စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, March 10, 2016

မူးယစ်ဆေး နဲ့ လွတ်နေသော ငရဲခွေးများ

မြန်မာပြည်မှာ မူးယစ်ဆေးသုံးစွဲသူ၊
မူးယစ်ဆေးမှောင်ခိုသယ်ဆောင်ရောင်းဝယ်သူတွေကို ခဏခဏ
ဖမ်းဆီးမိတာ ခေတ်အဆက်ဆက် သတင်းတွေထဲမှာ တွေ့ဖူးသလို၊
ဘိန်းစိမ်းဘိန်းဖြူ  ဘာမူးယစ်ဆေး ညာမူးယစ်ဆေး သယ်ဆောင်တာမိပြန်ပြီ
ထောင်ဘယ် နှစ်နှစ်ချလိုက်ပြန်ပြီ၊ သေဒဏ်ပေးလိုက်ပြန်ပြီ ဆိုပြီး
ခဏ ခဏ သတင်းတွေမှာ တွေ့ရ ဖတ်ရပါတယ်။

သူတို့တွေကို ပေးတဲ့အပြစ်ဒဏ်တွေ ကို
 ပြည့်အောင်ခံကြရသလားဆိုတာတော့
လွတ်ငြိမ်းချမ်းသာခွင့်တွေများလွန်းတဲ့ ဒီဆယ်စုနှစ်ပိုင်းမှာ မခန့်မှန်းတတ်ပါဘူး၊
လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်တွေကလဲ reason အမျိုျးမျိုး နဲ့များသကိုးဗျ။

ဒါပေမယ့် အံသြစရာ အလွန်ကောင်းတာက
 ခေတ်အဆက်ဆက်မှာ ဒီမူးယစ်ဆေးနဲ့ ပတ်သက်ပြီး
ဘိန်းထုတ်လုပ်ဖြန့်ကားသူ တနည်း ဘိန်းဘုရင်ကြီး မူးယူဆေးရာဇာကြီးတွေနဲ့ တစ်ပည့်တွေဟာ၊
အာဏာရ ပုဂ္ဂိုလ်ကြီးတွေ အချို့ နဲ့ သင့်မြတ် ငြိမ်းချမ်းရေးယူကာ
သူတို့ထုတ်လုပ်ဖြန့်ချီလို့ ချမ်းသာကြွယ်ဝလာတဲ့
ဘီလီယံငွေကြေးတွေထဲက တစ်ချို့တစ်ဝက်ကို
နိုင်ငံတော် အခွန်အဖြစ် ရာခိုင်နှုန်းတစ်ခုကို ဒီလိုလူမျိုးတွေ နဲ့
လာပ်ယူ လာပ်ပေးနဲ့ ချမ်းသာနေသူတွေအတွက်အတွက်
ဟပေးထားတဲ့ ဥပဒေ လို့တောင် ပြောရမှာဖြစ်တဲ့
ဥပဒေ ဘောင်အထဲက ပေးဆောင် လိုက်တာနဲ့....၊
မြန်မာနိုင်ငံရဲ့ လူဂုဏ်တန် သူဌေးကြီးတွေ လို
တစ်ပည့်တစ်ပန်းတွေပါ မကျန် အသိုက်အဝန်းကြီး နဲ့
မြို့ပေါ်တက် ဇိမ်ခံကားတွေ၊ တိုက်တွေ၊ ကုပ္မဏီတွေထောင်
စီးပွါးလုပ်နိုင်ခွင့်ရနေကြတာပါဘဲ။ တန်ဒါတွေ၊ ကန်ထရိုက်တွေဆွဲခွင့်ရကြတာပါဘဲ။
အများပိုင်ကုပ္မဏီတွေ ဖွင့်ခွင့်ရသွားကြတာပါဘဲ။
ဒီခေတ်အဆက်ဆက် ဘိန်းဘုရင်ကြီးတွေ မူးယစ်ဆေးရာဇာကြီးတွေရဲ့ မြန်မာနိုင်ငံ လူဂုဏ်တန် အသိုက်အဝိုင်းမှာ ကြိုက်သလိုနေ
နိုင်ငံရေးသာ မလုပ်နဲ့ ကျန်တာအကုန်လုပ်နိုင်တယ်ဟု မပြောယုံတစ်မယ်၊
ဥပဒေဘောင်အတွင်းအပြင်၊ ခြံစည်းရိုးပေါ်မှာ နေနိုင် ကြသမျှတော့၊

ဘိန်းရာဇာ ဆိုတာ မြန်မာပြည်သူတွေအတွက်အားကျစရာအထင်ကြီးစရာ
တစ်ခုအလား စံနမူနာ တစ်ခုအလား ဖြစ်နေသရွေ့၊
မူးယစ်ဆေး စိုက်သူ၊ ထုတ်လုပ်သူ၊ မှောင်ခိုသူ၊သုံးစွဲသူဆိုတာလဲ
ပွါးများရှင်သန် နေလျက် လူမှုအသိုက်အဝိုင်းကို ဒုက္ခ လှလှ ပေးလျက်နေအုန်းမှာပါဘဲ။

ကျနော် ငယ်ငယ်တုန်းနဲ့ လူပျိုပေါက်အရွယ်တုန်းကတော့
 နိုင်ငံကျော်မင်းသားကြီး ကွယ်လွန်သူဦးဇော်ဝမ်း၊
" စေလိုရာစေ "ရုပ်ရှင်ကား၊  ကျောက်ခဲ သီချင်းတို့နဲ့ ကျော်ကြားနံမည်ကြီးလာချိန်
 မူးယစ်ဆေးကြောင့် ထောင်ဒဏ်ကျခံရမှု၊
ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော် ဦးစိုင်းထီးဆိုင် စိတ္တဇအလွမ်း၊
မန္တလေးယောက်ရှမ်းတစ်ယောက်တို့နဲ့ နံမည်ကြီးနေချိန်မှာဘဲ
တိုင်းသိပြည်သိ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ကြမှုတို့ကို
သတင်းစာကြီးတွေက တစ်ဆင့် ကြားသိခဲ့ရဖူးပါတယ်။
အဲဒီကာလ အချိန်တုန်းက ဘိန်းရောင်းဝယ်သူ၊ ဘိန်းမှောင်ခို၊
စတဲ့အလုပ်လုပ်ကိုင်သူတွေဟာ လူမှုအသိုက်အဝန်းမှာ
ဝင်တိုးဖို့ဆိုတာ မလွယ်ပါဘူး၊

သူတို့တွေ ပြစ်ဒဏ်ခံပြီးပြန်လွတ်လာကာ
အနုပညာလုပ်ငန်းတွေကို
တည်ငြိမ်ရင့်ကျက်စွာ ပြန်လုပ်ကိုင်ကြိုးစားလာတ့အခါ၊
 ပြည်သူ့ချစ်ခင်မှု ခွင့်လွှတ်မှု ကို
ပြန်လည်ခံယူရရှိ ပြန်လည်ကျော်ကြားမှုရရှိကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းကာလ တွေမှာ အသိုက်အဝန်းကြီးသူ
မြန်မာဆယ်လီဘရီတီး တစ်ချို့ မူးယစ်ဆေးသုံးစွဲမှုနဲ့ မိပေမယ့်
 တိတ်တဆိတ် ခံဝန်ချက်တွေပြန်လွတ်လိုက်တဲ့သတင်းတွေ
ဟာဖုန်းဖုန်းဖိဖိ မြုပ်နှံထားတာကနေ လူမှုကွန်ယက်ပေါ်မှ ပေါ်ထွက်လာဖူးပါတယ်။

လာပ်ပေးလာပ်ယူမှု အပေါ်အောက်ပျံ့နှံ့နေတော့ နေရာတကာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ယင်း ကာ ယင်း စင်တဲ့တံတွေးတွေနဲ့
တစ်ဖြည်းဖြည်းညစ်ပေလာမှုကို သန့်ရှင်းရေးလုပ်ဖို့ ဝန်လေးနေယင်း၊
လူမှုအသိုက်အဝန်းမှာ ဆိုးတဲ့ နမူနာ ကောင်းတဲ့ နမူနာ ဟာ
သီးခြားရပ်တည်နေတဲ့စံတစ်အနေနဲ့ ပြစရာမရှိတော့
အဆိုးအကောင်းဆိုတာ အမြဲဒန်တွဲ ရောထွေးနေတတ်တဲ့ စံနမူနာလိုဖြစ်လာတာဟာဟာ
တိုင်းပြည်မွဲပြာကျ၊ စာရိတ္တယိမ်းယိုင်သွားရခြင်း တရားဥပဒေ စိုးမိုးမှု လျော့ရဲ ရခြင်းတွေရဲ့
အကြောင်းရင်းထဲက တစ်ခုလို့ယုံကြည်ပါတယ်။

No comments:

Post a Comment