စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, October 8, 2015

တိုက်ကုန်ကြပြီ


WAR TORN LIBYA


BEFORE THE WAR
WHEN WAR TORN THE CITY



 
WAR TORN SYRIA

War torn Syria

-  " U.S. defense chief calls Russian airstrikes a "fundamental mistake""

-  Russia, for its part,
   says it is backing al-Assad only in his fight against "terrorists,"
   despite international protestations that they have targeted
   the U.S.-backed opposition as well.

-   http://edition.cnn.com/2015/10/06/world/rapp-syria-amanpour/index.html
     (War crimes ambassador: Russia, al-Assad regime vulnerable to prosecution)
  
-   U.S. aircraft diverted to avoid Russian fighter in Syria

-   https://www.youtube.com/watch?v=Fs3v9aBGd74
    British fighter jets authorized to shoot down Russian jets over Syria: Reports 
     Green Light To Shoot Down Russian Jets - Zero Hedge
    Russia 'FURIOUS' after RAF pilots cleared to shoot down ...
    www.express.co.uk › News › UK



US ကိုယ်တိုင်က  ISIS ကိုဘဲ တိုက်တိုက် Assad ကိုဘဲတိုက်တိုက်
စစ်ရေးအရ ဆီးရီးယားပြည်တွင်းပြဿနာ ထဲကို ဝင်ပါနေပြီဆိုတော့
အခုအခါ ရုရှားက ISIS ကို အယောင်ပြ ပြီး
အမေရိကန် ထောက်ခံတဲ့ Assad ကိုတိုက်နေတဲ့အုပ်စုကို မြေလှန်နေတဲ့အခါကျတော့
 ပြဿနာဟာ အလွန်ကျယ်ပြန့်လာပါတော့တယ်၊
အမေရိကန် ရွေကောက်ပွဲ ပြင်ဆင်ချိန်နဲ့လဲ တိုက်နေပါတယ်။

ဆီးရီးပြဿနာဟာ စစ်ရေးနိုင်ငံရေးအရ အလွန်စိုးရိမ်စရာကောင်းသလို
အာဖဂ္ဂန်နီစတန် အီရတ် လစ်ဗျား နိုင်ငံတို့မှာ အတိုက်အခံ များကို support လုပ်
စစ်ရေး နိုင်ငံရေး အထောက်အကူပေးကာ.............၊
Terrorist များနှင့်ပေါင်း ပြီး အနောက်အုပ်စုကို  ဒုက္ခပေးနေသည် ဆိုသော အာဏာရှင်  များအားဖြုတ်ချ၍
မိမိတို့ ထောက်ခံသည့် အုပ်စုအား အာဏာရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး 

ယခုတစ်ခါ ဆီးရီးယား နိုင်ငံ၏.. အာဏာရှင် .Assad အစိုးရအားဖြုတ်ချကာ
အနောက်အုပ်စုလိုလားသော
သူပုန်အုပ်စုအား တင်မြောက်ရန် ကြိုးစား ကြံစည်ရာတွင်မူ  ။။

ISIS တို့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် ဝင်ရောက်ပါဝင်ပြီး ကြိုတင်စီမံထားသောအကြံနှင့်နေရာယူတတ်မှု
 ပြုတ်ကျသွားသော နိုင်ငံအစိုးရမှ စံနစ်တကျလုပ်ကိုင်တတ်သူများပါဝင်လာမှု
 နိုင်ငံတစ်ကာမှာ အစွန်းရောက်သူများကို ဆွဲဆောင်စည်းရုံးနိုင်မှု ...... တို့ကြောင့်
အုပ်ချုပ်ရေးပျက်ပြားနေသော ဆီးရီးယားနှင့် အီရတ်နယ်မြေအချို့တို့အား သိမ်းယူနိုင်ပြီး
ကိုယ်ပိုင်နယ်မြေထူထောင်လာသည့်အပြင်
 ရေဒီယိုသတ္တိကြွ ပစ္စည်းများဝယ်ရန် ကြိုးစားနေပြီဟုပါ အနံထွက်လာကာ 
နိုင်ငံတစ်ကာ လုံခြုံရေးကိုပါထိခိုက်လာသောအခါ
ဆီးရီးယားသည် ပြည်တွငးစစ်သက်သက်မဟုတ်တော့ဘဲ၊
အနောက်နိုင်ငံများရယ်၊ သူတို့လိုလားသော သူပုန်အုပ်စု နှင့် ဆော်ဒီ၊ တာရကီတို့လို အာရပ်နိုင်အချို့က တစ်ဖက်၊
Assad အစိုးရနှင့် သူ့အားထောက်ခံသည့် ရုရှ အစိုးရက တစ်ဖက်၊
 နိုင်ငံတစ်ကာက အကြမ်းဖက်သူများပါပါဝင်စုစည်းပြီး
သူတို့သိမ်းပိုက်နယ်မြေများမှ ရေနံများ မှောင်ခို ဈေးကွက်သို့ရောင်းချကာ  ငွေကြေးအရရော
လက်နက်ပါ ယခင်အကြမ်းဖက်အဖွဲ့အစည်းများထက် သာလွန် စံနစ်လည်းပိုကျလာသော။ ISIS အဖွဲ့ကတစ်ဖက်၊

သုံးဖက်ကွဲကာ အားပြိုင်နေလာ ကြသည့် ပွဲသည်  Coldwar နောက်ပိုင်း
အလွန်  စိုးရိမ်စရာ နှင့် စိတ်ဝင်စားပွဲ ပြဿနာတစ်ခုဖြစ်လာပါတယ်။

သြစတြီးရီးယားရဲ့ မင်းသား ဖရင့်ဖါဒီနန်အသတ်ခံရာကအစပြုပြီး
ပထမကမ္ဘာစစ် စခဲ့တယ်လို့ သမိုင်းမှာ မှတ်သားထားကြပါတယ်၊

မည်သို့ပင် ဆိုစေကာမူ ယခုအချိန်ထိ 
အာဖဂ္ဂန်၊ အီရပ်၊ လစ်ဗျား၊
 ဆီရီးယားပြည်သူတို့၏ဘဝ များစွာသည်
လက်ရှိဘဝမှာ ပင် ခံစားနေရသော အပ္ပါယ်ငရဲဆိုတာလားဟုပင်ထင်မှတ်စရာ
 သံဝေဂ ယူစရာ ပါဘဲ။

ကျနော်တို့ မြန်မာပြည်ကြီးလဲ
ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲတိုးတက်
စည်ပင်ချမ်းသာတာကို တွေ့မြင်စေချင်သလို

တတိယ ကမ္ဘာအပူမီးကြီး မလောင်ကျွမ်းခင်
မြန်မာနိုင်ငံကြီး ပြောင်းလဲပါစေသားဟု ဆုတောင်းလျက်။

သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ။

 အောက်မှပြထားတဲ့ တစ်ချိန်က နိုင်ငံခေါင်းဆောင် အာဏာရှင်ဆိုသူများ အကြမ်းဖက်သမားဆိုသူများ၏  သံဝေဂ ယူစရာပုံတွေပါ၊
သူတို့အားလုံး တမလွန်ခရီး ရှေ့ဆက်သွားနေကြပါပြီး ဘယ်လိုနီးနဲ့ ခရီးနှင်နေကြသလဲဆိုတာတော့
သူတို့လုပ်ခဲ့တဲ့ အကြောင်းအကျိုးနဲ့အညီ ဖြစ်မှာပါဘဲ၊ သူတို့ကျန်ခဲ့တဲ့ကြေရာတွေဆိုတာလဲ သူတို့လျောက်ခဲ့ရေးခဲ့တဲ့သမိုင်းပါဘဲ။

နိဗ္မာန်ကိုမျက်မှောက်မပြုခင် သံသရာထဲ ကျနော်တို့အားလုံး လူကောင်း လူဆိုးမရွေး လဲ ဒီမဆုံးသေးတဲ့
တမလွန်ခရီးကိုဘဲ အဖန်ဖန်လျောက်နေကြရရာ မှာ ကျနော်တို့ခြေရာ ကျနော်တို့ သမိုင်းကို
ဘယ်လို ရေးထားခဲ့ချင်သလဲ ဆိုတာတော့
ကျနော်တို့ စိတ်တွေကို ဘယ်လောက်ခွဲခြန်းစိတ်ဖြာထိမ်းချုပ်ခိုင်းစေနိုင်သလဲ ဆိုတဲ့
ကျနော်တို့ စိတ်ဆိုတဲ့ ပန်းဥယျာဉ်ကို ပြုစုပျိုးထောင်တတ်မှု
အပေါ်မှာ မူတည်နေမယ်လို့ သုံးသပ်မိပါတယ်။

“All that we are is the result of what we have thought.
The mind is everything. What we think we become.” ~ Buddha


Gaddafi and Libya












 Saddam Hussein and Iraq









အာဏာပါဝါ ငွေ အစစ ပြည်စုံချိန်တုန်းက




အရာရာဟာ မတည်မြဲတဲ့သဘော




 အာဏာပါဝါ ငွေ အစစ ပြည်စုံချိန်တုန်းက

Saddam Hussein  နောက်ဆုံးနေခဲ့ရတဲ့အိမ်







No comments:

Post a Comment