စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 29, 2015

ရခိုင်(သဘာဝ ဘေး) ဒုက္ခသည်များကယ်ဆယ်ရေး

အလှူခံ အဖွဲ့အစည်းတွေက များလွန်းတော့ လှူချင်ပါသည်၊
ဘယ်သို့လှူသင့်သလဲ စေတနာသုံးတန်ပြတ်ဘို့လိုသည်ဟု ဆိုသော်လည်း
ကိုယ်လှူတာ ကိုယ်ရည်ရွယ်လှူတဲ့ အကျိုးမျိုး ရရှိစေချင်သည်
ယုံကြည်မှုရှိချင်သည်က လှူသူတိုင်း၏ မလှူမှီ စိတ်ထဲ ခံစားမိကြသည်သာဖြစ်သည်။
ဒါကြောင့်မို့ လူတိုင်း၏ လှူသမျှ အလှူကို ခံစားသူများ အကျိုးရှိရှိ
အလေအလွင့်နည်နည်း ရယူ ခံစားနိုင်အောင် စံနစ်တစ်ကျ ခိုင်မာ ကျယ်ပြန့်သည့်
အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေချင်ပါသည်။

လက်ရှိအခြေအနေကြောင့် အလှူခံခြင်းကလည်း အရေးတစ်ကြီးစတင်
 initiate လုပ်ရန် လောလောဆယ် လိုနေကြောင်းနားလည်ပါသည်။

တစ်ခြား တစ်ဖက်တွင်လည်း နီးစပ်ရာ နီးစပ်ရာ NGO များဖွဲ့ကြခြင်းထက်
ရခိုင်လူထု တစ်ရပ်လုံး အားကိုးလောက်သည့်
 မည်ကဲ့သို့ မည်သည့်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်
 ရခိုင်(သဘာဝ ဘေး) ဒုက္ခသည်များကယ်ဆယ်ရေး ပရိုဂျက်တစ်ခုကို
အားလုံး ၏ ပူးပေါင်းပါဝင်မှုဖြင့်၊
ရေတိုရေရှည် အတွက် စဉ်းစားကာ အမြန်ဆုံးဖွဲ့စည်းသင့်ပါပြီ၊
ANP ကိုမည်သို့ပင် အားနည်းချက်များရှိနေစေကာမူ
ရခိုင်ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်နိုင်မည့်
 နိုင်ငံရေး ပါတီတစ်ခုအဖြစ် မျှော်လင့် တွန်းအားပေနေကြသလို၊
မကြာမီ အနာဂတ်ကာလတွင် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ နှင့်အတူ
ရခိုင်ပြည်နယ်တွင် ကျရောက် တွေ့ကြုံ ရနိုင်သော သဘာဝ ဘေးအန္တရာယ်များအတွက်၊
ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊
 ပြန်လည်ထူထောင်ရေး များတွင် စံနစ်တစ်ကျ ဦးဆောင်မှုပေးနိုင်ရန်
သက်ဆိုင် အစိုးရအဖွဲ့အစည်းများ၏ လစ်ဟင်းမှုများ
လစ်လျူရှု မှုများအားဖေါ်ထုတ်တင်ပြနိုင်ရန်
ရခိုင်သဘာဝဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် ကယ်ဆယ်ရေး
NGO တစ်ခု တစ်မျိုးသားလုံးကိုယ်စားပြု
အရေးတကြီး လိုအပ်နေပေပြီဟု ယူဆပါသည်။

ဒုက္ခရောက်ကြသည့် အခြေအနေအတိုင်းအတာ၊
- အရေးပေါ် အကူအညီ လိုသည့် အခြေအနေ အတိုင်းအတာ 
- ဦးစားပေးကူညီသင့်သည့်ဒေသ၊
- ရေတို- ရေရှည်ပေးရမည့် ထောက်ပံ့ရန် လိုအပ်သည့်အကူအညီ၊
စသည့် အချက်အလက်များအား အမြန်စုဆောင်းသင့်ပါသည်။

- အစိုးရ အဖွဲ့အစည်းနှင့် ပြည်နယ်လွှတ်တော်အား
    ရရှိထားသော
အချက်အလက်များပေါ်မူတည်၍ တိုက်တွန်းဖိအားပေးယင်း မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည်
စသည်အားဖြင့် စံနစ်ကျသည့် plan တစ်ခု ကို ဦးတည်ချက် များသတ်မှတ်၍
စံနစ်တစ်ကျ လုပ်ဆောင်သင့်ပေသည်။
ရခိုင်သဘာဝဘေးအန္တာရာယ်အတွက် local NGO တစ်ခု အနေဖြင့် ပူပေါင်းဖွဲ့သင့်ပါသည်။
ဗော်လံတီယာ အချိန်ပိုင်း ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီများ၊
အင်ဂျင်နီယာများ၊ ဆရာဆရာမ စသည့်ဖြင့် လိုအပ်သလို အချိန်ပိုင်း လုပ်နိုင်မည့်
သူများအားလည်း registry လုပ်ထားကာ စာရင်းပြုစုထားပြီး၊ စပွန်စာ ရှာခြင်း ရံပုံငွေရှာခြင်း၊
(ကပွဲ၊ စတိတ်ရှိုး၊ အငြိမ့်၊ လက်ဝှေ့၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ
စသည်ဖြင့် ကျင်းပခြင်း အထိမ်းအမှတ်ပစ္စည်းရောင်းခြင်း)
စသော administrating, operating , fund-raising  စသည်ဖြင့်
ကျယ်ကျယ်ပြန့်လုပ်ဆောင်နိုင်အောင်ဝိုင်းဝန်းဆောင်ရွက်သင့်ကြပြီဟု
တိုက်တွန်းနိုးဆော်ချင်ပါသည်။

No comments:

Post a Comment