စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, February 24, 2014

အီကွေတာ မြက်ခင်းမှသည် ရွှေကံ့ကော်တောက ကတ္တီပါပန်းကော်ဇော အား လွမ်းမောတမ်းတမိခြင်း

ယခုတစ်လော အပြင်ထွက်တိုင်းတစ်ခုခုမှားနေသလားထင်ရလောက်အောင် မြင်ကွင်းများထူးခြားနေသည် ထင်မိပါသည်။ မိမိစိတ်ထင်များဖြစ်နေလေသလား တော့ မပြောတတ်တော့ပါ။

Singapore နိုင်ငံသည် တစ်နှစ်ပတ်လုံးတစ်နှစ်ပတ်လုံး မိုးရွာလိုက်နေပူလိုက်နဲ့ ပတ်ရှာလည်ရိုက်နေကာ ဆောင်းဥတုမရှိဘဲ Tropical rain forest climate ရာသီဥတု ဒါမှမဟုတ် ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့ Tropical/equatorial evergreen forest တွေနဲ့အ မြဲစိမ်းလန်းနေတဲ့ အီကွေတာနားက အိုအေစစ် မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့အပြင်၊ နိုင်ငံတော် ၏ ဘဏ္ဌာငွေ အတော်များများ သုံးပြီး ပန်းခြံများ နှင့်လမ်းဘေးမကျန် အပင်ကြီးငယ်များ နေရရာအနှံစိုက်ပျိုးထားကာ အပင်ကြီးငယ် ပန်းပင် တစ်ခုခုမရှိဘဲ လပ်ဟာနေသေးသည့်နေရာများတွင်မူ  မြက်ပင်များဖြင့် စိုက်ပျိုးဖြည့်တင်းထားသည်မို့ ဘယ်နေရာကြည့်ကြည့် မြစိမ်းရောင် ကတ္တီပါကော်ဇေါများနေရာ အနှံ့ခင်းထားသလားထင်ရပါသည်။

Contractor တစ်ဦးဦးက မြေနေရာ တစ်ခုခုကို ယာယီ  သိမ်းပိုက် အသုံးပြု လိုပါကမြေယာ စီမံခန့်ခွဲမှုများကို  အသီးသီးလုပ်ကိုင်နေကြသည့် အာဏာပိုင်၊ အဖွဲ့အစည်း၊ ကော်ပိုရေးရှင်း များဖြစ်ကြသည့် URA(Urban Land Authority) , N-Parks( National Parks Board) တစ်ခုခုထံမှ သူတို့နှင့်ပတ်သက်သည့်် မြေနေရာကို ခတ္တ ယာယီ သိမ်းပိုက်ခွင့် TOP(Temporary Occupation Permit) လျောက်ထားရပြီး approve ဖြစ်မှသာ စည်းမျှဉ်းနဲ့အညီ အသုံးးပြုခွင့်ရကြပါသည်။။ ကိုယ် ငှား၍ရသည့် နေရာ၌ရှိသည့် အပင် တစ်ပင်ပင် ခုတ်လဲလိုပါက လည်း၊ အကြောင်းပြချက်များပေး၍ လျောက်ထားကြရကာ အပင်၏ တန်ဖိုး အတိုင်း ငွေပေးသွင်းပြီးမှသာ ခုတ်ဖြတ်ခွင့် ရကြပါသည်။  မြက်စိုက်ထားသည့် မြေဆိုလျင်လည်း၊ ၎င်းမြေပေါ်တွင်မြက်စိုက်ပေးခဲ့ရပါသည်။ LTA (Land Transport authority) အောက်မှာ စီမံကိန်းကြောင့် N-parks လက်အောက်မှ အပင်တစ်ပင်၊ မြက်တစ်ကွက်အား ခုတ်လှဲရှင်းလင်းရန် လိုအပ်လျင်လည်း(အစိုးရဌါန အချင်းချင်းဘဲဖြစ်စေ) ဤနည်းဥပဒေ အတိုင်းသွားရသလို ပုဂ္ဂလိက project များအတွက်လည်း(အစိုးရဌါန အချင်းချင်း မဟုတ်သည် ဖြစ်စေ) ဒီနည်းဥပဒေပင်ဖြစ်၏။

ဤ လမ်းဘေး ဝဲယာ၊ ပန်းခြံများရှိ သစ်ပင်၊ ပန်းပင်၊ မြက်ပင်များအား သက်ဆိုင်ရာဌါန (သို့) contract ပေးပြီးတော့လည်း၊ လိုအပ်သလို အသစ်စိုက်ပျိုးခြင်း၊ ထိမ်းသိမ်းခြင်း၊ ရေလောင်းပေးခြင်းများအား ပုံမှန်လုပ်ဆောင်ပေးထားပါသည်။

ဆိုလိုသည်သည်မှာ စကာင်္ပူသည် အမြဲစိမ်းလန်းနေဖို့ ရာသီဥတုက အထောက်အပံ့ပေးသလို၊ အစိုးရကလည်း ငွေကြေးအကုန်အကျခံပြီး ပေါ်လစီ၊ စီမံခန့်ခွဲမှု၊ ငွေကြေးအင်အားဖြင့်ပါ စံနစ်တကျ ထိမ်းသိမ်းမှုစောင့်ရှောက်ထားမှုကြောင့်
အရှေ့တောင်အာရှ၏ Beautiful Garden City တစ်ခုဟု ပြောကမှားမည်မထင်ပါ။

ဤသို့ ဘယ်နေရာကြည့်ကြည့် သံကူကွန်ကရိတ် အဆောက်အဦးများကို ဖယ်ပြီးးကြည့်လိုက်လျင် လက်ညှိုးမလွဲ စိမ်းလန်းလှပနေသော......

ဤမြို့တော်၏ မြင်ကွင်းသည်၊ ယခုတစ်လော တစ်ခုခုမှားနေသသလားထင်ရလောက်အောင် ပါတ်ဝန်းကျင်တစ်ခုလုံး ခြောက်သွေ့ဝါထိမ်လျက် မြကတ္တီပါကောဇောကနေ ကောက်ရိုး မြက်ခြောက် ခင်းထားသကဲ့သို့ မြင်ရကာ အကျဉ်းတန်နေသလား ထင်မြင်မိပါသည်။။

 ပုံမှန်အခြေအနေအားဖြင့် စကာင်္ပူ၏ ဒီအချိန်ဒီလပိုင်းသည် Feb-May အပူဆုံးလထဲတွင်ပါဝင်သော်လည်း မိုးတပတ် တစ်ကြိမ်နှစ်ကြိမ်သော်လည်းကောင်း၊ နှစ်ပတ် တစ်ကြိမ်နှစ်ကြိမ်သော်လည်းကောင်း  အမြဲ ရွာသွန်းလေ့ရှိတာကြောင့် ယခုကဲ့သို့ မြက်ပင် ခြံစည်းရိုး နွယ်ပင် ချုံပင်များ နေရာတိုင်း ခြောက်သွေ့သေဆုံးခြင်းမျိုးမတွေ့ရပါ။
မိုးဟုတ်တိပါတ်တိ မရွာသည်မှာ တောတောကြာနေပြီဟုထင်ပါသည်။
( တစ်လလောက်ရှိပြီယူဆပါသည်)
East coast ကမ်းခြေတစ်လျောက်မြက်ခြောက် 
ကောဇောမြင်ကွင်းများ

 





ဤမြင်ကွင်းနှင့်ဆက်စပ်စဉ်းစားနေမိသည်မှာ-

ကမ္ဘာရဲ့ ရာသီဥထု ဖေါက်ပြန်ပြောင်းလဲလာမှု၊ ပူနွေးလာမှု၏ သက်ရောက်ခံရမှုများလား၊ ဒါတွေရဲ့အကျိုးဆက်က လူတွေရဲ့ စဉ်းစားတွေးခေါ်မှု နဲ့ အကျင့်စာရိတ္တ တွေ စရိုက် လက္ခဏာတွေကိုရော အကျိုးသက်ရောက်သာရောက်လာနေပြီလား ဆက်စပ်တွေးနေမိသလို၊ ပြည်တွင်းစစ်ပွဲများနှင့် ပရမ်းပဌာ Manage လုပ်ခြင်းခံနေရသော မြန်မာနိုင်ငံ၏ မြေယာ သစ်တော Natural terrain တွေနဲ့ resources တွေဟာ စံနစ်တကျထိန်းသိမ်းမှုမရှိ အချိန်နဲ့အမျှ လျင်မြန်စွာ ဆုံးရှုံးကွယ်ပျောက်သွားကြမှုကြောင့်ရာသီဥတုများ ပြောင်းလဲသွားစေသည်သာမက မှီတင်းနေထိုင်ကြကုန်သော လူနှင့် သတ္တဝါ မျိုးစုံ နေထိုင်စားသောက်စရာမဲ့ဖြစ်ကြရမှု၊ မျိုးတုန်းမှုများဖြစ်ကုန်ရမှု မည်မျှရှိခဲ့၍
 နောက်ထပ်မည်မျှ ရှိသွားကြမှာပါလိမ့်ဟူ၍လည်း
စဉ်းစားတွေးတောနေမိပါသည်။

ယခုလို စင်္ကာပူ ရာသီအခြေအနေမျိုး သည်၊ တစ်ချိန်ချိန်တုန်းက တစ်နေရာရာနှင့်တူသည်ဟု ပြန်လည်စဉ်းစားတွေးတောကြည့် မိတော့.....

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်က နွေရာသီ အဆောင်နေဘူမိကျောင်းသား အဖြစ်နဲ့ ဆောင်းအကုန် ယခုလို နွေဦးရာသီအချိန်၌  ကွင်းဆင်းရန် အတွက် အိမ်မပြန်ဖြစ်တော့ပဲ ဒဂုံဆောင်မှာပဲ အဆောင်နေ သူငယ်ချင်း သုံးလေးယောက်၊ Hall tutor ဆရာဦးသောင်းရှိန်၊ ဆရာဦးမြင့်သိန်းတို့နဲ့အတူ ရန်ကုန်တက္ကသိုလ်ပင်မ(RASU)ရဲ့ နွေဦးကာလ  ဥသြတွန်သံ(စကာင်္ပူမှာကတော့ တစ်နှစ်လုံးတွန်တတ်ပါသည်) တညံညံနှင့် ဖြတ်သန်းခဲ့ရသော အချိန်ကာလ နဲ့ တူနေပါလားလို့ ထင်မြင်ယူဆ လာမိပါတယ်။
 ဒါကြောင့်မို့ လူငယ် ကျောင်းသားဘဝ တုန်းက ပုံလေးတွေပြန်ကြည့်ရအောင် ပြန်ရှာကြည့်တော့ ရန်ကုန်အိမ်မှာကျန်ခဲ့ကြောင်းတွေ့ရပါတယ်။


ဓါတ်ပုံကိစ္စလက်လျော့ပြီး ...... အတိတ်က တက္ကသိုလ်ပုံရိပ်တွေကိုဘဲ.... စိတ်ကူးပန်းချီ ဆွဲကြည့်ရင်း၊
ကျနော် တို့ရဲ့တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ်ကြီးဟာဆိုရင် မိုးရာသီ ဆောင်းရာသီကာလတွေမှာ နေရာအနှံ့ စိမ်းလန်းလှပနေတဲ့ ပန်းရောင်စုံတွေဖူးပွင့်နေတဲ့ အေးမြတဲ့အရိပ်အာဝါသတွေနဲ့ပြည့်နေတဲ့ မြန်မာပြည် ရန်ကုန်မြို့ရဲ့ Oasis လေးတစ်ခုပါလို့ပြောရင် လွန်မယ်မထင်မိပါ။၊

အပြင်တစ်နေရာရာသွားပြီး ကျောင်းဝင်းထဲပြန်ရောက်သွားရင် ကုက္ကိုလ်၊ အင်္ဂလိပ်ပိတောက်(အပွင့်ကြဲကြဲပွင့်), မြန်မာပိတောက်(အဆုပ်လီုက် အခိုင်လိုက်ပွင့်), တောင်ပိန္န္နဲ၊ သစ်တိုပင်၊ ရေတမာပင်၊ ကံကော်ပင် တွေရဲ့ အရိပ်အောက်မှာ ကျနော်တို့ လူငယ်တွေကို အမြဲအေးချမ်း လန်းဆန်း မှုတွေကို ပေးသလို၊

တရုတ်စကား၊ ပိတောက်၊ ငုဝါ၊ စိန်ပန်း ဝါ,နီ,ပြာ နဲ့၊ ကံကော်၊ ပွင့်ချိန် ကြွေချိန် တွေမှာလဲ........
ဘွဲ့နှင့်သဘင်ခန်းမ တစ်ဝိုက်နဲ့ ကျနော်တို့ ဒဂုံဆောင် အဝင်လမ်းကလေးမှာ... သင်းပျံ့မွေးကြိုင်စွာနဲ့ ရောင်စုံပန်းကတ္တီပါလေးတွေ....
 ခင်းထားသလား ထင်ရလောက်တဲ့...
 မြင်ကွင်းလေးတွေကို မြင်ယောင်မိယင်း၊

အဲဒီအချိန်လောက်တုန်းက စင်ကာပူရဲ့မြင်ကွင်းဟာ ဘယ်လိုရှိမလဲလို့ အတိတ်ကိုပြန်လည်တမ်းတ တွေးနေမိသလို၊.........
 ငါတို့ရန်ကုန်တက္ကသိုလ်မူလလက်ဟောင်းကြီးလဲ.....
အခုအခါ ပြန်လည် စတင်ဖွင့်လှစ်လိုက် နေပြီဆိုတာကြားသိရတော့........
 ဖေဖေါ်ဝါလ..ယခုလိုအချိန်..ကျောင်းဝင်းထဲမှာ
စိန်ပန်းရောင်စုံ၊ ငုံဝါပန်း၊ ပိတောက်ပွင့်တွေ၊ ပုန်းညက်ပွင့်၊ ပျဉ်းမပန်းတွေနဲ့
အလှချယ် ခင်းထားတဲ့ ကတ္တီပါကော်ဇောကြီးတွေပေါ်မှာရော.......
အဓိပတိလမ်းမကြီး တစ်လျောက်မှာပါ.....
ကိုယ့်သားသမီး အရွယ်... အနာဂါတ်၏သားသမီးရတနာကျောင်းသား/သူ လူငယ်လေးများ....
လန်းဆန်းတက်ကြွစွာနဲ့
အနာဂါတ်မျှော်လင့်ချက်တွေ ရင်မှာပိုက်ကာ...
 ပြန်လည်လျောက်ခွင့် ရနေကြပြီလား....ဆိုသည့်
ရန်ကုန်တက္ကသိုလ်ရဲ့........ ပစ္စုပန် အခြေအနေကိုလည်း...
စဉ်းစား တွေးတောနေမိ ယင်းနဲ့.......ကျနော်တို့ရဲ့ တက္ကသီလာ မြကျွန်းသာရဲ့ပုံရိပ်များကို အတွေးထဲ ဖမ်းဆုပ်ကာ
မနေ့တစ်နေ့က အဖြစ်အပျက်များကဲ့သို့  ပြန်လည် သတိရ အောက်မေ့တမ်းတ  မြင်ယောင်မိပါသေးသည်။

TAT86 Bumi(23-2-2014, 22:00hr)








ဒဂုံဆောင် ဝင်း


မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူ ဆောင်ဝင်း




 Convocation Hall




Recreation Centre(RC)
Inwa Street- Pedestrian Walk Way /Corridor Crossing Gate

Judson Church
 


Rangon Arts& Science University's Landmark Tree
(Thit Pote Pin)
  

 Library







ClassRoom



Mandalay Hall


 Thiri Hall

 Marlar Hall



 Yadana Hall


 Pin Ya Hall





US President  Mr.Obama speech at Convocation hall of Yangon University






 
 
 

 
 
 
 
 
  

German-chancellor Speech at YU







TAT86 Bumi