စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, February 17, 2014

Acid ကွင်းများကိုဖြတ်၍ မာကျူရီ မြစ်များဆီသို့

အက်စစ်ရေတွေ လေတွေ မြေတွေ နဲ့ နပန်းလုံး နေကြရတဲ့ လက်ပန်တောင်းပြည်သူတွေနဲ့အတူ Mercury အဆိပ်သင့်နိုင်တဲ့ အန္တ္တရာယ်ကို ရင်ဆိုင်နေရတဲ့ ရွှေကျင်ချောင်း တလျောက်မှီခိုနေထိုင်ကြရတဲ့  ပြည်သူတွေလဲရှိနေကြပြီဆိုတာသိရတော့ မဆိုင်တဲ့နေရာမှာ Top Ten ဝင်နေတဲ့(Cancer ရောဂါ ဖြစ်ပွါးနှန်း မှာ ထိပ်ဆုံးတန်းရောက်နေပါသတဲ့၊ B ပိုး,C ပိုး အဖြစ် အများဆုံးမှာလဲ ထိပ်မှာရှိမယ် ထင်တာပါဘဲ)၊ မြန်မာပြည်သူတွေအတွက် စိုးရိမ်မိပါတယ်။

HIA (Habital Health Impact Assessment), EIA( Enviromental Impact Assessment), SIA (Socio-Ecomomic Impact Assessment),Construction Impact Assessment တွေ sector တိုင်းမှာ အရေးတကြီး ကြိုတင်လိုအပ်နေသလို၊ 
ပြင်ဆင်ထားတဲ့ Assessment တွေ၊ method statement တွေ၊ Mitigation Plan တွေ၊ Contingency plan တွေ ၊ emergency plan တွေ၊ ဟာ ပြည့်စုံလုံလောက် မှန်ကန်မှု သတ်မှတ် စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိနဲ့
 ဒီ Assessment တွေအရ သက်ဆိုင်တဲ့ တာဝန်ကိုယ်စီ ယူရမည့် အဖွဲ့အစည်းတွေဟာ တကယ်တာဝန်ယူပြီး ကာကွယ်ခြင်းး လုပ်ဆောင်ခြင်း၊ အကောင်အထည်ဖေါ်ခြင်း ရှိမရှိ စောင့်ကြည့်နိုင်မည့်၊ 
အုပ်ချုပ်ရေးအာဏာ ပိုင် အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်နိုင်မှုမှလည်း လွတ်ကင်းသည့်၊ ထိမ်းသိမ်းစောင့်ရှောက်တည့်မတ် အရေးယူ ပေးနိုင်သည့် 
Authority မျိုး၊ 
institution မျိုး၊ 
Governing Body မျိုး၊ 
Ministry မျိုး နှင့် Technology အမျိုးမျိုး၊
 ခေတ်နှင့်လျော်ညီသော Code, Standard,Act, Law အမျိုးမျိုး
သက်ဆိုင်ရာ ကဏ္ဌအလိုက်.... အသီးသီး ရှိကို ရှိနေရပါလိမ့်မည်။ 
တချို့ သော ဖွံ့ဖြိုးပြီးနိုင်ငံ အချို့တွင် ကျင့်သုံးကြသော COP(code of practice)နှင့် Standard များသည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ ငွေအင်အား၊ နည်းပညာ သုံးစွဲနိုင်မှု၊ လူမှုပတ်ဝန်းကျင် နေထိုင်မှု အဆင့်အတန်း အလွန်ကွာဟနေမှုရှိနေသေးသဖြင့် Mega Project ကြီးမျိုးနှင့် ပြည်တွင်းအသေး စားလုပ်ငန်းများအတွက် ငွေကြေံးအကုန်အကျခံနိုင်မှု မတူညီနိုင်၍ Category များ ခွဲခြားပေးရန်လည်း လိုအပ်ပေလိမ့်မည်။

ဥပမာ အားဖြင့်ပြောရလျင် Singapore နိုင်ငံ၌ Traffic Control System,Monitoring System,Traffic Information System, Car Parking control system များတွင် CCTV,  နှင့် Electronic Auto-Sensor များတတ်ဆင်၍ High-speed network system များမှာတဆင့် ဆက်သွယ် ထိမ်းချုပ် လမ်းညွှန် သတင်းပေးမှုများနှင့်  Construction Project တော်တော်များတွင် Technology , network infrastructure များ အဆင်သင့်ရှိနေပြီးဖြစ်၍ Real-time Monitoring system ကို နေရာအတော်များများတွင် သုံးနေနိုင်ပြီးဖြစ်ကာ၊ Data အချက်အလက်များကြားဖြတ်ပြင်ဆင်မှု ဖယ်ဖျက် အစားထိုးမှု အန္တရာယ်မှ လျော့ချနိုင်သော်လည်း ၎င်း နည်းပညာစံနစ်များအသုံးချမှုနှင့်ငွေကြေးကုန်ကျမှုများသည် End-user/consumer အပေါ်တင် ဝန်ထုပ်ဝန်ပိုးကြီဖြစ်လာနိုင်သလို၊ လိုအပ်သော code များ Act များပြဌါန်းရန် နိုင်ငံတဝှမ်းလုံး အတိုင်းအတာဖြင့်လုပ်ဆောင်ရန် အခက်အခဲများစွာ ရှိနိုင်သဖြင့် ကုန်ကျမှု သက်သာ မည့်အခြေခံနည်းလမ်းနှင့် အဆင့်မြင့်နည်းပညာသုံးသင့်သော အခြေအနေများအတွက်ပါ နည်းဥပဒေ အက်ဥပဒေ များ စံနစ်တကျ မလစ်ဟင်းရအောင် အချိန်မှီပြဌါန်းရပေလိမ့်မည်။

ယခုအခါ Natural resources များအား ထုတ်ယူနေကြသော Project ကြီးများနှင့် ပတ်သက်၍ဖြစ်ပေါ်တတ်သော ထိခိုက်နစ်နာ အန္တရာယ် သက်ရောက်မှုများအပေါ်တွင်သာ ၊ လူအများအာရုံစိုက်မှုအထူးပြုလာကြသော်လည်း ၊ 
မြို့ပြလူနှေု စံနစ်ကြားထဲတွင် နေ့စဉ်နေ့တိုင်းဖြစ်ပျက်နေသော ပတ်ဝန်းကျင်ထိခိုက်မှု နည်းမျိုးစုံ အတွက်ကာကွယ်တားဆီးထိန်းချုပ်ရန်အတွက်ပါ....... ခေတ်နှင့် လျော်ညီသော နည်းဥပဒေ၊ အက်ဥပဒေ၊ Governing body များအမြန်လိုအပ်နေပြီဖြစ်ပါသည်။ 
ကျနော်ကိုယ်တိုင်လည်း လက်ရှိလုပ်ကိုင်နေသော အလုပ်အနေအထားအရ MRT Tunnel များ,MRT Ground structure နှင့် Viaduct များ၊ Sewer tunnel များ, District Cooling system ဟုခေါ်သော DCS မြေအောက်အေးပိုက်လိုင်းကြီးများ၏ Protection Zone များအတွင်း မိမိတို့၏ Diaphragm Wall နှင့် Piling construction များလုပ်ဆောင်ရာတွင် ၎င်းတို့အပေါ်သက်ရောက်နိုင်သည့် Construction impact assessment များဟာ ထိခိုက်မှုမည်မျှရှိမရှိ၊ ရှိခဲ့လျင် မည်ကဲ့သို့ control measures များဖြင့် eliminates ဖြစ်သွားအား၊ သတ်မှတ်ခွင့်ပြုသည် Limit level range ထဲရောက်အောင် ဆောင်ရွက်ထားပါသည် ဆိုသည့် Assessment များ၊ Control measures များပါသည့် M.S(method statement)  များအား တင်ပြ၍ လုပ်ခွင့်ပါမစ်များလျောက်ရပါသည်၊၊
 ဤသို့ Assessment များ M.S များတင်ရန် သက်ဆိုင်ရာ Authorities များမှ ပြဌာန်းထားသော codes of practice များ၊ act များ၊ guide line များ၊ အား လေ့လာပြီး၊ လည်းကောင်း တို့၏ လိုအပ်ချက်များနှင့် ဘောင်အတွင်းရောက်အောင် ပြင်ဆင်လျောက်ထား လက်တွေ့လုပ်ဆောင်ရပါသည်။ 
ဒါကြောင့်မို့ EIA, SIA , HIA , CIA များလုပ်ရာ၌လည်း လုပ်ငန်းကဏ္ဌ အမျိုးအစားအလိုက် နိုင်ငံတကာအဆင့်ညီ နည်းဥပဒေများအပြင် မိမိတိုင်းပြည်နှင့် ကိုက်ညီသော နည်းဥပဒေ များပါ အဆင်သင့်ပြဌာန်းပြီးဖြစ်နေမှာသာ၊ Assessment ပြုလုပ်ရမည့်သူအတွက်ကော၊ review လုပ်ရမည်ဖက်ကပါ ရှင်းရှင်းလင်း ပြင်ဆင်နိုင်သလို၊ ရှင်းရှင်းလင်းလင်း review လုပ်နိုင်ကြပေလိမ့်မည်။
 
ဥပမာ- 
လက်ရှိကပ်လျက်ရှိသော အဆောက်အဦးများဘေး ကပ်လျက် Construction တစ်ခုလုပ်မည်ဆိုလျင်လည်းကောင်း၊ 
ရထားလမ်းဘေး ကပ်လျက်ဆောက်မည်ဆိုလျင် လည်းကောင်း  
လူနေရပ်ကွက်များထဲတွင် ဆောက်လုပ်ရေးနှင့် တစ်ခြားလုပ်ငန်းများ ဆောင်ရွက်မည်ဆိုလျင် လည်းကောင်း 
လိုက်နာရမည့်စည်း၊Guideline နှင့် ဆောင်ရန်ရှောင်ရန်များ၊ 
လိုက်နာရမည့် ဥပဒေနှင့် ဆောင်ရန်ရှောင်များ၊   
လုပ်ဆောင်သင့်သည့် လုပ်ငန်းနှင့် လိုအပ်သည့်နည်းဥပဒေများ၊
 စောင့်ကြည့်ထိမ်းချုပ် ပြစ်ဒဏ်ပေးနိုင်သော Governing body များ၊ ........
(MOE/Env) Ministry of Environment, (BCA)Building Control Authority , (LTA) land Transport Authority နှင့် ၎င်းအောက်မှ DBC(Department of Building Control) 
စသည့်.......ဌာနအဖွဲ့အစည်းနှင့် ၎င်းတို့အောက်မှ ဌာနခွဲများ 
စသည်ဖြင့် ဆက်နွယ်သည့်လုပ်ငန်းအလိုက် Expertise ဖြစ်သည့် အဖွဲအစည်းများ ဝန်ထမ်းများ၊ မရှိမဖြစ်လိုအပ်နေပေသည်။ ထိုသူတို့သည် မိမိတို့လိုက်နာဆောင်ရွက်ရမည့်၊ တာဝန် အပေါ်တွင်သာ သစ္စာစောင့်သိရန်လိုပြီး မည်သည့် အာဏာပိုင်များ၏ သြဇာအာဏာလွှမ်းမိုးမှုမရှိရန် ဥပဒေစိုးမိုးမှုဖြင့်ကာကွယ်စာင့်ရှောက်ထားပေးရန်လိုပေမည်။

ဤသို့မဟုတ်ပါက ပြည်သူတစ်ယောက်အနေဖြင့် မိမိနေထိုင် လုပ်ကိုင် စားသောက်သည့်ပတ်ဝန်းကျင်အတွက် တစ်စုံတစ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့ပါက တိုင်တောဖြေရှင်းပေးနိုင်သည့် ကျွမ်းကျင် နိုင်နင်း လုပ်ပိုင်ခွင့်လည်းရှိသော အကူအညီပေးနိုင်သည့်အဖွဲအစည်းမျိုးသာ မရှိခဲ့ဘူးဆိုလျင်၊တချိန်လုံးလမ်းပေါ်ထွက် တကိုယ်တော်ဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ဆန္ဒပြခြင်းမျိုးဖြင့်သာ ဖြေရှင်းဖို့ကြိုးစားနေကြရမှာဖြစ်ပြီး၊ ပြဿနာ တက်တိုင်းလည်း ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဦးဆောင်ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင်ဖွဲ့ပေးနေရမည်လော၊ ပြည်သူ့ကိုယ်စားလှယ်များ အားယားနေကြလျင်တော့ တမျိုးပေါ့ခင်ဗျာ၊ လို့ ဆွေးနွေးတင်ပြယင်း။

အောက်ပါ Geo-friend ရဲ့ Fb wall ပေါ်က post လေးကိုဖတ်ဖြစ်ယင်းနဲ့ အထက်ပါ post လေးမိမိအတွေ့အကြုံနှင့်ယှဉ်ကာ ဗဟုသုတရစေဖို့သက်သက် ရည်ရွယ်ရေးသားခဲ့ပါသည်။


Tin AT86ဘူမိ-17-2-2014-20:00hrs(Sg-S.Time)
ရွှေကျင်ဆိုတဲ့အတိုင်း ရွှေကျင်ထားကြပုံရတယ်။ ကြက်ယက်ထားတာထက်ဆိုးတယ်။ တူးတဲ့သူတွေ ဘယ်လောက်ရကြလဲတော့ မသိ ရွှေကျင်ချောင်းမှာ ရွှံ့အနယ်တွေ ပုံနေတာတော့ တွေ့နေရတယ်။ အကယ်၍ မာကျူရီတို့ ဘာတို့သုံးလျှင်တော့ ချောင်းထဲမှာ ရွှံ့အနယ်တွေနဲ့ မျော၊ ငါးတွေမှာဝင် အဲဒီရေသုံးတဲ့သူနဲ့ ငါးစားတဲ့သူ ဘာတွေဖြစ်ကြမလဲတော့ မသိ။ သိသူများ ပြောကြပါ။
Unlike · · · 22 hours ago ·

  • You, Myo Myint, Wai Lin Aung and 95 others like this.
  • Myo Myint yes I agreed on your comments, absolutely. We should try to give a technical message on what is public interests to the publics as well as the authorities or government, widely (exampled as Myitsone multiphases projects are temporarily terminated and/or delayed or whatever), Hope something is still progress as IEA, CSR and others. gradually improved in compare with before.
  • Aung Myo Min မာကျူလောက်ကတော့အပျော့.....ဆာရာနိုက်..တောင်သုံးနေသေးတာဂျာ

No comments:

Post a Comment