည့်အလုပ်ဖြစ်၍သားနှင့် သိသင့်သိထိုက်သည့် ကိစ္စကို သိအောင်မလုပ် အလေးမထား ဂရုမစိုက်၊ ဒါကိုယ့်ကိစ္စမဟုတ်ဘူး၊ အရေးမကြီးဘူးသဘောထားသူများ ရဲ့နှစ်ရှည်လများ လုပ်ဆောင် မှုတွေဟာ အုပ်ချုပ်တဲ့ လူတန်းစားတစ်ရပ်ထဲကြောင့်မဟုတ်ပဲ၊ လူတွေဝန်ထမ်းတွေအများစုရဲ့ အခွင့်အရေးရှိရင်ရှိသလို သူဌေးဖြစ် ဝိုက်မယ်၊ ဂွင်ဖန်လိုက်မယ်ဆိုတဲ့ လိုချင်လောဘ၊ ကျနော်တို့ရဲ့ အမျိုးသားအမျိုးသမီးအခွင့်အရေးဆွေမျိုးသားချင်းကိုယ့်မိတ်ဆွေကိုယ့်သူငယ်ချင်း လူ့အခွင့်အရေး ပေးရေးကို၊ အလုပ်ခွင်ထဲ၊ ပြည်သူ့ဘဏ္ဌာငွေနဲ့လုပ်ဆောင်နေတဲ့ ပါတ်ဝန်းကျင်ထဲအပါခေါ်ဆောင်လာကြမှုတွေကြောင့် ဒီအ ရှုတ် တွေဟာ တစ်ဖြည်း ဖြည်း Developed ဖြစ်လာနေတာကို၊ အစိုးရက ပေါ်လစီနဲ့ ထိမ်းတဲ့အနေနဲ့ စစ်အစိုးရကာလတလျောက် လုံး လေဆိပ်၊ ပင်လယ်ကမ်းရိုးတမ်းသွားသင်္ဘောဆိပ် နဲ့ ရခိုင်ရိုးမပေါ်က ကားဂိတ် တွေမှာ ရခိုင်ပြည်နေ မူဆလင်ဟူသမျှမှတ်ပုံတင်ရှိရှိမရှိရှိ၊ နပခ တိုင်းမှူးရုံးရဲ့ထောက်ခံစာမပါရင် ပြည်နယ်ကူးပြောင်းသွားလာခွင့်မရှိဆိုတဲ့မူကို  ချမှတ်ပြီး၊ ငွေစားလာပ်စား အကုန်စားပြီးထုတ်ပေးထားတဲ့ အဖြူကတ် အနီကတ် ရှိသူရောမရှိသူပါ ရခိုင်ပြည်ထဲမှာဘဲပိတ်မိနေအောင်ကြိုးစားခဲ့ကြပါတယ်၊ ဒီ ကိစ္စတွေကို မဆလ နဲ့ စစ်အစိုးရ ကာလ တလျောက်လုံး  ပွင့်လင်းလင်းမြင်သာခွင့် မရှိခဲ့  မပေးခဲ့တဲ့ အတွက် ပြည်မနေ လူများစုဟာ မသိခဲ့ကြသလို သိဖို့လဲ မကြိုးစားခဲ့ကြပါဘူး၊ ငွေကြေးတောင့်တင်းလာတဲ့ ဒီလူအုပ်စုတစ်ချို့က မင်းကြီးတာ အောက်က တစ်ဆင့် ပြည်မရောက်ရှိသွားပြီး နိုင်ငံသား ကဒ်လဲရှိပြီးသားအပြင်၊ ကဒ်ထဲမှ လူမျိုးနေရာ မှာ ရခိုင်မူဆလင် တို့ မြန်မာမူဆလင်တို့ ဖြည့်ပြီးသားဖြစ်နေပြီမို့ ရှေးပဝေသနီကနေလာတဲ့ အမျိုးတွေလို့ ဟုတ်မဟုတ်နောက်မှငြင်း သူတို့ကတော့ သက်သေပြသွားနိုင်ကြပြီ၊
ကျန်ရစ်တဲ့ငွေကြေးအင်အားမတောင့်တင်းတဲ့ Bangli တွေ ၊  တောကျော်၊ တောင်ကျော် ၊ ပင်လယ်ဖြတ် သွားခွင့်မသာလိုက်တဲ့ Bangli တွေ ကြတော့ ရခိုင်ပြည်မှာပဲပိတ်လှောင်ထားခဲ့တာမို့ ရခိုင်ပြည်သူတွေရဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်လာခဲ့ကြပါတယ်၊ ဒီတော့ရခိုင်တွေအနေနဲ့ ကို့လူမျိုးရေရှည်မှာ ဝါးမျိုခံရမဲ့အရေးကို ကိုယ်ဖါသာကာကွယ်ရမယ်လို့ ခံယူကြတဲ့အတွက်၊ ရခိုင်သူ/သား တစ်သိန်းမှာတစ်ယောက် ဘာသာခြားကိုမယူကြပါ၊ အိမ်မရောင်းကြပါ၊ ရန်ကွက် လူကြီးအဆင့်ထိက ခေတ်အဆက်ဆက် ရခိုင်မို့ ဘာသာခြားအားအိမ်မရောင်းအောင် ထောက်ခံစာမပေးတတ်ကြပါ၊ ဒါကြောင့်မို့လဲ ယခုခေတ်အထိ၊ စစ်တွေ လမ်းမကြီးတောက်လျောက်နှင့် ရခိုင်ရပ်ကွက်များတွင် ကုလားအိမ်များပွားလာခြင်းမရှိဘဲ၊ ကိုလိုနီ ခေတ်ကထဲက သူတို့ပိုင်ဆိုင်ခွင့်ရခဲ့သော ရပ်ကွက်အချို့ အိမ်အချို့သာဆက်လက်တည်တံ့နေကြပါသည်။ ကျန်သည့်တိုးပွါးလာသည့် ဘင်္ဂလီ ရပ်ကွက်များဆိုသည်မှာ၊ စစ်တွေမြို့အစွန် ပင်လယ်ကမ်းခြေ နေရာ ရခိုင်များ  အုပ်ချုပ်သူလူတန်းစားမျက်ကွယ်အရပ်များတွင် အိမ်စု ဆယ်အိမ်စုမှတစ်ဆင့် တစ်ဖြည်းဖြည်းဝင်ရောက်လာတိုးပွားလာရင်းဖြင့်  ရွာများအိမ်များ ဗလီများ တိုးပွါးလာခြင်း မှာမူကား ဆယ်စုနှစ်ကာလအတွင်း မိမိတို့ ဒေသခံများကိုယ်တိုင် ပြောရန်စကားလုံးမရှိပါ၊ ရခိုင်များအနေဖြင့် ကုလားရပ်ကွက်ထဲ သွားလာခြင်းမရှိကြပါ၊ အန္တရာယ်များပါသည်၊ အလောင်းပါအဖျောက်ခံရသည်ကိစ္စများ သာဓကများရှိပါသည်၊ သူတို့ရပ်ကွက်များ၌ လမ်းပုံမှန်မရှိပါ၊ အိမ်ဝင်းတစ်ခုထဲမှတစ်ခုဆက်စပ်သွားရပါသည်၊ ပြဿနာတစ်စုံတစ်ခုဖြစ်လျင် ထွက်ပေါက်ရှာရခက်ပါသည်၊ ဒါကြောင့်ကိစ္စရှိတောင် အုပ်စုလိုက်သာသွားကြပါသည်။ ကိုယ့် မြေ ကိုယ့် ပြည်ပေမယ် လွတ်လပ်စွာမသွားလာရဲသောနေရာများပင် ဖြစ်ခဲ့ပါသည်။
 နိုင်ငံသားကို နှစ်ခါပြန်မကရနေချိန်မှာ passport နဲ့ I.C ကို လူမမြင်ပဲလုပ်လို့ရတာ ခိုးဝင်လာပြီးလုပ်လို့ရတာ ကမ္ဘာရဲ့ တစ်ခုတည်းသောတိုင်းပြည်ထင်ပါတယ်၊ ဘာလို့ကျနော်ပြောရလဲဆိုတော့၊ passport ပွဲစားတန်းမှာ လူမျိုးခြားတွေ ရော နိုင်ငံသားစစ်စစ် တွေ ပါ  ပိုက်ဆံပေးရင်လူတိုင်းကို  လုပ်ပေးတဲ့ ကိုယ့်လူမျိုး ငွေမျက်နှာကြည့်သူ တွေ ရဲ့ခေတ်မှာ အေးအေးဆေးနေလိုပါတယ်ဆိုတဲ့သူတွေ ကိုယ်တိုင် ကလဲ၊ သူတို့ကိုယ်တိုင် ကိုယ့်ရဲ့မျိုးနွယ်စုဟာ Jew လား Scott လား Tamil လား Bangli လားဆိုတာ မြန်မာနိုင်ငံသားခံယူထားပြီး မှတ်ပုံတင်ပေါ်မှာရေးရဲရပါမယ်၊ ဒီစိတ်ဓါတ်ဟာလူမျိုးတိုင်းရဲ့ pride ပါ၊ မည်းမည်းဖြူဖြူ ဘာဖြစ်သလဲ သဘာဝတရားပဲ၊ ရှက်စရာတစ်ပြားသားမှမရှိဘူး၊  စကာင်္ပူမှာ Singaporean ခံပြီးသွားလို့ မြန်မာလို့ ရခိုင်လို့ ဘင်္ဂလီ လို့ မပြောရဲတော့တဲ့လူနဲ့ တစ်တန်းစားထဲပါဘဲ။ ဗမာပြည်တုံးကတစ်ရုတ်မစပ်ဘဲ စင်္ကာပူရောက်မှတရုတ်အတင်းစပ်တယ်ပြော ငပိရည် ကို တစ်သက်လုံးစားလာပြီး Singaporean ဖြစ်သွားမှအနံ့မခံနိုင်တော့ဘူးဖြစ်သွား သူတွေလဲဒီအတိုင်းပါဘဲ ဒီလိုသူတို့ကမကြေငြာရင် ကျုပ်တို့က ဘယ်လိုခေါ်ရမတုံး၊ ကုလားလို့ ဟိုးတုံးက အဆက်ဆက်ခေါ်ခဲ့ရေးခဲ့တာလဲမကြိုက်ဘူးဆိုတော့ ပထမဆုံး Race သတ်မှတ်ချက်မှာတင် ဒီပြဿနာ မြန်မာပြည်မှာရှိနေပြီဆိုတာလက်ခံရမယ်၊
 Race, religion  နဲ့ Nationality ကို ခွဲခြားမသိတဲ့၊ စကားလုံးတွေရဲ့ အဓိပါယ်ကို မသိယောင် အလေးမထား အလေးမထားယောင်ဆောင်ခဲ့တဲ့ လူဝင်ကြီးရေးမှာ လုပ်ခွင့်ရခဲ့ပြီး မှတ်ပုံတင်ပေါ်မှာရေးသားခွင့်ထုတ်ပေးခွင့်ရခဲ့တဲ့၊ လူအချို့ကြောင့်၊ နိုင်ငံသားမှတ်ပုံတင်ပေါ်မှာ လူမျိုးနေရာမှာ ဘင်္ဂလီအစားရခိုင်၊ ဘာသာနေရာမှာမူဆလင်ဆိုပြီး မှတ်ပုံတင်လိုချင်သူရဲ့အကြိုက် လုပ်ပေးခဲ့တာတွေဟာ၊ ငွေကြေးလပ်လာဘကြောင့်ပါသလို၊ မသိနားမလည်မှု လူကိုယ်တိုင်ကအလေးမထားမှုလဲပါ ပါတယ်၊ မှတ်ပုံတင်တောင်ထုတ်ပေးပြီးမှတော့၊ ရခိုင်ရေးတာပဲ    မြန်မာမူဆလင် ရေးတာပဲ ငါတို့မနာဘူးထင်တာလဲပါမှာပါ၊  ၎င်း၏အကျိုးဆက်ကြောင့်နိုင်ငံအဝှမ်း မည်မျှရောက်ရှိနေပြီကို မည်သူသိမည်နည်း။ ဤနည်းလည်းကောင်း ခိုးဝင်လာသောသူများနှင့် နိုင်ငံတွင်းနေသူအားလုံး၏ မှတ်ပုံတင်တို့ passport လိုအပ်သည့်နေရာတွင်ပြရန် လက်မှတ် တစ်ခုသာဖြစ် ပြီး identify လုပ်ရန် card မဟုတ်နိုင်တော့သည့် အသုံးချခံ ကဒ်တစ်သာဖြစ်ပေတော့သည်၊သဘောဆိုရလျင် နိုင်ငံသားကက်ပါအချက်အလက်များသည် မှန်ကန်စရာမလို၊ အထောက် အထား Data base လောက်သာရှိနေရန် သာဖြစ်သည်ဟုယူဆမိပါသည်၊ ဤသို့ဝင်ရောက်လာသူများ၏ နိုင်ငံသားကဒ် အစစ်၊ passport အစစ်များလိုသလို ပိုက်ဆံပေးရယူနိုင်မှု လိုသလို Race & Religious နေရာတွင်ဖြည့်စွက်နိုင်မှုတို့ကြောင့် မဆလ,နဝတ ခေတ်အတွင်းမှာပင် တိုင်း ရင်း သားအချင်းချင်းကြားထဲတွင်ပင်၊ မဟာမြတ်မဏိ ဘုရားကြီးကို စစ်ပွဲနှစ်ကြိမ်ဆင်နွဲူသူမြောက်မြားစွာသေကြေပျက်စီးခံပြီး ပင့်ဆောင်ကြည်ညိုထားသော မျက်နှာကိုတောင်မထောက်ထားဘဲ၊ မင်းကရခိုင်ဆိုတော့ မူဆလင်လား ဝက်သားစားလား တက္ကသိုလ်ကျောင်းသားဘဝမှာ  တက္ကသိုလ် ကျောင်းသားအချင်းချင်းကြားမှာ အကြိမ်ကြိမ်အမေးခံဖူးသလို ကျောင်းပြီးလို့ နောက်ပိုင်းကြုံဆုံခဲ့ရတဲ့အသိုင်းဝိုင်းကြားမှာလဲ အမေးခံခဲ့ဘူပါတယ်၊  ကျနော့် generation ဟာ ၅တန်းကနေ ၁၀တန်းထိကျောင်းသုံး မြန့်မာ့သမိုင်းသင်ဖူးကြသူများချည်းဖြစ်ပါသည်။  ဒီလိုမျိုးမေးခွန်းကို မေးခံရ တာ ကျနော်တစ်ယောက်ထဲမဟုတ်လို ကျနော့် generation တစ်ခုထဲမဟုတ်ပါဟု ရဲရဲကြီး ကျမ်းကျိန်ပြောနိုင်ပါတယ်၊ ဒါဟာ မေးတဲ့သူရဲ့ အသိဥာဏ်နည်းမှုလား၊ တမင်နှိမ့်ချချင်မှုလား၊ မှတ်ပုံတင်မှာ လူမျိုး ဘာသာကို ကြုံသလိုရေးပေးတဲ့လူတွေကြောင့်လား၊ ခိုးဝင်လာသူတွေရဲ့ မလိမ့်တစ်ပါတ်လုပ်လိုမှုကြောင့်လားဆိုတာ ပါဝင်ပါတ်သက်တဲ့ ကာယကံရှင်တွေသာသိပါလိမ့်မယ် ကျနော့ကဲ့သို့အမေးခံ မိတ်ဆက်ခံခဲ့ဖူး တဲ့ သာဓကများ ကျနော့အသိုက်အဝန်းထဲတွင်တင် အများကြီးပါ၊
နောက်တစ်ခါ ကိုယ်တိုင်ကြုံရတာကတော့ကတော့ 1994 မှာ ကုန်ဈေးတန်းလမ်းထဲက ပြည်တွင်းကမြန်မာနိုင်ငံသားစစ်စစ်(မိမိအထင်)(Race လူမျိုး အမှန်မပြောပြတတ်ပါ-သူကတော့သူ့ကိုသူ ဗမာဟုပြောပါသည်၊ မှတ်ပုံတင်မကြည့်မိ၍ official race မသိခဲ့ပါ။ ဦးလေးခေါ်၍လည်းလက်ခံ၍ မာမူခေါ်လည်းပြုံးနေပါသည်။ကျနော်က ကုလားဟု ယူဆဖေါ်ပြလိုက်လျင်လည်းသူတို့ကြိုက်ကြမည်မထင်၍ မဖေါ်ပြတတ်ပါ။ ဦးနှောက်ခြောက်ပါသည်) ဗမာစကားကောင်းကောင်းပြောတတ်တဲ့ တစ်ပါတ်နွမ်း ငါးဖမ်း ပိုက်ကွန်တွေရောင်းတဲ့ ပွဲရုံပိုင်ရှင်ဆီမှာ သူ့ဆိုင်ကို ရနောင်းမှ မှောင်ခိုသွားပြီး လာလာသွင်းတဲ့ ရခိုင်စကားမပြောတတ်တဲ့ ဘင်္ဂလီ တစ်ယောက်နဲ့ ဒီမှာ ငါ့ customer မင်းတို့ရခိုင်ဘဲဆိုပြီးမိတ်ဆက်ပေးတော့ တော်တော်အခံရခက်ခဲ့ရပါတယ်၊ သူတို့လူမျိုးတွေကြားထဲမှာပြန်ပြောလိုက်ရင်၊ ကုန်ဈေးလမ်းအောက်ဘလောက်ထဲကထွက်ရောက်နိုင်မယ့်အခြေအနေ ရှိမယ်မထင်တဲ့ အတွက် ကိုယ့်စိတ်ကိုယ်ဖြေ ပိုက်ဆံချင်း ပစ္စည်းသယ်ပြန်လာခဲ့ရပါတယ်၊ပြန်လာခဲ့ရပါတယ်။ ခက်တာကလဲ ငါးဖမ်းပိုက်ဆိုင် တစ်ဆိုင်မှ ဗမာ ဒါမှမဟုတ်တိုင်းရင်းသားပိုင်ဆိုင် ရှာမတွေ့မိဘူးဗျ၊ ကိုယ်မသိတာလဲပါမယ်ထင်ပါတယ် ဒါအပြင် ဦးလေးကမှာတာမို့သွားဝယ်ရတာသာဖြစ်ပြီး၊ ပိုက်ကွန်အရောင်းအဝယ်မကျွမ်းကျင်ပါ၊ ပိုက်ကွန်ကို အလေးချိန်ပိဿဖြင့်ရောင်းပါသည်၊ လိမ်တတ်သည့်အထာများမသိခဲ့ မထင်ခဲ့၍၊ ရေထိုးရောင်းတာခံခဲ့ရပါသည်။ သင်္ဘောနဲ့ပို့လို့ကျနော့ဦးလေးရတော့ အလေးတော်တော်လျော့နေ၍ အဆူခံရပါသည်။
နောက်ထပ်ကျနော့အသိုက်အဝန်းအဖြစ်အပျက် တစ်ချို့ကို  ပြောပြရလျင်၊ ပထမ တခုက 1992 ခု ခန့်ကပါ ငယ်သူငယ်ချင်းရဲ့ညီ လိုဖြစ်ပြီး ညီလိုလဲ ခင်မင်ရင်းနှီးနေသော သူစ်ယောက်ရဲ့အဖြစ်အပျက်ပါ၊ သူ RIT နဲ့တက်နေပြီး သူ့သူငယ်ချင်းနဲ့ မြင်းခြံမြို့နယ်က ခြေဆေးကြီးကျေးရွာကိုသွားလည်တုံးကအဖြစ်အပျက်ပါ၊ သူအဲဒီကျေးရွာကိုရောက်သွားတုန်းက သူတည်းတဲ့သူငယ်ချင်းအိမ်က အဖေက မင်းကရခိုင်ဆိုတော့ ဘာကိုးကွယ်လဲပေါ့၊ သူကဟုတ်လားသူတွေ့ဘူးတဲ့ရခိုင်တွေကတော့ မဟုတ်ပါလား တခြားဘာသာကိုးကွယ်တယ်ပြောတော့ ရခိုင်လူမျိုးတွေအကြောင်း ဘိုးတော်ဘုရားမတိုင်ခင်ခေတ်ကနေ မန္တလေးမဟာမြတ်မုဏိအထိရှင်းပြလိုက်မှ၊ အတော်သဘောတွေ့သွားပြီး သူတို့နားလည်ပါးရိုက်ခံရမှန်း သဘောပေါက်သွားကာ၊  နောက်နေ့ညမှာ အနီးအနားက TV အိမ်မှာလာကြည့်နေကြလူတွေကိုစုပြီး TV ပိတ်ထားပြီးမင်းတို့အားလုံးအမှန်သိဖို့လိုတယ်ဆိုပြီး သူ့ကို ရှင်းပြစေခဲ့ပါတယ်၊
နောက်တစ်ခုက၊ ၁၉၉၈ လောက် ကျနော့်ရဲ့ယောက်ဖ GTI Mining ကျောင်းသား အဖြစ်အပျက် ပါ၊ သူတို့ကျောင်း ကလောကနေ အေးသာယာ ပြောင်းဖွင့်ကာစကာလပါ၊ သူတို့ ဘော်တွင်းမှာကွင်းဆင်းရတော့ ရခိုင်မှန်းသိတော့ ညဖက် ပွဲမှာ ရခိုင်ဆီမီးခွက်ပါတယ်လာကြည့် ရခိုင်မလေးတွေနဲ့မိတ်ဆက်ပေးမယ်ပြောလို့ ညဖက်သွားကြည့်တော့ ရခိုင်ဆီမီးခွက်အကကို ရခိုင်ဆိုပြီး ဘယ်တုန်းဒီမြို့ကိုရောက်နေကြမှန်းမသိတဲ့ Race မတူတဲ့ရခိုင်မဟုတ်တဲ့ ဘာသာလဲမတူတဲ့ ကို့ကိုယ်ကို တကယ်ပဲ Race  အမှန်မသိဘူးထင်ရတဲ့ ကလေးမလေးတွေက ကနေတာဖြစ်ပြီး မိတ်ဆက်ပေးတဲ့အခါမှာလဲ တစ်ကယ်ဘဲ သူတို့မျိုးနွယ် သူတို့လို ရခိုင် ပဲထင်ပြီး ဒီကောင်မလေး ဒီနေရာမှာတင်၊ မဟုတ်ဘူးဆိုတာရှင်းပြပလိုက်ရင်၊ အပြစ်မရှိဘဲအရှက်ရမည့်အပြင် ပြဿနာလုပ်ခဲ့ရင်လဲငါကတယောက်ထဲ၊ သူတို့မိသားစုတွေက မြို့ခံဖြစ်နေပြီဆိုတာတွေးပြီး စိတ်ပျက်ခံပြင်းစွာ ပြန်လာခဲ့ရတယ်လို့ပြောပြဖူးပါတယ်၊ အဲဒီ ကာယကံရှင်နှစ်ယောက်စလုံးဟာ၊ ယခုအခါ Singapore မှာအလုပ်လုပ်နေထိုင်လျက်ရှိပါသည်။
ပြောလိုတာက ဘယ်လောက်ပြန့်နှံ့နေပြီးသားဆိုတာရယ်  ဒီလူမျိုးအုပ်စုနှစ်ခုဟာ Amazon တော  လူမရောက်နေရာက Migrate လုပ်လာကြတာမဟုတ်ဘူး အကုန်လုံးဟာ ဟိုးတုန်းက အန္ဒိယ တိုက်လို့ ယေဘုယျအားဖြင့်ခေါ်ခဲ့တဲ့ဒေသအသီးသီးထဲကနဲ့ အဲဒါရဲ့အရှေ့ဖက် နယ်စပ် စစ်တစ်ကောင်းဒေသအပါအဝင်ရခိုင်ပြည်၊မြန်မာပြည်ထဲမှာပါဝင်ခဲ့မပါဝင်ခဲ့တဲ့ဒေသက လူမျိုးသတ်သတ်မှတ်မှတ်ရှိပြီးသားတွေပါဘဲ။
 ဒီလူတွေဟာ ဟိုဒီကူးသန်းခဲ့ကြတာဟာ passport တို့ I.C တို့မရှိတဲ့ခေတ်ကနေ passport တွေ I.C တွေ ပေါ်လာတဲ့ယခုခေတ်ထိ၊ ကူးလူးနေထိုင်တာရှိမှာမို့ တရားမဝင်လာသူဘဲဖြစ်ဖြစ်  တရားဝင်ဝင်လာသူပဲဖြစ်၊ နိုင်ငံသားမှတ်ပုံတင် ကိုင်ထားရထားပြီးမြေးမြစ်တွေရထားပြီးအတည်ကျနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ Identity ဖြစ်တဲ့ ကို့ဘိုးဘွားတွေရဲ့ အမှတ်သင်္ကေကို ဖျောက်ဖျက် ဖုံးကွယ်ဖို့ကြိုးစားတာဟာ ဒီလူတွေ ကိုယ်နေထိုင်စားသောက်နေတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေအပေါ်မှာ မရိုးသား ဘူး သစ္စာမရှိတတ်ဘူးဆိုတာပြနေသလိုဖြစ်နေ ပါလိမ့်မယ်။ အိန္ဒိယတစ်တိုက်လုံးနဲ့ မြန်မာပြည်နဲ့ ယိုးဒယားမှာကော လူမျိုး၊ မျိုးနွယ်စုတွေနဲ့ ယဉ်ကျေးမှုတွေဟာ ဟိုးပဝေသနီထဲကရှိကြပြီးသားပါ။ဘာလူမျိုးဘာစကားပြောတယ်ဆိုတာ၊ ဒိုင်းနက်တို့၊ကမန်တို့ မြိုတို့တောင်သတ်မှတ်ပြီးသားရှိနေပြီးသားဆိုရင်၊ ဒီလူတွေဟာလဲ ဒီဒေသတွင်းက နိုင်ငံတွေမှာနေထိုင်နေကြတဲ့ နှစ်ပေါင်းအကြာကြီးထဲကသတ်မှတ်ရှိထားပြီးသား Race တခုခု tribe တစ်ခုထဲက လူတွေပဲဆိုတာငြင်းနေစရာရှက်နေစရာ အသစ်ထွင်စရာ အယောင်ဆောင်နေစရာလဲမလိုဘူး။ ကုန်းဘောင်မင်းဆက်ကတည်း က စစ်တစ်ကောင်းတောင်တန်းဒေသကို အပိုင်စားပေး အုပ်ချုပ်စေခဲ့တဲ့ မျိုးရိုးစဉ်ဆက်ဟာ Bangladesh နိုင်ငံထဲ ပါသွားလို့မို့လို့ အဲဒီနိုင်ငံသားဖြစ်သွားကြပေမည့် ဒီလူမျိုးဆက်  မျိုးနွယ်အနေနဲ့ယခုထိနေနေကြတယ်ဆိုတာ သက်တောင် ပလန်တောင် တစ်ဆယ့်ခြောက်ဆက်မြောက်ခဲ့ပြီဖြစ်သော ဗိုလ်မင်းထောင် အကြောင်းသိသူတွေ ရောက်ဘူးသူတွေ ကောင်းကောင်းသိကြပါတယ်၊။ ဒီလိုဘဲရခိုင်လူမျိုး ဒိုင်းနက်လူမျိုးမြောက်မြားစွာဟာ၊ ယခုထိ ရခိုင်လူမျိုး ဒိုင်းနက်လူမျိုးများအဖြစ် ဘင်္ဂလားဒေ့ရှ် ဘက်မှာ နေထိုင်ကြပါသည်။ လူမျိုးတုယောင်ရန်စိတ်ကူးမရှိကြပါ။
ကျနော်ဘာသာရေးလူမှုရေးမကျဉ်းမြောင်းပါ၊ ကျနော့်တွင်ဘာသာပေါင်းစုံသူငယ်ချင်းများရှိပါသည်၊ ဘာမုန်းတီးစိတ်မှမရှိပါ၊ သူငယ်ချင်းစိတ်၊ မိတ်ဆွေစိတ်သာထားပါသည်၊  လူမျိုးအယောင်မှုသည် ဟိုတုန်းကတော့ရခိုင်ဟုထင်ယောင်ထင်မှားလုပ်ခဲ့ကြပြီး၊ ယခုအခါ ဖွဲ့စည်း ပုံပြင်ဆင်ဖို့၊ စနစ်တစ်ခုပြောင်းလဲဖို့ကြိုးစားကြသည့်အချိန်တွင်  ၄င်းအုပ်စုသည်၊ အဖွဲ့အစည်းအသီးသီး၏ အားနည်းချက်အားသာချက်များအား ဖြည်းစည်းပေးပြီး ဝင်ရောက်နေရာယူလာကြပြီး အစီအစဉ်ရှိရှိနှင့် နှစ်ရှည်လများလုပ်ဆောင်ထားကြကာ၊ ကမ္ဘာတွင် ရိုဟင်ဂျာဟုတစ်ဖန် လက်ခံလာအောင် ပြည်တွင်းအေးအေးဆေးနေမြန်မာများသတိမထားခင် UN မှာ status အရင်ရှိနေအောင်လုပ်ထားကြပြီးမှ မြန်မာနိုင်ငံပြောင်းလဲချိန်နဲ့ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာပြီးတမ္ဘာလုံးမြန်မာကို အာရုံစိုက်နေကြချိန်မှာ၊ ကျောက်နီမော်ကိစ္စ စတင် မီးမြိုက်တာ၊ ဒီဟာရဲ့အကျိုးဆက်ဖြစ်တဲ့ တောင်ကုတ်ကိစ္စဟာ ရက်ရက်စက်စက်ကိစ္စဖြစ်တာမှန်ပေမဲ့ သေဆုံးသူဘာသာရေးဆရာတွေဟာ ပြည်မဖက်က နေထိုင်တဲ့ ပြည်မဘက်ကလူတွေမို့ ဒေါသထွက်စေသင့်တာက ပြည်မဘက်က ဒီဘာသာကိုးကွယ်တဲ့ လူတွေပါ၊ ဒီလူတွေကဒေါသထိမ်းနိုင်ခဲ့ပြီး၊ မောင်းတောဖက်က ဧည့်သည်တွေက ခလေးလူငယ်တွေပါရှေ့ကတင်ပြီး ကြိုတင်စနစ်တကျစီစဉ်ပြီး မောင်းတောတစ်နယ်လုံးက လုံခြုံရေးအားနည်းဒေသတွေမှာ မီးရှို့သတ်ဖြတ်ခဲ့တာတွေဟာ၊ အစိုးရလုပ်ဆောင်တာလို့ချည်းစွပ်စွဲ၍မဖြစ်ပါ၊ ဒီလူမျိုးတွေ့ရဲ့သရုပ်အမှန်ကို ပထမဆုံးအကြိမ်၊မြန်မာ့ Media ရှေ့မောက်မှ စချပြလာတာဟာ ဘာအတွက်လဲ၊ NGO နဲ့ UN မှာ သူတို့ကပြထားတဲ့ သနားစရာလှည်စီးဒုက္ခသည် Rohinga သရုပ်ကို ကမ္ဘာက အာရုံစိုက်အောင် မြန်မာအပြောင်းအလဲမှာဒီလူတွေရဲ့အရေး အာရုံစိုက်အောင် လုပ်တာခန့်မှန်းနိုင်မယ်လို့ယူဆပါတယ်၊ ဒါပေမယ့် လက်ရှိအစိုးရက တစ်ဖက်မှာ ကိုယ့်ဆရာအဆက်ဆက်လုပ်ခဲ့တာမို့ ခိုးဝင်တာမဟုတ်ဘူး လူဦးရေပေါက်ကွဲတာဆိုပြီးပြော၊ ဒါပေမယ့် Rohinga ဆိုတဲ့ကိစ္စကို လုံးဝမရှိဘူးလို့ အစိုးရက တရားဝင် အကြိမ်ကြိမ်ငြငင်းဆန်တဲ့အခါကျတော့၊ ဒီလူအုပ်စုဟာ၊ ဒီပြဿနာ ဒီဘာသာကိုးကွယ်တဲ့ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ခေတ်အဆက်ဆက် နေထိုင်တဲ့ဘာသာတူလူမျိုးတွေနဲ့ပါဖြစ်လာအောင်မီးစလေးတွေ ဟိုနားတစ်စ၊ ဒီနားတစ်စ ချနေတယ်လို့ယူဆရပါတယ်။ မြန်မာတစ်ဝှမ်လုံးမှာကော၊ ရခိုင်ဆိုပြီး နေ နေကြတဲ့ မြန်မာမူဆလင်ဆိုပြီးကြွေးကြော်နေထိုင်ကြတဲ့သူ ဘယ်လောက်ရှိနေပြီလဲဆိုတာ၊ ဘယ်လိုသိနိုင်မလဲ၊ဘယ်လို တရားဝင်ခွဲခြားနိုင်မလဲဆို၊ အယင်စဉ်းစားသင့်ပါတယ်၊။ ကျနော်သေချာပြောနိုင်တာတစ်ခုရှိတယ်၊ Rohinga တွေအကုန်လုံးတိုင်းရင်းသား နိုင်ငံသားမှတ်ပုံတင် unconditional ပေးမယ်ဆိုရင်တော့ ဗမာပြည်တစ်ဝန်း Rohinga ဖြစ်ျခင်တဲ့သူ ဘယ်လောက် ပေါ်လာမလဲဆိုတာသိရပါလိမ့်မယ်၊ အဲဒီတော့မှ ကျုပ်တို့တွေအကုန်လုံး တိုင်းဒေသကြီွးနဲ့ ပြည်နယ်တိုင်းမှာ သူတို့တွေအတွက် တိုင်းရင်းသားရေးရာဝန်ကြီးတွေ ပေးလာရလိမ့်မယ်။ အဲလိုဆိုရင်ခင်ဗျားတို့ဘာကြောင့် ဒီလူတွေ Ethnic တောင်းနေရသလဲ၊ ဘာလို့ Race တစ်ခုသတ်မှတ်ရုံနဲ့ မကျေနပ်ဘူးလဲ၊ ဒီမှာနေလာတာ ကြာတဲ့အုပ်စုကလဲ၊ နေရာတိုင်းမှာ လူဦးရေပြည့်မှီနေပါလျက် သူတို့ရဲ့ရေးရာဝန်ကြီးတွေ မလိုချင်ပဲနေကြမလားဆိုတာတွေးနိုင်ပါလိမ့်ဘဲ၊ ဒီတော့ British Colony ခေတ်ကထည်း အပြည့်အဝချစ်ကြည်မှု ယုံကြည်ညီညွတ်မှု မရသေးလို့ ပြဿနာသောင်းခြောက်ထောင်ကျန်နေသေးတဲ့ တိုင်းရင်းသား ညီညွတ်ရေးတွေရဲ့ပြဿနာတွေတောင်မပြီးမပြတ် ရှင်းလေရှုတ်လေဖြစ်နေဆဲမှာ အုပ်ချူပ်လာခဲ့တဲ့အာဏာအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီပြောင်းချင်တဲ့အဖွဲ့အစည်းတွေ၊  အမျိုးသားရေး ဘာသာရေးကို ကာကွယ်ရမယ်လို့ယုံကြည်တဲ့အဖွဲ့အစည်းတွေ၊  နဲ့ လူမှုရေးပဲလုပ်နေပါတယ်ဆိုတဲ့ အများအကျိုးဆောင်အဖွဲ့တေ၊ွ ရဲ့ကြားထဲမှာ ကျောက်ခဲတုံးကြီးဝင်ညှပ်တာဟာ၊ လောလောဆယ်နိုင်ငံရေးအကျိုးအမြတ် အမျိုးသားရေးအကျိုးအမြတ်ရဖို့လှုံ့ဆော်သည့်သူများထက်၊ မိမိ အပြစ် မိမိဆရာအပြစ်များကို လမ်းလွဲစေချင်သည့်သူများနှင့်  တိုင်းပြည်ရဲ့ reformacy ဖြစ်လာနိုင်တာကိုကြိုတွက်ထားလို့ နိုင်ငံတကာမှာကော ပြည်တွင်းအဖွဲ့အစည်းတွေတိုင်းနီးပါးမှာ အရေးပါတဲ့ထဲထဲဝင်ဝင်ရောက်နေကြတဲ့လူတွေရဲ့ နောက်ကွ ယ် ကလှုပ်ရှားမှုများမပါဘူးဟုမည်သူပြောနိုင်မည်နည်း။
တိုင်းပြည်လက်ရှိအုပ်ချုပ်နေသူများတွင် လက်ရှိပြဿနာများ၏တာဝန်ကိုအပြည်အဝယူရမည်ဖြစ်သလို၊ ပြဿနာများအပေါ်မှာ မည်သူက မည်သည့်အုပ်စုက မီးပွားချဖို့ကြိုးစားသည်ဖြစ်စေ pong နှစ်ကောင သုံးကောင်လုံ်းလုံးခွစီးထားရမှာမို့ အမြတ်ချည်းဆိုပြီး ပေးနေတာမျိုးဆိုရင်ဖြင့် နောက်ထပ်ရင်နာ ဇါတ်နာစရာ အများကြီး ဝမ်းနည်းဖွယ်ရာရှိလာနိုင်ပါတယ်၊ ယခုအခြေအနေကတော့ ခေတ်အဆက်ဆက်ညီညွတ်ခဲ့ကြတဲ့  အတိုက်အခံ institution (နိုင်ငံရေးအခြေခံ တွေ, ဘာသာရေးအခြေခံအဖွဲ့အစည်းတွေ၊ လူမှုရေးအခြေခံ အဖွဲ့အစည်းတွေအကုန်လုံး) ခဲတစ်လုံးထဲနဲ့ထင် အပေါ်ပိုင်း ကွဲမကွဲယိုင်မယိုင်တော့မသိဘူး အောက်ခြေပိုင်းမှာတော် တော်ယိုင်သွားတယ်လို့ခံစားမိပါတယ်၊ အမျိုးသားညီညွတ်ရေးဖက်ကကြည့်ရင်အလွန်ဝမ်းနည်းစရာပါ၊
ဒါဟာ 2015 မှာအစိုးရလုပ်ရမယ့် အဖွဲ့အတွက်၊ တပ်က တစ်မတ်သား ယူပြီးသားလွှတ်တော်မှာ တိုင်းရင်းသား ပါတီအသီးသီးက တက်လာတဲ့ အင်အားတွေလဲ ရှိအုံးမှာမို့ ပြည်မအတွင်း ကကိုယ်စားလှယ် အင်အားပြိုင်ဖို့  အမျိုးသားရေးပိုတက်ကြွသူနဲ့ လစ်ဘရယ် ပိုဖြစ်သူတွေကြား ခဲခုအောင်လုပ်ပြီး၊ နောင်လွှတ်တော်မှာ NLD အမတ်အများစုရသည့်တိုင် ၅၀% မကျော်ရင် အစိုးရဖွဲ့နိုင်မည်မဟုတ်သဖြင့်  ၂၅% တပ်မတော်နဲ့ရော  ဒုတိယအများဆုံးပါတီကိုယ်စားလှယ်နဲ့ဖြစ်စေ တိုင်းရင်းသားပါတီများနင့်ဖြစ်စေ ညှိနှိင်းမှအစိုးရဖွဲ့နိုင်မှာမို့၊ အင်အားခိုင်မာပြီး ဆုံးဖြတ်တွေချမှတ်ဖို့ အခက်အခဲတွေအများကြီးနဲ့ တွေ့ဆုံနိုင်ပါတယ်၊
2015 မှာတက်လာမယ့်အစိုးရဟာ ကြံ့ဖွတ်မဖြစ်ခဲ့ဘဲ NLD ဖြစ်စေ၊ ညွန့် ပေါင်းအစိုးရအဖွဲ့ဖြစ်စေ၊ တစ်ခြား ပါတီအစိုးရဖြစ်စေ၊  တက်လာခဲ့ရင်၊ လက်ရှိဖွဲ့စည်းပုံအရ၊ လွတ်တော်မှရော အစိုးရအဖွဲ့မှာ သြဇာအာဏာ ကောင်းနိုင်မှ သာလျင် ၊ ဒါမှမဟုတ်လွှတ်တော်ထဲ အစိုးရအဖွဲ့ထဲရောက်လာကြမည့် အဖွဲ့အသီးသီးမှ ကိုယ်စားတော်အများစုအား စည်းရုံးညီညွတ်ဆန္ဒချင်းတူကြအောင် စည်းရုံးဆွဲဆောင်နိုင်ပါ မှသာလျင်
မူဝါဒအသစ် policy အသစ်တွေ လမ်ကြောင်းသစ်အမှန်တွေကို အကောင်အထည်ပေါ်လာလိမ့်မယ်လို့ထင်ပါတယ်၊ ယခုအချိန်ထိကတော့ investment တွေလက်ခံတာမှာ ကိုယ်နိုင်ငံမှာ manage လုပ်နိုင်တဲ့လူမရှိတာအကြောင်းပြပြီး ရှိသမျှ Seaport တွေ လေဆိပ်တွေ၊ Special economic zone Mega industrial zone ကို ဆောက်လုပ်ခွင့်နှင့်အတူ  နှစ်ပေါင်း များစွာ လုပ်စားပိုင်ခွင့်ပေးတာဟာ လောလောလပ်လပ်၊ ဝင်ငွေရမယ်၊ ငါတို့လက်ထက် ပိုက်ဆံမကုန်ပဲ၊ တိုင်းပြည်တိုးတက်သွားတယ်ဟု သူတို့အတွေးနဲ့ဆိုနိုင်ပေမယ့် ရေရှည်စဉ်းစားရင်၊ လူအများ ပြည်တွင်းနေရင်းနဲ့ ကျွန်ဖြစ်ကြပြီး management level ကို local ထဲက ရလာဖို့ အလွန်ခက်ခဲပါလိမ့်မယ်၊ တစ်ကယ့်တိုင်းပြည်ရဲ့ infrastructure တွေ၊ ကို ရေရှည် master plan နဲ့မသွားပဲ၊ billion နဲ့ချီတဲ့အကြွေးတွေကို ကျေအောင်ညှိနိုင်တယ်အကြောင်းပြပြီး၊ ကိုယ့်ဆီကဘာတွေရေရှည်မှာ Trillion လောက်ဆုံးရှုံးသွားနိုင်တာကို ဖုံးဖိပြီး၊ ကိုယ်မပိုင်ဆိုင်တဲ့လေဆိပ်တွေဆောက်ပြနိုင်တာ၊ ကိုယ်မပိုင်ဆိုင်တဲ့ ဆိပ်ကမ်းကြီးတွေ ဆောက်ပြနိုင်တာကို ပြည်သူတွေက ဝမ်းသာသင့်သလား ဝမ်းနည်းသင့်သလား၊ ဒါနောက်အစိုးရတွေပြန်ပြင်ဖို့မလွယ်တဲ့ အမွေဆက်ခံရမယ့်ဟာတွေဖြစ်တယ်၊ ထင်မြင်ယူဆပါကြောင်း ရေးသားရင်း ရပ်နားခွင့်ပြုပါ