စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, August 30, 2013

မြန်မာနိုင်ငံသား၊(Citizenship/Nationality) အဖြစ်အသိအမှတ်ပြုခြင်းနှင့် မှတ်ပုံတင်၌ လူမျိုး(Race) ၊ ဘာသာ (Religion) ဖေါ်ပြခြင်းနှင့် ကျနော့်၏ ထင်မြင်သုံးသတ်မှု



အသိမိတ်ဆွေတစ်ယောက်ရဲ့ အမှတ်တမဲ့ သုံးစွဲသွားတဲ့ စကားလုံးအသုံးအစွဲပေါ်မူတည်ပြီး တွေးတောရင်းက၊ မြန်မာနိုင်ငံရဲ့ အရေးကြီးဝန်ကြီးဌာနတစ်ခုက နှစ်ပေါင်းများစွာ အမှတ်တစ်မဲ့ သုံးစွဲခဲ့ကြတဲ့ ဝေါဟာရတွေဟာ လူမျိုး မတူ ဘာသာမတူ လူတွေကြားနဲ့ နိုင်ငံသားအဓိပ္ပါယ်ဖေါ်ဆောင်မှုနဲ့ race identification လုပ်ရာတွင်ပါရောထွေးသွားစေနိုင်တာကို ရေးသားချင်စိတ် ပေါ်လာမိတာနဲ့ ချရေးမိပါတော့တယ်
လူမျိုးတိုင်းလူမျိုးတိုင်းဟာ ဘယ်ကိုရောက်ရောက် ဘယ်မှာနေနေ ဘယ်နိုင်ငံသားခံခံ ကိုယ့်ရဲ့ မွေးရာပါ အမှတ်အသား၊ လက်ဗွေရာ နဲ့ ကိုယ်အဖေအမေ မွေးပေးလိုက်တဲ့  အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ Race ဟာ ပြောင်းလဲပြစ်၍မရပါ၊၊ ပြောင်းလဲလိုသူများ၊ ပြောင်းလဲဖို့ ကြိုးစားကြသည့်အုပ်စုများမှာ အောက်ပါ Categories ထဲမှလူများသာဖြစ်ပေလိမ့်မည် ဟုယူဆမိပါသည်။
1) မိမိ၏အတိတ်ကို အကြောင်းအမျိုးမျိုးကြောင့်ဖုန်းကွယ်လိုသူများ (ပြစ်မှုတစ်ခုခုဖြင့် ရှောင်တိမ်းနေသူများ၊ နိုင်ငံရပ်ခြား သူလျိုဝန်ထမ်းများ၊ တစ်ခြားပုဂ္ဂလိကခံစားချက်ရှိသူများ၊)
2) နိုင်ငံရ်ခြားတစ်နေရာ တရာမဝင်သွားရောက်ပြီး နေထိုင်စဉ်ကာလအတွင်း ဖမ်းဆီးစစ်ဆေးမှုများမှလွတ်ကွင်းစေရန်ရည်ရွယ်၍ ဒေသခံများနှင့်တူအောင် ပုံတူရိုက်ခြင်း၊
3) နိုင်ငံတစ်ခုခုခိုးဝင်ပြီးတရားဝင် နေထိုင်နိုင်သည့် နည်းလမ်းကိုအသုံးချနိုင်ရန် false identification လုပ်ခြင်း၊
4) အခွင့်အရေးပိုသာ/ရ မည်ထင်၍ false identification လုပ်ခြင်း
    ဒါတွေဟာကျနော်တွေးမိတဲ့အချက်တွေဘဲရှိပါသေးတယ် ဒီထက်များတဲ့ အကြောင်းအချက်တွေရှိအုံးမှာပါဘဲ၊
ကျနော်တို့နိုင်ငံမှာ နိုင်ငံသားအဖြစ်ကို  မှတ်ပုံတင် တစ်ခုလုပ်လို့ရတာနဲ့ ဖြစ်သွားပါပြီ၊ အများပြည်သူသိကြတဲ့အတိုင်း ၊ ခြစားမှုတွေ၊ အာဏာပြပြီး နည်းဥပဒေ ဘောင်အတွင်းက လုပ်ဆောင်ရတဲ့ အဆင့်တွေကို ကျော်လွှားသွားတဲ့ကိစ္စ တွေကနှစ်ပေါင်းများစွာနေရာတစ်ကာရှိနေခဲ့တာမို့
နယ်စပ်များမှတစ်ဆင့် ဝင်လာကြသူများဟာ များမကြာမီ နိုင်ငံအနှံ့ ရောက်ရန်ကြိုးစားပြီး လုပ်ရလွယ်သည့်မြို့နယ်တစ်နေရာမှ ကဒ်ရအောင်ထုတ်ကာ ငွေရှာရလွယ်ပြဿနာနည်းသည့်နေရာ ရောနှောလွယ်သည့် အရပ်များတွင်သွားရောက်အခြေချကြပါသည်၊ သို့သော်ငြားလည်း မြန်မာစကားကျွမ်းကျွမ်းကျင်ကျင်မပြောတတ်သေးသည့်သူများကမူ မှတ်ပုံတင်တွင် မြန်မာမူဆလင်ထဲ့လျင် ဒုက္ခတွေ့နိုင်သည်မို့ ရခိုင်မူဆလင်လုပ်ကြပါတော့သည်။ ရခိုင်စကားမသိနားမလည်သောအရပ်များမှလူများမှာ မြန်မာ့သမိုင်းနဲ့ မဟာမြတ်မုဏိဘုရားသမိုင်းကြားဘူးရဲ့သားနဲ့ရခိုင်လူမျိုး မူဆလင်တွေလဲပေါသားဘဲ ဟု ယုံလွယ်လက်ခံလိုက်ကြပါသည်။   ဒီလိုမလိမ့်တစ်ပါတ် လုပ်ခံရတဲ့ဇါတ်လမ်းတွေအများကြီးပါ။ ဗမာရည်လည်အောင်ပြောနိုင်ကြတဲ့အချိန်ရောက်တော့ တစ်နေရာထပ်ပြောင်းရွှေ့လို့ ဖြစ်စေ၊ သူတို့ကလေးတွေဖြစ်စေ မြန်မာမူဆလင်ပြောင်းဘို့ လုပ်ကြပါတော့တယ်၊  မြန်မာအစိုးရအဆက်ဆက်ကလဲ၊ Nationality ကို Burmese လုပ်လိုက် Myanmar ဘဲ မှန်တယ်ပြောင်းလိုက် လမ်းနာမည်တွေပါပြောင်းလိုက် အလံပြောင်းလိုက်မြို့ပြောင်းလိုက်လုပ်နေတော့ နိုင်ငံတကာမှာ Burma ဆိုတာဘာမို့လို့ မြန်မာလို့သုံးရတဲ့အကြောင်း၊ရှင်းပြလို့နားမလည်သေးရင်၊ ပြောင်းချင်လို့ပြောင်းတယ်လို့မှတ်လိုက်ကွလို့ အာပေါက်အောင်ပြောနေရတဲ့အချိန်မှာ မြန်မာ လူဝင်မှုဌာနရဲ့ ဝန်ထမ်းအချို့ဟာလဲ စကားလုံးအသုံးအစွဲတွေကြားမှာ မသဲကွဲခဲ့ဘူလို့ယူဆရပါမယ်၊  အဲဒါတွေကတော့ ရခိုင်ဘက်ကအခြေကျလာခဲ့သူတွေလို့ထင်တဲ့ ဘင်္ဂလီ race တွေကို မှတ်ပုံတင်ကတ်ရဲ့ Race နေရာမှာ  ရခိုင်မူဆလင်ဟုဖေါ်ပြမှု၊ မြန်မာပြည်တွင်ဟိုးရှေးကထဲကနေထိုင်လာခဲ့သည်ဟုယူဆသူများကို Race နေရာတွင် မြန်မာမူဆလင်ဟု လက်လွတ်စပါယ်ရေးသားမှုများဟာ Race identification ကိုရှုပ်ထွေးဝေဝါးစေပါလိမ့်မည်။ မရေးစေချင်လျင်၊ Race နှင့် Religion ကိုလုံးဝမထည့်ပါနှင့်၊ ထည့်မည်ဆိုပါက အာဏာတာဝန်ရှိသူများမှ Guide line ပြတ်ပြတ်သားသတ်မှတ်ရလိမ့်မည်၊ လိမ်ဖြည့် ချင်သလိုဖြည့်ခြင်းမဖြစ်စေရ၊ မူဆလင်ဟူသောဝေါဟာရသည်  တမ္ဘာလုံးတွင်ဖြန့်ကျက်နေထိုင်ကြသော Islam ဘာသာကိုးကွယ်ယုံကြည်သော လူမျိုး (Races) များကိုခြုံငုံခေါ်ဆိုခြင်းဖြစ်သဖြင့် မှတ်ပုံတင်၏ လူမျိုး(Race) နေရာတွင် မူဆလင်ဟုဖြည့်စရာမလိုအပ်ဟုယူဆပါသည်။ Race(လူမျိုးအတိအကျရေးလျင်ပင်လုံလောက်ပြီယူဆပါသည်။ (ဘာသာ(Religion) နေရာ၌ Islam, Buddhist, Catholic, Christian , Free Thinker စသည်ဖြင့် ပြည့်စုံပြီးသားဟု ယူဆပါသည်။ နိုင်ငံသားကဒ်ကိုင်ဆောင်သူတိုင်းသည် မြန်မာနိုင်ငံသား မြန်မာဟု သတ်မှတ်ပြီးသားပင်ဖြစ်သည်။ Race နေရာတွင် ဗမာတိုင်းရင်းသားစစ်စစ် Islam ကိုးကွယ်သူမဟုတ်ဘဲ ဗမာမူဆလင်၊ ရခိုင်တိုင်းရင်းသား Islam ကိုးကွယ်သူမဟုတ်ပဲ ရခိုင်မူဆလင်၊ မြန်မာနိုင်ငံသားဖြစ်ပြီးဖြစ်လျက် ကို့ရဲ့ Race အမှန်ကိုမသုံးဘဲ Race နေရာတွင် မြန်မာမူဆလင်ဟု ဖြည့်စွက်ခြင်းမျိုးသည်။ နိုင်ငံသားကဒ်လျောက်သည့်လူတွင်ရော ကဒ်ထုတ်ပေးရန် process အဆင့်တွင်ပါဝင်သောဝန်ထမ်းတိုင်းတွင်တာဝန်ရှိသည်ဟုယူဆသည်။
 Race တွင်ဖြည့်သည်မှာ  နိုင်ငံသားစစ်တစ်ယောက်သည် မိမိ နှစ်ဖက်အဖိုးထိ Race ကိုသိပြီးသား မို့မှားရေးစရာမရှိပါ၊ တစ်ရုတ်လူမျိုး မှန်လျင်တစ်ရုတ်၊ Tamil လူမျိုးမှန်လျင် Tamil၊ Hindi၊ Sigh၊ Bangli(လူမျိုးကွဲများလည်းရှိနိုင်သည်၊) Jew , British ,စသည်ဖြင့်ကမ္ဘာသမိုင်း ထဲမှာ၊သတ်မှတ်ရှိထား သိပြီးသား   Race ဖြင့် Standard race list တစ်ခုပြုစုပြီး Guide Line လုပ်ပေးသင့်သည်။ ၎င်း guideline အားလည်း လက်ရှိမြန်မာနိုင်ငံသားစစ်စစ် Race အမျိုးမျိုးထံ (Ethnic များ Tribes မပါ ပါ Ethnic 135 မျိုးသတ်မှတ်ပြီးဖြစ်သည်) မှ နားလည်လက်ခံရလိမ့်မည်။
ကျနော်ဤနေရာ၌  ဂုဏ်ယူလေးစားသင့်သော အုပ်စုနှစ်ခုပြောပြချင်ပါသည်။
တစ်ရုတ်ပြည်ကွန်မြူနစ် တော်လှန်ကာလအတွင်း တိုင်းပြည်မတည်ငြိမ်၍ ရောက်ရှိနေထိုင်ကြသော တစ်ရုတ်လူမျိုး တော်တော်များများနှင့်၊ British Colony ခေတ်ကထဲကရောက်ရှိလာကြသော၊ Sigh လူမျိုး တွေအချို့နဲ့သူတို့ရဲ့သားသမီး မြေးမြစ်တွေဟာ 2FRC 1FRC အဖြစ်နှင့် ခေတ်အလိုက်ပြောင်းလဲနေတဲ့ဥပဒေဘောင်ထဲကရတဲ့အခွင့်အရေးနဲ့ပဲ စာဘယ်လောက်တော်တော် နေသွားကြတာကိုမှတ်တမ်းတင်စံနမူနာပြသင့်ပါသည်။
ဒါတွေဟာသူတို့ရဲ့ pride တစ်ခုပါပဲ၊ ခိုးဝင်ပြီး နိုင်ငံသားဝယ်လုပ်ယူတဲ့အပြင် ကိုယ့်လူမျိုးအမှန်မကြေငြာသူတွေ၊ ဒီနိုင်ငံမှာ ကာလရှည်ကြာစွာနေထိုင်ပြီး ဥပဒေနှင့်အညီ၊ နိုင်ငံသားဖြစ်နေသော်လည်း မိမိ၏ လူမျိုးအမည် အမှန်မသုံးပဲ၊ မြန်မာဟူသောစကားတပ်လျက်ပြည်တွင်း၌သာသုံးသည့် မှတ်ပုံတင်၌ မလိမ့်တစ်ပတ်ဖေါ်ပြချင်သူတွေ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုရောက်လို့ နိုင်ငံသားခံယူဖို့ အခွင့်အရေးရတဲ့အခါကျတော့၊ မြန်မာ မတတ်ချင်၊ Ethnic မတတ်ချင် အခွင့်ရေးသာ၊ လူပိုအထင်ကြီးမယ်ထင်တဲ့၊ ကိုပိုချစ်တဲ့ race တို့ Ethnic တို့ အဖြစ်ကြေငြာချင်တဲ့ ဒေါင်းယောင်ဆောင်ချင်တဲ့၊ အခွံရှိရက်နဲ့ဝင်ကစွတ်ထပ်လုပ်ချင်တဲ့ ကို့ကိုယ်ကိုသစ္စာမဲ့တဲ့ သုံးဖန်လှတိုင်း၊ရောက်အရပ်တိုင်းရတဲ့အခွင်အရေးထက်အမြဲပိုလိုချင်တဲ့လူ့လောဘသမားတိုင်းအတုယူသင့်ပေသည်။ 
အမှန်က လူမျိုးတိုင်းမှာ အလှကိုစီရှိပြီးသားပါ၊ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့နည်းဖြင်ဂုဏ်ယူတတ်ရန်သာလိုပါသည်ဟု တိုက်တွန်းရင်း၊ Ethnic တိုင်း Races တိုင်း ကိုယ်ဂုဏ်ကိုယ့်အလှ၊ ကို့စည်းသူ့စည့် မဖေါက်၊ ကိုရသည်ထက်ပိုလိုချင်သည့် ဝိသမလောဘမထားဘဲ၊ လွှမ်း မိုး ဖျောက်ဖျက်ဖို့မကြိုးစားပဲနေနိုင်ကြပါစေဟုတိုက်တွန်းရင်း အားလုံး အား ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် ခဏနားခွင့် ပးပါ။

tat86 Bumi

No comments:

Post a Comment