စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, April 19, 2016

သဇင် တွေ ဝေစေချင်ချိန် ယမ်းငွေ့တွေ လှိုင် နေခဲ့တဲ့ လခြမ်းမြေ



တိုက်ပွဲတွေဖြစ်တိုင်း
ကိုးကန့်၊ ကချင်၊ ရခိုင်၊ ပလောင် တွေဟာ
အဆဲအဆိုခံကြရပေမယ့်
အံ့သြစရာတစ်ခုက
 တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာ
အကြီးဆုံးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့
အခွင့်အရေးကို လွတ်လပ်ရေးလို့ ပြောင်းမရေးယုံတမယ်
ချုပ်ထိမ်းထား ရွေးကောက်ပွဲတောင်လုပ်မရတဲ့
ဝတပ်ဖွဲ့ ဝနယ်မြေကို မသိယောင်ဆောင်နေကြပြီး၊
ထိလဲ မထိရဲကြပါဘူး။
တပ်လောဘီနဲ့
 ထောက်ခံသူတွေဟာလဲ ဝေဖန်ရေးတောင်
မလုပ်ကြပါဘူး။
ဒါဟာ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို
ယုံကြည်သူတွေအတွက်
Model တစ်ခုဖြစ်လာစေခဲ့ပါတယ်။

နိုင်ငံရေး အရ တောင်းဆိုမှုနဲ့
လက်နက်ကိုင်လှုပ်ရှားမှု ပဋိပက္ခတွေမှာရော
နိုင်ငံရေး အင်အားကြီးအုပ်စုနဲ့
လက်နက်ကိုင် အင်အားစုကြီးနှစ်ခုစလုံးတို့ ရဲ့ ထောက်ခံသူတွေဆီမှာ
 အဆဲအဆို အခံရဆုံးဟာ
ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့
ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေဖြစ်နေတယ်၊

ရခိုင်နိုင်ငံရေး အင်အား စုတွေ နဲ့ လက်နက်ကိုင်အင်အားစုတွေဟာ
၂၀၀၈ ဖွဲ့စည်းပုံ ၂၀၁၀ ရွေးကောက်ပွဲ ကာလ တွေမှာ မှ
 ပေါက်ဖွါးရှင်သန် တဖန်ရှင်သန်လာကြတာပါ။
တိုင်းသားလူမျိုးတိုင်းမှာ.....

၁) ခွဲထွက်လိုစိတ်ရှိသူ၊

၂) ဖယ်ဒရယ် နဲ့ တန်းတူအရေးကို လွတ်လပ်တဲ့
 နိုင်ငံရေး အင်အားစု တည်ဆောက်၍
   နိုင်ငံရေးနည်းဖြင့် လှုပ်ရှား ဆောင်ရွက်လိုသူ၊

၃) ဖယ်ဒရယ်ပြည်ထောင်စု တစ်ခုဖြစ်လာဖို့
 ပြည်မ နိုင်ငံရေးအင်အားစုကြီးနှင့်
ပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်မှု တိုးတက်မှု တပြိုင်ရမည်ဟု ယုံကြည်သူ

၎) လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ လွတ်လပ်ရေး သို့မဟုတ်
ဖယ်ဒရယ်ကို ရယူတောင်းဆို နိုင်လိမ့်မည်ဟ ယုံကြည်သူ

၅) ဘာဘဲဖြစ်ဖြစ်တက်လာတဲ့အစိုးရ ငါ့အစိုးရဟုယုံကြည်သူ

 စသည်ဖြင့် ကွဲပြားစွာ ယုံကြည်မှုရှိကြပါတယ်၊

၎) အုပ်စုက လွဲရင် ဘယ်အုပ်စုကပိုများသလဲဆိုတာ
 ဒေသ တစ်ခုချင်းစီက ၂၀၁၅ ရွေးကာက်ပွဲ ရလဒ်ကိုကြည့်ရင်
အကြမ်းဖျင်း သိနိုင်ပါလိမ့်မယ်

လက်ရှိ ရခိုင်ပြည်နယ်မှာ အမျိုးသားရေးတက်ကြွသည့်  ၂)အုပ်စုနှင့် ၄)အုပ်စု
အားကောင်းလာသည်ကို
လွန်ခဲ့သောနှစ်ပိုင်းအတွင်း သိသိသာသာ တွေ့မြင်လာရသည့်အပြင်
၂၀၁၅ ရွေးကောက်ပွဲအပြီး အုပ်စု ၂) နှင့် အုပ်စု ၃) ကို
ယုံကြည်ကြသူတို့အကြား အုပ်စုတိုက်ပွဲက
၂၀၁၂ ဘင်္ဂလီအရေးအခင်းအပြီး စုစည်းမိနေသော ရခိုင် အသိုင်းအဝိုင်းအကြား
အလွန်တရာ အက်ကြောင်းထင်စေခဲ့ကာ လူငယ်မျိုးဆက်သစ် ဒေသခံတို့ကြား
အုပ်စု(၄) သို့တွန်းပို့စေသလိုဖြစ်စေခဲ့ပါသည်။

၎င်းအပြင်
ဝတွေ တပ်အင်အားတိုးချဲ့နိုင်မှု
 စီးပွါးရေး ကို မိမိတို့ဒေသအတွင်း
မိမိတို့ဘာသာစီမံ လုပ်ဆောင်နေကြမှု
ထိုအပေါ် မြန်မာစစ်တပ်ရော၊
 မြန်မာ့နိုင်ငံရေးအင်အားစုရော
 ဘယ်သူမှ ဝိုင်းဝန်းဆဲဆို မထိပါးရဲကြမှုတွေကို၊
မြင်နေရတဲ့ ပြည်နယ်တိုင်းရင်းသားလူငယ်တွေရဲ့စိတ်ထဲ
ခံစားချက်တွေ များများလာကာ
 ပါးစပ်နဲ့စကားမပြောကြခင်
ဝ လူမျိုးတွေလို တူကြီးတစ်လက်
ပိုင်ဆိုင်ထားမှ လူရာဝင် လေးစားမှု ရှိလာလိမ့်မယ် ဆိုတဲ့
အတွေးအခေါ် အခင်းအကျင်းပါဘဲ။

ရခိုင်ပြည်နယ်ဟာ
တစ်ခြားပြည်နယ်တွေနဲ့နိုင်းရင်
လွတ်လပ်ရေး ရပြီးချိန်ကစလို့
မူဂျာဟစ်သောင်းကျန်းသူကလွဲယင်
ရခိုင်လက်နက်ကိုင်လှုပ်ရှား အခြေစိုက်မှုဟာ
ကွန်မြူနစ်ဝါဒကို ယုံကြည်သည့်လက်နက်ကိုင်တော်လှန်ရေး
 မြန်မာပြည်တဝှမ်း အားနည်းသွားပြီးနောက်ပိုင်း
မရှိသလောက်ပါ။

ဘေးမှာကပ်ရပ်ရှိတဲ့
ဘင်္ဂလားဒေ့ရှ် သာ အိန္ဒိယနဲ့အတူ လွတ်လပ်ရေးယူရာက
အရှေ့အနောက်ပေါင်းပြီးလွတ်လပ်ရေးယူကြတယ်၊
တစ်ခါ ဘင်္ဂလားင်္ဒေ့ရှ်ဆိုပြီးခွဲထွက်ကြနေတဲ့အချိန်မှာ
ရခိုင်အများစုဟာ ဝန်ထမ်းဘဝနဲ့
 ပြည်ထောင်စုထဲမှာ စီးဝင်နေကြတာ
 နှစ်ပေါင်း ၆၀ကျော်ခဲ့ကြပါတယ်။
ဒီအတွင်း မွေးဖွါးနှုန်းမြင့်မှု၊
တရားမဝင်ဝင်ရောက်လာမှုကို မျက်ကွယ်ပြုခဲ့မှု၊
ရခိုင်ပြည်နယ်အတွင်းပိတ်လှောင်ထားမှုတို့ကြောင့်
ရခိုင်တိုင်းရင်းသားတွေဟာ ဒီဝန်ထုတ်ကြီးနဲ့
ဖိသတ်ခံရမယ် ဆိုတဲ့ စိုးရိမ်မှုနဲ့ အခွင့်အရေးတန်းတူတောင်းဖို့၊
ဖယ်ဒရယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ဖို့ဆိုတာ
မတောင်းဆိုရဲသလောက်ဖြစ်ကာ၊

တပ်မတော်နဲ့ အစိုးရဝန်ထမ်းအဖြစ် အများဆုံးဝင်ရောက်ထမ်းရွက်ယင်း၊
ဥပဒေ ဘောင်အတွင်းနေထိုင်လိုသူကသာ အများစုဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်
ဆိုရှယ်လစ်ခေတ်တောက်လျောက် ကိုကြည့်လိုက်ရင်
ရခိုင်လူမျိုးအများစု နဲ့ ရခိုင်ပညာတတ်တွေဟာ၊
 မြန်မာ့တပ်မတော်၊ မြန်မာ့နိုင်ငံရေး နဲ့ ဝန်ထမ်းလောကမှာ
ပါဝင်ပူးပေါင်းမှုအရှိဆုံး တိုင်းသားလူမျိုးဖြစ်ကာ၊

ကျည်ဆံသံ သေနပ်ပစ်သံ အတိတ်ဆုံး ပြည်နယ် တစ်ခုပါ၊
ဒီလေးငါး ခြောက်နှစ်အတွင်း ရခိုင်လူငယ်တွေ ကြားထဲမှာ
ဘာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးအတွေးတွေ
ဝင်လာရသလဲ အားကောင်းလာရသလဲ၊
နယ်စီးပွါးရေးဖြစ်ဖြစ်မြောက်လုပ်
အားကိုး၍ ယုံကြည်၍ ရပ်တည်၍ မရတဲ့
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်နေ၍
အခြေချ ထူထောင်ရန် ခက်ခဲသည့်တိုင်အောင်
ကချင်ပြည်နယ်တွင်ထူထောင်၍ အင်အားစုစည်းမှုရှိလာကာ
ယခုအခါ ရခိုင်ပြည်နယ်တွင်း အခြေချရန်ကြိးစားလာယင်း
မည်သည့် အတွက်ကြောင့်
ယခုအခါ သေနပ်သံတွေ ဆူညံလာရသလဲ
 သေချာစွာသုံးသပ်ကြည့်ရင်

ရခိုင်ပြည်နယ်ဟာ၊ တဖက်က လူမျိုးရေးအရ ဝါးမျိုလာတဲ့ဒဏ်အောက်မှာ
ခိုကိုးရာမဲ့ အရှုံးပေးရခါနီးလာပြီလားဆိုသည့် စိုးရိမ်စိတ်၊

( ဒါကြောင့်လဲ မိမိတို့ identity ကို ကုလားနဲ့ ဗမာကြားပျောက်ပြယ်
မသွားအောင်ထိန်းသိမ်းလိုကြတဲ့အတွက်
လူမျိုးချင်းသွေးသားအရမရောနှောရအောင်
ထိမ်းသိမ်းမှုမှာ ပိုမို Aggressive ဖြစ်မှုရှိခဲ့ပါတယ်၊
ဒါဟာ အာဏာမဲ့ အကာအကွယ်မဲ့နေတဲ့
အစိုင်အလာ ယဉ်ကျေးမှုရှိခဲ့တဲ့ လူမျိုးတမျိုးအတွက်
နောက်ဆုံး အကာကွယ်ဖြစ်နေတယ်လို့
ယုံကြည်နေကြတဲ့အတွက်
ဆိုတာ နားလည်မှုပေးရပါလိမ့်မယ်။)

နိုင်ငံရေး အာဏာ
ပါဝါ အာဏာ ကို ဆုပ်ကိုင်ထားသူ  များ၏
လူမျိုးရေး ဘာသာရေး စီးပွါး နိုင်ငံရေး ပေါ်လစီ
 ဈေးကစား လိုမှုအောက်မှာ ပြားပြားဝပ်ခံနေရပြီဟု မြင်လာခြင်း၊

မြန်မာနိုင်ငံ၏ အရှေ့ နှင့်မြောက်ဖက်တွင်၊
ဝ လက်နက်ကိုင်၊ ကချင်လက်နက်ကိုင်တို့၏ 
လွတ်လပ်နယ်မြေတည်ဆောက်နိုင်မှု
 မိမိဖါသာ မိမိ ကိုယ်ပိုင်စီမံခွင့် တစိတ်တပိုင်း ရရှိလာခြင်းကို
model တစ်ခုအဖြစ်မြင်တွေ့နေရခြင်း၊

၂၀၁၂ ဘင်္ဂလီ အရးအခင်းဖြစ်လာမှု၊
ဆင်းရဲ မွဲတေ၊ အလုပ်အကိုင်ရှားပါး၊
သံယံဇါတ ထွက်ရှိမှုမှ အကျိုးခံစားခွင့်
မရှိမှုတို့ကိုတွေ့မြင်ကြားသိလာကြခြင်း

စသည်တို့က
လူငယ်အများစု၏ စိတ်တွင်
ခံစားနာကျင်မှုများကို များပြားစေလာသလို၊
ရခိုင်နိုင်ငံရေးအင်အားစုများ အစည်းပြေကာ
 ဖြိုခွဲ ရိုက်ချိုးခံနေရမှုများ တိုင်းရင်းသားအချင်းချင်း
ဆဲဆိုအမုန်းပွါးလာရခြင်းများက ပိုများလာကာ
လူငယ် ဒေသခံ တို့ကြားတွင်
လက်နက်ကိုင်လမ်းစဉ်သည်သာ
 နောက်ဆုံးအဖြေဆိုသော
လမ်းကြောင်း သို့တွန်းပို့ခံနေသလိုဖြစ်ယင်း
ရခိုင်လက်နက်ကိုင် အင်အားစုဟာ
ဤ နှစ်ပိုင်းအနည်းငယ်အတွင်း
ပေါ်ပေါက် အင်အားတိုးလာကာ
ရခိုင်တွင်စတင်အခြေချရန် ကြိုးစားယင်း
ရခိုင်ရိုးမ၏ သာယာလှသော
တောင်တန်းများပေါ်တွင် ယမ်းသံ ပေါက်ကွဲသံများ နှင့်
 သွေးရောင်လွှမ်းလာရခြင်းကို
စိတ်မကောင်းစွာ တွေ့မြင်နေရပါသည်။

နောက်ထပ် နိုင်ငံရေး အင်အားစုများအား
နိုင်ငံရေးအင်အားကြီးများက အားအင်ချိနဲ့အောင်လုပ်
လက်နက်ကိုင် တပ်မတော်မှလည်း
လက်နက်ကိုင် အင်အားစုများအား အမြစ်ပြတ်ချေမှုန်း ပစ်မည်ဟု
သဘောထားဖြင့် ဆက်လက်သွားနေမည်ဆိုပါက
ယမ်းငွေ့သံများ၊ တောင်ဖက်မှ ကြားလိုက်၊
အရှေ့ဖက်မှ ကြားလိုက်၊ မြောက်ဖက်မှ ကြားလိုက်၊
အနောက်ဖက်မှ ကြားလိုက်နှင့် ကြားနေရမည်ဆိုပါက

မိမိ စိတ်တွင် လည်း ဆဲဆိုသံ သေနတ်သံများကိုငြိမ်း ငွေ့လာသဖြင့်
အောက်ပါ အတွေးများ ဝင်လာရပါသည်။

ငါ့တို့ အဖိုးတွေ အဘွားတွေ၊
ဘာဖြစ်လို့ ဘရူနိုင်းလို နောက်ချန်ပြီး ၁၉၈၂ မှာ
လွတ်လပ်ရေးမယူခဲ့ကြတာပါလိမ့်
ငါတို့တွေ ဘာဖြစ်လို့ ဘာသမိုင်းအစဉ်အလာမှမရှိတဲ့ စကာင်္ပူလို
မလေးနဲ့အတူ လွတ်လပ်ရေးယူပြီးမှ
၇နှစ်အကြာမှာ  နိုင်ငံရေးနည်းဖြင့် ခွဲထွက်တောင်းဆိုခွင့်မရှိရတာလဲ၊
ဘာဖြစ်လို့ ပြည်ထောင်စုဆိုတဲ့ စကား၊
ညီနောင်တိုင်းရင်းသား ဆိုတဲ့စကား ထပ်တလဲလဲပြောပြီး၊
နှစ်ပေါင်းခြောက်ဆယ်ကျော် ဆဲဆိုနေ ငြင်းခုံနေကြရသလဲ၊
ဘာဖြစ်လို့ ပြည်ထောင်စုပြိုကွဲမယ်လို့ စိုးရိမ်ကြသလဲ၊
အမွေခွဲပြီး ကိုယ်စီးပွါးကိုယ်လုပ်ကြရင်း၊
မလေး၊ စကာင်္ပူ၊ ဘရူနိုင်းလို ကူးလူးဆက်ဆံ
ပြည်သူချင်း ချစ်ကြည်ရင်းနှီးစွာ အိမ်ခွဲ ဆင်းတဲ့
 မောင်နှမတွေလို နေ၍ မရဘူးလား၊

ဘာကို စိုးရိမ်ကြသနည်း၊
မိသားစု ညီအစ်ကိုမောင်နှမတွေတောင် အချိန်တန်ခွဲကြရတာဘဲ၊
မိဘချမ်းသာတိုင်းလဲ သားသမီးတွေ အမွေမခွဲဘဲ
မနေနိုင်ကြဘူးဆိုတာ နားလည်ကြရပါလိမ့်

Globalization ကို တကယ်ယုံကြည်တယ်ဆိုရင်
တကမ္ဘာလုံး တနိုင်ငံထဲဖြစ်အောင် Merge လုပ်ကြည့်လို့
ရမလားအယင်တွေးကြည့်ပါ
ကျနောက ပိုတောင်ကြိုက်ပါသေးတယ်၊

လူတွေအားလုံးဟာ သောတာပန်အဆင့်ဖြစ်အောင်
ဘုရားသော်မှ မတတ်နိင်၍
လောဘဒေါသ မောဟ တွေနဲ့ရှုပ်ထွေးနေအုံးမည့်
လူဦးရေ အဆမတန်များပြားလာသည့် ကမ္ဘာကြီးမှာ
စီမံမှုကလည်း ညံ့ဖျင်း မသေချာ အခြေအနေမှာ
ရှိနေ တုန်း ဘဲ ဆိုရင်တော့
ပြည်ထောင်စု ဆိုတာ ခဏ မေ့လိုက်၍
စီးပွါးခွဲကြခြင်းက ပိုနိုင်နိုင် နင်းနင်း ရှိမလား၊
ဒါမှာ တော်တဲ့ ပြည်နယ်စံ၊
 ညံ့တဲ့ပြည်နယ်ကျန်
ကိုယ့်အရည်အချင်း နဲ့ကိုယ်သွားကြခြင်းက
ဘဝ တန်ဖိုးပိုသိ၊
လောကဓံကို ရင်ဆိုင်၊
မိမိကိုယ်ကို ခိုင်မာအောင် ရပ်တည်ဖို့ကြိုးစားခွင့်ရ
လူဖြစ်လာကြနိုင်ပေလိမ့်မည်။

ပြည်ထောင်စုအတွင်းအတူတူနေကြမယ်ဟေ့လို့ ယုံကြည်ရင်
ဒီတိုင်းရင်းသားတွေမှာ ခွဲထွက်ပိုင်ခွင့်လည်းအပြည့်
ရှိတယ်ဆိုတာ လက်ခံယုံကြည်ပြီးမှ၊
ခွဲမထွက်အောင် ငါတို့အတူတူ
ဘယ်လိုတည်ဆောက်ကြမလဲ လို့
ရင်ဘက်နဲ့ ဆွေးနွေးကြရပါလိမ့်မယ်၊

ငါအကောင်းဆုံးလုပ်ပေးမှာ
ငါ့စကားနားထောင်ကြဆိုတာတာ
မူလတန်း အထက်တန်း စာသင်ခန်းက
 ကျောင်းသားတွေကိုဘဲ
ပြော၍ ရပါလိမ့်မယ်၊

ဒီလိုပဲ သေနတ်ပြ ခြိမ်းခြောက်ထား၍လည်း
ရေရှည်သွား၍ မရသည့် သင်ခန်းစာ ရှိခဲ့ပြီးကြပါပြီ၊

လက်တွေ့ဘဝ နဲ့သာ ရင်ဘတ်ချင်းလေးစား
 ရှေးစခန်းသွားကြရပေလိမ့်မည်။

Thursday, April 7, 2016

" Down grade လုပ်ပီးပါ "

၁၉၂၀ လောက်ကပင် အင်္ဂလိပ်နဲ့ ဗမာကြား ဟုမ်းနဲ့ရူး တိမှာ ဦးဥတ္တမလဲ အဆဲခံရ၊ ဦးမေအောင်လဲ အဆဲခံရ နှစ်ဖက်စလုံးက မလွတ် ဆာပေါ်ထွန်းလေ့ သမိုင်းမှာ မှတ်တမ်းကောင်းမတင်ခံရ အားလုံးပြည်ကြီးတစ်လုံးအတွက်အလုပ်လုပ်ခကတ်စွာ ICS တိလဲတစ်ပုံ ရွှေတံဆိပ်ရ ဦးချန်ထွန်းလေ့ပါယင့် ဦးအောင်ဇံဝေ လဲ ရဲဘော်ကိုထွေးလောက်တောင် သုံးမရခပိုင် ဖြစ်ခရကတ်စွာရေ တိုင်းပြည်အရေးက ရခိုင်နယ်အရေးထက်အရေးကြီးရေ ထင်ခကတ်စွာအယူအဆကြောင့်ဖြစ်တေ။ ယင်လူတိရာ ခေတ်အဆက်ဆက် ရခိုင်အရေးကိုရာ စိတ်နှစ်လို့ ဦးဆောင်ခကတ်ကေ ရခိုင်ပြည်အောက်ဆုံး နံပါတ် ၂ မှာရှိနီလီဖို့မထင် အဂုတော့ကာ ရှိရေလူနဲ့ ဝန်ကြီးတောင်းလိုက် အဆဲခံရလိုက် ဟိုတောင်းလဲအဆဲခံရ ဒေတောင်းလဲ အဆဲခံရ ကိုယ့်အချင်းချင်း လဲ ခွဲရေးတွဲရေးနဲ့ ထသတ်ကတ် ကိုယ် ရန်ကုန်မှာနီ နိုင်ငံခြားမှာနီပြီးကေ ငရို့လူတိလုပ်လို့မရပါသိဝေ သုံးမရကောင်တိ လုပ်နီကတ်စွာရာလို့အထင်သေး သူများလုပ်ပီးမှ အောင်မြင်ဖို့လို့ အထင်ကြီးရေ လူတိကလဲဝင်လက်ညှိုးထိုး ဝင်ဆဲ ဒေပိုင်နဲ့ ဆဲဂျီးဆဲနီကတ်လို့ မထူးဗျယ် ဖြစ်တေအတွက် ရှိဆက် ဒေအတိုင်းနီလဲ ဆဲနီကတ် မုန်းနီကတ်ရဖို့စွာဗျယ် ဝ လူမျိုး တိ အဆဲခံရစွာ ကြားရရေ လို့ တခါလေ့ မရှိ မကြားဖူး၊ စလုံးက မလေးနဲ့ မလေးက မလေးတိ နဲ့ လဲ နိုင်ငံကွဲလခကေလေ့ ကကောင်းချစ်ကတ်လို့ ယူကတ်လိုက် ထိုကူး ဒေကူး ကူးလိုက် လုပ်နီကတ်ယင့် ကိုယ့်စီးပွားနဲ့ ကိုယ် အမွီခွဲထွက်မှ ရာ မောင်နှစ်မ အချင်းချင်းတောင်ချစ်ကတ်စွာများရေ ဆက်ပေါင်းနီကေလေ့ ဆင်းရဲရဲ ချမ်းသာသာ ဆက်ဆဲနီကတ်ရဖို့စွာဗျယ် ဆိုစွာကို နှစ်စ်ဖက် သဘောပေါက်ဖို့ကြိုးစားရဖို့ဗျယ်၊ စကာင်္ပူ၊ ဘရူးနိုင်းနိုင်ငံရို့ လူမျိုးတူကေလေ့၊ ရေမြေအခြေအနေ မတူရေ အတွက် မိမိရို့ ကိုယ့်စွာကိုယ် ခွဲထွက် ထူထောင်ခြင်းက၊ အမုန်းဆက်မပွါးဘဲ နှစ်ဖက်စလုံးအတွက် တိုးတက်ဖို့ နဲ့ ညီအကိုနိုင်ငံတိပိုင် ဆက်လက်ချစ်ခင်နီနိုင်ဖို့လို့ ဆိုရေ Strategy နဲ့ လီကွမ်ယူရို့ပိုင် နိုင်ငံရေးနီးနဲ့ ခွဲထွက်ခွင့်တောင်းလားမှ အဆင်ပြေဖို့ဗျယ်ထင်ယင့် ဖွဲ့စည်းပုံနဲ့ပြောနီကတ်ဖို့ဆိုကေ လူမျိုးကြီးရှစ်ခု(လူမျိုးစု ၁၃၅စု) တိညှိလို့ ဖယ်ဒရယ် မိုဒယ်တစ်ခုဖြစ်လာအောင်စောင့်ဖို့က ဘုရားနောက်တစ်ဆူပွင့်အောင်ရာ စောင့်ရဖို့လို့ထင်ဗျယ် အေ ထီးအောက်က ဆက်နီလို့ မှေးလိုက်ကတ်စွာ အကောင်းဆုံးထင်နီကတ်ကေ ပါတီလဲ ဖွဲ့နီစရာမလိုဗျယ် အမ်အယ်လ်ဒီ ထဲဝင်ကေဝင် မဝင်ကေ ယင်းသူရို့ စစ်တပ်ထဲရာဝင်လီကတ်ဖိ ရခိုင်စကား ရခိုင်စာလေ့ အခုထဲက ပြောနီဖို့မလိုဗျယ် မဟုတ်လဲ အချိန်တစ်ခုကြာကေ ပျောက်လီဖို့ဖြစ်တေအတွက် ယင်းသူရို့စကားရာ ကျင့်ကတ်ဖိ မဟုတ်ကေ တော့ ရခိုင်အချင်းချင်းလဲဆဲကတ် ထိုသူရို့နဲ့လဲဆဲ ကတ်ရ ဆဲချည်း ဆဲနီကတ်ရလို့ ပွဲလေ့ ပြီးလီဖို့ မဟုတ်ပျယ် အေပိုင်ပြော လို့ နိုင်ငံရေးသမားမထင်ကတ်ပါကေ့ ရိုးရိုး ရခိုင်သားပါ အမှားပါကေ တောင်းပန်ပါယင့် အချိန်မကျသိမ့်ထင်ကေ တောင်းပန်ပါယင့် 2016~20 ကာလ ပြည်နယ် model အသစ် ကတော့ကေ ဒိုင်းခွက်ကြီးကိုင်လို့ ဇါပုံစံဖြစ်လာဖို့ လဲ ဆိုစွာ ရခိုင်သားတိ ငြင်းခုံ ယင်း ပွဲကြည့်နီကတ်ရဖို့ဗျယ်ထင်ယင့် ရုပ်ရှင်အကယ်ဒမီပီးပွဲမှာတော့ကေ ဇါတ်ဆောင်နဲ့ ဇါတ်ပို့ ငြင်းကတ်ခုံကတ်တေကြားမှာ မင်းသာနေတိုး ဇာတ်ဆောင်ဆု အကယ်ဒမီ မငြင်းဘဲ ရလိုက်တေ၊ ဒီမိုကရေစီရုပ်ရှင် ဇာတ်ဆောင် ဇါတ်ပို့ ငြင်းနီကတ်တေကြားမှာလေ့ လဆိုးနေရာကဆိုဆို လဘောနေရာက ပဲ ဖြစ်ဖြစ် ဇါနီရာကပင်မဆို ဟီးရိုးနေရာကမဟုတ်ကေလေ့ ရခိုင်ပြည် အကယ်ဒမီ တစ်ဆုလောက် ဇါတ်ဆောင်/ဇါတ်ပို့/ ဓါတ်ပုံ/ တစ်ခုခု ( ဇါတ်ညွှန်း၊ ဒါရိုက်တာ၊ဇါတ်ကားဆုတိ ကတော့ မဖြစ်နိုင်ထင်ပါယင့်) ရနိုင်ပါဇီ လို့ မျှော်လင့်ရဖို့လား မသိဗျယ် ပြည်နယ်ပီး ထားရေဆိုပီးကေ ထိုတောင်းကေလေ့ဆဲ ဒေတောင်းကေလေ့ဆဲ၊ အချင်းချင်းလေ့ဆဲနဲ့ အဆဲသံသရာကြားမှာ ဖပြားဝတ်နီဗျယ်၊ အစိုးရတိုင်းကတော့ကေ အချိန်မကျသိဂျီးဗျယ် ပြောခဂတ်စွာဗျယ် ၁၀နှစ်ပြည့်လို့ မကျေနပ်ကေ ခွဲထွက်ကတ်လို့ လက်ထဲအာဏာမရှိသိဘဲ ချင်း၊ ကချင်၊ရှမ်း ကို ကျန်တိုင်းသားတိရှိမှောက်မှာ ဂတိပီးခ ဝံ့ရေ ပြည်မခေါင်းဆောင်ဆိုလို့ ဦးအောင်ဆန်းတစ်ယောက်ရာရှိရေ၊ သူလဲ ဂတိတည်ဖို့မရခင် ဘဝ ပြောင်းလားခရရေ၊ ယင်းနောက်ပိုင်းမှာ တစ်ယောက်လေ့ စကားအဖြစ်တောင် မပြောဝံ့ ရခိုင်သားတိလေ့ အဂုအချိန်မှာ လီကွမ်ယူ ပိုင် ပြတ်ပြတ်သားသား လူမျိုးတူတူ မတူတူ ရီမြေ အနေအထားအရ ကိုယ့်စွာကိုယ် ထူထောင်ချင်လို့ ကိုယ့်စီးပွါး ကိုယ်လုပ်နိုင်ဖို့ယုံကြည်လို့ ခွဲထွက်ချင်ပါရေပြောခီကေ ဆဲတောင်မက သနတ်နဲ့ဘာ အနက်ခံရဖို့လားလို့ ကြောက်စိတ်ဝင်နီကတ်ရရေခါ ပြည်နယ်လေ့ မလိုချင်ပါဗျယ်၊ ရွီးကောက်ပွဲလဲ မလိုချင်ပါဗျယ်၊ ပြည်နယ်ဝန်ကြီးချုပ်လဲ မလိုချင်ပါဗျယ် အဆဲလေ့ မခံချင်ပါဗျယ်၊ ရန်ကုန်မှာ အအီးဆဆီးနီရေ ရခိုင်တိလေ့ ပြည်မသားတိဘားမှာ အဆဲမခံရ အရှက်မရ ကတ်အောင် ပြည်နယ်လဲမဟုတ် ရွီးကောက်ပွဲလဲ မဟိ၊ ဝန်ကြီးချုပ်လဲ ခန့်စရာ မလိုရေ ၂၀၀၈ စာအုပ်ထဲက ဝ ဒေသ လောက်အဆင့်ဖြစ်တေ၊ ဝ ဒေသ နဲ့ တန်းတူညီမျှ ဝါဒဖြူစင် ကိုယ်ပိုင်အုပ်ချုပ်ရေးဇုံရာ............. လျော့ပေါ့ပီးပါဖိလို့ တောင်းကတ်ရဖို့ဗျယ်လားမသိ။

Tuesday, April 5, 2016

ဈေးကွက်သင်္ကြန် ရိုးရာသင်္ကြန် ခေတ်လွန်သင်္ကြန် နှင့် အစိုးရ ကဏ္ဌ ကျနော့် အမြင် ကျနော့်အတွေး

မြန်မာတိုင်းရင်းသားအားလုံးတို့ဟာ နှစ်ပေါင်းရာကျော်အတွင်း
မိမိတို့၏ သဘာဝထွက်ကုန်ကြမ်းများအား ထုတ်ရောင်းခြင်း အပြင်
သူများ ယဉ်ကျေးမှု ဘာသာ အလေ့အကျင့် များသာ
မိမိတို့ထံစီးဝင်ခြင်းခံရပြီး  ဈေးကွက်ချဲ့ခံရခြင်းနှင့် အတူ
ဆက်စပ်ထုတ်ကုန်များကိုပါ  ကြိုက်နှစ်သက်ဝယ်ယူသုံးစွဲ
ဝတ်ဆင် စားသုံး ဈေးကွက် ချဲ့ထွင်ခြင်း ခံကြရပါသည်။

မိမိတို့တိုင်းရင်းသားသားအသီသီးတို့၏ unit ဖြစ်သည့်
ယဉ်ကျေးမှု ဓလေ့ထုံးစံ များ   နိုင်ငံတစ်ကာသို့
တစ်ခုမှ ထိုးဖေါက်ဈေးကွက်ချဲ့နိုင်ခြင်းမရှိခဲ့ပါ။

အာဖရိက မြူးဇစ်စတိုင်များ၊ လက်တင် မြူးးဇစ်စတိုင်များ
အနောက်တိုင်းတွင် ဈေးကွက်ရလာကြသည်။
ဥပမာ -Blue, reggae, Rap, Latin, Breakdance, Salsa, စသည်ဖြင့်
ထိုးဖေါက်နိုင်ကြပြီး အာရှမှ ထိုးဖေါက်နိုင်မှု အလွန်နည်းပါသည်။

ယခုအခါ ယဉ်ကျေးမှုထွန်းကားခြင်းအလွန်နောက်ကျခဲ့သည့်
ကိုးရီးယာယဉ်ကျေးမှုများဟာ
ယဉ်ကျေးမှုထွန်းကားမှု
အလွန်စောခဲ့ပါသည်ဆိုသော မြန်မာနိုင်ငံသို့
 ဈေးကွက်ချဲ့လာခြင်းကို အနောက်တိုင်းယဉ်ကျေးမှုနှင့်အပြိုင်
ခံနေကြရပါသည်။

ကျနော်တို့၏ unit ဖြစ်သော
တိုင်းရင်းသားအသီးသီးတို့၏ ယဉ်ကျေးမှုများကိုဖေါ်ထုတ်၍
ကမ္ဘာသို့ promote လုပ်ဈေးကွက်ချဲ့ထွင်ယင်း
ဆက်စပ်ရာ အစားအသောက်၊
အဝတ်အထည် အသုံးအဆောင် တို့ကိုပါ
 ဈေးကွက်စီးပွါးတစ်ခုအနေဖြင့်
ဝိုင်းဝန်းလုပ်ဆောင်သင့်ပေပြီ၊


ပဒေါင်း၊ ကယန်း လူမျိုးတိရဲ့ ဓလေ့ တခုဖြစ်တဲ့
လည်ပင်းမှာ ကြေးကွင်းစွပ်တဲ့ အလေ့အထကို
ကမ္ဘာလှည့် ခရီးသွားတွေ ကြည့်ရှု့စရာတစ်ခုအဖြစ်
ကမ္ဘာသိခရီးသွားလုပ်ငန်းရဲ့
 ဈေးကွက်ပေါ်ရောက်လာအောင်လုပ်နိုင်ခဲ့တာ
 မြန်မာယဉ်ကျေးမှု မြင့်တင်ရေးနဲ့ပတ်သက်ဆက်နွယ်သူတွေ၊
 မြန်မာ့ ခရီးသွား အေဂျင်စီတွေ မဟုတ်ဘဲ
ထိုင်းခရီးသွားဧဂျင်စီတွေနဲ့ ထိုင်းခရီးသွားဝန်ဆောင်မှု
 ဈေးကွက် ပရိုမိုးရှင်းလုပ်သူတွေရဲ့
 ဈေးကွက် ပရိုမို့လုပ်တတ်တဲ့ အသိနဲ့
ဒုက္ခသည် စခန်းမှာရောက်ရှိနေထိုင်ကြတဲ့
ကယန်း/ပဒေါင်းလူမျိုးတွေရဲ့ UNIT ဖြစ်တဲ့
ဓလေ့တစ်ခုကို  ဈေးကွက်ဖေါ်ဆောင်
အသုံးချတတ်တာကြောင့်ဖြစ်တယ်၊

ဒီတိုင်းရင်းသားတွေ ဟာ
ထိုင်းက တိုင်းရင်းသားတစ်မျိုးလား လို့
ကမ္ဘာလှည့် ခရီးသည်တွေ  ထင်ယောင်မှားစေတဲ့အထိ
 ဖြစ်အောင် promote လုပ်နိုင်ခဲ့ကြ ပါတယ်။

ဒီလိုပဲ ဆင်သတ္တဝါတွေပေါများမှု၊
အသုံးချမှု၊ တော်ဝင် တိရိစ္ဆာန်အဖြစ် သုံးစွဲမှု၊
စစ်ရေးစစ်ရာ တပ်ဖွဲ့အဖြစ်သုံးမှုတို့ကို၊
အိန္ဒိယ၊ရခိုင်၊ ဗမာ၊ထိုင်း
ပဒေသရာဇ်နိုင်ငံလက်ထက်တွေမှာ
အပြိုင်သုံးခဲ့ကြပေမယ့်၊
 မြန်မာပဒေသရာဇ်ဘုရင်တွေ
ဆင်ဖြူများစွာပိုင်ဆိုင်ခဲ့မှုအပေါ်
ယခုခေတ်ထိ ဂုဏ်ယူ ဝန့်ကြွားကြသော်လည်း

ယနေ့ခေတ်အချိန်အခါမှာ
ဆင်တွေ ကို လိမ်မာယဉ်ကျေးအောင်လုပ်ပြီး
သူတို့နိုင်ငံ၏ ရတနာတစ်ခုလားထင်ရအောင်
ပွဲထုတ် ဈေးကွက်သွင်းနိုင်သူဟာ
ထိုင်းတွေဖြစ်သွားပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာတို့နဲ့အတူ
ဘာသာမရွေး ဆင်နွဲခွင့်ရတဲ့ သင်္ကြန် ပွဲတော် ဟာ
 မြန်မာတို့ရဲ့ တစ်နိုင်ငံလုံး ခြိမ့်ခြိမ့်သည်းလုပ်ကြတဲ့
Unit ဖြစ်တဲ့ cultural festival တစ်ခုပါ ၊
ဒီလိုပွဲတော် မျိုးကို မိမိတို့ရဲ့ Signature  တစ်ခုအဖြစ် ထိမ်းသိမ်းပြီး
ကမ္ဘာ့ပရိတ်သတ်ဖေါက်သည်တွေ က
ဒီသင်္ကြန်ရဲ့ ဓလေ့ကို ပျော်ဝင်ကြိုက်နှစ်သက်တဲ့
ပွဲဖြစ်လာအောင်လုပ် ကြ ရာမှာ....
မိမိတို့ ဓလေ့ကိုသာ
သူတို့ကြိုက်နှစ်သက်လာအောင်....လုပ်ပေးရပါလိမ့်မယ်၊
ကိုယ့်ဓလေ့ကို သူတို့ကြိုက်အောင်
သူတို့ယဉ်ကျေးမှုဓလေ့တွေ ရောသွင်းလာပြီး
သူတို့ဂီတ သူတို့ဓလေ့ကို   ရောစပ်
Promote လုပ်ပေးနေစရာမလိုပါဘူး၊

ဒါပေမယ့်လဲ လူငယ်သဘာဝ ခေတ်မီတယ်ထင်တဲ့နည်းနဲ့
ဥပဒေဘောင်အတွင်းက ပျော်ပါးလိုမှုကိုလဲ
ပိတ်ပင်ရခက်နေပြန်ပါတယ်။

ကိုယ့်နိုင်ငံတိုးတက်ချမ်းသာစေချင်ယင်
- ကိုယ့်ဓလေ့တွေရဲ့ စိတ်ဝင်စား စရာအကာင်းဆုံးတွေကိုသာ
Export လုပ်နိုင်အောင်

- ကိုယ့်ဘာသာအယူဝါဒ လက်တွေ့ ကောင်းမွန်မှုတွေကို
 Export လုပ် ဈေးကွက်ကျယ်လာအောင်....
လက်ခံလာအောင်......
ဒီမှတဆင့် ဆက်နွယ်နေတဲ့
မိမိတို့ရဲ့ အသုံးအဆောင် များ
အစားအသောက်များကို
အချိုအငံအစပ်  ဈေးကွက်ကိုလိုက်ပြီး
အချော့အတင်းပြုပြင်
 ဈေးကွက်ရလာအောင်
Export လုပ်နိုင်အောင် ထိ
 ကြိုးစားကြသင့်ပြီဟု ယူဆပါတယ်။၊


သူများ ဓလေ့ထုံးစံ၊
အနေအထိုင်၊
အဝတ်အစားက အစ
သူများဟာတွေချည်း ခိုးကူးကြတော့..........

 ဒေါ်လာ ဘီလီယံချီတဲ့
လူ သန်း ၆၀ ဈေးကွက်ဟာ အမြဲအရှုံးနဲ့ပါဘဲ၊

သင်္ကြန်အတွက်သုံးစွဲ အကုန်အကျ ခံကြတဲ့
သင်္ကန်းအထည်စ၊ ကလေးရေပြွတ်၊
 မိန်းကလေးတွေ ဝတ်ဆင်ကြဖို့ ဝယ်ကြချုပ်ကြတဲ့
သုံးစွဲရာ ပစ္စည်းများရဲ့ ဘီလီယံချီ တန်ဘိုးရှိတဲ့
ရာခိုင်နှုန်းများစွာဟာ
အိမ်နီးချင်း တရုတ်နဲ့ ထိုင်းက ပျော်ပျော်ကြီးရောင်းပေးတဲ့
သွင်းကုန်များဖြစ်နေပါတယ်။
 ပြည်တွင်းဖြစ် အထည် လုံချည် ရက်လုပ်ငန်းတွေရဲ့
 ဈေးကွက်ဟာ ကျဉ်းမြောင်းလာပြီး၊
တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ထိုင်း၊အင်ဒိုနီးရှားထုတ်အထည်အလိပ်တွေနဲ့
 ခြုပ်ထည် ဘောင်းဘီ၊ အင်းကျီ၊
အဆင့်သင့်တွေက အစားထိုး နေရာယူလာတာကို
 ဈေးကွက် မကျူးကျော်အောင် ပြိုင်ဆိုင် ခုခံဖို့
အခုလို traditional ပွဲမျိုးမှာ အသင်းအဖွဲ့တွေက ကြီးမှူးလုပ်တဲ့ event တွေမှာ
 ပြည်တွင်းဖြစ်တွေကို ဝယ်ယူအားပေးသင့်ပါတယ်၊

 ကျနော်တို့နိုင်ငံရဲ့ခေတ်အဆက်ဆက်မှာ
လူတန်းစားတရပ်ဟာ ဥပဒေရဲ့ နောက်ကျောကနေ
မတရားချမ်းသာကြွယ်ဝလာကြကာ ရိုက်ထုတ်သမျှငွေကြေးရဲ့
ရာခိုင်နှန်းများစွာဟာ ဤလူတန်းစားတို့လက်ထဲ ရောက်ရှိနေခဲ့ပါတယ်။
အစိုးရတစ်ရပ်ရဲ့ တာဝန်ဟာ ဘားဂျတ်လိုငွေပြနေမှုကနေ
ပိုငွေပြလာအောင် နိုင်ငံတော်ရဲ့ ဝင်ငွေကောင်းလာအောင်
လုပ်ဆောင်ကြရာမှာ၊ နိုင်ငံခြားပို့ကုန်နှင့်အခွန်အပြင်၊ ပြည်တွင်းလှည့်ပတ်နေသော
ငွေကြေး လက်ပြောင်းလက်လွဲများကြားမှာ အခွန်မှန်ကန်စွာရလာစေရေး၊ ငွေကြေးကြွယ်ဝသူများ
 ပြည်တွင်းတွင်ဖြုန်းတီးနိုင်အားကောင်းအောင် မှန်ကန်တဲ့ အခြေအနေတွေ ဖန်တီးပေးရင်း
သူတို့ငွေကြေးစီးဆင်းမှုများ အစိုးရထံပြန်ဝင်လာအောင်
လုပ်ဆောင်နိုင်ဖို့လည်းတနည်းအရေးကြီးပေသည်။

 ပြည်သူတွေရဲ့အသံတစ်ချို့ ဆူညံလာတဲ့ ကိစ္စတစ်ချို့မှာ
စလုံးအစိုးရ ဖြေရှင်းလေ့ရှိတဲ့
နည်းလမ်းတစ်ချို့ကို ဥပမာပေးယင်း
တိုက်ရိုက်ပိတ်ပင်လိုက်တာလဲ မဟုတ်
 ပြဿ     နာလည်းဖြေရှင်းပေး
အစိုးရလည်း အမြတ်အမြဲရတဲ့နည်းမျိုး
တစ်ချို့ကို တင်ပြလိုပါတယ်။။

စလုံးအစိုးရရဲ့ အိတ်ထဲမထည့်ဘဲ
အခွန် ဘဏ္ဌာထဲ ပိုပို ဝင်လာအောင်လုပ်တဲ့
နည်းလမ်းတစ်ချို့ကို ဝေမျှချင်တာပါ
ဗဟုသုတ တစ်ခုပေါ့ဗျာ။

စလုံးအစိုးရဟာ ပြည်သူတို့ရဲ့အသံ နည်းနည်းညံ လာပြီဆိုရင်
သူ့ပြည်သူလဲ ငြိမ်သွားအောင် ကိုယ်လဲ အမြတ်ထွက်အောင်
နည်းလမ်းမျိုးကို ကနဦး သုံးကြည့်ပြီး အဖြေရှာတတ်ပါတယ်၊
အဲလိုဖြေရှင်းနည်းတိုင်းမှာ သူအတွက် ဝင်ငွေများများလာတာချည်းပါဘဲ၊

ပထမ ဥပမာ တစ်ခုက ဟိုးအယင်တုန်းက
စလုံးအစိုးရကျောင်းမှာတက်ကြတဲ့
 ကျောင်းသားတွေနဲ့ပတ်သက်ပြီး  ပြောရယင်

စလုံးနိုင်ငံသားတွေ နဲ့ အမြဲတန်းနေခွင့်ရ မိသားစုရဲ့
သားသမီးတွေဟာ ဟိုးတုန်းက
 ကျောင်းလခ အတူတူပါဘဲ

နိုင်ငံခြားသားအနေဖြင့် အုပ်ထိန်းသူ ဖြင့်
လာတက်တဲ့ ကျောင်းသားတွေ၊

တစ်ခြားအလုပ်လုပ်ခွင့်ပါမစ် တစ်ခုခုဖြင့်
မိသားစု နေခွင့်ရမိသားစုတွေရဲ့
သားသမီးတွေ အနေဖြင့်
 မူလတန်း အထက်တန်း အဆင့် တွေမှာ
 ကျောင်းလခဖိုး တွေဟာ
 စလုံးနိုင်ငံသားနဲ့ ပီအာတွေထက်
နဲနဲပိုပေးကြရပါတယ်။

ဒါကိုဘဲ အယင် စလုံးစီးပွါးရေး အရမ်းမကောင်းတော့ လို့
နည်းနည်းအခက်အခဲရှိလာတာရေ........

နိုင်ငံခြားသား အလုပ်လာလုပ်သူတွေ၊ ပီအာပေးတာတွေမှာ
အယင်လို
မလေးမျိုး နဲ့ မလေးတရုပ် လူမျိုးတွေသာမက၊
 မြန်မာ၊ သီရိင်္လကာ၊ အိန္ဒိယ၊  ပြည်ကြီး တရုတ်
ဘင်္ဂလားဒေ့်ရှ် နိုင်ငံသား
ပီအာတွေလဲများပြားလာတဲ့အခါ၊
စလုံနိုင်ငံသားတွေက ကျောင်းလခ တွေ ကို
ပီအာနဲ့ အခွင့်အရေးတူပေးနေရတာတွေပေါ်
မကျေမနပ် ပြောဆိုလာတာတွေရှိလာပါတယ်၊

အစိုးရကလည်း ရွေးကောက်နီးလာရင်
ဒီလို လူထုမကျေနပ်မှုတွေ ပွင့်အံလာမှု အပေါ်
ဂရုတစ်စိုက် စိတ်ကျေနပ်အောင် လုပ်ပေးတာတွေရှိရတာဘဲမို့

ကဲ ခင်ဗျားတို့ ပြည်သူတွေအတွက်ကျေနပ်အောင်
စလုံး၊ ပီအာ နဲို့င်ငံခြားသားမတူစေရဘူး
စိတ်ချဆိုတဲ့သဘောနဲ့ စလုံးလူမျိုးတွေ ကို
မူလပေးနေကျ နှန်းထားအတိုင်း ဆက်ပေးစေ၊
ပီအာ သားသမီးတွေက နှစ်ဆ ပေးစေ၊
နိုင်ငံခြားသားကျောင်းလာတက်သူတွေ
အလုပ်အကိုင်ခွင့်နဲ့နေတဲ့သူရဲ့
မှီခိုနဲ့နေပြီးကျောင်းတက်တဲ့ ခလေးတွေ ကို
 လေးဆ လောက် ကျောင်းလခ ထပ်မြှင့်ပါတယ်။

အဲတော့ အခွင့်အရေး ပီအာ နဲ့တန်းတူမို့
မကျေနပ်တဲ့ စလုံးပြည်သူအတွက် ဒုံရင်းဖြစ်ပေမယ့်
စလုံး ပြည်သူကအော်လို့ အဆင့်အတန်းမတူအောင်
ဖန်တီးပေးခံလိုက်ရတဲ့
 ပီအာ တွေ  အီးပီ၊ အက်စ်ပက်စ် မိသားစုတွေရဲ့
အိတ်ထောင်ထဲက ငွေတွေ စလုံးအစိုးရဆီ ပိုရောက်သွားရတာမို့၊
အော်ကြတဲ့ စလုံးပြည်သူတွေ တိုက်ရိုက်အကျိုးမခံစားရပေမယ့် ၊
 ဝင်ငွေပိုရလာတဲ့ အစိုးရအတွက်
ပြည်သူအတွက် ဘဏ္ဌာငွေ ပိုသုံးပြနိုင်တာမို့ ပိုလုပ်ပေးနိုင်
ပိုနံမည်ကောင်းရ တိုင်းပြည် ပိုချမ်းသာပေါ့ဗျာ၊

နောက်ဥပမာ တစ်ခုက နိုင်ငံငယ်လို့ ကားအစီးရေ ကန့်သက် ပေးသွင်းချင်တာကြောင့်
ကားသွင်းခွင့်ကို ဘာရှိမှညာရှိမှ၊ ဘာအလှုထဲ့မှ၊ နီးစပ်မှ ကန့်သက်အရေအတွက်အတ် ဦးစားပေးရတာမျိုးလည်းမဖြစ်အောင်
အစိုးရ ဘဏ္ဌာလဲ ပိုဝင်အောင် ကားပိုင်ဆိုင်ခွင့်သက်တမ်းကို ၁၀နှစ်ကန့်သပ်ထားပြီး
ပြည်ပမှ လစဉ် တင်သွင်းခွင့်ကားအရေအတွက်ကိုကန့်သတ်ရန် ကား
၁၀နှစ်ပိုင်ဆိုင်ခွင့်အသစ်လက်မှတ်ကို ကားအတန်းအစားအလိုက်
ဈေးပြိုင်စံနစ်နဲ့ရောင်းချတဲ့အခါကျတော့ ကားအဝယ်များတဲ့လတွေမှာ
ပိုင်ဆိုင်ခွင့်လက်မှတ် ဝယ်လိုအားများတာကြောင့်
ပိုင်ဆိုင်ခွင့်လက်မှတ် ကို  ဈေးပြိုင်ဝယ်ယူမှု ကြောင့်
 ဈေးမြင့်တက်ကာ အစိုးရဝင်ငွေမြင့်တက်သွားပါတယ်
ကားပိုင်ဆိုင်ဝယ်စီးလိုတဲ့လူက အစိုးရသတ်မှတ်ပေးထားတဲ့
အရေအတွက်ထက်များလာရင်
၁၀နှစ် ကားပိုင်ဆိုင်ခွင့်လက်မှတ်(COE) ဘိုးကို
ပိုပေး နိုင်တဲ့ လူဝယ်စီးဆိုတဲ့ စံနစ်ကျင့်သုံးတော့
 တိုင်းပြည်အတွက် ဝင်ငွေ ပိုကျန်တဲ့ သဘောပေါ့ဗျာ။

နောက်တစ်ခုက အိမ်ဈေးတွေ မတရားမြင့်တက်လာတော့ လက်ကြီးသမားတွေ ဈေးဝင်ကစားကြတာကြောင့်
 သူနိုင်ငံသား သာမန်ပြည်သူတွေ မဝယ်နိုင်တဲ့အထိဖြစ်သွားမှာ
 ဈေးကွက်အုပ်စီးခံရမှာစိုးလို့ဆိုပြီး
ဈေးကွက်တည်ငြိမ်အောင် ထိန်သိမ်းဖို့ဆောင်ရွက်ရာမှာ
ပထမအိမ်/အိမ်ခန်း ရှိပြီး ဒုတိယ အိမ်/အိမ်ခန်းဝယ်ယူလိုယင်
လက်ငင်းပေးချေရမည့်ငွေပမာဏ(down payment)ကို
ရာခိုင်နှန်းမြှင့်တင်ခြင်းသာမက၊
ဝယ်ရောင်းစာချုပ် တံဆိပ်ခေါင်ဖိုး
အခွန်(tax)ကို အဆမတန်မြှင့်တင်လိုက်ပါတယ်။
အဲဒီတော့ အိမ်ရောင်းအိမ်ဝယ်တစ်ခုဖြစ်တိုင်း
အစိုးရဝင်ငွေပိုကောင်းသွားပြီး ရောင်းသူရဲ့
အမြတ်တွေ အားလုံးပါသွားနိုင်တာဖို့
အိမ်/အိမ်ခန်းရောင်းဖို့ ဒါတွေထည့်စဉ်းလာရပါတယ်။

ဒါကို တတ်နိုင် ပေးနိုင်ရင် ရောင်းဝယ်ကြ
အစိုးရအတွက်အမြတ်ချည်းပဲ  ဆိုတဲ့နည်းနဲ့
 ဈေးကွက်ကို ထိန်းချုပ်လိုက်ပါတယ်။
တကယ့် ဝယ်ပြီးနေထိုင်မယ့်သူကလွဲပြီး
 ဈေးကစားကြမယ့် အိမ်ရာရင်းနှီးမြုပ်နှံ့သူတွေအတွက်
အခက်အခဲ အတားအဆီးအများကြီးဖြစ်သွားကာ
ပုဂ္ဂလိက အိမ်မြေတိုက်ခန်းဈေးကွက်နဲ့
 ပြည်သူ့အိုးအိမ် တိုက်ခန်းပြန်ရောင်းဈေးကွက်တွေ ကို
သိသက်စွာ ထိရောက်မှုရှိခဲ့ပါတယ်။

ယခုဖြစ်နေတဲ့ သင်္ကြန်ပြဿ      နာကို ဖြေရှင်းဖို့ရာမှာ
ကျနော့်အမြင်တစ်ခုကို ပြောရရင်
ခွင့်မပြုဟု ကြေငြာ မှာထက်
ဆူပါ စီးပွါး မဏ္ဌပ်ကြီးတွေ အတွက် ခွင့်ပြုမှုကို
အစိုးရ က မြို့နယ်တိုင်းမှာနေရာသတ်မှတ်ပေး၊
မဏ္ဌပ်အရေအတွက် သတ်မှတ်ပေး၍ ဈေးပြိုင်ပေးစေခြင်း။
စင်ရဲ့ပုံစံကအစ အစိုးရမှ ဆောက်ပေးတာ မဟုတ်ယင်၊
ပုံစံဒီဇိုင်းကို ကန့်သတ်ပေး၊
ပိုက်ရေ ကန်ရေ ဘယ်ကသုံးသုံး
ယာယီရေမီတာတတ်ဆင်စေကာ
 ရေကုဗ မည်မျှနှင့်အထက်သုံးစွဲယင်
ပိုကြီးလေးတဲ့နှန်းထားနဲ့ကောက်တာမျိုး
လုံခြုံရေးကို အစိုးရမှ စီစဉ်ပေး၍
ထိုအတွက် မဏ္ဌပ်မှ အစိုးရသို့ ငှားရမ်းခပေးသွင်းရ ခြင်း၊
စည်းမျှည်းစည်းကမ်းသတ်မှတ်ခြင်း၊
လူနေအိမ်ဝင်းများ နှင့်ရပ်ကွက်ထဲတွင် ဆူပါမဏ္ဌပ်လုပ်ခွင့်မပေးခြင်း၊
စီးပွါးဖြစ် မဏ္ဌပ်များ ဦးဆောင်တာဝန်ခံသူတို့၏
အသုံးစရိတ်ဝင်ငွေ ထွက်ငွေ မှတ်တမ်းများ စံနစ်တကျရှိရမည်ဖြစ်ပြီး၊
method statement, contingency , risk assessment တို့တင်ခိုင်းစေကာ
ဝင်ငွေခွန်ကောက်ခံနိုင်အောင် စံနစ်တစ်ကျရှိအောင် ကြပ်မတ်ပေးခြင်း၊


ရိုးရာယဉ်ကျေးမှုအတိုင်း လိုက်နာ ကျင်းပဆင်နွှဲကြမည့်
သင်္ကြန်မဏ္ဌပ်မျိုးကိုမူ ပါမစ်စည်းကမ်းလျော့ပေါ့ပေးကာ
မဏ္ဌပ်ဆု၊အကဆု၊ သံချပ်ဆုများ စီစဉ်ပြိုင်ဆိုင်စေခြင်း
ရေဖလားဖြင့်သာ ရေလောင်းစေခြင်း၊

စသည်ဖြင့် traditional Thungran ကို အစိုးရမှ
တစ်ဖက်တစ်လမ်းမှ ကူညီပန့်ပိုး စည်းကားအောင်
promote လုပ် subsidy လုပ်ပေးသလို၊
free style super မဏ္ဌပ် များကိုလည်း
မလုပ်ရဟုမပြောဘဲ လုပ်ခွင့်ကို တန်ဘိုးကြီးကြီး ပေးစေ
 တင်းတင်းကျပ်ကျပ် စည်းကမ်းကမ်း ဥပဒေ များဖြင့် ခွင့်ပြုကာ
အစိုးဝင်ငွေလည်း မြှင့်တင်စေသည့် နည်းမျိုးများဖြင့် လုပ်ဆောင်မှု မျိုးကို
ယခုနှစ် အချိန်လွန်သွား တော့ လုပ်ဆောင်၍
မရနိုင်တော့သော်လည်း........
 နောင်နှစ်များတွင်
စံနစ်တစ်ကျလည်းဖြစ်အောင်၊
ကမ္ဘာ့ခရီးသွားများအားဆွဲဆောင်နိုင်စရာ မိမိတို့၏ မူပိုင်
unit cultural new year water festival   ဈေးကွက်ကြီးတစ်ခု
 ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလျက်
အပြုသဘောဖြင့် မိမိအယူအဆအား တင်ပြလိုက်ရပါသည်။။