စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, June 29, 2014

" ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပါတီတို့၏ မဟာဗျူဟာလက်တံ "



ကျနော့ကို ဖွဲ့စည်းပုံ ပြင်ဖို့ သဘောတူသလား လို့ ချက်ဘောက်ကနေ မေးသူတွေ အတွက်
 လောဘ ဒေါသ မောဟ မကုန်သေးတဲ့ ကျနော်
ဦးစားပေးပွင့်လင်းစွာ ဖြေရရင် တတ်မတတ် သင့်မသင့်တော့ မသိဘူး
ကျနော်ကိုယ်တိုင် ဒီနေ့ရယင် ဒီနေ့ အားလုံးကြိုက်မယ် ထင်တာတွေ
ကိုယ့်စိတ်ကြိုက် ပြန်ရေးလိုက်ချင်ပါတယ်။
အဲလို ဖြေခွင့်ကို မကြိုက်ကြဘူးဆိုရင်တော့
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
နိုင်ငံသားအမှန်တစ်ကယ်ဖြစ်ထိုက်ခွင့်ရှိသူ မြန်မာနိုင်ငံသားအားလုံး၊
တိုင်းရင်းသားအားလုံး တို့အတွက် သင့်တင့်မျှတ တဲ့
ဒေသတိုင်း ဒေသတိုင်း မိမိတို့ပြည်နယ် နဲ့ဒေသတွေကို ဒီမိုကရေစီနဲ့အညီ
မိမိတို့ရဲ့ အနိုင်ရ ပြည်သူ့ရွေးချယ်ခံ ကိုယ်စားလှယ် များဖြင့် ဦးဆောင် စီမံခန့်ခွဲနိုင်ခွင့်ရှိမယ့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခု ပြန်လည်ထွက်ပေါ်လာရေးကို
အမြဲတောင့်တနေပါတယ်။

တံခါးကလေး မဟတဟ ယူနီဖေါင်းချွှတ် တွေ ၈၀% လောက် ကြီးစိုးထားတဲ့
အစိုးရ လက်အောက် လွှတ်တ်ာစိုးမိုးမှုအောက်ကနေ တောင်းဆိုနေမှာထက်၊
လက်ရှိအာဏာရတွေ ဂတိပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ မျှတစွာ လုပ်ဖြစ်ဖို့နဲ့၊
မိမိတို့ပါတီအသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အရည်အချင်းမြှင့်တင်ဖို့
ကျန်ရှိတဲ့ အချိန် တစ်နစ်ကျော်လေးမှာ ကြိုးစားအားထုတ်ကြရင်း၊
၂၀၁၅ အတွက် အရည်အချင်းရော အရည်အတွက်ပါ လွှတ်တော်ထဲ သို့ ရောက်ရှိဖို့

ဒီမိုတွေ တိုင်းရင်းသားတွေ နိုင်ငံသားတွေ 
တိုင်းပြည်တိုးတက်ပြီး  အာဏာရှင်ဒီမိုအတုစနစ် ဖျက်သိမ်းလိုသူတွေ
အားလုံးအားလုံးရဲ့
အရည်အချင်းပြည့်ဝတဲ့
 ပြည်သူ့ကိုယ်စားလှယ်တွေအားလုံး
စုစည်းစုဆောင်း လွှတ်တော်ထဲ များများအောင်းပြီး
ပြည်သူ နဲ့ လွှတ်တော် ပူးပေါင်း တိုက်ပွဲ ဝင်ရင်း
နာဂစ်ဥကြီးကို ဒီမိုဥကြီးအဖြစ်ပြောင်းလဲဖို့  
ပိုမို ဆန္ဒပြု
ယူဆပါကြောင်း
ဖြေကြားပါရစေ။

ပြည်ဖြိုးနဲ့ အာဏာရအစိုးရက
အခြေအနေမကောင်းလို့  ၂၀၁၅ ကို အကန့်အသတ်မရှိ
ပို့စ်ပုံး လုပ်တယ်ဆိုရင်
ခင်ဗျားတို့ ဘယ်လို ပြင်ဆင်ထားသလဲ
တုန့်ပြန် မလဲ ပြန်လည်သိချင်မေးချင်ပါသေးတယ်။

၁၉၅၈ ထဲက ကျနော်တို့တွေ လက်ခုပ်ထဲက ရေဘဲ  
ရှိသေးတယ်လို့ယူဆ သလို
ပြီးခဲ့တဲ့ အဖြစ်တွေ သုံးသပ်ရင်း နိုင်ငံရေး ခြေလှမ်းတစ်ရပ် မမှားဖို့ လဲ
ဆန္ဒပေးပါရစေ။

ရခိုင်ပြည်နယ်ရဲ့ ဗိုလ်မောင်မောင်အုန်း case ဟာ၊
Pro ရော၊ ဒီမိုတွေ အတွက်ပါ လက်ရှိရှိနေတဲ့ အခြေအနေ
အခက်အခဲတွေ ကို ထင်ဟတ်ပြသနေတယ်လို့ ယူဆပါတယ်။

မိမိထင်မြင်ချက်မှာ
လက်ရှိ ခြေဥအရ - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထဲမှသာ
သင့်တော်သည့် သူကို သမတမှ ဝန်ကြီးချုပ်လောင်းအဖြစ်
တင်သွင်းကာ ပြည်နယ်လွှတ်တော်မှ ဆီလျော်သော  
အကြောင်းပြချက် မရှိလျင် အတည်ပြုချက်ပေးရပါမည်။
လက်ရှိ ခြေဥတွင် မည်သည့်လူမျိုးဖြစ်ရမည်ဟု ဖေါ်ပြမထားပါ။

ဤသို့ဆိုလျင် လက်ရှိနိုင်ငံတော်သမတသည်
၂၀၁၀ ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်ဟောင်း
ဦးလှမောင်တင် အပါအဝင် တပ်မတော်အရာရှိအချို့ကို 
စစ်တပ်မှ အနားယူစေကာ
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရခိုင်လူမျိုးလွှတ်တော်ကိုယ်စားလှယ်  
အဖြစ်အရွေးခံကြရာတွင် 
အချို့ရှုံးနိမ့်ရကြသဖြင့် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်မလာ
စစ်တပ်သို့လည်းပြန်သွား၍မရ ကြပါ။

၎င်းအုပ်စုထဲမှ အနိုင်ရရှိသူ တစ်ဦးဖြစ်သည့်  
တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်သူ
ဦးလှမောင်တင်အား ရွေးချယ် ဝန်ကြီးချုပ်ရာထူးပေးအပ်ခဲ့ပါသည်။

ယခု ဦးလှမောင်တင် နှုတ်ထွက်သွားရာ
 ပြည်ခိုင်ဖြိုး ရဲ့လက်ရှိပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲတွင်
ဦးသိန်းစိန်နှင့် ဗဟိုမှ အာဏာရှိသူများ ရဲ့  
သတ်မှတ်တဲ့ အရည်အချင်းနှင့် ယုံကြည် စိတ်ချရမည့်
ကိုယ်စားလှယ် ကျန်နေသေးပါ၏လော၊

တစ်ခြားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ထဲတွင်ကော
အရည်အချင်းကော ယုံကြည်မှုပါရှိမည့်.....
 ဗဟို၏ လမ်းညွှန်မှု ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒနှင့်ရော
ဗဟိုအစိုးရအဖွဲ့ပါ အတူလုပ်ဆောင်နိုင်မည့်.......
၂၀ရာခိုင်နှန်းရှိသော ပြည်နယ်လွှတ်တော်၏ စစ်တပ်ကိုယ်စားလှယ်များနှင့်  
အဆင်ပြေစွာ လုပ်ကိုင် လက်ခံနိုင်မည့်
ရခိုင်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊
 NLD ပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊  
ဘင်္ဂလီပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှိနိုင်ပါသလား။
ဗဟိုအစိုးရ ဖွဲ့ခွင့်ရ ပါတီ တစ်ခုအနေဖြင့်
လက်ရှိခြေဥအရ ရပိုင်ခွင့်ရှိထားသော အခွင့်အရေးကို
တစ်ခြားပါတီကိုယ်စားလှယ်အပေါ်
ယုံကြည်စွာအပ်နှံနိုင်မည်မထင်ပါ။


ယခုကိစ္စတွင် ရွေးချယ်တင်မြောက်ခံထားပြီးသား
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ၊
အထက်ပါ လိုအပ်မှုများနှင့် ပြည့်စုံသည့် လူသား  
သူတို့စိတ်ကြိုက်ယုံကြည်သူမရှိ၍...

 ရွေးကောက်ပွဲဝင်စရာမလိုသော
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလည်းဖြစ်၊
uniform လည်းချွတ်စရာမလို၊
အချိန်မရွေးလည်းလူအပြောင်းအလဲလုပ်လို့လည်းရ၊
မိမိတို့ယုံကြည်ရသူလည်းဖြစ်သည့်
ရခိုင်အတွေ့အကြုံလည်းရထားပြီဖြစ်သည့်
 ပြည်နယ် အစိုးရအဖွဲ့၏ဆွဲခန့်တပ်မတော် အရာရှိ ဝန်ကြီးတစ်ဦးကို
 ပြည်နယ်လွှတ်တော် စစ်တပ်ကိုယ်စားလှယ်ပြောင်းခန့််၍
  ပြည်နယ် ဝန်ကြီးချုပ် ပြန်ခန့်သည်မှာ
 ပြည်ခိုင်ဖြိုးနှင့် တပ်မတော် နှစ်ခုလုံးအတွက်  
လက်ရှိရော အနာဂါတ် အတွက်ပါ ဝင်းဝင်း ဗျူဟာလို့ယူဆပါသည်။

တပ်မတော်သားအရာရှိတွေ နောင်ရွေးကောက်ပွဲတွေ မှာ
အရေခွံချွတ် ပြည်ခိုင်ဖြိုးကိုယ်စားအရွေးခံနေရရင်  
စစ်တပ် အရာရှိကြီးတွေ ဒေသအသီးသီးအတွက်ဆုံးရှုံးမှုလည်းခံမှာမို့

ယခုလို အရေခွံချွှတ်စရာမလိုတဲ့နည်းဟာ 
သူတို့အတွက် အရေးပေါ်လိုရင် အာဏာသိမ်းစရာမလိုတဲ့ 
တပ်မတော်ကိုယ်စားလှယ်တွေ အစားထိုးနိုင်တဲ့ နည်းဖြစ်သလို
  
တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးရေရှည် ယုံကြည်မှုရော
ခိုင်မြဲမှုအတွက်ပါပြသရာရောက်နေပါတယ်။

ဒါဟာ ၁၉၉၀ နောက်ပိုင်း တစည ရဲ့သြဇါညောင်းမှု မှေးမှိန်သွားတာကို  
သင်ခန်းစာ ယူထားတာလဲဖြစ်နိုင်ပါတယ်။
ဤအခြေအနေတွင် လက်ရှိခြေဥမူအရ
လုပ်ပိုင်ခွင့်ယူထားခြင်းအား
 နိုင်ငံရေးအရ အတိုက်အခံလုပ်နေ၍
အချိန်ကုန်လူပမ်းမည်။
၂၀၁၅ နောက်ပိုင်း အားလုံးမဲရအောင်ယူကြပြီး၊
 ပြည်နယ်လွှတ်တော်အား ရခိုင်ပါတီမှ အုပ်စီးမိအောင်ကြိုးစားယင်း၊
 ခြေဥအားလည်း တစ်ခြားအနိုင်ရပါတီများနှင့်
 ပြည်ထောင်စုလွှတ်တော်တွင် ကြိုးစားပြင်ဆင်ရန်
ရခိုင်ပါတီခေါင်းဆောင်များ ဆုံးဖြတ်၍
အားမတန်ခင် မာန်လျော့ထားကြသည်ဟု ယုံကြည်မိပါသည်။
 (မည်သို့ပင် စဉ်းစားကြသည်ဖြစ်စေ မိမိကိုယ်တိုင် စီမံခန့်ခွဲခွင့်ရမှာသာ စီမံခန့်ခွဲမှု
အတွေ့အကြုံကိုသိပြီး မိမိတို့ကိုယ်ကို upgrade လုပ်နိုင်ပါလိမ့်မည်၊
မစီမံဖူးသူ စီမံခွင့် မရသူအတွက်မူ လေထဲတိုက်ဆောက်နေရရုံသာရှိပေလိမ့်မည်
ဘာဘဲဖြစ်ဖြစ် ၂၀၁၅ နောက်ပိုင်း စီမံခွင့် ဖန်တီးခွင့် ရနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်)


အာဏာရပါတီတွင်လည်း  ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ
ထူးချွန်တော်နေ  
အရည်အချင်းရှိနေသူတွေ
ပြည်နယ်အဆင့် တိုင်းရင်းသားအသီးသီး
ထဲတွင်ပင်ခေါင်းပါးနည်းပါးနေသေးတယ်လို့လဲ
တစ်နည်းယူဆနိုင်တာမို့
၂၀၁၅ နောက်ပိုင်း ဗဟိုအစိုးရဖွဲ့ခွင့်ရှိလာနိုင်တဲ့ ပြည်ခိုင်ဖြိုးကော
တစ်ခြားပါတီတိုင်းမှာရော
တိုင်းရင်းသားပါတီများမှာပါ၊
လွှတ်တော် အသီးသီးကိုယ်စားပြု ကြမည့်
လွှတ်တော်ကိုယ်စားလှယ်များသည်၊
ဘယ်ခြေဥအောက်ကဘဲ အရွေးခံခံ
 ပြည်သူယုံကြည်မှု တစ်ခုထဲကြောင့်
 မဲနိုင်တာ တစ်ခုထဲကြောင့်မဟုတ်ဘဲ
အရည်အချင်းပြည့်စုံနေကြဖို့ပါ  
အများကြီးလိုအပ်နေပြီဆိုတာ
တစ်စိတ်တစ်ဒေသအားဖြင့် ညွှန်းဆိုပြသနေပြီဟု ဆိုက
မှားအံ့မထင်ပါ။

Tat86Bumi
30-6-2014

No comments:

Post a Comment