စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, October 9, 2015

သတိပြုသင့်သည့် အန္တရာယ်

http://luckymyotaw.blogspot.sg/2014/11/blog-post_893.html

ပြီးခဲ့သောနှစ်မှ သတင်းတစ်ခုပါဘဲ၊
ဒါပေမယ့် ဒီမတော်တစ်ဆမှုကနေ သင်ခန်းစာယူစရာတွေကို ယူဖို့ပါဘဲ၊
လွန်ခဲ့ တဲ့ ဆယ်နှစ်လောက်က စကာင်္ပူသတင်းစာမှာ ပါသွားတဲ့
သတင်းတစ်ပုဒ်ကိုပြန်အမှတ်ရမိပါတယ်၊
မိသားစုဈေးဝယ်ထွက်ကြယင်း ယောင်္ကျားလုပ်သူက ဈေးဝယ်စင်တာထဲ ဝင်သွားကာ
ဇနီးနဲ့ ခလေးတွေကို ကားထဲမှာပဲ စက်နိုး Air-con ဖွင့်ပြီး ကားရပ်ထားခဲ့ပါတယ်၊
သူပြန်လာတဲ့အချိန်မှာ ကလေးတွေရော၊
မိန်းမရော ကားထဲမှာသတိမေ့နေကြပါပြီ၊
ဆေးရုံကိုအရေးပေါ်ပို့ခဲ့ပေမယ့် မိန်းမလုပ်သူကို
ကယ်တင်နိုင်ခဲ့ပေမယ့် ခလေးတွေရဲ့ အသက်ဆုံးရှုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလဲ အခုဆိုယင်၊ ဓါတ်ဆီအရည်အသွေးလဲကောင်း
ကားအရည်အသွေးလဲကောင်းလာတော့
အိမ်စီးကားတိုင်းလိုလို တံခါးမှန်တွေအကုန်ပိတ်
Air-con ဖွင့်စီးလာကြပါတယ်။

ကားလမ်းပိတ်မိနေတဲ့အခါမျိုး၊
တစ်နေရာမှာအကြာကြီးရပ်ထားတဲ့အခါမျိုးတို့မှာ၊
ကိုယ့်ကားထဲကို ပိတ်မိနေတဲ့ တစ်ခြားကား
(အထူးသဖြင့် ဒီဇယ်သုံး ကားဟောင်းများ) မှ မီးခိုးအငွေ့  များအပြင်၊

ကိုယ့်ကားကမီးခိုးအငွေ့ တစ်ဖြည်းဖြည်းစိမ့်ဝင်လာနိုင်ပါတယ်၊

ဝင်လာရတယ့်အကြောင်းထဲမှာ
ကိုယ့်ကားမလုံတာကြောင့်လဲ ဖြစ်နိုင်သလို၊
Air-con setting ခလုပ်မှာ အပြင်လေဝင်လာအောင်
မတော်တစ်ဆဖွင့်ထားမိလို့လဲဖြစ်လာနိုင်ပါတယ်။ 
အထူးသဖြင့် ကားအလုံပိတ်ထားချိန်မှာ
ကားထဲက လူဦးရေအပေါ်မူတည်ပြီး
 အောက်ဆီဂျင် ပါဝင်မှုလျေ့ကျခြင်း နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုမြင့်တက်ခြင်းအနည်းအများရှိပါတယ်၊
ဒီလိုအချိန်မှာ အပြင်ဖက်ရှိလေထုထဲမှ
 ကာဗွန်ဒိုင်အောက်ဆိုဒ် ကာဗွန်မိုနောက်ဆိုဒ်ပါဝင်တဲ့
 လေငွေ့ တွေ ပိုဝင်လာခဲ့ရင်
ထို အဆိပ်ငွေ့ပါတဲ့လေကို ရှုရှိုက်မိယင်း
 အဆိပ်ငွေ့ ပါဝင်မှု အနည်းအများကို လိုက်၍
များမကြာမီမှာ ခေါင်းလေးလာကာ အိပ်ပျော်သွားပါက၊
အပြင်လူတစ်ယောက် ယောက်၊
ကားထဲ ခံနိုင်ရည်ကောင်းလို့
active ကောင်းနေတဲ့လူတစ်ယောက်ယောက်က
အချိန်မီ ဒီအခြေအနေကို သဘောမပေါက်ခဲ့ရင်
ဒါကို သတိလက်လွတ် အမှတ်တမယ့်နေခဲ့ယင်
အသက်ဆုံးရှုံးသွားနိုင်ကြောင်းသတိပြု ကြရန်နှင့် ။။။။။။။။။.

ခြင်ကိုက်သက်သာရန် တံခါးတွေ
 စောစောစီးစီးအားလုံးပိတ်၊
 ခြင်ဆေးထွန်း ဆနွင်းတက် မီးဖုတ်တတ်တဲ့
အသိမိတ်ဆွေများလဲ အထက်ပါသတင်းကို ဖတ်ရှုပြီး
သတိပြု ကြပါရန် တိုက်တွန်းအပ်ပါသည်။။

No comments:

Post a Comment