စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, August 15, 2014

ခိုးသူတို့ရွာသားဖြစ်နေပြီလား သူတော်ကောင်းရွာသား ဖြစ်စေချင်သလား


 Condo တစ်ခုရဲ့ အဝင်ဝနားက NTUC Trolley


 
 HDB Lift Lobby ဘေးက NTUC Trolley

အပြုအမူစိတ်နေစိတ်ထား စရိုက်လက္ခဏာ ကျင့်ကြံနေထိုင်မှု ဟာ ဆင်းရဲချမ်းသာ လူတန်းစားကို လူမျိုးကို ကိုယ်စားပြုသလား?

အထက်ပါမေးခွန်းကိုဖြေကြည့်လျင် မပြုဟု ပြောရမည်ပင်။
သို့ရာတွင် တစ်ချို့ Moral ကိုမြင့်တင်လေ့ကျင်းပေးသော ပုံပြင်များ ဇါတ်လမ်းများ မှာ သင်ကြားရသလို ကျေးညီနောင်ဇါတ်လမ်းကဲ့သို့၊
ပတ်ဝန်းကျင်၏ ရိုက်ခေတ်မှုကြောင့် လူတို့၏ Moral, Etiquete , Behavior တွေကို ရိုက်ခတ်ပြောင်းလဲနိုင်ပေသည်။

ဥပမာနောက်တစ်ခုပြရလျင် ၁၉၈၈ အရေးအခင်းမတိုင်မီ တက္ကသိုလ် ကျောင်းသားတော်တော်များ
ဖန်စီဒိုင်းခေါ် ငါးဟုခေါ်သော ခြောင်းဆိုးပျောက်ဆေးရည်စွဲကြသည် သောက်ကြသည်၊ စမ်းကြသည်။
အဘယ်ကြောင့်နီး ပတ်ဝန်းကျင်တွင် အလွယ်တစ်ကူ ဝယ်ယူရရှိနေ၍ဖြစ်သည် လူငယ်တိုင်းသိသော
နာမည်တစ်ခုဖြစ်လာ၍ နာမည်ရအဆိုတော်တစ်ယောက်က ဖန်စီဒိုင်းဟူသော သီချင်းပင် ရေးဆိုတာတွေ့ရသည်။

တက္ကသိုလ်ဝန်းကျင် လဘ္ဘက်ရည်ဆိုင်တိုင်းနီးပါး၏ ငရုတ်ချည်ရည်ပုလင်းများအားလုံးနီးပါးသည်
ဆိုင်လာထိုင်သည့်လူငယ်များသောက်သုံး၍ထားခဲ့သည့် ဖန်စီဒိုင်းပုလင်းခွံများအားဆေးကြောကာ
 ပြန်သုံးစွဲကြသည့်  ပတ်ဝန်းကျင်ထိန်းသိမ်းသည့် recycle နည်းလမ်းတစ်ခုဟုပြောရမည်လားမသိပါ။

အခုခေတ်မှာတော့ သယ်ဆောင်ရလွယ်တဲ့ ICE တို့ ယာဘ တို့ မြင်းဆေးတို့
 ပေါမှပေါလို့ကြားရပါသကော ကျနော်လိုက်မမှီတော့တာလည်းရှိပါအုံးမည်။

တစ်လောက မိတ်ဆွေတစ်ယောက်ပြောတာကြားလိုက်ရသည် မြန်မာပြည်က
အလည်လာတဲ့ ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ယောက်က
 ပြောတယ်တဲ့ သူမြင်းဆေးစားလို့နေကောင်းကျမ်းမာ တယ်ပေါ့၊
မင်းတို့လဲ မှာသောက်ပါလားပေါ့  ဆိုပြီး ရိုးရိုးသားသားပြောသွားတာတဲ့။

ဒါကြောင့် ပတ်ဝန်းကျင်ကြောင့် လူတစ်ဦးချင်းစီရဲ့ စိတ် အပြုအမူ အနေအထိုင် ကိုပါ
အနည်းနဲ့အများ ရိုက်ခေတ်ပြောင်းလဲစေတာဟာ ရှောင်မလွှဲနိုင်ပါဘူး၊
ဒီတော့ ပတ်ဝန်းကျင်ကိုဘဲ ကောင်းမွန်သောပတ်ဝန်းကျင် အဆိုးတွေနည်းသော
ပတ်ဝန်းကျင်ဖြစ်အောင် တတ်နိုင်သလောက် ဖန်တီးယူကြရပါသည်။

တနေ့က  ငယ်ငယ်တုန်းက အတန်းပိုင်ဆရာမ ဖြစ်ခဲ့ဖူးတဲ့ဆရာမတစ်ယောက်
(ယခုတော့ ဒုညွှန်ချုပ်အငြိမ်းစားနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့အကြံပေး) စာတမ်းလာဖတ်
ကွန်ဖရင့်လာတက်တဲ့ ဆရာမ တစ်ယောက်ကို ဆန်တိုဆာ လိုက်ပို့ဖြစ်တော့
ဆရာမက ဘာတွေကို သဘောကျ ဓါတ်ပုံရိုက်နေသလဲ ဆိုရင်
 နေရာတစ်ကာမှာတွေ့ရတဲ့ အမှိုက်ပုံးတွေရဲ့ မျက်နာ သုံးဖက်မှာရေးထားတဲ့
အမှိုက်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး
 ပြည်သူ့အသိအမြင် ရှိလာဖို့ရေးထားတဲ့ ပညာပေးစာတန်းလေးတွေကိုပါ။

ကျနော်ဒီမှာနေတာ တော်တော်ကြာပြီဆိုပေမယ့် ဒီစာတမ်းတွေကို အမှတ်တမေ့နေခဲ့တာပါဘဲ။
အစိုးရအနေနဲ့ကလဲ ဒီစာတန်းလေးတွေရေးထားတာ နိုင်ငံခြားသားတွေမြင်ရင်သဘောကျအောင်ထက်
လာရောက်ကြသူ နေထိုင်ကြသူ လူအားလုံးအတွက်ရည်ရွယ်တာလို့
သိနေပေမယ့်လဲ ဒေသခံတွေက စည်းနဲ့ကမ်းနဲ့နေလာကြတာကြာလို့
ပညာပေးစာတန်းတောင်ဖတ်စရာမလိုတော့အောင် ဖြစ်နေတာလဲရှိသလို
ဘာမှဂရုမစိုက်တတ်လို့ကို မသိမမြင်တဲ့လူလဲရှိပါလိမ့်မယ်။

အခုကျနော်ချယ်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်လိုက်ရင် အလွန်တရာ စည်းနဲ့ကမ်းနဲ့ဖြစ်အောင်
တည်ဆောက်ထားပါတယ်ဆိုတဲ့ မြို့ပြနိုင်ငံလေးထဲက မတူညီသောလူတန်းစားနှစ်လွှာထဲက
စည်းကမ်းမဲ့မှု နဲ့ စိတ်ဓါတ်နဲ့အမူအကျင့် နိမ့်ကျမှုကိုပြနေတာလို့ယူဆပါတယ်။

သိကြတဲ့ အတိုင်း NTUC Supermarket မှာဈေးဝယ်ယင် slot  တစ်ဒေါ်လာစေ့ထဲ့ Unlock လုပ်ပြီး ဆိုင်ထဲမှာဈေးဝယ်ပြီး
Car parking ထဲထိယူ ပစ္စည်းတွေကားထဲထဲ့ပြီးယင် ပါကင်ထဲမှာဘဲရှိတဲ့ Trolley bay မှာသွားထိုး Lock လုပ်ပြီး slot ကပြန်ထွက်လာတဲ့
တစ်ဒေါ်လာစေ့ကို ပြန်ထုတ်ယူလို့ရတဲ့ self-service စံနစ် , FOC စံနစ်နဲ့ ဈေးဝယ်ယူသူတွေ အဆင်ပြေအောင်စီစဉ်ပေးထားတဲ့ စံနစ်တစ်ခုပါ။
ကားမပါသူတွေအတွက်လဲ ဆိုင်ရဲ့အပြင်ဖက်တို့ Taxi stand တို့ နားမှာ ပြန်ထားလို့ရအောင် Trolley Bay တွေလုပ်ပေးထားပါတယ်။

ယခု ဓါတ်ပုံထဲက Trolley တွေက အဲဒီနေရာနဲ့ဆိုရင် အနီးဆုံး 0.5km ကနေ 1km လောက်မှာရှိတဲ့ NTUC သုံးခုထဲက
တစ်ခုခုကနေ တွန်းလာပြီးပစ်ထားခဲ့တာပါ။ တစ်ခုက HDB တစ်ခု ရဲ့ Lift lobby ဘေးမှာ တစ်ပတ်ကျော်လောက်ကြာနေပြီဖြစ်ကာ၊
 နောက်တစ်ခုက Condo တစ်ခုရဲ့ အဝင်ဝနားမှာ သုံးရက်လောက်ကြာပါပြီ။

နောက်တစ်ခုက မြန်မာ မိသားစုတစ်စုပါဘဲ ဓါတ်ပုံတမင်ကို မရိုက်လိုက်တာပါ ထမီတွေ လုံချည်တွေနဲ့ပါ၊
 မြန်မာစကားလဲ အော်ဟစ်ပြောလို့ ကျနော်တို့ကအသွား သူတို့က NTUC က ပြန်ထွက်လာကြတာ
ဆိုင်ရှိရာ အဆောက်အဦးအပြင်ဖက် Pavement ပေါ်မှာလျှောက်နေကြတာ၊
ကျနော်ဈေးဝယ်တာ ခဏလေးဆိုတော့ ဆယ်ငါးမိနစ်လောက်အကြာကားနဲ့ပြန်လာရာ လမ်းတစ်နေရာမှာ
 ဒီမိသားစုကို NTUC တွန်းလှည်းလေးတွန်းလျက် စကားတစ်ပြောပြောလျောက်နေကြတာတွေ့ရပါတယ်။

ကျနော်သူတို့ကိုယ်စားရင်လေးနေမိတယ် NTUC တာဝန်ရှိသူတစ်ယောက်များမတော်တစ်ဆတွေ့  အရေးယူခြင်းခံခဲ့ရယင်ဖြစ်ဖြစ်
တစ်ယောက်က ဓါတ်ပုံရိုက် Stomp ပို့ခံခဲ့ရယင်ဘဲဖြစ်ဖြစ်
လုံချည် ထမီတွေနဲ့ဆိုတော့ ဒေသခံတွေဆီမှာ နိုင်ငံခြားသားတွေကြောင့်
တိုင်းပြည်စည်းပျက်ကမ်းပျက် Moral ပျက်နေပါပြီဟု ဝိုင်းဝန်းရေးသားကြမှာ မြင်ယောင်နေမိပါသည်။

သူတို့မိသားစုဒုက္ခရောက်မယ့် အပြင် တိုင်းပြည် ဂုဏ်သိက္ခာပါကျသွားစေနိုင်တဲ့
 ပြုမူမှုမျိုးဖြစ်သွားနိုင်တာမို့ရှောင်ကြည်သင့်ကြပါတယ်၊
ဘယ်သူအမှားလုပ်လုပ် မိမိမလုပ်မိဖို့ဆိုတဲ့ခံယူချက်တွေ
တို့တိုင်းသူပြည်သားတွေမှာ နည်းပါးနေပြီဆိုတဲ့ Image  ပျောက်အောင်
မိမိတို့ရဲ့ Moral မိမိသားသမီးတို့ရဲ့ Moral ကို မိမိတို့ ထိမ်းသိမ်းမြှင့်ယူသင့်ကြသလို
Moral ကောင်းတွေ Behavior ကောင်းတွေ ထိမ်းသိမ်းမြဲမြံနေစေဖို့
ပါတ်ဝန်းကျင်ကောင်းတစ်ခု စည်းနဲ့ကမ်းနဲ့တည်ဆောက်
အဆိုးတွေ ရှိမနေနိုင်အောင် အမြန်တည်ဆောက်ကြံဆောင်ကြပါမှ
သူတော်ကောင်းပတ်ဝန်းကျင်မှ သူတော်ကောင်းကျေးများထွက်ပေါ်၍
သာယာငြိမ်းအေးသောဘဝကို ရရိကြပါမှာ။

ခိုးသူတို့ရွာအဖြစ် ပတ်ဝန်းကျင်ကိုဖန်တီးထားယင်တော့ ခိုးသားကျေးလေးတွေ
 ပေါက်ဖွားရှင်သန်နေမယ့် စိတ်မချမ်းမြေ့ဘွယ်ရာ
ဘဝကိုသာ ရှိနေကြရမှာပါဘဲ။

No comments:

Post a Comment