စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, February 11, 2014

ပြည်သူ နဲ့ အစိုးရ အားပြိုင် ပွဲမှာ အစိုးရ ချည်းဘဲ၊ အနိုင်ကျင့်နေ သလား၊

ပြည်သူ နဲ့ အစိုးရ အားပြိုင် ပွဲမှာ အစိုးရ ချည်းဘဲ၊ အနိုင်ကျင့်နေ သလား၊

ပြည်သူလို့ခေါ်တဲ့ လူပေါင်းစုံ အလွှာပေါင်းစုံ နဲ့ ပြည်သူလဲ မဟုတ် အစိုးရလဲမဟုတ်တဲ့ သူခိုး ဂျပိုးတွေကကော ဘယ်နေရာက ပါဝင်ကပြနေကြပါသလဲ၊

ကျနော့မြို့မှတော့ အိမ်ရှင်မြေရှင်တွေ နောက်ဖေးလမ်းကြားပါသိမ်းပြီး မသိတဲ့လူကို ကိုယ့်နဘေးက မြေလွတ်လိုလိုနဲ့ မလိမ့်တစ်ပါတ် ရောင်းတာ ခံခဲ့ရတဲ့ ကျနော့်ထက် ၁၅နှစ်လောက်ငယ်တဲ့ ယောက်ဖဝမ်းကွဲတစ်ယောက်ဟာ လမ်ကြားမြေကို ဘိုးပွားပိုင် မြေအဖြစ်ဝယ်ခဲ့မိပြီး၊

ကျနော့်နေခဲ့ဖူးတဲ့ရပ်ကွက်ထဲမှာ မြေကွက်ဝယ်လိုက်ကြောင်း နိုင်ငံခြားမှာနှစ် နှစ်ဆယ်လောက် ကြာနေပြီဖြစ်တဲ့ကျနော့ကို  လာပြောတဲ့သူ့ကို၊ဘယ်နားကအကွက်လဲ ဘာညာမေးမြန်းကြည့်တော့၊
 ဟေ့ကောင် ငါသိ သလောက်ကတော့ ငါငယ်ငယ်က အဲဒီနေရာက ၁၀ ပေ ၁၅ပေလောက် ရှိတဲ့ အင်္ဂလိပ်မြို့တည်ကတည်းကရှိတဲ့လမ်းကြားကွလို့ ပြောလိုက်တော့မှ

သူခမျာ စိုးရိမ်တစ်ကြီးနဲ့သေသေချာချာ မြေစာရင်းမှာ ပြန်စုံစမ်းတော့ ဟုတ်နေပါတယ်တဲ့။

 မြေစာရင်းက အသိကပြောပါတယ်တဲ့၊ ပြဿနာမရှိဘူးရတယ်၊
 နာမည်ပေါက်လုပ်ချင်ရင်လဲ လုပ်ပေးမယ်ပြောတယ်ဆိုပဲ၊

 မြေစာရင်းအရာရှိက၊ နောက်ဖေးလမ်းကြားကို ဘိုးဘွားပိုင် မြေ ပြောင်းပေးလို့ ရသတဲ့လား အာဏာပါဝါရှိသတဲ့လား၊

တစ်ခါ ဒီရောက်နေတဲ့အသိတစ်ယောက်က၊
 ရန်ကုန်က မြို့နယ်တစ်ခုမှာ ခြံကလေးဈေးမဆိုးဘူး ဂရံလဲရှိတယ်ဆိုပြီး
 မြေရှင်ဆီက ဂရံမိတ္တူတောင်း မြေစာရင်းသွားစုံစမ်းတော့ ဂရံက မှန်ပါတယ်တဲ့၊

ဒါပေမယ့် အဲဒီဂရံတွေက လုပ်အားပေးဝန်ထမ်းတွေနဲ့ စီမံကိန်းချပြီးလုပ်တုန်းကချပေးခဲ့တာမို့ရုံးမှ ဖိုင် စာရွက်စာတမ်း အထောက်အထား မှတ်တမ်း မရှိဘူးလို့ပြောပါတယ်တဲ့ ခင်ဗျ၊

 အော် ဂရံတော့ ဂရံ မှတ်တမ်းမရှိတဲ့ ဂရံဆိုဘဲ၊

အင်း မပုတင် မပုတင် မှတ်တမ်းမရှိတဲ့ မပုတင်လဲ ဘယ်နှစ်ခုလောက်----- ဆော်ရီး ယောင်သွားလို့ ဘယ်နှစ်ယောက်လောက်များရှိနေမှာလဲ တွေးကြည့်မိတယ် တစ်သိန်းလား၊ တစ်သန်းလား၊
 မဖြစ်ပါစေနဲ့ ဖွ လွဲပါစေဟေ့ ဖယ်ပါစေဟေ့၊ 

အင်း ၂၀၁၄Census နဲ့ 2015 နောက်အစိုးရတွေ ဒါတွေ ဘယ်လိုရှင်းမှာလဲ၊ ဖယ်မှာလဲ၊ ဘူဒိုဇာနဲ့တိုက်မှာလား မှတ်ပုံတင်မရှိတဲ့ အိမ်ချည်းဘဲမဟုတ်ဘူးနော်၊ မပုတင်မရှိတဲ့ လူတွေလဲ ဘူဒိုဇာနဲ့ တိုက်မှာလား တိုးတိုးလေး မေးကြည့်ချင်တယ်ခင်ဗျ၊

ယခုတစ်လော မြေသိမ်းယာသိမ်း လယ်သိမ်း အိမ် ဘူဒိုဇာနဲ့ ဝင်ဖျက်
 ရွာပါဝင် သိမ်းတဲ့ သတင်းတွေကြားနေရတာ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်၊

ကျနော်တို့ တစ်တိုင်းပြည်လုံး မြေလုသံတွေ ဆူဆူညံနေပါတယ်၊
အတွင်းမှာလဲလုနေကြသလို အပြင်ကဝင်လုနေသူတွေ၊
လုဖို့ချောင်းနေကြသူတွေလဲ အများကြီးပါဘဲ၊
 ပြည်သူ၊ အစိုးရ၊ သူခိုး ဓမြ တွေအပြင် လူဝင်စားတွေလဲခြိမ့်ခြိမ့်သဲပေါ့ဗျာ၊

ဒီစာလေး တစု တစုံတစ်ဦးအတွက် ရည်စူး မိလိုက်ပါတယ်။

" မြေလုသံ တညံညံ ၊ ခေါင်တိုင်က ပင်း"

မြောက်ပိုင်းတစ်ခို ကျောက်တွင်းစိုကြီးတွေ၊
 လူမြင်းကွင်းကပျောက် တွင်းခလောက်ဖြစ်နေလိုက်ကြတာ
 ဘယ်သူ့ကြောင့်လည်း ဘာကြောင့်လဲဟေ့ ၊ မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
 ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

ကိုရင် ခေါက်စား သူတို့များကတော့
ငှက်ဖျားတောမှာ မျှော်လင့်ခြင်းတွေနဲ့
လူသူမသိ အလောင်းထပ်ခဲ့ပြီ
ဘယ်သူ့ကြောင့်လဲ ဘာကြောင့်လဲဟေ့ မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

ဟော အရှေ့ရိုးမ တခွင် ပြဲပြဲစင်နဲ့
သစ်ပင်တောရ မြင်ကွင်းလှလှတွေ
တဖြေးဖြေးကွယ်ပျောက်  နေ့ချင်းပျောက်လို့၊
မြေပါ အကုန်ဆွဲ တသဲသဲနဲ့
လူပါ တမျိုးလုံး အရှေ့ဆုံး ပြေးနေကြရတာ
ဘယ့်သူ့ကြောင့်လဲ ဘာကြောင့်လဲဟေ့
 မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

အနောက်တခွင် မိုးစင်စင်လင်းသော်လည်း
တမှေး မအိပ်ရသေး ကိုရက္ခ သွေးတို့၊
ဖွတ်ကုလားရန်ကြောင့် ကင်းစင်စောင့်နေကြရတာ
ဘယ်သူ့ကြောင့်လဲ ဘာကြောင့်လဲဟေ့
 မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

အလယ်ပိုင်းနေ လက်ပန်းတောင်းမယ်တို့၊
အက်စစ်ရေသောက် ဗိုက်တွေမှောက်လျက်၊
လယ်ပေး မြေပေး ဝေပေး နေရတာ
ဘယ်သူကြောင့်လဲ ဘာကြောင့်လဲဟေ့
 မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

ဟော အောက်ပြည်အောက်ရွာ၊ ငါတို့ရွာမှာ
ဘူဒိုဇါတပ် ချီကာနွဲလို့
မြေဟောင်း အိမ်ဟောင်း အိမ်သာဟောင်းပါ မကျန်၊
မြေလှန်ပစ်တာ ဘယ်သူကြောင့်လဲ ဘာကြောင့်လဲဟေ့
 မေးလိုက်ချင်ရဲ့ မေးချင်သေးရဲ့။
ရန်ပွဲ စစ်ပွဲ ခြိမ့်ခြိမ့်သဲ နဲ့
 လောပန်တွေကတော့
အိမ်ပြန် ဇိမ်ခံ နေ နေကြလေပြီ။၊

Tin A T 86ဘူမိ၊11-2-2014:18:05hrs

No comments:

Post a Comment