စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, October 27, 2015

Human house and Bat House





ဒီဗွီဒီယိုကြည့်မိတော့  
သူများအိမ်ခေါင်မိုးပေါ်
အသိုက်တည်၊
ရွာတည်၊
ချီးပါ၊
သားမွေး၊
 နှစ်ကာလကြာသည်နှင့်အမျှ
 ခေါင်မိုးက ဒီဝန် ဒီဒဏ် မခံနိုင် ပျက်လာ၊

ခေါင်မိုးပြင်မယ်ဟေ့လို့
 ခေါင်မိုးပေါ်တက်ကြည့်
တစ်ချပ်ချင်းလှန်ကြည့်လိုက်တော့မှ
Realize ဖြစ်ရတဲ့ဒီအခြေအနေမှာ၊
အိမ်ရှင် နဲ့ အိမ်ပြင် လိုသူရဲ့ အပြစ်လား???
နေရာလွတ်တွေ အများကြီးဘဲဟေ့ဆိုပြီး
သူများ အိမ်ခေါင်မိုးပေါ်ရွာလာတည်ယင်း
အိမ်မဲ့ယာမဲ့ဖြစ်သွားရတဲ့ လင်းနို့တွေရဲ့ မိုက်မဲမှုလား ???
 လူသားတွေရဲ့ ဘဝလက်တွေ့ ကျင်းသုံးနေကြတဲ့တရား၊
ဘီလူးစည်း လူ့စည်း ခြားထားရတယ် အမြင်အရ ဆိုရင်
အိမ်ရှင်ရဲ့ တရား သာဖြစ်ပါတယ်လို့
ယုံကြည်မိပါတယ်။

စကြာင်္ဝဋ္ဌာရဲ့ သဲတစ်မှုန်နဲ့တူတဲ့
ကမ္ဘာကြီးပေါ်က
သက်ရှိများသာဆိုတဲ့ ဘာသာတရား
ရှု့ထောင့်ကကြည့်မယ်ဆိုယင်တော့
ဘယ်သူမှ မမှားဘူးဆိုနိုင်ပေမယ့်
တရားအောင် အယင်လုပ်ရမှာက
ကမ္ဘာရှိတဲ့ စည်းတွေကိုအယင်ဖျက်ကြရမယ်ဆိုယင်
Country, Nation, Border,, Visa, Passport, I.C, lock,
Fence ,Hoarding, Trespass ,Immigration ၊ Visa lottery,
ဆိုတဲ့ အရာတွေ စကားလုံးတွေ အများကြီးကို
ကမ္ဘာကြီးစည်းမဲ့ကမ်းမဲ့ တရားမျှတ သွားစေဖို့
ကမ္ဘာအဘိဓါန်တွေထဲကရော
လက်တွေ့ဘဝထဲကရော
ပထမဆုံး ဖယ်ရှားလိုက်သင့်တယ်လို့
ယုံကြည်မိပါရဲ့။

Tat86 Bumi

No comments:

Post a Comment