စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, October 13, 2014

နော်မန် ကထိန် နဲ့ ဂစ္ဆပနဒီ သို့ တမ်းတမိခြင်း


နော်မန် ကထိန် နဲ့ ဂစ္ဆပနဒီ သို့ တမ်းတမိခြင်း


ကထိန်ရာသီချိန် ရောက်လာပြန်တော့ ငယ်ငယ်တုန်းက
 နော်မန်ကျောင်းခေါ် အထက ၂ ကျောင်းနေစဉ်တုန်းက
သီတင်းကျွတ်အလွန် ပထမ အစမ်း စာမေးပွဲစစ်အပြီး
 ကျောင်းပိတ်ရက်အတွင်း ဒါမှမဟုတ်
 ကျောင်းပြန်အဖွင့် တန်ဆောင်းမုန်း လပြည့်မတိုင်ခင်
တစ်ရက်ရက်တွင် ကျင်းပလေ့ရှိသော
 ကျောင်းကထိန်ကို ပြန်လည်သတိရပြီး 
ဆယ်တန်းတုန်းက သူငယ်ချင်းတွေ ၁ကျပ်တန်စက္ကူ  အသစ်တွေ
ငှက်ပုံ ပန်းပုံမျိုးစုံခေါက်ကြ၊ အကြွေစေ့တွေကျတော့ ရွှေစက္ကူငွေစက္ကူတွေကပ်၊
 ငွေပဒေသာပင်၊ ရွှေပဒေသာပင် ၊ ပစ္စည်းပဒေသာပင်တွေ
 အတန်း တစ်တန်းနှင့် နောက်တစ်တန်း တစ်ခန်းနဲ့တစ်ခန်း
အပြိုင်အဆိုင် သူ့ထက်ငါလှပသေသပ်အောင်လုပ်ကြပြီး
ဆရာဆရာမတွေ ဦးဆောင်ကာ ကထိန်ပွဲ လှည့်လည်ကျင်းပခဲ့ကြတာ၊
သံဃာရာဇာဆရာတော်ရဲ့
တရားဓမ္မ ဟောကြားရင်း လူငယ်ကျောင်းသားတွေကို စိတ်ဝင်စားအောင်
ပုံဝတ္ထုတွေနဲ့ ဆုံးမသြဝါဒ ပေးတာ ခံယူခဲ့ကြရတဲ့ 
အချိန်တွေဟာ နှစ်ပေါင်းသုံးဆယ်ကျော်မှာ
ကျန်ရစ်ခဲ့ပြီဘဲလို့ ဆင်ခြင်နေမိပါတယ်၊
ဇါတိမြေကို အလည်တစ်ခေါက်
မရောက်ဖြစ်ခဲ့တာတောင် ၁၄ နှစ်
တင်းတင်းပြည့်တော့မယ်ထင်ပါရဲ့။


" ဇါတိမြေ မို့ လွမ်းမိပါသေး၏ "

တစ်ခါတစ်ခေါက်တော့ အရောက်လာဦးမည်ဟု
အမြဲရည်စူးမိပါသော်လည်း
Junior TAT တွေဘဲ အမြဲသာဦးစားပေးခဲ့သည်မို့
မပြန်ဖြစ်တာလဲနှစ်အလီလီကြာခဲ့ပါပြီကော
ဂစ္ဆပနဒီ ရေ
နော်မန်ကွင်းမှာ ဘောကန်ခဲ့ကြတာလဲ
သတိရတုန်းပါဘဲ၊
Assembly hall မှာ ခိုးဆော့ခဲ့လို့
ကျောင်းစောင့်အဖိုးကြီးနဲ့တိုးခဲ့တာလဲ
မှတ်မိသေးရဲ့၊

စက်ဘီးကိုယ်စီနဲ့
 ပြည်ထောင်စုချီတက်ပွဲ လစ်ပြေးလို့
 ရေချမ်းပြင်အရောက်
သူငယ်ချင်းတွေနဲ့ ခရီးပေါက် ခဲ့တာလဲ
မမေ့သေးပါဘူး
သြော်.... နှစ် သုံးကျိပ်တောင်
လွန်ခဲ့ပြီတဲ့လား။

သွားခဲ့တဲ့ခရီးတွေ
အကြာကြီးထင်ခဲ့ရသလို
ကြွေသူတွေကကြွေ
ဝေသူတွေကလဲ ဝေနေကြတုန်းပေမယ့်..
 ဘယ်သူတွေ ဘယ်သောင်ကမ်းမှာဆိုက်ကြမှာလဲ
မနက်ဖြန်ဆိုက်မှာလား သဘက်ခါဆိုက်မှာလား
မသိနိုင်တဲ့ဘဝတစ်ခုကို
တို့တွေ စိတ်မှန်းနဲ့ လျောက်နေကြရတယ်ဆိုတာတော့
တနေ့ထက်တနေ့ ပိုပို နားလည်လာမိတယ်။
ဂစ္ဆပရေ ....မင်းကတော့ လောဘသားတွေရဲ့
သားကောင်ဘဝနဲ့ တိုင်းပြည်ကောင်းစားဖို့ဆိုတဲ့
 ခေါင်းစီးအောက်မှာ တို့တွေ မင်းအလှ နဲ့ မင်းဘဝကိုခံစားခဲ့တဲ့
 လမ်းနေရာလေး အုတ်တံတိုင်းကြီးခြားလို့
တို့ တွေကို ကျောခိုင်းထားတော့မယ် လို့ကြားရရဲ့.
ဟုတ်ရဲ့လား ဂစ္ဆပနဒီ။

Burma Friend ၏ youtube ပေါ်မှ စစ်တွေ ကထိန်ဗီဒီယိုအား ကြည့်ရှုခံစားယင်းပြန်လည်ဝေမျှပါသည်။
credit to Burma Friend  

FB မိတ်ဆွေအချို့၏ ဓါတ်ပုံသတင်းများကြောင့်
သိလာရသော စစ်တွေ၏ မူလဆိပ်ကမ်းကြီးနေရာနှင့်
လူအများ နားနေအပန်းဖြေ လမ်းလျောက်အနားယူကြရာ
 မြစ်ဝဘေး မင်းကြီးကျောက်တန်း တစ်လျောက်
ပန်လင်တော ဟု ယခင်ခေါ်ဆိုခဲ့သောနေရာသည်
ယခုအခါ အိန္ဒိယနိုင်ငံ မဏိပူ/အာသံပြည်နယ်အတွက်
ပင်လယ်ထွက်ပေါက်တစ်ခုအဖြစ် ဆိပ်ကမ်းဆောက်လုပ်
အသုံးပြုခြင်းနှစ်ရှည် စီမံခန့်ခွဲခွင့် လုပ်ပိုင်ခွင့် ပေးလိုက်၍
 မြေဖို့ ကွန်ကရစ်နံရံကြီးကာ၍
စစ်တွေမြို့၏ ကျက်သဆောင်နေရာတစ်ခု ပျောက်ဆုံးခဲ့ရပါသည်။
 ရွေးချယ်သည့်နေရာအား စဉ်းစားကြည့်လျင်
သူများနိုင်ငံအတွက်အသုံးပြု ခွင့်ပေးမည့်ဆိပ်ကမ်းတစ်ခုကို
လက်ရှိမြို့ကမ်းခြေ မြို့တွင်းနှင့်ကပ်လျက်တည်ဆောက်ခြင်းသည်
 နောင်တစ်ချိန် တိုးချဲ့လာရမည့်
ဆိပ်ကမ်းနှင့်ပါတ်သက်သော Logistic များ၊
industrial များ storage အတွက်
Government Administration ရုံးဌာနများ
 ပြည်သူများ လှုပ်ရှားသွားလာ နေထိုင်အပမ်းဖြေနေကြသောနေရာနှင့်
အလွန်နီးကပ်နေခြင်းမှာ
 မြို့တည်ဆောက် စည်ပင်သာယာ လှပရေး နှင့်၊
ဆိပ်ကမ်းတည်ဆောက် တိုးတက်ကြီးမားချဲ့ထွက်ဖို့
 နှစ်ဖက်လုံးတွင် အခက်အခဲများနှင့်ရင်ဆိုင်လာရမည်ယူဆပါသည်။

နောက်တစ်ခုက ရခိုင်ပြည်သည်
မသီတာထွေး၏ အဖြစ်ဆိုးကဲ့သို့ပင်
ဗဟိုအစိုးရ၏ နိုင်ထက်စီးနင်းလုပ်ဆောင်မှုအောက်တွင်
ဂစ္ဆပနဒီဟူသော သမီးပျိုအား
အာသံ/မဏိပူသားတို့ရဲ့ကြိုက်ဈေးပေး
 မှောင်ခိုလုပ်ရောင်းစားခြင်းခံရသလို၊
ရမ္မာဝတီသမီးပျို မှာမူ အသွေးအသားထုတ်ရောင်းစားသုံးပြီး
 ပေါက်ဖေါ်ကြီးထံ
ထိုးကျွေးခံနေရကာ
ထိုအသွေးအသား ကိုယ်ခန္ဓာနှင့်ရင်းနှီးပေးဆပ်၍
ရလာသော ငွေစ ရွှင်စကလေးများတောင်မှ
 လေးဝတီမောင်နှမမိသားစုတွေစားသုံးဖို့ဝေးလို့
တစ်ခြားညီအစ်ကိုမောင်နှစ် မ
ဘယ် တိုင်းရင်းသားပြည်သူများမှလဲ
သုံးခွင့်မရဘဲ
လူတစ်စု၏ လက်ထဲရောက်
Karaoke , အနှိပ်ခန်းနဲ့ အရက်ဘား ကလပ်တွေမှာ
အများစုကို မတရားပေးဆပ်လိုက်ရ ရင်
အင်မတင်စက်ဆုပ်စရာပေမို့
ရင်နာမိပါသည်။

No comments:

Post a Comment